Came From Deepest Somewhere

By Tayy_1823

5.8K 260 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
Gift Chapter💙

XZ's POV

165 8 0
By Tayy_1823

"မင်းကအဖေမရှိဘဲမွေးတဲ့သား"

"ဟုတ်တယ် မင်းအဖေကမင်းတို့ကိုပစ်သွားပြီတဲ့"

"ရှောင်းကျန့်နဲ့မကစားရဘူးလို့အိမ်ကမှာထားတယ် မင်းသွားတော့"

"ရှောင်းကျန့်ကတကယ့်ဂြိုဟ်ဆိုးတဲ့ သူ့အမေကသူ့ကိုဗိုက်ကြီးလာလို့သူအဖေကထားခဲ့တာတဲ့"

ကျောပိုးလွယ်အိတ်ရဲ့ကြိုးကိုခပ်တင်းတင်းဖိကိုင်ပြီးအဲဲ့ဒီစကားတွေနဲ့ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။ ရှောင်းကျန့်အသက်5နှစ်ပြည့်ပြီးပြီ။ ရှောင်းကျန့်ဘာအမှားမှမလုပ်ပါဘဲနဲ့သူငယ်ချင်းတွေကရှောင်းကျန့်နဲ့မကစားချင်ကြဘူး။ ရှောင်းကျန့်မှာသူငယ်ချင်းမရှိခဲ့ဘူး။ ရှောင်းကျန့်ကစကားလာပြောရင်တောင် သူတို့ကရှောင်းကျန့်ကိုရှောင်ကြတယ်။ သူဘာအမှားမှမလုပ်မိပါဘူး။ ရှောင်းကျန့်ကလိမ္မာပြီးအေးအေးဆေးဆေးနေတတ်တဲ့သာမန်ကလေးတစ်ယောက်ပါဘဲ။ ဒါပေမယ့်သူများတွေရဲ့အမြင်မှာတော့ရှောင်းကျန့်ကကံဆိုးမှုရဲ့ပြယုဂ်လေးဘဲဖြစ်နေခဲ့တယ်။ မားမားကိုပါးပါးထားသွားအောင်ရှောင်းကျန့်လုပ်တာမဟုတ်ပါဘူး။ ဘာကြောင့်ထားခဲ့လဲဆိုတာလည်းရှောင်းကျန့်မသိဘူး။ ဒါပေမယ့်လူတွေကတော့သူ့ကိုဘဲလက်ညှိုးထိုးရှောင်ဖယ်ကြတယ်။ မားမားကိုပါးပါးဘယ်မှာလဲလို့မေးရင်မားမားကရှောင်းကျန့်ကိုရိုက်တယ်။ ဘယ်လောက်ဆိုးဆိုးပါးပါးကိုမတရင်ပြီးရောဆိုတာကို မားမားကခဏခဏပြောတယ်။ သူကကလေးဆိုးတစ်ယောက်မဖြစ်ချင်ခဲ့ပါဘူး။

ငါးနှစ်အရွယ်ရှောင်းကျန့်ရဲ့အိပ်မက်တွေနဲ့ဆန္ဒတွေကအရမ်းကိုရိုးစင်းလွန်းပါတယ်။ နွေဦးပွဲတော်နဲ့နှစ်ကူးပွဲတော်ရက်တွေမှာ မားမားနဲ့အိမ်နီးနားချင်းတွေဆီကမုန့်ဖိုးလိုချင်ခဲ့တာကလွဲရင်ရှောင်းကျန့်မှာလောဘမရှိပါဘူး။ ဒါပေမယ့်ဆန္ဒနဲ့ဘဝကတစ်ထပ်တည်းမကျဘူးဆိုတာကိုမားမားနဲ့နှစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့နွေဦးနဲ့နှစ်ကူးပွဲတော်တွေကြောင့် ရှောင်းကျန့်နားလည်ခဲ့ပါတယ်။ မနှစ်လိုတဲ့အိမ်နီးနားချင်းတွေရဲ့အပြုအမူတွေကိုသိရအပြီးမှာ ရှောင်းကျန့်ကနှစ်ကူးမုန့်ဖိုးလိုက်မတောင်းတော့ဘူး။ ကလေးပီပီဝမ်းနည်းလို့အခန်းရဲ့ထောင့်လေးထဲမှာကြိတ်ငိုခဲ့မိတာကလွဲရင် ရှောင်းကျန့်ကအရာအားလုံးကိုအသားတကျဖြတ်သန်းခဲ့ပါတယ်။

