ဒဏ္ဏာရီ - θρύλος (completed-9)
By trollz22
29.2K 1.9K 43
တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More
၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀
၃၂
433 42 0
By trollz22
ဒီနေ့သင်တန်းလာရသည့် ခံစားချက်ကတခြားနေ့များနှင့်မတူ။ တကယ်ဆို မနတ်ကထဲက ဏရီ့အိမ်ပေါက်ဝမှာပဲထိုင်စောင့်နေချင်မိတာ။ ဒါပေမဲ့ဒီနေ့ကမသွားမဖြစ်အတန်းချိန်ဖြစ်နေတော့လူက သင်နေရတဲ့သင်ခန်းစာပေါ်မှာစိတ်ဝင်စားမှုကအနည်းငယ်သာ။
"နိုဝယ် မနတ်ကထဲကဘာဖြစ်နေတာလဲ အလွဲလွဲအချော်ချော်နဲ့"
"တောင်းပန်ပါတယ် chief"
"အေအေ ထားတော့ လက်ကိုဂရုစိုက်"
သတိအပေးကောင်းမှုကြောင့်ပါပဲ မီးဟက်သွား၍ သူ့ရဲ့လက်ဖဝါးနုနုမှာ အသားများရဲတက်လာခဲ့တာ။ ကြီးကြီးမားမားမဖြစ်သွား၍ပဲကျေးဇူးတင်ရမယ်။ တွေ့လားဏရီ ကျွန်မကလေရှင်နဲ့ပတ်သက်ရင်သတိလက်လွတ်။
"နိုဝယ်မ ဒီလောက်လက်ကမီးပူလောင်ထားတာတောင် မျက်နှာကမျက်နှာပိုးမသေဘူးနော်"
"ဟုတ်လို့လား"
"ဟုတ်တယ်ဟေ့ဟုတ်တယ် ဘာလဲ ဘာကိစ္စရှိနေလို့လဲ ရိုးကောရိုးရဲ့လား"
"ငါ့ရဲ့အချစ်ရဆုံးချစ်ရသူကို ကိုမနေ့ကပြန်တွေ့လိုက်ရတာလေ တကယ်သိလား အဲ့ဒီ့အချိန်ငါ့ကမ္ဘာမှာပန်းမျိုးစုံပွင့်လန်းလာသလိုခံစားလိုက်ရတာ ဟိုလေပေါ်လွင့်နေသလိုပဲ"
"အမလေး သူများတွေများ ရည်းစားဟောင်းတွေ့တာ ကံကောင်းတာကျနေတာပဲ ပျော်နေလိုက်တာ ငါတို့များရည်းစားဟောင်းဆိုနာမည်တောင်မကြားချင်ဘူး ကွာပ"
ရည်းစားဟောင်းမဟုတ်ဘူးဆိုပြီးပြန်ပြောချင်ပေမဲ့ အခုသူတို့နှစ်ယောက်၏အခြေအနေက ရည်းစားဟောင်းအခန်းကဏ္ဍထဲမှာလား။ ဘယ်အခန်းကဏ္ဍထဲမှာမှန်းမသိတဲ့အခြေအနေဖြစ်နေတာလေ။ ဏရီကသူ့ကိုလမ်းခွဲရအောင်မှမပြောသွားပဲ။ သူကလဲဏရီ့ကိုတရက်ကလေးမှမေ့မရခဲ့တာ။
