🌸More Than Friends(သူငယ်ချင်...

By LoonDarli

48.3K 2.3K 192

❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့... More

🌸Intro🌸
🌸Part -1🌸
🌸Part -2🌸
🌸Part -3🌸
🌸Part -4🌸
🌸Part -5🌸
🌸Part -6🌸
🌸Part -7🌸
🌸Part -8🌸
🌸Part -9🌸
🌸Part -10🌸
🌸Part -11🌸
🌸Part-12🌸
🌸Part -13🌸
🌸Part -14🌸
🌸Part -15🌸
🌸Part -16🌸
🌸Part -18🌸
🌸Part -19🌸
🌸Part -20🌸
🌸Part -21🌸
🌸Part -22🌸
🌸Final🌸

🌸Part -17🌸

1.4K 86 3
By LoonDarli

(Zawgyi)







"ဟုတ်ကဲ့အန်တီ"












"အင်း ဟုတ်တယ်"


"ဘာကြီး? ဖား?"


"ဘယ်လို?........"


"မား"



"အေးအေး ဂရုစိုက်ဦး"





"အေးအေးသား သွားလေ"

"ဟုတ်ကဲ့"



...................................................................................


(ဟင်? ဒီကားက...)


"ရှောင်းကျန့်"

"အင်း"








"ငါ့ကိုချစ်တယ်တဲ့..."














"အင်း"








...................................................................................


"ယွီရှန်"

"ဟုတ်ကဲ့"















"ဘယ်လို?"


"ဗျာ! တကယ်ကြီးလား"














...................................................................................






~တောက်!~









🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸






...................................................................................

(Unicode)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"စဉ်းစားလေ ရှောင်းကျန့်ကအမြဲ ငါ့ကိုပဲဦးစားပေးတာ မင်းကိုမနာလိုစရာဘာစောက်ကြောင်းမှမရှိဘူး"

"အဟဟ ဟုတ်လား ‌ေ-သချာတာ‌ကတော့ မင်းကိုရှောင်းကျန့်မချစ်တော့ဘူး"

"အပြောမစောနဲ့ငါ့ကောင် ရှောင်းကျန့်က င့ါကိုပဲချစ်တာ"

နှစ်ယောက်သား စကားစစ်ခင်းနေကာ အကြည့်တို့ကကြောက်မက်ဖွယ်ရာအတိ။ ရှောင်းမားက အိမ်ထဲသို့ဝင်လာကာ

"အားကျိုရေ အန်တီ့ကိုလက်အိတ်လေးပေးပါဦး"

"ဟုတ်ကဲ့အန်တီ"

ရိပေါ်က ချစ်ရသူအမေဖြစ်သူကို မျက်နှာသာရချင်တာကြောင့်

"အန်တီ ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ရပါတယ် သားရိပေါ်ရယ် အန်တီက ပန်းပင်လေးတွေအားဆေးထည့်မလို့ပါ"

"ဟင် အဲ့ဒါက အားကျိုကိုလုပ်ခိုင်းလို့မရဘူလားအန်တီ"

"အားကျိုလေးက တခြားအလုပ်တွေလည်းလုပ်နေရသေးတယ်လေ ဒါကြောင့်အန်တီပဲ လုပ်ရတာပေါ့"

"အော် ရပါတယ်အန်တီရာ ဒါလေးတွေလောက်ကတော့ ကျွန်တော်လည်းလုပ်တက်ပါတယ်"

"သားရိပေါ် ကူချင်တယ်ဆိုရတယ်လေ အင့် ဒီမှာလက်အိတ်"

အားကျိုလာပေးတဲ့လက်အိတ်ကို ရှောင်းမားက ရိပေါ်ကိုပေးတော့ ပြုံးဖြီးကာ ယူလိုက်ပြီး ရှောင်းမားနဲ့အတူ ခြံထဲသို့ဆင်းသွားသည်။ ခဏအကြာတွင် အ‌ပေါ်ထပ်မှဆင်းလာသောရှောင်းကျန့် ထမင်းစားခန်းထဲကိုကြည့်လိုက်တော့ ရိပေါ်ကိုမတွေ့ ရိုဟန်ကိုသာတွေ့သည်။

(ရိပေါ် ဘယ်ကိုသွားတာလဲ?)