ခပ်နုနုနှလုံးသားနဲ့ဦးနှောက်ထဲမှာအဲ့ဒီအချိန်ကအတွေးတစ်ခုကအထင်အရှားနေရာယူခဲ့ပါတယ်။

*ရှောင်းကျန့်ကိုဘယ်သူကမှမချစ်ဘူး*

---

ရှောင်းကျန့်ကဆိုးတယ်တဲ့။ ဒါကရှောင်းကျန့်အလယ်တန်းကျောင်းသားဘဝတစ်လျှောက်လုံးမှာ လူတွေပြောကြတဲ့စကားဘဲ။ ရန်ဖြစ်တတ်တာနဲ့ဆိုးတယ်လို့ထင်နေတဲ့ပတ်ဝန်းကျင်မှာ ရှောင်းကျန့်ကဂျစ်တီးဂျစ်ကန်လူဆိုးလေးတစ်ယောက်အဖြစ်နာမည်တွင်ခဲ့တယ်။ ရှောင်းကျန့်ရန်မဖြစ်ချင်ပါဘူး။ အကြောင်းမဲ့ရန်ဖြစ်ရတာလည်းမကြိုက်ဘူး။ ဒါပေမယ့်သူတို့က၊ တစ်နည်းအားဖြင့်ရှောင်းကျန့်ရဲ့အတန်းဖော်ကျောင်းသားတွေက သူ့မားမားနဲ့သူ့အကြောင်းကိုပြောပြီးရန်စကြတဲ့အခါ ရှောင်းကျန့်ကရန်ဖြစ်ရပါတယ်။

ကြီးပြင်းလာခဲ့တဲ့အသက်အရွယ်နဲ့အတူရှောင်းကျန့်သိလာရတဲ့အမှန်တရားရှိတယ်။ ပါးပါးကမားမားကိုသစ္စာဖောက်ပြီးယောကျာ်းတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တာတဲ့။ ပတ်ဝန်းကျင်ကတော့ရှောင်းကျန့်ကကောင်းကျိုးမပေးတဲ့ဒုက္ခအိုးလေးလို့ပြောကြတယ်။ တစ်လျှောက်လုံးသူ့ဘက်ကိုထည့်မတွက်ခဲ့သလိုငဲ့လည်းမကြည့်ခဲ့ပါဘူး။

နောက်ကွယ်ကစိတ်ဒဏ်ရာတွေကိုမ​မြင်ကြဘဲ၊ နောက်ကွယ်ကသူ့ခံစားချက်တွေကိုတော့နားမလည်ကြဘဲ ရှောင်းကျန့်ကလူတွေအမြင်မှာလူဆိုးလေးဖြစ်ခဲ့ရပါတော့တယ်။

---

ရှောင်းကျန့်အထက်တန်းကျောင်းသားဖြစ်လာခဲ့ပြီ။ မှတ်မှတ်ရရအဲ့ဒီနေ့တိမ်ကင်းစင်နေတဲ့ကောင်းကင်ကြီးကကြည်စင်နေခဲ့တယ်။ တိမ်တွေမရှိဘဲပြာလွင်နေတဲ့ကောင်းကင်ကြီးကိုအမှုမဲ့အမှတ်မဲ့ပါဘဲ။ ဒါပေမယ့်မြင်ကွင်းကိုတိုးဝင်လာတဲ့ရန်ပွဲသေးသေးလေးကိုတော့သတိထားမိခဲ့တယ်။ အဲ့ဒီနေ့ကရှောင်းကျန့်ကျောင်းသွားဖို့ထွက်လာခဲ့တာ။ ကျောင်းနားကလမ်းမမှာအတန်းခပ်ကြီးကြီးကောင်တွေကကျောင်းသားသစ်ဖြစ်ပုံရတဲ့ကောင်လေးကိုဝိုင်းပြီးအနိုင်ကျင့်နေခဲ့တယ်။ ဘာမှပြန်မလုပ်ဘဲငြိမ်ခံနေတဲ့ကောင်လေးကြောင့် သူများကိစ္စတွေဝင်ပါလေ့မရှိတဲ့ရှောင်းကျန့်ဝင်ပါခဲ့ရတယ်။

အတန်းကြီးကျောင်းသားတွေထွက်ပြေးသွားတဲ့အခါ ကျောင်းသားသစ်ကောင်လေးကမျက်မှန်ဝိုင်းကလေးတပ်ထားရင်းသူ့ကိုပြုံးပြတယ်။ ပြီးတော့သုံးယောက်တစ်ယောက်ဖြစ်ခဲ့ရတာဆိုတော့ဒဏ်ရာရနေတဲ့သူ့မျက်နှာကြောင့် ကောင်လေးကအနာကပ်ပလာစတာလေးတစ်ခုကိုကမ်းပေးပြီးကပ်ထားဖို့ပြောခဲ့တယ်။ ရှောင်းကျန့်မညာပါဘူး။ အဲ့ဒီနေ့ကအနာကပ်ပလာစတာလေးကသူစိမ်းတစ်ယောက်ဆီကလိုလိုလားလားရခဲ့ဖူးတဲ့ပထမဦးဆုံးလက်ဆောင်လေးဖြစ်ခဲ့ပါတယ်။

