ကြောက်လို့ပဲထွက်ပြေးခဲ့တာလား။ ဒါမှမဟုတ် နိုဝယ့်မျက်ဝန်းတွေနဲ့မရင်ဆိုင်ရဲလို့ပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုအထင်သေးသွားပြီဆိုတဲ့စိတ်နဲ့ပဲလားမသိ။ မနတ်အိပ်ယာနိုးနိုးချင်း သူ့လက်ဖဝါးလေးကားဆုတ်ကိုင်ကာ ကုတင်ပေါ်မှီတွယ်ရင်းအိပ်နေတဲ့သူကို တောင်းပန်ပါတယ်ဆိုတဲ့ စာလေးတစ်စောင်ထားပြီထွက်ပြေးလာခဲ့မိတာ။ အိမ်ပြန်ရောက်ရောက်ချင်း မာမီကတောင်သူ့ကိုဘာဖြစ်လာလဲဟူ၍မေးနေပေမဲ့ သူ့အတွက်ပါးစပ်ကနေထုတ်ပြောဖို့တောင်မရဲသာတဲ့အခြေအနေ။
စကားပြောဖို့အားယူလိုက်တိုင်း စကားလုံးများကထွက်ကျမလာတဲ့အခြေအနေ။ ထိုပုံစံကြီးကို ကိုယ်ချစ်ရသူရှေ့ချမပြချင်။ ဒါကြောင့်ပင် အလုပ်ခရီးစဉ်အရသွားရမည့်အချိန်ထပ်စောပြီးရောမဘက်သို့သွားဖြစ်ခဲ့သည်။ မိဘနှစ်ပါးကိုတော့ အလုပ်ကိစ္စအတွက်နှင့်ကော စိတ်အပန်းဖြေသဘောအနေဖြင့်ကောသွားချင်လို့ပါဟုပြောခဲ့လေသည်။ဒါကြောင့်ပင် အလုပ်ခရီးစဉ်အရသွားရမည့်အချိန်ထပ်စောပြီးရောမဘက်သို့သွားဖြစ်ခဲ့သည်။ မိဘနှစ်ပါးကိုတော့ အလုပ်ကိစ္စအတွက်နှင့်ကော စိတ်အပန်းဖြေသဘောအနေဖြင့်ကောသွားချင်လို့ပါဟုပြောခဲ့လေသည်။
ဒီကိုရောက်တော့ပထမဆုံးလုပ်ဖြစ်သည့်အလုပ်က စိတ်ကျန်းမာရေးဆရာဝန်နဲ့တွေ့ရသည့်အလုပ်။ သူနဲ့အတူပါလာတဲ့ ဆက်ပိုင်ကတောင်အံသြနေတာ။ ဒါပေမဲ့သူ့ကိုတော့ဘာတစ်ခုမှမမေးမြန်းခဲ့ပါဘူး။ စိတ်ခံစားချက်တွေအတက်အကျမြန်သွားလို့ ခဏတာစကားမပြောနိုင်ဖြစ်သွားခဲ့သည်ဟုသောအချက်ကြောင့် ထိုနေ့ကဆေးရုံမှအပြန်အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လိုဖြစ်နေခဲ့ရတာ။ ပုံမှန်ပြန်ဖြစ်အောင်သူ့စိတ်ကိုအတက်နိုင်ဆုံး healing ဖြစ်စေမဲ့အရာတွေကိုပဲလုပ်ဆောင်ခဲ့ရသည်။ အဆက်အသွယ်တွေအကုန်ဖြတ်ပြီး စိတ်ကောလူကော healing ဖြစ်မဲ့အရာတွေကိုရှာဖွေလုပ်ကိုင်နေမိသည်။ တဖြေးဖြေးတိုးတက်လာသည့်သူ့အခြေအနေကြောင့်ဆရာဝန်ကတောင်အံသြနေသေးသည်။
