3 လခန့် ကြာသော်
အရှင်က ရှောင်ကျန့်စကားကိုနားထောင်ပြီး ထီးနန်းအရာကိုပြန်လွှဲယူခဲ့သလို ရာထူးအပြောင်းအလဲတွေလဲ ပြုလုပ်ခဲ့သည်။
ရှောင်ကျန့်ကိုလဲမျက်စိအောက်ကအပျောက်မခံပဲ
ကလေးတစ်ယောက်လို အမြဲရင်ခွင်ထဲထည့်ဖက်ထားတတ်တယ်
ရှောင်ကျန့်ရဲ့ မနက်ခင်းတိုင်းကအရှင့်အနမ်းတို့ကြောင့်နိုးထရသလို အစားစားရင်လဲ အရှင် ခွံ့ကျွေးတာပဲစားရတယ်
တကယ့်ကိုကလေးတစ်ယောက်လိုပဲ
ရှောင်ကျန်ရဲ့ အရာအားလုံးက အခုဆို
အရှင့်ခြေ အရှင့်လက်သာ ဖြစ်လို့နေခဲ့ပြီ။
မတ်တပ်ရပ်လိုက်တာနဲ့ အရှင်ကသူ့ရဲ့ ခြေထောက်တွေဖြစ်ပေးပြီး
ထိုင်နေရင်လဲ အရှင်က ထိုင်ခုံဖြစ်ပေးသည်။
ညအိပ်ရင်လဲ အရှင့်လက်မောင်းနဲ့ ရင်ခွင်ကျယ်က
သူ့အတွက် ခေါင်းအုံးနဲ့စောင်ဖြစ်လို့နေ၏။
တစ်ချိန်က နာကျင်ခဲ့ရတာတွေကို မေ့ပျောက်သွားအောင်အထိ
အရှင်ကသူ့အား ချစ်ပြီးဂရုစိုက်ပေးလေသည်။
''အရှင်...''
''ကျွန်တော်မျိုး အရှင်နဲ့ နောက်ထပ်တစ်ခေါက်လောက် လှေအတူစီးပါရစေ''
''ဘယ်တော့လဲ''
''အခု...အခုဆိုရင်ရော အဆင်ပြေလားဟင်''
''မပြေစရာ ဘာအကြောင်း ရှိလို့လဲ''
''ဟိဟိ ကျွန်တော်မျိုး အရှင့်ကို ချစ်တယ်''
''ကိုယ်တော်က ပိုပါတယ်''
''ယုံပါတယ် အရှင်ရယ်''
''လှေစီးမှာဆိုတော့ အေးတယ် အနွေးထည် သေချာဝတ်ထား ရှောင်''
''မဝတ်ချင်ဘူး အေးလာတဲ့အခါ အရှင့်ရင်ခွင်ထဲ တိုးဝင်မယ်လေ''
''မင်း အ့လို အချွဲပိုပြနေရင် ကိုယ်တော် ရူးသွားလိမ့်မယ်နော်''
''အရှင်က အရှင့်ရင်ခွင်ကို ကပ်စေးနည်းနေတာပဲ''
''အ့လို မထိတထိတွေ စနောက်နေရင် ကိုယ်တော့် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့ကုန်လိမ့်မယ်နော်''
''ဘယ်သူက ထိန်းခိုင်းနေလို့လဲ''
မင်းကြီးက စိန်ခေါ်နေတဲ့ နှုတ်ခမ်းလေးကို
အသည်းယားစွာ ဖိကပ်နမ်းပစ်လိုက်သည်။
ထို့နောက် အိပ်ဆောင်ကုတင်ပေါ် အသာပွေ့တင်ကာ
လှဲချအုပ်မိုးလိုက်တော့
''နောက်...နောက်တာပါ အရှင်...နောက်တာ
အခု လှေစီးရအောင်နော်...လှေစီးချင်တယ်''
''ဘယ်သူက နောက်ခိုင်းလို့လဲ
ဘယ်သူ အရင်စိန်ခေါ်တာလဲ
ကိုယ့်စကားကိုယ် တာဝန်ယူသင့်တယ်''
''အရှင်!!!"
