သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-163/164

349 26 0
By Miracle_Phyu97

လင်းဖန် 163+164

အခန်း(၁၆၃) ဓားနှင့်နတ်သမီးဒဏ္ဍာရီ၊ နတ်ဘုရားအဆင့် ဂန္တဝင်လက်ရာ

စီအီးအိုလျို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဟွာစဲရုပ်ရှင် ရှုံးတာက ရှုံးသွားပြီဖြစ်သည်။

နောက်ဆုံးတော့လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို မယှဥ်နိုင်ခဲ့ကြပါ။

ဒါတွေအားလုံးကို ဟွာစဲရုပ်ရှင်၏ အစွမ်းအစအပေါ် အပြစ်တင်လို့တော့ မရပေ။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက အလွန်ကောင်းမွန်လွန်းနေသောကြောင့်သာ ဖြစ်သည်။

ရုပ်သံဒရာမာတစ်ခုလုံး ဇာတ်သိမ်းပိုင်းသို့ ရောက်သောအခါ ဇာတ်လမ်းကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါသည်။

လင်းဖန်၏ ဒါရိုက်တာ စွမ်းရည်များးက အလွန် ကောင်းမွန်လွန်းသည်ဟူသော သဘောသက်ရောက်သည်။

လင်းဖန်ကြောင့်သာမဟုတ်ပါက ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲရုပ်ရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ပါ။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကြီး ရေပန်းစားလာခဲ့တာပဲ။"

"ဘာပဲဖြစ်ဖြစ် ငါလင်းဖန်ကို အထင်သေးခဲ့မိပြီ။"

"လင်းဖန်က တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ..." စီအီးအိုလျို့က ပြောလိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပါသည်။

နောက်ဆို လင်းဖန်ကို ပစ်မှတ်ထားဖို့ ပို၍ပင် ခက်ခဲလာနိုင်ပါသည်။

လင်းဖန်က ရှင်းထုတ်ဖို့ လွယ်ကူသူမဟုတ်ပေ။ ယွဲ့ဟွာ၏ အကာအရံဖြင့်ဆို လင်းဖန်က ဖျော်ဖြေရေးလောကမှာ ရေထဲက ငါးတစ်ကောင်လို ဖြစ်နေလိမ့်မည်။

ဟွာစဲပစ်များ၏ ရှုံးနိမ့်မှုက အနုပညာလောကထဲတွင် ပွက်လောရိုက်သွားစေခဲ့သည်။

နာမည်ကျော်အားလုံးက လင်းဖန်ကို ဝေ့ပေါ် ပေါ်တွင် ဂုဏ်ပြုနေကြပါသည်။

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတယ်။ ဒါ့ကြောင့်သာမဟုတ်ရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဒီလောက်ထိ အောင်မြင်မှာ မဟုတ်ဘူး။ ငါလင်းဖန်ကို အများကြီး ချီးကျူးရမယ်။"

"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကြည့်ခဲ့ပါတယ်။ ဒီလိုရလဒ်မျိုးရခဲ့တဲ့အတွက် ဒါရိုက်တာလင်းကို ဂုဏ်ပြုပါတယ်နော်။ ဒါရိုက်တာလင်းရဲ့ အစွမ်းအစက သာမန်နဲ့ တကယ်ပဲ ခြားနားတယ်။ သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ဘူး။"

"လင်းဖန် ရှင်က ကျွန်မရဲ့ ရာသက်ပန် အိုင်ဒေါ ဖြစ်သွားပြီ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အတွဲ အသစ်တွေ ထွက်ဦးမလားမသိဘူး။ ထွက်မယ်ဆို ငါတို့လည်း ရိုက်ရမယ်။ ဒါက ငါတို့နိုင်ငဲ့ထဲက ရှန်းရှဒရာမာတွေရဲ့ စမှတ်ပဲ။ လင်းဖန်လို ဒါရိုက်တာကြီးတစ်ယောက် အနားမှာရှိရင် ငါတို့သေချာပါ ဒီ့ထက် ဂန္တဝင်လက်ရာပိုမြောက်တဲ့ ရုပ်သံဒရာမာတွေကို အနာဂတ်မှာ ရိုက်ကူးနိုင်လိမ့်မယ်။"

အေ အဆင့်ရှိ နာမည်ကျော်များစွာ လင်းဖန်ကို ဝေ့ပေါ် ပေါ်တွင် ဂုဏ်ပြုလိုက်ကြပါသည်။

ထိုအချိန်တွင် လင်းဖန်က အနုပညာလောကထဲ အလွန်အမင်းရေပန်းစားသူဖြစ်လာခဲ့ပါသည်။

နာမည်ကျော်အားလုံးက လင်းဖန်ကို အလွန် သဘောကျကြသည်။ လင်းဖန်က ချောတာကြောင့် သို့မဟုတ် သူ့သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်သောကြောင့်ပဲ မဟုတ်ပေ။ အရေးအကြီးဆုံးက လင်းဖန်မှာ ဇာတ်ညွှန်းရေး ဆရာတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် ဒါရိုက်တာပညာကိုလည်း တတ်မြောက်ထားသည်။

ထို့အပြင် ဒီရုပ်သံဒရာမာကို ထုတ်လွှင့်ပြသပြီးနောက် သို့ပန် တွင် ၉.၃ အထိ ရရှိခဲ့ပါသည်။

သို့ပန် ၏ အမှတ်ထွက်လာသောအခါ ပရိတ်သတ်များ အံ့အားသင့်သွားရပြန်သည်။

"နှစ်ပေါင်းများစွာ ကြာတာတောင် သို့ပန် ပေါ်မှာ ဒီလောက်အမှတ်မြင့်တဲ့ ရုပ်သံဒရာမာမျိုး မရှိခဲ့ဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကောင်းတာပဲ။"

"ဟုတ်တယ်။ အရင်တုန်းက သို့ပန် က တချို့ အရမ်းကောင်းတဲ့ နိုင်ငံခြားကားတွေကိုပဲ အမှတ်မြင့်မြင့်ပေးတာ။ အခုငါတို့ ပြည်တွင်း ရုပ်သံဒရာမာတွေလည်း နောက်ဆုံးတော့ ရေပန်းစားလာနိုင်ပြီ။ ဒီလို အမှတ်မြင့်မြင့်နဲ့ ထိုက်တန်ပါပေတယ်။"

"လင်းဖန်က အရမ်းတော်တာပဲ အိုက်စ်..."

"လင်းဖန်က ငါတို့ အနုပညာလောကထဲက ပါရမီရှင်တစ်ယောက်ပဲ။ လင်းဖန်ကို မင်းတို့ တီဗီဒရာမာတွေ ရိုက်ကူးခိုင်းဖို့ ငှားနိုင်မယ်ဆိုရင် မင်းတို့လည်း ဂန္တဝင်ရုပ်သံဒရာမာတွေ ရိုက်ကူးနိုင်လောက်တယ်။"

တချိန်တည်းမှာပင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရုပ်ရှင် ရီဗျူးပေါင်းများစွာ ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် မျိုးစုံတွင် ပေါ်လာခဲ့ပါသည်။

ဒီရုပ်သံဒရာမာ၏ ပြောင်မြောက်လှသော ကဏ္ဍများတွင် ပရိတ်သတ်ထံမှ အားပေးမှုကို ရရှိခဲ့ပါသည်။

နာမည်ကျော် ဘလော့ဂါများစွာကလည်း ဒီရုပ်သံဒရာမာ ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပေါ် ၎င်းတို့၏ အမြင်ကို ဖော်ပြကြပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ပဲ သားမန်ထက်ထူးကဲပါတယ်။ ဒီရုပ်သံဒရာမာက ဘာကြောင့် အရမ်းရေပန်းစားလာရလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်။ ပထမဆုံး လင်းဖန်ရဲ့ ဇာတ်ညွှန်းဖန်တီးမှုက အရမ်းပြီးပြည့်စုံတာကိုး။ သူက ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အကုန်လုပ်ခဲ့တယ်။ ဇာတ်ကောင်တိုင်းကို သူကိုင်တွယ်တဲ့ ပုံစံကလည်း ပြီးပြည့်စုံမှု အထွတ်အထိပ်မှာရှိတယ်လို့ ပြောလို့ရတယ်။"

"ဒီရုပ်သံဒရာမာမှာ ဇာတ်ကောင်များကို အနုပညာဆန်ဆန်၊ လက်တွေဆန်ဆန်ဖန်တီးထားတာ ဥပမာ လီရှောင်းယောင်ရဲ့ ကြင်နာတတ်မှု၊ လင်းယွဲ့ရုရဲ့ အရူးအမူးစွဲလမ်းတတ်မှု၊ ကျောက်လင်အာရဲ့ တာဝန်ယူတတ်မှုစသဖြင့် အားလုံးက ကိုယ့်စရိုက်ကိုယ် ဇာတ်ကောင်တွေထဲမှာ မြင်နိုင်တယ်။ လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတယ်လို့ ခံစားမိတယ်။"

"သူတို့သရုပ်ဆောင်စွမ်းရည်ကြောင့်ပဲ ဒီရုပ်သံဒရာမာက အရမ်းအောင်မြင်လာတာကိုး။"

"ဒီရုပ်သံဒရာမာရဲ့ Theme က ကံကြမ္မာတဲ့။ ကြမ္မာာဆိုးဆိုတာလည်း တစ်ခုခုလှပတာကို ရင်ဆိုင်ရပြီး မကြာခင် သေချာပေါက် ဖကျ်ဆီးခံရတော့မယ်ဆိုတာကို သိနေတဲ့ ဘာမှ မတတ်နိုင်တဲ့ ခံစားချက်မျိုးပဲ။ အဲ့တာကလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ဂန္တဝင်လက်ရာမြောက်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါရိုက်တာတစ်ယောက်အနေနဲ့ လင်းဖန်က ပရိတ်သတ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို လေးလေးနက်နက် အာရုံစိုက်ထားတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက သေချာပေါက် ရှန်းရှဒရာမာတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်လာပြီး အနာဂတ် ရှန်းရှ ဒရာမာတွေအတွက် လမ်းဖောက်ပေးလိုက်တာပဲ။"

"လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန် ဘယ်သူပဲဖြစ်ဖြစ် အားလုံးက အကောင်းဆုံး အသက်အရွယ်မှာ အသင့်တော်ဆုံး Role ကို သရုပ်ဆောင်ခဲ့ကြတာပဲ။ အဓိကဇာတ်ကောင်တွေပဲဖြစ်ဖြစ်၊ ဇာတ်ပို့တွေပဲဖြစ်ဖြစ်၊ ဇာတ်ကောင်တိုင်းက 3D ပဲ။"

...

