Hey ! You Have To Be My Husba...
By Eros_90
166K 7.5K 358
My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More
❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)
Part - 12 ( Uni )
3.3K 172 4
By Eros_90
အပိုင်း -၁၂
နောက်ဆုံးတွင် မကိုဋ်ထွဋ်ခေါင်၏အနားမှနေပေးဖို့ ဆုံးဖြတ်လိုက်၏။ ရှိန်းရေ! ငါရွေးချယ်ခဲ့တဲ့အရာတိုင်း မင်းကြောင့်မဟုတ်ရပါဘူးကွာ။ ငါ့စိတ် ငါ့သဘော ငါဆုံးဖြတ်ချက်သက်သက်ပါပဲ။ ပြန်ရလာမည့်အကျိုးဆက်တွေမှာတော့ မှန်နေရင် မင်းစံရပါစေ။မှားခဲ့ရင်တော့ ငါသာခံရပါစေ။ ငါချစ်ရတဲ့မင်းအပေါ်မှာ မကောင်းတဲ့အရာမှန်သမျှ မြူတစ်မှုန်တောင်မကျရစေပဲ ကိုယ်ရောစိတ်ပါနွေးထွေးလုံခြုံရှိပါစေ။ ငါအမြဲဆုတောင်းနေမိသလိုပါပဲ။ မင်းဘဝတစ်သက်တာလုံး ပူပင်မှုတွေကင်းဝေးပြီး ဒီအရိပ်ကြောင့် အေးပါစေ။ ဒီအရိပ်ကြောင့်ပဲ နွေးပါစေကွယ် ။
*
*
*
*
*
*
*
*
" ဒေါက်! ဒေါက်! ဒေါက်!
အခန်းတံခါးကိုလာခေါက်နေသည့်အသံကြောင့် ချောင်းကြည့်ပေါက်မှနေ အပြင်ကိုလှမ်းကြည့်မိသည်။ အပြင်မှာမမြင်ဘူးသည့်တိုင် အလင်း၏ဖုန်းထဲမှမြင်ဖူးနေသော လူကိုတွေ့လိုက်ရ၏ ။
ရှေ့ရက်က အလင်း အလုပ်မှပြန်လာပြီးနေမကောင်းဖြစ်သည်။ တော်ရုံဖျားနာခဲသူက ဒီတစ်ခါမှတော့ အိပ်ယာထဲမှပင်မထနိုင်။ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ရထားတာတွေ့ပေမည့် ကိုယ်ကလည်း ဘာကြောင့်လဲဆိုတာမမေးခဲ့သလို အလင်လည်း ဘာစကားမှပြောမလာချေ။ အခုနောက်ပိုင်း အလင်းခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ကိုမကြာခဏတွေ့နေရတတ်၏။ ထိုဒဏ်ရာတွေသည် ဒီလူနဲ့တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေရမည်ကိုသိနေသောကြောင့် စိတ်တိုမိ၏။
တံခါးကိုဆွဲဖွင့်ပေးလိုက်သည့်အခါ အိမ်ထဲသို့ခပ်တည်တည်ဝင်လာသည်။ သူ့အိမ်ကိုပြန်လာသူလို သက်တောင့်သက်သာပုံစံရှိနေသူအား ကြည့်ကိုမရချေ။ အိမ်ထဲဝင်လာသူအား နောက်မှနေပြီး သူ့အကျႌစကိုဆွဲထားလိုက်သည်။
မကိုဋ်လည်း နောက်ကျောဆီမှတင်းခနဲဖြစ်သွားရသည့်အတွက် သမင်လည်ပြန်လှည့်ကြည့်လိုက်၏ ။ ခပ်တည်တည်ဖြင့် ကိုယ့်ကိုကြည့်နေသောကောင်လေး။ လင်းမြတ်ဆီမှ ဒီကောင်လေးအကြောင်းကိုမကြာခဏကြားနေရသည့်တိုင် အခုမှအပြင်မှာမြင်ဖူးခြင်းဖြစ်သည်။
နုငယ်သောမျက်နှာနှင့်ကောင်လေးသည် အလင်းနှင့်ရွယ်တူဆိုတာပင်ယုံချင်စရာမရှိချေ။ ကြည်ကြည်လင်လင်လည်းရှိသည်။နုငယ်ခြင်းနှင့်ချစ်စဖွယ်ပုံစံလေးကိုလဲ ပိုင်ဆိုင်ထား၏။ ဘယ်လိုပြောရမလဲ အဖိုးတန်သက်ရှိအရုပ်လေးတစ်ရုပ်လို့ပင် တင်စားဖို့ကောင်းတော့၏။
" လင်းမြတ်ရော "
" နေမကောင်းဘူး "
" ကျွတ်!! ကိုယ်သိတယ်လေ အခုအိပ်နေတာလား "
" ဆေးသောက်ပြီး အိပ်ပျော်သွားပြီ။ ခင်ဗျားကိုမေးစရာရှိသေးတယ် "
" ကိုယ်မှာ ဖြေစရာအဖြေမရှိသေးဘူး "
" ခင်ဗျား! !"
