🍁 တူးတူးခါးခါး ရင်ခုန်သံ (အချစ်ဝတ္ထုတို စ ဆုံး)
🎍🌼🎍🌼🎍🌼🎍🌼🎍🌼🎍🌼🎍🌼
🌤 ( အခန်း ၁ )
အခန်းတစ်ခန်းထဲ အမျိုးသမီး
တစ်ဦးတည်း ရှိနေလေ၏။
သူမ မျက်ဝန်းတွင်လည်း အထီးကျန်ပုံရိပ်တို့
သောင်တင်နေသည့်ဟန်။
" ရိပ်မြုံ " တဲ့။
ဝင်းဝါနုဥနေသော ဆံပင်ရှည်ရှည်နှင့် ကောင်မလေးပင်။ရိုးသားမှုအပြည့်ဖြင့်
သူမ ကိုယ်ရောင်ကိုယ်ဝါတို့မှာ အတိုင်းသား
ပေါ်လွင်နေလျက်ပင်။
" ဒင် ဒေါင်"
မိုးမျှော်တိုက်ခန်းရှိ ရိပ်မြုံဆိုသော မိန်းကလေး
ရှိရာသို့ တစ်စုံတစ်ဦးရောက်လာချေပြီ။
" ဂလောက် ဂျက် ကျွီ"
" ဟင် ဦးက"
ရိပ်မြုံဆိုသော ကောင်မလေး အခန်းတံခါးကို
ဖွင့်ပေးလိုက်သည့်အခါ အသက် ၃၀ ကျော် လူကြီး
တစ်ဦးကိုတွေ့လိုက်ရသည်။သို့သော် ခန့်ခန့်
ချောချောနှင့် သန့်ပြန့်စွာ ဝတ်ဆင်ထားသော
လူကြီးပင်။
" တို့ဝင်လို့ ရမလား မိန်းကလေး"
"ရှင် အော် ဟုတ် ဟုတ်ကဲ့"
ရိပ်မြုံ ကိုယ်လေးကို ရို့လိုက်ကာ ဘေးနားကို
တစ်ချက်ကပ်ပေးလိုက်လေသည်။
အင်း……ဘယ်လိုကောင်မလေးပါလိမ့်။
ဦးညိုမင်းထွဋ် စိတ်ထဲစနိုးစနောင့်ဖြစ်သွား
မိလေသည်။ခါတိုင်းသာဆို သူချိန်းလိုက်သည့်
ကောင်မလေးတိုင်း မြင်တာနှင့် ကိုယ့်ကို ဆွဲလား
ရမ်းလား သဲသဲလှုပ်အကဲပိုကြလေသည်။အခုတော့
သည်ကောင်မလေးကြမှ တစ်မျိုးလေး။
ဦးညို တစ်ယောက် ကြောက်ရွံ့ဟန်ရှိသော
ယုန်မလေးကို ငေးစိုက်ကြည့်နေမိလေသည်။ထိုင်
ပင် မထိုင်နိုင်သေး။လူဆိုသည့်အမျိုးကလည်း
အဆန်းတွေကြားနေပါများတော့ ရိုးတာလေးတွေ
ကို သဘောခွေ့တတ်ရိုး မဟုတ်လား။
ဦးညို အင်္ကျီကို ချွတ်ရန်ပြင်လိုက်သည်နှင့်
သည်ကောင်မလေး အငြိမ်မနေတော့ ချက်ချင်း
အနောက်ကနေ အင်္ကျီကို ကူကဲ့ချွတ်ပေးလေသည်။
ထိုအချိန် ဦးညို နှလုံးသားလေးအနား ခရေပန်း
အနံ့ကလေး လွင့်ပျံလှုပ်ခတ် ထိတိုက် ကစားသွား ခဲ့လေပြီ။
" မင်းနာမည် ဘယ်လိုခေါ်လဲ ကောင်မလေး"
ဦးညို ဆိုဖာပေါ်ထိုင်ကာ အင်္ကျီ
ချိတ်နေသော ကောင်မလေးကို သိချင်ဇော
လောလာကာ မေးမိလိုက်လေသည်။
"ရိပ်မြုံပါရှင့်"
"လာပါ ဦးအနား ထိုင်ပါဦး"
"ရှင်"
"ဘုတ် ဘုတ် "
ဦးညို ဆိုဖာခုံကို လက်ဖြင့်ပုတ်လိုက်လေသည်။
သည်နေ့စိတ်ကသိပ်မကြည်ပါဘူးဆိုမှ ရေခဲတုံးမလေး
နှင့် လာတွေ့နေရသည်။
"ဒီနားလာလို ့"
ကောင်မလေးက ကြောင်ကြည့်နေလေသည်။
"ဟ ခေါ်နေတယ်လေကွာ"
ဦးညို နည်းနည်း မာန်မဲသံပါသွားတော့
ကောင်မလေးမှာ မျက်လုံးလေးကလယ်
ကလယ် ဖြင့် အနားကို တုန်တုန်လန့်လန့်
လေး လာထိုင်ရှာသည်။
"ဆောရီး ဦး ဒီနေ့စိတ်ညစ်လာလို့"
"ရ ရပါတယ်ရှင့်"
" မင်းအတွက် ဒီလိုမျိုး ယောကျာ်းသား
တစ်ယောက်နဲ့အတူနေဖို့က ဒါပထမဆုံးလား"
"……"
ကောင်မလေး ခေါင်းကို ညိတ်ပြရှာသည်။
"အော် ဒီလိုလား"
ဦးညို ခပ်ယဲ့ယဲ့ပြုံးလိုက်လေသည်။
ပြီးနောက်……။
ဦးညို အရှေ့ရှိ ဝိုင်ပုလင်းကို ဖွင့်ကာ
ခွက်နှစ်ခွက်ထဲကို တစ်ဝက်စီထည့်လိုက်လေ
သည်။
"ရော့ ဒီမှာ"
"ဟင့်အင်း"
"ဟ ဘာဖြစ်လို့လဲကွ"
"……"
ကောင်မလေးမှာ ခေါင်းပဲ ခါပြနေလေသည်။
ဦးညို စိတ်မရှည်နိုင်တော့ ဝိုင်ခွက်ကိုချက်ချင်း
ချလိုက်သည်။ပြီးသည်နှင့် ကောင်မလေး၏
မေးစေ့ကလေးကို လက်ဖြင့် ဆွဲကိုင်ကာ ဖူးကော့
နေသော နှုတ်ခမ်းကလေးကို ကိုက်ဖိနမ်းပစ်ရန်
လုပ်လိုက်လေသည်။
" ဟင် မင်းဘာလို့ မျက်ရည်ကျတာလဲ"
ရုတ်တရက် မျက်အိမ်ရွှဲရွှဲဝိုင်းဝိုင်းတွေက
မျက်ရည်ပေါက်တို့ စီးကျလာသည်မို့ ဦးညို
ချက်ချင်း တွန့်ဆုတ်သွားကာ အံ့အားသင့်
သွားရလေသည်။
"……"
ကောင်မလေး ခေါင်းရမ်းပြပြန်လေသည်။
"ဟာ ဟူး တောက် ဘယ်လိုလဲကွာ တောက်"
