Came From Deepest Somewhere

By Tayy_1823

5.8K 260 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-22

109 2 0
By Tayy_1823

"ဒါလေးဘဲယူမယ်ဗျ"

မီးခိုးရောင်ခပ်ဖျော့ဖျော့ဂစ်တာလေးကိုလက်ညှိုးထိုးရင်းရိပေါ်ပြောတော့ ဂစ်တာဆိုင်ပိုင်ရှင်အစ်ကိုကခေါင်းညိမ့်ပြတယ်။

"ကဲ! ရပါပြီဗျာ
ကောင်မလေးကိုသံစဥ်တွေနဲ့ချော့နိုင်ပါစေကွာ"

သေချာထည့်ထားတဲ့ဂစ်တာအိတ်ကိုလှမ်းပေးရင်းဆိုင်ရှင်အစ်ကိုက ခပ်နောက်နောက်ပြောတယ်။ ရိပေါ်နဲ့အတူပါလာတဲ့လင်းဝေ့ကတော့ဆိုင်ရှင်အစ်ကိုရဲ့စကားကြောင့်ပြုံးဖြဲဖြဲနဲ့ရယ်နေတယ်။ ရိပေါ်ကတော့ပြုံးပြရုံကလွဲပြီးဘာစကားမှမဆိုဖြစ်ဘူး။ ဘယ်ကောင်မလေးကိုမှချော့ဖို့မဟုတ်ဘဲ ရိပေါ်ကအဲ့ဒီအစ်ကိုကြီးကိုပြောဖူးတဲ့စကားတစ်ခွန်းလေးအတွက်နဲ့ဂစ်တာတီးသင်ဖို့ဖြစ်လာတာမို့ ဆိုင်ရှင်အစ်ကို့စကားကရိပေါ်အတွက်ဖြစ်မနေပါဘူး။

"ကျေးဇူးပါ အစ်ကိုရေ
ဂစ်တာတော့ရပြီ ကောင်မလေးဘဲလိုတော့တယ် ဟဲဟဲ"

လင်းဝေ့ကသူဝယ်ထားတဲ့အနက်ရောင်ဂစ်တာအိတ်ကိုလွယ်ထားရင်းကနေ ဆိုင်ရှင်အစ်ကိုကိုရယ်ရင်းပြန်ပြောတယ်။ ဂစ်တာတီးသင်မယ်လို့မားမားကိုပြောတော့ မားမားကမတားဘူး။ 'ဝမ်ပေါင်ပေ့ သဘောကျရင်သင်လေ'တဲ့။ တကယ်တော့ရိပေါ်ကဂစ်တာတီးရတာကိုသဘောကျတာထက် တစ်စုံတစ်ယောက်အတွက်ဂစ်တာတီးပေးချင်ရုံသက်သက်ပါဘဲ။ ဘာသာစကားတို့၊စီးပွားရေးဆိုင်ရာတို့တက်ရမှာပျင်းတယ်ဆိုတဲ့လင်းဝေ့ကလည်းနောက်ဆုံးတော့ရိပေါ်နဲ့အတူဂစ်တာတီးသင်မယ်လို့တွေးလိုက်ပုံရပါတယ်။ 'ဂစ်တာသွားဝယ်ရအောင်'ဆိုပြီး ရိပေါ်ကိုဇွတ်ဆွဲခေါ်လာတယ်။ ဂစ်တာကိုတစ်ယောက်တစ်လက်စီဝယ်ပြီးပြန်ထွက်လာတော့ လင်းဝေ့တစ်စခန်းထပြန်တယ်။ ရိပေါ်ကိုပုံစံပြောင်းပေးမယ်ဆိုပြီး လူမမာအမဲခြောက်တောင်းသလိုတတွတ်တွတ်ပြောတယ်။

"ဒီပုံစံအတိုင်းလည်းဖြစ်ပါတယ်ဆို"