အရင်တုန်းကဘာရောင်ကြိုက်တာလဲလို့မေးရင်ဖြေစရာအဖြေမရှိခဲ့ပေမယ့် ကောင်းကင်ကြီးပြာလွင်နေတဲ့နေ့မှာတွေ့ခဲ့ရတဲ့ကောင်လေးကြောင့် ရှောင်းကျန့်ကအပြာနုရောင်ကိုစပြီးသဘောကျဖြစ်ခဲ့ပါတယ်။ ကံတရားဆိုတဲ့မှော်ဆရာကရှောင်းကျန့်ကိုမျက်လှည့််သေးသေးလေးပြခဲ့တယ်။ ကျောင်းသားသစ်ကောင်လေးရဲ့မားမားနဲ့ သူ့မားမားနဲ့ကအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်နေခဲ့တာဘဲ။ သူစိမ်းတစ်ယောက်ဆီကပထမဆုံးနှစ်ကူးမုန့်ဖိုးကိုကောင်လေးရဲ့မားမားဆီကရှောင်းကျန့်ရခဲ့ပါတယ်။ သူနဲ့ရင်းနှီးချင်ပုံရတဲ့ကောင်လေးက သူ့ကိုမဝံ့မရဲနဲ့ခွင့်တောင်းခဲ့ဖူးတယ်။

'ကျန့်ကောလို့ခေါ်လို့ရလားဗျ'တဲ့။ ရှောင်းကျန့်ကငြင်းခဲ့တယ်။ မရကြောင်းတားမြစ်ခဲ့တယ်။ အခေါ်အဝေါ်လေးတစ်ခုဆိုပေမယ့် ရှောင်းကျန့်ကြောက်တယ်။ လူတွေပြောသလိုမျိုးသူကဂြိုဟ်ဆိုးဖြစ်နေမှာကြောက်တယ်။ ဘဝမှာပထမဦးဆုံးစတင်သဘောကျခဲ့ရတဲ့တိမ်စိုင်ကလေးကိုသူအရောင်မဆိုးချင်ဘူး။ ပြီးတော့ခပ်ဝေးဝေးမှာဘဲနေစေချင်တယ်။ အဲ့ဒီကောင်လေးကိုအထိအခိုက်ကင်းစေချင်ခဲ့တယ်။

ကောင်လေးကလိမ္မာမလိုလိုနဲ့တကယ်တော့ဆိုးတယ်။ 'ကျန့်ကော'လို့မခေါ်ခဲ့ပေမယ့် 'စီနီယာအစ်ကိုကြီး'ဆိုတဲ့နာမ်စားနဲ့ရှောင်းကျန့်ဘဝထဲကိုခြေလှမ်းခပ်ဖြည်းဖြည်းတွေနဲ့လှမ်းဝင်လာခဲ့တယ်။ ရန်ခဏခဏဖြစ်တဲ့ရှောင်းကျန့်ကိုဆေးထည့်ပေးတတ်တယ်။ မနက်စာမစားတဲ့ရှောင်းကျန့်ကိုမနက်တိုင်းတစ်ခုခုပေးတတ်တယ်။ ရှောင်းကျန့်ကတွန်းထုတ်ပေမယ့်အဲ့ဒီကောင်လေးကဝေးကွာမသွားဘူး။ ရှောင်းကျန့်ကမကြည်သာတဲ့ပုံစံတွေလုပ်ပြလည်း အဲ့ဒီကောင်လေးကရှောင်းကျန့်အနားမှာရှိနေခဲ့တုန်းဘဲ။

အထက်တန်းဒုတိယနှစ်မှာရှောင်းကျန့်ရည်းစားစထားခဲ့တယ်။ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးတို့အတန်းထဲကလီဟွားဆိုတဲ့မိန်းကလေးနဲ့။ ရှောင်းကျန့်အပေါ်ထားတဲ့ ဝမ်ရိပေါ်ရဲ့သံယောစဥ်တွေ၊ဂရုဏာတရားတွေလျော့သွားလေမလားဆိုတဲ့အတွေးနဲ့ရည်းစားထားခဲ့ပေမယ့် အဲ့ဒီမျက်မှန်ဝိုင်းကလေးနဲ့ဝမ်ရိပေါ်ကတော့အပြစ်နည်းနည်းတောင်မမြင်ဘဲသူ့လက်တစ်ကမ်းအကွာမှာရှိနေခဲ့တာဘဲ။ လီဟွားရည်းစားဟောင်းနဲ့ရန်ဖြစ်ပြီးဒဏ်ရာဒဏ်ချက်တွေရလာတဲ့သူ့ကိုဆေးထည့်ပေးဖို့တောင်မေ့မသွားခဲ့ဘူး။

