Came From Deepest Somewhere
By Tayy_1823
5.8K 260 5
ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙
Chapter-21
99 5 0
By Tayy_1823
"ရင်ခုန်နေတာလား ဝမ်ပေါင်ပေ့"
နွားနို့ပူပူကိုထည့်ပေးနေရင်း မားမားကခပ်ပြုံးပြုံးမေးလာတယ်။ ဒီနေ့ကရိပေါ်တို့အထက်တန်းအောင်စာရင်းတွေထွက်မယ့်နေ့။ ရိပေါ်မှာပူပင်နေတာမျိုးတွေတကယ်မရှိဘူး။ ရိပေါ်ကသေချာစာတွေကျက်ခဲ့တာဘဲ။ အကောင်းဆုံးရလဒ်ရလာနိုင်ပါတယ်။
"ဘယ်လိုရလဒ်ဘဲဖြစ်ဖြစ်မားမားကတော့မဆူပါဘူး ဝမ်ပေါင်ပေ့ကျေနပ်ရင်ပြီးရော"
နွားနို့နှစ်ခွက်ထည့်ပြီးသွားတဲ့အခါ စားပွဲဝိုင်းမှာဝင်ထိုင်ရင်း မားမားကအဲ့လိုပြောလာတယ်။ ရိပေါ်တကယ်ကံကောင်းတယ်လို့ခံစားရတယ်။ မားမားက ရိပေါ်မျှော်မှန်းထားတဲ့ရလဒ်မျိုးမဟုတ်ရင်တောင်ရိပေါ်ကိုပြန်ပြီးနှစ်သိမ့်ပေးမယ့်သူမျိုးမို့ ရိပေါ်တကယ်ကံကောင်းပါတယ်။
"သွားမကြည့်တော့ဘူးလား ကျောင်းကို"
မားမားအမေးကိုရိပေါ်ခေါင်းယမ်းပြလိုက်တယ်။
"မသွားတာတော့မဟုတ်ပါဘူး မားရဲ့
လူရှင်းအောင်စောင့်ပြီးမှအေးအေးဆေးဆေးသွားကြည့်မလို့ပါဗျာ"
ရိပေါ်ပြောတော့ မားမားကခေါင်းညိမ့်တယ်။ အမှန်ဆိုရိပေါ်ကအောင်စာရင်းကိုသိပ်စိတ်မဝင်စားပါဘူး။ ရိပေါ်ဘဝမှာစိတ်အဝင်စားဆုံးနဲ့စိတ်အလှုပ်ရှားဆုံးအောင်စာရင်းက စီနီယာအစ်ကိုကြီးရဲ့အထက်တန်းအောင်စာရင်းပါဘဲ။ အောင်စာရင်းချင်းတူပေမယ့် လုံးဝမတူဘူးဆိုတာရိပေါ်ရင်ထဲကသိတယ်။ အဲ့ဒီအစ်ကိုကြီးဘေးမှာမရှိလို့လစ်လပ်နေတဲ့ကွက်လပ်ကလေးဟာထုထည်သိပ်ကြီးမားလွန်းနေတာကြောင့် ပျော်စရာရလဒ်ရခဲ့မယ်ဆိုရင်တောင်ပြည့်ပြည့်ဝဝမပျော်နိုင်လောက်ပါဘူး။
"အားကျန့်တို့အထက်တန်းအောင်စာရင်းထွက်တုန်းက မားမားတို့သားအမိနှစ်ယောက်မနက်အစောကြီးသွားကြည့်ခဲ့ကြတာနော်"
မားမားကခပ်ကြည်ကြည်လေးပြုံးနေရင်းပြောလာတယ်။ ဟုတ်တာပေါ့ အဲ့ဒီနေ့မနက်တုန်းကရိပေါ်တို့တွေအစောကြီးထပြီးသွားကြည့်ခဲ့ကြတာဘဲလေ။
"အဲ့ဒီတုန်းကညစာတောင်အတူစားခဲ့ကြသေးတာ ပြန်တွေးကြည့်ရင်လွမ်းစရာတွေချည်းပါဘဲ ရှောင်ယင်းမရှိတော့တာတကယ်အဆင်မပြေပါဘူး"