မျက်မှန်ကိုင်းကိုပင့်တင်ရင်းရိပေါ်ပြောတော့ လင်းဝေ့ကသက်ပြင်းကိုဟန်ဆောင်ပန်ဆောင်ချရင်းဆရာကြီးစတိုင်နဲ့ခေါင်းယမ်းတယ်။

"မရဘူး ဖေ့သား
မင်းတအားကလေးနဲ့တူနေတယ်ကွ
ငါ့ကိုယုံစမ်းပါကွာ handsome boyလေးဖြစ်အောင်ရွှိုင်းပေးမယ်"

လင်းဝေ့က သားသည်မိခင်ကြီးလိုဘဲတတွတ်တွတ်ပြောနေတယ်။ ရိပေါ်ကတော့ခေါင်းကိုသာဆက်တိုက်ခါနေရတယ်။

"ကိစ္စမရှိဘူး မလိုဘူး"

ရိပေါ်စကားကြောင့် လင်းဝေ့ကသက်ပြင်းကိုအကျယ်ကြီးချတယ်။

"ဒီမှာဖေ့သား ဖေပြောပြမယ် သေချာနားထောင်"

အရေးကြီးစကားပြောတော့မယ့်ပုံစံမျိုး၊ ဆရာကကျောင်းသားကိုဆုံးမတော့မယ့်ပုံစံမျိုးနဲ့လင်းဝေ့ကအတည်ကြီးပြောတယ်။ ရိပေါ်ကတော့'ပြော'ဆိုတဲ့သဘောနဲ့မေးငေါ့ပြလိုက်တယ်။ ဒီသကောင့်သားဘာတွေပေါက်ကရပြောဦးမယ့်မသိ။

"မင်းကမလိုဘူးဆိုရင်တောင် စီနီယာရှောင်းကျန့်ကိုချစ်တဲ့ဝမ်ရိပေါ်ကတော့လိုတယ်"

စီနီယာအစ်ကိုကြီးအကြောင်းပါတော့ ရိပေါ်ရင်ထဲလှိုက်ခနဲဖြစ်သွားတယ်။ လင်းဝေ့ကတော့ဆရာကြီးစတိုင်နဲ့ဆက်ပြောတယ်။

"မင်းသိတဲ့အတိုင်းစီနီယာရှောင်းကျန့်ကချောတယ်ကွာ ပြီးတော့တက္ကသိုလ်ရောက်ပြီဆိုတာနဲ့အတော်များများကရည်းစားရကုန်ကြတာဘဲလေ ကဲ! မရဘူးဘဲထား ကလေးပုံစံပေါက်နေတဲ့မင်းကိုသူကဘယ်အားကိုးချင်ပါ့မလဲ မင်းကချောမောသန့်ပြန့်နေမှသူသတိထားမိမှာပေါ့ ပြန်တွေ့ဖြစ်တဲ့အခါကျအရင်လိုကလေးပုံစံကြီးကသိပ်အဆင်မပြေဘူးကွ
တော်ကြာကလေးမုန့်ပေးကြိုက်သလိုဖြစ်နေမှာပေါ့"

လင်းဝေ့ကစကားအရှည်ကြီးပြောပြီးမှမောနေတဲ့ပုံစံနဲ့အသက်ကိုလုရှူနေတယ်။ ရိပေါ်ကတော့တစ်ယောက်တည်းအတွေးကမ္ဘာထဲမှာချာချာလည်နေတုန်း။ သူ့ကျန့်ကောကပြန်တွေ့ဖြစ်တဲ့အခါ ကလေးတစ်ယောက်လိုမြင်နေမှာမျိုးတော့ရိပေါ်မလိုချင်ပါဘူး။ ပြီးတော့တက္ကသိုလ်မှာအတော်များများကရည်းစားရသွားကြတယ်ဆိုတာမျိုးကဖြစ်နိုင်ပေမယ့် ကျန့်ကောကတော့မရဖို့ဘဲရိပေါ်မျှော်လင့်ပါတယ်။ အကယ်၍ရသွားလည်းရိပေါ်ဘာမှမတတ်နိုင်ဘူး။ ရိပေါ်ကအဝေးကချစ်ရုံပါဘဲ။ ဒါပေမယ့်ဘယ်လိုဘဲဆိုဆိုစီနီယာအစ်ကိုကြီးကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ရိပေါ်ကလင်းဝေ့စကားကိုခေါင်းညိမ့်ခဲ့တယ်။

"Colourရောဆိုးချင်သေးလား မောင်လေး"

"အာ ကျွန်တော်!..."

