ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၃၀

460 53 0
By trollz22

ဒီနိုင်ငံ ဒီတိုင်းပြည် ဒီမြေကိုနင်းလိုက်သည့်အချိန်မှာ သူ့အတွေ့ချင်ဆုံးလူကိုပြောပါလျှင် သူ့ဘဝရဲ့တစ်ဦးတည်းသောသူ။ ဘယ်တော့မှထပ်ရှိလာမှာမဟုတ်တော့သောသူ။ စိတ်မနာနိုင်ခဲ့သည့်သူ။ ကိုယ်အရမ်းချစ်ခဲ့ရတဲ့သူ အခုချိန်ထိချစ်နေစဲသူ။

လေဆိပ်မှ အိမ်အထိသွားနေတဲ့လမ်းတစ်လျောက် ပြန်မြင်ယောင်မိတာ ဟိုအရင်ကအချိန်များစွာ။ ဒီလမ်းမတွေပေါ်မှာ ညမိုးချုပ် တစ်ယောက်သောသူနှင့်ကားကိုလျောက်ပတ်မောင်းဖူးသည်။ သန်လျှင်ကနေ မြောက်ဥက္ကလာထိအလုပ်တွေပစ်ပြီးသွားခဲ့ဖူးသည်။ အင်းယားကန်ဘောင်ပေါ်မှာ ညနေခင်း ချစ်ရသူနှင့်အတူလက်တွဲလို့လမ်းလျောက်ဖူးသည်။ များစွာသောအမှတ်တရများက ချစ်ရသူတစ်ယောက်ထဲကိုသာ သတိတရဖြစ်နေမိသည်။ နေနိုင်ခဲ့တာမဟုတ်သလို မေ့ထားခဲ့တာသည်လဲမဟုတ်ပါ။ ချစ်လွန်း၍ စိတ်နာမိခဲ့ရတာ။ ဒါပေမဲ့ မေ့လို့ရတဲ့ရက်ဆိုတာ တစ်ရက်မှမရှိခဲ့ပါဘူး။ သူနှင့်ပတ်သက်သည့်အမှတ်တရများကိုဖယ်ရှားခဲ့ပေမဲ့ နှလုံးသားထဲက ဒဏ်ရာလှလှပပလေးကိုဖြင့်မဖယ်ရှားနိုင်ခဲ့ပါ။များစွာသောအမှတ်တရများက ချစ်ရသူတစ်ယောက်ထဲကိုသာ သတိတရဖြစ်နေမိသည်။ နေနိုင်ခဲ့တာမဟုတ်သလို မေ့ထားခဲ့တာသည်လဲမဟုတ်ပါ။ ချစ်လွန်း၍ စိတ်နာမိခဲ့ရတာ။ ဒါပေမဲ့ မေ့လို့ရတဲ့ရက်ဆိုတာ တစ်ရက်မှမရှိခဲ့ပါဘူး။ သူနှင့်ပတ်သက်သည့်အမှတ်တရများကိုဖယ်ရှားခဲ့ပေမဲ့ နှလုံးသားထဲက ဒဏ်ရာလှလှပပလေးကိုဖြင့်မဖယ်ရှားနိုင်ခဲ့ပါ။

