ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.1K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၃၁

107 5 0
By trollz22

ဝဋ် ဆိုတာကြားဖူးလား။ သို့မဟုတ် ကိုယ်တိုင်ကြုံဖူးရဲ့လား။ သူ့ဘဝမှာ ဝဋ် ဆိုတဲ့စကားလုံးကိုကြားခဲ့ဖူးပေမဲ့ ဘယ်လိုအရာမျိုးလဲဆိုတာမသိခဲ့ဘူး။ ဒါပေမဲ့ ထို စကားလုံးလေးတစ်လုံးကိုအပြည့်အဝနားလည်သွားတဲ့နေ့မှာတော့ သူဟာ လုံးဝရူးသွတ်နေခဲ့တာပါပဲ။

ဏရီထွက်သွားတဲ့နေ့ကစလို့သူဟာအရူးတစ်ပိုင်းပါပဲ။ မျက်လုံးနှစ်လုံးပွင့်နေတဲ့အချိန်မှာတောင် လူတိုင်းကို ဏရီဆိုတဲ့မျက်နှာတစ်မျိုးထဲသာမြင်ယောင်နေမိသည်အထိ။ မျက်လုံးနှစ်လုံးပိတ်လို့အနားယူမယ်ကြံတိုင်း ဏရီ့ရဲ့လေသံခပ်တိုးတိုးကသူ့နားနားမှာကျီစယ်နေသည်။ ထိုအသံများကြောင့်မအိပ်ရသည့်ရက်ပေါင်းကလက်ဆယ်ချောင်းပြည့်လုနီးပါး။ အခန်းထဲကနေရာတိုင်းမှာ ဏရီ့ပုံရိပ် ဏရီ့အသံ ဏရီ့နာမည် အရာအားလုံးဟာဏရီ။

ဏရီ့လှောင်ရီသံ ဏရီ့မျက်ရည်စ ဏရီ့အမုန်း တွေကိုမြင်လိုက်ကြားလိုက်ရရင် သူဟာ သူ့စိတ်သူမထိန်းနိုင်စွာပေါက်ကွဲမိရက်သား။ အခန်းတွင်းပြန့်ကျဲနေသည့်အပျက်အစီးအပိုင်းအစများက တရက်ထက်တစ်ရက်ပိုပိုများလာရသည်။ ပစ္စည်းများအားမဖျတ်စီးရလျှင် သူ့ကိုယ်သူဒဏ်ရာတစ်ခုမဟုတ်တစ်ခုပေးမိ၍ လက် ခြေထောက် ပေါင် မျက်နှာများ၌အညိုအမဲများကအထင်းသား။

ပြတင်းပေါက်မရှိ အလင်းပေါက်မရှိတဲ့အခန်းထဲ သူ့အားကြိုးအထပ်ထပ်ဖြင့်ချုပ်နှောက်ထားကျတာ။ သူစိတ်လိုလက်ရဝုန်းဒိုင်းကြဲမိသည့်အခါသူ့ကိုယ်ခန္ဓာအတွင်းအားထိုးသွင်းသည့်မှိန်းမောစေသည့်ဆေးရည်ကြည်များ။ ကုတင်ပေါ်မှာ ပတ်လက်အနေအထားဖြင့် ကြိုးများချည်နှောင်ခံထားရတာ။ မျက်နှာချပ်ကိုနေ့စဉ်မျက်နှာမှုနေရတဲ့သူဟာ ထိုအချိန်မှာ တစ်ချိန် သူတစ်ပါးကို အတင်းအကြပ်ချုပ်နှောင်ကာ ရိုက်ပုတ်နှိပ်ဆက်ဖူးသည့်သူလို့ပြောရက်ယုံနိုင်ကျပါ့မလား။