"ဆိုးမှာဗျ မီးခိုးရောင်ခပ်ရင့်ရင့်လေးပေါ်မှာ အပြာရောင်လေးhighlightဆိုးပေးလိုက်ပါ ကျဲ"

ရိပေါ်ဘာမှမပြောရသေးခင် လင်းဝေ့ကဆိုင်ရှင်အစ်မကိုဖြတ်ပြောလိုက်တယ်။ လင်းဝေ့စကားကိုယုံစားပြီးသူခေါ်တဲ့သူ့အစ်မဝမ်းကွဲရဲ့ဆိုင်ကိုပါလာရတော့ လင်းဝေ့ကရိပေါ်ကိုဟိုဘက်ကနေလှည့်ကြည့်လိုက်၊ဒီဘက်ကနေလှည့်ကြည့်လိုက်နဲ့အစအဆုံးဝင်ဝင်ပြောနေတယ်။ ရိပေါ်ကသူ့ကလေးလိုဘဲ။ ဘာမှပြန်မပြောရဘူး။

"ကဲ! မိုက်သွားပြီဗျာ
ဒါနဲ့ တစ်ခုခုတော့လိုနေသေးတယ်ထင်တယ်"

ဆံပင်ကိစ္စပြီးလို့ဆိုင်ထဲက​နေထွက်လာတော့ ရိပေါ်ကိုကြည့်ရင်းလင်းဝေ့ကချက်ချင်းဆိုသလိုပြောလာတယ်။ ရိပေါ်ကတော့သက်ပြင်းဘဲအခါခါချမိတော့တယ်။ ခုဆိုရိပေါ်ကအရင်လိုခပ်အုပ်အုပ်အညိုရောင်ဆံပင်တွေနဲ့မဟုတ်တော့ဘူး။ ပုံဖော်ထားတဲ့ဆံပင်မှာမီးခိုးရောင်နောက်ခံအပြာရောင်hightlightတွေနဲ့ဖြစ်သွားပြီ။ လင်းဝေ့ပြောသလိုဘဲကလေးဆန်တာနည်းနည်းတော့ပျောက်သွားပြီဆိုတာတော့ ရိပေါ်လက်ခံပါတယ်။

"ရိပေါ် မင်းမျက်မှန်မတပ်တော့နဲ့ကွာ"

ရိပေါ်မျက်နှာကိုသေချာကြည့်ရင်းရုတ်တရက်ပြောလာတဲ့လင်းဝေ့စကားကြောင့် ရိပေါ်ကြောင်သွားတယ်။ ဒါတော့ဘယ်ဖြစ်မလဲ။ မျက်မှန်မပါရင်ရိပေါ်ဘာမှမမြင်ရတော့ဘူးလေ။

"ဒါတော့ဖြစ်မလားကွ မျက်မှန်မပါရင်ငါဘယ်လိုလုပ်မြင်ရတော့မှာလဲ စဥ်းစားလေ"

မျက်မှန်ကိုင်းလေးကိုတစ်ချက်ပင့်တင်ရင်း ရိပေါ်ကခပ်ဆတ်ဆတ်အသံနဲ့ပြောတော့ လင်းဝေ့ကမျက်နှာချိုသွေးသလိုတဟီးဟီးအရင်ရယ်တယ်။

"နေပါဦးကွ မင်းကလည်းသေချာတော့နားမထောင်ဘူး"

