ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၂၇

463 47 0
By trollz22

သူရန်ကုန်ပြန်ရောက်တော့ နိုဝယ်မှာ သူ့ထက်အရင်ကြိုရောက်နေပြီဖြစ်သည်။ ဒါကိုသိတော့ နာနာကျင်ကျင်နှင့် ဟန်မဆောင်နိုင်စွာရီမိလေသလား။ သူ့ကိုဘယ်တော့ပြန်လာမှာလဲဟုဖုန်းဆက်မေးသည့်ညက သူအမှန်ကိုမပြောပဲနေခဲ့ရမှာ။

"ဏရီ မျက်နှာလဲမကောင်းပါလား ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူးလား ဏရီ့ကြည့်ရတာအားမရှိသလိုပဲ"

"တို့နေကောင်းပါတယ် နိုဝယ်ကော ဒီရက်ပိုင်းဘာတွေလုပ်နေလဲ တို့ဒီမှာမရှိတုန်း"

"ကျွန်မ ဘန်ကောက်ခဏပြန်ပြီးတော့တစ်ရက်လောက်ပါပဲ ဒယ်ဒီကြီးနဲ့သွားတွေ့ရတာ"

"အော်"

အခုသူမြင်နေရသည့် နိုဝယ်မှာ ဂျင်းဘောင်းဘီအပွသားကို t shirt ခပ်ပွပွနှင့်တွဲဝတ်ထားလေတော့ အင်္ကျီကြားပုံကြားထဲနှစ်မြုပ်နေဟန်။ ဒါပေမဲ့ သူမြင်တွေ့ခဲ့သည့် နိုဝယ်က စကပ်အမဲအတိုနှင့် ဗိုက်သားများပေါ်နေသည့်ခါးတိုအင်္ကျီလေးနှင့်အတူ အပေါ်မှ အမဲရောင် ကုပ်တစ်ထပ်ကိုထပ်ဝတ်ထားသည်။ ထို့ပြင် ယခုလိုမျက်နှာခပ်ရှင်းရှင်းမဟုတ်ပါပဲ ချယ်သထားသည့်ဟန်ပန်။ သူမမြင်ဖူးသည့် ဏရီ့ရဲ့ပုံရိပ်ကသူ့ကိုဝမ်းနည်းစေသည်။

"နိုဝယ် တို့ကိုဘာလို့ချစ်တာလဲ"

"ဘာလို့ချစ်တာလဲဆိုပြီးအကြောင်းပြချက်တွေလိုလို့လား ဏရီရဲ့ ကျွန်မ ဏရီ့ကို ဏရီဖြစ်နေလို့ချစ်တာလေ"

"တို့လဲ နိုဝယ်ဖြစ်နေလို့ချစ်တာနိုဝယ် အဲ့တာကြောင့် ကျွန်မကို နိုဝယ်မပြောရသေးတဲ့ကိစ္စတွေရှိသေးရင်အခုဖွင့်ပြောလို့ရတယ်နော် တို့နားထောင်ဖို့အသင့်ပဲ"

"ဘာကိုပြောရမှာလဲဏရီရဲ့ ကျွန်မမှာ ဏရီ့ကိုဖုံးကွယ်ထားတာမရှိပါဘူး"

ဟုတ်ရဲ့လားနိုဝယ်။ မင်းမျက်ဝန်းတွေကတော့ မင်းပြောတာရဲ့ဆန့်ကျင်ဘက်ဖြစ်နေတာ။ တို့သိလာရတဲ့မင်းရဲ့အကြောင်းတွေကအမှားတွေဖြစ်နေပါစေလို့တို့အချိန်တိုင်းဆုတောင်းနေမိတယ်။

"နိုဝယ်"

"ဟင်ပြောလေ ဏရီ ကျွန်မနားထောင်နေပါတယ်"

"ဒီနေ့တော့ အတူနေရအောင်"