အိမ်ထဲခြေချလိုက်သည်နှင့် ဒယ်ဒီနှင့်မာမီကကြိုဆိုလေသည်။ သူအခုလို ဒုက္ခိတဖြစ်သွားတာတောင်တစ်ချက်ကလေးမညိုငြင်ရက်ခဲ့တဲ့ မိဘနှစ်ပါး။ သူဒီနိုင်ငံကနေ ထွက်သွားဖို့ရွေးချယ်ခဲ့သည့်နေ့တုန်းက ဒယ်ဒီကသူ့ဘေးနားမှာစကားတွေအများကြီးလာပြောခဲ့တာကိုသူသိသည်။ ဒါပေမဲ့ အကြားအာရုံထိခိုက်နေ၍ ဒယ်ဒီက စာဖြင့်ထပ်ရေးကာသူ့ကိုပြောပြလေသည်။ တခါမှမရခဲ့ဖူးသည့် ဒယ်ဒီ့ရဲ့ကြင်နာမှုများကြောင့် သေနေရာမှပြန်ရှင်လာသလို အောင်ပွဲရစစ်သူကြီးတစ်ယောက်လိုခံစားရသည်။ မာမီကတော့ ယူကြုံးမရဖြစ်ကာ သူ့ဘေးနား၌ မျက်ရည်တသွင်သွင်စီးကျနေတာကိုတော့သူသိသည်။ ဒါပေမဲ့ စိတ်ကောလူကောပင်ပန်းနေရင် လှုပ်ရှားလိုက်သည်နှင့် ကိုင်ရိုက်ခံထားရသလို တစ်ကိုယ်လုံးနာကျင်နေ၍ ဘာမှမလုပ်ပေးနိုင်ခဲ့။ တကယ်တော့ စိတ်ကြောင့် ဖြစ်သွားရသည့်နာကျင်မှုများသာ။

အကြားအာရုံနှင့်စကားပြောနိုင်စွမ်းပါဆုံးရှုံးခဲ့ရသာ်အထိ သူ့ရဲ့စိတ်ထိခိုက်မှုမှာပြင်းထန်ခဲ့ရသည့်အတွက် သူအတော်လေးစိတ်ဓာက်ကျခဲ့ရသည်။ အကြိမ်ကြိမ် သတ်သေရန်ကြိုးစားခဲ့ပေမဲ့ မျက်စိအောက်ကအပျောက်မခံသည့် မာမီတို့ကြောင့် ယနေ့ထိအသက်ရှင်နေသေးသည်ဟုပြောလျှင်ပိုမှန်ပေမည်။ ရက်သီတင်းပတ်အတော်ကြာ အခန်းတွင်းမှောင်ချနေခဲ့ပြီးမှ ပြင်ပလောကကိုပြန်လည်ခံစားသည့်အခါ သူ၏စိတ်များကအတော်လေး လေးလံထိုင်းမှိုင်းနေရသည်။ သူအခန်းထဲက ကိုယ့်ခြေထောက်နှင့်ကိုယ်ထွက်လာသည့်အချိန်တုန်းက တစ်အိမ်သားလုံးအံ့အားသင့်ခဲ့ရသည်လေ။ လက်ထဲမှာ စာရွက်တစ်ရွက်နှင့်ဘောပင်အားဆုတ်ကိုင်ပြီး ​ပထမဆုံး မိသားစုနှင့်ပြန်ဆက်သွယ်မိခဲ့သည်ကာ သူ့အတွက်တော့မမေ့နိုင်တဲ့နေ့တနေ့ပါပဲ။

အချိန်သုံးလခန့်ကြာမြင့်သွားရသည့်သူ့ရဲ့စိတ်ဒဏ်ရာတွေကိုဆေးကြောဖို့သူပြန်တည်နိုင်ရန်အလို့ငါ အတော်လေးကြိုးစားခဲ့ရသည်။ စိတ်ကျန်းမာရေးဆေးရုံနှင့် အာရုံကြောဆေးရုံကို အလီလီသွားနေရ၍တစ်ခါတစ်ရံစိတ်ဓာက်ပါကျချင်မိသည်အထိ။ တစ်ရက် အကိုဖြစ်သူအကြံပေးသည့်အတိုင်း ဒီနိုင်ငံကနေခဏထွက်သွားပြီး စိတ်ကိုအနားပေးကြည့်မလားဟုသူ့အားပြောလေသည်။ ဒီနိုင်ငံမှာနေလျှင်အမှတ်တရများကပြန်လည်ခံစားမိနေ၍ သူရုန်းမထွက်နိုင်ဖြစ်နေသည်ကိုရိပ်မိဟန်ရှိသည်။ ထိုအတွက်ကြောင့် သူ့အားစိတ်မချ၍ သူနှင့်အတူ မာမီမှာ နယူဇီလန်သို့လိုက်ခဲ့လေသည်။ နေရာသစ်မြင်ကွင်းအသစ် ပတ်ဝန်းကျင်အသစ်နှင့် သဟဇာတဖြစ်စေရန်ကြိုးစားရင်း စိတ်ကိုအတက်နိုင်ဆုံးအေးချမ်းအောင်ထားသည်။ ဘုရားတရားကိုလေ့လာလိုက်စားသည်။ နေ့တိုင်းလိုလိုတရားမှတ်သည်။ စိတ်ကိုတွေဝေမှုမရှိလေအောင် ကိုယ်ခန္ဓာကိုအလုပ်ပေးသည်။ သူစိတ်အဆင်ပြေလောက်ပြီထင်မှသာ သူ့ကိုစိတ်မချသော်လဲ ဗီဇာအခတ်အခဲကြောင့်မာမီမြန်မာပြည်ပြန်သွားလေသည်။

