Came From Deepest Somewhere

By Tayy_1823

4.6K 189 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-18

85 6 1
By Tayy_1823

"မားမားစျေးသွားတော့မယ် အိမ်စောင့်နေခဲ့"

စျေးခြင်းတောင်းကိုလက်မှာဆွဲရင်းမားမားကပြောလာတာမို့ ရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။ ဒီနေ့ကစနေနေ့မို့ မားမားကထုံးစံအတိုင်းစျေးသွားဖို့ပြင်တယ်။ သမာရိုးကျဆန်တဲ့စနေနေ့ကလေးမှာ သာမန်ထက်ထူးခြားတာကညနေဆိုရင် ရိပေါ်ရဲ့စီနီယာအစ်ကိုကြီးရောက်လာတော့မယ်။ ဝေးကွာနေတာကြာပြီဖြစ်တဲ့၊ငေးကြည့်ခွင့်ကလေးလစ်လပ်နေခဲ့တာကြာပြီဖြစ်တဲ့အရိပ်ပြာကလေးပြန်ရောက်လာမယ့်သဘောကျစရာစနေနေ့ကလေးပါဘဲ။ ပြီးတော့ဒီစနေနေ့ညနေမှာဘဲ စနေသားကို ရိပေါ်ကချစ်ခွင့်ပန်ပါဦးမယ်။ ရုပ်ရှင်တွေထဲမှာတစ်ခါမှမ​​မြင်ဖူးခဲ့တဲ့၊အပြင်မှာလည်းမကြားဖူးခဲ့တဲ့ Apple Juiceဘူးတွေနဲ့ရိပေါ်ရဲ့ဖွင့်ဟခြင်းဟာ ရယ်စရာကောင်းနေမလားပါဘဲ။ ဒါပေမယ့်ရိပေါ်ဆိုတဲ့ငတုံးလေးက ဒါအပြင်လည်းဘာမှမသိဘူး။

"ဟုတ်ကဲ့ ကောင်းကောင်းသွားပြီးကောင်းကောင်းပြန်လာခဲ့ပါဗျ"

ရိပေါ်ကအဲ့လိုပြောတော့မားမားကခေါင်းညိမ့်ရင်းပြုံးတယ်။

"ဒါဆိုမားမားသွားပြီ ဂရုစိုက်နေနော် ဝမ်ပေါင်ပေ့"

စိတ်မချသလိုတစ်ချက်မှာရင်းမားမားကထွက်သွားတယ်။ မားမားစျေးကိုထွက်သွားတော့ရိပေါ်လည်းအခန်းထဲပြန်လာခဲ့လိုက်တယ်။ ရိပေါ်ရဲ့နိစ္စဓူဝတွေထဲမှာစာကျက်တယ်ဆိုတာဟာထင်ထင်ရှားရှားပါဝင်နေသေးတာမို့ ရိပေါ်စာကျက်ရပါဦးမယ်။ သင်ခန်းစာတွေကိုအလှည့်ကျတစ်ဘာသာစီကျက်ရင်းက သချ်ာတွက်ဖို့ပြင်တော့ချက်ချင်းဆိုသလိုစီနီယာအစ်ကိုကြီးကိုပြေးမြင်တာပါဘဲ။ သချ်ာတွေထက်ခက်ပြီးသချ်ာတွေထက်ရိပေါ်နဲ့အလှမ်းကွာဝေးတဲ့စီနီယာအစ်ကိုကြီးက ရိပေါ်ကိုငြင်းလိုက်မှာလား၊လက်ခံပေးမှာလားဆိုတာ ရိပေါ်ကြိုမသိပါဘူး။ မကြောက်ဘူးဆိုရင်လိမ်ညာရာကျမှာပေါ့။ ဒီအစ်ကိုကြီးကငြင်းလိုက်မှာကိုကြိုတွေးရမှာတောင်ရိပေါ်မဝံ့မရဲဖြစ်ပါတယ်။ ဒါပေမယ့်စီနီယာအစ်ကိုကြီးကငြင်းခဲ့ရင်တောင်၊ရိပေါ်ကိုခါးသီးခဲ့ရင်တောင် အနည်းဆုံးတော့ရိပေါ်ချစ်တာကို ကျန့်ကောသိသွားသေးတာဘဲဆိုတဲ့စိတ်နဲ့ဖြေသိမ့်ပါတယ်။ ကျန့်ကောကဒီအတိုင်းဆန္ဒရှိသလိုနေ၊ချစ်​ပေးဖို့ကရိပေါ်ဘက်ကကိစ္စ။