စပ်ဖြဲဖြဲပြောလာတဲ့လင်းဝေ့ကို ရိပေါ်မကြည်ကြည့်တစ်ချက်ကြည့်လိုက်တယ်။ သွားတဖြီးဖြီးဖြစ်နေတဲ့လင်းဝေ့ကဘယ်လိုကြည့်ကြည့် ရိပေါ်ရဲ့စီနီယာအစ်ကိုကြီးလိုချစ်ဖို့ကောင်းမနေဘူး။ တကယ်တမ်းတော့ပြောရရင်ရိပေါ်ကိုကစီနီယာအစ်ကိုကြီးဘယ်လိုပုံစံဖြစ်ဖြစ်ချစ်နေမိတာမျိုးပါဘဲ။ ဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ်။

"တကယ်တော့ကလေးနဲ့တူနေတဲ့နေရာမှာ မျက်မှန်ကအဓိကအချက်ဘဲကွ မင်းကမျက်မှန်တပ်လိုက်ရင်လုံးဝဘေဘီဖြစ်သွားတတ်တာမျိုး"

ရိပေါ်ရဲ့မျက်မှန်ကိုင်းနေရာကိုလက်ညှိုးထိုးပြရင်း လင်းဝေ့ကပြောလာတယ်။ ဒါကိုလည်းရိပေါ်ရာနှုန်းပြည့်လက်ခံပါတယ်။ ရိပေါ်ကဘယ်လိုပုံစံဘဲဝတ်ထားထား မျက်မှန်တပ်လိုက်ရင်တော့လင်းဝေ့ပြောသလိုဘေဘီဖြစ်သွားတတ်တာမျိုး။

"အဲ့တော့ဘာလုပ်ရမှာလဲ ငါက"

"အဲ့တော့မျက်ကပ်မှန်ပြောင်းတတ်ရမှာပေါ့ ဖေ့သားလေးရဲ့"

ရိပေါ်ကမေးတော့ လင်းဝေ့ကချက်ချင်းပြန်ဖြေတယ်။ ယောင်ချာချာနဲ့ဘဲလင်းဝေ့နောက်ကိုပါသွားရတော့ လင်းဝေ့ပြုသမျှနုနေရတာကရိပေါ်ပါဘဲ။ ရိပေါ်ရဲ့မျက်မှန်ပါဝါနဲ့ညီတဲ့မျက်ကပ်မှန်ကိုပြောင်းတပ်လိုက်တယ်။ မျက်မှန်တပ်စရှိတဲ့လူမို့ နှာနုရိုးပေါ်မှာမျက်မှန်စမ်းမတွေ့တော့သိပ်တော့အသားမကျဘူး။ ဒါပေမယ့်လင်းဝေ့ကတော့လက်မတထောင်ထောင်လုပ်ရင်းတပြုံးပြုံးနဲ့။

"အိုက်ယိုး!...ရိပေါ်ကောကောကဒီလိုကျတော့လည်းကြွေချင်စရာ၊အားကိုးချင်စရာကြီးဗျာ
စီနီယာရှောင်းကျန့်ကိုမဟုတ်ဘဲ တို့ကိုကြိုက်ပါ့လား"

မျက်ကပ်မှန်တပ်ပြီးလို့ထွက်လာတော့ ရိပေါ်လက်မောင်းကိုခပ်နွဲ့နွဲ့မှီရင်း လင်းဝေ့ကချွဲတီးချွဲပစ်ပြောလာတယ်။ လင်းဝေ့ကဒီလိုမဟုတ်တရုတ်ပြောတဲ့နေရာမှာတော့မွေးကတည်းကပါရမီပါလာပုံရပါတယ်။ ဘယ်လိုဆဲဆဲလည်းမမှတ်ဘူး။

"ဟင်လို့ ရိပေါ်ကောကော"

မျက်လုံးကိုကလူးကလဲလုပ်ပြရင်းလင်းဝေ့ကထပ်ပြောတယ်။

"တော်စမ်းပါ ရွံစရာတွေ"