ထိုစကားကြားတော့ ချက်ချင်းဆိုသလို နိုဝယ့်မျက်နှာမှာအပြုံးများဖြစ်ထွန်းလာခဲ့သည်။ တို့မယုံချင်ဘူးနိုဝယ်။ တို့မြင်ခဲ့ရတဲ့နိုဝယ်က အခုလိုနူးညံ့မှုရှိတဲ့သူမှမဟုတ်ပဲ။ ဒါပေမဲ့အခု တို့နဲ့ရောယှက်နေတဲ့ နိုဝယ်က သူတို့တွေပြောတဲ့ moon လဲမဟုတ်ဘူး little fox လဲမဟုတ်ဘူး ဒီတိုင်း ဒီတိုင်း တို့ချစ်တဲ့နိုဝယ်။ တို့ကိုချစ်တဲ့နိုဝယ်ဖြစ်နေတာလေ။ တကယ်တို့နားမလည်နိုင်တော့ဘူးအချစ်ရယ်။ အခုလိုလိမ်ပြီးတော့တောင် တို့အနားမှာရှိနေရတာဘာကြောင့်လဲ။ သာယာမှုရှိတုန်းခဏမို့လို့လား ဒါမှမဟုတ် သူတို့တွေပြောသလို အချိန်တန်ရင် တကယ့်ပုံစံအမှန်တွေထုတ်မပြခင်ချိုသာမှုပေးနေခြင်းပဲလား။

အချစ်ရဲ့ကိုယ်ခန္ဓာပေါ်မှာ တို့လိုအမှတ်အသားပေးဖူးတာဘယ်နှစ်ယောက်များရှိနေခဲ့လဲအချစ်ရယ်။ အချစ်ရဲ့နှလုံးသားထဲမှာအတိအကျဘယ်သူများရှိနေမလဲ တို့သိချင်ပါရဲ့။ တောင်းပန်ပါတယ် မယုံကြည်လို့မဟုတ်ပေမဲ့ တို့ကိုယ်တိုင်စုံစမ်းမှတို့စိတ်သက်သာယာရမှာမို့လို့ပါအချစ်ရယ်။

နိုဝယ်မသိအောင် မရိပ်မိအောင် အနောက်နေတိတ်တဆိတ်စုံစမ်းစေရန်အလို့ငှာဆက်ပိုင်အား လူတစ်ယောက်ငှားစေသည်။ ပြန်ရတဲ့ဓာက်ပုံတွေသတင်းတွေထဲမှာ တို့မထင်ထားလောက်အောင်ပါပဲ။ တို့ကိုအလုပ်ကိစ္စဆိုပြီးသွားတဲ့နေရာက ချောင်ကျကျမြို့အစွန်ကအိမ်တစ်လုံးဖြစ်နေသည်။ ဘယ်အချိန်ထိများလိမ်ထားဖို့စိတ်ကူးသလဲ။ တို့သာ ဒီအဖြစ်အပျက်တွေကိုမသိခဲ့ရင် ဘယ်အချိန်ထိများတို့ကိုဖုံးကွယ်ထားမလဲ။

ဒီနေ့မနတ်တော့ နိုဝယ်အိမ်ကနေထွက်သွားကထဲက အနောက်ကနေထပ်ကြပ်မကွာလိုက်ကြည့်နေမိသည်။ ထိုမြို့ပြင်ကအိမ်သို့သွားတာကိုသိလိုက်ရတော့ မမြင်ကွယ်ရာကနေ စောင့်ကြည့်နေမိခဲ့တာ။ ဒီအချိန်တို့ကိုတွေ့လိုက်ရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသိချင်မိသည်။ ခြံရှေ့ကားထိုးရပ်လိုက်တော့ သူ့အားမသင်္ကါသလိုဖြင့်ကားနားကပ်လာခဲ့သည်။

"ဘယ်သူလဲ ဘာကိစ္စလဲ"

"အဟင်း မင်းတို့မမလေးကတော့ အခုလို တို့ကို ရင့်ရင့်သီးသီးပြောနေတာသိရင်တော့ ဘယ်လိုဖြစ်မယ်ထင်လဲ"