မားမားကခပ်ဆွေးဆွေးလေးပြောနေတယ်။ တတွတ်တွတ်ထုတ်မပြောပေမယ့် မားမားလည်းယင်းအားရီကိုလွမ်းနေခဲ့မှာပါဘဲ။ ရိပေါ်လည်းယင်းအားရီကိုလွမ်းပါတယ်။ အရင်လိုအပြုံးတောက်တောက်ပပတွေလည်းပြန်မြင်ချင်သေးတယ်။ စီနီယာအစ်ကိုကြီးကိုတော့အများကြီးပိုလွမ်းပါတယ်။ တစ်ခါတစ်လေ မိုးတွေများခပ်ဖွဲဖွဲကျလာတဲ့အခါ အဲ့ဒီနေ့က၊ကျောခိုင်းသွားတဲ့နေ့က ရိပေါ်စိုးရိမ်တကြီးမှာခဲ့သလိုဆေးမှသောက်ဖြစ်ရဲ့လားတွေးရင်း ပူပင်တတ်သေးတယ်။
~Ring~Ring~Ring~
မနက်စာစားနေရင်း အိမ်ဖုန်းကထမြည်တာကြောင့် မားမားကဖုန်းကိုင်ဖို့ထသွားတယ်။ ရိပေါ်ကတော့ဖုန်းလာတယ်ဆိုတဲ့အခါတိုင်း စီနီယာအစ်ကိုကြီးများလားဆိုပြီး မသိစိတ်ကရော၊သိစိတ်ကပါမရဲတရဲမျှော်လင့်နေတတ်သေးတယ်။ ဒါပေမယ့် ဘယ်တုန်းကမှရိပေါ်မျှော်လင့်ချက်တွေမပြည့်ဝခဲ့ပါဘူး။
'ရှိတယ် သား
ရိပေါ်မနက်စာစားနေတာ'
အရသာမပါတဲ့ပေါင်မုန့်ကိုဝါးနေရင်းက မားမားအသံကိုနားစွင့်မိတယ်။ ရိပေါ်ကိုမေးတယ်ဆိုတော့ဘယ်သူများလဲ။ မဟုတ်မှအဲ့ဒီအစ်ကိုကြီးများစိတ်ရူးပေါက်ပြီး!..။
"လင်းဝေ့တဲ့ ဝမ်ပေါင်ပေ့
အရေးကြီးတယ်တဲ့"
သူ့ဘက်ကိုလှမ်းပြောလာတဲ့မားမားစကားကြောင့် ရိပေါ်ရဲ့မျှော်လင့်ချက်နွယ်ပင်လေးကဓားနဲ့ဖြတ်ချလိုက်သလိုတိခနဲဘဲ။ ဒါပေမယ့်ဒါကမထူးဆန်းတော့ပါဘူး။ တစ်ခါဘဲဖြစ်ဖူးတာမှမဟုတ်တာ။
ဝါးလက်စပေါင်မုန့်ကိုကုန်အောင်ဝါးလိုက်တယ်။ မဟုတ်ရင်သကောင့်သားကပေါက်ကရပြောနေဦးမှာ။ အနားရောက်လာတဲ့ရိပေါ်ကို မားမားကဖုန်းလွှဲပေးပြီးထွက်သွားတယ်။
'ဘာအရေးကြီးနေတာလဲ ပြော'
မျက်မှန်ကိုင်းလေးကိုပင့်တင်လိုက်ရင်း ရိပေါ်ခပ်ပြတ်ပြတ်ပြောလိုက်တယ်။
'ဖေ့သားရေ ဒီသတင်းကောင်းကိုသယ်ဆောင်လာပေးတဲ့ဖေ့ကိုဘယ်လိုကျေးဇူးဆပ်မှာလဲပြောစမ်း ဖေ့သားသာဆိုစောစောစီးစီးသိရမှာမဟုတ်တာတော့အမှန်ဘဲ'
အရေးကြီးတယ်ဆိုပြီးအရစ်ရှည်နေတဲ့လင်းဝေ့ကိုဖုန်းထဲကနေလှမ်းကန်လိုက်လို့ရရင် ကန်ပြီးနေပြီ။ စိတ်မရှည်မှုတွေနဲ့ဟင်းခနဲသက်ပြင်းချလိုက်တယ်။
'ဘာလဲသာပြောစမ်းပါကွာ စကားတွေကပလ္လင်ခံနေတာဘဲ အမြဲတမ်း'
