ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၂၅

458 37 0
By trollz22

ဆယ်စုနှစ်အတော်လေးကြာမှ မိခင်ဖြစ်သူနှင့်ပြန်တွေ့ရမည့်ခံစားချက်ကဘယ်လိုပြောမည်နည်း။ သူ့အတွက်စိတ်လှုပ်ရှားမှုဖြစ်လားလို့မေးရင် ဖြစ်သည်ဟုပါးစပ်ကမဖြေတောင် ခြေဖျားလက်ဖျားများအေးနေသည်ကသက်သေပြနေသည်။ အခန်းထဲဝင်ဝင်ချင်း ကျောပေးထားသည့် အသက်အရွယ်ခပ်ကြီးကြီးအမျိုးသမီးကိုတွေ့လိုက်ရသည်။

"မာမီ"

သူ့အသံကြောင့်လှည့်ကြည့်လာသည့် သူအတွေ့ချင်ဆုံးဖြစ်နေပါသောသူ၏မိခင် တစ်ဖြစ်လဲ ဒေါ်မိုးပပဆွေ။ အချိန်များကြာမြင့်နေ သည်တောင် မာမီ့အလှကအရွယ်တင်နေသည်။

"သား သားလေး မာမီ့သားလေး"

သားမိနှစ်ယောက်ပွေ့ဖတ်နှုတ်ဆက်နေမိတာအချိန်တစ်ခုအကြာ။ နှစ်ယောက်လုံး၏မျက်အိမ်အတွင်းမှာလဲမျက်ရည်များပြည့်နပ်နေလေသည်။ ထိုင်တာတောင် သားမိနှစ်ယောက်ဘေးကပ်ထိုင်နေပြီး ဋီကာကျော်မှာ သူ့အမေလက်ဖဝါးအား သူ့လက်ဖဝါးဖြင့်အုပ်မိုးဆုတ်ကိုင်ထားလေသည်။

"သားတောင်းပန်ပါတယ်မေမေ"

"မတောင်းပန်ပါနဲ့သားရယ် သားကသားဖြစ်ချင်တဲ့အရာကို ရအောင်လုပ်သွားတာပါ"

"အခုအပြီးပြန်လာတာလားဟင်မာမီ့သားလေး"

သူ့အားမျော်လင့်ကြီးစွာနှင့်မေးမြန်းနေသည့်သူ့မိခင်အားသူအားနာမိသည်။ ငယ်စဥ်ကထဲက သူ့ဖခင်ရိုက်ကာအပြစ်ပေးလျှင် မာမီကတားဆီးပေးသည်မဟုတ်လား။ ဒါကိုပင်သူဟာ မာမီ့ကိုထားပစ်ခဲ့ရလောက်အောင်ထိဒယ်ဒီ့ကိုနာကျဥ်းသွားတာ"

"သားဒီမှာအပြီးနေတော့မှာပါ နောက်ပြီး ဟိုမှာအလုပ်တွေလက်စသက်ပြီးတာနဲ့ သား မာမီနဲ့မိုင်းအနားကိုပြန်လာမှာပါ"

အခန်းပြင်ကနေပဲ သားမိနှစ်ယောက်အလွမ်းသယ်နေသည်ကိုနားထောင်ရင်းထိုနေရာမှထွက်သွားလေသည်။ ဒါကိုဒယ်ဒီသိလျှင်မည်သို့တုံ့ပြန်လေမည်နည်း။ ဒယ်ဒီကအရမ်းအတ္တကြီးသည်မဟုတ်ပါလား။ သူနဲ့နိုဝယ်ကိစ္စတောင် ဒယ်ဒီကအခုထိသဘောတူသေးသည်မဟုတ်တာလေ။ ကိုကို့ကိစ္စကိုပါဖုံးကွယ်ထားတာသိလျှင်ဘယ်လိုအ​ခြေအနေလာမည်မသိ။ အခုတော့ မာမီနှင့်ကိုကိုအဆင်ပြေနေတာကိုပင်ကျေနပ်နေမိသည်။

တီတီ။ တီတီ။

အလုပ်ကိုပြန်သွားသည့်လမ်းမှာ ဖုန်းနံပါတ်အစိမ်းက viber ကနေဝင်လာခဲ့သည်။ သူ့ဖုန်းနံပါတ်အားနိုင်ငံခြားဖုန်းဖြင့်ခေါ်သည်မှာတော်ယုံဘယ်သူမှမရှိသည်လေ။

