စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ...

By Doh_Clover

37.4K 4.1K 61

translator - Utopia More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
🥲
Chapter 36
Chapter 37
Chapter 38

Chapter 6

963 113 1
By Doh_Clover

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
(I’ll Be the Male Lead’s Sister-in-Law)
Chapter 6
Translator – Utopia
ကျေးဇူးတရား !
ဒီတစ်နှစ်စာကျေးဇူးတရားကို ငါ့အနာဂတ်နဲ့ လဲပြီး ကျေအောင် ဆပ်ပစ်မယ် !
“သေတော့မယ်?”
ကျန်းဟုန်ဟောက် မျက်မှောင်ကြုတ်လိုက်တယ်။ “ချီယန်ဝမ် (ချီယန်မင်းသား) က သတိလစ်မေ့မြောနေရုံလေးပဲ ရှိတာ။ ရှေ့ရက်တွေတုန်းကတောင် သူ့ကို ကုသပေးနေတာတွေကြောင့် သတိပြန်ဝင်နေပြီလို့ ငါ ကြားခဲ့သေးတယ်။ ပြောရရင် ချီယန်ဝမ် နေပြန်ကောင်းလာမယ့်နေ့က အနှေးနဲ့အမြန်ပဲ”
မုမင်ထန် ပြောစရာစကားတောင် မရှိတော့ဘူး။ ဘယ်လိုပဲဆိုပါစေ သူမ ကျန်းအိမ်တော်ရဲ့ တံခါးတွေနောက်မှာ တစ်နှစ်လုံး နေခဲ့ရတာကြောင့် အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲ သိပ်မသိရဘူး။ ရှန်းယန်က ကုန်သည်သမီးတစ်ယောက်ဖြစ်ခဲ့တဲ့ သူမက မြို့တော်က အရာရှိကြီးတွေရဲ့အသိုင်းအဝိုင်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
ကျန်းမိသားစုကလည်း သူမကို တခြားအရာတွေ သင်မပေးခဲ့ဘူး။ ဒီလိုနဲ့ သူမက သူတို့ရဲ့ ဒုတိယမမလေးအနေနဲ့ အမည်ခံပဲရှိပြီး မြို့တော်မှာ အသိအကျွမ်းတောင် မရှိသလောက်ပဲ။ နောက်ပြီး သူမ သိတဲ့ ယောက်ျားသားဆိုလို့ ကျန်းဟုန်ဟောက်နဲ့ ရှဲ့ ရွှမ်းကျီပဲ ရှိတယ်။
ဒါပေမဲ့လည်း ဘယ်လိုပဲ ဘာသတင်းမှ မသိရဘူးဆိုဆို ချီယန်ဝမ်ဖေး (ချီယန်မင်းသား၏မိဖုရား) ဖြစ်လာရတာက ကောင်းတဲ့ဟာမဟုတ်မှန်းတော့ သူမ သိပါသေးတယ်။
သူက တရားဝင် ဝမ်ဘွဲ့ရ တော်ဝင်မင်းသားဖြစ်ပေမဲ့လည်း လက်ရှိဧကရာဇ်ရဲ့သားတော် မဟုတ်ဘဲ နတ်ရွာစံဧကရာဇ်ရဲ့သားတော်သာ ဖြစ်တယ်။
ဟိုးအရင်ကဆို သူက အလွန်အကြူး သွေးဆာလောင်နေတဲ့ ကြမ်းတမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး အသိစိတ်ကလည်း ဝင်တစ်ချက် မဝင်တစ်ချက်နဲ့ မျက်စိထဲမြင်သမျှ အကုန် သတ်ပစ်နေတာ။ ဒီလူက တကယ် ရူးသွပ်နေတဲ့သူပဲ။ သူ့အဖေကိုတောင် ကိုယ်တိုင် ပြန်သတ်လုနီးပါးဖြစ်ခဲ့တယ်။