ရိပေါ်ရဲ့စိတ်မရှည်သလိုအသံဆုံးသွားတော့ လင်းဝေ့ရဲ့တဟီးဟီးရယ်တဲ့အသံကိုဖုန်းထဲကနေကြားလိုက်ရတယ်။ မျက်နှာချိုသွေးတဲ့ရယ်သံဆိုပေမယ့် နားဝင်လည်းမချိုပါဘူး။
'စိတ်အေးအေးထားနော် ဖေ့သားလေး'
ပြောမရဆိုမရလင်းဝေ့ကခုထိပလ္လင်ခံနေတုန်းပါဘဲ။ တကယ်အရစ်ရှည်တတ်တဲ့ကောင်။
'ပြောမှာသာပြောစမ်းကွာ'
ရိပေါ်ကခပ်ဆတ်ဆတ်အသံနဲ့ထပ်ပြောတော့ လင်းဝေ့ကထုံးစံအတိုင်းစပ်ဖြဲဖြဲနဲ့ရယ်ပြန်တယ်။ ပြီးတော့မှ'ပြောမှာပေါ့ ရိပေါ်ကောကောကလည်း'တဲ့။
'မင်းအောင်တယ် ဖေ့သား
Roll 1နဲ့ကိုအောင်တာဗျ'
လင်းဝေ့ရဲ့အားတက်သရောပြောလာတဲ့အသံအကျယ်ကြီးကြောင့် ရိပေါ်ခဏလောက်တော့နားအူသွားတာမို့ ဖုန်းကိုနားကနေခဏခွာလိုက်ရတယ်။ လင်းဝေ့ကတော့ဝမ်းသားအားရဖြစ်နေပေမယ့် ရိပေါ်ကတော့ဘာမှသိပ်မထူးခြားပါ။
'သြော် အရေးကြီးတယ်ဆိုတာအဲ့တာလား'
ခပ်အေးအေးဘဲရိပေါ်မေးလိုက်တယ်။
'ဟ!!! မင်းပျော်ရမယ်လေ ဖေ့သားရဲ့'
ဝမ်ရိပေါ်ကပုံမှန်လေသံနဲ့မေးတော့ လင်းဝေ့ကမကျေနပ်တာရော၊အံ့သြတာရောပေါင်းပြီး ဖုန်းထဲကနေလှမ်းအော်တယ်။
'အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး အောင်စာရင်းလေးတစ်ခုဘဲဟာ'
ရိပေါ်စကားကြောင့် ဖုန်းထဲကနေအားမလိုအားမရဖြစ်သွားပုံရတဲ့လင်းဝေ့က 'သောက်ကျိုးနည်း'ဆိုပြီးဆဲနေသေးတယ်။
'တကယ်မပျော်ဘူးဆိုရင်တောင် ဝမ်းသာအားရသတင်းလာပေးတဲ့ငါ့ကိုတော့အားနာပြီးနည်းနည်းဖြစ်ဖြစ်ပျော်ပြသင့်တယ်လေကွာ ငါ့မှာဖြင့်လူအုပ်ကြားထဲမနည်းတိုးထားရတာ ဒါပေမယ့်လည်းဘယ်ဘက်ကတွေးတွေးဒါကပျော်စရာကိစ္စကြီးပါဘဲဟ ပျော်သင့်တာမဟုတ်ဘူး ပျော်နေမှကိုသဘာဝကျတာ
ငါတို့တက္ကသိုလ်တွေတက်ရတော့မယ်ဟာကို'
လင်းဝေ့ကမကျေမနပ်နဲ့စကားအရှည်ကြီးပြောတယ်။ ဒါပေမယ့်ရိပေါ်ဖမ်းမိလိုက်တဲ့စကားက တက္ကသိုလ်ဆိုတဲ့တစ်ခွန်းတည်း။ ရိပေါ်တို့တွေတကယ်တက္ကသိုလ်တက်ရတော့မှာဘဲ။ ရိပေါ်ကတော့တက္ကသိုလ်ဆိုတာထက်ကျောခိုင်းထွက်ခွာသွားတဲ့တက္ကသိုလ်ကျောင်းသားကြီးကိုပိုသဘောကျပါတယ်။ တက္ကသိုလ်တက်ရတာထက် အဲ့ဒီအစ်ကိုကြီးကိုလိုက်ရှာရဖို့ဘဲရိပေါ်ကတွေးတယ်။ ဘယ်မှာဘဲပုန်းပုန်း ရိပေါ်ကတော့အဆုံးထိရှာကြည့်ပါဦးမယ်။