ရုပ်ရှင် ရီဗျူးပေါင်းစုံ နေရာတိုင်းတွင် ပေါ်လာပါသည်။

နေရာတိုင်းနီးပါးမှာ ဒီရုပ်သံဒရာမာကို ချီးကျူးနေကြသည်။

အထူးသဖြင့် လင်းဖန်ဖြစ်သည်။ သူက အားလုံး၏ ရင်ထဲတွင် လေးလေးနက်နက် အမြစ်တွယ်နေခဲ့ပါပြီ။

ယခင် ဘဝရဲ့ပျော်ရွှင်မှု၏ ရေပန်းစားမှုက လင်းဖန်ကို လူထုမျက်စိရှေ့ ချပြခဲ့တာဆို ဓားနှင့်နတ်သမီးဒဏ္ဍာရီက သူ့ကို နတ်ဘုရားတစ်ဆူအဖြစ် ပြောင်းလဲပေးလိုက်သည့် ဂန္တဝင်လက်ရာတစ်ခုဖြစ်ပါသည်။

ပီလိပီလိတွင် Uploader အသစ်ဖြစ်သူ ဆရာရှစ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီဗီဒီယိုများကို တိတ်တိတ်လေး မှတ်တမ်းယူပြီး စတင်ရှင်းပြပါသည်။

"အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ဒီနေ့ ဆရာရှစ်က အားလုံးကို ရုပ်သံဒရာမာတစ်ခုအကြောင်း ရှင်းပြဖို့ ရောက်လာခဲ့ပါပြီ။ ဟုတ်ပါတယ် ဓားနှင့်နတ်သမီးဒဏ္ဍာရီပါ။ ခုတလော အရမ်းရေပန်းစားနေတာလေ။"

"ဒီနေ့ အားလုံးကို ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဘာကြောင့်အရမ်းရေပန်းစားလာရတာလဲဆိုတာ အားလုံးကို ကူညီပြီး ဆန်းစစ်ပေးသွားမှာ ဖြစ်ပါတယ်။"

"ဒီရုပ်သံဒရာမာရဲ့ ခေါင်းဆောင်မင်းသားက လင်းဖန်ပါ။ အများကြီးပြောဖို့တော့ မလိုဘူးထင်တယ်။ လင်းဖန်ရဲ့ ဓာတ်ပုံတချို့ကို ပြပါ့မယ်။ အားလုံးပဲ လင်းဖန်ဘယ်လောက်ချောလဲ ဆိုတာကို ရှုစားလိုက်ကြပါ။"

"နတ်သမီးလေးတွေရဲ့ ဓာတ်ပုံကိုလည်း ပြပါမယ်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းတို့ အားလုံးက အရမ်း လှပကြတယ်။”

"ဒီလောက်လှပတဲ့ အဓိကခေါင်းဆောင်မင်းသား မင်းသမီးတွေရယ် လင်းဖန်လို ချောမောတဲ့ ခေါင်းဆောင်မင်းသားရယ်ကြောင့် ဒီရုပ်သံဒရာမာ ရေပန်းမစားလာဖို့ကသာ ပိုခက်မှာပါ။"

"ဇာတ်လမ်းကို ထပ်ပြီးကြည့်ရှုလိုက်ရအောင်။ ပထမဆုံး ဒီရုပ်သံဒရာမာရဲ့ ဇာတ်လမ်းဇာတ်ကွက်က သံသယဖြစ်စရာမရှိအောင် အကောင်းဆုံးပါပဲ။ အစကနေ အဆုံးအထိ ဘာအပြစ်အနာအဆာမှကို မရှိတာပါ။

"ဒီရုပ်သံဒရာမာ အရမ်းရေပန်းစားရတဲ့ အကြောင်းအရင်းက ဇာတ်လိုက်တွေရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့်ပဲ မဟုတ်ဘူး။ တခြား အချက်တွေလည်း ရှိပါသေးတယ်။"

"ကျွန်တော် ဒီမှာ ပြောချင်တာကတော့.... ကျေးဇူးပြုပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အထူးပြုလုပ်ချက်တွေ၊ နောက်ခံအသံတွေ၊ နောက်ဆက်တွဲ တည်းဖြတ်ရေးတွေ အကုန်လုံးကို ကြည့်လိုက်ကြပါဦး။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာ အစားထိုးသရုပ်ဆောင်တွေ မသုံးခဲ့ဘူး။ အဲ့တာကြောင့်လည်း ဒီရုပ်သံဒရာမာက အရမ်းရေပန်းစားခဲ့တာပါ။"

"နောက်ဆုံးတော့လည်း ဒီရုပ်သံဒရာမာ အရမ်းရေပန်းစားလာရတာက အားလုံး လင်းဖန်ကြောင့်ပါပဲ။"

"လင်းဖန်က အနုပညာလောကထဲမှာ ပါရမီရှင် ဇာတ်ညွှန်းဆရာတစ်ယောက်ပဲ။ သူက အရမ်းချောတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တယ်။ သူက ဆရာရှစ်ဆိုတဲ့ ကျွန်တော့်ထက်တောင် အများကြီး ပိုချောပါသေးတယ်...."

ဆရာရှစ် ဗီဒီယိုကို တည်းဖြတ်ပြီးသောအခါ ပီလိပီလိတွင် တင်လိုက်ပါသည်။

ထို့နောက်....

သူ့ဗီဒီယို ရေပန်းစားလာခဲ့သည်။

ဆရာရှစ်ကိုယ်တိုင်တောင် ရေပန်းစားလာပါသည်။

"ဝိုးးးး"

"လင်းဖန်ရဲ့ အရမ်းချောတဲ့ မျက်နှာလေးကိုလာကြည့်ကြဟေ့။ အရမ်းချောတာပဲ~"

"အားးး အစ်ကိုဖန်က အရမ်းချောတာပဲ။ ရှားဝမ်ချွေ့လည်း အရမ်းလှတယ်။ သူတို့ အချစ်ရေးဇာတ်ဝင်ခန်းကို နှစ်ခေါက်တောင် အတူတူရိုက်ပြီးကြပြီ ဘာလို့ မတွဲကြသေးတာလဲ။"

"နင်ပြောတာမှန်တယ်။ နင်တောင် လင်းဖန်က ချောတယ်လို့ ထင်နေပြီပေါ့။"

ကောမန့်များစွာကိုကြည့်ရင်း ဆရာရှစ် ထိန်လန့်သွားရပါသည်။

အရင်တုန်းက သူ ဘယ်လိုဗီဒီယိုကိုပဲလုပ်လုပ် ရေပန်းစားလာမှာ မဟုတ်ပါ။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ ပေါ်လာကတည်းက သူပထမဆုံး Upload တင်လိုက်သည့် ဗီဒီယိုကတောင် သူ့ကို ရေပန်းစားသွားစေခဲ့ပါသည်။

အကြောင်းအရင်းကတော့ အလွန်ရိုးရှင်းပါသည်။ သူက လင်းဖန်၏ ဓာတ်ပုံအနည်းငယ်ကို ပို့စ်တင်လိုက်ရုံသာဖြစ်ပြီး သူ့ကို ရေပန်းစားသွားစေခဲ့ပါသည်။

လင်းဖန် အနုပညာလောကထဲမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေတာ ဘယ်သူ့အပြစ်လဲ။

ဆရာရှစ် အနည်းငယ် မနာလိုဖြစ်မိပါသည်။

သူ့လို ပမွှားလေးတစ်ကောင်ကတော့ လင်းဖန်ကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပေ။

သူ့ဘဝမှာ လင်းဖန်ကို တစ်ခေါက်လောက်သာ တွေ့နိုင်ပါက ကျေနပ်ပါပြီ။

ဘာပဲဖြစ်ဖြစ်... လင်းဖန်ကြောင့်ပဲ သူ့လို အလုပ်ပြုတ်ခဲ့သည့် Uploader လေးတစ်ယောက် ရှင်သန်ဖို့ အခွင့်အရေးရခဲ့ခြင်း မဟုတ်ပါလား။

နှလုံးသားရေကန်ဗီလာထဲတွင်ရှိနေဆဲဖြစ်သည့် လင်းဖန်ကတော့ မသိခဲ့ပါ။

ဘာမှန်း မသိလိုက်ဘဲ သူ့မှာ အမာခံပရိတ်သတ်လေး တစ်ယောက် တိုးလာပြီဖြစ်သည်။

လက်ရှိ သူက အင်တာနက်ပေါ်မှာ အလွန်ရေပန်းစားနေသည့် နာမည်ကျော်တစ်ယောက် ဖြစ်နေပါပြီ။

အခန်း(၁၆၄) ရှားဝမ်ချွေ့ကို ဖွင့်ပြောခြင်း

ယွဲ့ဟွာဖျော်ဖြေရေး၌...

လင်းဖန်က ရုံးခန်းထဲတွင် အလုပ်လုပ်နေပါသည်။

ခဏကြာသောအခါ တံခါးခေါက်သံ ထွက်လာ၏။ မိန်းမလှလေးတစ်ယောက် ဝင်လာခဲ့ပါသည်။ လင်းဖန်၏ မန်နေဂျာ လင်းချမ့်ဝေ ဖြစ်ပါသည်။

"အစ်ကိုဖန်" လင်းချမ့်ဝေက လင်းဖန်ရှ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"အင်း ဘာလဲ" လင်းဖန်က မေးလိုက်၏။

"အစ်ကိုဖန်ကို ကြော်ငြာသူ လုပ်ပေးစေချင်တဲ့ ကုမ္ပဏီထောက်ခံချက် ကုမ္ပဏီ ၁၈ ခုရှိပါတယ်။ သူတို့ ကမ်းလှမ်းတဲ့ စျေးကလည်း မနည်းဘူး" လင်းချမ့်ဝေက လက်ထဲတွင် ဖိုင်တွဲတချို့ကို ပိုက်ထားပြီး အတည်ပေါက် ပြောလိုက်ပါသည်။

"သူတို့က ဘယ်လောက် ကမ်းလှမ်းလို့လဲ" လင်းဖန်က မော့ကြည့်ကာ မေးလိုက်သည်။

"မန့်နွေ့ဒိန်ချဥ်က ၂.၃၆ သန်း ကုမ္ပဏီထောက်ခံချက်ကို ကမ်းလှမ်းပါတယ်။"

"အဲလစ်မက်စ်က ၃.၄၈ သန်း အန််ဒိုစာ ကမ်းလှမ်းထားပါတယ်။"