"ဝမ်ရိပေါ်ကို ရှာနေတာလားရှောင်းကျန့်"

ရိုဟန်စကားကြောင့်ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည်

"အင်း ဟုတ်တယ်"

"မင်းမားကို သွားဖားနေလေရဲ့"

"ဘာကြီး? ဖား?"

"အော် သူ့ကိုအမှတ်တွေအများကြီးပေးပြီး မျက်နှာသာရချင်လို့လေ ခြံထဲမှာ အပင်တွေကိုဆေးကူထည့်ပေးနေလေရဲ့"

"ဘယ်လို?........"

ရှောင်းကျန့် အံ့ဩရပါသည် ရိပေါ်ဆိုတာ ဘာအလုပ်မှမလုပ်တဲ့သူပင် အပင်ဆေးထည့်ဖို့မပြောနဲ့ ကိုယ့်ဖိနပ်ကိုယ်တောင် ကြိုးချည်ရမှာပျင်းတဲ့သူမျိုးပင် ။ ရှောင်းကျန့်နဲ့ရိုဟန် ခြံထဲသို့ဆင်းသွားကာ ရှောင်းမားအား

"မား"

"သားတို့ သွားကြတော့မလို့လား"

"ဟုတ်တယ်အန်တီ ဒါဆိုကျွန်တော်တို့သွားပြီနော်"

"အေးအေး ဂရုစိုက်ဦး"

ရှောင်းကျန့်နဲ့ရိုဟန်တို့ကား ထွက်သွားကာမှ အပင်တွေကိုဆေးထည့်ပြနေတဲ့ရိပေါ် ခြံဝမှတစ်ချက် ပြေးချောင်းလိုက်သည်

(ဟဟဟ မင်းငါနဲ့တွေ့မယ်ရိုဟန်)

"သားရိပေါ်  ဘာဖြစ်လို့လဲ"

"အမ်း...အာ...ဟို ဟိုလေ ကျွန်တော်အခုမှသတိရလို့အန်တီ အိမ်မှာယူစရာပစ္စည်းလေးတစ်ခုကျန်ခဲ့လို့ အဲ့ဒါအခုသွားယူမှရမှာ ကျွန်တော်သွားလိုက်ဦးမယ်နော်အန်တီ"

"အေးအေးသား သွားလေ"

"ဟုတ်ကဲ့"

ရှောင်းမားခွင့်ပြုချက်ရသည်နှင့် လက်အိတ်ကိုအမြန်ချွတ်ကာ ကားပေါ်တက်၍ အမြန်မောင်းထွက်သွားသောရိပေါ် ရှောင်းမားကတော့ ရယ်၍သာကျန်ခဲ့သည်

"အော် သားရိပေါ်ရယ် လိုက်ချောင်းမယ်ဆို လိုက်ချောင်းမယ်ပေါ့ ဘယ်နှယ့် ဒီခေတ်ကလေးတွေများ တက်လည်းတက်နိုင်ကြတယ် အဟင်းဟင်း.."

...................................................................................

ရိုဟန် ကားမောင်းနေစဉ် ကားအနောက်ရဲ့မလှမ်းမကမ်းမှလိုက်လာသောကားတစ်စီးကိုမြင်လိုက်သည်။

(ဟင်? ဒီကားက...)

ရိုဟန်သိတာပေါ့ ဒီကားက ဘယ်သူ့ရဲ့ကားဆိုတာကို ဒါကြောင့် ပြုံးရယ်လိုက်ကာ ရှောင်းကျန့်ကိုပြောလိုက်သည်

"ရှောင်းကျန့်"

"အင်း"

"ဒီနေ့တော့ ပျော်စရာကောင်းမယ်ထင်တယ်"

"ဘာလို့လဲ ဘာပျော်စရာများရှိလို့လဲ"

"ဒီနေ့ပျော်စရာရှိတယ် ကစားပွဲလေးတစ်ခုပေါ့ ကော်ဖီဆိုင်ရောက်ရင် ငါမင်းကိုအဲ့ကစားနည်းကိုပြမယ် မိုက်တယ်"

"အင်း ပြလေ ကြည့်ရတာပေါ့"

"ဒါနဲ့ မင်းအိမ်မှာရိပေါ်ရောက်နေတာကို အိမ်မှာမနေပဲ ဘာလို့ငါနဲ့လိုက်လာတာလဲ ခါတိုင်းဆိုမလိုက်ဘူးချည်းပဲငြင်းနေတဲ့သူက ဒီနေ့ထူဆန်းနေတယ်"

"ရိပေါ်က ငါ့ကိုဖွင့်ပြောတယ်ရိုဟန်"

"ဟင်? ဘာကိုဖွင့်ပြောတာလဲ"

"ငါ့ကိုချစ်တယ်တဲ့..."

အသံသိမ်သွားကာ ခေါင်းငုံ့၍ပြောလိုက်တဲ့ရှောင်းကျန့် သူ့ကိုယ်သူယုံကြည်မှုပျောက်ဆုံးနေတာကအထင်းသားပေ။ ရိုဟန် မျက်လုံးပြူးသွားကာ ကားကိုဘေးသို့ခဏထိုးရပ်လိုက်သည်

"ဟာ! တကယ်ကြီးလား သူကဝမ်ချင်နဲ့ချစ်သူတွေမဟုတ်ဘူးလား"

"ဟုတ်တယ် သူနဲ့ဝမ်ချင်ကချစ်သူတွေ သူတို့ကော်ဖီဆိုင်တစ်ဆိုင်မှာ ဖက်ထားကြတာကိုငါမြင်ခဲ့တယ် ဒါကြောင့်ငါမယုံဘူး ရိုဟန်...ငါဘာလုပ်ရမလဲ"

"ဟင်း...ဘာမှလုပ်စရာမလိုဘူး တစ်ခုပဲ မင်းကိုယ်မင်းယုံကြည်မှုရှိပါ မင်းချစ်တဲ့သူကိုမင်းယုံကြည်ပါရှောင်းကျန့် ဝမ်ရိပေါ်ကသာ မင်းကိုတကယ်ချစ်တာဆိုရင် သူတစ်နည်းမဟုတ် တစ်နည်းနဲ့တော့ မင်းကိုသ-က်‌ေ-သပြလိမ့်မယ်"

"ငါမသိတော့ပါဘူး သူ့မှာဝမ်ချင်တစ်ယောက်လုံးရှိနေလျက်နဲ့ ဘာလို့ငါ့ကိုချစ်တယ်ပြောရတာလဲ စဉ်းစားလို့မရဘူး အရင်နဲ့မတူအောင်ပဲ ရိပေါ်ကငါ့အနားကိုတအားကပ်တယ် ငါ့ကိုသူကြည့်တဲ့အကြည့်တွေက အရင်လိုဖြူဖြူစင်စင်မဟုတ်တော့ပဲ သူ့မျက်ဝန်းတွေထဲမှာ အချစ်တစ်ခုကိုမြင်နေရတယ်ရိုဟန် အဲ့အချစ်က ငါ့အတွက်လား ဝမ်ချင့်အတွက်လားဆိုတာ ငါမသိဘူး"

ပြောရင်း မျက်ရည်ကျလာတဲ့ရှောင်းကျန့်ကို ရိုဟန်ဘယ်လိုဖြောင်းဖြရမှန်းမသိပေ။ ထို့ကြောင့် မျက်ရည်လေးတွေကိုသုတ်ပေးကာ

"မငိုပါနဲ့ရှောင်းကျန့်ရယ် မင်းဒီလိုငိုနေတာကို ဘယ်သူ့ကိုမှမမြင်စေချင်ဘူး အထူးသဖြင့်ဝမ်ရိပေါ်ကိုပဲ မင်းကိုသနားလို့ပြန်ချစ်ပေးမှာမျိုးကိုငါမလိုချင်ဘူး မင်းကိုတကယ်ချစ်လို့သူချစ်လာတာမျိုးကိုပဲ ငါလိုလားတယ်"

"ငါဝမ်ချင့်ကိုသွားပြောလိုက်ရင်ကောင်းမလား အဲ့လိုဆိုရင် ဝမ်ချင်ကရိပေါ်ကိုငိုအောင်လုပ်မှာကို ငါစိုးရိမ်တယ် မပြောပဲနေရင်လည်း ရိပေါ်ငါ့ကိုဆက်ကစားနေမှာကို ငါခံနေရမှာ ကြာရင်ငါပဲရူးလိမ့်မယ်ရိုဟန်"

"မဟုတ်ဘူးရှောင်းကျန့် မင်းဝမ်ချင့်ကိုသွားပြောပြစရာမလိုဘူး ဝမ်ရိပေါ် မင်းကိုတကယ်ချစ်မချစ် ငါလုပ်ပေးနိုင်တယ်"