နယူးဇီလန်မှာနေရင်း စီးပွားရေးနှင့်ပတ်သက်သည့် deploma ကိုထပ်ယူဖို့ကြိုးစားခဲ့သည်။ ကိုကိုအကြံပေးသည့်အတိုင်း လက်ဟန်ခြေဟန်ပြဘာသာစကားကိုသင်ယူခဲ့သည်။ သူ့အတွက်ထိုအချိန်များဟာစိတ်သက်သာရာရစေသည်။ တစ်ချက်တစ်ချက်အတွေးထဲရောက်ရောက်လာသည့်လူတစ်ယောက်ကိုတော့ မေ့ချင်ဟန်ဆောင်ကာကြိုးစားနေခဲ့ရသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့ကာ ထိုလူသားအားမေ့သွားပါစေဟုဆုတောင်းခဲ့လေမလား။ ဒါပေမဲ့ အသိစိတ်ကမေ့သွားလျင်​တောင် နှလုံးသားကမေ့နိုင်ပါ့မလား။ နာမည်ဆင်တူတစ်ခုကိုကြားယုံဖြင့် ပုံစံတူလူတစ်ယောက်ကိုတွေ့ယုံဖြင့် အစမတန်ခုန်နေတက်သည့် သူ့နှလုံးသားကသူ့အတွက်တော့ ကြောက်မတ်ဖွယ်ရာပါပဲ။

အရင်က ဒဏ္ဏာရီသည် တည်ကြည်သည်။ မျက်ဝန်းများအားစိုက်ကြည့်လျှင် စူးရှသည်။ နေပုံထိုင်ပုံသွားပုံလာပုံကအစ ပုံစံသွင်းထားသကဲသို့တသက်မတ်တည်းပင်။ အဝတ်အစားဆိုလျှင်လဲ ဂရုတစိုက်ဝတ်တက်သည်။ တစ်ချက်တချက် လမ်းလျောက်သည့်အချိန်တိုင်း၌လဲ မာန်ပါပါနှင့်လျောက်လှမ်းနေသည်ဆိုတာသိသာသည်။ အရယ်အပြုံးသိပ်မရှိသည့်လူတစ်ယောက် စက်ရုပ်တစ်ရုပ်အသွင်ဆောင်သည်။

ယခု ဏရီကတော့ထိုသို့မဟုတ် မျက်နှာလေးကကြည့်လိုက်သည်နှင့် နူးနူးညံ့ညံ့ရှိသည်။ အနားမှာရှိလျှင် ထိုလူတစ်ယောက်အားအပြုံးများသယ်ဆောင်လာပေးနိုင်သည်။ တိုင်းတပါး၏ယဥ်ကျေးမှုအငွေ့အသက်များကြောင့်ဖြစ်နိုင်ပေသည်။ ဏရီသည် အဝတ်အစားထက် လူကိုပိုပြီးဂရုစိုက်သည်။ ပေါ့ပေါ့ပါးပါးဝတ်တက်လာသည်။ အလုပ်လုပ်နေသည့်အချိန်မှအပ ကျန်အချိန်များ၌ စိတ်ကိုသာဂရုတစိုက်လုပ်ဖြစ်သည်။ အရင်ကလူကြီးဆန်သည့်ဏရီဆိုလျှင် ယခုဏရီသည် လူငယ်ဆန်သည့်ဘက်ကိုသွားသည်။ လေဒီရူးဒေါက်အမြင့်ထက် ရိုးရိုးရူးဖိနပ်ကိုသာဝတ်ဆင်တက်သည်။ အရင်ကဆိုအချိန်တိုင်းအလုပ်ထဲပဲစိတ်နှစ်ထားသည့် ဏရီသည် ယခုအခါ၌မှု အချိန်ရသည်နှင့် တရားထိုင်သည်။ gyn ကစားသည်။ ကိုယ်ခန္ဓာအဟာရဖြစ်အောင်စားပြီး တစ်ခါတရံ ကိုယ်တိုင်စားချင်သည်များကိုချက်စားတက်သည်။ ကျန်းမာရေးလိုက်စားသည်။ ထိုအတွက်ကြောင့် မျက်နှာလေးမှာ တဖြေးဖြေးပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေပေသည်။ အရင်ကဆိုအလုပ်ဒဏ်ကြောင့် မျက်တွင်းကျသည့်အချိန်ကျနေတက်သည်။ ပါးရိုးများထင်းနေတက်သည်။