အချိန်ကာလတွေကုန်လွန်လာတယ်။ ဒါပေမယ့်ဝမ်ရိပေါ်ကတော့ရှောင်းကျန့်အနားမှာအရုပ်ကလေးလိုရှိနေခဲ့သေးတယ်။ ဘယ်လောက်ဘဲတွန်းထုတ်ထုတ်၊ဘယ်လောက်ဘဲပစ်ချချကပ်ပါးကောင်လေးလိုရှိနေခဲ့တုန်းဘဲ။ တွန်းထုတ်နေခဲ့တဲ့ရှောင်းကျန့်ကတကယ်တော့အဲ့ဒီကောင်လေးတကယ်ကြီးထွက်သွားမှာလည်းစိုးရိမ်ခဲ့သေးတယ်။

---

ရှောင်းကျန့်အထက်တန်းအောင်ပြီးသွားပြီ။ တက္ကသိုလ်တက်ဖို့ပေကျင်းကိုသွားရတော့မယ်။ မတိကျမသေချာတဲ့ခံစားချက်အပိုင်းအစလေးတွေနဲ့ရှောင်းကျန့်က ဝမ်ရိပေါ်ကိုထားပြီးထွက်မသွားချင်ပါဘူး။ ဒါပေမယ့်အတန်းကြီးလာပြီဖြစ်တဲ့ကောင်လေးကြောင့် သူနဲ့ဝေးနေရတာပိုကောင်းမယ်လို့တွေးပါတယ်။ ကျောင်းပိတ်ရက်တွေပြန်လာဖို့မဝံ့မရဲတောင်းဆိုနေခဲ့တဲ့ဝမ်ရိပေါ်ကြောင့် တက္ကသိုလ်ရဲ့ပိတ်ရက်မှာမြို့ကလေးကိုမရောက်ရောက်အောင်ပြန်လာခဲ့ပါတယ်။ ဝမ်ရိပေါ်ကမပြောင်းမလဲနဲ့သူ့အတွက်ရှိနေခဲ့တုန်းဘဲ။ Apple Juiceဘူးတွေနဲ့ဝမ်ရိပေါ်ကသူ့ရဲ့တိမ်သေးသေးလေးဘဲဖြစ်ခဲ့ပါတယ်။

ပေကျင်းကိုပြန်ခဲ့ရတဲ့အချိန်ကနေစပြီး ရှောင်းကျန့်ဘက်ကသေချာလာတယ်။ ရှောင်းကျန့်ကိုယ်တိုင်မသိလိုက်ခင်မှာဘဲတိမ်စိုင်ကလေးကိုအရောင်ဆိုးမိနေခဲ့ပြီ။ ဝမ်ရိပေါ်အကြောင်းကိုရှောင်းကျန့်ထဲထဲဝင်ဝင်မသိဘူး။ ဝမ်ရိပေါ်ကorange juiceသောက်တတ်တယ်။ နံနံပင်ပါတဲ့ဟင်းတွေကိုကြိုက်တယ်။ စာတွေလုပ်နေရတာကိုလည်းကြိုက်တယ်။ ပြီးတော့ ရှောင်းကျန့်ကိုငေးကြည့်ရတာ၊မျှော်လင့်ရတာကိုလည်းကြိုက်တယ်။ ရှောင်းကျန့်မှာတော့သဘောကျရတဲ့အရာများများစားစားမရှိပါဘူး။ ဒါပေမယ့်နည်းနည်းဘဲရှိခဲ့တဲ့သဘောကျစရာတွေထဲမှာဝမ်ရိပေါ်ကတော့အတိအကျကြီးကိုပါခဲ့ပါတယ်။ ပြီးတော့ရှောင်းကျန့်သိခဲ့တယ်။ သူကဝမ်ရိပေါ်ကိုအသေအချာချစ်မိနေခဲ့တယ်။

ကိုယ့်ကိုယ်ကိုသေချာဆန်းစစ်ခဲ့လို့ပိုပြီးတိကျလာတဲ့အခါရှောင်းကျန့်ကပြိုလဲကျခဲ့ဖူးတယ်။ ကျိန်းသေပေါက်ချစ်မိတာဟာကောင်းတဲ့အရာမဟုတ်ခဲ့ဘူး။ မားမားကသေချာပေါက်တားမယ်ထင်တယ်။ ဒါပေမယ့်သူကဖုံးကွယ်ထားဖို့မတွေးခဲ့ဘဲ ပေကျင်းကနေပြန်လာခဲ့တဲ့ဒုတိယမြောက်ကျောင်းပိတ်ရက်မှာမားမားကိုဖွင့်ပြောခဲ့ပါတယ်။ ထင်ထားတဲ့အတိုင်းမားမားကခါးခါးသီးသီးပါဘဲ။ 'ဖအေတူသား'ဆိုတဲ့စကားတစ်ခွန်းနဲ့တင်မားမားကရှောင်းကျန့်စိတ်ကူးယဥ်အိပ်မက်တွေကိုဖြိုချခဲ့တယ်။ အဲ့ဒီနေ့ကအိမ်ရှေ့မှာမိုး​ရေတွေနဲ့Apple Juiceဘူးတွေပိုက်ပြီးရပ်နေတဲ့ကောင်လေးကသူ့ကိုဘာပြောချင်နေခဲ့လဲဆိုတာရှောင်းကျန့်သိတယ်။ ဒါပေမယ့်သတ္တိမရှိစွာနဲ့ဘဲရှောင်းကျန့်ကျောခိုင်းခဲ့တဲ့အခါ အမှတ်သည်းခြေမရှိတဲ့ကောင်လေးကမှာခဲ့တယ်။ စိတ်အဆင်ပြေရင်ဆေးသောက်ဖို့။