ဦးညို ဒေါကန်သွားကာ ပိုက်ဆံအိတ်ကို
ကောက်ကိုင်လိုက်လေသည်။ထို့နောက်
ပိုက်ဆံသောင်းတန် ၃ ၊၄ အုပ်ကို ထုတ်ကာ
ကောင်မလေးကို ပေးရန်ပြင်လိုက်သည်။
"ရော့ဒီမှာ မင်း ဒါယူပြီး လစ်တော့ ဂိုး သွား"
"ရှင် ဟင့် ဟင်အင်း မ မလုပ်ပါနဲ့
ရိပ်မြုံကို မနှင်ပါနဲ့ရှင် ဟို ဟို
ရိပ်မြုံကို ခွင့်လွှတ်ပါ"
ရိပ်မြုံ ချစ်ဦးသူကိုလွမ်းဆွေးနေရာမှ ချစ်ဦးသူ
အတွက် ပေးဆပ်ရမည်ကို သတိရသွားခဲ့လေသည်။
"ဟင် ဟာ ဟိတ်"
ဦးညို လန့်သွားမိသည်။ဖူးဖူးအိအိနှုတ်ခမ်းလေး
ဖြင့် လူကို လာနမ်းနေသည့် အနမ်းရိုင်းရိုင်းလေးတွေ
ကြောင့် ဦးညို ရမ္မက်သွေးတို့ ဆူပွတ်လာခဲ့လေတော့
သည်။
နမ်းပြီးသည်နှင့် ကောင်မလေးမှာ
အနောက်ကို ဆုတ်ရန်ပြင်လိုက်သော်
လည်း မရတော့။
ယုန်သူငယ်လေးမှာ သားရဲနှုတ်ခမ်းဝတွင်
ခံတွင်းတွေ့ခဲ့ရလေပြီ။ အိပ်ရာခုတင်အနား
အဝတ်အစားအချို့ပြန့်ကျဲခဲ့ပြီ။ဖြူစင်သော
နှလုံးသားဖြင့် မိန်းကလေးတစ်ဦးလည်း သူစိမ်း
ယောကျာ်းတစ်ဦးအတွက် အသုံးတော်ခံဖြစ်ခဲ့ရ
လေပြီ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🌤 (အခန်း ၂)
နံနက်ခင်း အာရုံဆည်းဆာမှ
ရင့်သန်လာသော နေရောင်သည်
အိပ်မောကျနေသော ဦးညိုမင်းထွဋ်
မျက်နှာပေါ်သို့ ဖြာကျလာလေသည်။
"အင် အင်း အား ဟိုင်း ဟူး"
ဦးညို အိပ်ရာထက် လူးလိမ့်ကာ
ထလိုက်လေသည်။
"ဟင် ဒီကောင်မလေး ပြန်သွားပြီလား"
ဦးညို မနေ့က မိန်းကလေးကို အသည်းအသန်
လိုက်ရှာမိလေသည်။ဘယ်များရောက်သွားပါလိမ့်ပေါ့။
"အော် ဟင်း တော်သေး"
မီးဖိုးချောင်အခန်း အနားရောက်သည်နှင့် ရှာပုံတော် မင်းသားကြီးမှာ ကောင်မလေးကို တွေ့လိုက်ရလေသည်။မိန်းမသားဆန်ဆန် ချက်ပြုတ်နေသော ကောင်မလေး။ဆံနွယ်ကလေးတွေ ကပိုကရိုတစ်မျှင်နှစ်မျှင်
ကျလျက်။
"အော် ဦး နိုးလာပြီလား"
"အင်း မင်းဘာလုပ်နေတာလဲ"
"ဦးအတွက် မနက်စာပြင်နေတာလေ ဦး"
"ငါ စားမယ်ထင်လို့လား"
"ဒါကတော့ ရိပ်မြုံဘယ်သိမလဲ"
"ဟားဟ တော်တော် ရိုးတဲ့ကလေးမလေး
ကိုင်း လာစမ်း မြည်းကြည့်ရအောင်"
"အို ဦး ဟင်းတွေက ဒီမှာလေ"
"အာ အဟင်း ဟုတ်သား မှားသွားလို့
ဦးက ရိပ်လေးရဲ့ ပါးပြင်လေးကို
မြည်းရမှာလားလို့"
ဦးညို ကောင်မလေးကို စချင်သည်မို့
သူမပါးကလေးကို နမ်းချင်ယောင် လုပ်
လိုက်သည်။ထိုအချိန် ကောင်မလေးမှာ
ရှက်ပြုံးလေးနှင့်ပါးကလေးရဲတက်သွားသည်ကို
ဦးညိုတစ်ယောက် မခုန်ဖူးသေးသော နှလုံးသား
ဖြင့် ရင်တုန်သွားမိလေသည်။အချိန်ကြာသည်အထိ
စိုက်ကြည့်နေမိသည့်အခါ ရိပ်လေးပြန်ကြည့်လာ
သည်နှင့် တိုးသွားသောကြောင့် ပြင်ထားသော
မနက်စာကို လက်ဖြင့် နှိုက်စားရန်လုပ်လိုက်ရလေ
သည်။
သို့ပေမယ့်……ဦးညို လက်ကို ရိပ်လေး
လှမ်းကိုင်ထားလေသည်။
" ဟာ ဦး နေဦးလေ မျက်နှာသစ်ပါဦး"
"ဟာ ဘာလို့လဲ ဒီတိုင်းစားတော့ရော"
" အို မညစ်ပတ်ရဘူးလေ ကိုယ်စောင့်နတ်က
ကျိန်ဆဲလိမ့်မယ်"
"အဆန်းပါ့လား ဒါဆိုလည်း ဒါပေါ့
ဒါပေမယ့် ရိပ်လေး ဦးကို မျက်နှာသစ်ပေး"
"ရှင်"
"ဘာလဲ မသစ်ပေးဘူးလား ဒါဆိုလည်း
ဦး ဒီအတိုင်းစားလိုက်တော့မယ်"
"ဟာ မလုပ်နဲ့လေ ဦး လာ လာပါ ရိပ်မြုံ
လိုက်လုပ်ပေးပါ့မယ်လာ"
"ဟေ"
ကလေးဆိုးကြီးလို ဦးညို ရိပ်လေး လက်ဆွဲ
ခေါ်သွားရောက်နောက် ပါသွားခဲ့လေသည်။ပြီး
နောက် ညင်ညင်သာသာ မျက်နှာသစ် သွားတိုက်
ပေးနေသော ကောင်မလေးကို ဦးညို မျက်တောင်
မခတ်တမ်း ကြည့်နေမိလေသည်။
ထို့နောက်မှာတော့ ရိပ်လေးပြင်ထားသည်ကို
ဦးညို တစ်ယောက် မြည်းစမ်းစားကြည့်ရင်း လျှာလည်
သွားရလေသည်။