ဏရီနှင့် ဋီကာ နှစ်ယောက်မှာ ဖခင်ထိုင်နေသည့်အရှေ့မှာတင် ခြေဟန်လက်ဟန်ဖြင့်စကားပြောနေကျသည်မျာအချိန်အတော်ကြာ။ မိဘများက သမီးဖြစ်သူနှင့်ဆက်သွယ်ရန်ထိုလက်ဟန်ပြသင်္ကေတကိုသင်ရန်လုပ်ပေမဲ့ ဋီကာ က သူပဲကြားကနေဆက်သွယ်ပေးမည်ပြောသည်။ နည်းနည်းပါးပါးသာ သင်ပေးထားလေသည်။

"တော်တော့ ပြောနေတာမပြီးတော့ဘူး အခုဘာဆက်လုပ်မှာလဲ အဖြေရကျပြီလား"

"သားက မိုင်းကို ဒယ်ဒီ့နေရာတာဝန်ယူဖို့ပြောနေတာကို မိုင်းက မလုပ်ချင်ဘူးတဲ့ ဒယ်ဒီ မိုင်းရဲ့အရည်အချင်းနဲ့ဆို ဘယ်သူမှမိုင်းကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး ဒါကို မိုင်းက သူ့အားနည်းချက်ကြောင့်လက်မခံချင်ဘူးတဲ့ဒယ်ဒီ"

ဋီကာမှာ သူ့ဖခင်အားစကားပြောနေချိန် ဏရီတစ်ယောက်မှာတော့ ဖုန်းထဲ၌စာအရှည်ကြီးကိုချရေးနေခဲ့သည်။

"ဟုတ်ပြီ မိုင်းပြောတာကို ဒယ်ဒီနားထောင်မယ် သူဘာလို့အဲ့လိုငြင်းနေရလဲဆိုတာကို"

ထို့နောက် သူ့လက်ထဲရောက်လာသော မိုင်း၏ဖုန်း screen မှာမြင်နေရသည့်စာပိုဒ်ရှည်တစ်ပိုဒ်။

"ဒယ်ဒီ အဲ့နေရာကို မိုင်းအစား ကိုကို့ကိုပဲပေးလိုက်ပါ သူကအဲ့နေရာနဲ့ပိုပြီးတော့အဆင်ပြေပါတယ် မိုင်းရဲ့အားနည်းချက်ကြောင့် ဥက္ကဌနေရာကိုမလိုချင်တာမဟုတ်ပါဘူး နဂိုထဲက အဲ့ဒီ့နေရာက ကိုကို့နေရာ​ပါ ဒါက မိုင်းဒီစီးပွားရေးအလုပ်ကိုမလုပ်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး မိုင်းလွတ်လွတ်လပ်လပ်နေချင်သေးတယ် ပြီးတော့ MD နေရာကပဲ မိုင်းနဲ့အဆင်ပြေတယ် ဒယ်ဒီစဥ်းစားကြည့်ပါ နှစ်တွေအကြာကြီး မိုင်းတစ်ယောက်ထဲအဲ့ဒီအလေးကြီးကိုသယ်ပေးထားရတာ အခု ကိုကို့ကိအဲ့ဟာတွေပေးချင်တယ် သူ့ကိုမိုင်းလိုခြေချုပ်မိစေချင်တယ် မိုင်း သူ့ကိုနည်းနည်းတော့ပညာပြချင်တယ် ဒယ်ဒီ အဲ့တာကြောင့် ကိုကို့ကိုပဲအဲ့နေရာပေးလိုက်ပါနော် please!!!!!"

