စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ...

By Doh_Clover

37.5K 4.1K 61

translator - Utopia More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
🥲
Chapter 36
Chapter 37
Chapter 38

Chapter 9

961 124 1
By Doh_Clover

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law)
Chapter 9
Translator – Utopia
“ဟုတ်တယ် ကျွန်မက မထိုက်တန်ဘူး! ကျွန်မကကော မွေးစားပါလို့ တောင်းဆိုခဲ့လို့လား။ ချီယန်ဝမ်ဖေးဖြစ်အောင် လုပ်ပေးခိုင်းခဲ့လို့လား”
မုမင်ထန် ဘယ်သူ့မျက်နှာမှ မထောက်တော့ဘဲ ကျန်းဟုန်ဟောက်ကို ပက်ခနဲ ပြန်ကြည့်လိုက်တယ်။ ဒါကမှ သူမရဲ့ပုံစံအစစ်ပဲ။ ရှန်းယန်ကနေ ချန်လျို့အထိ ထွက်ပြေးလာခဲ့တဲ့ မိဘမဲ့တစ်ယောက်၊ လမ်းမပေါ်မှာ အပေါင်ဆိုင်ပိုင်ရှင်နဲ့ ရန်ဖက်ဖြစ်လာတဲ့သူပဲ။
ကျန်းဟုန်ဟောက် ဘာမှပြန်မပြောနိုင်တော့ဘူး။ တကယ်လည်း ဟုတ်နေတာပဲ၊ အားလုံးကို ကျန်းမိသားစုကပဲ ဆုံးဖြတ်ခဲ့တာ။ မုမင်ထန်က ကျန်းဒုတိယသခင်မလေးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တယ်။ ဒါပေမဲ့ သူမက သူတို့အပေါ် ဘာကျေးဇူးကြွေးမှ တင်မနေဘူးလို့ ပြောတာက အကုန်လုံးတော့ မှန်မနေဘူး။
မုမင်ထန် အပေါ်ယံတွေကို စိတ်ကုန်နေပြီဖြစ်တယ်။ သူတို့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နိုင်ဖို့ သူမ အသေအလဲ ကြိုးစားခဲ့ပြီး ဒီခက်ခက်ခဲခဲရထားတဲ့ တည်ငြိမ်တဲ့ဘဝလေးကို ထိန်းသိမ်းချင်ခဲ့မိတယ်။ ဒါပေမဲ့ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ သူတို့က သူမကို လူလိုတောင် မမြင်ခဲ့ကြဘူး။ သူမ ဘယ်လောက် ထပ်ကြိုးစားရမှာလဲ? သူမ ဘယ်လောက်ထပ်ပြီး အနိုင်ကျင့်အရှက်ခွဲခံရတာတွေကို သည်းခံရဦးမှာလဲ?
အခု ကျန်းဟုန်ဟောက်က သူမကို သေခါနီး လူသတ်ကောင်နဲ့ ပေးစားပြီး အုတ်ဂူထဲ ပို့ဖို့ ကြံနေတာကို သူမက ကျေးဇူးတောင် ပြန်တင်ရဦးမယ်တဲ့လား? ဝမ်ဖေးတစ်ပါးဖြစ်အောင် လုပ်ပေးလို့တဲ့လေ?
ကုန်သည်သမီး သူမ မုမင်ထန်က သူတို့ခြေထောက်အောက်က ရွှံ့ဗွက်လိုပါပဲ။ ဒီအဆင့်အတန်းမြင့်မားလှတဲ့ မျိုးရိုးမြင့်အရာရှိကြီးတွေရဲ့ လောကဝတ်အပြုအမူတွေကိုလည်း သူမ လိုက်မမှီပါဘူး။
မုမင်ထန် ခေါင်းက ဆံထိုးကို ဆွဲဖြုတ်ပြီး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်တယ်။
“ကျွန်မအဖေက သင်ပေးခဲ့တယ်၊ လူတစ်ယောက်ကို ကြိုက်တဲ့ဟာ အကြွေးတင်နိုင်ပေမဲ့ ကျေးဇူးကြွေးတော့ မတင်စေနဲ့တဲ့။ ကောင်းပြီ ... ကျွန်မရဲ့အနာဂတ်နဲ့ လဲပြီး ဒီတစ်နှစ်စာ ကျေးဇူးကြွေးကို ကျေအောင်ဆပ်ခဲ့မယ်! ဒီ့နောက်ပိုင်းကစပြီး ကျွန်မတို့တွေ ဘယ်တော့မှ ထပ်ပတ်သက်စရာအကြောင်း မရှိတော့ဘူး”