"ဟ ကောင်းလှချည်လားကွ"
"ရှင် တကယ်လား ဦး"
"အေး အတော်ကောင်းတယ်ကွ
လျှာကို ဂျွမ်းခုတ်သွားတာဘဲ"
"အို ဦးကလည်း ပိုပြီ ကျေးဇူးတင်ပါတယ် ဦးရယ်
ဦးက သဘောကောင်းလို့တော်ပါသေးတယ်"
"ဟင် ဘာလို့လဲ ကွ"
"ဦးက လူကြီးလူကောင်းဆန်တယ်လို့
ဒါကြောင့် ရိပ်မြုံ ဦးကို မနက်စာလေး
ပြင်ပြီးမှ ပြန်ဖို့လုပ်လိုက်တာ"
"ဘယ်ကိုပြန်မှာလဲ ရိပ်လေးက"
"အဆောင်ကိုပေါ့ ဦးရဲ့"
"ဒါဆို မပြန်တော့နဲ့"
"ရှင်"
" ဟုတ်တယ် ဦး ရိပ်လေးကို နောက်ထပ်
တစ်ရက်ထပ်ငှားမယ် ဒါနဲ့ ဦးပေးထားတာ
ပိုက်ဆံထုပ်တွေ ရိပ်လေးမယူသေးဘူးလား"
"ဟို ဒါကြောင့်လဲပါတယ် ရိပ်မြုံ ဦးကို
နိုးအောင်စောင့်ရင်း တောင်းမလို့"
"ဟေ"
ဦးညို အံ့အားသင့်သွားရလေသည်။အခြား
ကောင်မလေးတွေသာဆို တစ်ခါတစ်လေ ကိုယ့်
ပိုက်ဆံအိတ်ထဲက ရှိသမျှအကုန် မ သွားတတ်ကြ
သူချည်းသာ။အခုတော့ ……။
" ရိပ်မြုံ ဦးပေးသလောက်ယူမှာပါ
အခုလို ကူညီလို့လည်း ကျေးဇူးပါ"
"ဟား ဟား"
"အို ဘာလို့ရီတာလဲ ဟင်"
"ရိပ်လေးရာ မင်းလေးနော် မင်းလေး
အဟင်း တော်တော်ချစ်ဖို့ကောင်း
သွား ဦးပိုက်ဆံအိတ်ယူလာခဲ့ပေး"
"ရှင် အော် ဟုတ်"
ထမင်းကြော်ကို ဦးညိုဆက်စားနေရင်း
ပြုံးနေမိလေသည်။အတော်ချစ်စရာကောင်း
သော ကောင်မလေးပင်။
အစကတော့ ကောင်မလေးကို ပြန်မလွှတ်
စဉ်းစားထားသော်လည်း သနားစရာကောင်း
သော ကောင်မလေးကို ဦးညို တစ်နေကုန်
ဒုက္ခမပေးချင်တော့။
"ဒီမှာပါ ဦး"
"အော် အေး ရော့"
"ဟင် ဒါကြီးက"
"ဘာလို့လဲ မပျော်ဘူးလားကွ"
"ဒီကဒ်ကြီးက"
"အော် ဒီကဒ်ထဲမှာ သိန်း သုံး လေးရာတော့
ကျန်သေးတယ် ရိပ်လေး ထုတ်သုံးလို့ရတယ်
လေ ဘာလို့လဲ နည်းလို့လား"
" သိန်း နှစ်ရာ ဟုတ်လား"
"အင်းလေ"
"အများ အများကြီးဘဲ အို တော် တော်ပြီ
ရိပ်မြုံမယူရဲဘူး ဦးဟာ ပြန်ယူတော့"
"ဟ ဘာဖြစ်လို့လဲ ဦး ကြည့်ရသလောက်
ရိပ်လေး ငွေလိုနေတဲ့ပုံမို့ ယူထားပါ
ဒီလောက်က ဦးအတွက် မဖြစ်စလောက်ပါ"
" ဒါပေမယ့်လဲ ဦးရယ်"
"ရိပ်လေး အဲ့ခုံမှာ ခဏထိုင်"
"ဟုတ်"
ရိပ်လေးမှာ ခုံကလေးထက် မျက်နှာငယ်လေးဖြင့်
ထိုင်လိုက်ပုံကိုကြည့်ကာ ဦးညို အူယားစွာပြုံးမိလေ
သည်။
" ရိပ်မှာ မိဘတွေရှိသေးလား"
"ဟင့်အင်း"
"တစ်ယောက်ထဲပေါ့"
"ဟင့်အင်း ရိပ်မြုံ အဆောင်မှာနေပါတယ်"
"အရင်က ဘာအလုပ် လုပ်လဲ"
"စတိုးဆိုင်လေးမှာ လုပ်ပါတယ်"
"ဒါဆို အခုလို ဘာလို့လုပ်တာလဲ
ဒါ ရိပ်လေးအတွက် ပထမဆုံးလား"
"ဟုတ်ကဲ့"
"ရိပ်လေး ဘာလို့ဒီလိုလုပ်တာလဲ ဦးကို
ပြောပြပေးနိုင်မလား"
"ပြောပြလို့ရပါတယ် ဦး"
ရိပ်လေး တစ်စုံကိုတွေးကာ
အတိတ်ကိုပြောရန် ပြင်လိုက်လေ
သည်။
- * - * - * -
လွန်ခဲ့သော အတိတ်သို့……။
ရွာထိပ် မန်ကျည်းပင်ကြီးအောက်ဝယ်
ကလေးများ ဆော့ကစားနေကြလေသည်။
"ငါရောပါမယ်ဟာ"
"မပါနဲ့ မျက်လုံးတစ်ဖက်လပ်မ သွား သွား ဖယ်"
ရိပ်မြုံကလေးမှာ ကလေးတစ်ယောက်၏
တွန်းဖယ် ပစ်လိုက်မှုကြောင့် နောက်သို့လှန်
လဲကျသွားလေသည်။
"ညီမလေး "
အော်သံတစ်ခုနှင့်အတူ ကောင်လေးတစ်ယောက်
ရိပ်မြုံအနားကို ပြေးလာလေသည်။
"ညီမလေး ဘယ်လိုလဲ ရရဲ့လား
ခက်တော့တာဘဲကွာ ကိုကိုပြောထားတယ်လေ
လျှောက်မသွားပါနဲ့ဆို"
"အဟင့် ဟင့်"
"ဟာ မငိုပါနဲ့ကွာ ကိုကိုက ညီမလေးကို
စိုးရိမ်လို့ပြောတာပါ လာ ကိုကို့ကျောပေါ်တက်
အိမ်ပြန်မယ် ကိုကို ဟင်းချက်ထားတယ် ရှယ်ပဲ
သွားစားရအောင်လာ"
မွေးရာပါ မျက်လုံးတစ်ဖက်မမြင်ရသော
မွေးစားညီမလေးကို ကျောထက်တင်ကာ
နွေမိုး သီချင်းတအေးအေးဖြင့် ချီပိုးခေါ်လာ
လိုက်လေသည်။နှစ်ယောက်သား သီချင်း