ထိုနေ့က ကိုယ့်စကားနဲ့ ကိုယ် အစားခံလိုက်ရတဲ့ယုန်ပေါက်လေးဟာ နောက်တစ်နေ့မနက်မှာတော့ အရှင့်အား ကောက်တော်မူပါတော့သည်။
"ကြင်ယာတော်က အရမ်းကိုအာဏာပြတာပဲနော်
ဒီစစ်သူကြီးက ကြင်ယာတော်လို အချစ်ခံလေးမဟုတ်တော့
အမြဲအားမနေပါဘူးဆို ဘာလို့ခဏခဏခေါ်တွေ့ နေရတာလဲ''
ကျန်းချန်ကထိုသို့ပြောတော့ ရှောင်ကျန့်က အသေထုရိုက်တော့သည်။
''ခွေးကောင်ကြင်ယာတော်ကို ရိုရိုသေသေမဆက်ဆံဘူးဟုတ်လား အရှင်နဲ့ပြန်တိုင်ပြောပစ်မယ်''
''နာတယ်... ဘာလို့ငါ့ကိုခေါ်ပြီးထုရိုက်နေတာလဲ''
''ရိုက်ချင်လို့ မင်းငါ့ကို လိမ်ထားတာ မှတ်မိလား''
''လိမ်တယ် ငါ ဘာလိမ်မိလို့လဲ''
''အရှင် အတိတ်မေ့နေတာ မဟုတ်ကြောင်း မင်း သိနေခဲ့တယ်လေ''
''အော် ငါ ခဏနေ စစ်ရေးလေ့ကျင့်ဖို့ ရှိသေးတာပဲ ငါ ပြန်တော့မယ် ရှောင်ကျန့်''
''မင်းငါ့ကို စကားလမ်းကြောင်း လာမလွှဲနဲ့ မင်း ပြန်ရဲရင် ပြန်ကြည့်လိုက်''
"ဘာလို့ ငါ့ကိုပဲ အနိုင်ကျင့်နေရတာလဲ
မင်း သိချင် မင်းရဲ့အရှင့်ကို မေးကြည့်ပေါ့''
''သူကအမှန်ဖြေမှာမဟုတ်ဘူး ငါ စိတ်မကောင်းဖြစ်မှာကြောက်နေတာ
အဲ့တာကြောင့်ပေါ့ မင်းကိုမေးတာ''
''ဟင့် စိတ်ဒုက္ခပေးဖို့ကျ ငါ့ပဲ သတိရနေကြတာနေမှာ''
''ကျန်းချန်ကလဲ...လုပ်ပါ...ငါ့သူငယ်ချင်းလေးက လိမ္မာပါတယ် နော်နော်....''
''အ့လိုကြီး မချွဲစမ်းပါနဲ့ကွာ မင်းကြီး သိရင် ငါ ခေါင်းဖြတ်ခံနေရမယ်''
''ဒါဆိုလဲ ပြောပြလိုက်လေ မင်းက အရစ်ရှည်နေတာကို''
''မင်းက ဘာသိချင်တာလဲ''
''အရှင့်အကြောင်း သူ ဘယ်တုန်းကစပြီး ဟန်ဆောင်ခဲ့တာလဲဆိုတာတွေ အားလုံးပဲ''
''မင်းနဲ့ငါ့ကိုအထင်လွဲတဲ့နေ့ကမှ အဲ့နေ့ကမှ သူ့ကိုယ်သူမူမမှန်တော့မှန်း သတိထားမိလာတာ အဲ့တုန်းက သူစိတ်သူထိန်းနိုင်သေးတယ် မင်းကို အာဏာလွှဲထားပေးပြီး သူသတိရလာတာနဲ့ မင်းကို ရုတ်တရက်မေ့သွားတယ် အဲ့နေ့က မယ်တော်ကြီးကိုသတ်တာ မင်းလို့သူကထင်သွားတာ မင်းကို အကျဉ်းချထားတော့ ငါ မင်းကြီးနဲ့ သွားတွေ့ခဲ့တယ် အဲ့နေ့က....''
အတိတ်က ထိုနေ့
''ထွက်သွား!!!''