"အသားအရည် ထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုကလည်း သူတို့ရဲ့ ကြော်ငြာပေးသူ ဖြစ်စေချင်နေပါတယ်။ သူတို့က အစ်ကို့ကို ဓာတ်ပုံတချို့ပဲ ရိုက်ခိုင်းမှာပါတဲ့။ ကမ်းလှမ်းတဲ့ စျေးက ၆ သန်းပါ" လင်းချမ့်ဝေက ပြောလိုက်ပါသည်။

လင်းဖန်က လက်ခါပြလိုက်သည်။ "ဆက်မပြောနဲ့တော့။ အကုန်ငြင်းလိုက်ပါ။"

"အကုန်ငြင်းရမယ် ဟုတ်လား" လင်းချမ့်ဝေက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

"ဟုတ်တယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ပါ" လင်းချမ့်ဝေက ပြောလိုက်သည်။ သူမ စီမံရေးလုပ်ငန်းများကို ကိုင်တွယ်ဖို့ လှည့်ထွက်သွားပါသည်။

ကုမ္ပဏီထောက်ခံချက် ၁၈ ခုမှရရှိနိုင်သည့် စုစုပေါင်းဝင်ငွေမှာ သန်းဆယ်ချီသည်။ သို့သော်လည်း လင်းဖန်က တစ်ခုမှ လက်မခံခဲ့ပေ။ လင်းချမ့်ဝေကို ဆက်တောင် မပြောခိုင်းခဲ့ပါ။

အကုန်လုံးကို ငြင်းလွှတ်လိုက်ပြီး ကုမ္ပဏီထောက်ခံချက် အပေးအယူများကို ဘာမှ လက်မခံခဲ့ပါ။

လင်းချမ့်ဝေက သူမ လင်းဖန်၏ မန်နေဂျာဖြစ်မှန်း သိပါသည်။

လင်းဖန် ခိုင်းသည့်အတိုင်း သူမ အကုန်လုပ်မည်ဖြစ်သည်။

ထို့အပြင် ယခု လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်နေပါပြီ။

ဒါတင်မကသေးဘဲ လင်းဖန်က သန်းရာချီတန်ဖိုးရှိသည့် နှလုံးသားရေကန်ဗီလာမှာ နေထိုင်တာကိုလည်း လင်းချမ့်ဝေ သိပါသည်။ သူက သန်းရာချီတန်ဖိုးရှိသည့် Bugatti ကားကြီး တစ်စီးကိုလည်း မောင်းနှင်သည်။

လင်းဖန်က ထိုကုမ္ပဏီထောက်ခံချက်ကုမ္ပဏီများထက်တောင် ပိုချမ်းသာနိုင်သည်။ ဘာကြောင့် ထိုအရာတွေကို ကြော်ငြာပေးရမည်နည်း။

သူတို့ကို ကြော်ငြာပေးနိုင်ရင်တောင် လင်းဖန်က လုပ်မှာ မဟုတ်ပါ။

သူမ လင်းဖန်၏ မန်နေဂျာဖြစ်ရတာ ဂုဏ်ယူမိပါသည်။

အလုပ်ပြီးသောအခါ လင်းဖန် မတ်တပ်ရပ်လိုက်ပြီး ရှားဝမ်ချွေ့၏ ရုံးခန်းထဲသို့ ဝင်သွားပါသည်။ ရှားဝမ်ချွေ့ စားပွဲပေါ်မှာ အနားယူနေတာကို တွေ့လိုက်ရပါသည်။

သူမ ဒီရက်ပိုင်းတွေထဲ တကယ် ပင်ပန်းလွန်းလှသည်။

သူမ အများကြီးခံစားခဲ့ရရုံသာမကဘဲ ရိုက်ကူးရေးပါ လုပ်ရသေးသည်။

ရိုက်ကူးရေးပြီးနောက် သူမ အနားယူဖို့ မစဥ်းစားပါ။ ထို့အစား ထိုင်ခုံမှာသာ ထိုင်ပြီး အိပ်ပျော်သွားပါသည်။

သူမက ကြောင်နားရွက် ဦးထုပ်လေးကို ဆောင်းထားပြီး သူမ အိပ်ပျော်နေသောအခါ အရင်လို လှပနေဆဲ ဖြစ်သည်။

သူမရုံးခန်းထဲမှာ တစ်ယောက်တည်းဖြစ်ပါသည်။

လင်းဖန် အထဲဝင်သွားပြီး နူးညံ့စွာဖြင့် တံခါးကို ပိတ်လိုက်ပါသည်။ ပင်ပန်းနေသည့် ရှားဝမ်ချွေ့ကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်မိပါသည်။

အနုပညာလောကထဲ သူ ဝင်ခဲ့တာ ငွေရှာရအောင် မဟုတ်ပါ။

ဒီအဆင့်ထိရောက်လာပြီး ရေပန်းစားသည့် ရုပ်သံဒရာမာနှစ်ခု ရိုက်နိုင်ခဲ့တာလည်း ရှားဝမ်ချွေ့အတွက်သာ ဖြစ်သည်။

လင်းဖန်က ငွေလိုအပ်ခြင်း မရှိဘဲ ပိုက်ဆံအတွက်ကြောင့်နဲ့ ရုပ်သံဒရာမာများကို ဆက်လက်ရိုက်ကူးနေမှာ မဟုတ်ပေ။

ထိုကုမ္ပဏီထောက်ခံချက်များက အတော်လေး ဒုက္ခပေးသည်။ ကုမ္ပဏီထောက်ခံချက်တစ်ခုက သန်းဂဏန်းအနည်းငယ်သာ တန်သည်။ ကုမ္ပဏီကြီးများအတွက် ကုမ္ပဏီထောက်ခံချက် ပြုလုပ်ပေးခြင်းက သန်းဆယ်ဂဏန်း ရနိုင်လောက်ပါသည်။

သို့သော်လည်း လင်းဖန်က ဂရုမစိုက်ပါ။

သူက ရှားဝမ်ချွေ့အတွက် ပိုပြီး ဂရုစိုက်ပါသည်။

သူ့ရှေ့က ကောင်မလေး မျက်လုံးများ မှိတ်ထားတာကို မြင်သောအခါ လင်းဖန် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပါသည်။

သူ့မှာ အကြံဆိုးမရှိပါ။ ကြောင်မလေးက လှပလွန်းသဖြင့် လင်းဖန် ရှားဝမ်ချွေ့ကို နမ်းချင်လာသောကြောင့်ဖြစ်သည်။

သူမ အိပ်ပျော်နေတာပဲ။ သူ နမ်းလိုက်ရင်တောင် မသိလောက်ပါဘူး ဟုတ်တယ်မလား။

လင်းဖန် ရှေ့ကို ကုန်းလိုက်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်ပါသည်။ သူ ထပ်ပြီး ခံနိုင်ရည် မရှိတော့ပါ။

သူ အရဲစွန့်ပြီး နမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ခဏနေ အရိုက်ခံရမည့် အန္တရာယ်ရှိနေရင်တောင် သူမကို အရင်နမ်းမှဖြစ်ပါမည်။

လင်းဖန်က ရှားဝမ်ချွေ့၏ နှဖူးနဲ့ ပိုပိုပြီး နီးလာနေပါသည်။ သူမ၏ အသက်ရှူသံကိုပင် ခံစားမိသည်။

မကြာမီ လင်းဖန် သူ့ရှေ့က ကောင်မလေးကို နမ်းရှိုက်နိုင်တော့မည်။

၃ စင်တီမီတာ...

၂ စင်တီမီတာ...

၁ စင်တီမီတာ...

ရှားဝမ်ချွေ့ မျက်လုံးများပွင့်လာပြီး လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

ထို့နောက်....

ရှားဝမ်ချွေ့ မျက်လုံးများ ပြူးနေစဥ် လင်းဖန်က သူမ၏ နဖူးကို နမ်းလိုက်ပါတော့သည်။

သူတို့အခု ၁ စင်တီမီတာလောက်ပဲ ကွာဝေးတော့တာကို သူမကို မနမ်းနိုင်ဘဲ နေနိုင်ပါတော့မလား။

ရှားဝမ်ချွေ့၏ မျက်နှာ အနည်းငယ်နီရဲသွားပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမ အနည်းငယ် စိတ်ဆိုးကာ ကြောင်ကလေးလို ဟန်လုပ်လိုက်ပြီး လင်းဖန်ကို ကိုက်လိုက်ပါသည်။

"မကိုက်ပါနဲ့ မကိုက်ပါနဲ့ ငါမှားသွားပါတယ်" လင်းဖန်က အမြန်ရှောင်ရင်း ပြုံံးကာ ပြောလိုက်ပါသည်။

"လင်းဖန်" ရှားဝမ်ချွေ့က အလွန်စိတ်ဆိုးနေသည်။ သူမ၏ ပါးပြင်များက နီရဲနေပါပြီ။ သူမ ခုမှနိုးလာတာကို လင်းဖန်က သူမကို အနိုင်ကျင့်နေသည်။

သူမ လင်းဖန်နဲ့ အိမ်လိုက်သွားပြီး တစ်ကုတင်တည်း ထပ်အိပ်ပါက လင်းဖန်မဟုတ်တာ တစ်ခုခုလုပ်လောက်သည်။

ရှားဝမ်ချွေ့ အလွန်စိတ်ဆိုးနေပါသည်။

သူမက လင်းဖန်၏ ကောင်မလေးမဟုတ််သေးပါ။ လင်းဖန်ကတော့ သူမကို ဒီလိုမျိုး အနိုင်ကျင့်နေပြီဖြစ်သည်။

နောက်ပိုင်း လင်းဖန်၏ ကောင်မလေး ဖြစ်လာပါက လင်းဖန် ဘာတွေလုပ်မလဲဆိုတာတောင် မသိနိုင်တော့ပါ။

ရှားဝမ်ချွေ့ကို ကြည့်ရင်း သူမ တကယ်စိတ်ဆိုးနေသည်ဟု ထင်ကာ မပြေးတော့ပါ။

လင်းဖန် အနည်းငယ် လိပ်ပြာမလုံသလို ခံစားမိပါသည်။

သူ တစ်ခုခု အမှားလုပ်မိခဲ့သည့်ပုံပင်။

ဘာပဲဖြစ်ဖြစ် သူနဲ့ ရှားဝမ်ချွေ့တို့က သမီးရည်းစားတွေလို မဟုတ်ကြသေးပါ။

သူ့ကြောင့် ရှားဝမ်ချွေ့ အများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရတာမှန်းလည်း လင်းဖန်သိပါသည်။