လှောင်ရယ်သံတစ်ခုက ထိုအခန်းထဲမှာနေ့စဉ်ရက်ဆက်ကြားနေရသည့်အသံတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ မိန်းမတစ်ယောက်အတွက်နဲ့ ဒီမိန်းခလေးဟာ အခုလောက်ထိသူ့ဘဝမှာစုတ်ပြတ်သက်သွားသည်အထိရူးခဲ့ရတယ်လို့ပြောရင်လူတွေဟာယုံကြည်နိုင်ပါ့မလား။ ဒါပုံပြင်မဟုတ် ပါးစပ်အပြောမဟုတ် ယုံတမ်းစကားမဟုတ် ဒါဟာတကယ့်အဖြစ်အမှန်ပါပဲ။

နေ့စဉ်ရက်ဆက်အစာမစားပဲနေမှု ဆရာဝန်များသတိထားနေသည့်ကြားက ကပ်ကြေးတစ်ခုကိုမသိအောင်ခိုးယူပြီးလုပ်မိသည့်လုပ်ရပ်ဟာ လက်ကောက်ဝတ်မှသွေးလွှတ်ကြောအားရန်ရှာလေသတဲ့။ ဘယ်လောက်တောင်ရူးမိုက်လေသလဲ။ အခုတော့ ဆေးရုံကုတင်ထပ်မှာ အောက်ဆီဂျင်ပိုက်ကလည်းကောင်း တခြားသော ဆေးပိုက်ကြိုးများက ထိုမိန်းခလေးရဲ့သွေးကြောများနှင့်ချိတ်ဆက်ထားလေသည်။

ရှည်ကြာလွန်းတဲ့အိပ်မတ်တစ်ခုမတ်ခဲ့ရလေသလား။ ထိုအိအ်မတ်ထဲ ဏရီဟာသူနဲ့ပျော်ပျော်ရွင်ရွင်ရီမောနေပါသတဲ့။ ဏရီရီမောသံလေးတွေ ဏရီ့အပြုံးလေးတွေက သူတသက်တာပိုင်ဆိုင်ချင်တဲ့တန်ဖိုးကြီးသည့်အရာများပါပဲ။ မျက်ခမ်းထောင့်မှာစီးကျလာသည့်မျက်ရည်များက ဘာအတွက်များပါလဲ။

ကျွန်မရဲ့အသက်နဲ့ခန္ဓာက ဏရီ့ပိုင်စိုးမှုပါပဲဏရီ။ လေးလံသည့်မျက်ခွံများကိုလှုပ်ရှားရတာအတော်လေးခတ်ခဲလှတယ် ဏရီ။ ကျွန်မဟာသိပ်မိုက်ရူးရဲဆန်တဲ့သူ တစ်ကိုယ်ကောင်းဆန်တဲ့သူပါပဲဏရီ။ အခုချိန်ထိ အသက်မသေဆုံးသေးတဲ့ လူသားတစ်ယောက်ပါပဲဏရီရယ်။

အသိစိတ်ဝင်ပြီး ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကဆေးရုံမျက်နှာချပ်။ လက်နှင့်ခြေထောက်မှာတော်တော်ကြာမလှုပ်ရှားနိုင်။ ကိုမာဝင်သွားသည်က ငါးလတဲ့ဏရီ။ ကျွန်မ စိတ်ကျန်းမာရေးဆေးရုံအခန်းထဲမှာနေခဲ့ရတာ ၃လ အပျက်အစီးများနဲ့ပြည့်နပ်နေသည့်ကျွန်မအခန်းထဲမှာ တစ်လနီးပါး။ ဒါဟာကျွန်မအတွက်ကံကြမ္မာကအပြစ်ပေးခဲ့ခြင်းပါပဲလို့ပြောရင် ဏရီယုံပေးနိုင်မလား။ ပြန်လည်ထူထောင်ရေးကိုစိတ်ရောကိုယ်ပါပါဝင်လုပ်ခဲ့ရတယ်ဏရီ။ ကျွန်မကိုယ်ကျွန်မဝှီးချဲပေါ်မှာနေရမယ်လို့တခါမှစိတ်မကူးခဲ့တာလေ။