နိုဝယ်သည် အရင်ကတစ်ယောက်ထဲသူငယ်ချင်းအပေါင်းအသင်းမရှိသည့်သူမျိုးမဟုတ်တော့ပါ။ အခုသင်တန်းတက်လိုက်ရတော့ ပိုပြီးတော့ လူဝင်ဆံလာသလို။ သင်တန်းရောက်မှခင်မိသည့် သူငယ်ချင်းများကြောင့် သူ့မယ်မပျင်းရ။ သူကတော့စိတ်ကူးပေါက်လို့လာတက်တာပေမဲ့ သူနဲ့အတူလာတက်သာ့်သူများကတော့ Hotel life ကိုရွေးချင်လို့ chief လိုင်းဘက်သင်တန်းတက်နေသူများသာ။ အခုလက်ရှိသူနဲ့ပေါင်းမိနေသူနှစ်ယောက်ရှိသည်။ သူ့လိုလက်ဝင်အောင်ပေါင်းရသည့်လူမျိုးကို သည်းခံပြီးပေါင်းနိုင်တဲ့နှစ်ယောက်ပါပဲ။ ဒါပေမဲ့ ကိုယ့်အကြောင်းကိုမစပ်စု၍တော်ကာကြသေးသည်။ မဟုတ်ရင်ရှင်းပြနေရအုန်းမှာ။ ထိုအတွက်လဲကျေးဇူးတင်ရပါသည်။ ဝိုင်းရွှေရည် နှင့် ရနံ့ဖူး ဆိုသည့်ကောင်မလေးနှစ်ယောက်နှင့် ထူးမြတ်အောင် ဆိုသည့် ခပ်နွဲ့နွဲ့ကောင်လေးတစ်ယောက်။ နောက်ဆုံးမှသူတို့အဖွဲ့နှင့်ပေါင်းမိသူပေါ့။
ထိုသို့နွဲ့နှောင်းနှောင်းဆိုပေမဲ့ သူများကဲ့သို့နွဲ့ခြင်းမဟုတ်ပါပဲ တကယ်သူငယ်ချင်းများနှင့်သာပြောဆိုနေချိန်ပွင့်ချခြင်းဖြစ်သည်။ အများနှင့်ဆိုလုံးဝယောကျ်ားလေးတစ်ယောက်ကဲ့သို့။ သူတို့မှာထိုကောင်လေးအားစသိခြင်းကဆိုထင်တောင်မထင်ထားသည့်အဖြစ်ရယ်ပါ။
သင်တန်းကနေကွန်ဒိုကိုတန်းပြန်လာသည့်အတွက် ယူနီဖောင်းမှာလဲဝတ်ထားလက်စနှင့်ဆိုတော့မသိရင်တကယ့် chief ကဲ့သို့ပင်။ လက်မောင်းကအိတ်ကပ်ထဲလဲဇွန်းတန်းလန်းနှင့်။ သူကတော့ ဏရီ့ကိုသာအာရုံရောက်နေသည့်အတွက်ကျန်တာသတိမထားနိုင်။
"အ"
တနေကုန်လွဲနေချော်နေသည့်သူမပါပဲ။ အခုလဲဝင်တိုက်မိပြန်ပါပြီ။ ဒါကိုပင် နေ့လည်ကမီးဟက်မိတဲ့လက်နဲ့မှသွားထောက်မိရဲ့သား။
"ကောင်းတယ်ဟေ့ တနေကုန်ဖြစ်နေလိုက်"
ပြောပြီးနောက် ကိုယ်နဲ့တိုက်မိတဲ့သူကလက်ကမ်းလာ၍ သတိမထားမိပါပဲသူ့ကိုအားပြုကာထဖို့လက်ကိုလမ်းကိုင်လိုက်မိတော့ ရင်ကအစမတန်ခုန်လာခဲ့ရသည်။ မဟုတ်သေးပါဘူး သူနေ့လည်စာလဲစားထားပါတယ်။ သူ့အားထူပေးသည့်သူကိုကြည့်လိုက်တော့ သူ့အားမျက်ဝန်းသေများဖြင့်ကြည့်နေသည့် ဏရီ့မျက်ဝန်းများကိုတွေ့လိုက်ရသည်။
"ဏရီ"
ဏရီနှင့်တွေ့လိုက်တိုင်းသူဟာအလွဲလွဲအချော်ချော်ပါပဲ။ မနေ့ကလဲအိမ်ပြန်ရောက်မှမှန်ထဲကြည့်မိတာ မျက်နှာမှာလဲဖုန်တွေပေပွနေပြီး အဝတ်အစားတွေကလဲဖုန်တထောင်းထောင်းနှင့်လေ ဒါကြောင့် ဏရီနှာခေါင်းရှုံ့သွားရခြင်းဖြစ်သည်ဆိုတာ။ ယခုလဲသူ့မယ်လွယ်အိတ်ထဲဖုန်းကိုသာကုန်းရုန်းရှာနေရင်း ထောင့်အကွယ်ကထွက်လာတဲ့ ဏရီ့ကိုမတွေ့လိုက်။ ဖုန်းမှာကားထဲကျန်ခဲ့ပြီထင်ပါရဲ့။ လွဲတက်လေခြင်း။ ဒါပေမဲ့ဒီအလွဲလေးကပဲ သူနဲ့ဏရီကိုတွေ့စေခဲ့တာ။