"မင်းက ဘယ်လိုလုပ်မလို့လဲ"

"ဒါက ငါ့ဘာသာလှုပ်ရှားမှာပါ မင်းကသာ အသာလေးလျှောပြီးလိုက်ခဲ့ ဘာမှမပြောပဲ ခဏတာလောက်ဝမ်ရိပေါ်ကို လျစ်လျူရှုထားလိုက်"

"အင်း မင်းလုပ်ကြည့်လေ ငါမသိချင်ယောင်ဟန်ဆောင်ပေးပါ့မယ်"

"ဟုတ်ပြီ အခုလောလောဆယ်မငိုနဲ့တော့ တိတ်တိတ် ကော်ဖီသွားသောက်ကြမယ်လေနော်"

"အင်း"

ရိုဟန် ရှောင်းကျန့်ကိုမျက်ရည်သုတ်ပေးကာ ချော့နေသလောက် ကားအနောက်ရဲ့မလှမ်းမကမ်းက ကားထဲမှရိပေါ်ကတော့ ဒေါသတွေအလိတ်လိုက်ထွက်လို့နေသည်

"သူတို့ကကားကိုရပ်ပြီးဘာလုပ်နေတာလဲ? ကျစ်! စောက်ကားကလည်း ရှင်းရှင်းလင်းလင်းမမြင်ရဘူး ချီးပဲ!!"

ရိုဟန်မှ ရှောင်းကျန့်မျက်နှာကိုကိုင်ပြီးမျက်ရည်သုတ်ပေးနေသည်ကို မသဲမကွဲတွေ့နေရသောရိပေါ် ဒေါသတွေအထွတ်ထိတ်ရောက်နေပြီပင်

"ဟာဟာ ကုန်ပါပြီ ရိုဟန်! မင်းက ဘာကိစ္စနဲ့ရှောင်းကျန့်မျက်နှာကိုကိုင်တာလဲ! မရဘူး မင်းနဲ့ငါနဲ့တွေ့မယ်!"

ဆိုကာ ကားပေါ်မှဆင်းမယ်အလုပ် ခေါင်းထဲဝင်လာသောအသိကြောင့် ကားတံခါးကိုပြန်ပိတ်လိုက်သည်

"နေဦး ငါအခုသွားသောင်းကျန်းရင် ငါအနောက်ကနေ လိုက်ခိုးချောင်းမှန်းသိသွားမှာပေါ့ မဖြစ်ဘူး ရိုဟန်သာ ငါအခုလိုလိုက်ချောင်းမှန်းသိရင် ငါ့ကိုလှောင်နေမှာ ဟာကွာ တကယ်ပဲ...ဟူး..."

ရိပေါ် သ-က်ပြင်းချနေတုန်း ရိုဟန်တို့ကားလေးက ပြန်မောင်းထွက်သွားတာကြောင့် သူဆက်မတွေးနိုင်တော့ကာ အနောက်မှအမှီလိုက်ရသည်

...................................................................................

ဧည့်ခန်းထဲ၌ ယွီမားနဲ့ယွီလူကြီးမင်းထိုင်နေသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စကားသံတို့က မဖွင့်ဟကြပေ။ ထိုအခိုက်အတန့်ကိုဖြိုခွင်းလိုက်သူက ယွီလူကြီးမင်းပင်

"ယွီရှန်"

"ဟုတ်ကဲ့"

"ကိုယ်တောင်းပန်ပါတယ် မင်းကိုပြစ်ထားခဲ့မိတယ်"

"ကျွန်မလည်းတောင်းပန်ပါတယ် နောက်အိမ်ထောင်ပြုခဲ့မိလို့"

"ဒါပေမယ့် အခုကွာရှင်းလိုက်ပြီပဲလေ"

ယွီလူကြီးမင်းက ယွီမားရဲ့လက်နှစ်ဖက်ကိုဖွဖွလေးဆုတ်ကိုင်ကာ

"ကိုယ်တို့အသစ်ကနေ ပြန်စကြရအောင်လားဟင် ကိုယ်မင်းကိုတစ်ရက်ကလေးမှမေ့မရခဲ့သလို အချစ်လည်းမပျက်ခဲ့ပါဘူးယွီရှန်"