ရှောင်းကျန့်ဟာထွက်ပြေးခဲ့တယ်။ အရာအားလုံးနဲ့အဝေးမှာတစ်ယောက်တည်းလဲကျခဲ့တယ်။ ကျောင်းတက်ဖို့၊အ​ဆောင်လခရဖို့၊ထမင်းစာရိတ်ရဖို့မသေရုံတမယ်အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ ဒါပေမယ့်မျက်မှန်ဝိုင်းကလေးနဲ့ကောင်လေးငယ်ငယ်လေးတွေတွေ့ရင် သူ့တိမ်စိုင်ကလေးများလားလို့အလူးအလဲရှာဖွေဖို့တော့မေ့လျော့မနေခဲ့ပါဘူး။ အချိန်ကာလကသုံးနှစ်ကြာခဲ့တယ်။ ရှောင်းကျန့်ကျောင်းပြီးပြီ။ အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ရင်းကနေစုထားတဲ့ငွေလေးနဲ့တိုက်ခန်းသေးသေးလေးဝယ်တယ်။ ပြီးတော့ပန်းချီပြခန်းခပ်လတ်လတ်ကလေးရယ်ကိုဖွင့်ခဲ့တယ်။

အဲ့ဒီရက်ပိုင်းတွေမှာရှောင်းကျန့်အကြိမ်ကြိမ်လဲကျခဲ့တယ်။ ပြန်မထနိုင်တော့ဘူးဆိုတဲ့အတွေးမျိုးတွေထိဝင်ခဲ့ဖူးတယ်။ သိပ်ပင်ပန်းပြီးဖျားနေခဲ့လို့အိပ်ရာကနေမထနိုင်ခဲ့တဲ့ရက်တွေရှိခဲ့တယ်။ ဒါပေမယ့်ရှောင်းကျန့်ကတစ်ယောက်တည်းပါဘဲ။ ပြီးဆုံးသွားတဲ့အခြေအနေတွေကိုရှောင်းကျန့်အားတင်းပြီးဖြတ်ကျော်ခဲ့ရတယ်။ သူ့တိမ်စိုင်ကလေးကိုလည်းရှာရင်းဖွေရင်းနဲ့။

ပန်းချီမေဂျာရဲ့ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ရှောင်းကျန့်က ပထမနှစ်တွေကိုပန်းချီအကြောင်းရှင်းပြရတယ်။ အဲ့ဒီမှာဝမ်ရိပေါ်နဲ့ပြန်တွေ့ခဲ့တာပါဘဲ။ အရင်နဲ့မတူတော့ဘူး။ အရင်လိုအညိုရောင်ဆံပင်အုပ်အုပ်တွေမရှိတော့ဘူး။ အဲ့ဒီအစားမီးခိုးရင့်ရောင်ဆံပင်တွေကအစားထိုးနေရာယူထားတယ်။ ဒါပေမယ့်ရှောင်းကျန့်ကတော့ မျက်မှန်ဝိုင်းနဲ့စာကြမ်းပိုးပုံစံလေးကိုပိုသဘောကျပါတယ်။ အရင်နဲ့မတူဘဲအရင်ကထက်ပိုပြီးရင့်ကျက်လာပုံရတဲ့ကောင်လေး​က ရှောင်းကျန့်ကိုပြောခဲ့တယ်။ ပန်းချီဆွဲတဲ့လက်တွေကိုသဘောကျလို့ပန်းချီမေဂျာကိုဝင်ခဲ့ပါတယ်တဲ့။

ကံမကုန်ရင်ပြန်ဆုံကြတယ်ဆိုတာတကယ်ဘဲဖြစ်မယ်။ ရှောင်းကျန့်တို့နောက်တစ်ကြိမ်ပြန်တွေ့ကြတယ်။ ထင်မထားစရာဝမ်ရိပေါ်ကPizzaဆိုင်ရဲ့deliveryသမားလေးဖြစ်နေခဲ့ပါတယ်။ အမိအရဖမ်းဆုတ်မိပြီဆိုတဲ့အတွေးနဲ့ဝမ်ရိပေါ်ကရှောင်းကျန့်အတွက် အရင်လိုကပ်ပါးကောင်လေးအဖြစ်ရှိလာတယ်။ ညစာမှန်မှန်မစားရင်ကမ္ဘာပျက်တော့မလိုမျိုး ကိုယ်တိုင်ချက်ရင်ချက်၊မဟုတ်ရင်တစ်ခုခုဝယ်ပြီးလာပို့တဲ့ရက်တွေစိပ်လာတယ်။ အလယ်တန်းကျောင်းသားလေးဝမ်ရိပေါ်ကသူ့ကိုမနက်စာဘူးကလေးတွေပေးခဲ့သလို ပန်းချီမေဂျာပထမနှစ်ကျောင်းသားလေးဝမ်ရိပေါ်ကလည်း ရှောင်းကျန့်အတွက်ညစာတစ်ခုခုလာပို့ခဲ့တယ်။ ပြောရရင်အဲ့ဒီအ​ခြေအနေနွေးနွေးကလေးကိုသူသိပ်သဘောကျခဲ့ပါတယ်။