"ဟယ်လို ဏရီ ငါပါ"

"ဟင် ထက်ပိုင်"

လူရှင်းပြီးကားရပ်လို့ရမည့်နေရာတစ်ခုကိုရှာကာ အမြန်ကားရပ်လိုက်ရသည်။ ချက်ချင်းဖြစ်သွားသည့်အတွက် တစ်ချို့ကားသမားများဆဲဆိုသွားသည်ကိုလဲမမှုနိုင်။

"ငါ အခု ဘန်ကောက်မှာဏရီ နင်ဖြစ်နိုင်ရင် ငါ့ဆီလာပေးလို့ရမလား"

"ထက်ပိုင်ရယ်နင်အဲ့မှာဘယ်အချိန်တုန်း မူးများနေတာလား ချက်ချင်းလာလို့ရအောင် ဘန်ကောက်နဲ့ရန်ကုန်ဟ ငါ့အလုပ်တွေပစ်ထားပြီးလာရမှာလား နင်ဘာပြဿနာရှာထားပြန်ပြီလဲ"

"ဟာနင်ကလဲ ငါ့ကိုဆိုပြောဖို့ကြီးပဲ အခု ငါပြောတာသေချာနားထောင်နော် နင်ပြောဖူးတဲ့နင့်ရည်းစားဆိုတဲ့သူအကြောင်းငါပြောပြချင်လို့"

"ဟင် နိုဝယ့်အကြောင်း နိုဝယ်ဘာဖြစ်လို့လဲ သူကအခု ဒီမှာငါနဲ့ရှိနေတာလေ"

"ဟာအဲ့တာတွေနောက်မှပြောပါ နင့်ရည်းစားရဲ့အဖေကဘယ်လိုလူမျိုးလဲဆိုတာသိလား သူကဒီကနိုင်ငံရေးသမားတစ်ချို့ရဲ့လက်ပါးစေတဲ့ မာဖီးယားလိုလိုဘာလိုလိုလို့ကြားသေးတယ် နင်အကြောင်းစုံသိချင်ရင် အချိန်ရအောင်ယူပြီးဒီကိုလာခဲ့"

ထိုနေရာမှာသူငြိမ်နေမိတာအချိန်တစ်ခုကြာ။ နိုဝယ့်ရဲ့လုပ်နိုင်စွမ်းတွေ သတင်းအချက်အလက်ယူနိုင်မှုတွေ နောက်စိတ်တိုလျှင်တစ်ဇွတ်ထိုးလုပ်တက်သည့်အပြုအမှုတွေ ဟိုတလောကသူနှင့်ပတ်သက်ပြီးတွေ့မြင်ခဲ့ရတာတွေကိုကြည့်ပြီးနိုဝယ့်အကြောင်းကိုပိုပြီးသိချင်ခဲ့ပေမဲ့ အခုလို ကိုယ့်ချစ်သူအကြောင်းကို တစ်ခြားသူစီကကြားလိုက်ရ၍စိတ်ထဲဘဝင်မကျချေ။ ကိုယ်မသိသေးတဲ့နိုဝယ့်အကြောင်းတွေအများကြီးရှိတာသိပေမဲ့ သူမသိသေးတဲ့နိုဝယ့်အကြောင်းများကို စုံစမ်းကြည့်ချင်ပေမဲ့ မယုံသလိုဖြစ်နေမည်ဆိုး၍ နိုဝယ်နှင့်ချစ်သူဖြစ်ပြီးကထဲကဆက်ပြီးမစုံစမ်းပဲနေခဲ့သည်။ ဒါပေမဲ့ အခုထက်ပိုင်ကတကူးတကဖုန်းဆက်ပြီးပြောလာ၍သူသိချင်မိသည်။ နိုဝယ်မပြောပြဖူးတဲ့နိုဝယ့်အကြောင်းများအားသူသိချင်မိသည်။ ​ဒါကြောင့်အလုပ်များကိုအတင်ပြေအောင်လုပ်ကာ ထက်ပိုင်ရှိရာကိုသးလိုက်သွားရန်ဆုံးဖြတ်ခဲ့ပါသည်။

"ဟို နိုဝယ် တို့ဒီရက်ပိုင်းထဲ အလုပ်ကိစ္စနဲ့ over seas ထပ်သွားရမယ်"