ထားခဲ့ရင်နေခဲ့ရုံပေါ့။ နှင်လွှတ်ရင်ထွက်သွားရုံပေါ့။ အထွန့်တက်စရာအကြောင်းအရာသေးသေးလေးတောင် ရိပေါ်မှာမရှိပါဘူး။ မချစ်ပါနဲ့ဆိုတာကလွဲရင်ကျန်တာတွေကိုလိုက်နာဖို့အသင့်ပါဘဲ။ ဒါတောင်'ငါ့ကိုမချစ်နဲ့'လို့ပြောလာခဲ့ရင် ရိပေါ်ကအတတ်နိုင်ဆုံးကြိတ်မှိတ်ကြိုးစားပေးမိဦးမှာ။ လွမ်းစရာရှိရင်နာစရာနဲ့ဖြေဖို့ရာလည်း ဒီအစ်ကိုကြီးအပေါ်စိတ်နာဖို့ရာမြူတစ်မှုန်စာတောင် ရိပေါ်ရှာမတွေ့ဖူးပါဘူး။

ချစ်တဲ့မျက်လုံးနဲ့ကြည့်တော့လည်း နှလုံးသားလေးကိုချနင်းသွားမယ့်ခြေဖဝါးလေးကိုတောင် လှရက်လိုက်တာလို့​မြင်မိသွားတာမျိုးပေါ့။ ဒါအတွက်အကြောင်းပြချက်ကတစ်ခုတည်းပါ။ ချစ်လို့ပေါ့ ရိပေါ်ကစီနီယာအစ်ကိုကြီးကိုချစ်လို့။ စီနီယာအစ်ကိုကြီးက ရထားငယ်လေးတစ်စင်းဆို ရိပေါ်ကခပ်ကုပ်ကုပ်ဘူတာရုံကလေးဖြစ်လိမ့်မယ်။ ရထားကလေးကဘယ်ကိုသွားသွား၊ ဘူတာရုံကလေးကတော့ ရထားကလေးများဆိုက်ကပ်လာခဲ့ရင်နွေးထွေးပေးဖို့အသင့်ရှိနေပါတယ်။ ပြီးတော့ဆိုက်ကပ်လာဖို့ကိုလည်းမရဲတရဲမျှော်လင့်နေတတ်သေးတယ်။ လမ်းကြောင်းတွေရှိသလောက်ရထားကလေးကခုတ်မောင်းရင်း၊ဘူတာရုံရှိသလောက်ရထားကလေးကဆိုက်ကပ်ရင်းငြီးငွေ့လာတဲ့အခါ ခပ်ကုပ်ကုပ်ဘူတာရုံကလေးဆီသာပြန်လှည့်လာခဲ့စေချင်တယ်။ ဘူတာရုံကလေးကတော့အရင်နေရာမှာရပ်နေတုန်း၊ပြီးတော့ ရထားကလေးကိုစောင့်နေတုန်း။

ချစ်စကားပြောလို့ငြင်းလွှတ်လိုက်တဲ့အခါ အရင်လိုဆက်ဆံရေးမျိုး၊ရိပေါ်ကပ်တွယ်လို့မရတော့မယ့်အခြေအနေမျိုးကိုရောက်လာမှာလည်း သေမလောက်စိုးပါသေးတယ်။ ဒါပေမယ့်ဒီနေရာမှာရပ်နေခဲ့ဆိုရင် ရိပေါ်ကဆက်မလိုက်တော့ဘူး။ အဲဲ့ဒီအစားခပ်ခွာခွာဘဲငေးပါ့မယ်။

~အချစ်ဆိုတာချစ်ဖို့ပါဘဲ။ အဝေးကနေငေးနေရလည်းဖြေသာပါတယ်။~

---

တစ်နေ့လုံးတကုပ်ကုပ်နဲ့အိမ်စာတွေလုပ်နေရပေမယ့် ရိပေါ်တက်ကြွနေတယ်။ ပင်ပန်းတယ်လို့လည်းမတွေးဘူး။ မနက်တည်းကစာတွေဇွတ်လုပ်နေတော့ မားမားကတောင်​ပြောနေသေးတယ်။ 'နားပါဦး ဝမ်ပေါင်ပေ့ရယ်'တဲ့။ ကျောပိုးအိတ်ထဲကApple Juiceဘူးတွေကိုကြည့်ရင်း ရင်ခုန်လိုက်၊စိတ်ပင်ပန်းလိုက်နဲ့ တစ်ယောက်တည်းဗျာများနေရတယ်။ ငြင်းလိုက်မှာကြောက်ပေမယ့်ဖွင့်ပြောလို့လည်းဖြစ်တာမှမဟုတ်တာ။