မျက်မှန်ချွတ်ချလိုက်သည့်အချိန်ကျမှသာ ထိုမေးမြန်းသည့်လူကရှိန်သွားသည့်အ​ခြေအနေ။ ကြည့်ရတာ နိုဝယ်ကြောင့်သူ့ကိုသိနေမည်ဖြစ်ရမည်။ ကြောက်သည့်စိတ်ကော ရင်တုန်နေသည့်စိတ်ကြောင့်ပါလက်များတုန်နေပေမဲ့ ဟန်ကို့ထားနိုင်ခဲ့သည်။ ကားဘီးများတလိမ့်ချင်းလိမ့်ကာ အိမ်စင်ဝင်းအောင်ကို ရောက်တော့ တလောကတွေ့ဖူးသည့် ella ဆိုသည့်မိန်းခလေးနှင့် ယောကျ်ားလေးတစ်ဦးကရောက်ချလာသည်။

"သူရှိတယ်မဟုတ်လား"

ချက်ချင်းပင်ထိုသို့မေးချလိုက်တော့ ဘေးကသူနှင့်သူမကြားနိုင်သည့်နေရာသို့သွားကာစကားပြောနေကျသည်။ ထို့နောက်သူ့ရှေ့ပြန်ရောက်လာကျသည်။

"ဟုတ်ကဲ့ ရှိတော့ရှိပါတယ် ဒါပေမဲ့အခုနေတွေ့ဖို့မဖြစ်နိုင်ဘူးထင်တယ် အမ"

"တို့သိတယ် တို့သိတာမို့လို့ သူ့ကို ဘာတစ်ခွန်းမှသွားမပြောပါနဲ့ အရင်ဆုံးတို့ကိုသာ သူရှိတဲ့နေရာကိုလိုက်ပို့ပါ သူ့ကိုတို့မနှောက်ယှက်ပါဘူး တို့အသက်ကိုတော့တို့နှမြောတယ်လေ"

ထို့သို့ပြောလိုက်ခြင်းထဲသူ၏နာကျင်မှုများပါပါစေလေ။ ကိုယ့်အပေါ်အခုလောက်ထိလုပ်ရက်လေခြင်းဟုပြောကာ စိတ်နာချင်ပေမဲ့ စိတ်မနာရက်တဲ့အထိပဲအချစ်ရယ်။ တို့မှာအသည်းကွဲဖို့ရယ် နှလုံးသားအပိုမပါလာဘူးကွယ်။

Ella ကပင်သူ့အား နိုဝယ်ရှိသည့် အခန်းရှေ့သို့လိုက်ပို့ပေးခဲ့သည်။ အခန်းတံခါးဖွင့်လိုက်တာနှင့် သူမမြင်ချင်သည့်မြင်ကွင်းကထက်မြင်ရအုန်းမယ်လေ။ ဒါပေမဲ့ တံခါးလက်ကိုင်ကိုတော့ ဆုတ်ကိုင်မိရက်သား။ တံခါးအားခပ်ဟဟလေးဖွင့်လိုက်တော့ ယခုနထိမကြားခဲ့သောအသံများကိုကြားလိုက်ရသည်။ တစ်ဖတ်က နာနာကျင်ကျင်အော်နေသည့်အသံများအပြင် အားပါပါနှင့်ရိုက်နပ်နေမှုများ။ တစ်ချက်တချက်လဲ ဏရီ ဆိုသည့်သူ့နာမည်အားကြားနေရသေးသည်။

နာကျင်မှုများကြားမှသူပြုံးမိလေသလား။ နိုဝယ်က အခုလိုအချိန်မှာတောင်သူ့နာမည်ကိုပဲငြီးငြူနေသည်လေ။ သွေးစိမ်းရှင်ရှင်ထွက်သည့်အနာများထဲမှ ဆေးခပ်ပါးပါးပါပဲ။

ဆက်ပြီးနားမထောင်နိုင်တဲ့အဆုံး ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်ပြီးနောက် အောက်ထပ်မှ ဧည့်ခန်းဆိုဖာ၌သာထိုင်နေခဲ့သည်။ ဘယ်အချိန်မှတင်းလာမည်မှန်းမသိတဲ့သူကို ရင်နာနာနဲ့စောင့်နေခဲ့မိတာ။ တို့ကိုရူးတယ်ပြောလဲခံရမှာပဲအချစ်ရယ်။ တို့မှမင်းကိုစိတ်မနာနိုင်ပဲ။ အခုချိန် တို့ကိုအသနားခံရင်တို့ခွင့်လွတ်မိအုန်းမှာပဲထင်ပါရဲ့။