ယွီမားတစ်ယောက် မျက်ရည်များဝဲတက်လာကာ ငိုသံသဲ့သဲ့ဖြင့်

"ကျွန်မလည်းရှင့်ကိုချစ်တယ် ကျွန်မရှင်ကလွဲပြီး ဘယ်သူ့အပေါ်မှ ဖောက်ပြားတဲ့စိတ်မရှိခဲ့ပါဘူး သမီးလေးကိုစောင့်ရှောက်ဖို့အဖေမရှိရင် မျက်နှာငယ်ရမှာစိုးလို့ အကာကွယ်ဖြစ်ရုံသာ အိမ်ထောင်ပြုခဲ့တာပါ ကျွန်မတောင်းပန်ပါတယ်"

မျက်ရည်လေးတွေကိုသုတ်ပေးလာတဲ့ယွီလူကြီးမင်းက သူသည်လည်း မျက်ရည်များဖြင့်

"မင်းဘယ်သူ့ကိုချစ်ချစ် ကိုယ့်အတွက်အရေးမကြီးဘူးယွီရှန် အဓိကက ကိုယ်ချစ်ဖို့ပဲ အချစ်ဆိုတဲ့အရာက နားလည်ရခက်တယ် ကိုယ့်ကိုချစ်တဲ့သူကိုကြ ကိုယ်ကမချစ်ဘူး ကိုယ့်ကိုမချစ်တဲ့သူကိုကြတော့ ကိုယ်ကချစ်နေလိုက်တာများ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်းမဟုတ်ဘူး ရယူခြင်းလည်းမဟုတ်ဘူး ချစ်နေရုံလေးပဲ တစ်ဖက်လူက ဘယ်သူ့ကိုချစ်ချစ် ဘာလုပ်လုပ် မသိချင်ယောင်ဆောင်ပြီး ကိုယ်ကပဲ ချစ်ပေးနေရုံလေး ဒါကိုပေးဆပ်ခြင်းလို့မခေါ်ပဲ ချစ်ရသူရဲ့အပြုံးကိုသာတန်ဖိုးထားတယ်လို့ခေါ်တယ်"

ယွီမားငိုကာ ယွီလူကြီးမင်းကိုဖက်လိုက်ပြီး ရှိုက်ကြီးတငင်ဖြင့်သာ ယွီလူကြီးမင်းကတော့ ချစ်ဇနီးလေးကိုကျောလေးပုတ်ကာနှစ်သိမ့်ပေးနေသည် ။ ဧည့်ခန်းအဝ အကွယ်နား၌ ခိုးကြည့်နေတဲ့မောင်နှမနှစ်ယောက် အသာပြန်ထွက်လာကာ ခြံထဲရှိပန်းခင်းထဲ၌ နှစ်ယောက်သား ထိုင်လိုက်ကြသည်။ မျက်ရည်များကျနေတဲ့ဝမ်ချင်ကို ယွီပင်းက

"အမ နင်ဘာလို့မျက်ရည်ကျနေတာလဲ ပျော်ရမှာမဟုတ်ဘူးလား"

"အမပျော်ပါတယ် ငါ့မောင်ရယ် မျက်ရည်ကျမိတာက အပျော်လွန်သွားလို့ပါ ဒါ့အပြင် တစ်ဆက်ထဲသိသွားတာက အချစ်ဆိုတဲ့အရာက တန်ဖိုးကြီးလွန်းတယ်ဆိုတာကိုပဲ အမဒီလိုတန်ဖိုးကြီးတဲ့အရာကို သူတို့ကိုမဆုံးရှုံးစေချင်ဘူး"

"အမပြောတာကိုနားမလည်ဘူး ဘယ်သူ့ကိုမဆုံးရှုံးစေချင်တာလဲ"

"ရိပေါ်နဲ့ရှောင်းကျန့်လေးကိုပါ"

"ဘယ်လို?"

"ဟုတ်တယ်ငါ့မောင် ရှောင်းကျန့်က ရိပေါ်ကိုချစ်နေတာ"

"ဗျာ! တကယ်ကြီးလား"

"ဟုတ်တယ် နောက်ပြီး ရိပေါ်ကလည်းရှောင်းကျန့်ကိုချစ်နေတယ်"

"ဟာ! အဲ့လိုတော့မရဘူးလေအမ ဝမ်ရိပေါ်နဲ့အမက.."