'အင်း ငါသိပါတယ်'
အကြာကြီးတိတ်ဆိတ်နေပြီးမှ ရိပေါ်စကားပြန်လိုက်မိတယ်။ ရိပေါ်ကအဲ့ဒီလိုပါဘဲ။ အကြောင်းတိုက်ဆိုင်လိုက်တိုင်းအဲ့ဒီအစ်ကိုကြီးကိုလွမ်းတတ်ပြီး အတွေးတွေများတတ်တာမျိုး။
'ထားပါ နောက်ရက်ကျစက်ဘီးပတ်စီးကြရအောင်ကွာ ငါလာခေါ်မယ် ထုံးစံအတိုင်း8:00လောက်ဘဲ အားရီကိုပြောထားနော် ရိပေါ်ကောကော'
ရိပေါ်ရဲ့အဖြေစကားကိုတောင်မစောင့်တဲ့လင်းဝေ့က သူ​ပြောချင်ရာပြောပြီးဖုန်းကိုတီခနဲချသွားတယ်။ ရိပေါ်လိုက်မယ်ဆိုတာလည်းလင်းဝေ့ကကြိုသိတာလည်းပါ,ပါလိမ့်မယ်။ ရိပေါ်မှာစီနီယာအစ်ကိုကြီးအပြင်စိတ်သဘောကျစရာဆိုလို့ မြို့လမ်းကျဥ်းကလေးမှာစက်ဘီးပတ်စီးရတာဘဲရှိတာကိုး။
"ဘာတဲ့လဲ ဝမ်ပေါင်ပေ့"
ဖုန်းပြောပြီးလို့စားပွဲဝိုင်းလေးဆီကိုပြန်လာတဲ့သူ့ကို မားမားကဆီးကြိုပြီးမေးတယ်။
"ဘာမှမဟုတ်ပါဘူး မားရဲ့
ကျွန်တော် Roll 1နဲ့အောင်တယ်လို့ပြောတာ"
ရိပေါ်စကားကိုကြားတော့ မားမားကတောက်တောက်ပပပြုံးတယ်။ မားမားဘယ်လောက်ပျော်မလဲဆိုတာရိပေါ်သိပါတယ်။ အကောင်းဆုံးဆိုတာကိုလိုချင်ပေမယ့် ရိပေါ်ကိုအတင်းဖိအားမပေးတဲ့မားမားက ရိပေါ်အကောင်းဆုံးရလဒ်ကိုရလာတဲ့အခါသိပ်ပျော်တတ်တာပါဘဲ။
"ပြောသားဘဲ မားမားကလေးလေးကတော်ပါတယ်လို့"
ရိပေါ်ရဲ့ပါးဖောင်းဖောင်းတွေကိုဆွဲညှစ်ရင်း ခပ်ပြုံးပြုံး​လေးပြောလာတဲ့မားမားစကားကြောင့် ရိပေါ်ခေါင်းကိုအသာညိမ့်ပြလိုက်တယ်။
"မားမားအချစ်ကလေးကအများကြီးကြိုးစားခဲ့ရတာဆိုတော့ မားမားကဆုချချင်သေးတာ ဘာလိုချင်တာရှိလဲပြောလေ ဝမ်ပေါင်ပေ့"
မားမားကအဲ့လိုမေးလာတော့ ရိပေါ်မှာချက်ချင်းပြန်ဖြေစရာမရှိသေးဘူး။ ရိပေါ်ကအထက်တန်းအောင်ပြီးသွားရင် စီနီယာအစ်ကိုကြီးကိုရှာဖို့ဘဲခေါင်းထဲတွေးထားတာ။ ပြီးတော့ဒါကလည်း မားမားသိပြီးသားကိစ္စ။
"ခုလောလောဆည်တော့ဘာမှမလိုချင်သေးပါဘူး မားရဲ့
လိုချင်တာရှိရင်ပြောမယ်လေဗျာ"
ရိပေါ်ကအဲ့လိုပြောတော့ မားမားကပြုံးရင်းခေါင်းညိမ့်တယ်။
"တကယ်ဆိုအားကျန့်တုန်းကလိုမျိုးညစာအတူစားချင်တာ အားကျန့်ကမရှိသလိုရှောင်ယင်းကလည်းမရှိတော့လို့သာ"