ဘာကိုမှဂရုမစိုက်နိုင်စွာ ဆိုဖာမှာပဲထိုင်ကာခေါင်းကိုနောက်မှီထားပြီးမျက်လုံးများကိုမှိတ်ထားမိလေသည်။ နာရီသံများကတစ်ချက်ချ​က်နှင့်ကုန်ဆုံးနေသည်။ အချစ်ကိုတို့ဘယ်လိုမျိုးရင်ဆိုင်ရမလဲအချစ်ရယ်။

"Ella ငါ့ကိုသံပုရာရည်တစ်ခွက်ဖျော်ပေး အပေါ်ကတစ်ယောက်ကိုရှင်းလိုက်တော့"

အခုထိသူ့ကိုမြင်ဟန်မရှိသည့် နိုဝယ်ကြောင့် မျက်လုံးများဆက်ခနဲပွင့်လာခဲ့သည်။ လှေကားပေါ်မှ လှေကားဘေးဘောင်အားလက်တစ်ဖတ်ကကိုင်ပြီးကျန်လက်တစ်ဖတ်ကခေါင်းမူးနေ၍ခေါင်းကိုကိုင်ထားသည့်ဟန်။

"ဟို နိုဝယ်..."

"ဘာဖြစ်နေတာလဲ ဘယ်မှာလဲ သံပုရာရည်"

အသံတဖြည်းဖြည်းကျယ်လာသည့် နိုဝယ်ကစိတ်မရှည်တော့မှန်းသိသာသည်။ ထို့ကြောင့် သက်ပြင်းအသာချကာ ထိုင်နေရာမှထပြီးနောက် လူလုံးထွက်ပြရန်ပြင်လိုက်ပါတော့သည်။ နိုဝယ့်ဒေါသနှင့်တိုလျှင် ella ဆိုသည့်တစ်ယောက်တစ်ခုခုဖြစ်တော့မည်လေ။

"ဘာတွေအဲ့လောက်ထိဒေါသကြီးနေရတာလဲ နိုဝယ် အော်မေ့လို့ moon အာ နောက်တစ်မျိုးရှိသေးတာပဲ little fox အဟင်း တို့မသိသေးတဲ့ အချစ်ရဲ့မျက်နှာဖုံးတွေကအများသားပဲ"

သူ့အသံကြားသည်နှင့် ဆေးအရှိန်နှင့်မူးနေသေးသည့် နိုဝယ့်မျက်ဝန်းများကမယုံနိုင်စွာသူ့အားကြည့်လာသည်။ ထို့ပြင် ella ကိုတလှည့် ဏရီ့အားတလှည့်ဖြင့်။ ဒါတို့သိတဲ့နိုဝယ်များဟုတ်ပါလေစ။

အခုချိန်မှာခေါင်းထဲမှာဘာမှမရှိ တစ်ကိုယ်လုံးမလှုပ်နိုင်တော့ပဲ နှလုံးခုန်နှုန်းကသက်မှတ်အဆင့်ထက်ကျော်လွန်နေသည်။ စိုးရိမ်စိတ်ကြောင့်ပဲလား ဏရီ့ကိုမြင်လိုက်ရတဲ့အတွက်ပဲလား ကိုယ်ခန္ဓာအတွင်းသွေးများက ပြောင်းပြန်စီးဆင်းနေသလိုခံစားနေရသည်။ ဒါသူအမြင်မှားနေတာမဖြစ်နိုင်ဘူးဆိုတာကို သူသိမှရမည်။ ချောက်ကမ်းပါးက ပြုတ်ကျသည့်ခံစားချက်ဆိုတာဒါမျိုးနှင့်ဆင်တူသည်လား။

"ဏ ဏရီ ဒီကို ဘယ်လို"

"တို့အကုန်သိပြီးပြီ အဲ့တာကြောင့်အခုထပ်လိမ်မယ်ဆိုရင် တို့ကိုယ်တိုင်မင်းကိုသတ်ပစ်နိုင်လောက်တဲ့အထိဒေါသထွက်မိလိမ့်မယ်"

"ကျွန်မ ကျွန်မပြောတာနားထောင်ပါအုန်း ဏရီ ဏရီ"

