Came From Deepest Somewhere

By Tayy_1823

4.6K 218 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-14

86 5 1
By Tayy_1823

"ဖေ့သား ဘာလို့အဲ့လောက်လောနေတာလဲ
ကျောင်းကဖြင့်မဆင်းသေးဘူး ဖင်တကြွကြွနဲ့"

ကျောင်းမဆင်းသေးပါဘဲနဲ့ စာအုပ်တွေပြန်ထည့်နေတဲ့ရိပေါ်ကို လင်းဝေ့ကအမြင်ကပ်သလိုပြောလာတယ်။ ဒါပေမယ့်ရိပေါ်ကတော့ကိုယ့်ကိစ္စနဲ့ကိုယ်မို့ဘာမှပြန်မပြောဖြစ်ပါ။ ညနေကျောင်းဆင်းရင် အိမ်ကိုအရင်ပြန်၊ရေမိုးချိုးပြီး စီနီယာအစ်ကိုကြီးဆီကိုသွားဖို့တွေးထားတယ်။ ညနေစာလုပ်ချိန်တွေလျော့သွားရင်လည်းဘာအရေးလဲ၊ ညကျမှပိုတိုးပြီးလုပ်လိုက်မှာပေါ့။ ရိပေါ်အတွက် စီနီယာအစ်ကိုကြီးကအရေးအကြီးဆုံးမို့ ကျန်တာတွေကပမွှား။

"ငါသွားတော့မယ် ဒီနေ့မင်းတစ်ယောက်တည်းပြန်တော့"

ဒေါင်ခနဲကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့လင်းဝေ့ကိုတစ်ယောက်တည်းချန်ခဲ့ပြီး အိမ်ကိုဇွတ်ပြေးပြေးရတယ်။ လူကတအားမြန်နေတာကြောင့်မျက်မှန်ကိုင်းလျှောကျနေတာကိုပြန်တင်ရတာလည်းခဏခဏ။ လင်းဝေ့ကတော့နောက်ကနေကျိန်ဆဲနေမှာအသေအချာပါဘဲ။ ဒါပေမယ့်ရိပေါ်က ဇွတ်ပြေးလာတာတောင် ကျန့်ကောတို့အိမ်ရှေ့မှာ စက္ကန့်ပိုင်းစာလောက်ရပ်ငေးဖို့တော့မမေ့ခဲ့ဘူး။ ညနေတွေ့ရမယ့်အတူတောင် နည်းနည်းဖြစ်ဖြစ်ပိုတွေ့ချင်တဲ့ရိပေါ်ကတကယ့်လောဘအိုးလေး။ ဒါပေမယ့်အရိပ်ပြာကလေးကိုတော့ ကံမကောင်းစွာနဲ့မမြင်ခဲ့ရပါဘူး။ ညနေတွေ့ရမှာမို့ကိစ္စမရှိပေမယ့်ရင်ဘတ်ထဲမှာနည်းနည်းတော့ဟာသွားတယ်။

"ဝမ်ပေါင်ပေ့ ဒီနေ့နည်းနည်းစောသားဘဲ"

အိမ်ထဲကိုခပ်သွက်သွက်ဝင်လာတဲ့သူ့ကိုမြင်တော့ မားမားကပြောလာတယ်။ ပုံမှန်ဆိုလမ်းကိုခပ်ဖြည်းဖြည်းလျှောက်တတ်တာရယ်၊ကျန့်ကောတို့အိမ်ဘက်ကိုအစဥ်အလာမပျက်ငေးတတ်တာရယ်ကြောင့် ဒီနေ့လောက်တော့မမြန်တာကို မားမားကသတိထားမိပုံရပါတယ်။

"ညနေကျကျန့်ကောတို့အိမ်သွားမလို့မြန်မြန်ပြန်လာတာ မားရဲ့"

မျက်နှာချိုသွေးသလိုပါးတွေမို့တက်နေအောင်ပြုံးရင်းသူပြောတော့ မားမားကမနိုင်သလိုခေါင်းယမ်းတယ်။