မားမားစကားကြောင့်ရိပေါ်ကတွေခနဲ။ မားမားကအမြဲအဲ့လိုပါဘဲ။ တစ်ခါတစ်လေကျန့်ကောကိုရော၊ယင်းအားရီကိုရောလှိုက်လှိုက်လှဲလှဲကြီးလွမ်းနေတတ်တာမျိုး။ မားမားက ယင်းအားရီရဲ့လလည်နေ့တွေတိုင်းမှာ ယင်းအားရီအတွက်ကုသိုလ်တစ်ခုပြုပြီးဆုတောင်းပေးတတ်တယ်။ ရိပေါ်ကတော့လမ်းမမှာခိုကလေးတွေတွေ့တိုင်းအစာကျွေးရင်း သူ့စီနီယာအစ်ကိုကြီးခလုတ်မထိဆူးမငြိအောင်ဆုတောင်းပေးရတာမမောနိုင်မပမ်းနိုင်ပါဘဲ။
"ကျွန်တော်ကျန့်ကောကိုပြန်ရှာမှာပါ မားမားရဲ့ ကျွန်တော်ကိုအဲ့ဒီအချိန်ကျညစာစားပွဲသေးသေးလေးလုပ်ပေးလေ ကျွန်တော်တို့ညစာအတူစားကြတာပေါ့"
မားမားစိတ်ချမ်းသာအောင်ရိပေါ်ကအဲ့လိုပြောတော့ မားမားကခပ်ဖွဖွပြုံးရင်းခေါင်းညိမ့်တယ်။
"အင်း အားကျန့်ကိုဝမ်ပေါင်ပေ့ကသေချာပေါက်ရှာတွေ့မယ်ဆိုတာမားမားသိပါတယ်"
ပုံမှန်အသံလေးနဲ့မားမားကပြောလာတယ်။ ခပ်မြန်မြန်ရှာတွေ့ရင်သိပ်ကောင်းမယ်။ အဲ့ဒီအခါကျညစာအတူစားရင်းစီနီယာအစ်ကိုကြီးကိုရိပေါ်ကထပ်ငေးမယ်။ မကြည်သာတဲ့မျက်ဝန်းလေးတွေဘယ်လောက်လှကြောင်းသိအောင်တခုတ်တရပြောပြဦးမယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ပေါ့လေ။
မားမားကဗလာဖြစ်သွားတဲ့နွားနို့ခွက်တွေကိုဆေးပြီးသိမ်းသွားတယ်။ ရိပေါ်အခန်းထဲပြန်လာခဲ့တော့ပတ်ဝန်းကျင်းကနည်းနည်းအုံ့မှိုင်းနေတယ်။ မကြာခင်မိုးရွာတော့မယ်ထင်တယ်။ တိမ်စိုင်ခပ်မဲမဲတွေကိုမြင်တော့ ရိပေါ်အခန်းပြတင်းပေါက်ကလေးကိုပိတ်ဖို့တွေးရတယ်။
"အာ...မိုးတွေကျလာပြီ"
အခန်းပြတင်းပေါက်နားမရောက်ခင်မိုးကခပ်ဖွဲဖွဲကျလာတာမို့ ရိပေါ်သတိလက်လွတ်ခပ်တိုးတိုးဆိုမိတယ်။ အခန်းပြတင်းပေါက်နားကိုရိပေါ်ရောက်တော့ မိုးစက်ခပ်သေးသေးတွေကလူကိုလာစင်တယ်။ မိုးတွေရွာတိုင်းလည်းတွေးမိတဲ့အကြောင်းအရာဟာ အဲ့ဒီအစ်ကိုကြီးအကြောင်းပါဘဲ။ ရိပေါ်ကသာစိုးရိမ်လို့ဆေးသောက်ဖို့မှာခဲ့ပေမယ့် တကယ်တမ်းဖျားနာခဲ့ရတာလည်းရိပေါ်ဘဲဖြစ်နေတယ်။ အဲ့ဒီနေ့ကမိုးစိုတဲ့ဒဏ်နဲ့ရိပေါ်ကဖျားတယ်။ ပြီးတော့ခပ်ယဲ့ယဲ့နှလုံးသားကတော့နလန်မထူနိုင်အောင်ကိုပင်ပန်းခဲ့သေးတယ်။
