ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လ...

Bởi Legacy_Legacy

4.4K 294 1

အင်္ဂါနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့ Xem Thêm

Description
Chapter 1- အမျိုးသမီးဇာတ်ပို့တစ်ဦးအနေဖြင့် ဝိညာဥ်ကူးပြောင်းလာခြင်း
Chapter -2 : ဘာလို့များ ဒီလောက်ကြီးအထိ အသည်းအသန်ဖြစ်နေရတာများလဲ?
Chapter- 3: လှည်စားဖို့များ ကြိုးစားနေသလား
Chapter 5 + Chapter 6
Valentine Day Promotion
Chapter 7 +8
Chapter 9 + 10
Chapter 11+12
Chapter 13 +14
Chapter 15 + 16
Chapter 17+18
Chapter 19 +20
Chapter 21+22
Chapter 23 + 24
Chapter 25 + 26
Chapter 27 +28
Chapter 29 + 30
Tele Main Channel

Chapter-4 : ပြောင်းလဲနိုင်ဖို့အတွက် ကြိုစားရတော့မယ်။

185 16 0
Bởi Legacy_Legacy


လုလျန့်ဝေ အစ်ကိုဖြစ်သူရဲ့ မေးခွန်းစကားကြောင့် စိတ်မဆိုးခဲ့။ အစ်ကိုက ဘာလို့ ဒီနေရာမှာစောင့်နေရသလဲဆိုတဲ့ အကြောင်းအရင်းကို သူက ကြိုတင်ခန့်မှန်းထားမိပြီးသားပင်။

"အစ်ကိုကြီးက ညီမလေးကို လုံချီရဲ့ကိုယ်လုပ်တော်ဖြစ်စေချင်နေတာလား"

'ငါလည်း မဖြစ်စေချင်ပါဘူး'

' ညီမလေးလည်း မဖြစ်ချင်ဘူး"

လုလျန့်ဝေကလည်း ချက်ချင်းပြန်ဖြေလိုက်တယ်။

လုထင်ချန် တင်္ဂလောက် ကြက်သေ သေသွားပြီး သူမ ပြောတဲ့စကားက ဘယ်လောက်ထိ ယုံကြည့်လို့ရမလဲ တွေးတောမိနေတယ်။

လုလျန့်ဝေက သူမအစ်ကို ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းမိတာကြောင့် ငူမအစ်ကိုဆီကို လျှောက်သွားလိုက်ပြီး သူမရဲ့ လည်တိုင်လေးကို ပြရင်း ပြောလိုက်တယ်။

" ညီမလေး သေလုနီးပါးအထိ ဖြစ်ခဲ့ပြီးမှဘယ်လောက်ထိ ခေါင်းမာခဲ့လဲဆိုတာ သိလိုက်ပြီ"

လုထင်ချန်က ညီမဖြစ်သူရဲ့ ပေါ့ပေါ့ပါးပါးစကားကိုနားထောင်ပြီး သူအကြည့်က သူမလည်ပင်းက နီရဲနေတဲ့ ပွန်းပဲ့ရာကို ကြည့်လိုက်ပြီး လက်သီးနှစ်ဖက်လုံး ဆုပ်ကိုင်မိလိုက်တယ်။

"မိုက်မဲတဲ့ကလေးမ၊ နင်တကယ့်ကို မိုက်ရူးရဲဆန်ခဲ့တာပဲ" လုထင်ချန်လည်း ဒေါသထွက်ပြီး ထပြန်လို့သွားပါတော့တယ်။

အစ်ကိုဖြစ်သူက ဒေါသတကြီး ထထွက်သွားပေမဲ့ လုလျန့်ဝေ ရင်ထဲမှာ နွေးထွေးမှုကို ခံစားမိလိုက်တယ်။ သူမအကိုက ဒေါသထွက်ခက်ထန်နေတဲ့ပုံပေါ်ပေမယ့် သူမကို မုန်းတီးနေပုံမပေါ်ပါဘူး။သူက စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်းကို ဂရုစိုက်ပေးနေတာပါ။