သူမ တိုးတိုးတိတ်တိတ် ကြယ်ပွင့်တစ်ပွင့် လုပ်နိုင်သော်လည်း လင်းဖန်ကြောင့် သူမ အမြဲတမ်း ရေပန်းစားနေခဲ့ရသည်။

ဒီတစ်ခေါက် လင်းဖန် မပြေးတော့ပါ။

သူမြဲမြဲရပ်လိုက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

"ငါတောင်းပန်ပါတယ်" လင်းဖန်က အတည်ပေါက် တောင်းပန်လိုက်ပါသည်။ သူနဲ့ ရှားဝမ်ချွေ့တို့က စုံတွဲမဟုတ်ကြသေးပါ။ သူမကို ဆက်တိုက် အခွင့်အရေး ယူနေလို့ မဖြစ်ပေ။ ဒါသူမကို တန်ဖိုးမထားရာ မကျသွားဘူးလား။

"ဟင်" ရှားဝမ်ချွေ့ ကြောင်အသွားသည်။ သူမ၏ လက်သီးက လင်းဖန်ကို မထိခင် ရပ်တန့်သွားပါသည်။

"ငါ စဥ်းစားကြည့်ပြီးသွားပြီ။ ရက်ပေါင်းများစွာ ငါ့ကြောင့်သာ မဟုတ်ရင် နင် အခုလို ဖြစ်မှာ မဟုတ်ဘူး။"

"အားလုံး ငါ့အပြစ်တွေပါ ဝမ်ချွေ့"

"ဒါပေမယ့် အခု အဆင်ပြေသွားပါပြီ။ ငါတို့ ပရိတ်သတ်တွေ သဘောကျတဲ့ ရုပ်သံဒရာမာ တစ်ကားကို နောက််ဆုံးတော့ ရိုက်ကူးနိုင်ခဲ့ပြီ။ နင့်ရဲ့ ဝေ့ပေါ် ပရိတ်သတ်တွေလည်း သန်း ၁၀၀ ကျော်သွားပြီဆိုတာ မြင်လိုက်တယ်။ ပြီးတော့ တစ်တော့ခ်ဆယ်လီအဆင့်သတ်မှတ်ချက်မှာ ပထမနေရာရောက်သွားပြီ။ နင်နောက်ဆုံးတော့ အားလုံးကို ကျော်တက်နိုင်ခဲ့ပြီပေါ့" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဘာပြောဖို့ ကျန်သေးလဲ" ရှားဝမ်ချွေ့က မေးလိုက်ပါသည်။

"ငါနင့်ကို အမြဲတမ်း အခွင့်အရေးယူပြီး အချိန်တိုင်း အနိုင်ကျင့်မနေသင့်တော့ဘူး။ နင့်လက်ကို ခွင့်ပြုချက်မရဘဲ မကိုင်သင့်ဘူး။ နင့်ကို ခိုးနမ်းတာဆို ပိုဆိုးပေါ့" လင်းဖန်ကပြောလိုက်ပါသည်။

ယခင်တုန်းကဆို လင်းဖန် ဘယ်မိန်းကလေးနားမှ မကပ်ဖူးပါ။

မိန်းကလေးဘက်က ဦးဆောင်ရင်တောင် လင်းဖန်က ခပ်ခွာခွာနေခဲ့သည်။

သူက မိန်းကလေးများကို အခွင့်အရေး မယူတတ်သော်လည်း ရှားဝမ်ချွေ့ကို တွေ့ပြီးနောက် သူ့စိတ် အနည်းငယ် ပြောင်းလဲသွားတာကို လင်းဖန် သတိထားမိပါသည်။

ယနေ့တော့ လင်းဖန် အိပ်မက်က လန့်နိုးလာသည်။

သူက ရှားဝမ်ချွေ့၏ ကောင်လေးလည်း မဟုတ်ပါ။ ထို့ကြောင့် သူမကို ဒီလို အနိုင်ကျင့်နေလို့ မရပေ။

ဒါက လင်းဖန်၏ ကိုယ်ကျင့်တရား ဖြစ်သည်။

လင်းဖန်က နှာဘူးမဟုတ်ပါ။ ဘယ်ကောင်မလေးကိုမှလည်း နှာဘူးမကျခဲ့ဖူးပါ။ သူ တစ်ခုခု အမှားအယွင်းလုပ်မိခဲ့သည်ဟုသာ ခံစားမိပါသည်။

"အဲ့တာကြောင့် စိတ်မဆိုးပါနဲ့တော့။ နောက်ကို ငါ ဒီလိုမနေတော့ပါဘူး။" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။

လင်းဖန် ဒီလိုပြုမူနေတာကိုမြင်ပြီး ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးကာ မျက်တောင် ခတ်လိုက်ပါသည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။

"မြောင်မြောင် အရူးကောင် နင်က ငါ့ကိုခိုးနမ်းတာကိုး။ ငါစိတ်ဆိုးတာပေါ့။ မတရားဘူးလေ။"

"နင်နမ်းရင် ငါပြန်နမ်းရမှ တရားမှာပေါ့။"

ရှားဝမ်ချွေ့က ခြေဖျားထောက်ကာ လင်းဖန်၏ နဖူးကို နမ်းလိုက်ပါသည်။

သူ့ရှေ့က ကောင်မလေးကြောင့် လင်းဖန် အနည်းငယ် မှင်သက်သွားရသည်။

သူတစ်ခုခုအမှားလုပ်မိခဲ့သည်ဟု ထင်သော်လည်း ရှားဝမ်ချွေ့က သူမ၏လုပ်ရပ်များဖြင့် မလုပ်မိကြောင်း ပြောခဲ့ပါသည်။

ဒီလောက် သဘောကောင်းတဲ့ ကောင်မလေး ကမ္ဘာကြီးမှာ ရှိနိုင်ပါဦးမလား။

သူ့ရှေ့က ရှက်သွေးဖြာနေသော ကောင်မလေးကိုကြည့်ကာ လင်းဖန် နှလုံးသားများ အရည်ပျော်သွားသလို ခံစားလိုက်ရပါသည်။

လင်းဖန် ဆုံးဖြတ်လိုက်သည်။

သူ ရှားဝမ်ချွေ့ကို မွေးနေ့မှာ စပရိုက်လည်း မတိုက်တော့ပါ၊ ဖွင့်လည်း မပြောတော့ပါ။

အခုချက်ချင်း သူမကို ဖွင့်ပြောရမည်။

အခုချက်ချင်း သူ့ရဲ့ တရားဝင် ကောင်မလေးဖြစ်သွားအောင် လုပ်ချင်ပါသည်။


Zawgyi

လင္းဖန္ 163+164

အခန္း(၁၆၃) ဓားႏွင့္နတ္သမီးဒ႑ာရီ၊ နတ္ဘုရားအဆင့္ ဂႏၲဝင္လက္ရာ

စီအီးအိုလ်ိဳ႕၏ မ်က္လုံးမ်ားက မယုံၾကည္ႏိုင္မႈမ်ားျဖင့္ ျပည့္ႏွက္ေနပါသည္။

ဘယ္လိုပဲျဖစ္ျဖစ္ ဟြာစဲ႐ုပ္႐ွင္ ႐ႈံးတာက ႐ႈံးသြားၿပီျဖစ္သည္။

ေနာက္ဆုံးေတာ့လည္း ဓားႏွင့္နတ္သမီးဒ႑ာရီကို မယွဥ္ႏိုင္ခဲ့ၾကပါ။

ဒါေတြအားလုံးကို ဟြာစဲ႐ုပ္႐ွင္၏ အစြမ္းအစအေပၚ အျပစ္တင္လို႔ေတာ့ မရေပ။

ဓားႏွင့္နတ္သမီးဒ႑ာရီ ႐ုပ္သံဒရာမာက အလြန္ေကာင္းမြန္လြန္းေနေသာေၾကာင့္သာ ျဖစ္သည္။

႐ုပ္သံဒရာမာတစ္ခုလုံး ဇာတ္သိမ္းပိုင္းသို႔ ေရာက္ေသာအခါ ဇာတ္လမ္းကလည္း အထြတ္အထိပ္သို႔ ေရာက္႐ွိသြားခဲ့ပါသည္။

လင္းဖန္၏ ဒါ႐ိုက္တာ စြမ္းရည္မ်ားးက အလြန္ ေကာင္းမြန္လြန္းသည္ဟူေသာ သေဘာသက္ေရာက္သည္။

လင္းဖန္ေၾကာင့္သာမဟုတ္ပါက ယြဲ႕ဟြာေဖ်ာ္ေျဖေရးက ဟြာစဲ႐ုပ္႐ွင္ကို အႏိုင္ယူႏိုင္မွာ မဟုတ္ပါ။

"ဓားႏွင့္နတ္သမီးဒ႑ာရီက တကယ္ႀကီး ေရပန္းစားလာခဲ့တာပဲ။"

"ဘာပဲျဖစ္ျဖစ္ ငါလင္းဖန္ကို အထင္ေသးခဲ့မိၿပီ။"

"လင္းဖန္က တကယ့္ကို သာမန္လူမဟုတ္ဘူးပဲ..." စီအီးအိုလ်ိဳ႕က ေျပာလိုက္ၿပီး စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်လိုက္ပါသည္။

ေနာက္ဆို လင္းဖန္ကို ပစ္မွတ္ထားဖို႔ ပို၍ပင္ ခက္ခဲလာႏိုင္ပါသည္။

လင္းဖန္က ႐ွင္းထုတ္ဖို႔ လြယ္ကူသူမဟုတ္ေပ။ ယြဲ႕ဟြာ၏ အကာအရံျဖင့္ဆို လင္းဖန္က ေဖ်ာ္ေျဖေရးေလာကမွာ ေရထဲက ငါးတစ္ေကာင္လို ျဖစ္ေနလိမ့္မည္။

ဟြာစဲပစ္မ်ား၏ ႐ႈံးနိမ့္မႈက အႏုပညာေလာကထဲတြင္ ပြက္ေလာ႐ိုက္သြားေစခဲ့သည္။

နာမည္ေက်ာ္အားလုံးက လင္းဖန္ကို ေဝ့ေပၚ ေပၚတြင္ ဂုဏ္ျပဳေနၾကပါသည္။

"လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြက အရမ္းေကာင္းတယ္။ ဒါ့ေၾကာင့္သာမဟုတ္ရင္ ဓားႏွင့္နတ္သမီးဒ႑ာရီက ဒီေလာက္ထိ ေအာင္ျမင္မွာ မဟုတ္ဘူး။ ငါလင္းဖန္ကို အမ်ားႀကီး ခ်ီးက်ဴးရမယ္။"