ရှင်ပြောသလို ကျွန်မရှင့်အကြောင်းတွေမစုံစမ်းဘူးဏရီ။ ရှင့်ပုံရိပ်တွေ ရှင့်ဓာက်ပုံတွေနဲ့ပဲ ကျွန်မကိုယ်ကျွမ်မဖြေသိမ့်လိုက်ပါတယ်။ ဒါကျွန်မကိုယ်ကျွန်မအနုနည်းနဲ့အပြစ်ပေးခဲ့ခြင်းပါပဲ။ ဆေးရုံကဆင်းတော့ ဘန်ကောက်မှာပဲ တရာရိပ်ကိုခဏတာခိုလှုံခဲ့တယ်ဏရီ။ ဒါဟာ အပြီးပိုင် သာသနာ့အရိပ်ခိုလုံသွားတာမဟုတ်ပေမဲ့ အရာအားလုံးကိုတခဏတော့စွန့်လွတ်ခဲ့ပါတယ်။

ဏရီသိလား ကျွန်မလေဏရီ့ကိုအချိန်တိုင်းသတိရနေခဲ့တာ။ ဒယ်ဒီက ကျွန်မဖြစ်ချင်တာတွေကိုလိုက်ရောပေးမယ်ပြောတုန်းက ကျွန်မက မြန်မာပြည်ပြန်ချင်တယ်လို့ပဲပြောခဲ့တာဏရီရဲ့။ ဒါပေမဲ့ ကျွန်မကိုမယုံဘူးထင်ပါရဲ့ဏရီရယ့်။ ဖြစ်နိုင်ပါတယ် ကျွန်မဟာ စိတ်ကျရောဂါအရှင်းမပျောက်သေးဘူးလို့သူတို့ထင်မှတ်ထားကျတာကို။

ကျွန်မဘာလို့အခုလိုဖြစ်သွားခဲ့လဲဆိုတာဏရီသိရင် ဘယ်လိုတုံ့ပြန်မှုပေးမလဲသိချင်မိသေးတယ်ဏရီ။ ဒယ်ဒီနဲ့ဘန်ကောက်ရောက်လာတုန်းက ဒယ်ဒီကအလုပ်ကို ကျွန်မထက်ချစ်ခဲ့ဏရီ။ ကျွန်မဘေးနားဘယ်သူမှမရှိဘူးဏရီရဲ့။ အိမ်ကြီးတစ်ခုရဲ့အလယ်မှာ ကျွန်မကအခြွေအရံတွေနဲ့ပဲနေခဲ့ရတာ။ ကျောင်းမှာလဲကျွန်မဟာကိုယ့်ဘာသာနေတဲ့သူမျိုးဏရီရဲ့။ တစ်ရက် ကျောင်းလစ်ပြေးပြီးရောက်သွားတဲ့နေရာက Day club လိုနေရာ။ အိမ်ကနေအဝတ်အစားအပိုယူလာမိလို့အဖမ်းမခံရတာမဟုတ်ရင် အချုပ်ထဲရောက်မဲ့နေ့များပါပဲ။ အဲ့လိုကျောင်းပြေးပြီးလျောက်သွားမိတာ ကျွန်မဘဝရဲ့အမှားဆုံးလုပ်ရပ်တစ်ခုပဲဏရီ။

အဖြူထည်ကျောင်းသူလေးကို ရည်ရွယ်ချက်ရှိရှိချဉ်းကပ်ခဲ့တဲ့ ငြူတူတူအမျိုးသမီးတစ်ဦးက ကျွန်မကိုဆေးခပ်ခဲ့တယ်ဏရီ။ နောက်မှသိခဲ့ရတာ သူက ကျောင်းသူအရွယ်ခလေးတွေနဲ့မှ လိင်ဆက်ဆံချင်တဲ့အမျိုးသမီးဖြစ်နေခဲ့တာပဲ။ ကျွန်မကသူ့လက်ထဲကသားကောင်ငယ်လေးပါပဲ။ အဲ့ဒီ့အမျိုးသမီးက ကျွန်မကို ဗီဒီယိုတွေအများကြီးပြတာဏရီရဲ့။ သူပြတဲ့အထဲမှာ လူတစ်ယောက်ကိုနှိပ်ဆက်ပြီးအာသာဖြေတဲ့လူတွေရဲ့ပုံရိပ်တွေ။ အဲ့ဒီအမျိုးသမီးက ကျွန်မလက်တွေကိုသုံးပြီးသူ့ကိုယ်သူ့ပွတ်သက်နေခဲ့တာ။ တစ်ခြားသူတွေကိုပြောရင် အခုလိုဖြစ်နေတဲ့ပုံရိပ်တွေကိုတခြားသူတွေလက်ထဲထည့်ပစ်မှာတဲ့။ ဒါနဲ့ပဲ ကျွန်မဟာထိုအမျိုးသမီးရဲ့ဓားစာခံသက်သက်။