သူ့အားထူပေးပြီးထွက်သွားတဲ့ဏရီ့ကြောင့် သူ့မယ်ကြောင်တောင်တောင်နှင့်သာထိုနေရာမှာရပ်ကျန်နေခဲ့သည်။ ဏရီ့လက်ဖဝါးရဲ့အထိအတွေ့အငွေ့အသက်လေးအားယခုချိန်ထိခံစားနေမိသေးသည်။ သူ့မြင်ကွင်းရှေ့ကဏရီမရှိတော့မှသာ ခုနကဖုန်းကိစ္စကိုသတိရ၍ ကားရှိရာသို့ပြန်သွားပြီးဖုန်းကိုယူရလေသည်။ နိုဝယ့်အပြုအမှုများကို အဝေးတနေရာမှာခိုးကြည်နေ့သည့်သူဟာ ဒဏ္ဏာရီပါတဲ့။
မနတ်ထဲက ဒီမိန်းခလေးအားတွေ့ရလေမလားဆိုတဲ့စိတ်နဲ့ဖြစ်နေပေမဲ့ ညကအတွေးများပြီးအိပ်ယာဝင်နောက်ကျသွား၍ကော အိပ်မတ်ဆိုးများမမတ်၍ကော သူ့မယ် မနတ်၉နာရီကျော်မှနိုးလေသည်။ မနေ့ကလိုသူ့အခန်းရှေ့မှာများမုန့်လေးချိတ်ဆွဲထားလေအုန်းမလားဆိုပြီးမျော်နေမိနေသေးသည်။ ဒါပေမဲ့မျော်နေတဲ့သူကတနေကုန်နေလို့မှပေါ်မလာ။ ဘာကြောင့်မှန်းမသိ သူ့စိတ်က နိုဝယ့်ကိုမျော်နေမိသည်။ နိုဝယ်ဆိုသည့်လူတစ်ယောက်အကြောင်းခေါင်းထဲရောက်လာရင်ကို နှလုံးခုန်နှုန်းကမှုမမှန်တော့တာ။ ခတ်လိုက်တာနိုဝယ်ရယ်။ တို့ကမင်းနဲ့ဝေးရာကိုပြေးနေမိပေမဲ့ နှလုံးစားကတော့ မင်းနဲ့ဝေးဝေးမှာကြာကြာမနေနိုင်ဘူးထင်ပါရဲ့။ တို့မင်းကိုမမုန်းတော့ဘူးလို့ပြောရင်ယုံ။ ဒါပေမဲ့ တို့ကြောက်နေသေးတယ်နိုဝယ်။ တစ်ချိန်ကမင်းကတို့အတွက်အိပ်မတ်ဆိုးပဲ။ တို့ညစဥ်ညတိုင်းမတ်ခဲ့ရတဲ့အိပ်မတ်တွေထဲမှာ တို့ကလည်ပင်းအစ်မတက်ပါပဲ။ ဘယ်လိုရုန်းရုန်း ရုန်းမရတဲ့ကြိုးတွေနဲ့ချည်နှောင်ခံထားရတာ။ ထွက်ပြေးပြန်ရင်လဲ ခြေထောက်ရိုက်ချိုးခံရတဲ့နာကျင်မှုတွေဟာအလူးအလဲပါပဲ။
မင်းဘာလို့တို့အခန်းထဲရောက်နေလဲတွေးမိကာမှ အခန်း lock က တို့မွေးနေ့ကိုပဲထားထားတာသတိရတယ်။ အခုအချိန်ထိမှတ်မိနေသေးတာလား။ မနေ့ညကမင်းလာချိတ်သွားပေးတဲ့မုန့်နဲ့ဟင်းတွေကတို့အကြိုက်တွေဆိုတာမင်းမှတ်မိနေတုန်းပဲလား နိုဝယ်။ ကျေးဇူးပြုပြီးဒါတွေဟာ နာကျင်ခဲ့ရတဲ့အတိတ်သာမရှိရင်ချက်ချင်းမင်းရင်ခွင်ထဲပြေးဝင်မိမှာပဲ။ ဒါပေမဲ့ တို့ကြောက်တယ်။ တကယ်မင်းကိုကြောက်တယ်နိုဝယ်ရဲ့။ တို့ဘယ်လိုလုပ်မှ မင်းဆီကရုန်းထွက်နိုင်မလဲ။ ဒါမှမဟုတ် မင်းဆီကနေ တို့ကဘယ်တုန်းကမှရုန်းမထွက်ချင်ခဲ့တာဖြစ်မယ်။ မင်းမျက်နှာလေးခဏလေးမြင်ရုံနဲ့တင် တို့မင်းအပေါ်ထားတဲ့စိတ်ကိုရှင်းရှင်းလင်းလင်းသိလိုက်ရတာ။
ဒဏ္ဏာရီဟာ နိုဝယ် ဆိုသည့်မိန်းခလေးကိုတစ်စက္ကန့်လေးတောင်မမေ့နိုင်ခဲ့ဘူးဆိုတာ။ နိုဝယ်ဆိုသည့်မိန်းခလေးတစ်ဦးတစ်ယောက်သာလျှင် သူ့ရင်ခုန်သံကိုတိုးလို့ခုန်စေတာ။ နိုဝယ်တစ်ယောက်ထဲကသာလျှင် သူ့အတွေးအာရုံနှလုံးသားကိုပိုင်စိုးထားတာ။ သိပ်တော်တာပဲနိုဝယ်ရယ်။ ခဏလေးတွေ့လိုက်ရယုံနဲ့တင် မျက်နှာလေးမြင်လိုက်ရရုံနဲ့တင် မင်းအပေါ်မှာကျန်နေသေးတဲ့ စိတ်နာမှုတွေမရှိတော့လောက်အောင် မင်းကိုတို့ချစ်နေမြဲပါပဲ။
လှပသောနာကျင်မှုလေးပါပဲနိုဝယ် မင်းကိုချစ်တယ်လို့အဖြေထွက်တိုင်း ဦးနှောက်ကမဖြစ်သင့်ဘူးတားနေပေမဲ့ နှလုံးသားကတော့ မင်းရှိရာပဲဦးတည်နေပါရဲ့။ တစ်ခါလောက်တော့ တို့တစ်ကိုယ်ကောင်းဆန်သင့်လားနိုဝယ်။ ဒါမှမဟုတ် နောက်ထပ်တစ်ကြိမ်များမင်းကိုထပ်ပြီးအခွင့်အရေးပေးသင့်လား။
မင်းတို့ကိုချစ်သေးရဲ့လားသိချင်မိပါရဲ့။ မင်းမျက်ဝန်းတွေထဲမှာ တို့ကိုအားနာတဲ့ပုံရိပ်တွေ ချစ်နေဆဲပုံရိပ်တွေတွေ့ပေမဲ့ တို့မယုံကြည်ရဲဘူး။ ထပ်ပြီးသာ နောက်ထပ်သာ ကြုံတွေရအုန်းမယ်ဆိုရင် တို့ဒီတစ်ကြိမ်ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး။
တနေကုန်သူ့ကိုစောင့်နေရင်းကပေါ်မလာ၍ အိမ်ပြန်ပြီးအဝတ်အစားမျာယူရင်း ဒယ်ဒီ့အားဒီမှာပြန်လာနေရန်ခွင့်တောင်းမည်ဖြစ်လို့ ကားပါကင်ကိုအလာ တစ်ဖတ်ကလာနေတဲ့သူကသူ့အားမမြင်ဘူးထင်ပါရဲ့တည့်တည့်ဝင်တိုးပါလေတယ်။
တနေကုန်မတွေ့ရတဲ့လူသားလေးအားတွေ့မဲ့တွေ့တော့လဲ စာဖိုမှူးဝတ်တဲ့အဝတ်အစားနဲ့။ ဒီကောင်မလေးစာဖိုမှူးလုပ်နေတာလား။ ဒါဆိုမနေ့ကပူပူနွေးနွေးဟင်းထမင်းတွေကဒီကောင်မလေးချက်ပေးတာလား။ သူ့ကို့တော့မြင်ဟန်မရသေး။ လက်မှာလဲမီးပူလောက်ထားလို့ထင်ပါရဲ့ပတ်တီးနဲ့လေ။ ကိုယ့်ကိုကိုယ်သတိမထားလေခြင်းဆိုပြီးခေါင်းခေါက်ကာဆူချင်မိပါရဲ့။