တအေးအေးဖြင့် ပျော်ကြရွှင်ကြ ရီကြပြုံး
ပြနေမိကြလေသည်။
"ကိုကို "
" ဗ်"
"ညီမလေးကို သူတို့က မျက်လုံးကန်းနေလို့
မခေါ်မပြောကြတာလားဟင်"
"ဟာ ညီမလေးကလည်းကွာ သူတို့မခေါ်လည်း
ဘာဖြစ်လဲ ကိုကိုရှိတာဘဲ"
"ဒါတော့ဒါပေါ့ ကိုကိုရယ် ဒါပေမယ့်လည်း"
"ဟေးဟေးတော်ပြီ လုပ်စားတော့ ပြီးရင်
ကိုကို ညီမလေးကို စာသင်ပေးမယ်"
"ဟာ ကိုကိုရလည်း"
"မိရိပ်နော် အပျင်းမထူရဘူး"
"ဟုတ်ကဲ့"
နွေမိုးပြုံးလိုက်လေသည်။ချစ်စရာကောင်း
လွန်းသော ကောင်မလေးပင်။မိုးရွာထဲ အလုပ်က
ပြန်လာသည့်အချိန် ကျောင်းဝတ်စုံအဖြူကလေးနှင့်
လမ်းမှာ ငိုနေသော သည်ကောင်မလေးကို နွေမိုး
တွေ့တော့ ပေါက်စကလေး။
မျက်လုံးကလေးတစ်ဖက် မမြင်ရတာကလွဲလို့
လှလှပပချစ်စရာကောင်းလွန်းသည့်ကလေးလေးပင်။
တစ်ကောင်ကြွက်ဖြစ်နေသော နွေမိုးအတွက် ဘုရင်
မလေး တစ်ပါးဖြစ်လာခဲ့သူလေးပင်။
" ကိုကို အဲ့နေ့ကလေ ဖေဖေတို့မေမေတို့
သေသွားတာလားမသိဘူးနော်"
တစ်ခုခုကိုတွေးနေသည့်အခါတိုင်း ညီမလေးမှာ
ချက်ချင်းသိသူပင်။သူ့မိဘတွေကို စဉ်းစားနေမှန်း။
"အော် ညီမလေးရယ် လေးကျော်တို့က"
"မပြောပါနဲ့တော့ ကိုကိုရယ် ဖေဖေတို့ကိုက
ကံဆိုးတာပါ တော်ပါသေး ကိုကိုနဲ့တွေ့လို့"
"စကားတတ်မလေး ဟွန်း ကိုင်းလုပ်
ကိုကို လယ်ထဲဆင်းရတော့မှာ လိုက်မှာ
မဟုတ်လား"
"ဟင့်အင်း နေပူတယ် အိမ်မှာဘဲ ညီမလေး
နေခဲ့တော့မယ်"
"ဟာ မရပါဘူးကွာ အခုခေတ်ကြီးက
ကောင်းတာမဟုတ်ဘူး ညီမလေးပျင်းရင်
လယ်တောမှာ လိုက်ဆော့ ကိုကို့မျက်စိရှေ့"
"ဟုတ်ကဲ့ပါ ဒါဆိုလည်း"
စူစူပုပ်ပုပ်လေးလုပ်ကာ ရိပ်မြုံကလေး
ထသွားတော့ နွေမိုး သက်ပြင်းချလိုက်မိ
လေသည်။လက်ထဲတွင်လည်း ငွေကမပြည့်
သေး။ညီမလေးတောင် တဖြည်းဖြည်းနှင့်
အရွယ်ရောက်လာတော့မည်။ညီမလေးမျက်လုံး
ကို မြို့ပေါ်သွားကာ ဆေးခန်းကို ပြကြည့်တော့
ကြာရင် စက္ခုနှစ်လုံးအလင်းပျောက်ကာ ကွယ်သွား
နိုင်သတဲ့။ ထို့ကြောင့်...... ။
နွေမိုး အလုပ်ကို ကြိုးစားပမ်းစားလုပ်သည်
နှင့် လယ်တောမှာ စိုက်ခင်းတို့လှိုင်လှိုင် အထွက်
တိုးကာ လက်ဖျားငွေသီးလာခဲ့လေသည်။ထိုအချိန်
ညီမလေးမှာလည်း အရွယ်ရောက်လာသည်မှာနွေမိုး
အရပ်ကိုပင် ထိလုပြီဖြစ်သည်။
ထို့ကြောင့်ဝယ် အပျိုပေါက်လေးနှင့် သူစိမ်းယောကျာ်းတစ်ဦးတို့သဘောမျိုး
ဖြင့် ပတ်ဝန်းကျင်မှ အမျိုးမျိုးသမုတ်ကာ
မကောင်းပြောလာကြလေသည်။
မျက်စိအောက်မှာတင် အရွယ်ရောက်လာ
ခဲ့သော ညီမလေးမှာလည်း မျက်လုံးကလေးတစ်
ဖက် ကွယ်နေသည်ကလွဲ၍ အလွန်လှပသော
မျက်နှာကလေးနှင့် သေးသေးသွယ်သွယ် ခန္ဓာကိုယ်
ကလေး ပိုင်ဆိုင်ထားသူလေးပင်။ထို့ကြောင့်လည်း
ချောင်းနေကြသော သားရဲတို့ရန်မှ နွေမိုး ကာကွယ်
ရင်း ညီမဖြစ်သူအပေါ် အချစ်ပို လာခဲ့လေသည်။
"ကိုကို ညီမလေးကို ချစ်လားဟင်"
"ဟေ"
အခုနောက်ပိုင်း ထိုသို့ မေးလာတိုင်း နွေမိုး
မဖြေနိုင်တော့ချေ။ကြာလာသည်နှင့် ညီမလေး
ရှောင်နေမိလေသည်။အလုပ်တွေကိုသာ ဆက်တိုက်
ကြိုးစားလုပ်ကိုင်နေခဲ့လေသည်။သို့ရာတွင်
ပြဿနာကား ရိပ်မြုံကလေး ၁၉ နှစ်ပြည့်သော
အချိန်မှသာ စတော့လေသည်။
"ကိုကို ကိုကို ညီမလေး ဒီတစ်ဖက်ကလည်း
မှုန်ဝါးလာပြီ ကိုကိုရယ်" တဲ့။
လက်ထဲတွင်လည်း ဆေးကုရန်ငွေမှာ နည်းနည်း
သာလိုတော့လေသည်။ထိုသို့ ရှေ့ရေးအတွက် နွေမိုး စိုးထိတ်လာခဲ့ရလေသည်။နေ့တွေသာ ရက်ဆက် ကုန်ဆုံးလာခဲ့ရင်း ညီမလေးအတွက် ဆေးကုရန် ပိုက်ဆံပြည့်လာသည့်အချိန်ကိုစောင့်နေမိခဲ့လေသည်။ အချိန်မီကလေး ဆေးရုံတင်လိုက်နိုင်ဖို့အရေး မေ့လဲကျမတက် ကြိုးစားလုပ်ကိုင်ခဲ့ရင်း ပြောင်းလဲ လာသော ညီမဖြစ်သူကို ပိုဂရုစိုက်ရာမှ နွေမိုး၏