"ငါလည္း ဓားႏွင့္နတ္သမီးဒ႑ာရီကို ၾကည့္ခဲ့ပါတယ္။ ဒီလိုရလဒ္မ်ိဳးရခဲ့တဲ့အတြက္ ဒါ႐ိုက္တာလင္းကို ဂုဏ္ျပဳပါတယ္ေနာ္။ ဒါ႐ိုက္တာလင္းရဲ႕ အစြမ္းအစက သာမန္နဲ႔ တကယ္ပဲ ျခားနားတယ္။ သာမန္လူေတြ ယွဥ္ႏိုင္တာမ်ိဳး မဟုတ္ဘူး။"

"လင္းဖန္ ႐ွင္က ကြၽန္မရဲ႕ ရာသက္ပန္ အိုင္ေဒါ ျဖစ္သြားၿပီ။"

"ဓားႏွင့္နတ္သမီးဒ႑ာရီရဲ႕ အတြဲ အသစ္ေတြ ထြက္ဦးမလားမသိဘူး။ ထြက္မယ္ဆို ငါတို႔လည္း ႐ိုက္ရမယ္။ ဒါက ငါတို႔ႏိုင္ငဲ့ထဲက ႐ွန္း႐ွဒရာမာေတြရဲ႕ စမွတ္ပဲ။ လင္းဖန္လို ဒါ႐ိုက္တာႀကီးတစ္ေယာက္ အနားမွာ႐ွိရင္ ငါတို႔ေသခ်ာပါ ဒီ့ထက္ ဂႏၲဝင္လက္ရာပိုေျမာက္တဲ့ ႐ုပ္သံဒရာမာေတြကို အနာဂတ္မွာ ႐ိုက္ကူးႏိုင္လိမ့္မယ္။"

ေအ အဆင့္႐ွိ နာမည္ေက်ာ္မ်ားစြာ လင္းဖန္ကို ေဝ့ေပၚ ေပၚတြင္ ဂုဏ္ျပဳလိုက္ၾကပါသည္။

ထိုအခ်ိန္တြင္ လင္းဖန္က အႏုပညာေလာကထဲ အလြန္အမင္းေရပန္းစားသူျဖစ္လာခဲ့ပါသည္။

နာမည္ေက်ာ္အားလုံးက လင္းဖန္ကို အလြန္ သေဘာက်ၾကသည္။ လင္းဖန္က ေခ်ာတာေၾကာင့္ သို႔မဟုတ္ သူ႕သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ေကာင္းမြန္ေသာေၾကာင့္ပဲ မဟုတ္ေပ။ အေရးအႀကီးဆုံးက လင္းဖန္မွာ ဇာတ္ၫႊန္းေရး ဆရာတစ္ေယာက္ျဖစ္ၿပီး ထိပ္တန္းအဆင့္ ဒါ႐ိုက္တာပညာကိုလည္း တတ္ေျမာက္ထားသည္။

ထို႔အျပင္ ဒီ႐ုပ္သံဒရာမာကို ထုတ္လႊင့္ျပသၿပီးေနာက္ သို႔ပန္ တြင္ ၉.၃ အထိ ရ႐ွိခဲ့ပါသည္။

သို႔ပန္ ၏ အမွတ္ထြက္လာေသာအခါ ပရိတ္သတ္မ်ား အံ့အားသင့္သြားရျပန္သည္။

"ႏွစ္ေပါင္းမ်ားစြာ ၾကာတာေတာင္ သို႔ပန္ ေပၚမွာ ဒီေလာက္အမွတ္ျမင့္တဲ့ ႐ုပ္သံဒရာမာမ်ိဳး မ႐ွိခဲ့ဘူး။ ဓားႏွင့္နတ္သမီးဒ႑ာရီက တကယ္ေကာင္းတာပဲ။"

"ဟုတ္တယ္။ အရင္တုန္းက သို႔ပန္ က တခ်ိဳ႕ အရမ္းေကာင္းတဲ့ ႏိုင္ငံျခားကားေတြကိုပဲ အမွတ္ျမင့္ျမင့္ေပးတာ။ အခုငါတို႔ ျပည္တြင္း ႐ုပ္သံဒရာမာေတြလည္း ေနာက္ဆုံးေတာ့ ေရပန္းစားလာႏိုင္ၿပီ။ ဒီလို အမွတ္ျမင့္ျမင့္နဲ႔ ထိုက္တန္ပါေပတယ္။"

"လင္းဖန္က အရမ္းေတာ္တာပဲ အိုက္စ္..."

"လင္းဖန္က ငါတို႔ အႏုပညာေလာကထဲက ပါရမီ႐ွင္တစ္ေယာက္ပဲ။ လင္းဖန္ကို မင္းတို႔ တီဗီဒရာမာေတြ ႐ိုက္ကူးခိုင္းဖို႔ ငွားႏိုင္မယ္ဆိုရင္ မင္းတို႔လည္း ဂႏၲဝင္႐ုပ္သံဒရာမာေတြ ႐ိုက္ကူးႏိုင္ေလာက္တယ္။"

တခ်ိန္တည္းမွာပင္ ဓားႏွင့္နတ္သမီးဒ႑ာရီ၏ ႐ုပ္႐ွင္ ရီဗ်ဴးေပါင္းမ်ားစြာ ဆို႐ွယ္မီဒီယာဝက္ဘ္ဆိုက္ မ်ိဳးစုံတြင္ ေပၚလာခဲ့ပါသည္။

ဒီ႐ုပ္သံဒရာမာ၏ ေျပာင္ေျမာက္လွေသာ က႑မ်ားတြင္ ပရိတ္သတ္ထံမွ အားေပးမႈကို ရ႐ွိခဲ့ပါသည္။

နာမည္ေက်ာ္ ဘေလာ့ဂါမ်ားစြာကလည္း ဒီ႐ုပ္သံဒရာမာ ဓားႏွင့္နတ္သမီးဒ႑ာရီ အေပၚ ၎တို႔၏ အျမင္ကို ေဖာ္ျပၾကပါသည္။

"ဓားႏွင့္နတ္သမီးဒ႑ာရီက တကယ္ပဲ သားမန္ထက္ထူးကဲပါတယ္။ ဒီ႐ုပ္သံဒရာမာက ဘာေၾကာင့္ အရမ္းေရပန္းစားလာရလဲဆိုတဲ့ အေၾကာင္းအရင္းေတြ အမ်ားႀကီး႐ွိတယ္။ ပထမဆုံး လင္းဖန္ရဲ႕ ဇာတ္ၫႊန္းဖန္တီးမႈက အရမ္းၿပီးျပည့္စုံတာကိုး။ သူက ဇာတ္ၫႊန္းေရးဆရာ၊ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္ အကုန္လုပ္ခဲ့တယ္။ ဇာတ္ေကာင္တိုင္းကို သူကိုင္တြယ္တဲ့ ပုံစံကလည္း ၿပီးျပည့္စုံမႈ အထြတ္အထိပ္မွာ႐ွိတယ္လို႔ ေျပာလို႔ရတယ္။"

"ဒီ႐ုပ္သံဒရာမာမွာ ဇာတ္ေကာင္မ်ားကို အႏုပညာဆန္ဆန္၊ လက္ေတြဆန္ဆန္ဖန္တီးထားတာ ဥပမာ လီေ႐ွာင္းေယာင္ရဲ႕ ၾကင္နာတတ္မႈ၊ လင္းယြဲ႕႐ုရဲ႕ အ႐ူးအမူးစြဲလမ္းတတ္မႈ၊ ေက်ာက္လင္အာရဲ႕ တာဝန္ယူတတ္မႈစသျဖင့္ အားလုံးက ကိုယ့္စ႐ိုက္ကိုယ္ ဇာတ္ေကာင္ေတြထဲမွာ ျမင္ႏိုင္တယ္။ လင္းဖန္၊ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းလြန္းတယ္လို႔ ခံစားမိတယ္။"

"သူတို႔သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ပဲ ဒီ႐ုပ္သံဒရာမာက အရမ္းေအာင္ျမင္လာတာကိုး။"

"ဒီ႐ုပ္သံဒရာမာရဲ႕ Theme က ကံၾကမၼာတဲ့။ ၾကမၼာာဆိုးဆိုတာလည္း တစ္ခုခုလွပတာကို ရင္ဆိုင္ရၿပီး မၾကာခင္ ေသခ်ာေပါက္ ဖက်္ဆီးခံရေတာ့မယ္ဆိုတာကို သိေနတဲ့ ဘာမွ မတတ္ႏိုင္တဲ့ ခံစားခ်က္မ်ိဳးပဲ။ အဲ့တာကလည္း ဓားႏွင့္နတ္သမီးဒ႑ာရီရဲ႕ ဂႏၲဝင္လက္ရာေျမာက္တဲ့ အစိတ္အပိုင္းတစ္ခုပဲ။ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ လင္းဖန္က ပရိတ္သတ္ရဲ႕ စိတ္ပိုင္းဆိုင္ရာကို ေလးေလးနက္နက္ အာ႐ုံစိုက္ထားတယ္။ ဓားႏွင့္နတ္သမီးဒ႑ာရီက ေသခ်ာေပါက္ ႐ွန္း႐ွဒရာမာေတြရဲ႕ ေ႐ွ႕ေဆာင္လမ္းျပျဖစ္လာၿပီး အနာဂတ္ ႐ွန္း႐ွ ဒရာမာေတြအတြက္ လမ္းေဖာက္ေပးလိုက္တာပဲ။"

"လင္းဖန္၊ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္း၊ ႐ႈယန္ ဘယ္သူပဲျဖစ္ျဖစ္ အားလုံးက အေကာင္းဆုံး အသက္အ႐ြယ္မွာ အသင့္ေတာ္ဆုံး Role ကို သ႐ုပ္ေဆာင္ခဲ့ၾကတာပဲ။ အဓိကဇာတ္ေကာင္ေတြပဲျဖစ္ျဖစ္၊ ဇာတ္ပို႔ေတြပဲျဖစ္ျဖစ္၊ ဇာတ္ေကာင္တိုင္းက 3D ပဲ။"

...