လုထင်ချန်က သူမကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်တုန်းက သေချာပေါက် အဆောင်ကို အပြေးလာခဲ့တယ်ဆိုတာ ခန့်မှန်းမိခဲ့တယ်။

ခုနလေးက သူမဆည်းဆာနေရောင်အိမ်ဝန်းမှာ ရှိလို့နေတုန်းက သူမအကိုက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားတုန်းဆိုတာကိုလည်း သတိထားမိတယ်။ ဒါကြောင့်ပဲ သူ အဝတ်တောင်မလဲနိုင်ဘဲ အပြေးအလွှားလာခဲ့တယ်ဆိုတာကို သိခဲ့တာပါ။အစ်ကိုက စကားကောင်းကောင်းမပြောပေမယ့် သူမကို တကယ်ဂရုစိုက်တယ်ဆိုတာ သူမသိပါတယ်။

လုလျန့်ဝေက စိတ်ရွှင်မြူးစွာနဲ့ ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ဆည်းဆာနေရောင်အိမ်ဝန်းဆီကို ပြန်လာခဲ့ပါတော့တယ်။

နောက်တစ်နေ့မှာတော့ လုလျန့်ဝေက သူမကိုယ်တိုင်ပြင်ဆင်ထားတဲ့ မနက်စာကို ကောက်သစ်တာရာ အိမ်ဝန်းမှာ ရှိတဲ့ လုထင်ချန်ဆီကို ယူလို့လာပါတယ်။ မဟာဆန်ပြီး ထည်ဝါလှပတဲ့ ဆည်းဆာရောင်ခြံဝန်းလိုမဟုတ်ဘဲနဲ့ ကောက်သစ်တာရာခြံဝန်းက ပိုမိုကျယ်ဝန်းပြီး ရှင်းရှင်းလင်းလင်းပဲ ပြင်ဆင်ထားတာဖြစ်ပါတယ်။ခြံဝန်းရဲ့ အချို့နေရာမှာရှိနေတဲ့ ဝါးပင်အနည်းငယ်ကလွဲပြီး သစ်ပင်ပန်းမံတွေ ရှိမနေဘူးလေ။

နေရာတော်တော်များများကို ကိုယ်ခံပညာလေ့ကျင်ဖို့အတွက် ဟာလာဟင်းလင်းပြင်လိုမျိုးသာ ထားထားပါတယ်။

သူမအိမ်တော်ထဲဝင်လာချိန်မှာ ဓါးရှည်နဲ့ လေ့ကျင်နေတဲ့ အကိုဖြစ်သူ လုထင်ချန်ကို တွေ့လိုက်ပါတယ်။ ဘေးတစ်ချက်တစ်စီမှာတော့ လက်နက်ချိတ်ထားတဲ့ စင်တွေရှိတယ်။ လု့လျန့်ဝေ ရပ်လိုက်ပြီး သူမအစ်ကိုလေ့ကျင်တာကို ကြည့်လို့နေတယ်။ လုထင်ချန်ကို ကြည့်ရတာတော့ လက်နက်တွေနဲ့ အတော်ကိုရင်းနှီးပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေတယ်။

လုကျန့်ဝေကတော့ ကိုယ်ခံပညာနဲ့ မရင်းနှီး။ ဒါပေမဲ့လည်း အစ်ကိုဖြစ်သူကိုတော့ လက်ခုပ်သြဘာတီးပြီး အားမပေးဘဲ မနေနိုင်ခဲ့။ သူမအစ်ကို အခုအသက်အရွယ်နဲ့ တပ်မှူးကြီးဖြစ်လာတာက အံ့သြစရာမရှိပါဘူး။