ပုံမှန်လူကောင်းကဲ့သို့စကားပြန်ပြောနိုင်ဖို့ဆိုတာ သာမာန်လူတွေအတွက်မလွယ်ကူပေမဲ့ သူ့အတွက်စိတ်ကိုအတက်နိုင်ဆုံးလျော့ချလိုက်ပြီး ဒါပေမဲ့သူ့ကိုတော့ဘာတစ်ခုမှမမေးမြန်းခဲ့ပါဘူး။ စိတ်ခံစားချက်တွေအတက်အကျမြန်သွားလို့ ခဏတာစကားမပြောနိုင်ဖြစ်သွားခဲ့သည်ဟုသောအချက်ကြောင့် ထိုနေ့ကဆေးရုံမှအပြန်အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လိုဖြစ်နေခဲ့ရတာ။ ပုံမှန်ပြန်ဖြစ်အောင်သူ့စိတ်ကိုအတက်နိုင်ဆုံး healing ဖြစ်စေမဲ့အရာတွေကိုပဲလုပ်ဆောင်ခဲ့ရသည်။ အဆက်အသွယ်တွေအကုန်ဖြတ်ပြီး စိတ်ကောလူကော healing ဖြစ်မဲ့အရာတွေကိုရှာဖွေလုပ်ကိုင်နေမိသည်။ တဖြေးဖြေးတိုးတက်လာသည့်သူ့အခြေအနေကြောင့်ဆရာဝန်ကတောင်အံသြနေသေးသည်။ ပုံမှန်လူကောင်းကဲ့သို့စကားပြန်ပြောနိုင်ဖို့ဆိုတာ သာမာန်လူတွေအတွက်မလွယ်ကူပေမဲ့ သူ့အတွက်စိတ်ကိုအတက်နိုင်ဆုံးလျော့ချလိုက်ပြီးနောက် အဖြစ်အပျက်တွေကိုလက်ခံလိုက်သည့်အခါ သူ့စိတ်မှာအနည်းငယ်သက်သာသွားသယောင်။
သူချစ်ရတဲ့သူကိုဒဏ်ရာမပေးချင်ပါ။ သူအမြန်ဆုံးနည်းနဲ့သက်သာမှသာ သူချစ်ရတဲ့သူအနားကိုပြန်သွားနိုင်မည်မဟုတ်လား။ တဖြေးဖြေးချင်းကြိုးစားကာ စကားပြောနိုင်လာသည့် သူ့ကိုယ်သူလဲကျေးဇူးတင်မိသည်။
တို့မင်းကိုတို့ရဲ့ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်ဘူးအချစ်ရယ်။ တို့ပြိုလဲနေတဲ့ပုံကိုမြင်ရင် အချစ်ဘက်ကတုံ့ပြန်လာမဲ့တုံ့ပြန်ချက်တွေကိုကြောက်မိလို့ထွက်ပြေးသွားတယ်ထင်ရင်လဲထင်ပါ။ တို့မင်းကိုမမုန်းပါဘူး။ မုန်းသွားလို့ထွက်ပြေးခဲ့တာမဟုတ်ပါဘူး။ တို့ကိုယ်တို့ယူကြုံးမရဖြစ်ခဲ့ရလို့ပါ။ တို့ကိုယ်တို့တောင်မကာကွယ်နိုင်တဲ့သူက အချစ်ကိုကာကွယ်ပေးဖို့လုပ်ခဲ့တာတဲ့လေ။ ရီဖို့ကောင်းလိုက်တာအချစ်ရယ်။ တို့ကိုယ်တို့သန်မာနေပြီထင်ခဲ့တာ။ အခုတော့ ပျော့ညံ့တဲ့လူစားဖြစ်နေခဲ့ရတာအချစ်ရယ်။ တောင်းပန်ပါတယ် အသန်မာဆုံးလူအနေနဲ့ပြန်လာမှာမို့ စောင့်နေပေးဖို့ပဲမျော်လင့်ပါတယ်။