သူ့ကိုမြင်တော့ ဆွံအနေတဲ့ထိုကောင်မလးကိုကျောပေးလမ်းလျောက်လာတုန်းချစ်စရာလေးဟုမြင်နေသေးတာ။ ရူးလိုက်တာ ဏရီရယ်။ နင်ဟာတကယ်ကိုအချစ်ရူးပါပဲ။ ကားကိုမထွက်သေးပါပဲကားထဲပဲထိုင်နေရင်း ခုနကအခြေအနေကိုပြန်တွေးကြည့်နေမိပြီးကြည်နူးနေမိသည်။
နိုဝယ်မှာသူ့ကိုမြင်ဟန်မတူ သူ့ကားဟုထင်ရသည့်ကားထဲမှဖုန်းကိုလာယူတာကိုအဝေးတနေရာကနေလှမ်းမြင်လိုက်ပြီး ထိုမြင်ကွင်းကိုပဲပြုံးပြုံးကြီးကြည့်နေမိသည်။ လက်မှာလဲဒဏ်ရာနဲ့ဒီညသူညစာဘယ်လိုစီစဥ်မလဲသိချင်မိသည်။ အိမ်ရောက်တော့ဒယ်ဒီ့အားကွန်ဒိုမှာနေချင်သည်ဟုခွင့်တောင်းလေတော့ အသာတကြည်ပင်ဒယ်ဒီကခွင့်ပြုပေးသည်။ သူနလန်ထပြီးပြန်လည်ထူထောင်နိုင်သည့်နောက်ပိုင်းဒယ်ဒီနှင့်ဆက်ဆံရေးကအရင်ကလောက်မအေးဆက်တော့ဘူးဆိုတာသတိထားမိလာသည်။ သူနယူးဇီလန်မှာရှိတုန်းကလဲ ဒယ်ဒီနှင့်မာမီမှာတစ်ခါတစ်လေလာတွေ့တက်သေးသည်။ ကောင်းမွန်သောပြောင်းလဲခြင်းပါပဲ။
ကွန်ဒိုပြန်သွားတဲ့လမ်းမှာစားလိုအဆင်ပြေမဲ့ဆိုင်မှနေ သူကောနိုဝယ်ကောကြိုက်သည့် တရုတ်ထမင်းကြော်နှင့်ဆူရှီဝယ်ပြီး စာလေးရေးကာနိုဝယ့်တံခါးလက်တံမှာချိတ်ပေးခဲ့ပြီးဘဲလ်တီးကာထားပေးခဲ့လေသည်။ သူဘာကြောင်ံ့စိတ်လှုပ်ရှားနေရသလဲ။ မနေ့ကနိုဝယ်ကောအခုလိုများစိတ်လှုပ်ရှားနေလေမလား။ အခုမှဆယ်ကျော်သက်ခလေးတွေရည်းစားပိုးသလိုခံစားနေရသည်။ တွေ့လားနိုဝယ် တို့ကမင်းနဲ့ပတ်သက်ရင်အခုလောက်ထိခလေးဆန်တာ။
ရေချိုးနေရင်း ဘဲလ်တီးသံကြောင့်မြန်မြန်ပင်လက်စသက်ပြီးတံခါးဖွင့်ကြည့်တော့ တံခါးလက်ကိုင်မှာချိတ်ထားတဲ့အထုတ်တစ်ထုတ်။ အခန်းထဲယူပြီးနောက်ပါလာတဲ့စာရွက်လေးအားဖတ်ကြည့်မိတော့ သူ၏ပျော်ရွင်မှုကအတိုင်းအဆမဲ့စွာ။ အရူးတစ်ယောက်လိုအခန်းထဲခုန်ပေါက်နေမိတာပါပဲ။ ဏရီကသူ့ကိုသူစားဖို့ဝယ်လာပေးတာတဲ့လေ။ နောက်ပြီးသူမနေ့ကဏရီ့အားပို့ပေးသည့် lock&lock ဗူးလေးလဲပြန်ထည့်ပေးထားလေသည်။