"တိတ်စမ်း မင်းစကားတွေငါမကြားချင်ဘူး နိုဝယ် ငါကတော့ယုံကြည်လိုက်ရတာ ချစ်လိုက်ရတာ အခုငါပြန်ရလိုက်တာဒီလိုမျိုးတွေလားနိုဝယ်ပြောစမ်းပါငါ့ကိုပြောစမ်းပါ"

Ella က အလိုက်သိစွာ သူတို့စကားစပြောကထဲကထိုနေရာမှရှောင်ပေးနေပြီး အိမ်တော်ရှိတခြားသူများကလဲ ရှောင်ပေးနေကျပါသည်။ ဒါ Ella ပြောထား၍ဖြစ်မည်။

"ဘယ်ကနေစပြီးလိမ်ထားတာလဲဟင် ပြောပါအုန်း ငါ့အပေါ်ဘယ်အရာတွေကအမှန်တရာတွေလဲ ဘယ်ဟာတွေက အလိမ်အညာတွေလဲဆိုတာ မင်းအဖေပြောတဲ့အချိန်ထိငါကလေ အရူးတစ်ယောက်လိုမဟုတ်ပါစေနဲ့လို့ဆုတောင်းနေခဲ့တာသိလား မင်းအဖေသာမပြောရင် ငါကဘယ်အချိန်ထိ လိမ်ညာခံနေရအုန်းမှာလဲ ပြောစမ်းပါ အဲ့ပိတ်နေတဲ့ပါးစပ်ကနေပြောစမ်းပါ"

"ကျွန်မ ကျွန်မတောင်းပန်ပါတယ် ဏရီရယ် ကျွန်မတမင်လိမ်ထားတာမဟုတ်ပါဘူး ဏရီ့ကို ကျွန်မချစ်လွန်းလို့ လုပ်ခဲ့မိတာပါ"

သူ့အားဒူးထောက်တောင်းကာသူ့ခြေထောက်အားဖတ်တွယ်တောင်းပန်နေသည့်သူက ယခုနတုန်းကလူတစ်ယောက်ကို ဘယ်သူမှမတွေးထားတဲ့နည်းနဲ့ဆက်ဆံနေတဲ့သူတဲ့လေ။

"ချစ်လို့ဟုတ်လား မင်းမှာချစ်တက်တဲ့နှလုံးသားကောရှိရဲ့လား နိုဝယ် လူတစ်ယောက်အသားနာတာကိုမှ စိတ်အာသာပြေတဲ့မင်းက ငါ့ကိုချစ်တယ်တဲ့လား အဟား လူတွေကြာရင်လှောင်ရီနေပါအုန်းမယ် ချစ်တယ်ဆို တစ်ခြားတစ်ယောက်နဲ့အစားထိုးသာယာနိုင်တယ်ပေါ့ဟုတ်လား ချစ်တယ်ပြောပြီး တစ်ခြားတစ်ယောက်နဲ့ ဆက်ဆံနေတယ်ပေါ့ဟုတ်လား မင်းရဲ့ချစ်တယ်ဆိုတဲ့စကားကိုငါကြောက်တယ် ငါလေ ငါလေနင့်ကိုမုန်းလိုက်တာနိုဝယ်ရာ"

"ဟင့်အင်း ဟင့်အင်း ဏရီ ကျွန်မကိုမုန်းလို့မရဘူးနော် မမုန်းရဘူးနော် မမုန်းလိုက်ပါနဲ့ဏရီရယ် ကျွန်မတောင်းပန်ပါတယ် ကျွန်မဝန်ခံတယ် ဏရီနဲ့စပြီးတွေ့စုံမှုကထဲက ကျွန်မဖန်တီးခဲ့တာပေမဲ့ ကျွန်မဏရီ့ကိုချစ်တဲ့အချစ်ကတော့အစစ်အမှန်ပါ နောက်ပြီး အခုလိုလုပ်မိတာကလဲ ကျွန်မ ကျွန်မမကောင်းတာပါဏရီရယ်"