ရင်ခုန်သံစိမ်းစိမ်းတို့အကဲပိုလာခဲ့လေသည်။
တယုတယပြုစုပေးလာမိခဲ့သည်။ရင်ခုန်သံ
တို့ ဗလောင်ဆူခဲ့ရင်း ညီမဖြစ်သူကို ဆေးရုံတင်
နိုင်ခဲ့လေသည်။
သို့သော်လည်း ကံကြမ္မာ၏ အပြစ်ပေးမှုလို့
ဆိုရမလား။ညီမလေး မျက်လုံးအတွက် လှူဒါန်း
မည့်သူကို စောင့်ရင်း တစ်နေ့ ဆိုင်တစ်ဆိုင်သို့
အသွား လမ်းဘေး ရပ်စောင့်နေစဉ် ခါရမ်းစွာ
ဘီးပေါက်သွားသော ကားကြောင့် နွေမိုးအာရုံတို့
ဝေဝါးသွားခဲ့ရလေသည်။သွေးသံရဲရဲအောက်ဝယ်
သတိလစ်လုလုဖြင့် နွေမိုးမှာ ညီမဖြစ်သူကိုသာ
တွေးပူနေရှာသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုဘဲ
နွေမိုးကံမကောင်းခဲ့ရှာ။ကိုမာပုံစံမျိုးဖြင့် ဆေးရုံ
ခုတင်ထက် လဲလျောင်းရင်း အဆုံးသတ်ခဲ့ရလေ
သည်။
ထိုနေ့ပြီးသည့်နောက်တွင် ရိပ်မြုံအနားတွင်
နွေမိုးခမြာ အရောက်မလာနိုင်ရှာတော့။ရိပ်မြုံ
လည်း အစ်ကိုဖြစ်သူတစ်ခုခုဖြစ်နေမှန်း စိတ်
က အလိုလို သိနေမိသည်။
တစ်ရက်မှာတော့ ရိပ်မြုံ မျက်လုံးခွဲစိပ်ထားရာမှ
ပတ်တီးဖြေပြီးသည့်နောက် ရိပ်မြုံ၏ မျက်လုံးနှစ်
လုံး စလုံး အလင်းရခဲ့လေသည်။ရိပ်မြုံအစ်ကိုဖြစ်
သူကို အမြန်ရှာမိတော့ ဆေးရုံခုတင်တစ်ခုအထက်
ငြိမ်သက်စွာ လဲလျောင်းနေသော အစ်ကိုဖြစ်သူကို
မြင်လိုက်ရလေသည်။
အကြောင်းစုံသိခဲ့ရသည့်နောက် ပို၍ပင်
ဝမ်းနည်းကြေကွဲခဲ့ရကား ရိပ်မြုံမြင်နေရသော
မျက်လုံးအစုံမှာ အစ်ကိုပေးထားသော မျက်လုံး
နှစ်လုံးတဲ့။
မလှုပ်မယှက်ဖြစ်နေသော အစ်ကိုဖြစ်သူ
ဘေးနား ရိပ်မြုံ တတ်နိုင်သမျှကြိုးသားပြုစုခဲ့
ပြီးနောက် နှစ်အတန်ကြာသည်နှင့် ကားတိုက်
ခဲ့သော သူ၏ ထောက်ပံ့ပေးမှုတို့ ရုတ်သိမ်း
သွားခဲ့လေသည်။အစ်ကိုအတွက် ဆေးရုံစရိတ်တို့
လိုအပ်လာလေသည်။ရိပ်မြုံရှိသမျှအကုန်ရောင်း
ကာ ဆေးကုပေးခဲ့သော်လည်း နောက်ဆုံးတော့
ရိပ်မြုံ ဆုံးဖြတ်ချက်တစ်ခုချခဲ့ရတော့လေသည်။
ထိုကား သူဋ္ဌေးတို့၏ အပျော်မယား
အဖြစ် ဘဝကို စတေးဖြစ်ဖို့ပင်။
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
🌤 (အခန်း ၃)
ရိပ်မြုံ ပြောပြီးသည်နှင့် ထိုင်ရာမှ
ထလိုက်သည့်အချိန် ဦးညို ချက်ချင်း
ပင် ရိပ်မြုံလက်ကို လှမ်းဆွဲထားကာ
ရင်ခွင်ထဲ ဆွဲပွေ့ထားလေသည်။
"ဒါဆို ရိပ်လေး ကိုကို့အတွက်
အခုလိုလုပ်ရတယ်ပေါ့လေ"
"……"
ရိပ်မြုံ ခေါင်းညိတ်ပြလေသည်။
"ဟင် ဟင့် လွှတ်ပါ ဦး ရိပ်မြုံ
ကိုကို့ဆီသွားရဦးမှာ"
"ဦးကို မှန်မှန်ပြောစမ်း ရိပ်လေး"
"……"
ရိပ်မြုံ မျက်ရည်ကလေးကို ခါသုတ်ရင်း
ခပ်ငိုင်ငိုင်လေးဖြင့် ဦးညို ပေါင်ပေါ်ထိုင်နေ
မိလေသည်။
" ရိပ်လေး အပျိုဘဝဟာ ဦးအတွက်
ဖြစ်ခဲ့တယ်မလား"
"……"
ရိပ်မြုံ ဘာမျှမပြောဘဲ မျက်နှာကလေး
နီရဲလို့သာ နေလေသည်။
"ဦးပြောတာ ဖြေလေကွာ "
"ဟုတ်"
"ရိပ်လေး အဆောင်မှာ မနေတော့နဲ့
ဒီအခန်းမှာဘဲ လာနေ ဘယ်ယောကျာ်းကိုမှ
ရိပ်လေး မခစားတော့နဲ့ ဦးအတွက်သာ"
"ရှင်"
"ဘာလို့လဲ ရိပ်လေးဘဲ ဦးကို သဘောကောင်းတယ်
ပြောထားတယ်မလား ဒါကြောင့်မို့ ရိပ်ကလေးကိုကို
ဆီကို ဒီနေ့ ဦးလိုက်ပို့မယ် ပြီးတာနဲ့ ဦးမိတ်ဆွေ
ဆေးရုံကိုပြောင်းပေးမယ် ကောင်းလာဖို့ မပြောနိုင်
သေးပေမယ့် တတ်နိုင်သလောက် ဦး ရိပ်လေးကိုကို့
ကို ကုပေးမယ်"
"ရှင် အို တကယ်"
ရိပ်လေး ပျော်သွားရှာကာ ယုန်ပေါက်ကလေးလို
ခုန်ပေါက်နေလေသည်။
" ဒါပေမယ့် ရိပ်လေး ဦးကို လက်ထပ်ရမယ်"
"ရှင်"
"ရိပ်လေး စဉ်းစားပါ"
"ဒါက"
ရိပ်လေး ငိုင်ကျသွားလေသည်။