လုထင်ချန်ဟာ မျိုးဆက်တွေထဲမှာ မရေမတွက်နိုင်အောင် ငယ်ရွယ်တဲ့လူတွေထဲက အရည်အချင်းရှိပြီး ပါရမီပါတဲ့ သူလို့ မှတ်ယူလို့ရပါတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ဝတ္ထုထဲမှာတော့ လုလျန်ဝေ သေကြောင်းကြံစည်ပြီးနောက်မှာ လုထင်ချန်က လုံချီနဲ့လုယွင်ရှမ်းတို့ကို မကျေပွဲနွှဲဖို့အတွက် သွားပါလိမ့်မယ်။ အကြောင်းက လုံချီကအရင် လုလျန့်ဝေကို ချဉ်းကပ်ဖြားယောင်းသွေးဆောင်ခဲ့တာမလို့ဖြစ်ပြီး သူပျော်ရဖို့အတွက် လုလျန့်ဝေကို ကျီစယ်ဖြားယောင်းရုံသာဖြစ်ခဲ့လေတယ်။

လုလျန့်ဝေဘက်က စတင်စိတ်ဝင်စားလာတဲ့ အချိန်ကျတော့ သူမကို အမှိုက်သရိုက်လိုပစ်ချခဲ့ပြီး လုယွင်ရှမ်းကိုသာ လက်ထပ်ခဲ့တယ်။

လုလျန့်ဝေက ခေါင်းမာစွာပဲ အချစ်မှာ နစ်မျောကျရှုံးနေပြီး လုံချီ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့တောင်ဖြစ်ချင်နေတယ်။ဒါမဲ့ လုံချီက တစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ငြင်းပယ်ပစ်ခဲ့ပါတယ်။မျှော်လင့်ချက်တွေ ရိုက်ချိုးပစ်ခံလိုက်ရတဲ့ အချိန်တွေပြီးတဲ့နောက်မှာ လုလျန့်ဝေက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်။ညီမဖြစ်သူအတွက် ကလဲ့စားချေဖို့ လုထင်ချန်က လုံချီ ထီးနန်းမတက်ခင်ညမှာပဲ ဝင်ရောက်တိုက်ခိုက်ပေမယ့် ကံဆိုးစွာနဲ့ပဲ သေဆုံးခြင်းနဲ့သာ ကြုံတွေ့ခဲ့ရတယ်။

အနာဂတ်မှာ လုထင်ချန် ကြုံတွေ့လာရမယ့် အဖြစ်အပျက်တွေကို စဥ်းစာမိတော့ လုလျန့်ဝေမျက်လုံးတွေက ဝမ်းနည်းမှုအရောင်တွေ ထင်ဟပ်လို့သွားပါတယ်။

လုထင်ချန်က ထုတ်မပြောပြပေမယ့် ညီမဖြစ်သူကို တော်တော်လေးကို ချစ်တဲ့သူဖြစ်ပါတယ်။ လုဟန်ထျန်းရဲ့အချစ်နဲ့ယှဥ်ရင်တောင်မှ လုထင်ချန်ညီမအပေါ်ချစ်တဲ့အချစ်က တစ်စက်ကလေးမှကို လျော့မသွားပါဘူး။

ပြသနာတစ်ခုကတော့ မူလ လုလျန့်ဝေက ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တာပဲလေ။ညီမဖြစ်သူအပေါ် မျှော်လင့်ချက်တွေထားလေလေ သူပဲစိတ်ပျက်ရလေလေ။

ဒါမဲ့ သူက လုလျန့်ဝေနေရာမှာ ဝိညာဥ်ကူးပြောင်းလာခဲ့ပြီလေ။ဒီဝတ္ထုရဲ့လမ်းစဥ်ကို သူပြောင်းပေးရမှာပေါ့။လုထင်ချန်ရဲ့ အနာဂတ်ကိုကော သူပြောင်းလဲနိုင်မလားဆိုတာကိုတော့ သူသိပ်သိချင်ပါတယ်။

ဆက်ရန်....