မနေ့ကအတွက်ကျေးဇူးတင်ပါတယ် ကျေးဇူးပြန်ဆက်တဲ့အနေနဲ့ ဒီနေ့ပြန်ဝယ်ကျွေးတာ နောက်ပြီးဗူးလဲပြန်ထည့်ပေးလိုက်တယ် လက်ရာကောင်းသားပဲ စာဖိုမှုးလုပ်နေတာဆိုလက်ကိုဂရုစိုက်ပါ
ထိုစာလေးတစ်ပိုဒ်လေးကသူရူးဖို့ထိုက်တန်နေပါရဲ့။ အခုမှလက်အပူလောင်တာကိုကျေးဇူးတင်နေမိသည်။ ဏရီကသူ့ကိုဂရုတစိုက်ရှိနေသေးသည်လို့ဖြည့်တွေးလိုက်ယုံဖြင့် ပီတီတွေဖြာနေမိတာ။
ဏရီဝယ်လာပေးသည်များက သူ့အကြိုက် ဆူရှီနဲ့တရုတ်ထမင်းကြော် နဂိုထဲက food panda ကနေမှာစားမလို့ပေမဲ့အခုတော့ ဏရီဝယ်လာပေးတာကိုပဲတယုတယစားပါတော့မည်။ သူ့အကြိုက်များကိုဏရီမှတ်မိနေသေးတာပဲဟုတွေးမိလျှင် သူ့နှလုံးသားလေးမှာခုန်ပေါက်နေရသည်။ ဒါရှေ့ဆက်တိုးဖို့ခြေလှမ်းရဲ့အစပဲလား။ သူနှင့်ဏရီပြန်အဆင်ပြေဖို့မျော်လင့်လို့ရပါသေးရဲ့လာ။ ဏရီရယ်ကျွန်မလေရှင့်ကိုအခုထိချစ်နေတုန်းပဲဆိုတာရှင်သိအောင်ပြောပြချင်တယ်။ ရှင်နဲ့အဆင်မပြေမဲ့ကိစ္စတွေကျွန်မဘာတစ်ခုမှမလုပ်တော့ဘူးဆိုတာ ဏရီ့ကိုသိစေချင်တယ်။ ရေချိုးတဲ့အချိန်တိုင်းရှင့်နာမည်ရေးထိုးတဲ့တဲ့ရင်ဘက်ကိုကြည့်မိရင်ကျွန်မနှလုံးထဲနွေးနေတုန်းပါပဲ။ ဒါပေမဲ့တစ်ခါလောက်တော့ရှင့်ဘက်က နိုဝယ် ဆိုတဲ့ခေါ်သံလေးကိုမျော်လင့်နေမိတယ်။ အခုထိရှင်နဲ့ကျွန်မပြန်တွေ့ကထဲက ရှင့်ဘက်က နှုတ်ကနေစကားလုံးတွေထွက်ကျမလာသေးဘူးနော်ဏရီ။ ကျွန်မကိုမုန်းနေလို့များစကားမပြောချင်တာလားဟုစိတ်ကတွေးမိနေသေးတာဏရီရဲ့။ ဒါပေမဲ့အခုလိုစာရွက်အပိုင်းအစလေးနဲ့တင်ကျွန်မကျေနပ်တယ်ဏရီ။ ဏရီ့ကိုကျွန်မပြန်ကြိုးစားခွင့်ရှိသေးတယ်မဟုတ်လားဏရီ။ ကျွန်မအခုထိရှင့်ကိုချစ်တယ် ချစ်နေဆဲ ဆက်ပြီးလဲချစ်နေအုန်းမယ်ဆိုတာ ရှင်သိအောင် တနည်းမဟုတ်တနည်းနဲ့ဖော်ပြပေးတော့မှာဏရီ။
×
tbc
trollZ
Continue Reading
You'll Also Like
1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
10.5K 323 18
Cynder learns that Even being raised by Pure Ones she will be accepted and train to be a Guardian.
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
12.5K 629 22