"ဒီကလေးနှယ် သူ့ကျန့်ကောကဖြင့်သဘက်ခါမှပြန်မယ့်ဟာကို"

မားမားကအဲ့လိုပြောပြီးထွက်သွားတယ်။ ရိပေါ်မှာတော့မားမားစကားကြောင့်ရင်တွေပူခနဲ။ မနေ့ကမှရောက်တာကို သဘက်ခါပြန်မယ်ဆိုတော့မလွန်လွန်းဘူးလား။ ကျောင်းပိတ်ရက်ကဘာလို့အဲ့လောက်တိုနေရတာလဲ။ စီနီယာအစ်ကိုကြီးပေကျင်းကိုပြန်သွားရင် ရိပေါ်ကအရင်လိုကျန်ခဲ့ဦးမှာ။ ပြီးတော့အရင်လိုလွမ်းရဦးမှာ။ သူမလွမ်းချင်တော့ဘူး။ စီနီယာအစ်ကိုကြီးကိုလည်း ပေကျင်းကိုပြန်မလွှတ်ချင်တော့ဘူး။ ဒါပေမယ့် ရိပေါ်လည်းဘာမှမတတ်နိုင်ပါဘူး။ ခေါင်းကိုခပ်မြန်မြန်ခါပြီး အတွေးတွေကိုထုတ်လိုက်ရတယ်။ စီနီယာအစ်ကိုကြီးပြန်လာပေးတဲ့အချိန်မှာ ရိပေါ်ကအဲ့လိုတွေတွေးနေလို့မဖြစ်ပါဘူး။ ပြီးတော့စီနီယာအစ်ကိုကြီးကနောက်ထပ်ကျောင်းပိတ်ရက်တွေရှိရင်ပြန်လာဦးမှာဘဲကို ရိပေါ်ကတအားအတွေးလွန်နေခဲ့တာ။

ရေချိုးပြီးတော့ထုံးစံအတိုင်းအက်ျီရွေးရင်း ရိပေါ်အလုပ်ရှုပ်နေတယ်။ ဘာအက်ျီဘဲဝတ်ဝတ်၊မျက်မှန်ဝိုင်းကိုတပ်လိုက်ရင် ရိပေါ်က ကလေးနဲ့တူနေတာချည်း။ ဒါပေမယ့်မတပ်လို့လည်းမရဘူး။ ရိပေါ်ကမျက်မှန်မပါရင်ဝေဝါးနေတတ်တာ။ ရိပေါ်လူကြီးဆန်ချင်တယ်။ ကျန့်ကောအားကိုးချင်သွားလောက်တဲ့အထိကို လူကြီးဆန်ချင်ပါတယ်။

နည်းနည်းပိုအဆင်ပြေမယ်ထင်တဲ့ဟာကိုရွေးဝတ်ပြီးမျက်မှန်ကိုကောက်တပ်လိုက်တယ်။ မားမားကိုခွင့်တောင်းဖို့ရှာတော့ မားမားကမီးဖိုခန်းထဲမှာချက်ပြုတ်နေတယ်။

"မား ကျွန်တော်ကျန့်ကောတို့အိမ်ခဏသွားဦးမယ်"

မားမားကိုအသံပြုလိုက်တော့ မားမားကလှည့်ကြည့်လာတယ်။

"ခဏမဟုတ်ဘူး အကြာကြီးနေခဲ့လည်းရပါတယ်နော်"

မားမားကပြုံးစစပြောလာရင်းမျက်စောင်းထိုးတယ်။ အမှန်တိုင်းပြောရရင် ရိပေါ်မဆိုသလောက်လေးရှက်သွားပါတယ်။ မားမားကသဘောရိုးနဲ့ပြောပေမယ့် ရိပေါ်ကရိုးမှမရိုးတာကိုး။

"အားကျန့်လေးနဲ့မနက်တုန်းကတွေ့ခဲ့သေးတယ် အရင်ကထက်အသားတွေပိုဖြူလာတယ် လူချောလေးဖြစ်လာပြီ အားကျန့်က"