🌤 ၅ နှစ်ခန့်ကြာပြီးသော်……။
" ဦးရေ ဦး"
"ဟေ "
"သားသားလေး ငိုနေတယ် ဦးရေ
ဒီမှာ ရိပ် ရေချိုးနေတုန်းမို့"
"အေးအေး ဦးလာပြီ"
"မြန်မြန်နော် ဦး ကလေး ငိုဦးပေါက်သွားမယ်"
အိမ်ကလေးတစ်အိမ်ထဲ ကလေးငိုသံမှာ
ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာလေသည်။
"ဦးရေ ကိုကို့ဆီ ရိပ်သွားဦးမယ်နော်"
"သွားလေ ရိပ်လေး"
မနက်လင်းသည်နှင့် ဦးညိုမျက်နှာ မှုန်သိုးသွား
ရလေသည်။တုပ်တုပ်မျှမလှုပ်သော လူတစ်ယောက်
ကို သည်လောက်မျှ ချစ်ခင်ဂရုစိုက်နေလျှင် အကယ်
၍ ပြန်များ ကောင်းလာခဲ့ရင်…။
ဦးညို အတွေးတွေ ယောက်ယပ်ခက်ကုန်
လေသည်။
"ဦး ဦး"
"အမ် အော် ရိပ် ပြောလေ"
"ဦး အလုပ်မသွားရင် သမီးကို
ပစ္စည်းကူပို့ဖို့လိုက်ကူပေးဦးနော်"
"အေးပါကွာ သမီးကို ဦးပို့လိုက်ပါ့မယ်
သားငယ်လေးကကော"
"သားကို ရိပ်ခေါ်သွားမယ်လေ ဦး"
"အေးအေး မိတုတ်တို့ကိုအကူခေါ်သွား"
"ဟင့်အင်း မခေါ်တော့ဘူးလေ ကိုကို့အတွက်
ရိပ် တစ်ယောက်ထဲလုပ်နိုင်ပါတယ် ကိုကိုက
အခုဆို လက်ကလေးလှုပ်ခြေကလေးလှုပ်ဖြစ်
လာပြီ ဦးရ ဟီးဟိ သိပ်မကြာခင် ပြန်ကောင်း
လာတော့မှာလို့လည်း ကိုခန့်ကပြောတယ်"
ဦးညိုမင်းထွဋ် မျက်နှာမဲ့လုလုဖြစ်သွားရာမှ
ချက်ချင်းထိန်းကာ ပြုံးလိုက်လေသည်။
"သွားပြီနော် ဦး သဒ္ဒါရေ သမီး"
"ရှင် မေမေ လေးလေးဆီသွားမလို့လား"
"ဟုတ်ပါကွယ်"
"ဟင့် ဟင်း သမီးက မူကြိုတက်ဖို့
ပစ္စည်းတွေ ဝယ်ရမှာနဲ့ မအားတော့ဘူး
လိုက်ချင်လိုက်တာ လေးလေးကိုပြောပေးနော်
သဒ္ဒါသတိရပါတယ်လို့"
ထိုသို့ သော လူတစ်ယောက်ကို သည်းသည်းလှုပ်
ကာ တစ်ဦးသားလုံး ချစ်ခင်နေကြသော်လည်း တစ်စုံ
တစ်ယောက်သော သူမှာတော့ အသည်းတွေနာကာ
အထီးကျန်ရလေသည်။တစ်ခါတစ်လေ အပယ်ခံဖြစ်
ရသည်မှာ ခါးသက်လွန်းလှသည်။
ပုံမှန်ထက် သဲသဲကဲကဲ အကဲပိုသော
ရိပ်လေး၏ ကြိုးစားပြုစုမှုကြောင့်လား
ကိုယ်မေတ္တာပို့သမှုကြောင့်လားမသိ၊ကိုယ်တော်
ချောမှာ ထူးထူးခြားခြားပြန်ကောင်းလာခဲ့တော့
သည်။သို့ရာတွင် မျက်မမြင်တစ်ဦးအနေဖြင့်
သာ။
အချိန်တစ်ခုရောက်တော့ ဦးညိုတို့မိသားစု
ထဲ မိသားစုဝင် တိုးလာခဲ့ချိန် ဦးညိုနှလုံးသားတို့
အထီးကျန်လာလေတော့သည်။ဂရုစိုက်မှုကင်းမဲ့
လာသော မေးစေ့က နှုတ်ခမ်းမွှေးတို့ ရှည်လာလေ
သည်။အပျော်ကို တကူးတကရှာလာမိလေသည်။
တစ်ခါတစ်ရံများဆို ယမကာအနံ့လေးပင် သင်းလာ
ခဲ့လေတော့သည်။ထိုသို့ဖြင့် ပထမဦးဆုံး အရက်ကို အလွန်အကျွံ မူးအောင်သောက်ပြီး ဦးညို အိမ်ကို ပြန်လာသည့်နေ့မှာ ဦးညိုနှလုံးသားတို့ ကြေကွဲ
စူးနစ်စွာ ရင်ခုန်သံတို့ စည်းချက်လွှတ်ကုန်ခဲ့လေ
သည်။
"တောက်"
တောက်တစ်ချက်ခေါက်ကာ မြင်လိုက်ရသော
မြင်ကွင်းကြောင့် ဦးညို အိမ်ထဲကနေ ပြန်ထွက်
လာခဲ့လေသည်။
"ဟင် ဦး ဦး မဟုတ်ဘူးနော် ဦး နေဦးလေ"
ရိပ်မြုံ အစ်ကိုဖြစ်သူကို တိုးတိုးလေးပြောရင်း
ဖျက်ခနဲလှည့်လာမိသော ကိုကို့နှုတ်ခမ်းနှင့်
ထိတွေ့မိချိန် အထင်လွဲစရာမြင်ကွင်းတစ်ခုကို
ဦး တစ်ယောက်မြင်သွားခဲ့လေပြီ။
ရိပ်မြုံ ဦးအနောက်ကို ပြေးလိုက်သော်လည်း
မမီတော့။ ဦးကားကို စက်နှိုးကာ မောင်းထွက်
တော့မည် မို့ ရိပ်မြုံကားအရှေ့မှ ကာ ရပ် လိုက်
လေသည်။
"ဟင် ဟာ ရိပ် ……"
"တီ တီ ဒုန်း"
"အား အား အ"
အရက်အရှိန်ကြောင့် မူးဝေနေသော ဦးညို
ကားကို ဘရိတ်မအုပ်နိုင်တော့။ကားရှေ့တွင်
ရိပ် ကိုယ်လေး ဒုန်းခနဲ လွင့်စင်သွားလေသည်။
" ရိပ် ရိပ်"
သွေးတို့ ရွှဲနစ်ကာ ရိပ်လေး လဲကျနေလေသည်။
ဦးညို ရိပ်ကို ပွေ့ချီလိုက်သော်လည်း ရိပ်မှာ မလှုပ်