အစတည်းကရှောင်းကျန့်ကမတွယ်ကပ်သင့်တဲ့လူအမျိုးအစား။ ဝမ်ရိပေါ်နဲ့ကျောင်းမှာတွေ့ခဲ့တဲ့ရက်မှာဘဲလီဟွားဆိုတဲ့မိန်းကလေးနဲ့ပြန်တွေ့ခဲ့တယ်။ လီဟွားကကုမ္ပဏီတစ်ခုရဲ့လက်ထောက်ဖြစ်ပြီးဒီအတိုင်းပန်းချီကားလာဝယ်ခဲ့ရုံပါဘဲ။ ရှောင်းကျန့်ကိုတွေ့တဲ့အခါ လီဟွားကအဲ့ဒီနေ့မှာဘဲပြောခဲ့တယ်။ 'ကော ညီမကိုပြန်ချစ်နိုင်​မလား'တဲ့။

​ဖြေစရာမလိုတဲ့မေးခွန်းပါဘဲ။ လီဟွားကိုဘယ်တုန်းကမှရှောင်းကျန့်မချစ်ခဲ့ပါဘူး။ ရှောင်းကျန့်ကတစ်လျှောက်လုံးဝမ်ရိပေါ်ကိုဘဲချစ်ခဲ့တာ။ ဒါပေမယ့်ရှောင်းကျန့်လက်ခံခဲ့ပါတယ်။ လီဟွားနဲ့ပြန်တွဲဖို့ကိုသူလက်ခံခဲ့တယ်။ ပြီးတော့လက်ထပ်ဖို့အထိပါဆုံးဖြတ်ခဲ့တယ်။ တကယ်တော့အဲ့တာကဝမ်ရိပေါ်ကိုတွန်းထုတ်ပစ်ဖို့အပြင်ဘာရည်ရွယ်ချက်မှမရှိခဲ့ပါဘူး။ ခပ်ဖွဲဖွဲကနေခပ်သည်းသည်းကျလာတဲ့နှင်းတွေနဲ့အတူ သူ့ဖုန်းထဲကိုစာတိုလေးတွေအချိန်မှန်ရောက်လာခဲ့တယ်။ နွေးနွေးထွေးထွေးနေဖို့၊စောင်သေချာခြုံဖို့စတဲ့စာတိုလေးတွေကိုကြည့်ရင်း ရှောင်းကျန့်သဘောတကျပြုံးခဲ့ဖူးတယ်။

ဒီဇင်ဘာပိတ်ရက်မှာမြို့ကလေးကိုပြန်လိုက်ခဲ့ဖို့ဝမ်ရိပေါ်ကတောင်းဆိုတယ်။ မကြာခင်လက်ထပ်တော့မယ့်သူမို့နောက်ဆုံးအကြိမ်အဖြစ်ဝမ်ရိပေါ်ကိုသူခေါင်းညိမ့်ခဲ့တယ်။ ထားခဲ့ခံရတော့မှာမသိဘဲ၊ချန်ထားခံခဲ့ရတော့မှာကိုသတိမထားမိတဲ့ကောင်လေးကတော့သဘောတကျပြုံးပါတယ်။ ရှောင်းကျန့်ကတော့ရင်ထဲကနေတိတ်တိတ်ကလေးကမ္ဘာပျက်ခဲ့တယ်။

မြို့ကလေးကိုပြန်ရောက်တော့ မားမားကမရှိတော့ဘူး။ ရှောင်းကျန့်ကိုထားသွားခဲ့ပြီ။ ရှောင်းကျန့်မှာဘာမှမရှိတော့ဘူး။ ဝမ်ရိပေါ်ကလွဲပြီးရှောင်းကျန့်မှာဘာမှမရှိတော့ပါဘူး။ အဲ့ဒီနေ့ကဝမ်ရိပေါ်ကသူ့ကိုမေးခဲ့တယ်။
'ကျွန်တော်ကိုပြောမပြဘဲပြိုလဲဖို့ပြင်နေတာလား ရှောင်းကျန့်က'တဲ့။

အင်း...ဝမ်ရိပေါ်ကိုပြောမပြဘဲပြိုလဲဖို့သူပြင်ခဲ့တယ်။ သူ့ကမ္ဘာကိုသူကိုယ်တိုင်ဖြိုခဲ့တယ်။