အရင်ကရုပ်တည်ကြီးကိုသူ့ကိုစိန်ခေါ်ခဲ့သည့်သူ့သမီးမှဟုတ်ပါလေစ။ စကားပြောသည်ကိုတောင် ချစ်ဖို့ကောင်းအောင်ပြောတက်ပေသည်။ ထို့ပြင် သူ့အကိုကို အရှုပ်တွေကြားထဲပို့ဖို့ကြံရွယ်နေတာအကြံနဲ့။

"အဟမ်း ဒယ်ဒီနှစ်ဖတ်လုံးက စကားတွေနားထောင်ပြီးပြီဆိုတော့ မနတ်ဖြန် ဒယ်ဒီကုမ္ပဏီကိုလာခဲ့မယ် တစ်ခါထဲအစည်းဝေးလုပ်မယ် အခုကထဲကစီစဥ်ခိုင်းထားလိုက်ပါ"

မနတ်ရောက်တော့ သားဖသုံးယောက်လုံးအတူတူ ကားတစ်စီးထဲဖြင့်အလုပ်သွားသည်ကိုကြည့်ရတာ ဒေါ်မိုးပပဆွေရင်ထဲကြည်နူးမှုကအထင်းသား။ သူ့ယောကျ်ားဖြစ်သူရဲ့ သားသမီးတွေအပေါ်ထိန်းချုပ်မှုမရှိတော့တာကိုမြင်ရတာသူဝမ်းသာမိသည်။ ယခုဆိုလျှင်ပဲ သူတို့မိသားစုလေးမှာပျော်ရွင်ဖွယ်အတိ။ မိုင်းလေးသာကျန်းမာရေးပြန်ကောင်းသည်ဆိုလျှင် အရာအားလုံးကပြည့်စုံနေမည်ဖြစ်သည်။

သားဖသုံးယောက်လုံး ကုမ္ပဏီကိုရောက်သည်ဆိုလျှင်ပင် ဝန်ထမ်းအသီးသီးကအရိုအသေပေးလေသည်။ နိုင်ငံရေးလုပ်နေသူလဲဖြစ် ကုမ္ပဏီ၏ဥက္ကဌလဲဖြစ်၍ လူတိုင်းကလေးစားကျတာမဆန်းပါ။

အစုရှယ်ယာအဖွဲ့ဝင်များ ဌာနအသီးသီး၏ ဌာနမှုးများစုံလင်စွာရှိနေသည့်အစည်းဝေးခန်းမ၏ ထိပ်ဆုံးသောနေရာမှာ ဦးဉာဏကျော်ကထိုင်လေသည်။ ဘေးတစ်ဖတ်တစ်ချက်ကထိုင်ခံမှာတော့ ဒဏ္ဏာရီနှင့်ဋီကာကျော်။