တဖြေးဖြေး ထိုအမျိုးသမီးက ကျွန်မကိုနာကျင်မှုတွေပေးလာတယ် ။ ဒါပေမဲ့ အဲ့ဒီ့နာကျင်မှုတွေကိုသဘောကျနေမိပြန်တယ်။ သူကျွန်မကိုတိုက်တဲ့ဆေးကဘာဆေးမှန်းမသိပေမဲ့အဲ့ဒီ့ဆေးသာသောက်ထားရင် ကျွန်မရဲ့အသိစိတ်အာရုံကလေဟာနယ်ထဲရောက်နေတဲ့အတိုင်း။ ထိုအမျိုးသမီးကသူ့ကိုနာကျင်အောင်လုပ်နိုင်ရင်အခုထက်ပိုတဲ့သာယာမှုကိုရမယ်တဲ့လေ။ အဲ့ဒီ့အချိန်ကစခဲ့တယ်ပြောရမလား။ ကျွန်မက လူတစ်ယောက်ကိုနာကျင်အောင်လုပ်ရတာသဘောကျလာတာပါပဲ။

စိတ်ရှိတဲ့အတိုင်းနေရင်း တရက်ဒယ်ဒီကကျွန်မအကြောင်းတွေအကုန်သိသွားတာပဲ။ အဲ့ဒီ့အမျိုးသမီးကိုဒယ်ဒီဘာလုပ်လိုက်လဲမသိပါဘူး ကျွန်မမျက်စိရှေ့ကိုဘယ်တော့မှပေါ်မလာတော့တာပါပဲ။ ကျွန်မရဲ့စိတ်ကလူကိုနာကျင်အောင်လုပ်လေပိုပြီးလွတ်လပ်ပေါ့ပါးနေခဲ့တာပဲ။ ဒါကြောင့် နာကျင်မှုတွေနဲ့သာယာမှုကိုအလဲအလှယ်လုပ်ယူခဲ့မိတာဏရီ။ ဇာက်လမ်းမှာဘယ်သူကမှန်သလဲဏရီ။

ဒါကျွန်မဏရီ့ကိုမပြောဖြစ်ခဲ့တဲ့စကားတွေ။ ဖွင့်ပြောချင်မိတဲ့စကားများပါပဲ။ အခုဆိုကျွန်မစွန့်လွတ်နိုင်ခဲ့ပြီဏရီ။ ဏရီမကြိုက်တဲ့အဲ့ဒီခံစားချက်ကိုကျွန်မအပြီးတိုင်စွန့်လွတ်နိုင်ခဲ့ပြီ။ ဒယ်ဒီနဲ့အပေးအယူထပ်လုပ်ရတယ်ဏရီ။ ကျွန်မကိုယ်ကျွန်မထပ်ပြီးနာကျင်အောင်လုပ်မိရင် ထပ်ပြီးအရူးတစ်ယောက်လိုပြုမှုမိခဲ့ရင် တသက်လုံးဒယ်ဒီ့အနားမှာပဲတသက်လုံးနေဖို့။ ရန်ကုန်ပြန်ရောက်တာနဲ့ ဏရီနဲ့အတူရှိခဲ့တဲ့နေရာကိုအပြေးသွားခဲ့မိတာ။ ကျွန်မအခန်းထဲမှာလဲဖုန်အလိမ့်လိမ့်ပါပဲ။ ဏရီ့ဓာက်ပုံလေးတွေကိုပဲသိမ်းထားလိုက်ပြီးပစ္စည်းတွေကိုအကုန်ရှင်းပစ်ခဲ့ရတယ်ဏရီ။ ဏရီ့အခန်းထဲမှာလဲ ဘာပစ္စည်းမှမရှိတော့ဘူးဏရီ။ ဘယ်သူပိုင်လဲမေးကြည့်တော့ ဒဏ္ဏာရီ ပိုင်ဆိုင်သည့်နေရာဆိုလို့ကျွန်မသက်ပြင်းချနိုင်ခဲ့တာ။