---

ယောကျာ်းနှစ်ယောက်ရဲ့ဆက်ဆံရေးကိုပတ်ဝန်းကျင်ကလျစ်လျူရှုပေးမှာမဟုတ်ဘူးဆိုတာရှောင်းကျန့်သိသလိုဝမ်ရိပေါ်လည်းသိလိမ့်မယ်။ ရှောင်းကျန့်ကတော့အသားကျနေခဲ့ပေမယ့်၊ငါးနှစ်အရွယ်တည်းကရိုက်ခတ်မှုဒဏ်ကိုအရွယ်နဲ့မမျှခံစားခဲ့ရတဲ့သူကတော့ဘာမှမဖြစ်ပေမယ့် နွေးနွေးထွေးထွေးကလေးကြီးပြင်းလာတဲ့တိမ်စိုင်ကလေးကကျင့်သားရမှာမဟုတ်ပါဘူး။ ဝမ်ရိပေါ်ကအပြစ်အနာအဆာကင်းတယ်။ ပြီးတော့ရှောင်းကျန့်ကအများပြောခဲ့သလိုဂြိုဟ်ဆိုးလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးဘဲဖြစ်ခဲ့ပါတယ်။

လီဟွားနဲ့လက်ထပ်မယ့်ကိစ္စကိုပြောပြတော့ အဲ့ဒီနေ့ညကနောက်နေတာလားလို့မေးလာတဲ့ဝမ်ရိပေါ်ပုံစံကရသလောက်ထိဆွဲထားမယ့်ပုံစံဖြစ်နေခဲ့တယ်။ တစ်လျှောက်လုံးရှောင်းကျန့်လျစ်လျူရှုခဲ့တယ်လို့ထင်နေတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်မမြင်ဖူးတဲ့တစ်ဖက်ခြမ်းကပုံစံကိုချပြခဲ့တယ်။ စာသင်ခန်းထဲမှာအိပ်ခဲ့ရတယ်ဆိုတဲ့စကားမှာရှောင်းကျန့်မျက်ရည်ဝေ့ရတယ်။ ဒီကလေးကသူ့ကိုဒီလောက်ထိတောင်ချစ်ခဲ့တာဘဲ။ အင်း...ရှောင်းကျန့်လည်းချစ်ခဲ့တယ်။

ရှောင်းကျန့်ကလုပ်ရက်တယ်တဲ့။ မျက်ရည်တစ်စက်ပေါက်ခနဲကျရင်းဝမ်ရိပေါ်ကပြောတယ်။ လုပ်ရက်တာမဟုတ်ဘဲလုပ်သင့်တာကိုလုပ်ခဲ့တာပါဘဲ။ ဝမ်ရိပေါ်ကိုတွန်းထုတ်ခဲ့လို့သူနာကျင်ရရင်တောင် ဝမ်ရိပေါ်ကတော့ကောင်းကောင်းရှင်သန်ဖြစ်သွားလိမ့်မယ်။ ရတယ်။ ရှောင်းကျန့်ကျေနပ်ခဲ့ပါတယ်။

မသိသလိုနေကြရအောင်တဲ့။ ဝမ်ရိပေါ်မှန်တယ်။ မသိခဲ့ရင်ပိုကောင်းလိမ့်မယ်။ မသိခဲ့ရင်ခံစားရတာမျိုးတွေရှိခဲ့မှာမဟုတ်ဘူး။ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ဟာသံသရာတကွေ့မှာဝင်တိုက်မိခဲ့တဲ့လူနှစ်ယောက်လိုမျိုး ဘာမှမသိဘဲရှင်သန်သွားကြတော့မယ်။

အဲ့ဒီနေ့က ဝမ်ရိပေါ်ကပထမဆုံးအကြိမ်အဖြစ် သူ့ကိုကျောခိုင်းသွားခဲ့ပါတယ်။

~အဲ့ဒီနေ့ကကျောပြင်ဆီမှာပါသွားခဲ့တယ်။ အနာဂတ်တွေ။ အမှတ်တရတွေ~

---

လက်ထပ်ဖို့ရက်နီးလာလေ ရှောင်းကျန့်ကယိုင်နဲ့ကျလာလေပါဘဲ။ လက်ရေးညီညီနဲ့စာရွက်ပိုင်းကလေးကိုထမင်းမေ့ဟင်းမေ့ကြည့်ရင်းရှောင်းကျန့်ကပူဆွေးခဲ့တယ်။ လီဟွားဆီကလာတဲ့ဖုန်းတွေကိုလည်းမကိုင်ဖြစ်ခဲ့ဘူး။ ကိုယ်တိုင်ဖယ်ချခဲ့ပြီးကိုယ်တိုင်ဘဲအဲ့ဒီကောင်လေးရောက်လာမလားလို့မသိစိတ်ကမျှော်တယ်။ နေနိုင်သွားပုံရတဲ့ကောင်လေးကတော့လုံးဝပေါ်မလာခဲ့ဘူး။ အဆင်ပြေတယ်မလား။ ရှောင်းကျန့်ကတော့အဆင်မပြေပါဘူး။