အသေချာပဲပေါ့ ဒီလိုမင်းသားတစ်ပါးက ဘယ်လိုလုပ် ထီးနန်းဆက်ခံနိုင်မှာလဲ။ အဲ့လိုနဲ့ပဲ နတ်ရွာစံဧကရာဇ်မင်းကြီးက ထီးနန်းကို သူ့ညီတော်ဖြစ်တဲ့ လက်ရှိဧကရာဇ်ကို နတ်ရွာမစံခင်မှာ လွှဲပေးခဲ့တယ်။ အဲ့အချိန်ကစပြီး ချီယန်ဝမ်ရဲ့ ရောဂါကလည်း တဖြည်းဖြည်း ပိုဆိုးလာခဲ့တော့တယ်။ လူတွေပြောကြတာတော့ အဲ့ဒီနေ့ အရှင်မင်းကြီး ထီးနန်းတက်ချိန်မှာ ချီယန်ဝမ်က ချီယန်အိမ်တော်က သူတွေကို တစ်ယောက်မှတောင် အရှင်မထားဘဲ အကုန် သတ်ပစ်ခဲ့တယ်တဲ့။
အဲ့မတော်တဆမှုပြီးကတည်းက ချီယန်အိမ်တော်က အစေခံတွေကို စစ်သားတွေနဲ့ လဲလိုက်ကြတယ်။ ဒါပေမဲ့ အဲ့တာတောင်မှ ချီယန်အိမ်တော်မှာရှိတဲ့လူတွေက အမြဲ ပြောင်းနေတာ။
ကောလဟလတွေအရဆို စစ်တပ်ထဲမှာ စာမှာဖော်ပြမထားတဲ့ ဥပဒေသတစ်ခု ရှိတယ်တဲ့။ ချီယန်အိမ်တော်မှာ ခြောက်လကြာအောင် အသက်ရှင်အောင် နေနိုင်တဲ့သူကို ရာထူးတိုးပေးမှာဖြစ်ပြီး တပ်ထဲပြန်ရောက်တဲ့အခါ ရွှေငါးကီလိုလည်း ဆုချခံရမယ်။ ဒါပေမဲ့လည်း ဆုလာဘ်က မက်လောက်စရာဖြစ်သည့်တိုင်‌အောင် ဘယ်သူမှ ချီယန်အိမ်တော်ကို သွားပြီး ဂရုစိုက် .... ပြောရရင် ချီယန်ဝမ်ကို မစောင့်ကြပ်ရဲကြဘူး။
ပြောရရင် ချီယန်ဝမ်က စစ်တပ်ထဲကလူပဲ ဖြစ်ခဲ့ပြီး တိုက်ပွဲမြေပြင်မှာ “စစ်နတ်ဘုရား” လို့ ခေါ်တွင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ လူထောင်ချီကို သတ်ခဲ့တဲ့လက်တွေက သူ့ကို မကောင်းတဲ့စိတ်တွေဆီ တွန်းပို့ပြီး တဖြေးဖြေး စိတ်ဖောက်ပြန်လာတော့တယ်။
ကောလာဟလတွေက အမှန်ဟုတ်မဟုတ်တော့ မုမင်ထန်လည်း မပြောတတ်ဘူး။ ဒါပေမဲ့ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ စစ်သားရင့်မာကြီးတွေတောင်မှ ချီယန်ဝမ်ရဲ့လက်ကနေ မလွတ်နိုင်ကြတာ သူမလို ရှန်းယန်ကတောင် ထွက်ပြေးဖို့ ရုန်းကန်ခဲ့ရတဲ့ အားနည်းတဲ့မိန်းမငယ်လေးတစ်ယောက်ဆို တွေးကြည့်နေစရာတောင် မလိုဘူး။ သူတို့က သူမကို အစမ်းသပ်ခံလို သဘောထားနေကြတာလား?
ကြည့်ရတာ မင်္ဂလာဆောင်တဲ့နေ့မှာတင် သူမ သေသွားတော့မယ့်ပုံပဲ။ ဒီအတွေးကြောင့် မုမင်ထန်စိတ်တွေ ယောက်ယက်ခတ်ကုန်တယ်။ သူမကို စော်ကားပြောဆိုတာလည်း သည်းခံနိုင်တယ်၊ အေးစက်စက် ဆက်ဆံတာလည်း သည်းခံနိုင်တယ်၊ ကုန်ကုန်ပြောရရင် ဆိုးဆိုးရွားရွား အဆက်ဆံခံရရင်တောင်မှ သည်းခံနိုင်သေးတယ်။ ဒါပေမဲ့ သေတာတော့ မရဘူး။ လုံးဝပဲ။ သူမလို သေဘေးက ကပ်သီးလေး လွတ်လာတဲ့သူတစ်ယောက်အဖို့ သူမအသက်ထက်ပိုပြီး ဘယ်အရာမှ တန်ဖိုးမရှိဘူး။