လူကိုတောက်တဲ့ကပ်သလိုကပ်တွယ်ထားတဲ့လင်းဝေ့လက်ကိုဖြုတ်ချရင်း ရိပေါ်ပြောတော့လင်းဝေ့မျက်နှာကလူနင်းခံရတဲ့ခရမ်းချဥ်သီးလိုရှုံ့ခွက်သွားတယ်။

"ငါကလည်းမင်းကိုမကြိုက်ပါဘူး
ငါကမိန်းမဘဲယူမှာ အဲ့ဒီအခါကျငါ့ကလေးတွေမင်းကူထိန်းရမယ်သာမှတ်"

လက်သီးလက်မောင်းတန်းကြုံးဝါးရင်းလင်းဝေ့ကတကယ်ဘဲကလေးတွေတစ်ဒါဇင်လောက်မွေးတော့မလိုပြောလာတယ်။ တကယ်ဆိုလင်းဝေ့ကရည်းစားတောင်ထားဖူးတာမှမဟုတ်တာ။

"ကလေးမွေးဖို့မတွေးခင်ရည်းစားဘဲအရင်ရအောင်လုပ်စမ်းပါ"

နဖူးပေါ်မှာဟိုတစ်မျှင်ဒီတစ်မျှင်ကျနေတဲ့ ပုံသွင်းပြီးခါစလှိုင်းတွန့်ဆံပင်တွေကိုလက်နဲ့သပ်တင်ရင်းရိပေါ်ပြောတော့ လင်းဝေ့မျက်နှာကခုနကထက်ပိုရှုံ့မဲ့သွားတယ်။ လူနင်းခံရလို့ပြားပြီးခြောက်သွားတဲ့ခရမ်းချဥ်သီးလိုမျိုး။

"ငါကမင်းလိုမျိုးမြုံထားမယ့်သူမဟုတ်ဘူးကွ
ချစ်ရမယ့်သူတွေ့တဲ့အခါကျတန်းပြောပစ်မှာ စဥ်းစားကြည့်ရင်မင်းထက်တောင်အရင်ရည်းစားရမလားဘဲ"

ပြောချင်ရာပြောပြီးခုနကမျက်နှာနဲ့မတူတဲ့စပ်ဖြဲဖြဲမျက်နှာနဲ့လင်းဝေ့ဖြစ်သွားတယ်။ ဟုတ်တော့လည်းဟုတ်နိုင်ပါတယ်။ ရိပေါ်ထက်စာရင်တော့လင်းဝေ့ကသတ္တိမကြောင်လောက်ဘူး။ ရိပေါ်ကသာနှစ်တွေကြာအောင်မြိုသိပ်ခဲ့မိတာ။ တကယ်ဆိုထွက်မသွားခင်တည်းက၊သူတို့ကျောမခိုင်းရခင်တည်းကပြောပြခဲ့သင့်တာပါဘဲ။ တမေ့တမောငေးခဲ့မိတော့တနင့်တပိုးလွမ်းရတာပေါ့။

"ဟော လူချောလေးဖြစ်လာတာဘဲ
လင်းဝေ့လက်ချက်လား"

အိမ်ပြန်ရောက်တော့မားမားကရိပေါ်ကိုဆီးကြိုပြီးပြုံးစစနဲ့မေးတယ်။ ရိပေါ်ကတော့ပြုံးရင်းခေါင်းအသာညိမ့်ပြလိုက်တယ်။

"မားမားသဘောမကျရင်ပြန်ပြောင်းလိုက်မယ်လေဗျ"

ရိပေါ်ကပြောတော့ မားမားကခေါင်းအသာခါရင်းပြုံးတယ်။ ပြီးတော့ပြောတယ်။ 'လူချောလေးဖြစ်လာတာဘဲ ဘာလို့သဘောမကျရမှာလဲ'တဲ့။

"မားမားရဲ့ဝမ်ပေါင်ပေ့လေးတောင် လူကြီးလေးဖြစ်လာပြီဘဲ ဒီပုံစံနဲ့ကျတော့တကယ်ကိုမငယ်တော့သလိုဘဲ"