"အမတို့က ချစ်သူတွေမဟုတ်ဘူးငါ့မောင် သူ့ကိုလေ့လာနေစဲကာလပဲရှိပါသေးတယ် အဓိကက ရိပေါ်က သူ့ကိုယ်သူရှောင်းကျန့်ကိုချစ်နေမှန်းတောင်မသိရှာဘူး ဒါကိုအမပြောပြပေးခဲ့တယ် ဒါပေမယ့် သူနားမလည်သေးဘူး မောင်လေး"

"ဒါဆို ကျွန်တော်ကရော? ကျွန်တော်ကရှောင်းကျန့်ကိုချစ်နေတာလေ အမ"

"ဟူး...အမလည်း အဲ့လိုတွေးခဲ့ပါတယ် ဒါပေမယ့် နင်‌ေ-သချာပြန်စဉ်းစားငါ့မောင် မင်းအမနဲ့ရှောင်းကျန့်ကိုဆို ဘယ်သူ့ကိုရွေးမလဲ"

"ဒါကတော့ရှင်းနေတာပဲလေ အမကိုပဲရွေးမှာပေါ့ဗျ"

"အဲ့ဒါပဲငါ့မောင် အချစ်ဆိုတဲ့အရာမှာ ဆွေမျိုးတွေ သူငယ်ချင်းတွေမလိုဘူး ချစ်သူတွေမလိုအပ်ဘူး ကိုယ့်ရင်ထဲမှာ ဘယ်သူနဲ့ယှဉ်လာလာအရေးကြီးဆုံးသူတစ်ဦးကသာ ချစ်ခြင်းမေတ္တာပဲငါ့မောင် ရှောင်းကျန့်လေးက ရိပေါ်အတွက်ဆို သူ့အသ-က်ကိုတောင် နှမျှောနေမယ့်သူမဟုတ်ဘူး ရိပေါ်ကလည်းရှောင်းကျန့်ကို အကြည့်နဲ့တောင်အထိခံတဲ့သူမဟုတ်ဘူး ဒီအရာတွေကို အမ အချိန်တော်တော်ကြာကြာယူပြီးတော့ကို လေ့လာခဲ့တာ ဒါကြောင့် မင်းကရှောင်းကျန့်ကိုချစ်တာမဟုတ်ဘူးမောင်လေး သနားတာ သနားချစ်ပဲငါ့မောင် အချစ်စစ်မဟုတ်ဘူး"

"အမပြောတာ ဖြစ်နိုင်ပါ့မလား ကျွန်တော်မယုံဘူးအမ"

"မင်းယုံအောင် အမသ-က်‌ေ-သပြမယ် အကယ်၍သာ အမပြောတာတွေကအမှန်ဆိုရင် ငါ့မောင်လေးက စစ်မှန်တဲ့အချစ်တစ်ခုကို မတားစီးပဲပေါင်းစည်းပေးပါ အမတောင်းဆိုတယ် ပါးနဲ့မားလို ဘယ်သူ့ကိုမှမခံစားစေချင်ဘူးမောင်လေး"

"ကျွန်တော်ကတိပေးပါတယ် အကယ်၍သာ အမပြောတာမှန်ရင် ကျွန်တော်နောက်ဆုတ်မယ် မဟုတ်ရင်တော့ ကျွန်တော်ဆက်တိုးမှာပဲအမ"

"ရတယ် ဒီစကားကိုသဘောကျတယ် စာမေးပွဲပြီးရင် အမစီစဥ်ထားတာတစ်ခုရှိတယ် အဲ့အခါကြ မင်းစောင့်ကြည့်ပေါ့မောင်လေးရယ်"

"ဟုတ်ကဲ့ ကျွန်တော်‌ေ-သချာပေါက်ကြည့်နေမှာပါ"

ယွီပင်းတစ်ယောက် ရှောင်းကျန့်ကိုချစ်ပါသည် သို့သော် သူ့အမလောက်တော့အရေးမပါပေ။ သူ့ရဲ့အမကသာ သူ့အတွက် အရေးကြီးသူပါ။ သူတို့မိသားစုလေး တစ်စုတစ်စည်းတည်းနေရဖို့ကသာ အဓိကကျပြီး အချစ်ဆိုတာ ယွီပင်းအတွက်တော့ သိပ်အရေးပါမနေပေ

...................................................................................