႐ုပ္႐ွင္ ရီဗ်ဴးေပါင္းစုံ ေနရာတိုင္းတြင္ ေပၚလာပါသည္။

ေနရာတိုင္းနီးပါးမွာ ဒီ႐ုပ္သံဒရာမာကို ခ်ီးက်ဴးေနၾကသည္။

အထူးသျဖင့္ လင္းဖန္ျဖစ္သည္။ သူက အားလုံး၏ ရင္ထဲတြင္ ေလးေလးနက္နက္ အျမစ္တြယ္ေနခဲ့ပါၿပီ။

ယခင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ ေရပန္းစားမႈက လင္းဖန္ကို လူထုမ်က္စိေ႐ွ႕ ခ်ျပခဲ့တာဆို ဓားႏွင့္နတ္သမီးဒ႑ာရီက သူ႕ကို နတ္ဘုရားတစ္ဆူအျဖစ္ ေျပာင္းလဲေပးလိုက္သည့္ ဂႏၲဝင္လက္ရာတစ္ခုျဖစ္ပါသည္။

ပီလိပီလိတြင္ Uploader အသစ္ျဖစ္သူ ဆရာ႐ွစ္က ဓားႏွင့္နတ္သမီးဒ႑ာရီဗီဒီယိုမ်ားကို တိတ္တိတ္ေလး မွတ္တမ္းယူၿပီး စတင္႐ွင္းျပပါသည္။

"အားလုံးပဲ မဂၤလာညေနခင္းပါ။ ဒီေန႔ ဆရာ႐ွစ္က အားလုံးကို ႐ုပ္သံဒရာမာတစ္ခုအေၾကာင္း ႐ွင္းျပဖို႔ ေရာက္လာခဲ့ပါၿပီ။ ဟုတ္ပါတယ္ ဓားႏွင့္နတ္သမီးဒ႑ာရီပါ။ ခုတေလာ အရမ္းေရပန္းစားေနတာေလ။"

"ဒီေန႔ အားလုံးကို ဓားႏွင့္နတ္သမီးဒ႑ာရီက ဘာေၾကာင့္အရမ္းေရပန္းစားလာရတာလဲဆိုတာ အားလုံးကို ကူညီၿပီး ဆန္းစစ္ေပးသြားမွာ ျဖစ္ပါတယ္။"

"ဒီ႐ုပ္သံဒရာမာရဲ႕ ေခါင္းေဆာင္မင္းသားက လင္းဖန္ပါ။ အမ်ားႀကီးေျပာဖို႔ေတာ့ မလိုဘူးထင္တယ္။ လင္းဖန္ရဲ႕ ဓာတ္ပုံတခ်ိဳ႕ကို ျပပါ့မယ္။ အားလုံးပဲ လင္းဖန္ဘယ္ေလာက္ေခ်ာလဲ ဆိုတာကို ႐ႈစားလိုက္ၾကပါ။"

"နတ္သမီးေလးေတြရဲ႕ ဓာတ္ပုံကိုလည္း ျပပါမယ္။ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္းတို႔ အားလုံးက အရမ္း လွပၾကတယ္။”

"ဒီေလာက္လွပတဲ့ အဓိကေခါင္းေဆာင္မင္းသား မင္းသမီးေတြရယ္ လင္းဖန္လို ေခ်ာေမာတဲ့ ေခါင္းေဆာင္မင္းသားရယ္ေၾကာင့္ ဒီ႐ုပ္သံဒရာမာ ေရပန္းမစားလာဖို႔ကသာ ပိုခက္မွာပါ။"

"ဇာတ္လမ္းကို ထပ္ၿပီးၾကည့္႐ႈလိုက္ရေအာင္။ ပထမဆုံး ဒီ႐ုပ္သံဒရာမာရဲ႕ ဇာတ္လမ္းဇာတ္ကြက္က သံသယျဖစ္စရာမ႐ွိေအာင္ အေကာင္းဆုံးပါပဲ။ အစကေန အဆုံးအထိ ဘာအျပစ္အနာအဆာမွကို မ႐ွိတာပါ။

"ဒီ႐ုပ္သံဒရာမာ အရမ္းေရပန္းစားရတဲ့ အေၾကာင္းအရင္းက ဇာတ္လိုက္ေတြရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ ပုံပန္းသ႑ာန္ေတြေၾကာင့္ပဲ မဟုတ္ဘူး။ တျခား အခ်က္ေတြလည္း ႐ွိပါေသးတယ္။"

"ကြၽန္ေတာ္ ဒီမွာ ေျပာခ်င္တာကေတာ့.... ေက်းဇူးျပဳၿပီး ဓားႏွင့္နတ္သမီးဒ႑ာရီရဲ႕ အထူးျပဳလုပ္ခ်က္ေတြ၊ ေနာက္ခံအသံေတြ၊ ေနာက္ဆက္တြဲ တည္းျဖတ္ေရးေတြ အကုန္လုံးကို ၾကည့္လိုက္ၾကပါဦး။"

"ဓားႏွင့္နတ္သမီးဒ႑ာရီမွာ အစားထိုးသ႐ုပ္ေဆာင္ေတြ မသုံးခဲ့ဘူး။ အဲ့တာေၾကာင့္လည္း ဒီ႐ုပ္သံဒရာမာက အရမ္းေရပန္းစားခဲ့တာပါ။"

"ေနာက္ဆုံးေတာ့လည္း ဒီ႐ုပ္သံဒရာမာ အရမ္းေရပန္းစားလာရတာက အားလုံး လင္းဖန္ေၾကာင့္ပါပဲ။"

"လင္းဖန္က အႏုပညာေလာကထဲမွာ ပါရမီ႐ွင္ ဇာတ္ၫႊန္းဆရာတစ္ေယာက္ပဲ။ သူက အရမ္းေခ်ာတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္တယ္။ သူက ဆရာ႐ွစ္ဆိုတဲ့ ကြၽန္ေတာ့္ထက္ေတာင္ အမ်ားႀကီး ပိုေခ်ာပါေသးတယ္...."

ဆရာ႐ွစ္ ဗီဒီယိုကို တည္းျဖတ္ၿပီးေသာအခါ ပီလိပီလိတြင္ တင္လိုက္ပါသည္။

ထို႔ေနာက္....

သူ႕ဗီဒီယို ေရပန္းစားလာခဲ့သည္။

ဆရာ႐ွစ္ကိုယ္တိုင္ေတာင္ ေရပန္းစားလာပါသည္။

"ဝိုးးးး"

"လင္းဖန္ရဲ႕ အရမ္းေခ်ာတဲ့ မ်က္ႏွာေလးကိုလာၾကည့္ၾကေဟ့။ အရမ္းေခ်ာတာပဲ~"

"အားးး အစ္ကိုဖန္က အရမ္းေခ်ာတာပဲ။ ႐ွားဝမ္ေခြၽ႕လည္း အရမ္းလွတယ္။ သူတို႔ အခ်စ္ေရးဇာတ္ဝင္ခန္းကို ႏွစ္ေခါက္ေတာင္ အတူတူ႐ိုက္ၿပီးၾကၿပီ ဘာလို႔ မတြဲၾကေသးတာလဲ။"

"နင္ေျပာတာမွန္တယ္။ နင္ေတာင္ လင္းဖန္က ေခ်ာတယ္လို႔ ထင္ေနၿပီေပါ့။"

ေကာမန္႔မ်ားစြာကိုၾကည့္ရင္း ဆရာ႐ွစ္ ထိန္လန္႔သြားရပါသည္။

အရင္တုန္းက သူ ဘယ္လိုဗီဒီယိုကိုပဲလုပ္လုပ္ ေရပန္းစားလာမွာ မဟုတ္ပါ။

သို႔ေသာ္လည္း ဓားႏွင့္နတ္သမီးဒ႑ာရီ ေပၚလာကတည္းက သူပထမဆုံး Upload တင္လိုက္သည့္ ဗီဒီယိုကေတာင္ သူ႕ကို ေရပန္းစားသြားေစခဲ့ပါသည္။

အေၾကာင္းအရင္းကေတာ့ အလြန္႐ိုး႐ွင္းပါသည္။ သူက လင္းဖန္၏ ဓာတ္ပုံအနည္းငယ္ကို ပို႔စ္တင္လိုက္႐ုံသာျဖစ္ၿပီး သူ႕ကို ေရပန္းစားသြားေစခဲ့ပါသည္။

လင္းဖန္ အႏုပညာေလာကထဲမွာ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ေနတာ ဘယ္သူ႕အျပစ္လဲ။

ဆရာ႐ွစ္ အနည္းငယ္ မနာလိုျဖစ္မိပါသည္။

သူ႕လို ပမႊားေလးတစ္ေကာင္ကေတာ့ လင္းဖန္ကို ဘယ္ေတာ့မွ ေတြ႕ႏိုင္မွာ မဟုတ္ေပ။

သူ႕ဘဝမွာ လင္းဖန္ကို တစ္ေခါက္ေလာက္သာ ေတြ႕ႏိုင္ပါက ေက်နပ္ပါၿပီ။

ဘာပဲျဖစ္ျဖစ္... လင္းဖန္ေၾကာင့္ပဲ သူ႕လို အလုပ္ျပဳတ္ခဲ့သည့္ Uploader ေလးတစ္ေယာက္ ႐ွင္သန္ဖို႔ အခြင့္အေရးရခဲ့ျခင္း မဟုတ္ပါလား။

ႏွလုံးသားေရကန္ဗီလာထဲတြင္႐ွိေနဆဲျဖစ္သည့္ လင္းဖန္ကေတာ့ မသိခဲ့ပါ။

ဘာမွန္း မသိလိုက္ဘဲ သူ႕မွာ အမာခံပရိတ္သတ္ေလး တစ္ေယာက္ တိုးလာၿပီျဖစ္သည္။

လက္႐ွိ သူက အင္တာနက္ေပၚမွာ အလြန္ေရပန္းစားေနသည့္ နာမည္ေက်ာ္တစ္ေယာက္ ျဖစ္ေနပါၿပီ။

အခန္း(၁၆၄) ႐ွားဝမ္ေခြၽ႕ကို ဖြင့္ေျပာျခင္း

ယြဲ႕ဟြာေဖ်ာ္ေျဖေရး၌...