" ကိုယ်အခု လင်းမြတ်ကိုလာကြည့်တာ ချာတိတ်။ မင်းနဲ့အမေးအဖြေလုပ်တမ်းကစားရအောင် ကိုယ်အချိန်ပေါမနေဘူး "
" အဲဒါ ခင်ဗျားအကြောင်းလေ ။ ကျွန်တော်လဲသိချင်တာကိုမေးမှာပဲ "
" ကျွတ်! ! "
စိတ်မရှည်သလိုပြုမူလာသည်နှင့်အတူ ဘေးနားကခုံပေါ်တွင်ထိုင်လိုက်၏။
" ကဲ မေးချင်ရာကိုသာမေးတော့ ချာတိတ် "
ရှိန်းလည်း သူ့အရှေ့ကခုံမှာပင် အမြန်ဝင်ထိုင်လိုက်၏။
" ခင်ဗျား အလင်းကိုဘာတွေခိုင်းနေတာလဲ ။ သူဒဏ်ရာတွေခဏခဏရလာတယ်နော် "
" အစမို့လို့ပါ နောက်ဆိုအဆင်ပြေသွားလိမ့်မယ် "
" ဘာဗျာ!! ခင်ဗျားဘာစကားပြောတာလဲ "
" ဒီမယ်ချာတိတ် ယောကျ်ားတစ်ယောက် အလုပ်လုပ်ရင်းထိမိခိုက်မိဒဏ်ရာရမိတာ ဘာဆန်းလို့လဲ။ အလုပ်,လုပ်တဲ့သူတိုင်းဖြစ်နေကျပဲလေ "
" အလုပ်,လုပ်တဲ့သူတိုင်းဖြစ်နေကြဆိုရင်တောင် အလင်းကတော့မတူဘူး။ သူက ခင်ဗျားဆီမှာအလုပ်ဝင်မှဖြစ်တာ "
" ချာတိတ် အခုမင်းစကားများနေလို့လင်းမြတ်ကိုသတင်းမေးရမဲ့အချိန်ကုန်သွားရပြီ။ အဲတော့ ကိုယ်ပြန်တော့မယ်။ ကိုယ်ရောက်လာကြောင်း မင်းပဲပြောပြလိုက်ပေါ့ "
ကိုယ်မေးနေတာတွေကိုမဖြေဘဲ ထပြန်ဖို့ပြင်နေလေသည်။
" ဒီမှာ ကျွန်တော်မေးတာကို ခင်ဗျားမဖြေရသေး "
" ရော့ ဒါကိုယ့်ဖုန်းနံပါတ်။ သိချင်တာရှိရင် ဖုန်းကြိုဆက်ပြီးအလုပ်မှာလာတွေ့လှည့်။ ခင်ဗျားလေးမေးတာတွေကိုဖြေဖို့ အချိန်ချန်ထားပေးမယ် ။ ဟုတ်ပြီလား "
ပြောချင်ရာပြောပြီးလှည့်ထွက်သွားသူ၏ နောက်ကျောကိုကြည့်နေရင်း ရှိန်းလည်း ဒေါသထွက်လာခဲ့ရတော့သည်။တွေ့ကြသေးတာပေါ့ သူပြောတဲ့အတိုင်းအလုပ်ထဲထိလိုက်ကိုသွားအုံးမည်။ စကားပြောတာကအစ တော်တော်အကြောတင်းတဲ့လူ။ အမြင်ကိုကပ်တယ်။