သေးသွယ်တဲ့ဆံထိုးလေးဟာ ကြမ်းပြင်ပေါ် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားပြီး အပြာရောင်ပုတီးစေ့တွေက ကြမ်းပြင်ပေါ်  ဖွားကနဲ ပြန့်ကျဲကုန်တယ်။
ကျန်းဟုန်ဟောက်ရဲ့မျက်နှာက ပိုလို့တောင် မှောင်မည်းလာတယ်။
“ဘယ်‌တော့မှ ထပ်ပတ်သက်စရာအကြောင်း မရှိဘူးဟုတ်လား? ငါတို့ နင့်အပေါ် ဒီလောက် ကောင်းပေးခဲ့တာတောင်မှ ဒီစကားမျိုးကို ပြောထွက်တယ်ပေါ့။ နင့်ကို ငါတို့ကပဲ အမြတ်ထုတ်နေသလို ပြောနေလိုက်တာ! မှန်ကန်ဖြောင့်မတ်ခြင်း၊ ကြင်နာသနားခြင်း၊ လောကဝတ်စောင့်စည်းခြင်း ဒါတွေတစ်ခုမှ မသင်ယူခဲ့ပဲ ကျန်းမိသားစုကပဲ မင်းအပေါ်  မတရားလုပ်နေသလို စွပ်စွဲနေတယ်။ နင့်ကို ငါတို့က အကောင်းဆုံးအိမ်ထောင်ဖက်ကို မပေးနိုင်တာနဲ့ပဲ ဒေါသထွက်ပြီး ငါတို့ကို လိုက်သမုတ်နေတာ။ တကယ်ကို နင်က မင်ဝေ့ရဲ့ဟာတွေကို ပိုင်ဆိုင်ချင်နေတာပဲ”
မုမင်ထန် ဒီနေ့ အကုန်လုံး စာရင်းရှင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ။ ဒါပေမဲ့ ကျန်းဟုန်ဟောက် အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲ သူမ ဒေါသတွေ ပေါက်ကွဲထွက်လာတယ်။ ကျန်းမင်ဝေ့ရဲ့အစားထိုးခံအဖြစ် ပီပြင်ဖို့အတွက် သူမ မိသားစုမျိုးရိုးကို စွန့်လွှတ်ခဲ့ရတယ်၊ သူမရဲ့ နောက်ခံကို စွန့်လွှတ်ခဲ့ရတယ်၊ သူမရဲ့ ကိုယ်ပိုင်စရိုက်ကိုတောင်မှ စွန့်ပစ်ခဲ့တယ်။ တခြားသူတွေက သူမကို လောဘကြီးတယ်လို့ စွပ်စွဲချင်စွပ်စွဲလို့ ရမယ် ကျန်းမိသားစုကတော့ အဲ့လိုပြောပိုင်ခွင့်မရှိဘူး!
မုမင်ထန် ဒေါသတလိပ်လိပ်ထွက်လာပြီး ကျန်းဟုန်ဟောက်ကို လက်ညိုးတည့်တည့်ထိုးကာ
“သောက်ခွေးချီးလို အရာရှိကြီး! ကျွန်မကပဲ ကျန်းမင်ဝေ့ရဲ့ဟာတွေကို လောဘတက်နေတာတဲ့လား? ရှင်တို့အိမ်တော်ကြီးက ရွှေနဲ့ ဆောက်ထားပြီး လူတိုင်းက ကပ်ဖားရပ်ဖားလုပ်ချင်နေကြတယ် ထင်နေတာလား။ ဒီမယ် ကျွန်မပြောလိုက်မယ် ကျွန်မကတော့ နည်းနည်းမှ အထင်မကြီးဘူး! ကျန်းသခင်မနဲ့ ရှင့်သမီးနဲ့ အစေခံတွေ နည်းနည်းလောက်က ချီးကျူးအားကိုးပြနေတာနဲ့ပဲ ရှင့်ကိုယ့်ရှင် မြင့်မြတ်လှပြီ ထင်နေတာလား? ကိုယ့်မျက်လုံးကိုယ်ဆေးပြီး မှန်ထဲ သေချာသွားကြည့်လိုက်ဦး။ ရှင်က ကိုယ်ကျိုးအတွက် မိန်းကလေးတွေကို ရောင်းစားနေတဲ့ ကြောင်သူတော်ကြွက်သူခိုးပဲ!”
သူမ တစ်နှစ်ခွဲကျော်အတွင်း မျိုသိပ်ခဲ့ရတာတွေအကုန်လုံး ဖွင့်ထုတ်လိုက်တယ်။ သူ့ယောက္ခမအဖေ စကားတောင် ပြန်မပြောနိုင်တော့အောင် ဖြစ်သွားတာကို မြင်တဲ့အခါ ရှဲ့ရွှမ်းကျီက သူမကို ဆူဖို့ ဟန်ပြင်လိုက်တယ်။ မုမင်ထန်က ချက်ချင်းပဲ သူ့ကို မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်ပြီး