သူမ အရှေ့ကို အနည်းငယ်လျှောက်လာပြီး လေးလေးနက်နက်နဲ့ ပြောလာတယ်။
“ကျန်းဖုရန်နဲ့ အဖေတို့ သမီးကို လမ်းမကနေ ကောက်ယူကယ်တင်ခဲ့တဲ့အတွက် ရင်ထဲကနေကို သမီး ကျေးဇူးတင်မိပါတယ်။ သမီး တစ်သက်လုံး အဖေတို့နားမှာပဲ ပြုစုရင်း ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ဘယ်သူ့ကိုမှလည်း မထိမ်းမြားချင်သလို ဝမ်ဖေးလည်း မဖြစ်ချင်ပါဘူး။ ဒီလိုဂုဏ်ထူးမျိုးက သမီးနဲ့လည်း မထိုက်တန်ပါဘူး။  အဖေသာ ခွင့်ပြုမယ်ဆို ဒီအိမ်တော်မှာပဲ နေပြီး ကျွဲနွားများလို အလုပ်အကျွေးပြုသွားချင်ပါတယ်။ သမီး အစေခံပဲ ဖြစ်ရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်”
“ဘယ်လိုလုပ် ငါတို့က ဒီလိုလုပ်ရက်နိုင်မှာလဲ” ကျန်းဟုန်ဟောက်က ငြင်းဆိုလာတယ်။ “နင်က ငါတို့ရဲ့ မွေးစားသမီး၊ ကျန်းအိမ်‌တော်ရဲ့ ဒုတိယသခင်မလေးပဲ။ နိမ့်ကျတဲ့ အစေခံတစ်ယောက် မဟုတ်ဘူး။ ဘယ်လိုလုပ် နင့်ကို အစေခံအနေနဲ့ ထားရမလဲ။ မပူပါနဲ့ နင့်အဖေ ငါ ဒီမှာရှိနေသ၍ နင် ချီယန်ဝမ်ကို အေးအေးဆေးဆေး ထိမ်းမြားနိုင်မှာပါ။ နင့်နောက်ကွယ်မှာ ဘယ်သူမှ ဘာစကားမှ ပြောရဲမှာ မဟုတ်ဘူး။ နောက်ပြီး ချီယန်ဝမ်ဆိုတာကလည်း နတ်ရွာစံဧကရာဇ်ရဲ့ တရားဝင် သားတော်ပဲ။ မတော်တဆမှု မဖြစ်ခင်ကဆို သူက သူရဲကောင်းတစ်ယောက်ပဲ။ မိန်းမငယ်လေးတွေ အများအပြား သူ့ကို လေးစားသဘောကျခဲ့ကြတာ။ ဘယ်လိုပဲဖြစ်ပါစေ သူနဲ့ လက်ထပ်ခွင့်ရတာက နင့်ကို ဂုဏ်ကျက်သရေ ယုတ်စေမှာ မဟုတ်ပါဘူး”
_________________________________________________________________________

Continue Reading

You'll Also Like

14.8K 1.8K 24
Normal novel အသစ်လေး update ထားပါတယ်ရှင့် 🥰 reader လေးတို့ ကြိုက်နှစ်သက်တယ်ဆိုရင် link ချပေးထားတဲ့ page messenger လေးကနေပြီးတော့ paid GP လေးလည်း လာရ...
395K 10.3K 12
My priority /property/privacy
38K 6.4K 35
အိပ်မက်ထဲက ချစ်ရသူ Book 2 ခွေးသွေးတွေချည်း
66.9K 4.5K 25
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...