မကိုဋ်တစ်ယောက် ကားထဲရောက်ထဲကပြုံးနေမိတာ လမ်းတစ်လျှောက်လုံးပါပဲ။ ကိုယ်ဒီလိုမပြုံးမိတာ ဘယ်လောက်ကြာပြီလဲ။ တစ်နှစ်လား ၊ နှစ်နှစ်လား ၊ မဟုတ်ဘူး မေမေဆုံးပြီးတဲ့နောက်ပိုင်းရယ် အိမ်ကစပြီးထွက်တဲ့အချိန်ထဲကပေါ့ ။ အိမ်ကထွက်လာရပြီးထဲက လမ်းဘေးကခြေဗလာလက်ဗလာလူနဲ့လူတွေလို အခွံကြီးသာရှိတဲ့ဘဝကို ထိုက်သင့်တဲ့အခြေအနေတစ်ခုရဖို့ ရုန်းကန်ခဲ့ရသည်။ လူငယ်တစ်ယောက်အတွက် ပျော်ရွှင်စွာနေရမည့်အချိန်မှာ ငွေနောက်လိုက်နေရတော့ ပျော်စရာအချိန်တွေပျောက်ဆုံးခဲ့ရတာမျိုး။
ကိုယ့်ငယ်ဘဝကသိပ်ပျော်စရာကောင်းခဲ့သည်။ ဖေဖေရယ်မေမေရယ်ကိုယ်ရယ် သုံးယောက်ထဲသာရှိသောမိသားစု။ ဖေဖေသည် အမြဲအလုပ်များနေတတ်ပြီး ကိုယ့်အပေါ်မနွေးထွေးတတ်ပေမည့် မေမေကတော့ ဖေဖေနှင့်မတူ။ ကိုယ့်ကိုအရိပ်တကြည့်ကြည့်ဖြင့် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်၏။ ယဉ်ကျေးသိမ်မွေ့သောမေမေသည် ကိုယ့်အပေါ်မှာလည်း အလွန်နူးညံ့စွာပြောဆိုသင်ပြပေးတတ်သူဖြစ်သည်။
ကိုယ့်အသက် ၁၀နှစ်ပြည့်မွေးနေ့လုပ်ပြီးသိပ်မကြာခင်မှာပင် မေမေရုတ်တရက် ဆုံးပါးသွားခဲ့သည်။ အမြဲတမ်း မေမေနှင့်သာအနေများခဲ့ရသူမို့ မေမေမရှိတော့သည့်အခါ ကိုယ်စိတ်ဒဏ်ရာအများကြီးရခဲ့ရသည်။ နောက်ထပ် ကိုယ့်အတွက်ကံဆိုးမှုက မေမေဆုံးတာ တစ်နှစ်မပြည့်သေးခင်မှာပင် ဖေဖေကနောက်အိမ်ထောင်အသစ်ထူထောင်ခဲ့သည်။ အသက်၁၀ကျော် အရွယ်သားတစ်ယောက်ကို နောက်အိမ်ထောင်နှင့်ပတ်သက်ပြီး ဘာဆိုဘာမှတိုင်ပင်အသိပေးခဲ့တာမျိုးမရှိ။ ကိုယ့်အပေါ် ဘယ်တုန်းကမှ နွေးထွေးကြင်နာခြင်းမရှိခဲ့သည့်ဖေဖေသည် သူအိမ်ထောင်အသစ်အတွက်ရွေးချယ်ရာမှာလည်း ကိုယ့်ကိုရော ကိုယ့်စိတ်ခံစားချက်ကိုပါလုံးဝထည့်မတွက်ခဲ့။
အမြဲတမ်းပျော်ရွှင်နေတတ်သည့် ကလေးတစ်ယောက်က ဖခင်အပေါ်မကျေနပ်ချက်တွေကြောင့် ရိုင်းစိုင်းတတ်သည့်အမူအရာတွေကို စတင်ပြုမူလာတတ်တော့သည်။ ဖေဖေ့နောက်အိမ်ထောင်အသစ်ဒေါ်နှင်းပန်းအိမ်က မေမေနှင့်အလွန်ကွာခြားသည်။ မေမေသည် ဇနီးကောင်းပီသစွာနေထိုင်ရင်း ခင်ပွန်းဖြစ်သူလိုအပ်သမျှ နောက်ပါးနေရာမှဖြည့်ဆည်းပေးတတ်သူဖြစ်သည်။ ဒေါ်နှင်းပန်းအိမ်ကတော့ ဖေဖေ့အတွင်းရေးမှူးဖြစ်ခဲ့သူမို့ ဖေဖေ့ဘေးနားမှာအတူယှဉ်ရပ်ပြီး ဖေဖေလိုအပ်သမျှ