မားမားကပြုံးရင်းပြောတယ်။ ဒါပေမယ့်ရိပေါ်လက်မခံချင်ဘူး။ စီနီယာအစ်ကိုကြီးကခုမှချောတာမှမဟုတ်တာ။ အရင်တည်းကကြည့်ကောင်းတာ ရိပေါ်သိတယ်။ ဒဏ်ရာပရပွနဲ့မျက်နှာကိုတောင်တယုတယချစ်နေရတဲ့ရိပေါ်က အခုတော့အဆပေါင်းများစွာတိုးပြီးချစ်လာတယ်။ ဘယ်လိုလုပ်မှအချစ်တွေလျော့မလဲရိပေါ်မသိဘူး။

"သွားမှာဖြင့်သွားလေ ဝမ်ပေါင်ပေ့
မိုးချုပ်ဦးမယ်"

ရပ်ပြီးတွေးနေတဲ့သူ့ကို မားမားက'အတွေးလွန်နေပြန်ပြီလား'ဆိုတဲ့အကြည့်နဲ့ကြည့်ရင်းပြောလာတယ်။

"ဟုတ် မား ဒါဆိုကျွန်တော်သွားပြီ"

မားမားကိုနှုတ်ဆက်ပြီးတော့ပြိုင်ဘီးအနက်ကလေးကိုထုတ်ပြီးကျန့်ကောတို့အိမ်ဘက်ကိုထွက်လာလိုက်တယ်။ စက်ဘီးကလေးစီးလာရင်းလေတစ်ချက်ဝေ့တဲ့အခါရိပေါ်ကပြုံးပါတယ်။ တစ်ချိန်တုန်းက စီနီယာအစ်ကိုကြီးဆီကအနာကပ်ပလာစတာလေးရခဲ့တာလည်း ဒီပြိုင်ဘီးကလေးရဲ့ပယောဂမကင်းခဲ့ဘူး။ ရိပေါ်ကစက်ဘီးလဲတယ်။ ပြီးတော့ကျန့်ကောဆီကပလာစတာလေးရတယ်။ ဘယ်လောက်ကံကောင်းလိုက်သလဲ။ အဲ့ဒီလိုအတွေးနဲ့တင်လင်းဝေ့ကိုရော၊အဲ့ဒီနေ့ကစာဝါငှက်ကလေးကိုရော၊ဘီးချော်စေခဲ့တဲ့ကျောက်တုံးကိုပါ ရိပေါ်ကကျေးဇူးတွေတသီကြီးတင်နေသေးတာ။

လေနုအေးကိုအတွေးတွေနဲ့ခံစားရင်း ဘာလိုလိုနဲ့ကျန့်ကောတို့အိမ်ရှေ့ရောက်လာတယ်။ ညနေခင်းရဲ့ထုံးစံအတိုင်းယင်းအားရီကတော့ပန်းပင်တွေရေလောင်းနေတယ်။ ကျန့်ကောကိုတော့မမြင်ရသေးဘူး။

"ယင်းအားရီ"

ခြံတံခါးဝကနေအသံပြုလိုက်တော့ ယင်းအားရီကပြုံးရင်းနဲ့ရိပေါ်ဆီလျှောက်လာပြီး ခြံတံခါးကိုဖွင့်ပေးတယ်။

"သားရဲ့ကျန့်ကော ခြံထဲမှာဂစ်တာတစ်လက်နဲ့အလုပ်ရှုပ်နေပြန်ပြီ အဲ့ဒီကိုဘဲတန်းသွားလိုက်"

ရိပေါ်တောင်ဘာမှမမေးရသေးဘဲ ယင်းအားရီကကျန့်ကောရှိနေတဲ့နေရာကိုတန်းပြောတယ်။ ကျန့်ကောဆိုတဲ့အကြောင်းပြချက်နဲ့မှမဟုတ်ရင်ဘာမှမဖြစ်နိုင်ဘူးဆိုတာယင်းအားရီကသိပုံရပါတယ်။

"ဟုတ်ကဲ့ပါ အားရီ"