Conference ပြီးသည်နှင့် ရန်ကုန်ကိုပြန်လာသည့်နေ့၌ပင် ကွန်ဒိုကိုတန်းသွားခဲ့ပေမဲ့ တွေ့ချင်သည့်သူကရှိမနေခဲ့။ ကြိုဆိုနေသည်က မှောင်မဲနေ့သည့်အခန်း နေရာတိုင်းမှာပြန့်ကျဲနေသည့်ဘီယာဗူးခွံများစွာ။ သောက်လက်စဆေးလိပ်နှင့် သောက်ပြီးသားဆေးလိပ်အမှိုက်များသာ။ နိုဝယ်ပြောထားသည်က သူလဲ သူ့ဒယ်ဒီကြီးကပြန်လာခိုင်း၍သွားရသည်ဆိုလား။ ဒါကြောင့်ပင် ပြန့်ကျဲပေပွဲနေသာ့်အခန်းနှင့်အမှိုက်များကိုရှင်းလင်းပြီးနောက် ခရီးပန်းလာ၍အိပ်ပျော်သွားခဲ့ရသည်။ နိုးလာပြီးမှသာ ရေချိုးသန့်စင်ကာ မိဘများနှင့်သွားတွေ့မည်ဟူ၍။
ထို့နောက် အကြိမ်ကြိမ်နားခိုဖူးသည့် နိုဝယ့်အငွေ့အသက်များပြည့်နေသည့်ခုတင်ပေါ်၌သာအိပ်စက်အနားယူလိုက်ပါသည်။ အိပ်မတ်ထဲ၌တော့ သူနှင့်နိုဝယ်ရဲ့ပျော်ရွင်ဖွယ်အမှတ်တရများသာသတိတရနှင့်။အိပ်မတ်ထဲ၌တော့ သူနှင့်နိုဝယ်ရဲ့ပျော်ရွင်ဖွယ်အမှတ်တရများသာသတိတရနှင့်။
ပင်ပန်းသည့်အတွက်တန်းကာအိပ်ပျော်သွားပြီး ပြန်နိုးလာမှသာ ရေချိုးပြီးနောက် မိဘများရှိသောအိမ်ကိုပြန်ရလေသည်။ မိဘအိမ်ကိုပြန်ရောက်ပြီဆိုသည့်အသိနှင့်ပင်သူ့အတွက်က နောက်ကျောလုံသည်။ တစ်ချိန်ချိန်မှာတော့သူကြုံတွေခဲ့ရတဲ့အဖြစ်အပျက်များကိုမိဘများထံ ဖွင့်အံပြဖို့ကြိုးစားမှာပါ။
ရန်ကုန်ရောက်မှပိတ်ထားသည့်ဖုန်းကိုဖွင့်သည့်အခါ နိုဝယ့်ဆီမှ miss call ပေါင်းများစွာ။ ဆက်ပိုင်ကိုဖုန်းတောက်လျောက်ဆက်နေတုန်းက ဆက်ပိုင်၏ဖုန်းကိုပါပိတ်ခိုင်းထားခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုထိတော့ သူအနားယူချင်မိသည်။ လူပင်ပန်းသည်ထက် စိတ်ပင်ပန်းသည်ကိုသူမခံနိုင်တာ ပထမတစ်ကြိမ်ကထဲကသိခဲ့ရသည်။ ဒဏ္ဏာရီဆိုတဲ့မိန်းမက သူ့ကိုယ်သူအထင်ကြီးနေခဲ့မိတာ နိုဝယ်ဆိုတဲ့မိန်းခလေးနဲ့မတွေ့ခင်အထိ။ ဒါပေမဲ့အခုတော့ ကိုယ်တိုင်တောင်မကာကွယ်နိုင်တဲ့ မိန်းမဖြစ်နေခဲ့ရသည်တဲ့လေ။ သူဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ကတော့ သူ့ကိုယ်သူကာကွယ်နိုင်လောက်သည်အထိတော့ ပညာတစ်ခုတက်မြောက်ထားဖို့လိုအပ်နေပြီဆိုတာ။ ဒါကြောင့် ကိုယ်ပိုင် လေ့ကျင့်သင်ပြပေးသူခေါ်ကာ ကိုယ်ခံပညာသင်ရန်ဆုံးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ သူ့ကိုယ်သူကာကွယ်နိုင်ရမည်။ နောက်ပြီး သူနဲ့ပတ်သက်သည့်သူများကိုကာကွယ်နိုင်စေရန်အလို့ငှာ။