လင္းဖန္က ႐ုံးခန္းထဲတြင္ အလုပ္လုပ္ေနပါသည္။

ခဏၾကာေသာအခါ တံခါးေခါက္သံ ထြက္လာ၏။ မိန္းမလွေလးတစ္ေယာက္ ဝင္လာခဲ့ပါသည္။ လင္းဖန္၏ မန္ေနဂ်ာ လင္းခ်မ့္ေဝ ျဖစ္ပါသည္။

"အစ္ကိုဖန္" လင္းခ်မ့္ေဝက လင္းဖန္႐ွ႕တြင္ မတ္တပ္ရပ္ကာ ေျပာလိုက္သည္။

"အင္း ဘာလဲ" လင္းဖန္က ေမးလိုက္၏။

"အစ္ကိုဖန္ကို ေၾကာ္ျငာသူ လုပ္ေပးေစခ်င္တဲ့ ကုမၸဏီေထာက္ခံခ်က္ ကုမၸဏီ ၁၈ ခု႐ွိပါတယ္။ သူတို႔ ကမ္းလွမ္းတဲ့ ေစ်းကလည္း မနည္းဘူး" လင္းခ်မ့္ေဝက လက္ထဲတြင္ ဖိုင္တြဲတခ်ိဳ႕ကို ပိုက္ထားၿပီး အတည္ေပါက္ ေျပာလိုက္ပါသည္။

"သူတို႔က ဘယ္ေလာက္ ကမ္းလွမ္းလို႔လဲ" လင္းဖန္က ေမာ့ၾကည့္ကာ ေမးလိုက္သည္။

"မန္႔ေႏြ႕ဒိန္ခ်ဥ္က ၂.၃၆ သန္း ကုမၸဏီေထာက္ခံခ်က္ကို ကမ္းလွမ္းပါတယ္။"

"အဲလစ္မက္စ္က ၃.၄၈ သန္း အန္္ဒိုစာ ကမ္းလွမ္းထားပါတယ္။"

"အသားအရည္ ထိန္းသိမ္းေရး ကုမၸဏီတစ္ခုကလည္း သူတို႔ရဲ႕ ေၾကာ္ျငာေပးသူ ျဖစ္ေစခ်င္ေနပါတယ္။ သူတို႔က အစ္ကို႔ကို ဓာတ္ပုံတခ်ိဳ႕ပဲ ႐ိုက္ခိုင္းမွာပါတဲ့။ ကမ္းလွမ္းတဲ့ ေစ်းက ၆ သန္းပါ" လင္းခ်မ့္ေဝက ေျပာလိုက္ပါသည္။

လင္းဖန္က လက္ခါျပလိုက္သည္။ "ဆက္မေျပာနဲ႔ေတာ့။ အကုန္ျငင္းလိုက္ပါ။"

"အကုန္ျငင္းရမယ္ ဟုတ္လား" လင္းခ်မ့္ေဝက လင္းဖန္ကို အံ့အားသင့္စြာ ၾကည့္လိုက္ပါသည္။

"ဟုတ္တယ္" လင္းဖန္က ေခါင္းၿငိမ့္လိုက္သည္။

"ဟုတ္ကဲ့ပါ" လင္းခ်မ့္ေဝက ေျပာလိုက္သည္။ သူမ စီမံေရးလုပ္ငန္းမ်ားကို ကိုင္တြယ္ဖို႔ လွည့္ထြက္သြားပါသည္။

ကုမၸဏီေထာက္ခံခ်က္ ၁၈ ခုမွရ႐ွိႏိုင္သည့္ စုစုေပါင္းဝင္ေငြမွာ သန္းဆယ္ခ်ီသည္။ သို႔ေသာ္လည္း လင္းဖန္က တစ္ခုမွ လက္မခံခဲ့ေပ။ လင္းခ်မ့္ေဝကို ဆက္ေတာင္ မေျပာခိုင္းခဲ့ပါ။

အကုန္လုံးကို ျငင္းလႊတ္လိုက္ၿပီး ကုမၸဏီေထာက္ခံခ်က္ အေပးအယူမ်ားကို ဘာမွ လက္မခံခဲ့ပါ။

လင္းခ်မ့္ေဝက သူမ လင္းဖန္၏ မန္ေနဂ်ာျဖစ္မွန္း သိပါသည္။

လင္းဖန္ ခိုင္းသည့္အတိုင္း သူမ အကုန္လုပ္မည္ျဖစ္သည္။

ထို႔အျပင္ ယခု လင္းဖန္က စူပါစတားတစ္ေယာက္ ျဖစ္ေနပါၿပီ။

ဒါတင္မကေသးဘဲ လင္းဖန္က သန္းရာခ်ီတန္ဖိုး႐ွိသည့္ ႏွလုံးသားေရကန္ဗီလာမွာ ေနထိုင္တာကိုလည္း လင္းခ်မ့္ေဝ သိပါသည္။ သူက သန္းရာခ်ီတန္ဖိုး႐ွိသည့္ Bugatti ကားႀကီး တစ္စီးကိုလည္း ေမာင္းႏွင္သည္။

လင္းဖန္က ထိုကုမၸဏီေထာက္ခံခ်က္ကုမၸဏီမ်ားထက္ေတာင္ ပိုခ်မ္းသာႏိုင္သည္။ ဘာေၾကာင့္ ထိုအရာေတြကို ေၾကာ္ျငာေပးရမည္နည္း။

သူတို႔ကို ေၾကာ္ျငာေပးႏိုင္ရင္ေတာင္ လင္းဖန္က လုပ္မွာ မဟုတ္ပါ။

သူမ လင္းဖန္၏ မန္ေနဂ်ာျဖစ္ရတာ ဂုဏ္ယူမိပါသည္။

အလုပ္ၿပီးေသာအခါ လင္းဖန္ မတ္တပ္ရပ္လိုက္ၿပီး ႐ွားဝမ္ေခြၽ႕၏ ႐ုံးခန္းထဲသို႔ ဝင္သြားပါသည္။ ႐ွားဝမ္ေခြၽ႕ စားပြဲေပၚမွာ အနားယူေနတာကို ေတြ႕လိုက္ရပါသည္။

သူမ ဒီရက္ပိုင္းေတြထဲ တကယ္ ပင္ပန္းလြန္းလွသည္။

သူမ အမ်ားႀကီးခံစားခဲ့ရ႐ုံသာမကဘဲ ႐ိုက္ကူးေရးပါ လုပ္ရေသးသည္။

႐ိုက္ကူးေရးၿပီးေနာက္ သူမ အနားယူဖို႔ မစဥ္းစားပါ။ ထို႔အစား ထိုင္ခုံမွာသာ ထိုင္ၿပီး အိပ္ေပ်ာ္သြားပါသည္။

သူမက ေၾကာင္နား႐ြက္ ဦးထုပ္ေလးကို ေဆာင္းထားၿပီး သူမ အိပ္ေပ်ာ္ေနေသာအခါ အရင္လို လွပေနဆဲ ျဖစ္သည္။

သူမ႐ုံးခန္းထဲမွာ တစ္ေယာက္တည္းျဖစ္ပါသည္။

လင္းဖန္ အထဲဝင္သြားၿပီး ႏူးညံ့စြာျဖင့္ တံခါးကို ပိတ္လိုက္ပါသည္။ ပင္ပန္းေနသည့္ ႐ွားဝမ္ေခြၽ႕ကို ၾကည့္ရင္း လင္းဖန္ ျပဳံးလိုက္မိပါသည္။

အႏုပညာေလာကထဲ သူ ဝင္ခဲ့တာ ေငြ႐ွာရေအာင္ မဟုတ္ပါ။

ဒီအဆင့္ထိေရာက္လာၿပီး ေရပန္းစားသည့္ ႐ုပ္သံဒရာမာႏွစ္ခု ႐ိုက္ႏိုင္ခဲ့တာလည္း ႐ွားဝမ္ေခြၽ႕အတြက္သာ ျဖစ္သည္။

လင္းဖန္က ေငြလိုအပ္ျခင္း မ႐ွိဘဲ ပိုက္ဆံအတြက္ေၾကာင့္နဲ႔ ႐ုပ္သံဒရာမာမ်ားကို ဆက္လက္႐ိုက္ကူးေနမွာ မဟုတ္ေပ။

ထိုကုမၸဏီေထာက္ခံခ်က္မ်ားက အေတာ္ေလး ဒုကၡေပးသည္။ ကုမၸဏီေထာက္ခံခ်က္တစ္ခုက သန္းဂဏန္းအနည္းငယ္သာ တန္သည္။ ကုမၸဏီႀကီးမ်ားအတြက္ ကုမၸဏီေထာက္ခံခ်က္ ျပဳလုပ္ေပးျခင္းက သန္းဆယ္ဂဏန္း ရႏိုင္ေလာက္ပါသည္။

သို႔ေသာ္လည္း လင္းဖန္က ဂ႐ုမစိုက္ပါ။

သူက ႐ွားဝမ္ေခြၽ႕အတြက္ ပိုၿပီး ဂ႐ုစိုက္ပါသည္။

သူ႕ေ႐ွ႕က ေကာင္မေလး မ်က္လုံးမ်ား မွိတ္ထားတာကို ျမင္ေသာအခါ လင္းဖန္ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္သြားပါသည္။

သူ႕မွာ အၾကံဆိုးမ႐ွိပါ။ ေၾကာင္မေလးက လွပလြန္းသျဖင့္ လင္းဖန္ ႐ွားဝမ္ေခြၽ႕ကို နမ္းခ်င္လာေသာေၾကာင့္ျဖစ္သည္။

သူမ အိပ္ေပ်ာ္ေနတာပဲ။ သူ နမ္းလိုက္ရင္ေတာင္ မသိေလာက္ပါဘူး ဟုတ္တယ္မလား။

လင္းဖန္ ေ႐ွ႕ကို ကုန္းလိုက္ၿပီး သူ႕ေ႐ွ႕က ေကာင္မေလးကို ၾကည့္လိုက္ပါသည္။ သူ ထပ္ၿပီး ခံႏိုင္ရည္ မ႐ွိေတာ့ပါ။

သူ အရဲစြန္႔ၿပီး နမ္းဖို႔ ဆုံးျဖတ္လိုက္သည္။

ခဏေန အ႐ိုက္ခံရမည့္ အႏၲရာယ္႐ွိေနရင္ေတာင္ သူမကို အရင္နမ္းမွျဖစ္ပါမည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ ႏွဖူးနဲ႔ ပိုပိုၿပီး နီးလာေနပါသည္။ သူမ၏ အသက္႐ွဴသံကိုပင္ ခံစားမိသည္။

မၾကာမီ လင္းဖန္ သူ႕ေ႐ွ႕က ေကာင္မေလးကို နမ္း႐ိႈက္ႏိုင္ေတာ့မည္။

၃ စင္တီမီတာ...

၂ စင္တီမီတာ...

၁ စင္တီမီတာ...

႐ွားဝမ္ေခြၽ႕ မ်က္လုံးမ်ားပြင့္လာၿပီး လင္းဖန္ကို အံ့အားသင့္စြာ ၾကည့္လိုက္ပါသည္။

ထို႔ေနာက္....