"ထပ်ပြီးတော့လား"

နိုဝယ်ကသဘောမကျစွာပြောလာလေသည်။ သူနိုဝယ့်ကိုကြောက်သည်လို့ပြောရင်လွန်ရာကျလေမလား။ တကယ်တမ်း သူကြုံတွေ့ခဲ့ရသည့်အခြေအနေနောက်ပိုင်း နိဝယ်နှင့်မျက်နှာချင်းဆိုင်ရလျှင် အရင်ကလို ခံစာချက်နှင့်အတူ အနည်းငယ်ကြောက်သည့်စိတ်ကပိုလာရသည်။ အခုလဲ အလိုမကျမှုဖြစ်နေသည့် နိုဝယ့်မျက်ဝန်းများကိုသူကြောက်သည်။

"ခဏပါပဲ နိုဝယ်ရဲ့ တို့မသွားမဖြစ်လို့ပါ နိုဝယ်လဲ နိုဝယ့်ဒယ်ဒီခိုင်းထားတဲ့အလုပ်တွေအများကြီးမို့လား တို့ကြောင့် ရှင်လေးကအလုပ်မလုပ်ပဲနေနေတာလေ တို့အလုပ်ကိစ္စနဲ့သွားနေတုန်းလုပ်ထားလဲ့ပေါ့ ပြန်လာရင်အတိုးကောအရင်းကောပါပေါင်းပြီး အချစ်ကလေးအနားနေပေးပါ့မယ်နော်"

"ဏရီရှင်သိလား ကျွန်မကလေ ဒယ်ဒီကဆုံးမရင်တောင်နာခံတက်တဲ့သူမျိုးမဟုတ်ဘူးသိလား ဒါပေမဲ့ ဏရီဆိုတဲ့ဟောဒီကမိန်းမလှလေးပြောရင်တော့တစ်ခွန်းထဲနဲ့နာခံချင်နေပြန်တာပဲ"

"အဲ့တာ တို့ကိုချစ်လို့မဟုတ်လား တို့သိပါတယ် တို့လဲ နိုဝယ့်ကိုအရမ်းချစ်တာ နိုဝယ်သိတယ်မဟုတ်လား"

ဟုတ်တယ် နိုဝယ့်ကို သူချစ်တယ် နိုဝယ်၏ကောင်းခြင်းဆိုးခြင်းအကုန်လုံးကိုသူခံယူမည်။ ထက်ပိုင်ပြောပြသည့်များကိုနားထောင်ပြီး နိုဝယ့်ကိုနားလာ်ဖို့ကြိုးစားပေးမည်။ သူချစ်တာ နိုဝယ်ဆိုတဲ့လူသားကိုလေ ဒီလောက်ဆိုသူကျေနပ်သည်။

နိုဝယ့်အား ဂျပန်သွာမည်ဟုပြောထားပေမဲ့ တကယ်တမ်းကျဘန်ကောက်ကိုသွားဖြစ်ခဲ့တာ။ သူ့အားသတိထားမိမည်ဆိုးသောကောင့်ရုပ်ပါဖျတ်သွားရသည်အထိ။ ထက်ပိုင်ပြောစကားအရနှင့်သူသိသည့်အရဆို နိုဝယ်ကသူ့အားစောင့်ကြည့်နေမှာလေ။

ထက်ပိုင်ခေါ်သွားသည့် club လိုလို bar လိုလိုနေရာကိုရောက်လာသည့်အခါ ထက်ပိုင်းကိုနင်ဘာတွေလုပ်နေတာလဲဆိုသည့်အကြည့်ဖြင့်သာ။ ဒီကောင်အခုလာနေတာ Gay bar လေ။

"ထက်ပိုင် နင်gay များသွားတာလား ငါသိချင်တာ နိုဝယ့်အကြောင်းနော် နင်နဲ့အတူအချိန်ကုန်ဖို့လာတာမဟုတ်ဘူး"

"စိတ်ရှည်စမ်းပါဒဏ္ဏာရီရဲ့ ခဏနေ နင့်ဆီလူတစ်ယောက်လာလိမ့်မယ် သူ့ကိုသာမေး ငါခဏ toilet သွားအုန်းမယ် ပြီးတော့ နင်ဘယ်သူ့ရဲ့ထောင်ချောက်ထဲမှမဝင်မိစေနဲ့နော် ဒီနေရာက မြန်မာပြည်ကလို bar တွေနဲ့မတူဘူး ငါကကြံဖူးလို့အကြံပေးတာ"