ညစာစားနေရင်း မားမားကပြောလာတယ်။ ရိပေါ်တကယ်ကလေးမဆန်တော့ဘူး။ ဒီပုံစံနဲ့ကျအရင်လိုကျောင်းသားင​ယ်လေးပုံစံပေါက်မနေတော့ဘူး။ ဆံပင်အရောင်ခပ်လွင့်လွင့်နဲ့ရိပေါ်က မိန်းကလေးတွေကြိုက်တတ်တဲ့ပုံစံမျိုးလို့လည်းမားမားကဒီညနေအတွင်းခဏခဏပြောတတ်သေးတယ်။ ရိပေါ်ဒီလိုပုံစံပြောင်းတာကမိန်းကလေးတွေကြိုက်ဖို့မှမဟုတ်တာ။ စီနီယာအစ်ကိုကြီးရှေ့မှာလူကြီးဆန်နေဖို့ဘဲရည်ရွယ်ပါတယ်။

"ညဘက်စောစောအိပ်နော် အချစ်ကလေး
စာလည်းမကျက်ရတော့ဘူးဆိုတော့ညဥ့်နက်အောင်မနေနဲ့တော့"

အခန်းထဲဝင်ဖို့ပြင််တော့ မားမားကအဲ့လိုမှာတယ်။ မားမားကိုခေါင်းညိမ့်ပြလိုက်ပြီးရိပေါ်အခန်းထဲဝင်လာလိုက်တယ်။ စာကျက်စရာတွေမရှိတော့တဲ့အခါ ရိပေါ်ကစီနီယာအစ်ကိုကြီးကိုပိုပြီးလွမ်းတတ်လာတယ်။ ညနေတွေဆိုရင်ယင်းအားရီလည်းမရှိ၊ကျန့်ကောလည်းမရှိတော့တဲ့အိမ်ကလေးကိုအချိန်မှန်မှန်သွားငေးဖြစ်တယ်။ မတော်တဆများပြန်ရောက်လာလိုလာငြားဆိုတဲ့ဝိုးတဝါးမျှော်လင့်ချက်ကလေးနဲ့ရိပေါ်က ညနေတွေဆိုလမ်းမီးတိုင်ရဲ့အုတ်ခုံဘေးနားမှာခဏလောက်တော့ရပ်စောင့်နေဖြစ်သေးတယ်။ ပြန်မလာတာ၊လာတာကစီနီယာအစ်ကိုကြီးရဲ့သဘောပါ။ ရိပေါ်ကတော့စောင့်နေမှာပါဘဲ။

~ကျွန်တော်ကကျန်ရစ်ခဲ့ရတဲ့သူဘဲ ခင်ဗျားရယ်
ချန်ထားရစ်ခဲ့တဲ့နေရာမှာဘဲ ခင်ဗျားကိုစောင့်နေပါ့မယ်~

---

"ရိပေါ်"

"အင်း"

ဂစ်တာကြိုးညှိနေတုန်းလင်းဝေ့ကခေါ်လာတာမို့ ရိပေါ်ထူးလိုက်တယ်။

"စီနီယာရှောင်းကျန့်ကိုမင်းတကယ်ဘဲဂစ်တာတီးပြမှာလား ပထမဆုံးလူအဖြစ်နဲ့လေ"