ထောက်ပံ့ပေးနိုင်သူဖြစ်သည်။
ကိုယ့်အမေနေရာကိုဝင်ယူခဲ့သည့်ဒီအမျိုးသမီးကို မကျေနပ်ချပ်ပေါင်းများစွာဖြင့်နေထိုင်နေရသည့်အချိန် ဒေါ်နှင်းပန်းအိမ်ကဖေဖေ့ရင်သွေးကိုမွေးဖွားလာတော့၏။ အဖေဖြစ်သူ၏နောက်အိမ်ထောင်အပေါ်မှာတောင် အမြင်မကြည်နိုင်သေးသည့်ကိုယ့်အတွက်တော့ နောက်ထပ်အဖေ့နှင့်ပတ်သက်သည့်သွေးသားအသစ်ကို ဘယ်လိုမှလက်ခံနိုင်ခြင်းမရှိခဲ့ချေ။
သက်ထက်ပန်ဆိုသည့် ကိုယ့်အဖေ၏ နောက်ထပ်ရင်သွေးသားငယ်သည် အခြားသောကလေးများနဲ့မတူသည့်ပုံစံနှင့်မွေးဖွားလာရသူဖြစ်၏။ မွေးထဲကလိင်အင်္ဂါနှစ်မျိုးပါသောထိုကောင်လေးကို ဆေးပညာအကူအညီနဲ့ယောကျ်ားလေးတစ်ယောက်အဖြစ် ရှင်သန်နေထိုင်စေသည်။ အဲဒီအချိန်တုန်းက ကိုယ့်အသက်ကဆယ်နှစ်ကျော်လောက်ရှိနေပြီမို့ ထိုအဖြစ်အပျက်တွေအားလုံးကို မှတ်မိနေ၏ ။
အစထဲက အမြင်မကြည့်သည့်မိထွေးကမွေးလာသည့်သားအပေါ် ဖေဖေသည် သည်းသည်းလှုပ်ချစ်ပေးခဲ့၏။ ကိုယ်ဘယ်တုန်းကမှမရခဲ့သည့် ဖခင်မေတ္တာတွေကို ထိုကောင်လေးကတော့ မလိုချင်လောက်အောင်ရ၏။ ကလေးသဘာဝပေါ့ ကိုယ်လိုချင်လွန်းပြီးမရခဲ့သည့်ဖခင်မေတ္တာကို ထိုကလေးရနေတာကိုမျက်စိရှေ့မှာမြင်နေရသည့်အခါ မကိုဋ်စိတ်ထဲ မနာလိုခြင်းဆိုသည့်စိတ်ရိုင်းက မဖိတ်ခေါ်ရဘဲဝင်ရောက်လာသည်။
တစ်ခါတစ်လေ ကိုယ်တွေးမိတာရှိသည်။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေမှာ ကိုယ့်ကို လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတတ်သောအဖေသည် စိတ်ပိုင်းဆိုင်ရာနွေးထွေးမှုကိုတော့ ဘာကြောင့်မပေးခဲ့သလဲပေါ့။ မေမေ့ကိုမချစ်ခဲ့လို့များ ကိုယ့်ကိုမကြင်နာတာများလားလို့တွေးရအောင်လည်း ဖေဖေသည်မေမေ့ကို အရိပ်တကြည့်ကြည့်ဖြင့်ချစ်ပေးခဲ့တာ အမြဲမြင်ခဲ့ရသည်။နောက်ထပ်သူ့ဇနီးအသစ်ပေါ်မှာရော သူ့သားငယ်အပေါ်မှာပါအရိပ်တကြည့်ကြည့် ရှိနေတတ်သောဖေဖေ့၏မေတ္တာရပ်ဝန်းသည် ကိုယ်ရှိရာအရပ်မှာသာကွက်ပြီးမိုးခေါင်နေခဲ့ခြင်းက ကိုယ့်ကုသိုလ်ကံပင်ဖြစ်ပေလိမ့်မည်။