ခေါင်းပါလျှော်ထားတာမို့ရေမခြောက်သေးတဲ့ခေါင်းကိုသုတ်ရင်း ဘာဝတ်ရမလဲထိုင်စဥ်းစားနေရတယ်။ ဒါပေမယ့်ဘာဘဲဝတ်ဝတ် မျက်မှန်ဝိုင်းကလေးကောက်တပ်လိုက်ရင် ကလေးရုပ်ပေါက်သွားမှာဘဲမို့ သိပ်အကြာကြီးစဥ်းစားမနေတော့ဘူး။ အပြာနုရောင်ကြိုက်တဲ့စီနီယာအစ်ကိုကြီးကိုဖွင့်ပြောမှာဆိုတော့ အပြာနုရောင်ရှပ်လက်တိုလေးနဲ့ အပြာခပ်ဖျော့ဖျော့ဘောင်းဘီအရှည်ကိုဘဲဝတ်လိုက်တယ်။ ငြင်းလွှတ်ခဲ့ရင်တောင် တခြားအရောင်တွေဝတ်လာလို့စီနီယာအစ်ကိုကြီးအာရုံနောက်သွားမှာ ရိပေါ်ကစိုးရိမ်ပါသေးတယ်။ ထင်ထားတဲ့အတိုင်းပါဘဲ အားလုံးပြီးလို့မျက်မှန်ဝိုင်းလေးကောက်တပ်လိုက်တဲ့အချိန်မှာ ဆံပင်ခပ်အုပ်အုပ်နဲ့ရိပေါ်က ကလေးသာသာဖြစ်သွားတယ်။

"အဲ့တာကဘယ်လဲ ဝမ်ပေါင်ပေ့"

Apple Juiceဘူးတွေပိုက်ပြီးထွက်လာတဲ့သူ့ကို ဧည့်ခန်းထဲမှာထိုင်နေတဲ့မားမားကဆီးကြိုမေးတယ်။

"ယင်းအားရီတို့အိမ်ကိုသွားမလို့ မား"

ရိပေါ်အဖြေကိုကြားတော့ မားမားကမျက်စောင်းတစ်ချက်ထိုးရင်းပြုံးတယ်။

"ကျန့်ကောဆီဆိုကျန့်ကောဆီပေါ့ ဘာလို့ယင်းအားရီနာမည်ကိုအလွဲသုံးစားလုပ်နေတာလဲ"

မျက်စောင်းနုနုထိုးရင်းပြောလာတဲ့မားမားစကားကြောင့် ရိပေါ်နည်းနည်းရှက်သွားတယ်။ ဒီမားမားကတော့လေ။

"တကယ်ယင်းအားရီအိမ်ဘဲဟာကိုဗျာ"

ရိပေါ်ကအဲ့လိုပြောတော့ မားမားကရယ်တယ်။ ပြီးတော့အပြင်ဘက်ကိုတစ်ချက်ကြည့်တယ်။

"ဟုတ်ပါပြီ ထီးယူသွားပါလား ကလေးလေး
မိုးရွာမယ်နဲ့တူတယ်"

မားမားစကားကြောင့် ရိပေါ်ထီးယူရမလားစဥ်းစားပေမယ့် မယူချင်ဘူး။ ထီးပါလာရင် Juiceဘူးတွေနဲ့ကိုးလိုကန့်လန့်ကြီးဖြစ်နေမှာပေါ့။

"ရပါတယ် မားရဲ့ ရွာချင်မှရွာမှာပါဗျ"

ရိပေါ်ပြောတော့ မားမားကခေါင်းညိမ့်တယ်။

"ဟုတ်ပါပြီ ဝမ်ပေါင်ပေ့သဘောပါဘဲရှင်
စောစောတော့ပြန်ခဲ့နော်"

"ဟုတ်ကဲ့ပါဗျ"

စောစောပြန်လာဖို့ပြောနေတဲ့မားမားကို ပါးတွေမို့တက်နေအောင်ပြုံးပြရင်း ရိပေါ်အပြင်ထွက်လာခဲ့လိုက်တယ်။ မိုးရွာနိုင်ခြေများသလားဆိုတာကိုသိရဖို့ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်ပုပ်တွေကမဲနေတယ်။ ရိပေါ်မကြိုက်ဘူး။ ဒီလိုရာသီဥတုကိုရိပေါ်တကယ်မကြိုက်ပါဘူး။ ရိပေါ်ကတိမ်ကင်းစင်ပြီးပြာလွင်နေတဲ့ကောင်းကင်ကြီးကိုဘဲသဘောကျပါတယ်။ အကြောင်းပြချက်က စီနီယာအစ်ကိုကြီးကအပြာရောင်ကြိုက်တာမို့ ဒီကောင်းကင်ပြာကြီးကိုသဘောကျမယ်လို့ရိပေါ်ထင်တာကြောင့်ပေါ့။