==========





လုလ်န္႔ေဝ အစ္ကိုျဖစ္သူရဲ့ ေမးခြန္းစကားေၾကာင့္ စိတ္မဆိုးခဲ့။ အစ္ကိုက ဘာလို႔ ဒီေနရာမွာေစာင့္ေနရသလဲဆိုတဲ့ အေၾကာင္းအရင္းကို သူက ႀကိဳတင္ခန္႔မွန္းထားမိၿပီးသားပင္။

"အစ္ကိုႀကီးက ညီမေလးကို လုံခ်ီရဲ့ကိုယ္လုပ္ေတာ္ျဖစ္ေစခ်င္ေနတာလား"

'ငါလည္း မျဖစ္ေစခ်င္ပါဘူး'

' ညီမေလးလည္း မျဖစ္ခ်င္ဘူး"

လုလ်န္႔ေဝကလည္း ခ်က္ခ်င္းျပန္ေျဖလိုက္တယ္။

လုထင္ခ်န္ တဂၤေလာက္ ၾကက္ေသ ေသသြားၿပီး သူမ ေျပာတဲ့စကားက ဘယ္ေလာက္ထိ ယုံၾကည့္လို႔ရမလဲ ေတြးေတာမိေနတယ္။

လုလ်န္႔ေဝက သူမအစ္ကို ဘာေတြေတြးေနလဲဆိုတာ ခန္႔မွန္းမိတာေၾကာင့္ ငူမအစ္ကိုဆီကို ေလၽွာက္သြားလိုက္ၿပီး သူမရဲ့ လည္တိုင္ေလးကို ျပရင္း ေျပာလိုက္တယ္။

" ညီမေလး ေသလုနီးပါးအထိ ျဖစ္ခဲ့ၿပီးမွဘယ္ေလာက္ထိ ေခါင္းမာခဲ့လဲဆိုတာ သိလိုက္ၿပီ"

လုထင္ခ်န္က ညီမျဖစ္သူရဲ့ ေပါ့ေပါ့ပါးပါးစကားကိုနားေထာင္ၿပီး သူအၾကည့္က သူမလည္ပင္းက နီရဲေနတဲ့ ပြန္းပဲ့ရာကို ၾကည့္လိုက္ၿပီး လက္သီးႏွစ္ဖက္လုံး ဆုပ္ကိုင္မိလိုက္တယ္။

"မိုက္မဲတဲ့ကေလးမ၊ နင္တကယ့္ကို မိုက္႐ူးရဲဆန္ခဲ့တာပဲ" လုထင္ခ်န္လည္း ေဒါသထြက္ၿပီး ထျပန္လို႔သြားပါေတာ့တယ္။

အစ္ကိုျဖစ္သူက ေဒါသတႀကီး ထထြက္သြားေပမဲ့ လုလ်န္႔ေဝ ရင္ထဲမွာ ေႏြးေထြးမႈကို ခံစားမိလိုက္တယ္။ သူမအကိုက ေဒါသထြက္ခက္ထန္ေနတဲ့ပုံေပၚေပမယ့္ သူမကို မုန္းတီးေနပုံမေပၚပါဘူး။သူက စိတ္ထဲကေန နက္နက္ရွိုင္းရွိုင္းကို ဂ႐ုစိုက္ေပးေနတာပါ။

လုထင္ခ်န္က သူမကိုယ့္ကိုယ္ကို သတ္ေသတယ္ဆိုတဲ့ သတင္းၾကားတဲ့အခ်ိန္တုန္းက ေသခ်ာေပါက္ အေဆာင္ကို အေျပးလာခဲ့တယ္ဆိုတာ ခန္႔မွန္းမိခဲ့တယ္။

ခုနေလးက သူမဆည္းဆာေနေရာင္အိမ္ဝန္းမွာ ရွိလို႔ေနတုန္းက သူမအကိုက စစ္ခ်ပ္ဝတ္ကို ဝတ္ဆင္ထားတုန္းဆိုတာကိုလည္း သတိထားမိတယ္။ ဒါေၾကာင့္ပဲ သူ အဝတ္ေတာင္မလဲနိုင္ဘဲ အေျပးအလႊားလာခဲ့တယ္ဆိုတာကို သိခဲ့တာပါ။အစ္ကိုက စကားေကာင္းေကာင္းမေျပာေပမယ့္ သူမကို တကယ္ဂ႐ုစိုက္တယ္ဆိုတာ သူမသိပါတယ္။

လုလ်န္႔ေဝက စိတ္ရႊင္ျမဴးစြာနဲ႔ ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး ဆည္းဆာေနေရာင္အိမ္ဝန္းဆီကို ျပန္လာခဲ့ပါေတာ့တယ္။