ပုံမှန်အချိန်ဇယားများ၌ မနတ်ပိုင်း gyn သွားသည့် ၂နာရီနှင့် ညနေပိုင်းရုံးပြန်ချိန် ကိုယ်ခံပညာသင်ကြားရန် ၂ နာရီသည်သူ့ရဲ့အချိန်စာရင်းထဲသို့တိုးလာခဲ့ပါသည်။
သူ့ရုံးခန်းထဲ၌ ရန်ကုန်မှာမရှိခဲ့ရသည့်အတောအတွင်းက လက်မှတ်ထိုးရမည့်စာရွက်စာတမ်းများနှင့် အပြီးသက်စစ်ဆေးရမည့် လုပ်ငန်းပရောဂျက်များ စစ်ဆေးရမည့်စာရွက်စာတမ်းများကို တောက်လျောက်ထိုင်လုပ်နေမိသည်။ ဇာက်ကြောများတက်လာ၍ ခုံမှာထိုင်နေရာက ထကာ ရန်ကုန်မြို့ မြို့ပြမြင်ကွင်းကိုမြင်ရသည့်သူ၏ရုံးခန်းမှန်ပြတင်းမှနေ မတ်တပ်ရပ်ကာကြည့်နေမိသည်။ ထို့နောက် ဝတ်ထားသည့် စတိုင်ပန်ဘောင်းဘီအိတ်ကပ်အတွင်းမှ စီးကရက်ဘူးလေးအားထုတ်ကာ စီးကရက်သောက်နေမိသည်။ မနေ့တနေ့ကထိဆေးလိပ်မသောက်တက်တဲ့သူက အခုချိန်မှာတော့ တစ်နေ့ကို သုံးလိပ်လောက်တော့သောက်မိနေသည်။ ဒါကို နိုဝယ်သိရင်ဘယ်လိုပြောလာအုန်းမလဲသိချင်မိပါသေးသည်။
အလုပ်ပြီးလို့သင်တန်းကအပြန် ကွန်ဒိုကိုပြန်ခဲ့လေသည်။ သူ့အခန်းကိုအရင်ဆုံးမသွားပါပဲ နိုဝယ့်အခန်းဆီကိုသာဦးစွာလာခဲ့လေသည်။ နိုဝယ်ပြောပြထားသည့် key wordများရိုက်နိုပ်ကာ အခန်းတံခါးဖွင့်လိုက်သည့်အခါ ပထမဆုံးမြင်လိုက်ရသည်က သူ့အားကျောပေးထားသည့်ကျောပြင်တစ်ခု။ သေချာစွာပြောရလျှင် သူပြေးဖတ်တွယ်ချင်မိသည့် ကျောပြင်တစ်ခု။
"နိုဝယ်လား?"
သူ့ဘက်ကိုတဖြေးဖြေးလှည့်လာသည့် ပုံရိပ်လေး။ မျက်ဝန်းထဲမှာပုလဲရည်များခနေခဲ့သည့် သူအမြင်တွေ့ချင်ဆုံးမျက်နှာပြင်လေး။ ချက်ချင်းဆိုသလိုမြန်ဆန်သည့်အရှိန်နှုန်းဖြင့် နိုဝယ့်အနားအားပြေးမတက်သွားကာ ဆွဲဖတ်ထားခဲ့မိသည်။
ဒီကိုယ်သင်းနံ့လေး ဒီအထိအတွေ့လေး ဒီနွေးထွေးမှုလေး ဒီလူသားလေးကိုသူအရမ်းလွမ်းနေခဲ့တာ။ သူစကားပြောဖို့စိတ်အားထက်သန်ရသည့်အကြောင်းအရင်းက နိုဝယ်ကြောင့်ဆိုတာမမှားခဲ့ပါ။ ပထမဆုံးသူပြန်ပြောနိုင်သည့်နေက နိုဝယ့်နာမည်ကိုပဲတစ်ချိန်လုံးရေရွတ်နေခဲ့မိတာ။ ဒီအကြောင်းများအားပြန်တွေးမိတော့ သူ၏မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်များကအတားအစီးမရှိထိုးကျလာခဲ့သည်။