"ဘာလို့ ဘာလို့သူတို့မှလဲဟမ် ငါနဲ့တောင်မလုံလောက်ဘူးလားနိုဝယ် မင်းပြောစမ်းပါ ငါတစ်ယောက်လုံးနဲ့မလုံလောက်နိုင်အောင် မင်းရဲ့လိင်စိတ်ပြင်းထန်မှုကအဲ့လောက်တောင်လား သူများသားသမီးကိုအဲ့​လောက်ထိနိုပ်ဆက်ရမှမင်းကစိတ်ချမ်းသာတာလား"

ဒါတွေကဘာလို့ဖြစ်လာလဲဆိုတာနားလည်နိုင်ပေမဲ့ အခုချိန်မှာ နိုဝယ်ဖြစ်နေ၍လက်မခံနိုင်ပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်က သူတစ်ပါးနဲ့ကုတင်ပေါ်မှာပျော်ပါးနေတာကိုဘယ်သူကလက်ခံနိုင်မှာလဲ။ ဒါတောင်သာမာန်မဟုတ်တဲ့အခြေအနေနဲ့လေ။

နိုဝယ့်မျက်လုံးများအားရင်ဆိုင်နိုင်ရန်အားအင်မရှိ။ ရင်ဆိုင်လျှင်သူပျော့ညံ့သွားမှာသိသည်။ နှလုံးသားကိုအနိုင်ယူရန် ဦးနှောက်ကိုအလုပ်ပေးထားရမည်။ ပျော့ညံ့၍မရပါ။

"ငါနဲ့မတွဲခင် ငါနဲ့မသိခင် မင်းဘာသာဘာဖြစ်နေနေငါဂရုမစိုက်ဘူး ဒါပေမဲ့ အခုစိတ်နာရတာကလေ နာကျင်နေရတာက ငါနဲ့ချစ်သူရည်းစားဖြစ်ပြီးတဲ့အချိန်မှာတောင် ငါတစ်ယောက်ထဲနဲ့မလုံလောက်နိုင်တဲ့မင်းစိတ်ကိုပဲ ငါစိတ်နာတာ ရွံတာ မုန်းတာ"

"ဏရီ ကျွန်မကိုကြိုက်တဲ့အပြစ်ပေးပါဏရီရယ် ကျွန်မကိုတော့မမုန်းလိုက်ပါနဲ့ဏရီရယ် ကျွန်မ ကျွန်မရှင်မရှိရင်သေသွားလိမ့်မယ်ဏရီရဲ့"

"ဟားဟား ရီလိုက်ရတာ နိုဝယ်ရယ် တို့မရှိရင်မင်းမသေနိုင်ပါဘူး မင်းမှာမင်းကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်တဲ့သူတွေရှိတယ်လေ မင်းတစ်ခုခုလုပ်ရင်တောင်ဖြေရှင်းပေးမဲ့သူကနောက်မှာအဆင်သင့် မင်း တို့မရှိလဲ မင်းနေနိုင်ပါတယ် တခြားဘာမှမပြောချင်တော့ဘူး တို့လေတအားစိတ်ပင်ပန်းနေပြီ တို့ကိုလွတ်ပေးစမ်းပါ နိုဝယ်ရယ် တို့လေ မင်းကိုမြင်ရင် တို့ကိုယ်တို့ မသတီဘူး မင်းရဲ့ညစ်ပတ်တဲ့အစိတ်အပိုင်းတွေနဲ့ပတ်သက်မိတာကိုတွေးမိတိုင်း တို့ကိုယ်တို့ပါရွံတယ် ဒါကြောင့် တို့ကိုမသေစေချင်ရင် တို့ကိုလွတ်ပေးပါ တို့ကိုမင်းဆက်ဆံနေကျ သူတွေလို slave တစ်ယောက်လိုများ မင်းလုပ်ခိုင်းတိုင်းလုပ်မဲ့သူထင်နေသလားဟင် နိုဝယ် ပြောစမ်းပါ"