"ဒီနေ့ မအားတဲ့ကြားကနေ အခုလိုအချိန်ပေးတဲ့အတွက် ကျွန်တော်ကဒီကလူကြီးမင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီနေ့အစည်းဝေးခေါ်လိုက်ရတဲ့အကြောင်းကိုလဲအားလုံးကိုအသိပေးထားခဲ့ပြီးသားဖြစ်မှာပါ ဒါကြောင့် အခုကြေညာချက်တစ်ခုကြေညာဖို့ရှိပါတယ် ဒါဟာ ကျွန်​တော်ရဲ့ဆုံးဖြတ်ချက်ဖြစ်သလို မနေ့ကညတွင်းချင်း ဘုတ်အဖွဲ့ဝင်များနဲ့ online ကနေအစည်းဝေးလုပ်ခဲ့ပြီးရလာတဲ့ဆုံးဖြတ်ချက်လဲဖြစ်ပါတယ်။ နောက်ဆုံးရလာတဲ့အဖြေများအရ ကုမ္ပဏီရဲ့ အဓိကနေရာဖြစ်တဲ့ ကျွန်တော့်နေရာမှာ လက်ရှိ MD မောင်ဋီကာကျော်ကို တာဝန်လွဲပြောင်းပေးမှာဖြစ်ပါတယ် နောက်ပြီး MD မောင်ဋီကာကျော်ရဲ့နေရာမှာ အရင်က MD ဟောင်းဖြစ်တဲ့ မဒဏ္ဏာရီက တာဝန်ယူပေးသွားမှာဖြစ်ပါတယ်"

ထိုဆုံးဖြတ်ချက်ကြောင့် ဏရီမှာ ရက်စ် ဟုလက်သီးလက်မောင်းတောင်တန်းပြနေပါသေးသည်။ ဏရီကထိုနေရာနှင့်သာပိုအဆင်ပြေပြီး သူကလေ့လာမှုလိုအပ်နေသေး၍ထိုနေရာနှင့်မထိုက်တန်၍ မရဘူးဟုထင်ထားသော်လဲ အခုလိုနာမည်ထွက်လာသည့်အချိန် အရှေ့ကပျော်နေသည့် ညီမဖြစ်သူကိုသိပ်မကျေနပ်ပါ။ သူသိသည် ဒီကောင်မလေး ညက ဒယ်ဒီကိုအချွန်နဲ့မလိုက်ပြီဆိုတာ။

"ကဲအဲ့တာဆို အားလုံးပဲ ဥက္ကဌအသစ်ဖြစ်တဲ့ မောင်ဋီကာကျော်ကို ကြိုဆိုလိုက်ကျပါအုန်းဗျာ တဆက်ထဲမှာပဲ ကျွန်တော်က ဒီနေ့ကစပြီးဒီနေရာကနေ အနားယူပြီဖြစ်တဲ့အတွက် အခု ဒီနေရာဒီထိုင်ခုံက ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူးထင်ပါတယ်ဗျ"

ချက်ချင်းပင် ဦးဉာဏကျော်မှာထိုင်ခုံမှထလိုက်ပြီးနောက် ဋီကာကျော်အား သူ့နေရာမှာလာထိုင်ရန်အရိပ်အခြေပြလေသည်။ ထို့ကြောင့် ဋီကာကျော်သည်လဲ အဖေဖြစ်သူနှင့်နေရာလဲရန်လုပ်ရပါတော့သည်။

"Goodluck ပါ သားကြီး"

"ဟုတ်ကျေးဇူးပါဒယ်ဒီ"

အနားနားကပ်ကာ လက်ဆွဲနှုတ်ဆက်ရင်းထိုစကားကိုပြောပြီး ဦးဉာဏကျော်မှစတင်၍လက်ခုပ်တီးလိုက်သည့်အခါနောက်ကနေလိုက်လံလက်ခုပ်တီးကျလေသည်။

ဖြောင်း။ ဖြောင်း။ ဖြောင်း။

"အခုလို ကျွန်တော့်ကိုယုံကြည်ပြီးဒီနေရာကိုတာဝန်ယူဖို့ထောက်ခံပေးတဲ့ဒီကလူကြီးမင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ပြီးဒီနေရာရဲ့တာဝန်တစ်ခုကဘယ်လောက်အရေးပါလဲဆိုတာကိုကျွန်တော်လဲသိနေတော့ ကျွန်တော်တစ်​ယောက်ထဲဆုံးဖြတ်ချက်နှင့်မဟုတ်ပါပဲ ဒီကလူကြီးမင်းများ၏အကြံပေးချက်များနဲ့ဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျ အားလုံးကိုကျေးဇူးတင်ပါတယ်"

ဖြောင်း။ ဖြောင်း။ ဖြောင်း။

"အငယ်မ နင်ငါ့ကိုအချွန်နဲ့မလိုက်တာတာမဟုတ်လား"