မကိုဋ်ဆိုသည့်ခေါ်သံနှင့်သားငယ်လေးဆိုသည့်ခေါ်သံကြားက မေတ္တာအတိမ်အနက်ကို ခွဲခြမ်းစိတ်ဖြာပြီးကြည့်ခဲ့မိသည့်နောက်ပိုင်း ကိုယ့်ကိုချစ်ပေးတဲ့သူမရှိတော့သည့်အိမ်ကြီးတွင် စိတ်ဒဏ်ရာများစွာဖြင့် အရွယ်ရောက်ကြီးပြင်းလာခဲ့ရတော့၏။ ကလေးငယ်တစ်ဦး၏ တီတီတာတာရယ်သံ၊ အဖေနှင့်အမေရဲ့ကြည်နူးစွာချော့မြှူနေသံများသည် မကိုဋ်အတွက်တော့ နှလုံးသားဖြင့်လည်းမခံစားနိုင် နားဖြင့်လည်းမကြားနိုင်သည့် လောကငရဲပင်ဖြစ်ခဲ့ရလေတော့သည်။
ကိုယ်အရွယ်ရောက်လာသည့်အချိန် ကိုယ်မသတီသည့်
ထိုကောင်လေးက ကလေးသဘာဝ ကိုယ့်ကိုလိုက်ပြီးတွယ်ကပ်နေလို့ ပြောဆိုမိရာကာနေစပြီး အဖေဖြစ်သူကပါ
သူ့မယားနှင့်သူ့သားဘက်နာကာ ကိုယ့်ကိုဝင်ရောက်ပြောဆိုလေသည်။ ထိုအချိန်မှစ၍ မိသားစုတွေကြား အမုန်းတရားကြီးထွားလာရသည်။ နောက်ဆုံးတော့ မကိုဋ်အိမ်ပေါ်ကနေဆင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ခြင်းဖြစ်၏ ။
ငယ်ဘဝမှာ အခြားကလေးတွေလိုပျော်ရွှင်နေခဲ့ရတာမျိုးမရှိခဲ့။ပိုက်ဆံရှာဖို့အတွက် ငွေရလွယ်သည့်အရာတွေနောက်လိုက်ရင်း နယ်စပ်မှာရှိသည့်နိုင်ငံခြားသားပိုင် လောင်ကစားရုံတစ်ခုကိုရောက်သွားရသည်။ ငွေရဖို့တစ်ခုထဲအာရုံထားပြီး အလုပ်ကြိုးစားခဲ့သူမို့ အချိန်ခဏလေးအတွင်းမှာပင် ကိုယ့်ကိုသူဌေးက သဘောကျသွားပြီး နောက်ပိုင်းလူယုံနေရာအထိရောက်သွားခဲ့ရသည်။ သူဌေးနဲ့အလုပ်အပေါ် သစ္စာရှိတဲ့ရလဒ်ဟာကိုယ့်ဘဝကို အများကြီးပြောင်းလဲသွားစေသည်။