သကောင့်သားက ပြောပြီးလှစ်ပြေးတာတစ်ချိုးထဲ။ သူကသာထိုနေရာမှာတစ်ယောက်ထဲကြောင်တောင်တောင်ဖြစ်ကျန်ခဲ့တာ။ ထက်ပိုင်ပြောသည့်ထောင်ချောက်ကကောဘာလဲ။ ကြာတော့ထိုနေရာကနေထွက်ပြေးချင်နေမိပါပြီ။

"စောင့်နေတာကြာသွားပြီလား"

"အမ်..ထက်ပိုင်ပြောတဲ့သူဆိုတာလားမသိဘူး"

"အဟင်း ဟုတ်တယ် ဒို့ပါ မင်းကနိုဝယ့်အကြောင်းသေချာသိချင်တယ်ဆို ဟုတ်လား"

အမျိုးသမီးကိုကြည့်ရတာသူပါရှိန်ရသည်။ အခန်းတွင်းလွတ်ထားသည့်အဲကွန်းကြောင့်ပဲလားမသိ ကျောပါချမ်းစိမ့်စိမ့်။ ထိုအမျိုးသမီးရဲ့အကြည့်တွေကကြောက်ဖို့ကောင်းစွာဖြင့်။ ထက်ပိုင်နင်ငါ့ကိုဘယ်လိုနေရာခေါ်လာတာလဲ ဟူ၍သာစိတ်ထဲပြောနေမိသည်။

"ဟုတ်ပါတယ် ကျွန်မကသူ့ချစ်သူပါ"

"oops! little fox မှာချစ်သူရှိတယ်ဟုတ်လား အံသြစရာပဲ သူ့လိုလူမျိုးကချစ်သူရည်းစားထားတယ်ဆိုတော့ မနတ်ဖြန်အနောက်အရပ်ကနေထွက်မယ်ထင်တယ်"

"ဒီမှာရှင်ဘာကိုဆိုလိုတာလဲရှင်းရှင်းပြောပါ ကျွန်မကအချိန်သိပ်မရဘူး"

"အိုကေလေ တို့လိုရင်းပဲပြောပါ့မယ် မင်း bdsm ကိုသိလား"

"ဟမ် bdsm ဟုတ်လား နည်းနည်းပါးပါးတော့ကြားဖူးပါတယ်"

"little fox က masochist လေ"

"ဟင်"

ထိုသို့ပြောပြီး ထိုအမျိုးသမီးကဟန်ပါပါနှင့်သူ့အနားတိုးလာတာကိုသိပေမဲ့ လှုပ်မရသည့်အခြေအနေ။ သူမစိတ်များကိုသူမပိုင်တော့သလို။ ထိုအမျိုးသမီးသူ့ကိုလာထိသည့်အထိအတွေ့ကိုသူခံစားမိပါရဲ့လား။ ဒါမှမဟုတ် သူလှမ်းမြင်လိုက်ရသည့်မြင်ကွင်းငယ်တစ်ခုကြောင့် စိတ်လွတ်သွားရသည်လား။ သူကသာမြင်နေရပေမဲ့သူ့ကိုတော့မြင်ဟန်မရှိသည့် မိန်းခလေး အထူးသဖြင့်သူ၏ချစ်ရသူ။ ခုနကအမျိုးသမီးကသူ့နားနားကပ်ကာပြောနေသည့်စကားများကိုလဲနားထောင်နိုင်စွမ်းမရှိ။ သူ့မျက်စိရှေ့ကမြင်ကွင်းကသာအာရုံထဲမှာ။

ကောင်မလေးတစ်ယောက်ကိုအားပါပါနှင့်နမ်းနေသူက နိုဝယ်ပါပဲ။ ဘယ်လောက်ပဲအဝတ်အစာပုံစံပြောင်းနေပါစေ ဒါသူချစ်ရတဲ့နိုဝယ်လေ။ သူ့ပေါင်ပေါ်တက်ထိုင်နေကာပွတ်သက်နေသည့်ထိုကောင်မလေးကိုအခုတောင်သွားကာဆွဲချချင်သည်။ ဒါပေမဲ့သးမယုံကြည်နိုင်ဒါဖြစ်နိုင်ပါ့မလား။