လင်းဝေ့အမေးကြောင့် ဂစ်တာကြိုးညှိနေတာကိုရိပေါ်ရပ်လိုက်တယ်။ ရိပေါ်တို့ခြံထဲမှာကျူးလစ်ပင်ပျိုလေးတွေဟိုတစ်ပင်ဒီတစ်ပင်ရှိနေတယ်။ ဒါကကျူးလစ်ခြံကိုပို့ဖို့အချိန်မကျသေးလို့ မားမားကအိမ်သယ်လာခဲ့ရတဲ့အပင်ပေါက်ကလေးတွေ။ မားမားကတော့အဲ့ဒီကျူးလစ်ပင်ပျိုကလေးတွေတစ်ရက်ပြီးတစ်ရက်ကြီးထွားလာတာကိုသဘောတကျစောင့်ကြည့်ရင်းရေလောင်းပေါင်းသင်တတ်တယ်။ ပြီးတော့မားမားပြောသေးတယ်။ 'ကိုယ့်အရိပ်အောက်မှာကောင်းကောင်းကြီးပြင်းလာတဲ့တစ်စုံတစ်ခုကိုနေ့စဥ်ရက်ဆက်စောင့်ကြည့်ရတာလောက်ကံကောင်းတာမရှိဘူး'တဲ့။ ရိပေါ်ကတော့ကံခေခဲ့တယ်နဲ့တူတယ်။ တစ်စုံတစ်ယောက်ရဲ့နိစ္စဓူဝကျောပြင်လေးကိုစောင့်ကြည့်ခွင့်မရခဲ့တာအတော်ကြီးကိုကြာခဲ့ပြီ။

"အင်း...ကျန့်ကောကမမှတ်မိရင်တောင်မှငါကတော့မှတ်မိနေသေးတာဘဲ"

ကျူးလစ်ပင်ပေါက်ကလေးကိုကြည့်ရင်းရိပေါ်ကပြောတော့ လင်းဝေ့ကခေါင်းအသာညိမ့်တယ်။ ရိပေါ်အထက်တန်းအောင်ပြီးခါစတုန်းက မားမားကဒန်းအဖြူလေးတစ်ခုဝယ်ခဲ့တယ်။ ခြံထဲမှာအလှဆင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝယ်ခဲ့တဲ့ဒန်းအဖြူကလေးက အခုတော့ရိပေါ်နဲ့လင်းဝေ့ညနေတိုင်းဂစ်တာတီးကျင့်တဲ့နေရာဖြစ်နေတယ်။ ရိပေါ်ကတော့ဒန်းတွေကိုမြင်ရတိုင်းလည်း ကျန့်ကောကိုလှိုက်လှိုက်လှဲလှဲလွမ်းမိတော့တာပါဘဲ။ တစ်ချိန်တုန်းက ကျန့်ကောတို့အိမ်ရဲ့အပြာနုရောင်ဒန်းကလေးပေါ်မှာနှစ်ယောက်အတူထိုင်ခဲ့ကြတာကို ရိပေါ်သေချာမှတ်မိသေးတယ်။

"ဘာသီချင်းတီးဖြစ်မယ်ဆိုတာရောမင်းတွေးထားဖူးလား ရိပေါ်"

ရိပေါ်ငေးနေတဲ့ကျူးလစ်ပင်ပျိုတွေဆီ လင်းဝေ့ကပါလိုက်ကြည့်ရင်းမေးလာတယ်။ တွေးဖူးတယ်။ တွေးဖူးတာပေါ့။ ပြန်တွေ့တဲ့အခါကျရင်ဘာသီချင်းတီးပြရမလဲဆိုတာရိပေါ်ခဏခဏတွေးဖူးတယ်။ ဒါပေမယ့်ဘယ်တုန်းကမှစဥ်းစားလို့မရခဲ့ပါဘူး။ ရိပေါ်ကဂစ်တာတီးပြမယ်ဆိုတဲ့စိတ်ဘဲရှိခဲ့တာ။ ဘာသီချင်းကိုတီးမယ်ဆိုပြီးမယ်မယ်ရရတွေးခဲ့တာမဟုတ်ဘူး။ ဒါပေမယ့်မနေ့ညကတော့ TVကနေလွှင့်နေတဲ့သီချင်းတစ်ပုဒ်ကရိပေါ်ခေါင်းထဲကိုခပ်ဆွေးဆွေးဝင်ရောက်လာခဲ့တယ်။ သီချင်းနာမည်က 'Zhi Zu'။

"အင်း ငါတွေးထားပြီးပြီ
ကျန့်ကောကြိုက်ပါ့မလားတော့မသိသေးဘူး"