ပြတင်းပေါက်ကိုပိတ်ပြီး စာကြည့်စားပွဲလေးဆီကိုသွားလိုက်တယ်။ အရင်လိုစာကျက်စရာတွေမရှိတော့ဘူး။ ရိပေါ်ကအထက်တန်းအောင်သွားပြီ။ အထက်တန်းပြီးတယ်ဆိုတာငှက်ကလေးကိုလှောင်ချိုင့်ကနေလွှတ်ပေးသလိုမျိုးအနှောင်အတွယ်မဲ့လွတ်လပ်သွားတာလို့ပြောကြပေမယ့် ရိပေါ်ကတော့စာကြည့်စားပွဲအံဆွဲထဲကအပြာနုရောင်စာအုပ်ကလေးရဲ့စာမျက်နှာပေါ်ကစာကြောင်းလေးတွေမှာရုန်းမရအောင်တွယ်ငြိနေတုန်းပါဘဲ။
-စီနီယာအစ်ကိုကြီးကိုမတွေ့တွေ့အောင်ရှာရန်
ညီညီညာညာလက်ရေးကလေးတွေနဲ့စာကြောင်းတစ်ကြောင်းကိုရေးပြီး စာအုပ်ကလေးကိုပိတ်လိုက်တယ်။ တကယ်တော့ရေးမယ်ဆိုရင်ရေးစရာတွေအများကြီးရှိပါတယ်။ ပြီးခဲ့တဲ့အချိန်ကာလတွေမှာအဆင်ပြေခဲ့ရဲ့လားမေးရန်၊ ထွက်သွားတဲ့နေ့ကဆေးသောက်ဖြစ်ရဲ့လားမေးရန်၊ ရိပေါ်ကိုနည်းနည်းဖြစ်ဖြစ်တွေးကြည့်မိခဲ့လားမေးရန်စသဖြင့်ရေးစရာတွေအများကြီးရှိနေပါတယ်။ ဖြစ်နိုင်ရင်ရောက်ရာအရပ်မှာကျိန်းသေပျော်ရွှင်ပေးနေစေချင်တယ်။ လွတ်လပ်ပါစေဆိုတဲ့စိတ်နဲ့မတားခဲ့တာပါဘဲ။ ပူပင်စရာတွေနဲ့ကြုံနေရမယ်ဆိုရင် အဲ့ဒီနေ့ကထွက်သွားတဲ့သူရဲ့လက်ကိုခပ်တင်းတင်းဆွဲထားပြီးအလုံထုတ်သိမ်းထားဖြစ်မှာပေါ့။ ဒါပေမယ့်တစ်နေနေရာရာမှာသေချာပေါက်ပျော်နေမယ်ထင်ပါတယ်။အရိပ်အယောင်တောင်မ​မြင်ရတာစက္ကန့်တွေအများကြီးကြာနေခဲ့ပြီဘဲ။
~တကယ်လို့ကျွန်တော်တို့ပြန်တွေ့ကြတဲ့အခါ ခင်ဗျားရဲ့မျက်တောင်ရှည်တွေကိုစိတ်လိုလက်ရရေတွက်ကြည့်ချင်သေးတယ် အချစ်ရယ် ခင်ဗျားခွင့်ပြုရင်ပေါ့လေ~
---
"ဖေ့သား မြန်မြန်လုပ်ကွာ"
လင်းဝေ့ကအလောသုံးဆယ်အသံနဲ့ပြောလာတယ်။ မနေ့ညကအတွေးတွေတအားနက်ရင်းရိပေါ်ကအိပ်ယာဝင်နောက်ကျတယ်။ ပြီးတော့မနက်ကျစောစောမနိုးတော့ဘူး။ 8:00လို့ပြောထားတဲ့လင်းဝေ့က 7:00တည်းကရောက်လာတာလည်းပါတယ်။ သူများအိမ်ကိုစောစောစီးစီးလာ၊သူများအခန်းထဲကိုဇွတ်ဝင်နှိုးပြီးစက်ဘီးပတ်စီးအောင်လာခေါ်နေတဲ့လင်းဝေ့ကိုစိတ်ရှိလက်ရှိပိတ်ကန်ပစ်ချင်ပါတယ်။ အလိုက်ကန်းဆိုးမှမသိ။
"မျက်မှန်တပ်လိုက်ရင် ဖေ့သားကလုံးဝဘေဘီဖြစ်သွားတာဘဲ"