"အရမ်းလွမ်းနေခဲ့တာ သေမတက်လွမ်းနေခဲ့တာ တောင်းပန်ပါတယ် တစ်ယောက်ထဲထားခဲ့မိလို့ အဲ့လိုမှမဟုတ်ရင် တို့ပြိုလဲနေတဲ့ပုံကိုနိုဝယ်တွေ့သွားရင်ပိုပြီးခံစားရမှာဆိုးလို့ တို့ခဏထွက်သွားမိခဲ့တာပါ တောင်းပန်ပါတယ် နောက်တစ်ခါဒါမျိုးမဖြစ်စေရတော့ပါဘူး"
"ကျွန်မလဲတအားလွမ်းနေတာ မတွေ့ရတဲ့ရက်တွေက ကျွန်မအတွက်တော့ ရှင်နေရက်နဲ့သေနေသလိုပါပဲ ဏရီရယ် ကျွန်မရှင့်ကို ရူးလောက်အောင်လွမ်းဆွတ်သတိရနေခဲ့တာပါ အိမ်ထဲဝင်ဝင်ခြင်းဏရီ့အငွေ့အသက်တွေ တွေ့လိုက်ရတဲ့ တခဏ ကျွန်မလေ ပြောမပြတက်အောင်ကိုဝမ်းသာသွားရတာပါ ကျေးဇူးတင်ပါတယ် ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် ထားမသွားလို့ကော"
မတွေ့ရသည့်အချိန်အတောအတွင်းကလွမ်းဆွတ်မှုများကိုပွေ့ဖတ်မှုလေးတစ်ခုနဲ့တင်အလွမ်းပြေသွားသယောင်။ လူနှစ်ဦးမျက်နှာချင်းဆိုင်ပွေ့ဖတ်သည့်အခါ သူတို့နှလုံးသားနှစ်ခုကအနီးစပ်ဆုံးမှာရှိနေရသည်တဲ့။ ဏရီနဲ့နိုဝယ့်ရဲ့နှလုံးခုန်နှုန်းတေးသွားက စည်းချက်ညီစွာ တစ်ဒုတ်ဒုတ်ခုန်နေသည်ကိုတော့ဘယ်သူများသိပါလိမ့်မလဲ။
"ချစ်တယ်"
"တို့လဲအရမ်းချစ်တယ်"
မတိုင်ပင်ပါပဲထိကပ်သွားသည့် နှုတ်ခမ်းသားတစ်စုံ။ ဘာရမ္မတ်မှမပါခဲ့ပါဘူး။ ချစ်ခြင်းသက်သက် လွမ်းလွမ်းမောမော နမ်းဖြစ်ခဲ့သည့်အနမ်းတစ်ခုပါပဲ။ ရူးရူးမိုက်မိုက်လွမ်းနေခဲ့ရသည့်အနမ်းတစ်ခု။ အသက်ရှုရန်လေအလုံအလောက်မရတော့သည့်အချိန်ရောက်မှသာရပ်တန့်ခဲ့ရသည့်အနမ်းတစ်ခု။ နိုဝယ့်လက်အသွယ်လေးကဏရီ့ခါးပေါ်မှာတင်းကျပ်စွာ။ ဏရီ့လက်ဖဝါးလေးနှစ်ဖတ်က နိုဝယ့်ပါးပြင်တစ်ဖတ်တစ်ချပ်စီမှာ။ အတူတူနဖူးချင်းဆိုင်ကာအသက်ကိုဝဝရှုနေခဲ့မိသည်အထိသူတို့အနမ်းခြွေခဲ့ကျတာ။
အခန်းအပြင်ဘက်ကိုငေးမောကြည့်မယ်ဆိုရင်တော့ ညအမှောင်ရိပ်ကတဖြေးဖြေးတိုးကပ်လာသည့်အရိပ်အရောင်ပေမဲ့ မီးအလင်းရောင်ကြောင့် အပြင်ဘက်လောကကိုမြင်နေရပါသေးသည်။
×
tbc
trollZ