စထွက်လာတုန်းကတက်ကြွခဲ့ပေမယ့်ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရိပေါ်တုံ့ဆိုင်းလာတယ်။ ပူပင်စိတ်တွေတအားများပြီးစိတ်တွေပါလေးလာတယ်။ စီနီယာအစ်ကိုကြီးကရိပေါ်ကိုငြင်းလိုက်မှာလား။ Juiceဘူးတွေကိုကိုင်ထားတဲ့လက်တွေကချွေးစေးတွေပြန်နေပြီ။ တကယ်လို့အငြင်းခံရရင်တောင် 'ငါမင်းကိုမချစ်ဘူး'ဆိုတာနဲ့တင်ရပ်တန့်ချင်တယ်။ 'ငါမင်းကိုမုန်းတယ်'ဆိုတာမျိုးတော့ ရင်မဆိုင်ချင်ပါဘူး။ ရာခိုင်နှုန်းအားဖြင့်တွက်ရင် အငြင်းခံရမှာက 80ရာခိုင်နှုန်းပါဘဲ။ ကျန်တဲ့20ရာခိုင်နှုန်းကလည်း ရိပေါ်ဖြည့်တွေးထားခဲ့တာတွေ။ သူ့အပေါ်ကြည်သာတယ်ဆိုတဲ့အချိန်ဟာပမာဏအားဖြင့်နည်းလွန်းတာမို့ ငြင်းခံရမှာကသေချာသလောက်ရှိပါတယ်။

ရိပေါ်ကြိုတွေးထားတာရှိတယ်။ အကယ်၍ငြင်းလွှတ်လိုက်တဲ့အခါ ရိပေါ်မှာပြောစရာတစ်ခုဘဲရှိပါတယ်။ တစ်ချိန်ကျရန်ဖြစ်တာမျိုးတွေရှိလာခဲ့ရင် ဆေးထည့်ပေးချင်ကြောင်းပါဘဲ။ ဒါအပြင်မက်မောတောင့်တစရာရိပေါ်မှာမရှိတော့ပါဘူး။ ရိပေါ်ကချစ်ဘဲချစ်တတ်တဲ့သူပါ၊ အဲ့ဒီအစ်ကိုကြီးစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ချင်တဲ့အကျင့်မှမရှိတာ။

အတွေးပေါင်းသောင်းခြောက်ထောင်နဲ့လမ်းကလေးမှာတစ်ယောက်တည်းလျှောက်လာရင်း အဖော်ဆိုတာJuiceဘူးတွေဘဲပါတယ်။ စထွက်လာတည်းကမကြည်သာတဲ့ကောင်းကင်က ပိုပြီးအုံ့မှိုင်းမဲနက်လာတယ်။ မှိုင်းညှို့နေတဲ့ကောင်းကင်ထက် ရိပေါ်ရဲ့ရင်ဘတ်ကပိုမှိုင်းနေတယ်။ ဘာဖြစ်ဖြစ်ဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တာတောင် မဝံ့မရဲစိတ်တွေနဲ့ဝေဝါးနေတုန်းပါဘဲ။

ခပ်ဖြည်းဖြည်းလျှောက်လာရင်း စီနီယာအစ်ကိုကြီးတို့အိမ်နားကိုရောက်တော့ မိုးတွေကခပ်ဖွဲဖွဲကျလာတယ်။ တအားမသည်းသေးပေမယ့် ရိပေါ်ကိုယ်ပေါ်မှာမိုးရေးစက်တွေကတစ်စက်ချင်းလိမ့်ကျလာပြီ။ ရေချိုးထားတာမကြာသေးတာမို့ ရေတော့ထပ်မစိုချင်ပေမယ့် မားမားစကားကိုငြင်းဆန်ပြီးထွက်လာခဲ့မိတာရိပေါ်ကိုယ်တိုင်ဘဲမို့ ဘာမှမတတ်နိုင်ပြန်ပါဘူး။