ထိုစကားကို ဖုန်းထဲကနေရိုက်ကာ ဏရီ့ကိုပြောတော့ လျှာထုတ်ကာပြောင်နေသည့်ဏရီ။ လူအများရှေ့ဆိုလျှင်တော့ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် စာဖြင့်သာဆက်သွယ်ကျလေသည်။ အခုလဲ အစည်းဝေးအပြန် ဒယ်ဒီ့ကိုကားအထိလိုက်ပို့ပေးပြီးနှစ်ယောက်သား ဓာက်လှေကားနဲ့ အပေါ်ကိုပြန်တက်လာရင်း ဓာက်လှေကားအတွင်းထဲဝန်ထမ်းများပါနေသည်မို့ စာဖြင့်သာပြောဆိုနေကျပါသည်။

"သိရင်ပြီးရောပေါ့ နောက်ပြီး မိုင်းပြောပြောမပြောပြော ဘုတ်အဖွဲ့ဝင်တွေဆုံးဖြတ်ချက်ကအတည်လေ မိုင်းနဲ့ 100% မဆိုင်ဘူး ပြောချင်သူတို့ကိုသွားပြော ဘာဖြစ်ဖြစ် အခုတရားဝင်ကြေညာပြီးပြီ ဒါပဲ အော် ဒီညနေ မိုင်း အရင်ကွန်ဒိုဘက်ခဏသွားမယ်လို့ မာမီတို့ကိုပြောလိုက်အုန်းနော် ညစာအပြင်မှာပဲစားလိုက်မယ် အိပ်တာလဲနောက်ကျရင်အဲ့မှာပဲအိပ်ဖြစ်ရင်အိပ်ဖြစ်မယ်လို့ပြောလိုက်အုန်း"

ညီမလေးကိုယ်တိုင် ထိုကွန်ဒိုကို ဘယ်သူ့ကိုမှလဲမလွတ် ဘယ်သူ့ကိုမှလဲမသွားခိုင်းသည့်အတွက် ပြီးခဲ့သည့်နှစ်များကထိုကွန်ဒိုမှာလူမရှိ။ ဏရီကိုယ်တိုင်သည်လဲ အမှတ်တရအပြည့်ဖြင့်ဖြစ်နေသောထိုနေရာသို့ခြေမချခဲ့ပါ။ အခုဆိုဖုန်အလိမ့်လိမ့်ဖြင့် ဖြစ်နေလောက်ပါသည်။

ကိုယ်တိုင်ကားမောင်း၍ သန်လျှင်ဘက်သို့လာရသည်မှာအချိန်တစ်ခုပင်ကြာနေခဲ့ပြီဖြစ်သည်။ ဒီမြို့ဒီနေရာဟာအရင်ကအတိုင်းရှိနေမြဲပင်ဖြစ်သည်။ ပြောင်းလဲသွားသည်မှာတော့ လူသားများပင်ဖြစ်နိုင်ပါသည်။

ဝန်းထဲဝင်လာတော့ ဂိတ်ပေါက်မှာဝင်ခွင့်စစ်ဆေးခံရသေးသည်။ အင်းပေါ့လေ အရင်ကဆိုသူကလာနေကျကို လုံခြုံရေးတွေကလဲမျက်မှန်းတန်းမိနေတာအခုတော့ ဝန်ထမ်းအသစ်များဖြစ်ဟန်တူပါသည်။

သူနေထိုင်ရာကွန်ဒိုအောက်ဘက်မှာကားပါကင်ထိုးပြီးနောက်အပေါ်သို့ဓာက်လှေကားဖြင့်တက်မည်လုပ်တော့လက်ကယောင်ရမ်းပြီး ၉ လွှာကိုနိပ်မိရပ်သား။ စကားနားမထောင်တဲ့အသိစိတ်ပါပဲ။ ဓာက်လှေကားတံခါးမှာ ၉လွှာရောက်တော့ပွင့်သွားသေးသည်ဒါကိုသူ့မယ်စိတ်ထဲမှာတစ်ခုခုကိုမျော်လင့်နေမိသလို။ တံခါးပြန်ပိတ်သွားမှသာသက်ပြင်းခပ်ရဲ့ရဲ့လေးချမိလေသည်။