နယ်စပ်တစ်လျှောက် မကိုဋ်ထွဋ်ခေါင်ကိုသွားမထိနဲ့ဆိုရလောက်အောင် အချိန်နှစ်နှစ်လောက်အတွင်း အမှောင်ရပ်ဝန်းတွင် နေရာတစ်ခုခိုင်ခိုင်မာမာရလာခဲ့တော့၏။ သားသမီးကျောထောက်နောက်ခံမရှိသည့်သူဌေးအတွက် ကိုယ်ဟာ သားသမီးလိုဖြစ်လာရပြီးနောက်ပိုင်း သူဌေးအီတလီကိုအပြီးပြန်ချိန် ကိုယ့်ကိုပါခေါ်သွားပေးသည်။ သူဌေးဆုံးပါသွားချိန်မှာတော့ ကိုယ်သည် အဖွဲ့၏ခေါင်းဆောင်နေရာကိုရောက်လာပြီး အီတလီအခြေစိုက်မာဖီးယားဂိုဏ်းတစ်ခုပိုင်ဆိုင်နိုင်သည့် အခြေအနေကိုရောက်လာခဲ့တော့၏။ ဒီလိုအခြေအနေမျိုးရောက်အောင် အချိန်၈နှစ်လောက် ကိုယ်မရပ်မနားကြိုးစားခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းမြန်မာပြည်ပြန်လာပြီး စီးပွားရေးလုပ်ငန်းတစ်ချို့ထူထောင်လိုက်သည်။ ပြည်ပမှာတော့ ယုံကြည်ရသူတွေကိုဦးစီးခိုင်း၏။
ငယ်ငယ်ထဲဘဝနာခဲ့သူမို့ ကိုယ့်လိုလူငယ်မျိုးတွေ့ရင်
အနားမှာခေါ်ထားဖြစ်သည်။ လင်းမြတ်သည်လည်း ကိုယ်သဘောကျရတဲ့လူငယ်တစ်ယောက်ဖြစ်ခဲ့၏ ။ ထို့ထက်ပိုစွာသူ့အနားတွင်ရှိနေသောကောင်လေးကို ပိုသနားမိသည်။မိဘရင်းကစွန့်ပစ်ခံရတာတဲ့လေ။ ကိုယ်နဲ့ဘဝတူပဲပေါ့။ကိုယ့်ကအိမ်ကိုအရင်စွန့်ခွာလာခဲ့သည်ဆိုသော်လည်း ဝတ်ကျေတမ်းကျေသာ ကိုယ့်ကိုလိုက်ရှာခဲ့သည့်အဖေကို ပိုင်ဆိုင်ခဲ့ရတာလေ။ အဖေနှင့်ကိုယ်ပြန်တွေ့ချိန် ကျွန်တော်ပြန်မလိုက်တော့ဘူးလို့် ပြောလိုက်သည့်အခါ ဝမ်းနည်းသွားဟန်လဲ အနည်းငယ်မျှပင်မရှိ။ မပျော်တဲ့အချိန် ပြန်လာခဲ့။ဘယ်အချိန်ပြန်လာပြန်လာ မင်းရဲ့အိမ်ပဲတဲ့။ ထိုစကားကိုသာပြောသွားခဲ့သည်။ ဒီလိုမျိုးပုံစံနဲ့ မိဘကစွန့်ပစ်တာခံလိုက်ရတဲ့ကောင်မို့ ရှိန်းခေါင်ယံဆိုသည့်ကောင်လေးကို ကိုယ်ဘဝနဲ့ယှဉ်ပြီး ဂရုဏာသက်မိနေခြင်းဖြစ်၏။
ဘဝမှာလူတစ်ယောက်အပေါ်ပထမဆုံး ဂရုဏာသက်ဝင်မိခြင်းဖြစ်လေတော့၏။
*
*
*
*
*
*
*
*
" မင်းပုံစံက သိပ်မဟုတ်ဘူးနော်။ မင်း ဘာတွေလုပ်နေတာလဲ ငါ့ကိုမှန်မှန်ပြော"
" ငါ ဘာလုပ်မိလို့လဲရှိန်းရယ်။ ဒီတိုင်းပဲ အလုပ်မှာမတော်တဆ ထိခိုက်မိယုံပါ "
" ဒုန်း!!! "