မယှက် ပျော့ခွေနေလေပြီ။
ဦးညို ဆေးရုံကိုဖုန်းဆက်ကာ သွေးသံတရဲရဲဖြင့်
ဇနီးသည်ကလေးကို ရှိုက်ကြီးတငင် စိုးရိမ်တကြီး
ငိုကာ စိုးရိမ်နေမိလေသည်။
သို့ရာတွင်……။
ကံကောင်းသည်ဟု ဆိုရမည်။ရိပ်မြုံကလေး
ခေါင်းကိုအနည်းငယ်ထိခိုက်သွားရာမှလွဲ၍ ဘာမျှ
မဖြစ်ရှာ။ဦးညိုလည်း နောင်တရကာ ဇနီးသည်
လှလှလေးကို သတိရလာသည်အထိ ပြုစုနေမိလေ
သည်။
"အင်း……အချစ် အချစ် ငါတောင် ခဏတာ
တွေ့ခဲ့ရပြီး တစ်သက်စာတောင် ချစ်ခဲ့မိတာ
အင်း သူတို့မောင်နှမတွေသာဆို ဘယ်လောက်
တောင် ချစ်ကြရှာမလဲ" ဟု ဦးညို တွေးတော
စာနာပြီးနောက် ဇနီးသည်ကလေး၏ နဖူးကလေး
ကို ဖွဖွလေး နမ်းရှိုက်ကာ နှုတ်ဆက်အနမ်းတို့
ဖြင့် သူမနှင့် ဝေးရာသို့ ထွက်ခွာခဲ့လေတော့
သည်။
🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍🎍
🌤 (အခန်း ၄) {ဇာတ်သိမ်း}
အမိမြေ၏ သာယာနွေးထွေးသော အငွေ့အသက်
တို့ကြောင့် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ဦးညိုမင်းထွဋ် နှစ်ခြိုက်စွာ ပြုံးလိုက်လေ
သည်။သူထွက်သွားခဲ့တာပင် ၁၀နှစ်ဆိုတော့ အတော်ကြာခဲ့လေပြီ။
"ဗုန်း ဒုတ်"
"အ"
"ဟာ ကောင်လေး ရရဲ့လားကွ"
"ဗျာ ဟုတ်ရပါတယ် ဘဘ"
"အော် အေး ဘဘ ဟား ဟား
လာ ထ နာသွားသေးလား "
"ဟင့်အင်း ရပါတယ်ဗျ"
"အေးကွာ ဘိုင့်ဘိုင်"
"ဘိုင့်ဘိုင် ဟင် အာ ဟုတ်သေးဘူး
ဘဘ ခဏ ခဏ"
ဦးညိုအနောက် ကောင်ကလေးမှာ
ပြေးလိုက်လာလေသည်။
"ဟေ့ ကောင်လေး ဘာလို့လဲ"
"သား သား မမကို ပျောက်သွားလို့"
"ဟေ အဲ့ဒီတော့"
"ဘဘ ဖုန်းဆက်ပေးပါ့လား ဟင်"
"အော် အေးအေး လာလာ ဒီမှာ ထိုင်
ဘဘ ဆက်ပေးမယ်နော်"
"ကျေးဇူးပါဗျ"
ဦးညို ဖုန်းကိုထုတ်ကာ ကလေးပြောသော
ဖုန်းနံပတ်ကို ဆက်လိုက်လေသည်။
"ဟဲလို "
"ဟယ်လို ဘယ်သူပါလဲရှင်"
"အော် ခဏနော် ကောင်လေးရော့"
ကလေးလေးမှာ ချက်ချင်းဖုန်းကိုကိုင်ကာ
ချစ်စရာကောင်းစွာ စကားတွေ ပြောနေလေ
သည်။ဦးညိုကြည့်ရင်းနှင့်ပင် တစ်စုံတစ်ဦး
ဖြင့် တူသယောင်ယောင်ပင် ထင်လာမိသည်။
"ဟင် ဒါ ဒါက ရိပ်"
"ဟယ် မောင်လေး အမလေး
ရှာလိုက်ရတာကွယ်"
"ဟီး သားသား ဟို ဘဘကို
အကူညီတောင်းလိုက်တာ"
" အော် ဟို ကျေးဇူး အင် ဒါ ဒါ
ဖေဖေ ဖေဖေမလား ဖေဖေ သမီး သမီးလေ
သမီးသဒ္ဒါ"
ရုတ်တရက် ကလေး၏ အစ်မဖြစ်သူလာတော့
ဦးညို ခဏတာကြောင်ကြည့်နေမိချိန် ဖေဖေဟု
အော်ခေါ်မှာ ကိုယ့်သမီးကြီးဖြစ်နေလေသည်။
" သမီး"
ဦးညို ပြေးဖက်လာသော သမီးကို
ပြန်ပွေ့ဖက်ထားမိလေသည်။ထိုစဉ်
ငါးနှစ်အရွယ် ကောင်လေးကိုကြည့်ကာ
ဦးညို ရုတ်တရက် မျက်နှာပျက်သွားလေ
သည်။
"သမီးတို့ ဒီကို ဘာလာလုပ်တာလဲ
ဒီကလေးကကော ဘယ်သူ"
"လေးလေးနွေမိုးသား လေ ဖေဖေရ"
"ဘာ "
ဦးညို ထောင်းခနဲ ထွက်လာသော စိတ်ကြောင့်
ရပ်နေရာမှ ချက်ချင်းလှည့်ထွက်လာခဲ့လေသည်။
"ဟင် ဖေဖေ ဖေဖေ နေဦးလေ"
"နေတော့ သမီး နေခဲ့တော့"
"ဖေဖေ နေ နေဦးလေ အား အ"
သဒ္ဒါကလေးမှာ အဖေဖြစ်သူနောက်
ပြေးလိုက်ရင်း လဲကျသွားလေသည်။
"ဟင် သမီး အာ ဘာဖြစ်သွားသေးလဲ"
"ဘာဖြစ်ဖြစ်သွား ဖေဖေ သွားချင်တဲ့ဆီ
ကိုသွားတော့ သွား ပါ သွား သမီးမတားတော့ဘူး"
" ဟာ ထပါ သမီးရာ ဟိုကလေး ဒါ ဘယ်လဲ
လာစမ်း ဒီနား လာ သမီးကော ထ ထနိုင်လား
ဖေဖေပွေ့ချီရမလား"
"သမီးကလေးမဟုတ်တော့ဘူးဖေဖေ ဖယ်ပါ
ပစ်ထားခဲ့တာနဲ့အားမရလို့ အခု နောက်ထပ်
သမီးကိုတွေ့တာတောင် ဖေဖေ ရက်စက်တယ်နော်"
"ဟာ ဖေဖေမှားပါတယ် ကွာ ကဲ ထတော့နော်
ဒီကို သမီးတို့ ဘာလာလုပ်တာလဲ "
"မောင်ငယ်ကို လာကြိုတာ"
"ဟေ"
"ဟုတ်တယ် သူဟိုနားမှာ ဒီနွေမိုးညိုကို