“ရှင်ကကော ဘာလုပ်ချင်သေးလို့လဲ? အချစ်ရူးမင်းသားဆိုတဲ့အတိုင်းပဲ ကိုယ့်မိန်းကလေးက တခြားသူနဲ့ ထွက်ပြေးသွားတာတောင်မှ သစ္စာရှိသူကြီး လုပ်နေတုန်း။ ချီးကျူးရလောက်ပါပေတယ်။ ရှင်နဲ့ ကျန်းမင်ဝေ့တို့ အိုအောင်မင်းအောင် တစ်သက်လုံး မခွဲမခွာ နေနိုင်ကြဖို့ ဆုတောင်းပေးပါတယ်!”
“နှုတ်သီးကောင်းပြီး ရိုင်းစိုင်းလိုက်တာ!”
မသတီစရာတစ်ခုကို တွေ့လိုက်ရသလိုမျိုး ရှဲ့ရွှမ်းကျီရဲ့ မျက်နှာက ရှုံ့မဲ့သွားတယ်။
မုမင်ထန် သူ့ရဲ့စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်ခဲ့တုန်းကတော့ သူ့ကို အကြိုက်ဆောင်ပြီး ရည်ရည်မွန်မွန် ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ အခု သူမက သူ့ရဲ့ မရီး (ဆောင်းဇီ /嫂子) ဖြစ်လာတော့မှာလေ .... သူမက သူ့ကို ကြောက်နေမယ်လို့ ထင်နေတုန်းပဲလား??
မုမင်ထန် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်။
“ဟုတ်တယ် ကျွန်မက နှုတ်‌သီးကောင်းပြီး ရိုင်းတယ်ရယ်။ ဒါပေမဲ့ ရှင်ကကော ? ရှင်လည်း မတူသလို မတန်သလိုနဲ့ ပိုမြင့်မြတ်နေပြခဲ့တာပဲ မဟုတ်ဘူးလား။ ဘယ်သူ့အတွက်လဲ? ဘာအတွက်လဲ? ကျွန်မ ရှင့်ကို ရည်ရည်မွန်မွန် ဆက်ဆံခဲ့ပေမဲ့ ရှင်ကျတော့ကော? ရှင် ကျွန်မကို တခြားယောက်ျားတစ်ယောက်ဆီ ရောင်းစားဖို့ ခဏလေးတောင် မစောင့်နိုင်တော့တာလေ။ အခုအချိန်ကစပြီး ကျွန်မတို့ ဘာအကြောင်းကြောင့်နဲ့မှ ထပ်ပတ်သက်စရာ မရှိတော့ဘူး။ ကင်းကင်းရှင်းရှင်းပဲ နေကြတာပေါ့!”
သူမ ပြောပြီးတာနဲ့ ချက်ချင်းပဲ လှည့်ထွက်သွားဖို့ လုပ်လိုက်တယ်။
ရှဲ့ရွှမ်းကျီရဲ့ ဘဝမှာ တစ်ခါမှ ဒီလို အစော်ကားမခံခဲ့ရဖူးဘူး။ သူ ဒေါသတကြီးနဲ့ မုမင်ထန်ရဲ့လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်တယ်။ ကောင်မလေးက ချက်ချင်းပဲ
“လူရမ်းကား! ကိုယ့်မရီးကို ဘာလုပ်ဖို့ ကြံနေတာလဲ!?”
ရှဲ့ရွှမ်းကျီ ကြက်သေသေသွားပြီး ရေနွေးပူနဲ့ ပက်ခံလိုက်ရသလို ချက်ချင်းပဲ နောက်ကို ဆုတ်သွားတယ်။ မုမင်ထန် သူမလက်ကောက်ဝတ်ကို ပွတ်ရင်း
“အရှင့်သား အခုလေးတင် အရှင့်သားကိုယ်တိုင် ပြောခဲ့တာလေ၊ အရှင်မင်းကြီးကိုယ်တိုင် လွှတ်တော်မှာ တော်ဝင်အမိန့်စာထုတ်ပြီး ကျွန်မကို ချီယန်ဝမ်ဖေး မြှောက်ခဲ့ပြီးပြီ။ အခုဆို ကျွန်မက တရားဝင် အရှင့်သားရဲ့ မရီးတော် ဖြစ်နေပြီ။ နောက်ဆို ကျွန်မကို လေးလေးစားစား ဆက်ဆံပါ။ တကယ်လို့ ထပ်ပြီး ကျွန်မကို လက်ပါရဲရင် ကိုယ့်မရီးကို ရမ်းကားတယ်လို့ အပြောခံရတာကို အပြစ်မတင်လိုက်ပါနဲ့!”
_____________________________________________________________________

Continue Reading

You'll Also Like

78.2K 7.6K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
397K 10.4K 12
My priority /property/privacy
1.3M 61.3K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။