ရိုဟန် ကားပေါ်မှဆင်းကာ ရှောင်းကျန့်ကိုတံခါးဖွင့်ပေးတော့ ရှောင်းကျန့်က

"ရပါတယ် အဲ့လောက်မလိုပါဘူးရိုဟန်"

"အဟဟ လာပါ ဆင်းမှာရှိဆင်း လာ"

ဆိုကာ လက်ကမ်းပေးတော့ ရှောင်းကျန့် ရိုဟန်လက်ကိုကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်။ ဒါကိုခပ်လှမ်းလှမ်းမှ ကြည့်နေတဲ့ရိပေါ် အံများကကြိတ်လျှက်

"ခွေးမသားရိုဟန် ရှောင်းကျန့်ကိုအသားယူနေလိုက်တာများ"

~တောက်!~

ရိပေါ်တစ်ယောက် တောက်ခေါက်ကာ ကားကိုဆိုင်ထဲအထိမဝင်ပဲ အပြင်မှာသာရပ်ထားခဲ့၍ maskကြီးတပ် ဦးထုပ်အမဲကြီးဆောင်းပြီး ဆိုင်အပြင်ဘက် သစ်ပင်အကွယ်မှ ချောင်းကြည့်နေသည်။

ရိုဟန်တို့ထိုင်နေသည်က အပြင်ကိုအကုန်မြင်ရတဲ့ မှန်အကာဖြင့်ကာထားသောနေရာတွင်ထိုင်နေကြသည်။ ရိပေါ် ဆိုင်ထဲသို့ဝင်ကာ ရှောင်းကျန့်ထိုင်နေသည့်ခုံနှင့် မနီးမဝေးနားလောက်မှစားပွဲဝိုင်းတွင်ထိုင်ကာ menuစာအုပ်ကြီးကာထားလျှက် ရှောင်းကျန့်တို့ဝိုင်းကိုခိုးကြည့်နေသောရိပေါ်။

ရှောင်းကျန့်ကတော့ ရိပေါ်ကိုကျောခိုင်းထိုင်နေတာကြောင့်မမြင်ပေမယ့် ရိုဟန်ကတော့ ရယ်ချင်စိတ်ကိုထိန်းထားကာ

"ရှောင်းကျန့် မအေးဘူးလားမင်း"

"အင်း နဲနဲအေးစိမ့်စိမ့်ပါပဲ အဆင်ပြေတယ်"

"ဟာ...ဘယ်ရမလဲ တော်ကြာဖျားနေမှဖြင့် လာလာ"

ဆိုကာ သူဝတ်ထားတဲ့အနွေးထည်ကိုချွတ်ကာ မတ်တပ်ထ၍ ရှောင်းကျန့်ကို ခြုံပေးတော့ ရိပေါ်တို့တစ်ယောက် အသားများဆတ်ဆတ်ခါနေသည်

(ရိုဟန်!!! ခွေးမသား မင်းလွန်လာပြီနော်!!!!!!!)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

#WattpadAuthor_LoonDarli

#feedbackလေးတွေပေးခဲ့ကြပါဦးဗျ

#ဖတ်ရှုပေးတဲ့ဒါဒါလေးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခဗျ










Continue Reading

You'll Also Like

5.8K 722 5
𝙰𝚍𝚍 𝚊 𝚌𝚞𝚋𝚎 𝚘𝚏 𝚕𝚘𝚟𝚎... 𝙰𝚗𝚍 𝚋𝚎 𝚖𝚢 𝚏𝚘𝚛𝚎𝚟𝚎𝚛 𝚖𝚘𝚛𝚎... 𝚂𝚞𝚗 𝚡 𝚂𝚞𝚗
51.6K 3K 27
- Duty After School ff 𝐕𝐈𝐋𝐋𝐀𝐈𝐍 ❝ 𝗪𝗲 𝗮𝗹𝗹 𝗽𝗿𝗲𝘁𝗲𝗻𝗱 𝘁𝗼 𝗯𝗲 𝘁𝗵𝗲 𝗵𝗲𝗿𝗼𝗲𝘀 𝗼𝗻 𝘁𝗵𝗲 𝗴𝗼𝗼𝗱 𝘀𝗶𝗱𝗲, 𝗯𝘂𝘁 𝘄𝗵𝗮𝘁 𝗶𝗳...
我愛你 By .

Fanfiction

3.2K 346 3
A love song is sung for you .. .. Sung Hanbin x Zhang Hao • written in Burmese
71.5K 1.7K 11
He took a few more breaths and looked slightly up letting rain drip on his face. If she knew he was so scared they would never have done this. Neve...