အဝတ်အစားလဲပြီးမျက်မှန်တပ်တော့ လင်းဝေ့ကသေချာကြည့်ရင်းပြောလာတယ်။ လင်းဝေ့ပြောတာလည်းမလွန်ပါဘူး။ ရိပေါ်လည်းဒါကိုတော့သိတယ်။ ရိပေါ်ကလုံးဝကလေးနဲ့တူနေတာပါဘဲ။
"မဖြစ်ဘူး ဖေ့သားကတော့လင်းဝေ့ပါးပါးမှမကယ်ရင်သေဖွယ်ရာသာရှိတော့တယ်
တက္ကသိုလ်မတက်ရခင်ဖေ့သားကိုဒီဇိုင်းပြောင်းပေးမှဖြစ်မယ် ဒါမှ handsome boyလေးဖြစ်သွားမှာ"
ရိပေါ်ကိုခေါင်းအစခြေအဆုံးကြည့်ရင်းပြောနေတဲ့လင်းဝေ့ကိုမနိုင်သလိုခေါင်းဘဲယမ်းပြလိုက်တော့တယ်။ လင်းဝေ့စကားများတာသိပေမယ့်ဒီလောက်ကြီးများတာတော့မဟုတ်သေးဘူးထင်ပါတယ်။
"မား ကျွန်တော်တို့သွားပြီ"
"အားရီ ကျွန်တော်တို့သွားပြီဗျ"
ပြိုင်ဘီးအနက်ရောင်လေးကိုထုတ်လာရင်း မားမားကိုလင်းဝေ့ရော၊ရိပေါ်ပါပြိုင်တူနှုတ်ဆက်လိုက်တယ်။ ပြိုင်ဘီးကလေးကိုထုတ်စီးမိရင် ကျန့်ကောကိုလှိုက်လှိုက်လှဲလှဲလွမ်းပါတယ်။ ဒီတစ်ခါတော့ရိပေါ်စက်ဘီးထပ်မလဲချင်တော့ဘူး။ အနာကပ်ပလာစတာလေးပေးမယ့်သူလည်းအနားမှာမရှိဘူး။ အသားနာတာထက်အသည်းနာအောင်လွမ်းရမှာတော့ ရိပေါ်တကယ်ကြီးကြောက်ပါတယ်။
မြို့လမ်းကျဥ်းကလေးမှာလူတွေသိပ်မရှိဘူး။ မနက်ခင်းရဲ့နေရောင်ခြည်ဖျဖျရယ်၊ လေနုအေးရယ်နဲ့အရာရာဟာပြည့်စုံနေတာပါဘဲ။ ရိပေါ်ရင်ထဲဟာနေတာကလွဲရင်အရာရာဟာသူ့ဟာနဲ့သူနေသားတကျရှိနေတယ်။ မျက်နှာကိုရိုက်ခတ်လာတဲ့လေနုအေးကိုခဏခံစားမိပြန်တော့ ချစ်ရတဲ့ကျန့်ကောရှိရာအရပ်မှာလည်းလေနုအေးကလေးပြေးသွားစေချင်တယ်။ နည်းနည်းဖြစ်ဖြစ်အေးမြသွားရင်တောင် ရိပေါ်ကတော့အဲ့ဒီလေပြေကလေးကိုတစ်သက်စာကျေးဇူးတင်ဖြစ်မှာ။
"ငါတို့တက္ကသိုလ်တွေမတက်ခင် အပျင်းပြေ သင်တန်းတစ်ခုခုတက်ကြမလား ရိပေါ်
မင်းစဥ်းစားထားတာရှိလား"
လမ်းဘေးထင်းရှူးပင်တွေနားကခုံကလေးမှာခဏနားနေတုန်း လင်းဝေ့ကမေးလာတာမို့ရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။
"ဘာသာစကားသင်တန်းတို့ စီးပွားရေးဆိုင်ရာတို့တော့လာမပြောနဲ့နော် ငါကပျင်းတယ်"
ရိပေါ်ခေါင်းညိမ့်ပြပြချင်းလင်းဝေ့ကမဲ့မဲ့ရှုံ့ရှုံ့နဲ့ပြောလာတယ်။ ဒီသကောင့်သားကကျောင်းစာတွေနဲ့ဝေးပြီးတည်းကဘာတစ်လုံးမှထပ်မ​မြင်ချင်တော့တဲ့ပုံပါဘဲ။
"ငါဂစ်တာတီးသင်မှာ"
"ဟ!"