ေနာက္တစ္ေန႔မွာေတာ့ လုလ်န္႔ေဝက သူမကိုယ္တိုင္ျပင္ဆင္ထားတဲ့ မနက္စာကို ေကာက္သစ္တာရာ အိမ္ဝန္းမွာ ရွိတဲ့ လုထင္ခ်န္ဆီကို ယူလို႔လာပါတယ္။ မဟာဆန္ၿပီး ထည္ဝါလွပတဲ့ ဆည္းဆာေရာင္ၿခံဝန္းလိုမဟုတ္ဘဲနဲ႔ ေကာက္သစ္တာရာၿခံဝန္းက ပိုမိုက်ယ္ဝန္းၿပီး ရွင္းရွင္းလင္းလင္းပဲ ျပင္ဆင္ထားတာျဖစ္ပါတယ္။ၿခံဝန္းရဲ့ အခ်ိဳ႕ေနရာမွာရွိေနတဲ့ ဝါးပင္အနည္းငယ္ကလြဲၿပီး သစ္ပင္ပန္းမံေတြ ရွိမေနဘူးေလ။

ေနရာေတာ္ေတာ္မ်ားမ်ားကို ကိုယ္ခံပညာေလ့က်င္ဖို႔အတြက္ ဟာလာဟင္းလင္းျပင္လိုမ်ိဳးသာ ထားထားပါတယ္။

သူမအိမ္ေတာ္ထဲဝင္လာခ်ိန္မွာ ဓါးရွည္နဲ႔ ေလ့က်င္ေနတဲ့ အကိုျဖစ္သူ လုထင္ခ်န္ကို ေတြ႕လိုက္ပါတယ္။ ေဘးတစ္ခ်က္တစ္စီမွာေတာ့ လက္နက္ခ်ိတ္ထားတဲ့ စင္ေတြရွိတယ္။ လု႔လ်န္႔ေဝ ရပ္လိုက္ၿပီး သူမအစ္ကိုေလ့က်င္တာကို ၾကည့္လို႔ေနတယ္။ လုထင္ခ်န္ကို ၾကည့္ရတာေတာ့ လက္နက္ေတြနဲ႔ အေတာ္ကိုရင္းႏွီးၿပီး ကၽြမ္းကၽြမ္းက်င္က်င္ အသုံးျပဳေနတယ္။

လုက်န္႔ေဝကေတာ့ ကိုယ္ခံပညာနဲ႔ မရင္းႏွီး။ ဒါေပမဲ့လည္း အစ္ကိုျဖစ္သူကိုေတာ့ လက္ခုပ္ၾသဘာတီးၿပီး အားမေပးဘဲ မေနနိုင္ခဲ့။ သူမအစ္ကို အခုအသက္အရြယ္နဲ႔ တပ္မႉးႀကီးျဖစ္လာတာက အံ့ၾသစရာမရွိပါဘူး။

လုထင္ခ်န္ဟာ မ်ိဳးဆက္ေတြထဲမွာ မေရမတြက္နိုင္ေအာင္ ငယ္ရြယ္တဲ့လူေတြထဲက အရည္အခ်င္းရွိၿပီး ပါရမီပါတဲ့ သူလို႔ မွတ္ယူလို႔ရပါတယ္။ ဒါေပမဲ့လည္း ကံမေကာင္းစြာနဲ႔ ဝတၳဳထဲမွာေတာ့ လုလ်န္ေဝ ေသေၾကာင္းႀကံစည္ၿပီးေနာက္မွာ လုထင္ခ်န္က လုံခ်ီနဲ႔လုယြင္ရွမ္းတို႔ကို မေက်ပြဲႏႊဲဖို႔အတြက္ သြားပါလိမ့္မယ္။ အေၾကာင္းက လုံခ်ီကအရင္ လုလ်န္႔ေဝကို ခ်ဥ္းကပ္ျဖားေယာင္းေသြးေဆာင္ခဲ့တာမလို႔ျဖစ္ၿပီး သူေပ်ာ္ရဖို႔အတြက္ လုလ်န္႔ေဝကို က်ီစယ္ျဖားေယာင္း႐ုံသာျဖစ္ခဲ့ေလတယ္။