တကယ်ပဲစိတ်နာသွားခဲ့တာပဲဏရီရဲ့။ ကျွန်မလေရှင့်ကို ရှင့်ကွန်ဒိုအခန်းထဲမှာညစဉ်ညတိုင်းမျော်နေမိခဲ့တာ။ လတွေအလီလီပြောင်းသွားတာတောင် ရှင့်အငွေ့အသက်တွေဒီအခန်းထဲရှိနေတုန်းပဲလို့ခံစားနေရတုန်းပဲ။ ရှင်မကြိုက်ဘူးဆိုလို့ကျွန်မခိုးတက်ထားတဲ့ cctv တွေကိုကျွန်မကိုယ်တိုင်ပဲဖျတ်စီးလိုက်ပြီဏရီ။ အကယ်၍ဏရီပြန်လာရင်ကျွန်မအဝေးကနေပဲငေးကြည့်နေမိမှာပါ။

ဒီနိုင်ငံမှာဒယ်ဒီလုပ်တဲ့အလုပ်တွေကိုဒယ်ဒီက ella နဲ့ iris ကိုပဲလွဲပေးထားတယ်ဏရီရဲ့။ အခုဆိုကျွန်မက အလုပ်လက်မဲ့လူတစ်ယောက်လိုပါပဲ။ ချက်ပြုတ်နည်းသင်တန်းတက်ပြီးစိတ်ကိုအနားယူနေခဲ့တာ။

ဒီနေ့တော့ ဏရီ့အခန်းကိုကျွန်မရှင်းပေးဖြစ်တယ်ဏရီ။ တစ်ပတ်တစ်ခါလောက်တော့ရှင့်ကွန်ဒိုအခန်းကိုလာနေဖြစ်တယ်။ မဟုတ်ရင်ကျွန်မသိပ်အားငယ်နေမိတာ။ ဒီနေ့တော့အရင်နေ့တွေကထက်စိတ်တွေပေါ့ပါးနေခဲ့တာပါပဲ။ အခန်းကိုသန့်ရှင်းရေးလုပ်ပြီးရင် ခဏနားဖို့လုပ်ထားပေမဲ့ ဗိုက်ဆာတာနဲ့အပြင်မှာတစ်ခုခုဝယ်စားဖို့လုပ်ပြီးအခန်းထဲကအထွက် ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်စွာ။

သူတကယ်ကြီးဏရီ့ကိုတွေ့နေရတာလား။ ဒါမှမဟုတ်ဏရီနဲ့တူတဲ့သူတစ်ယောက်ပဲလား။ သူသိတဲ့ဏရီကမျက်နှာပြေပြေပစ်ပစ်နဲ့အမြဲစမတ်ကျနေတဲ့သူလေ။ အခုကဏရီ့နဲ့လားလားမှမသက်ဆိုင်တဲ့သူ။ ဒါပေမဲ့မျက်လုံးချင်းဆုံမိတဲ့ခဏ အညိုရောင်မျက်ဝန်းတွေကဏရီဆိုတာသက်သေပြနေတယ်ဏရီ။

"ဏ..ဏရီလား တကယ်ဏရီလား"

သူ့ကိုစိတ်ရှုတ်သလိုကြည့်နေသည့်သူကြောင့် ဒီနေရာမှာတင်အငွေ့ပျံချင်နေမိပါပြီ။ ဏရီနဲ့တွေ့လျှင်သူဟာအရင်ကထဲကပျော့ညံ့နေခဲ့ရတာ။