ရိပေါ်စကားကိုကြားတော့ လင်းဝေ့ကမျက်လုံးပြူးခနဲ။ သူ့အဆိုးလည်းမဟုတ်ပါဘူး။ ရိပေါ်ကဘယ်တုန်းကမှဂီတဆိုတဲ့အရာနဲ့ကျွမ်းဝင်ခဲ့တာမျိုးရှိမနေခဲ့ဘူး။ ရိပေါ်ကစာအုပ်တွေနဲ့ဘဲအချိန်ကုန်လာခဲ့တာ။ နောက်ထပ်ဆိုလို့လည်းစီနီယာအစ်ကိုကြီးကိုအရိပ်တကြည့်ကြည့်ငေးကြည့်ခြင်းတစ်ခုဘဲအပိုရှိပါတယ်။
ခဏကြာတော့ လင်းဝေ့ကတအံ့တသြပုံစံကနေမချိုမချဥ်အပြုံးကြီးဖြစ်လာတယ်။
"ဘာလဲ တက္ကသိုလ်တက်နေတုန်းအဆောင်ရှေ့မှာဂစ်တာသွားတီးဖို့လား"
ပြုံးဖြီးဖြီးနဲ့လင်းဝေ့အမေးကိုရိပေါ်ခေါင်းခါလိုက်တယ်။
"ငါလူတစ်ယောက်ကိုဂစ်တာတီးပြမယ်လို့ကတိပေးဖူးတယ် ကတိဆိုတာထက်ငါကကိုသူ့အတွက်ဂစ်တာတီးပြချင်သေးတာ သူကမေ့သွားခဲ့ရင်တောင်ပေါ့"
လမ်းတစ်ဘက်ကပေါင်မုန့်သည်တွန်းလှည်းကလေးကိုကြည့်ရင်း ရိပေါ်ကခပ်တိုးတိုးပြောတော့လင်းဝေ့ဆီကနေဟင်းခနဲသက်ပြင်းချသံကြားရတယ်။
"ငါသိသလိုလိုတော့ရှိပေမယ့် အသေအချာကြီးလည်းမသိပြန်ဘူး ရိပေါ်
မင်းဘယ်သူ့ကိုသဘောကျနေတာလဲ
ငါ့အထင်စီနီယာရှောင်းကျန့်များလား"
ရိပေါ်ကြည့်နေတဲ့ပေါင်မုန့်သည်တွန်းလှည်းကလေးကိုလိုက်ကြည့်ရင်း လင်းဝေ့ကမေးလာတယ်။ ရိပေါ်သိပ်မအံ့သြပါဘူး။ စီနီယာအစ်ကိုကြီးကသာငဲ့မကြည့်၊သတိမထားမိတာ ဘေးလူတွေကတော့ရိပေါ်ဘယ်လောက်ချစ်တယ်ဆိုတာသိမယ်ထင်ပါတယ်။ ထုတ်မပြဖြစ်ဘူးဆိုရင်တောင် ရိပေါ်ကတအားချစ်ခဲ့တာပါဘဲ။ ပြီးတော့ ချစ်နေတုန်းဘဲ။
"အင်း မင်းထင်တာမှန်ပါတယ်
ငါ့မှာကျန့်ကောအပြင်ဘာမှမရှိပါဘူး"
ရိပေါ်တစ်ယောက်တည်းရာနှုန်းပြည့်သိခွင့်ရှိတဲ့အမှန်တရားကို လင်းဝေ့ကိုချပြလိုက်တော့လင်းဝေ့ကဘာမှအံ့သြဟန်မပြတော့ဘူး။
"မင်းဟိုးအချိန်တွေတည်းကဖွင့်ပြောခဲ့သင့်တာ ခုတော့ဝေးသွားကြပြီ"
လင်းဝေ့စကားကိုရိပေါ်ချက်ချင်းခေါင်းယမ်းပြလိုက်တယ်။
"မဝေးပါဘူး ကျန့်ကောကခဏပုန်းနေတာပါဘဲ ငါကတော့မတွေ့တွေ့အောင်လိုက်ရှာမယ်
တစ်ချိန်ကျရင်ငါတို့ပြန်တွေ့ဖြစ်မှာပါ"
ရိပေါ်ကပြောတဲ့အခါလင်းဝေ့ကခေါင်းညိမ့်ပြပြီးဘာစကားမှထွက်မလာဘူး။ တစ်ချိန်ကျရင်တော့စီနီယာအစ်ကိုကြီးနဲ့ရိပေါ်ကျိန်းသေပေါက်ပြန်တွေ့ဖြစ်မှာပါ။ အချစ်တွေကုန်ဆုံးသွားတဲ့အခါကျရင်တော့ပုန်းနေတဲ့သူကိုလိုက်မရှာတော့ဘူး။ အဲ့ဒီနေ့ကဘယ်နေ့လဲ။ အချစ်တွေကုန်ဆုံးမယ့်နေ့ဆိုတာအတိအကျအားဖြင့်ဘယ်နေ့လဲ။ ပင်လယ်ရေတွေခမ်းတဲ့တစ်နေ့၊နေရောင်ခြည်တွေမလင်းတဲ့တစ်နေ့၊ အဲ့ဒီနေ့ဟာဝမ်ရိပေါ်ကစီနီယာအစ်ကိုကြီးကိုမချစ်တော့မယ့်နေ့ပါဘဲ။
#TayyYizhan
3.9.2022(Sat)
A/N သီချင်းစာသားလေးသုံးထားတယ် Tayyတအားကြိုက်လို့><
Continue Reading
You'll Also Like
281K 25.1K 38
346K 48.8K 79
《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 �...
1.1M 71.3K 71
M-prage Family Type Fanfiction Wang YiBo & Xiao Zhan