လုလ်န္႔ေဝဘက္က စတင္စိတ္ဝင္စားလာတဲ့ အခ်ိန္က်ေတာ့ သူမကို အမွိုက္သရိုက္လိုပစ္ခ်ခဲ့ၿပီး လုယြင္ရွမ္းကိုသာ လက္ထပ္ခဲ့တယ္။

လုလ်န္႔ေဝက ေခါင္းမာစြာပဲ အခ်စ္မွာ နစ္ေမ်ာက်ရႈံးေနၿပီး လုံခ်ီ့ရဲ့ ကိုယ္လုပ္ေတာ္တစ္ေယာက္အေနနဲ႔ေတာင္ျဖစ္ခ်င္ေနတယ္။ဒါမဲ့ လုံခ်ီက တစ္ခ်က္ကေလးေတာင္ လွည့္မၾကည့္ပဲ ျငင္းပယ္ပစ္ခဲ့ပါတယ္။ေမၽွာ္လင့္ခ်က္ေတြ ရိုက္ခ်ိဳးပစ္ခံလိုက္ရတဲ့ အခ်ိန္ေတြၿပီးတဲ့ေနာက္မွာ လုလ်န္႔ေဝက ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့တယ္။ညီမျဖစ္သူအတြက္ ကလဲ့စားေခ်ဖို႔ လုထင္ခ်န္က လုံခ်ီ ထီးနန္းမတက္ခင္ညမွာပဲ ဝင္ေရာက္တိုက္ခိုက္ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ေသဆုံးျခင္းနဲ႔သာ ၾကဳံေတြ႕ခဲ့ရတယ္။

အနာဂတ္မွာ လုထင္ခ်န္ ၾကဳံေတြ႕လာရမယ့္ အျဖစ္အပ်က္ေတြကို စဥ္းစာမိေတာ့ လုလ်န္႔ေဝမ်က္လုံးေတြက ဝမ္းနည္းမႈအေရာင္ေတြ ထင္ဟပ္လို႔သြားပါတယ္။

လုထင္ခ်န္က ထုတ္မေျပာျပေပမယ့္ ညီမျဖစ္သူကို ေတာ္ေတာ္ေလးကို ခ်စ္တဲ့သူျဖစ္ပါတယ္။ လုဟန္ထ်န္းရဲ့အခ်စ္နဲ႔ယွဥ္ရင္ေတာင္မွ လုထင္ခ်န္ညီမအေပၚခ်စ္တဲ့အခ်စ္က တစ္စက္ကေလးမွကို ေလ်ာ့မသြားပါဘူး။

ျပသနာတစ္ခုကေတာ့ မူလ လုလ်န္႔ေဝက ရင့္က်က္တဲ့သူတစ္ေယာက္မဟုတ္တာပဲေလ။ညီမျဖစ္သူအေပၚ ေမၽွာ္လင့္ခ်က္ေတြထားေလေလ သူပဲစိတ္ပ်က္ရေလေလ။

ဒါမဲ့ သူက လုလ်န္႔ေဝေနရာမွာ ဝိညာဥ္ကူးေျပာင္းလာခဲ့ၿပီေလ။ဒီဝတၳဳရဲ့လမ္းစဥ္ကို သူေျပာင္းေပးရမွာေပါ့။လုထင္ခ်န္ရဲ့ အနာဂတ္ကိုေကာ သူေျပာင္းလဲနိုင္မလားဆိုတာကိုေတာ့ သူသိပ္သိခ်င္ပါတယ္။

ဆက္ရန္....


Đọc tiếp

Bạn Cũng Sẽ Thích

44.7K 5.1K 59
MMtrans-28/29 :I Was Admitted To The Villain School. Status in Coo- 188 Chapter. Webnovel. Paid-completed.
The True Conqueror [Complete] Bởi 💜

Tiểu Thuyết Lịch Sử

4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
70.6K 5.3K 137
အပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
151K 15.7K 139
M-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.