"အဲ့လိုမပြောနဲ့ဏရီရယ် ကျွန်မရှင့်ကိုချစ်တာပါ အဖြူထည်သက်သက်ရှင့်ကိုချစ်ရတာပါ ကျွန်မလေ ရှင့်ကိုနည်းနည်းလေးမှတောင်အပွန်းပဲ့မခံနိုင်တဲ့သူပါ ကိုယ့်ကိုကိုယ်တော့သူတို့တွေနဲ့မနှိုင်းလိုက်ပါနဲ့နော် သူတို့တွေအတွက် ကျွန်မက ခိုင်းစေသူဆိုရင် ကျွန်မရဲ့ ခိုင်းစေသူက ဏရီပါ ဏရီရဲ့ ကျွန်မနှလုံးသားရဲ့ပိုင်ရှင်သခင်ကဏရီပါဏရီရယ်"

"အခုလိုအပြောတွေကိုသာအရင်ကစိတ်နဲ့ဆိုတို့ကြည်နူးနေမိပါ အခုချိန်မှာတော့လေ ရွံတာထက်ပိုတယ် ဒါကြောင့် နောက်ဆုံးအနေနဲ့ပြောတာပါ တို့ကိုလုံးဝမနောက်ယှက်ပါနဲ့ တို့ဘာလုပ်လုပ်မင်းနဲ့မသက်ဆိုင်ဘူး အကယ်၍ အခုကနေ ခြေတစ်လှမ်းလှမ်းလို့ မင်းတားပြီဆိုတာနဲ့ ဒီမှာတွေ့လားဓား ဒီဓားနဲ့ကိုယ့်လည်ပင်းကိုယ်ထိုးပစ်မှာ အဲ့ဒီအချိန်ကျမှ တို့အဆိုးမဆိုပါနဲ့ တို့ကလုပ်မယ်တိုဖြစ်အောင်လုပ်တက်တာ မင်းသိမှာပါ"

Ella စီက ဓားတောင်းလိုက်တာ မှန်သွားသည်။ အခုလိုခြိမ်းခြောက်လိုက်တာ သူ့အားဘာတစ်ခွန်းမှပြန်မပြောနိုင်တော့ဘူးလေ။ သူကတကယ်ချစ်တယ်ဆို သူ့ချစ်တဲ့သူ သူ့ရှေ့မှာကိုယ်တိုင်အဆုံးစီရင်တာသူကြည့်ရက်ပါ့မလား။ ချစ်လဲချစ်တယ် စိတ်လဲနာတယ် တောင်းလဲတောင်းပန်ပါတယ်။ တို့အရမ်းမွန်းကြပ်နေပြီ ဘယ်လိုမှခွင့်မလွတ်ပေးနိုင်တဲ့ကိစ္စဖြစ်နေခဲ့လို့။

"ကျွန်မတောင်းပန်ပါတယ် အဲ့ဓားကိုတော့ ချလိုက်ပါနော် မတားနဲ့ဆိုမတားတော့ပါဘူး အဲ့ဓားကိုတော့ချထားလိုက်ပါနော် ဏရီ့စကားနားထောင်မှာဖြစ်လို့ အဲ့ဓားကိုအဝေးလွတ်ပစ်လိုက်ပါနော်"

ဓားနှင့်လည်ပင်းကိုထောက်ကာပြောလိုက်သည်ကြောင့် ဒူးထောက်နေရာမှချက်ချင်းပင်ထကာ သူ့လက်ထဲကဓားကိုလွတ်ချဖို့ပြောနေသည့် နိုဝယ်မျက်လုံးများကကဏာမငြိမ်စွာ။ ဏရီဆိုသည့်သူ့ကိုတော့ နိုဝယ်ကအဆုံးရှုံးမခံနိုင်ဘူးဆိုတာသူသေချာပေါက်သိနေသည်လေ။

"တို့လေမင်းကိုအခုချိန်မှာတောင်စိတ်ထဲမှာလေ ဆူးနင့်အောင်ချစ်နေသေးလို့ တို့ကိုယ်တို့အရမ်းမုန်းမိတယ် ဒါကြောင့်တို့တွေနေထိုင်တဲ့အရင်လိုသီးခြားကမ္ဘာမှာပဲနေကျရအောင် တို့မျက်စိရှေ့ဘယ်တော့မှထပ်ပေါ်မလာပါနဲ့ တို့မင်းကိုခွင့်မလွတ်ဘူးနိုဝယ် တို့အကြောင်းတွေမစုံစမ်းပါနဲ့ အကယ်၍စုံစမ်းတာသိတာနဲ့ တို့ခန္ဓာပေါ်မှာအမာရွတ်တစ်ခုထင်နေစေရမယ် မင်းသာတို့ကိုတကယ်ချစ်တယ်ဆိုရင် ဒီလောက်တော့လုပ်ပေးနိုင်မှာပါနောက်ဆုံးအနေနဲ့ ​ဒီနေရာက တို့ထွက်သွားတဲ့အချိန်ထိတစ်ဖဝါးမှမခွာပါနဲ့ တို့တောင်းဆိုတာပါ"