႐ွားဝမ္ေခြၽ႕ မ်က္လုံးမ်ား ျပဴးေနစဥ္ လင္းဖန္က သူမ၏ နဖူးကို နမ္းလိုက္ပါေတာ့သည္။

သူတို႔အခု ၁ စင္တီမီတာေလာက္ပဲ ကြာေဝးေတာ့တာကို သူမကို မနမ္းႏိုင္ဘဲ ေနႏိုင္ပါေတာ့မလား။

႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာ အနည္းငယ္နီရဲသြားၿပီး လင္းဖန္ကိုၾကည့္လိုက္ပါသည္။ သူမ အနည္းငယ္ စိတ္ဆိုးကာ ေၾကာင္ကေလးလို ဟန္လုပ္လိုက္ၿပီး လင္းဖန္ကို ကိုက္လိုက္ပါသည္။

"မကိုက္ပါနဲ႔ မကိုက္ပါနဲ႔ ငါမွားသြားပါတယ္" လင္းဖန္က အျမန္ေ႐ွာင္ရင္း ျပဳံံးကာ ေျပာလိုက္ပါသည္။

"လင္းဖန္" ႐ွားဝမ္ေခြၽ႕က အလြန္စိတ္ဆိုးေနသည္။ သူမ၏ ပါးျပင္မ်ားက နီရဲေနပါၿပီ။ သူမ ခုမွႏိုးလာတာကို လင္းဖန္က သူမကို အႏိုင္က်င့္ေနသည္။

သူမ လင္းဖန္နဲ႔ အိမ္လိုက္သြားၿပီး တစ္ကုတင္တည္း ထပ္အိပ္ပါက လင္းဖန္မဟုတ္တာ တစ္ခုခုလုပ္ေလာက္သည္။

႐ွားဝမ္ေခြၽ႕ အလြန္စိတ္ဆိုးေနပါသည္။

သူမက လင္းဖန္၏ ေကာင္မေလးမဟုတ္္ေသးပါ။ လင္းဖန္ကေတာ့ သူမကို ဒီလိုမ်ိဳး အႏိုင္က်င့္ေနၿပီျဖစ္သည္။

ေနာက္ပိုင္း လင္းဖန္၏ ေကာင္မေလး ျဖစ္လာပါက လင္းဖန္ ဘာေတြလုပ္မလဲဆိုတာေတာင္ မသိႏိုင္ေတာ့ပါ။

႐ွားဝမ္ေခြၽ႕ကို ၾကည့္ရင္း သူမ တကယ္စိတ္ဆိုးေနသည္ဟု ထင္ကာ မေျပးေတာ့ပါ။

လင္းဖန္ အနည္းငယ္ လိပ္ျပာမလုံသလို ခံစားမိပါသည္။

သူ တစ္ခုခု အမွားလုပ္မိခဲ့သည့္ပုံပင္။

ဘာပဲျဖစ္ျဖစ္ သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔က သမီးရည္းစားေတြလို မဟုတ္ၾကေသးပါ။

သူ႕ေၾကာင့္ ႐ွားဝမ္ေခြၽ႕ အမ်ား၏ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတာမွန္းလည္း လင္းဖန္သိပါသည္။

သူမ တိုးတိုးတိတ္တိတ္ ၾကယ္ပြင့္တစ္ပြင့္ လုပ္ႏိုင္ေသာ္လည္း လင္းဖန္ေၾကာင့္ သူမ အၿမဲတမ္း ေရပန္းစားေနခဲ့ရသည္။

ဒီတစ္ေခါက္ လင္းဖန္ မေျပးေတာ့ပါ။

သူၿမဲၿမဲရပ္လိုက္ၿပီး ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ပါသည္။

"ငါေတာင္းပန္ပါတယ္" လင္းဖန္က အတည္ေပါက္ ေတာင္းပန္လိုက္ပါသည္။ သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔က စုံတြဲမဟုတ္ၾကေသးပါ။ သူမကို ဆက္တိုက္ အခြင့္အေရး ယူေနလို႔ မျဖစ္ေပ။ ဒါသူမကို တန္ဖိုးမထားရာ မက်သြားဘူးလား။

"ဟင္" ႐ွားဝမ္ေခြၽ႕ ေၾကာင္အသြားသည္။ သူမ၏ လက္သီးက လင္းဖန္ကို မထိခင္ ရပ္တန္႔သြားပါသည္။

"ငါ စဥ္းစားၾကည့္ၿပီးသြားၿပီ။ ရက္ေပါင္းမ်ားစြာ ငါ့ေၾကာင့္သာ မဟုတ္ရင္ နင္ အခုလို ျဖစ္မွာ မဟုတ္ဘူး။"

"အားလုံး ငါ့အျပစ္ေတြပါ ဝမ္ေခြၽ႕"

"ဒါေပမယ့္ အခု အဆင္ေျပသြားပါၿပီ။ ငါတို႔ ပရိတ္သတ္ေတြ သေဘာက်တဲ့ ႐ုပ္သံဒရာမာ တစ္ကားကို ေနာက္္ဆုံးေတာ့ ႐ိုက္ကူးႏိုင္ခဲ့ၿပီ။ နင့္ရဲ႕ ေဝ့ေပၚ ပရိတ္သတ္ေတြလည္း သန္း ၁၀၀ ေက်ာ္သြားၿပီဆိုတာ ျမင္လိုက္တယ္။ ၿပီးေတာ့ တစ္ေတာ့ခ္ဆယ္လီအဆင့္သတ္မွတ္ခ်က္မွာ ပထမေနရာေရာက္သြားၿပီ။ နင္ေနာက္ဆုံးေတာ့ အားလုံးကို ေက်ာ္တက္ႏိုင္ခဲ့ၿပီေပါ့" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

"ဘာေျပာဖို႔ က်န္ေသးလဲ" ႐ွားဝမ္ေခြၽ႕က ေမးလိုက္ပါသည္။

"ငါနင့္ကို အၿမဲတမ္း အခြင့္အေရးယူၿပီး အခ်ိန္တိုင္း အႏိုင္က်င့္မေနသင့္ေတာ့ဘူး။ နင့္လက္ကို ခြင့္ျပဳခ်က္မရဘဲ မကိုင္သင့္ဘူး။ နင့္ကို ခိုးနမ္းတာဆို ပိုဆိုးေပါ့" လင္းဖန္ကေျပာလိုက္ပါသည္။

ယခင္တုန္းကဆို လင္းဖန္ ဘယ္မိန္းကေလးနားမွ မကပ္ဖူးပါ။

မိန္းကေလးဘက္က ဦးေဆာင္ရင္ေတာင္ လင္းဖန္က ခပ္ခြာခြာေနခဲ့သည္။

သူက မိန္းကေလးမ်ားကို အခြင့္အေရး မယူတတ္ေသာ္လည္း ႐ွားဝမ္ေခြၽ႕ကို ေတြ႕ၿပီးေနာက္ သူ႕စိတ္ အနည္းငယ္ ေျပာင္းလဲသြားတာကို လင္းဖန္ သတိထားမိပါသည္။

ယေန႔ေတာ့ လင္းဖန္ အိပ္မက္က လန္႔ႏိုးလာသည္။

သူက ႐ွားဝမ္ေခြၽ႕၏ ေကာင္ေလးလည္း မဟုတ္ပါ။ ထို႔ေၾကာင့္ သူမကို ဒီလို အႏိုင္က်င့္ေနလို႔ မရေပ။

ဒါက လင္းဖန္၏ ကိုယ္က်င့္တရား ျဖစ္သည္။

လင္းဖန္က ႏွာဘူးမဟုတ္ပါ။ ဘယ္ေကာင္မေလးကိုမွလည္း ႏွာဘူးမက်ခဲ့ဖူးပါ။ သူ တစ္ခုခု အမွားအယြင္းလုပ္မိခဲ့သည္ဟုသာ ခံစားမိပါသည္။

"အဲ့တာေၾကာင့္ စိတ္မဆိုးပါနဲ႔ေတာ့။ ေနာက္ကို ငါ ဒီလိုမေနေတာ့ပါဘူး။" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ၿပီး ျပဳံးလိုက္ပါသည္။

လင္းဖန္ ဒီလိုျပဳမူေနတာကိုျမင္ၿပီး ႐ွားဝမ္ေခြၽ႕ ခ်ိဳၿမိန္စြာ ျပဳံးကာ မ်က္ေတာင္ ခတ္လိုက္ပါသည္။ သူမ၏ မ်က္ႏွာက အနည္းငယ္ နီရဲေနပါသည္။

"ေျမာင္ေျမာင္ အ႐ူးေကာင္ နင္က ငါ့ကိုခိုးနမ္းတာကိုး။ ငါစိတ္ဆိုးတာေပါ့။ မတရားဘူးေလ။"

"နင္နမ္းရင္ ငါျပန္နမ္းရမွ တရားမွာေပါ့။"

႐ွားဝမ္ေခြၽ႕က ေျခဖ်ားေထာက္ကာ လင္းဖန္၏ နဖူးကို နမ္းလိုက္ပါသည္။

သူ႕ေ႐ွ႕က ေကာင္မေလးေၾကာင့္ လင္းဖန္ အနည္းငယ္ မွင္သက္သြားရသည္။

သူတစ္ခုခုအမွားလုပ္မိခဲ့သည္ဟု ထင္ေသာ္လည္း ႐ွားဝမ္ေခြၽ႕က သူမ၏လုပ္ရပ္မ်ားျဖင့္ မလုပ္မိေၾကာင္း ေျပာခဲ့ပါသည္။

ဒီေလာက္ သေဘာေကာင္းတဲ့ ေကာင္မေလး ကမ႓ာႀကီးမွာ ႐ွိႏိုင္ပါဦးမလား။

သူ႕ေ႐ွ႕က ႐ွက္ေသြးျဖာေနေသာ ေကာင္မေလးကိုၾကည့္ကာ လင္းဖန္ ႏွလုံးသားမ်ား အရည္ေပ်ာ္သြားသလို ခံစားလိုက္ရပါသည္။

လင္းဖန္ ဆုံးျဖတ္လိုက္သည္။

သူ ႐ွားဝမ္ေခြၽ႕ကို ေမြးေန႔မွာ စပ႐ိုက္လည္း မတိုက္ေတာ့ပါ၊ ဖြင့္လည္း မေျပာေတာ့ပါ။

အခုခ်က္ခ်င္း သူမကို ဖြင့္ေျပာရမည္။

အခုခ်က္ခ်င္း သူ႕ရဲ႕ တရားဝင္ ေကာင္မေလးျဖစ္သြားေအာင္ လုပ္ခ်င္ပါသည္။

Continue Reading

You'll Also Like

75.4K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
12.3K 232 12
BL ဝတ္ထုလေးမို့ဖတ်ချင်မှဖတ်ပါနော်
432K 53.5K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...