စီနီယာအစ်ကိုကြီးတို့ခြံတံခါးလေးကခပ်ဟဟဖွင့်ထားတယ်။ ပိတ်မထားတဲ့ခြံတံခါးလေးကိုကြည့်ရင်း Juiceဘူးတွေပိုက်လို့ လမ်းမီးတိုင်အုတ်ခုံလေးနားမှာရိပေါ်ရပ်နေမိတယ်။ ရိပေါ်ဝင်သွားရတော့မလား။ မဖြစ်သေးဘူး ရိပေါ်သတ္တိတွေစုရဦးမယ်။

"ငါကမင်းကောင်းဖို့အတွက်ပြောနေတာ ရှောင်းကျန့်ရဲ့"

အုတ်ခုံကလေးဘေးမှာခပ်ကုပ်ကုပ်ရပ်နေတုန်း ခပ်ကျယ်ကျယ်ထွက်လာတဲ့ယင်းအားရီရဲ့အသံကိုရိပေါ်ကြားလိုက်ရတယ်။ ငိုနေသလားမသိပေမယ့် အဲ့ဒီခပ်ကျယ်ကျယ်အသံကငိုသံစွက်နေသလိုပါဘဲ။ ယင်းအားရီကအမြဲနူးညံ့သိမ်မွေ့ခဲ့တဲ့မိန်းမသား။ ယင်းအားရီကိုရိပေါ်စသိတဲ့အချိန်ကစပြီး ခုချိန်ထိဒီလိုမျိုးခပ်ကျယ်ကျယ်စကားပြောတာရိပေါ်မတွေ့ဖူးသလိုကြားလဲမကြားဖူးပါဘူး။ ကျန့်ကောကိုမပြောနဲဲ့၊ရိပေါ်ကို​တောင် မကြည်မသာဆက်ဆံတာမျိုးမရှိခဲ့တဲ့သူပါ။ အခုက ကျန့်ကောနဲ့ယင်းအားရီနဲ့စကားများပြီးကတောက်ကဆဖြစ်နေတာဖြစ်ပါလိမ့်မယ်။ ရိပေါ်ရက်ရွေးတာမှားသွားပြီနဲ့တူတယ်။

"ကျွန်တော်မှမတတ်နိုင်တာ ဒါကိုတားဖို့ကျွန်တော့်မှာအခွင့်အရေးရှိတယ်လို့များ မားကထင်နေတာလား"

ပြန်အော်ပြောလိုက်တဲ့စီနီယာအစ်ကိုကြီးရဲ့စကားသံကို မိုးရေထဲမှာရပ်နေတဲ့ရိပေါ်ကကောင်းကောင်းကြားလိုက်ရတယ်။ မိုးစက်တွေကခပ်ဖွဲဖွဲကနေခပ်သည်းသည်းကျလာတယ်။ မိုးရေတွေကြောင့်ကြွက်စုတ်ကလေးလိုဖြစ်နေတဲ့ရိပေါ်ကတော့ အုတ်ခုံကလေးဘေးမှာရပ်နေတုန်း။

"ရှောင်းကျန့် မင်းလည်းဖအေတူသားဘဲ"

ထပ်ကြားလိုက်ရတဲ့ယင်းအားရီရဲ့စကားသံကရိပေါ်ကိုအသိစိတ်ဝင်သွားစေတယ်။ ရိပေါ်တစ်ချိန်လုံးမမြင်ဖူး၊မတွေ့ဖူး၊မကြားခဲ့ဖူးတဲ့စီနီယာအစ်ကိုကြီးရဲ့အဖေကဘယ်လိုလူမျိုးမို့ စီနီယာအစ်ကိုကြီးကဖအေတူသားလို့ ယင်းအားရီကပြောရတာလဲ။ ဘာမှန်းမသိတဲ့အခြေအနေကိုရပ်စဥ်းစားမနေတော့ဘဲ အိမ်ကိုပြန်ဖို့ဘဲတွေးလိုက်ပါတယ်။ သူများမိသားစုရဲ့အတွင်းရေးကိစ္စဆိုတာ ရပ်နားထောင်နေလို့ကောင်းတဲ့ကိစ္စမှမဟုတ်တာ။ ပြီးတော့ ရက်ရွေးမှားသွားတဲ့ရိပေါ်အတွက် အချိန်တွေကျန်နေပါသေးတယ်။