ချလွမ်..။

ကျောခိုင်းပြီးလှည့်ထွက်သွားရတာလဲမလွယ်ဘူးနိုဝယ်။ တို့ရင်ထဲမှာလဲ နှလုံးသားကိုမီးစနဲ့ထိုးနေသလိုပါပဲ။ မင်းရှေ့မှာဒါနောက်ဆုံးရှိနေခြင်းပါပဲ။ တို့ကိုယ်တို့ပြန်ရှာဖွေဖို့ကြိုးစားတော့မယ်နိုဝယ်။ မင်းမရှိရင်မနေနိုင်တဲ့သူမဟုတ်ပဲ မင်းမရှိလဲနေနိုင်တဲ့သူဖြစ်စေရမယ်။

ဏရီတို့ကားထွက်သွားပြီးမကြာပါ ထိုအိမ်ထဲ၌ အော်သံခပ်ကျယ်ကျယ်မှာထွက်ပေါ်လာပြီး ဝုန်းဒိုင်းကျဲသည့်အသံများကမဆိုင်းမတွထွက်ပေါ်လာသည်။ ဒါကိုကြည့်လျှင် နိုဝယ်ဘယ်လောက်ထိဒေါသထွက်နေမလဆိုတာကြည့်ရင်သိနိုင်သည်။

"ဘာလို့လဲ ဘာလို့လဲ အား..သွားကျ အကုန်လုံးသွားကျ ငါ့ကြောင့်ငါအသုံးမကျလို့ ငါအသုံးမကျလို့ ဏရီထားသွားတာ ငါ့ကြောင့်"

သူ့ကိုယ်သူအပြစ်တင်ရင်း အရူးတစ်ယောက်လိုဖြစ်နေသည့် နိုဝယ်အား ella နှင့် iris မှာ ချုပ်ထားပြီးစိတ်ငြိမ်ဆေးထိုးလိုက်ရသည်။ ဒါနိုဝယ်စိတ်ဖောက်သည့်အချိန်အရေးပေါ်အသုံးပြုရန် ဒယ်ဒီကြီးကိုယ်တိုင်မှာကြာထားသည့်ညွှန်ကြားချက်တစ်ခုဖြစ်သည်။

အခန်းငယ်တစ်ခုအတွင်းမှ တနေရာထဲသို့စိုက်ကြည့်နေသည့်မိန်းခလေးတစ်ယောက်နှင့် ကုတင်ပေါ်မှာ ကြိုးများနှင့်ချုပ်ကာ စိတ်ငြိမ်ဆေးထိုးထားရသည့်မိန်းခလေးတစ်ဦး။

ဘယ်အရာတွေကများသူတို့နှစ်ယောက်ကြားမှာမှားယွင်းနေခဲ့ပါသလဲ။

×

tbc

trollZ

Continue Reading

You'll Also Like

17.7K 1.2K 48
မနက်​ဖြန်ဆိုတာ မရှိခဲ့ရင်......
82.9K 2.6K 31
Only the figure's eyes were visible, the rest hidden by a changewing cloak. Hiccup's jaw dropped as he realized. He knew those eyes. * The Dragon Rid...
973 86 10
တတိယမြောက် ficတစ်ပုဒ်ပါ။ နေရီ့ရဲ့ ဇာတ်လမ်းတွေက အငြိမ်လေးနဲ့ ချစ်ခြင်းမေတ္တာကို အဓိကထားပြီး ဖော်ပြရေးသားတာမို့ တစ်ချို့ အလင်းရောင်မကြိုက်တဲ့သူတွေအတွက်...
1.1M 27.7K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...