လာရှာရတာနဲ့ ခုနကတောင် မောင်ငယ်
ပြောနေသေး သူ လေယာဉ်ပေါ်ကဆင်းတော့
ဖေဖေနဲ့တူတဲ့လူကိုတွေ့တယ်တဲ့ သူ့ခမြာ
ဖေဖေကို တအားတွေ့ချင်ရှာတာ ဖေဖေသာ
အထင်တွေလွဲ ထားခဲ့တာ ဖေဖေလူဆိုးကြီး"
"ဟာ ဟုတ်ပါပြီဗျာ လာ သားငယ်ဆီသွားရအောင်"
"ဟင် ဘာလဲ နွေမိုးညိုကို ဖေဖေကမကြည်ပါ့
လား ဒါက လေးလေးနွေမိုးသားပါနော် "
"သိပါတယ် သမီးရယ် လာပါ သွားစို့"
"မောင်လေး လာ"
ဦးညို ကလေးစုတ်လေးကို ဂျိုသာပေးနေမိ
လေသည်။ခဏအကြာလျှောက်တော့ ဖြူဖြူသန့်
သန့်ချောချော သားငယ်လေးကို ဦးညို တွေ့
သည်နှင့် ပြေးဖက်မိလေသည်။
"ဟာ ဟာ ဘယ်သူကြီးလဲ"
"ဖေဖေလေကွာ သားဖေဖေ"
မောင်ငယ် ဖက်ထားသည်ကို သေချာကြည့်
မိသည်။လေယာဉ်ဆင်းတော့ တွေ့ခဲ့သောသူ။
စမတ်ကျကျ ချောချောသန့်သန့်လူကြီး။
"ဖေဖေ ဟုတ်လား"
"သား ဖေဖေ့ကို မမှတ်မိဘူးလား"
"ကိုရီးဖေဖေက သားဖေဖေထက်ချောတယ်နော်"
"ဟားဟား ဟုတ်တာပေါ့ကွ ဒါနဲ့
ခုနက ကြီးကြီး မှုံဖုန်းဆက်တယ်
သူ့သားမျောက်လောင်းလေးကို
သေချာထိန်းလိုက်ဦးတဲ့"
"ဟဲဟဲ သားက ကိုရီးကို တွေ့ချင်ဇော
လောသွားလို့ပါနော် သားကလိမ္မာပါတယ်
ဒါနဲ့ ဒီဘဘချောကြီးက ကိုရီးဖေဖေဆိုတော့
သား လေးလေးတော်တာပေါ့နော်"
"ဟင် အင်း ဒါ ဒါပေါ့ကွ"
ပြုံးပြုံးကြီးပြောလိုက်မိကာ ဦးညို ပြောပြီးသည်
နှင့် သမီးဖြစ်သူကိုလှမ်းကြည့်မိတော့ ခပ်တည်တည်
ကြည့်နေသည်မို့ချက်ချင်းအကြည့်လွှဲလိုက်လေသည်။
ထို့နောက်သားဖြစ်သူကို ပွေ့ချီကာ ကားကိုမောင်း၍
ချစ်သူရှိရာကို ပျော်ပျော်ရွှင်လာခဲ့လေသည်။
"ဟင် သမီးမေမေရော"
"လျှောက်ရှာမနေနဲ့တော့ ဖေဖေ မေမေအခုချိန်
ဆို တစ်ယောက်ထဲ သုဿန်မှာ အထီးကျန်စွာ
ရှိနေလိမ့်မယ် ဖေဖေတွေ့ချင်ရင် လိုက်သွား"
"ဘာ ဘယ်လို ဟာ "
ဦးညို ရင်ထဲ ဟာတက်သွားမိလေသည်။ချက်ချင်း
ကားပေါ်တက်ကာ သုဿန်သို့ဦးတည်မောင်းနှင်
့လည်း ငိုရီနေရလိုက်လေသည်။နှလုံးသားလေးလည်း
ငိုနေ လေသည်။ထိုအချိန် ကောင်းကင်အာကာယံ တစ်ခွင် မိုးတိမ်တို့ အုံ့ဆိုင်းနေရာမှ မိုးတို့ ရွာလာခဲ့ပြန်သည်။
"ရိပ် ရိပ်"
ဦးညိုတစ်ယောက် အရူးတစ်ပိုင်းလို
အော်ဟစ်ရင်း အုတ်ဂူတစ်ခုချင်းစီကို
လိုက်ရှာနေလေသည်။ငိုလည်းငိုအော်
လည်းအော်ရင်း ရွာချနေသော မိုးနှင့်
အပြိုင် မျက်ရည်မိုးတို့ရွဲရွှဲစိုနေရှာလေ
တော့သည်။
"ဟိုး ဒီမှာ ရှင် ဘာရှာနေတာလဲ"
"ကျုပ်မိန်းမ အုတ်ဂူကို ဟင် ရိပ်
အမလေး သရဲ သရဲ"
"ဟမ် အောင်မာ ဦးစုတ်ဦးပဲ့ ဘာ လူကို
သရဲလည်း လာစမ်း အင့်ဟယ် အင့်ဟယ်"
ရိပ်မြုံ ခင်ပွန်းသည်၏ခေါ်သံကြောင့် သူငယ်ချင်း
ဖြစ်သူ အုတ်ဂူရှေ့မှ ထကာ လိုက်ရှာမိတော့ အရူး
လို မိုးရွာထဲ ပတ်အော်နေသော သူကိုတွေ့လိုက်ရ
လေသည်။
"ဟင် ရိပ် မသေဘူးပေါ့နော်"
"ရှင့်လိုလူဘဲ သေရမှာ မကျေနပ်ဘူး
အင့်ဟာ အင့်ဟာ သေ သေ"
"ဟာ ရိပ်ရယ် လက်တွေ နာကုန်ပါ့မယ်
လာပါဦး ဦးရင်ခွင်ထဲ"
"အို ဖယ် ဖယ် လူကို သရဲလေး
ဘာလေးနဲ့လွှတ်စမ်းပါ သွား"
"ဟာ လွှတ်ဘူးကွာ ချစ်တယ် ချစ်မယ်"
"ဟယ် အို အို ဘယ်လိုကြီးလဲ အင့်အင်း"
ဦးညို ဇနီးသည်ကလေးကို ဖျစ်ညစ်ဖက်တုပ်ကာ
အချစ်တွေစုပြီး မိုးနှင့်အပြိုင် အနမ်းတွေဖြိုင်ဖြိုင်ရွာ
လိုက်ရာ သုဿန်ထဲရှိသူတို့ပင် မျက်စိရှက်သွားစေ
လောက်ပေသည်။ ရိပ်တစ်ယောက်လည်း အနမ်း
တိုက်ပွဲကို မခုမခံဘဲ အသာတကြည်မက်မောစွာ
ကြည်ကြည်ဖြူဖြူလက်ခံရင်းဖြင့် အချစ်စစ်တို့ကြား
ဝယ် အထင်လွဲသံသယတို့ ကင်းစင်ပပျောက်သွား
ခဲ့လေတော့သည်။
{ပြီးပါပြီ}
#ဦးငယ်(21:9:2020)
[အားပေးဖတ်ရှု၍စိတ်အပန်းပြေနိုင်ပါစေဗျ။