~ကျွီ~

လှည့်ပြန်ဖို့ပြင်လိုက်တုန်းကြားလိုက်ရတဲ့တံခါးဖွင့်သံကြောင့် မထိန်းနိုင်လိုက်ခင်မှာဘဲရိပေါ်လှည့်ကြည့်မိသွားတယ်။ ခြံတံခါးရှေ့မှာကသူ့ရဲ့ကျန့်ကော တစ်နည်းအားဖြင့်သူချစ်ရတဲ့သူ့ရဲ့စီနီယာအစ်ကိုကြီးပါဘဲ။ ရိပေါ်ကိုတွေ့လိုက်ရမယ်လို့ထင်မထားတဲ့စီနီယာအစ်ကိုကြီးရဲ့မျက်ဝန်းတွေက မဆိုသလောက်လေးလှုပ်ခတ်သွားတယ်။ ရိပေါ်သတိထားမိသလောက် စီနီယာအစ်ကိုကြီးရဲ့မျက်လုံးတွေကရဲနေတယ်။ မဟုတ်မှဒီအစ်ကိုကြီးငိုထားတာလား။ Luggaeပါဆွဲထားတယ်ဆိုတော့ ကျန့်ကောကဘာလုပ်ဖို့တွေးနေတာများလဲ။ ရိပေါ်အော်ဟစ်ပြီးမေးလိုက်ချင်တယ်။ ဒါပေမယ့်အဲ့လိုလုပ်လိုက်ရင် စီနီယာအစ်ကိုကြီးပိုစိတ်ညစ်ညူးသွားလိမ့်မယ်။ မကြာသေးခင်ကမှယင်းအားရီနဲ့ကတောက်ကဆဖြစ်ထားတာမို့ ဒီအစ်ကိုကြီးစိတ်အခြေအနေကောင်းမနေတာလည်း ရိပေါ်သိပါတယ်။

"မင်းရောက်နေခဲ့တာလား"

အနက်ရောင်Luggageကိုဆွဲရင်း ရိပေါ်အနားကိုရောက်လာတဲ့အခါ စီနီယာအစ်ကိုကြီးကအဲ့လိုမေးလာတယ်။ မိုးရေတွေကြားထဲကနေရိပေါ်ခေါင်းညိမ့်ပြရင်း စီနီယာအစ်ကိုကြီးကိုကြည့်မိတော့စီနီယာအစ်ကိုကြီးကလည်း မိုးတွေရွှဲနေပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ စီနီယာအစ်ကိုကြီးကလည်းအပြာနုရောင်ရှပ်လက်ရှည်လေးနဲ့။ မိုးရေတွေရဲ့ပယောဂကြောင့်စိုရွှဲနေတာကလွဲရင် အရာရာကလှပါသေးတယ်။

"ပြောစရာရှိလို့လား ဝမ်ရိပေါ်"

"ဟုတ်ကဲ့"

မျက်နှာချင်းဆိုင်ရပ်နေရင်း စီနီယာအစ်ကိုကြီးကမေးလာတာမို့ ရိပေါ်ခေါင်းညိမ့်ပြရင်းဖြေလိုက်တယ်။ ရိပေါ်မှာပြောစရာတွေရှိတယ်၊သိပ်ရှိတယ်။ ဒီအစ်ကိုကြီးကိုရင်နဲ့အမျှချစ်တဲ့အကြောင်းရိပေါ်ဝန်ခံဖို့ရှိပါတယ်။ ဘာတွေဘယ်လိုဖြစ်လာမလဲမသိတဲ့အခြေအနေမှာ ရိပေါ်ကနွယ်တစ်မျှင်အဖြစ်ဖမ်းဆွဲရင်းဒီစကားကိုပြောဖြစ်အောင်ပြောပြရပါဦးမယ်။

"ဝမ်ရိပေါ်"

"ခင်ဗျာ"

"ပြောစရာရှိရင်ပြော"

ရိပေါ်နာမည်ကိုခေါ်လာတာမို့ ရိပေါ်ထူးလိုက်တော့ စီနီယာအစ်ကိုကြီးကအဲ့လိုပြောတယ်။ မိုးရေတွေစိုနေတဲ့Juiceဘူးတွေကိုတင်းနေအောင်ပိုက်ထားလိုက်ရင်း ရိပေါ်အားယူလိုက်တယ်။ အခုချိန်မှာမာရသွန်အပြေးသမားတစ်ယောက်လိုမျိုးရိပေါ်ခံစားနေရတယ်။ ဒီခံစားချက်ကသိပ်ပင်ပန်းပါတယ်။

"ကျွန်တော်.."