ရှိန်းသည် သူလက်ထဲမှာကိုင်ထားသည့်ရေခွက်ကို ခုံပေါ်ဒုန်းခနဲနေအောင်စောင့်ချလိုက်တာမို့ ရေများပင်ဖိတ်စင်လာရ၏။ ရှိန်းတစ်ယောက် ဒီနေ့တစ်နေကုန်ကိုယ့်ကိုမေးနေသည့်စကားက မင်းငါမသိအောင် ဘာတွေလုပ်နေလဲဆိုသည့်မေးခွန်းပင်ဖြစ်သည်။ သူအခါခါမေးလာတိုင်း ကိုယ်ကလည်းဒီအဖြေကိုသာ ထပ်တလည်းလည်းဖြေနေမိ၏။ အခုတော့ ရှိန်းစိတ်ဆိုးသွားခဲ့လေပြီ။
" ငါသိပြီအလင်း။ မင်းဘာလုပ်နေလဲဆိုတာ ငါသိစရာမလိုဘူးလို့ မင်းတွေးနေပြီမဟုတ်လား။ ရတယ် နောက်ဆိုမင်းဘာလုပ်လုပ် ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုတဲ့စိတ်ကိုပဲမွေးလိုက်တော့မယ်။ အဲလိုဆို မင်းအတွက်ပိုအဆင်ပြေသွားမှာပါ။ငါနားလည်တယ် မင်းလဲငါ့အတွက်ပင်းပန်းတာများနေပြီလေ။နောက်ဆို မင်းငါ့အတွက်ဘာမှတာဝန်ယူစရာမလိုတော့ဘူး"
" မင်း ဘာစကားပြောတာလဲ ရှိန်း ၊ မဆိုင်တာတွေကိုဘာလို့ပြောနေရတာလဲ "
ရှိန်း၏စကားကြောင့် လင်းမြတ်လည်း စိတ်ထဲထောင်းခနဲနေအောင်ဒေါသထွက်သွားရပြီး အသံကျယ်ကျယ်ဖြင့်ပြန်အော်လိုက်မိသည်။ ခါတိုင်းဆို ဒီလိုအခြေအနေမှာ ကျိန်းသေမျက်ရည်ကျနေမည့်ကလေးသည် အခုတော့ကိုယ့်ထက်ပင်အကြောပြင်းပုံရနေသေး၏။ ကိုယ့်ဘေးမှာထိုင်နေရာမှ ချက်ချင်းမတ်တတ်ထရပ်လိုက်ပြီး
" ဆိုင် မဆိုင်က မင်းအချိုးပေါ်မူတည်တယ်။ မင်းတောင်
မင်းကိစ္စမှန်သမျှငါနဲ့မဆိုင်ဘူးလို့ တွေးနိုင်နေတဲ့အချိန်မှာ ငါကမင်းဘေးနားမှာ ဘယ်လိုမျိုးအရှက်မရှိတွယ်ကပ်နေရမှာလဲ။ နောက်ဆို ငါ့ဘဝအတွက်ငါ့ဘာသာပဲတာဝန်ယူတော့မယ်။ မင်းလိုပိုက်ဆံမရှာတတ်ပေမဲ့ ငါတစ်ကိုယ်စာတော့ငါရှာစားနိုင်ရမှာပဲလေ။ မင်းအတွက်လဲ တာဝန်ပေါ့သွားတာပေါ့ "
ကြားရသည့်စကားတွေကြောင့် လင်းမြတ်လည်း သက်ပြင်းကိုသာအခါခါချနေမိတော့၏။ ဒဏ်ရာတွေနာတာကိုခံနိုင်သည်။ ရှိန်းဆီမှဒီလိုစကားတွေကြားရတာ တကယ်ခံနိုင်ရည်မရှိချေ။