နဖူးပေါ်ဝဲကျလာတဲ့မီးခိုးရင့်ရောင်ဆံပင်တွေကိုလက်နဲ့သပ်တင်ရင်းရိပေါ်ကပြောတော့ လင်းဝေ့ကခေါင်းညိမ့်တယ်။

"ဘာသီချင်းရွေးထားတာလဲ ငါ့ကိုပြောပြလို့ရလား"

လင်းဝေ့အမေးကိုရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။ သူ့အကြောင်းအူမချေးခါးမကျန်သိတဲ့ လင်းဝေ့ကိုရိပေါ်ဘာမှထိန်ချန်ထားစရာမရှိပါဘူး။

"Zhi Zuလေ မင်းသိတယ်မလား"

လင်းဝေ့ကိုကြည့်ရင်း ရိပေါ်မေးတော့ လင်းဝေ့ကချက်ချင်းခေါင်းညိမ့်တယ်။ ပြီးတော့စပ်ဖြဲဖြဲပြုံးတယ်။

"အမေးအမြန်းထူလိုက်ဦးမယ် ဖေ့သားရာ
ဘာလို့Zhi Zuကိုရွေးတာလဲ"

အလိုလိုလည်းအမေးအမြန်းထူ၊စကားများနေတာမို့ ပလ္လင်ခံစရာမလိုသလိုထူးလည်းမထူးဆန်းပါ။ လင်းဝေ့ကအရင်တည်းကသာလိကာကအဖေခေါ်ရမယ့်ကောင်။ ဘာလို့Zhi Zuကိုရွေးတာလဲဆိုတာတော့ ရိပေါ်သေချာမရှင်းပြတတ်ပါဘူး။ ဒါပေမယ့်အဲ့ဒီသီချင်းမှာ ရိပေါ်ရဲ့ဘဝတစ်ခုလုံးနစ်ဝင်နေသလိုအဓိပ္ပါယ်တွေပါနေတယ်။

"ဘာရယ်လို့မဟုတ်ပါဘူး ငါသဘောကျသွားလို့"

ရိပေါ်အ​ဖြေကိုလင်းဝေ့ကမကျေနပ်သလိုမကြည်ကြည့်နဲ့တုံ့ပြန်တယ်။ ရိပေါ်ကတော့ဘာမှထပ်မပြောဖြစ်ပါဘူး။ ရိပေါ်ဂစ်တာတီးကောင်းကောင်းသင်နေတယ်။ ဂစ်တာကိုကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်တီးတတ်မှဖြစ်မယ်။ စီနီယာအစ်ကိုကြီးနဲ့ပြန်တွေ့တဲ့အခါကျရင် Zhi Zuကိုဂစ်တာနဲ့တီးပြမယ်။ အတိအကျပြောရရင် ကြယ်တွေစုံတဲ့ညမှာ စီနီယာအစ်ကိုကြီးကိုZhi Zuတီးပြရင်း ကြယ်တွေအတူကြည့်ချင်ပါတယ်။

~သက်တန့်လေးတစ်ခုပိုင်ဆိုင်ရဖို့ ဘယ်လိုလုပ်ရမလဲ
နွေရဲ့လေညှင်းလေးကိုအမြဲပွေ့ဖက်ထားဖို့ ဘယ်လိုလုပ်ရမလဲ
ပြီးတော့ စီနီယာအစ်ကိုကြီးပြုံးဖို့ ကျွန်တော်ဘာလုပ်ရမလဲ~

#TayyYizhan
A/N Zhi Zuလေးနားထောင်ကြည့်ကြပါ အဓိပ္ပါယ်တွေကလည်းတအားမိုက်💛

Continue Reading

You'll Also Like

11.5M 483K 50
"did you just draw a dick on my face?" Min Soojung was more than textbook perfect-- she's independant, crazy smart, and most of all: competitive. Tha...
27M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222
346K 39.6K 40
Yizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is jus...
Cry-Baby By Criss

Teen Fiction

3.3M 105K 30
I wiped my eyes once again to see deep piercing green ones looking down at me. More tears came as I saw the root of my anger, and I stood up pushing...