သူ့အားလက်ကနေဆွဲကာ အခန်းပြင်ကိုတွန်းထုတ်ပြီးဏရီကအခန်းတွင်းဝင်ပြီး lock ချထားလိုက်ပါတော့သည်။ ဏရီကသူ့ကိုစကားပြန်မပြောနိုင်လောက်အောင်မုန်းနေခဲ့ပြီလား။ ဒါပေမဲ့အခုလိုအချိန်မှာတောင် ဏရီ့ကိုပြန်တွေ့ခဲ့ရတာသူ့အတွက်တော့တန်ဖိုးဖြတ်မရတဲ့အချိန်လေးပါပဲ။ ရုတ်တရက်ကြီးဆွဲထုတ်ခံလိုက်ရတော့သူဟာအခန်းရှေ့မှာကြောင်တောင်တောင်နှင့်။ lock no. ကိုသိနေပေမဲ့သူ့ကိုမြင်ရင် ဏရီထပ်ပြီးထွက်ပြေးနေမည်ဆိုး၍သူကပင်အလိုက်တသိနဲ့ထွက်သွားပေးခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် ဏရီနဲ့တစ်မိုးအောက်ထဲအတူရှိနေရသည်ဆိုတဲ့အသိနဲ့တင်သူဟာသေပျော်နေပါပြီ။ ထိုအခန်းရှေ့ကနေ့လှည့်ထွက်ပြီးဗိုက်ဆာလောင်နေမှုကိုပြေပျောက်ရန်အလို့ငှာဝန်းထဲက city mart မှာပဲတစ်ခုခုဝယ်ပြီးချက်စားရပါတော့မယ်။

ဒါနဲ့ဏရီကဒီကိုခဏလာတာလား သူ့အိမ်ပြန်သွားအုန်းမှာလား။ ဘာစားပြီးပြီလဲ ညစာကောစားပြီးပြီရဲ့လားဆိုတဲ့ လားပေါင်းများစွာဟာသူ့ခေါင်းထဲမှာအသီးသီးနှင့်။ ဒါကြောင့် cirt mart ကိုအမြန်ပြေးကာ လိုအပ်တာတွေဝယ်ပြီး ဏရီ့အခန်းရှေ့အစာပြေစားရန် မုန့်ထားပေးခဲ့သည်။ ဏရီစားတာမစားတာကတစ်ပိုင်းပေါ့။ သူသွားဝယ်နေချိန်ဏရီအပြင်ပြန်ထွက်သွားတော့လဲသူ့ကံပေါ့။ ထို့နောက်သူ့အခန်းထဲပြန်ကာ ညစာအတွက်ချက်ပြုတ်ရင်း ဏရီ့အတွက်ပါပိုချက်ပြုတ်မိလေသည်။ ထမင်းနှင့်ဟင်းကိုသေချာလေးထုတ်ပိုးပြီးနောက် အခန်းရှေ့က ဘဲလ်ကိုတီးပြီးခပ်မြန်မြန်ပြေးကာပုန်းနေလိုက်ပြီးနေက် ဏရီများထွက်လာမလားစောင့်ကြည့်နေမိသည်။ ကံကောင်းသည်ပဲဆိုရမလား ဏရီရှိနေသေးကြောင်းပါသိလိုက်ရပြီး သူလာချိတ်ပေးထားသည့်မုန့်နဲ့ထမင်းဟင်းဗူးကိုပါသူ့အခန်းထဲယူသွားသည်လေ။

ထိုနေ့က လမ်းလျောက်စင်္ကြန်မှာအူမြူးနေတဲ့မိန်းခလေးတစ်ယောက်ကိုပြောပါဆိုလျှင်ဒါဟာ နိုဝယ်ပါပဲ။ ထိုနည်းတူ နိုဝယ်ချက်ပြုတ်ပေးသည့်အစားအစာများကိုမြည်းကြည့်ပြီးပြုံးနေမိတာက ဒဏ္ဏာရီပါတဲ့။

×

tbc

trollZ

Continue Reading

You'll Also Like

82.9K 2.6K 31
Only the figure's eyes were visible, the rest hidden by a changewing cloak. Hiccup's jaw dropped as he realized. He knew those eyes. * The Dragon Rid...
29.1K 1.2K 58
#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်
1.1M 27.7K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...