"မင်းကို ရှောင်သခင်ကြီးကခေါ်ပြီး ထွက်ပြေးပါရစေလို့ပြောခဲ့တာကြောင့် ငါက မင်းကြီးကိုလမ်းစဖွင့်ပေးခဲ့တယ်"
''မင်းကြီးက သူ့မယ်တော်ဆုံးသွားတာ မင်းကြောင့်လို့သိထားတာတောင် မင်းကိုလက်လွှတ်ပေးဖို့ ငြင်းဆန်ခဲ့တယ် ဒါကြောင့် ငါအကြံတစ်ခုရသွားပြီး အဲ့အရာက မင်းကြီးမင်းကို ပြန်မှတ်မိသွားစေမယ်လို့ မထင်ထားခဲ့ဘူး''
''မင်းကြီး သေချာစဉ်းစားစေချင်ပါတယ်
ရှောင်ကျန့်က မယ်တော်ကြီးကို ပြန်သတ်မဲ့သူမျိုးလားဆိုတာကို
သူကမင်းကြီးကိုအရမ်းချစ်ပြီး မယ်တော်ကြီး ကိုအရမ်းအလေးထားတဲ့သူမျိုးပါ
မင်းကြီးထပ် ကျွန်တော်က သူ့အကြောင်းကိုပိုသိပါတယ်
ကျွန်တော်ငယ်ငယ်ကတည်းက သူနဲ့အတူ တစ်ချိန်လုံးကြီးပြင်းလာခဲ့တာပါ''
''ငါကိုယ်တော်ကရော သူသတ်ပါတယ်လို့ ယုံကြည်ချင်တယ်ထင်နေလို့လား
ငါကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့လို့သာ မဟုတ်ရင် သူသတ်ပါတယ်လို့ ငါမယုံဘူး..!!!''
''မင်းကြီး ကိုယ်တိုင်မြင်ခဲ့တာဆိုရင် ရှောင်ကျန့်က မယ်တော်ကြီးကို ဓားနဲ့ထိုးတာမြင်ခဲ့တာပါလား''
''ဘာ!!!"
''မမြင်ခဲ့ဘူးမဟုတ်လား... မင်းကြီးက ဓားဆွဲနှုတ်လိုက်တာကို အမြင်မှားသွားခဲ့တာမလား... မင်းကြီးရဲ့ ထင်မြင်ချက်ကိုပဲ အမှန်လို့ယူဆလိုက်တာမဟုတ်လား...''
မင်းကြီးက ရုတ်တရက် ငြိမ်ကျသွားပြီး တစ်ခုခုကိုအသည်းအသန်စဉ်းစားနေဟန်ရှိသည်။
''ငါ့ကိုပြောပြပါ
တကယ်ပဲ ငါ့ရဲ့ ရှောင်ကျန့်လား
ငါတို့အရမ်းချစ်ခဲ့ကြတာလား''
ကျန်းချန်က မင်းကြီးအမေးကို
နှုတ်ဆိတ်စွာခေါင်းငြိမ့်ပြခဲ့သည်။
ထိုအချိန်က သူဘယ်လောက်နာကျင်ခဲ့ရမှန်းတော့
ရှောင်ကျန့်ကို ပြန်မပြောဖြစ်ခဲ့ပါ
လက်ရှိအချိန်
''နောက်ရော ...နောက်ဘာဆက်ဖြစ်သွားတာလဲ
အရှင်ကငါ့ကိုမှတ်မိသွားတာလား''
''အင်း သူမင်းကို အဲ့ညမှာပဲ ပြန်မှတ်မိသွားတာ နောက်ပိုင်းတော့ ငါနဲ့တိုင်ပင်ပြီး သူကရူးချင်ယောင်ဆောင်နေခဲ့တာ
မင်းကိုသေမိန့်ချပြီးတော့ ငါ့ဆီရုတ်တရက်ပြေးလာတဲ့သူက မင်းကိုကယ်ပေးပါဆိုပြီး ဒူးထောက်ခဲ့တယ်
ငါအဲ့တုန်းက ဒေါသထွက်လွန်းလို့ ဆွဲထိုးမိမလိုပဲ
ငါဆွဲထိုးလဲ ငြိမ်ခံနေမယ့် မင်းကြီးက
တကယ့်ကိုအရုပ်တစ်ရုပ်လိုပဲ
ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းကိုပဲ ကယ်ပေးပါတဲ့
သူ့ကို ကြိုက်တာလုပ်ပါတဲ့လေ''
''အရှင်...ဟင့် အရှင် အရမ်းကို နာကျင်နေခဲ့မှာပဲ
နေမကောင်းဖြစ်နေတာတောင်မှ ငါ့ အတွက်တဲ့လား....''