ပြောမလိုလိုနဲ့ရပ်သွားတဲ့ရိပေါ်ရဲ့စကားကြောင့် စီနီယာအစ်ကိုကြီးရဲ့မျက်ဝန်းတွေလှုပ်ခတ်သွားတယ်။ မိုးစက်တွေတစ်စက်ချင်လိမ့်ကျလာတာကြောင့် ပတ်ဝန်းကျင်ကဝေဝါးနေပေမယ့် အဲ့ဒီမျက်ဝန်းကြည်ကြည်လေးစက္ကန့်ဝက်စာလောက်လှုပ်ခတ်သွားတာတော့ရိပေါ်ကမြင်ပါတယ်။

"ကျွန်တော် စီနီယာအစ်ကိုကြီးကို!..."

မိုးသံတွေကြားထဲကနေသက်ပြင်းချသံခပ်ဖွဖွကို ရိပေါ်ကြားလိုက်ရတာမို့ပြောလက်စကိုရပ်ထားလိုက်တယ်။ ရိပေါ်ကြောင့်ကျန့်ကောစိတ်ပင်ပန်းနေပြီလား။ ဒါပေမယ့်ရိပေါ်မတတ်မှမတတ်နိုင်တာ။ မပြောပြရင်ပိုခက်ခဲသွားမယ့်အခြေအနေမျိုးသူတို့ကြားမှာရှိနေတယ်။

"ဝမ်ရိပေါ်"

"ဟုတ်ကဲ့ ပြောပါဗျ"

ပြောလက်စ,စကားကိုဆက်ပြောဖို့ အားတင်းနေတုန်း ရိပေါ်နာမည်ကို ကျန့်ကောကခေါ်လာတယ်။ ဘာတွေများပြောစရာရှိလဲမသိပေမယ့် ရိပေါ်ကတော့ဘာဖြစ်ဖြစ်နားထောင်ပေးမှာပါဘဲ။ ပြောလိုရာပြောပေါ့၊ နာကျင်စရာဆိုရင်လည်းတိတ်တိတ်ကလေးဆွေးဖို့အပြင်မရှိပါဘူး။

"ငါတို့နောက်တစ်ခါပြန်တွေ့ဖြစ်ကြသေးရင် ကျန့်ကောလို့ခေါ်လို့ရပြီ"

ကျန့်ကောစကားကြောင့် ရိပေါ်ပူပင်သွားတယ်။ ဘာလို့လဲ။ ဘာကြောင့်လဲ။ နောက်တစ်ခါပြန်တွေ့ဖြစ်ကြသေးရင်ဆိုတဲ့အဓိပ္ပါယ်ကို ဒီနေ့ဒီအချိန်မှာရိပေါ်နားမလည်သေးပါဘူး။ မဟုတ်မှ သူ့ကိုချန်ထားခဲ့ဖို့တွေးနေတာလား၊ ဒါမှမဟုတ်ထွက်ပြေးဖို့ပြင်ဆင်နေတာလား။ ပြောစရာစကားကုန်သွားတဲ့ပုံစံနဲ့ဘဲ Luggage ကိုဆွဲရင်း ကျန့်ကောကရိပေါ်ကိုကျောခိုင်းသွားတယ်။ ရိပေါ်လိုက်မတားဖြစ်ဘူး။ အနာဂတ်မှာအဆင်ပြေစေဖို့​တောင်းဆုပြုပေးဖို့ကလွဲရင် ရိပေါ်မှအခွင့်အရေးနည်းပါးလွန်းပါတယ်။ ဒါပေမယ့်မနေနိုင်တဲ့စိတ်ကလေးနဲ့ရိပေါ်က စိုးရိမ်စိတ်တွေနဲ့မှာစရာသေးသေးလေးကျန်နေသေးတယ်။

"စီနီယာအစ်ကိုကြီး"

ရိပေါ်ရဲ့ခေါ်သံအပြီးမှာ ကျောခိုင်းပြီးတရွေ့ရွေ့လှမ်းနေတဲ့ခြေလှမ်းတွေကတုံ့ခနဲရပ်သွားတယ်။ လှည့်မကြည့်လာပေမယ့်ဆက်မသွားသေးတဲ့ခြေလှမ်းတွေအရ ရိပေါ်ခေါ်တာကိုကြားမှန်းရိပေါ်သိပါတယ်။ မျက်မှန်ကလေးကမိုးရေတွေကြောင့်စိုနေပါတယ်။ ရိပေါ်ငိုနေတာတော့မဟုတ်ပါဘူး။