မနက်ဖြန်လက်ထပ်ပွဲနေ့။ ရှောင်းကျန့်ကပြိုလဲပျက်စီးနေတဲ့ကမ္ဘာမှာစာရွက်ပိုင်းလေးနဲ့ငိုင်နေတုန်းဘဲ။ မငိုနိုင်တော့တဲ့အဆုံး၊မငိုင်ချင်တော့တဲ့အဆုံး အရာအားလုံးကိုလွှတ်ချခဲ့ဖို့သူတွေးတဲ့အခါအဖြူရောင်အိပ်ဆေးဘူးလေးကလက်ထဲကိုရောက်လာတယ်။ ရှောင်းကျန့်မရှိတော့ရင်အရာရာချုပ်ငြိမ်းသွားလိမ့်မယ်။ ဝမ်ရိပေါ်ကတော့စိတ်နာနေမလားပါဘဲ။ တကယ်လည်းသူကစိတ်နာသင့်တဲ့လူဖြစ်ခဲ့ပါတယ်။

စာရွက်အပိုင်းအစလေးကိုကျစ်နေအောင်ဆုတ်ထားရင်းဆေးပြားကလေးတွေသောက်ပစ်လိုက်တယ်။ ဘယ်နှပြားလဲဆိုတာရေတွက်မကြည့်ခဲ့ဘူး။ ခဏနေကျရင်အရာအားလုံးပြီးသွားတော့မယ်။ ချစ်ခြင်းတရားတွေကတော့အပြာရောင်လေးဆီမှာကျန်ခဲ့မယ်ထင်တယ်။ မကြာဘူး ရှောင်းကျန့်ဟာကမ္ဘာမြေကိုစတင်နှုတ်ဆက်ခဲ့ပါတယ်။

အိပ်မက်လိုလို၊စိတ္တဇလိုလိုနဲ့ ရှောင်းကျန့်ကလွင့်မြောနေတယ်။ ရုတ်တရက်ဆောင့်ဆွဲလိုက်တဲ့ကြိုးကလေးကြောင့်လှည့်ကြည့်လိုက်တော့ဝမ်ရိပေါ်ကပြောတယ်။ 'ကျွန်တော်မနေနိုင်တာသိရဲ့သားနဲ့'တဲ့။ သတိပြန်လည်လာတဲ့အခါလူနာစောင့်လုပ်နေတဲ့ကောင်လေးကြောင့်ရှောင်းကျန့်ခပ်ဖွဖွပြုံးမိသေးတယ်။ နောက်ထပ်ချန်မထားရက်စရာကောင်လေးကသူ့ကိုဆူခဲ့သေးတယ်။ နောက်ထပ်ဘာအလိုဆန္ဒတွေရှိလဲမေးရင် သူ့ရဲ့တိမ်စိုင်သေးသေးလေးဖြစ်တဲ့ဝမ်ရိပေါ်ကိုဘဲလိုချင်ပါတော့တယ်။ ရှောင်းကျန့်ကတံခါးလေးစေ့ထားခဲ့ရုံပါ။ ဝမ်ရိပေါ်ကတော့အမြဲတံခါးခေါက်ပြီးဝင်ခဲ့တယ်။ အဆုံးမှာဝမ်ရိပေါ်ကရှောင်းကျန့်အတွက်အမှန်တရားလေးဖြစ်လာခဲ့တယ်။ အဆုံးသတ်ပျော်ရွှင်ခြင်းဆိုတာကိုရှာဖွေကြည့်ခဲ့ရင် ကမ္ဘာမြေအတွက်ကျူးလစ်တွေရှိတယ်။ ဝမ်ရိပေါ်အတွက်တော့ရှောင်းကျန့်ဘဲရှိခဲ့ပါတယ်။

~ကမ်းလင့်ထားတဲ့လက်တစ်စုံကိုပုတ်ချပစ်ဖို့တွေးမိတဲ့အခါ နှစ်ဖက်လုံးပျော်ရွှင်ရရဲ့လားဆိုတာကို ကျွန်တော်တို့အရင်တွေးကြည့်ဖို့လိုပါလိမ့်မယ်~

#TayyYizhan
23.9.2022(Fri)

Continue Reading

You'll Also Like

345K 10.8K 30
As I step into the elevator I click the button for the first floor. As the door closes I rest my head against the wall and close my eyes. I really ne...
883K 20.6K 71
"Secrets I have held in my heart are harder to hide than I thought..." AM AU
221K 17.1K 37
Yasmin is a widow.Her husband passed away from a heart attack and since then she has devoted herself to her in-laws and working as a teacher. Huzaifa...
105K 4.3K 51
Micah Lauzier doesn't really need a new roommate. His finances are stretched a bit thinner than he would like without one, but it's not like he has t...