''အေး ဟုတ်တယ် မင်းရဲ့ အရှင်ကအဲ့လိုလူပဲ နောက်ပိုင်း လျန်အာကိုပြန်တွေ့ ပြီး မင်းကြီးက မယ်တော်ကြီးသတ်တဲ့အမှု့ မင်းကို အဆိပ်ခတ်တဲ့ကိစ္စနဲ့နန်းသွေးဆုံးရှုံးရတာအားလုံးရှင်းလျန်ကြောင့်ပဲဆိုတာသိသွားပြီး ဒေါသအကြီးအကျယ်ထွက်သွားတယ်''
''ရှင်းလျန်ကို ပြန်တွေ့ တဲ့အချိန်မှာ သူဘယ်လိုအပြစ်ဒဏ်ပေးခဲ့လဲမင်းသိလား''
''....''
''သူမရဲ့ လက်တွေကို သံကြိုးတွေနဲ့ တုပ်နှောင်ထားရုံမကပဲ အဆိပ်ရည်စိမ်ထားတဲ့ သံမှိုတွေပါရိုက်ထည့်ခဲ့တာ
မင်းကြီးက အဲ့အချိန် မကောင်းဆိုးဝါးတစ်ကောင်လိုပဲ
ဓားရာတွေအပြည့်အမွှန်းခံထားရတဲ့ ရှင်းလျန်ရဲ့ အော်သံက မြေအောက်အကျဉ်းတိုက်ထဲဆူညံနေတာပဲ
မြို့လယ်ခေါင်မှာ လူအများရှေ့ နှိပ်စက်တဲ့အချိန် ရှင်းလျန်အသက်ရှိသေးရဲ့ လားတောင်မသေချာဘူး "
ရှောင်ကျန့်က အသံတိတ်မျက်ရည်များကျနေတော့ ကျန်းချန်ကနားလည်သလိုလေး သက်ပြင်းတချင်ချကာ
"မင်းကြီးက မင်းကို သိပ်ချစ်ခဲ့တာပါ ရှောင်ကျန့်ရာ''
ရှောင်ကျန့်က ရှိုက်ကြီးတငင် ငိုလာတော့ ကျန်းချန်က သဘောပေါက်စွာ နန်းဆောင် အခန်းထဲမှ ထွက်သွားပေးလေသည်။
မင်းကြီးသည်လဲ ညီလာခံပြီးသည်နှင့် ခြေလှမ်းတို့ဦးတည်မိသည်က
ကြင်ယာတော်လေးနန်းဆောင်ဆီ
သူ့ချစ်သူလေးကစိတ်ဆိုးနေတော့ ချော့ရဦးမည်လေ
''ရှောင်...ရှောင်....ကြင်သူလေး စိတ်ဆိုးနေတုန်းလား''
ရှောင်ကျန့်က သူ့ကိုကျောပေးထားတာမို့ မင်းကြီးဝမ်က အနောက်ကနေ ပွေ့ဖက်ထားလိုက်ကာ
''ကိုယ်တော်မှားပါတယ် ကိုယ်တော်မှားမှန်းသိပါပြီ စိတ်မဆိုးပါနဲ့တော့ ကိုယ်တော်မှားပါတယ် ရှောင်ရယ်''
ရှေ့ကကောင်ငယ်လေးဆီမှ
ရှိုက်သံသဲ့သဲ့ထွက်လာတော့
မင်းကြီးဟာ မနေနိုင်တော့ပဲ
သူ့ဘက်ကိုမျက်နှာလေးကနေ ဆွဲလှည့်လိုက်သည်။
''ဟင် ရှောင်... ရှောင်ငိုနေတယ် တောင်းပန်ပါတယ်
မငိုပါနဲ့ကွာ မင်းမကြိုက်ရင် နောက်တစ်ခါ
လက်ဖျားနဲ့တောင်မထိတော့ပါဘူး ငိုတော့မငိုလိုက်ပါနဲ့''
မင်းကြီးက ရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ကာ တောင်းပန်စကားဆိုနေလေသည်။
ရှောင်ကျန့်ကလဲ ရှိုက်ကြီးတငင်ငိုနေတုန်းပါပဲ။
ရှောင်ကျန်က မင်းကြီးရင်ခွင်ထဲမှထွက်ကာ မင်းကြီးမျက်နှာအစိတ်အဝိုင်းတွေကို အမြတ်နိုးထိကိုင်ရင်း.....
''ရင်သွေးယူရအောင် အရှင် ကျွန်တော်မျိုး အရှင့်အတွက် နန်းသွေးတွေအများကြီး မွေးဖွားပေးချင်တယ်အရှင်''
''ရှောင်''
ထိုအခါ ကြည်နူးရိပ်များဖြင့် စွန့် အ နေရသူမှာ မင်းကြီးသာ...