"စိတ်မခုဘူးဆိုရင်မှာချင်တာလေးရှိပါတယ်
စိတ်အဆင်ပြေသွားတဲ့အချိန်ရောက်တဲ့အခါ မမေ့မလျော့ဘဲဆေးသောက်ပေးပါလားဗျာ စီနီယာအစ်ကိုကြီးတစ်ခုခုဖြစ်မှာကျွန်တော်စိုးရိမ်ပါတယ်"

ဒီလောက်မိုးတွေစိုထားတာကို ဆေးကြိုမသောက်ရင်ဖျားတာနာတာတွေဖြစ်မှာ ဝမ်ရိပေါ်စိုးရိမ်ပါတယ်။ ရိပေါ်ရဲ့စကားဆုံးတော့ ခြေလှမ်းလေးတွေကတစ်လှမ်းချင်းထွက်ခွာသွားတယ်။ ရိပေါ်ကမိုးရေတွေထဲမှာရပ်ရင်း၊ပြီးတော့Juiceဘူးလေးတွေကိုပိုက်ရင်း ကျောခိုင်းလှည့်ထွက်သွားပြီဖြစ်တဲ့ကျောပြင်ပြာကလေးကိုရပ်ငေးနေတုန်း။ ဒါဟာရိပေါ်ရဲ့နောက်ဆုံးလက်ကျန်အခွင့်အရေးကလေးပါဘဲ။ ဘယ်အချိန်ကျရင်ရိပေါ်တို့ပြန်တွေ့ဖြစ်ကြမှာလဲ၊ ဘယ်အချိန်ရောက်မှဒီကျောပြင်ကိုရိပေါ်ပြန်ငေးခွင့်ရမှာလဲ။ ဘာဆိုဘာမှမခံစားနိုင်လောက်အောင် ရင်ဘတ်တစ်ခြမ်းကထုံကျင်နေတယ်။ အေးစက်နေတဲ့မိုးရေတွေကြောင့်ထုံကျင်နေရတာမဟုတ်ဘဲ ကျောခိုင်းသွားတဲ့အဲ့ဒီလူကြောင့်ဆိုတာ ရိပေါ်ကိုယ်တိုင်ဘဲသိတယ်။

နီးစပ်မလိုလိုနဲ့ ဝေးကွာသွားရတဲ့အနေအထားမှာ၊ ထွေးပွေ့ခွင့်ရတော့မလိုလိုနဲ့ကျောခိုင်းခဲ့ရတဲ့အနေအထားမှာ အဲ့ဒီကျောပြင်ကိုရပ်ငေးရခြင်းလောက်ဘယ်အရာကိုမှမက်မောမနေတော့ပါဘူး။ ပြန်တွေ့ကြမှဖြစ်မယ်။ ကျန့်ကောကမတွေ့ချင်ဘူးဆိုရင်တောင် ရိပေါ်ကလိုက်ရှာဦးမှာမို့၊ချစ်တဲ့အကြောင်းကိုသေချာပြောပြချင်သေးတာမို့ ပြန်တွေ့ရမှာကိုဖြစ်မယ်။

ထားခဲ့ရင်နေခဲ့ရမယ့်သူပါဘဲ။ သွားလိုရာကိုသွားပါ၊ သဘောကျတဲ့လမ်းကိုလျှောက်ပါ။ ဘယ်သူ့အတွက်မှမတွေးဘဲ စီနီယာအစ်ကိုကြီးကြိုက်တာကိုရွေးချယ်လို့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အဲ့ဒီအစ်ကိုကြီးရဲ့လက်တစ်ကမ်းအကွာမှာရိပေါ်ရှိပါတယ်။ ပင်ပန်းလာတိုင်း၊အားငယ်လာတိုင်း ကျန်တာကိုမတွေးဘဲရိပေါ်ဆီပြေးပြန်လာခဲ့ရင် သိပ်ကောင်းမှာ။ အပြစ်မတင်ဘဲထွေးပွေ့ပေးမှာမို့၊ ဘာမှမသိရလည်းချစ်ပေးနိုင်တာမို့ ပြန်လာခဲ့စေချင်တယ်။ ရုတ်တရက်ကြီးချန်ထားခံရတာ ရိပေါ်မျှော်လင့်ထားတဲ့အခြေအနေမှမဟုတ်ခဲ့တာ။

~ဖြေစမ်းပါဦး ခင်ဗျားရယ်
ကျွန်တော်တို့တွေဘယ်အချိန်လောက်များပြန်တွေ့ဖြစ်ကြမှာလဲ~

#TayyYizhan
25.8.2022(Thu)

Continue Reading

You'll Also Like

783K 29.2K 104
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
642K 32.3K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.1M 37.5K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
3.2K 260 6
Short story and completed.