တောင်..။

သူ့အခန်းရှိသည့်အလွှာရောက်တော့တံခါးပွင့်သွားလေသည်။ ထို့နောက်အခန်းနားသို့တဖြေးဖြေးခြင်းလျောက်နေရင်းရင်ကခုန်လာရသည်။ မဟုတ်သေးပါဘူး အခုမှဘာထဖြစ်နေတာလဲ တမနတ်လုံးအကောင်းကနေ အခုမှရင်ကအသည်းအသန်ခုန်နေရတာ။ အခန်းတံခါးဖွင့်ဖို့နံပါတ်ကိုနိပ်ရင်း lock ပွင့်သွား၍ အခန်းတံခါးလက်ကိုင်ကိုလှည့်ဖွင့်ပြီးနောက် တံခါးကိုဆွဲဖွင့်လိုက်သည့်အခါမြင်လိုက်ရသည့်သက်ရှိလူသားတစ်ယောက်။

အခုအချိန်မှာသူအတွေ့ချင်ဆုံးသူတစ်ယောက်။ အရင်လိုဆံပင်ခပ်ရှည်ရှည်မဟုတ်တော့တဲ့သူတစ်ယောက်။ အဝတ်အစားပါအစယောကျ်ားလေးတစ်ယောက်လိုဝတ်စားထားလျှင်ဒါယောကျ်ားလေးတစ်ယောက်ပါလို့မှတ်ယူနိုင်သည်အထိ သူမြင်နေရသည့်လူသားတစ်ယောက်ကဆံပင်ကိုဂုတ်အထက်ထိအတိုညှပ်ထားလေသည်။ သူကိုယ်တိုင်လဲထိုသူကိုမြင်လိုက်ရ၍အံ့သြမှုကပြောမဆိုသာ။ သူ့ရှေ့ကလူသားသည်လဲထိုသို့ဖြစ်လောက်လေမည်။ သူ့ရဲ့ အံ့သြနေသည့်မျက်နှာအချိုးအစ သူ့အားခေါင်းအစခြေအဆုံးအပေါ်အောက်အပြန်ပြန်အလှန်လှန်ကြည့်နေသည့်သူ။ ထို့ပြင်မျက်လုံးများအမြင်မှားနေသည်လားဟူ၍မျက်လုံးနှစ်ဖတ်ကိုပါလက်ဖြင့်ပွတ်နေသေးတာ။ ထိုအပြုအမှုကိုသူသဘောကျလေခဲ့သလား။

"ဏ..ဏရီလား တကယ် ဏရီလား"

"..."

သူဘာပြန်ပြောရမည်နည်း။ တကယ်တမ်းပါးစပ်ကနေစကားလုံးတွေထွက်လာအောင်ဘယ်လိုစိတ်မျိုးထားရမည်နည်း။ သူတစ်ခုခုပြောလိုက်တာသိသည်။ ဒါပေမဲ့ ထိုစကားများကိုတုံ့ပြန်ဖို့ရာသူ့မယ်ဘယ်လိုလုပ်ရမည်နည်း။ ဖတ်ထားချင်မိတဲ့လူသားလေးပါပဲ။ သူချစ်ရတဲ့သူ အခုထိချစ်နေမြဲသူ။ အခုမှ ဒီကိုလာတဲ့လမ်းတစ်လျောက် ဘာကြောင့်ရင်ခုန်လဲဆိုတာသိပါတော့သည်။ နှလုံးသားကသူ့ရဲ့ပိုင်ရှင်ကိုတွေ့ရဖို့စိတ်အားထက်သန်နေခြင်းဖြစ်သည်ဆိုတာကို။ တကယ်ကိုစကားနားမထောင်ကျတော့တဲ့သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများပါပဲ။

×

tbc

trollZ

Continue Reading

You'll Also Like

3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
422K 23.6K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
10.5K 323 18
Cynder learns that Even being raised by Pure Ones she will be accepted and train to be a Guardian.