" မင်း ဘယ်လိုတောင်ဖြစ်နေတာလဲရှိန်းရယ်။ ငါမင်းအပေါ်ဘယ်လိုမျိုးတာဝန်မဲ့ခဲ့တာမျိုးရှိလို့ ဒီလိုတွေပြောနိုင်ရတာလဲ။အရာအားလုံးမင်းကိုပြောမပြဘူးဆိုတာ မင်းအတွက်ငဲ့ကြည့်နေလို့ပေါ့။ ငါပင်ပန်းခံနိုင်တယ်ရှိန်း။ သေလောက်အောက်ပင်ပန်းရမယ်ဆိုရင်တောင် မင်းကိုလေမထိနေမခထားနိုင်နေရင် ငါ့အတွက်ပျော်ရွှင်စရာပဲ။ ငါတန်ဖိုးထားရတဲ့သူကို ငါ့ပင်ပန်းမှုတွေပေးမသိစေချင်တာ ငါမှားသွားလားရှိန်းငယ်ရယ်"
အဆုံးသတ်တွင် လင်းမြတ်၏အသံမှာ တိုးတိမ်ဝင်သွားရ၏။ရှိန်းဆီကကြားရသည့်စကားများသည် ကိုယ်ရင်ကွဲဖို့လုံလောက်လေသည်။
" မှားတာပေါ မင်းသိပ်မှားတာပေါ့ ။ ငါ့ကိုလေမထိနေမခအောင် ထားစရာမလိုဘူးအလင်း။ ငါအဲလိုဘဝမျိုးမလိုချင်ဘူး။ငါတကယ်လိုချင်တဲ့ဘဝက မင်းရဲ့ကောင်းခြင်းဆိုးခြင်းကိုမျှဝေခံစားပေးတဲ့သူတစ်ယောက်ဖြစ်တဲ့ဘဝကိုပဲလိုချင်တာ။ မင်းဘက်က အဲလိုသဘောမထားနိုင်ဘူးဆိုရင်တော့ ငါ့လမ်းပဲငါလျှောက်တော့မယ်။ အရာရာတိုင်းက မင်းဆုံးဖြတ်ချက်ပေါ်ပဲမူတည်ပါတယ်လေ"
ပြောချင်တာတွေကို ပြောပြီးတာနှင့်အခန်းတွင်းမှ လှည့်ထွက်လာခဲ့တော့၏။ မင်းနဲ့ငါ ဒီလိုနဲ့တကယ်ဝေးသွားမှာငါစိုးရိမ်မိပါတယ်အလင်းရယ်။မင်းက ငါ့ဘဝရဲ့ တစ်သက်တာထာဝရချစ်ရမည့်ချစ်သူမို့ သူစိမ်းတွေလိုနေရမှာ ငါသေလောက်အောင်ကြောက်မိပါရဲ့လေ။
Eros_90
3.2.2024 ( ၈ နာရီ ၄၅ မိနစ် )
6.2.2024 Update ရှိ။
A/N - My Husband Hates Me ထဲမှာအနည်းငယ်ဖော်ပြထားဖူးတဲ့ မကိုဋ်ထွဋ်ခေါင်ရဲ့စိတ်ခံစားချက်ကို ဒီမှာပိုပြည့်စုံအောင်ရေးပေးထားတယ်။
Continue Reading
You'll Also Like
27.6K 2.3K 72
ဖတ်ကြည့်နော်😉😉
72K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
23.9K 2K 24
75.1K 3.3K 21
မထင်မှတ်ထားဘဲ ပြန်ပေးဆွဲခံလိုက်ရတယ် ပြန်ပေးဆွဲတဲ့ဘဲကြီးက ထင်သလိုမဟုတ်ဘဲ သူ့အပေါ်နူးညံ့နေတယ် Bodyတောင့်တောင့် ရုပ်ချောချောဘဲကြီးတယောက် ပြန်ပေးဆွဲခြင်း...