"အဲ့မြင်ကွင်းကရိုးနေပြီခလေးမလေးရဲ့ အဲ့တာမှ little fox ရဲ့ပုံစံအစစ် မင်းတွေ့ဖူးသိဖူးပတ်သက်ဖူးတဲ့နိုဝယ်ဆိုတာ ဟန်ဆောင်နေတာပဲဖြစ်ရမယ် သူကဘယ်သူ့ကိုမှအတည်တွဲဖူးတဲ့လူစားမျိုးမဟုတ်ဘူးလေ တို့ပြောတာမယုံရင်မင်းသူတို့နောက်လိုက်ကြည်လိုက် အော် ဒါပေမဲ့ အသံတော့မထွက်မိစေနဲ့နော် little fox က သူ့အချိန်ကောင်းကိုဖျတ်စီးတဲ့သူတွေကိုအရမ်းမုန်းတာလေ"

သူ့ခေါင်းများချာချာလည်နေသည်လား။ သူ့ရှေ့ကကောင်မလေးနှစ်ယောက်သွားသည့်နောက်ကိုအနောက်ကနေတိတ်တဆိတ်လိုက်ကာကြည့်နေမိသည်။ သူ့စိတ်ထဲလက်မခံချင်ပေမဲ့ဒါကသူမျက်မြင်တွေ့နေရသည်လေ။ မနေ့ကမှသူနဲ့အတူရန်ကုန်မှာရှိနေသည့်သူကအခုသူ့ရှေ့ကိုရောက်နေတာ။ ပြီးရင်လဲကောင်မလေးတစ်ယောက်နဲ့ မိုးမမြင်လေမမြင်လူရှေ့တောင်မရှောင်ပဲနမ်းနေခဲ့တာတဲ့လေ။ သူတို့ဝင်သွားတဲ့အခန်းအားသာသာလေးဖွင့်ကာချောင်းကြည့်နေတာတောင် ဘာကိုမှဂရုမစိုက်နိုင်အားပဲနှစ်ယောက်ကသူမမြင်ဖူးတဲ့ပစ္စည်းများနှင့်ဆက်ဆံနေကျတာ။ ထိုမမြင်ဖူးတဲ့ကောင်မလေးကိုတစ်နည်းမဟုတ်တစ်နည်းနဲ့နာကျင်အောင်လုပ်ပြီး မျက်နှာထက်အပြုံးမချသည့်သူကသူချစ်ရတဲ့သူပါတဲ့။ နှလုံးကဆူးအောင့်လာတဲ့ခံစားချက်နှင့်အတူ သူထိုနေရာကအငွေ့ပျံချင်နေမိသည်။ ထိုနေရာကချက်ချင်းပင်ပြေးထွက်လာပြီး ဦးတည်ရာမရှိသွားနေမိတာ။

"ဟင့်အင်း ဟင့်အင်း နိုဝယ်ကအဲ့လိုလူမျိုးမဟုတ်ဘူး အဲ့တာနိုဝယ်မဟုတ်ဘူး မဟုတ်ဘူး"

အော်ဟင်ကာပြောဆိုရင်း ကားလမ်းမပေါ် မျက်ရည်အရွဲသားနှင့် အရူးတစ်ယောက်လိုအော်ဟစ်နေမိသည်။ အသက်မရှုနိုင်တော့သည့်အဆုံး သူ၏လောကမှာအမှောင်ကျသွားပါတော့သည်။ ဒါကိုတော့ဆေးသုံးထားသည့်နိုဝယ်တစ်ယောက်သိပါလေမလား။

×

tbc

trollZ

Continue Reading

You'll Also Like

18.4K 1.1K 16
ဘဝပေးအခြေနေကြောင့်အရမ်းရှုပ်ပွေတဲ့...ညို့ဆိုတဲ့ကောင်မလေးနဲ့ အေးစက်တည်ငြိမ်တဲ့သာသာဆိုတဲ့....သူငယ်ချင်းကောင်မလေးနှစ်ဦးရဲ့ချစ်ခြင်းလေး....ဟာ.....
168K 4.4K 72
Hopefully people requests something to me to write about, if not than you only have the request page I guess. Edit: unless I made my own oneshots, wh...
9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...