''ကိုယ်တော်မင်းကို သိပ်မြတ်နိုးတာပဲရှောင်....''
တစ်နှစ်ခန့်ကြာသော်..
ရှောင်ကျန့်က မင်းကြီးအတွက်
သားတော်တစ်ပါးတို့အန္တရာယ်ကင်းစွာ မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်သည်။
''ကျေးဇူးတင်ပါတယ်ရှောင်... ကိုယ်တော့်အနားကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပေးလို့ ဒါပေမယ့် နောက်ထပ်ရင်သွေးမယူတော့ရင်ကောင်းမယ် မင်းနာကျင်ရတာကို ကိုယ်တော်ထပ်မမြင်ချင်တော့ဘူး''
ရှောင်ကျန်လည်း အရှင်ငိုနေတာကိုကြည့်ပြီး
''အရှင်က သိပ်ကလေးဆန်တာပဲ''
...................
သုံးနှစ်ခန့် ကြာပြီးနောက်
*မယ်တော်...အခုကောင်းကင်ပေါ် ကနေ ကြည့်နေရဲ့ လား မယ်တော်ဖြစ်စေချင်တဲ့အတိုင်း ရှောင်ဟာကျွန်တော့်အပိုင်လေးဖြစ်လာခဲ့ပြီ ပြီးတော့ ကျွန်တော်ကလဲ ရှောင့်အပိုင်ဖြစ်နေခဲ့ပြီ ရှောင့်ကိုတွေ့ဆုံစေတဲ့မယ်တော့်ကို ကျေးဇူးအများကြီးတင်ပါတယ် အခု သားတို့မှာ ရှောင်ပိစိလေးလဲရှိနေခဲ့ပြီ
နန်းမွေကိုဆက်ခံမဲ့ သားရတနာလေးပေါ့*
*ရှောင်က အမြဲတမ်း ကျွန်တော့်အနားမှာရှိပေးတယ် နွေးထွေးမှုတွေ ကြင်နာမှုတွေပေးတယ် ပြီးတော့ သိပ်မြတ်နိုးရတဲ့ သားတော်နဲ့ အဖိုးတန်မိသားစုလေးကိုပေးခဲ့တယ်...
မယ်တော့်မြေးက သိပ်လည်တဲ့အတတ်ကလေး
ခမည်းတော်ပုံတူပန်းချီကားကို သူအရမ်းသဘောကျလို့ အဲ့ ကလေးက မယ်တော်ဝင်စားတာလို့ အားလုံးက ယုံကြည်နေကြတယ်...
သားတော်ကတော့ မယ်တော်ပေးခဲ့တဲ့ အဖိုးတန်လက်ဆောင်လေးကို ပိုင်ဆိုင်ထားရပြီမို့ ဘာကိုမှမလိုအပ်တော့ပါဘူး..
ချစ်ရတဲ့ရှောင်နဲ့ အတူ သားတော်ဆီက ခမည်းတော်လို့ ခေါ်သံကို
ကျေကျေနပ်နပ်တစ်ဝကြီး နားထောင်ပြီး
တိုင်းပြည်ရဲ့ မင်းကောင်းတပါးအဖြစ် ပြီးတော့
သားတော်ရဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ်ရှိနေဦးမှာပါ...*
''ချစ်တယ် ရှောင် မင်းကကိုယ်ရဲ့ အဖိုးတန်ဆုံးလေးမို့ သိပ်မြတ်နိုးပါတယ်''
''ချစ်တယ် အရှင်... အရှင်က ကျွန်တော်မျိုးရဲ့ နှလုံးသားမို့ တစ်သက်လုံးကျန်းကျန်းမာမာနဲ့ အရှင်နဲ့ကျွန်တော်မျိုးရဲ့ သားတော်တွေကို စောင့်ရှောက်ရင်း ကျွန်တော်မျိုးဘေးမှာပဲ အိုမင်းပေးပါ''
''ကိုယ်တော် ကတိပေးပါတယ် ရာသီတွေအလီလီပြောင်းသွားသည့်တိုင် မင်းဘေးမှာပဲ အဘိုးကြီးအဖြစ်ရှိနေတဲ့အထိ စောင့်ရှောက်သွားပါ့မယ်...''
ပြီးပါပြီ...
Koe
( နှလုံးသား အရင်းအနှီး )