ရိပေါ်စကားကိုခေါင်းညိမ့်ပြုံးပြရင်း ရိပေါ်ခေါင်းကိုခပ်ဖွဖွပုတ်ပြီးယင်းအားရီကထွက်သွားတယ်။ ပြိုင်ဘီးကလေးကိုခြံထဲတွန်းလာရင်းကျောပြင်ပြာကလေးကိုရိပေါ်မြင်လိုက်ရတယ်။ ဂစ်တာတစ်လက်နဲ့အလုပ်ရှုပ်နေပြန်ပြီဆိုတော့ မဟုတ်မှပေကျင်းမှာဂစ်တာတီးများသင်ခဲ့လေသလား။

"စီနီယာအစ်ကိုကြီး"

ရိပေါ်အသံပြုလိုက်တော့ စီနီယာအစ်ကိုကြီးကမော့ကြည့်လာတယ်။ ဒီအစ်ကိုကြီးဟာလေအပြာရောင်ကိုကြိုက်ဘဲကြိုက်နိုင်လွန်းတယ်။ ခုလည်းမိုးပြာရောင်ရှပ်လက်တိုလေးနဲ့။

"အင်း ထိုင်"

ဘေးဘက်ကနေရာလွတ်ကိုမေးငေါ့ပြရင်းကျန့်ကောကပြောတာမို့ ရိပေါ်ထိုင်လိုက်တယ်။

"စက်ဘီးနဲ့လာတာလား"

ဒန်းကလေးအနားမှာ ရိပေါ်စက်ဘီးရပ်လိုက်တာကိုစီနီယာအစ်ကိုကြီးကသိပုံရပါတယ်။

"ဟုတ်ကဲ့ စက်ဘီးနဲ့လာတာပါဗျ မြန်မြန်ရောက်အောင်လို့"

ရိပေါ်အဖြေစကားကို စီနီယာအစ်ကိုကြီးကခေါင်းတစ်ချက်ညိမ့်ပြတယ်။ ဘာလို့မြန်မြန်ရောက်ချင်တာလဲလို့တော့မေးမလာပါဘူး။ မမေးတာလည်းကောင်းပါတယ်။ ရိပေါ်ကမထိန်းနိုင်ဘဲလွှတ်ခနဲထွက်သွားတဲ့စကားပေမယ့် အဲ့လိုကြီးတည့်တိုး​မေးလာရင် ရိပေါ်မဖြေတတ်ပြန်ပါဘူး။

"ငါလည်းတစ်ခါလောက်တော့စက်ဘီးစီးကြည့်ချင်သေးတယ်"

စီနီယာအစ်ကိုကြီးကဂစ်တာကိုငုံ့ကြည့်နေရင်းမပီမသလေးပြုံးပြီးပြောလာတယ်။ ရိပေါ်အများကြီးအံ့သြသွားပေမယ့် အဲ့တာထက်အသည်းယားတာကပိုနေတယ်။ ဒီအစ်ကိုကြီးကစက်ဘီးမစီးတတ်ဘူးတဲ့လား။ ဒါဆိုကလေးလေးလို့သတ်မှတ်ရတော့မယ်လို့ရိပေါ်တွေးပါတယ်။ ကလေးတစ်ယောက်ပူဆာသလိုလေးပြောနေတဲ့ဒီကလေးကြီးကိုရိပေါ်အသည်းယားလွန်းလို့ဖက်နမ်းချင်လိုက်ပုံများ။ ဒါပေမယ့်မနမ်းရဲပါဘူး။

"စီနီယာအစ်ကိုကြီးကို စက်ဘီးစီးတတ်တယ်လို့ကျွန်တော်ကထင်နေတာ"

ရိပေါ်အဲ့လိုပြောတော့ စီနီယာအစ်ကိုကြီးကရိပေါ်ကိုတစ်ချက်ကြည့်လာတယ်။

"ငါစက်ဘီးစီးတတ်တယ်လို့ မင်းကိုပြောဖူးလို့လား"

မျက်မှောင်ကျုံ့ကြည့်ရင်းမေးလာတဲ့ကျန့်ကောအမေးကြောင့် ရိပေါ်စကားတွေပါပျောက်ကုန်တယ်။ ဒေါသသံနဲ့မဟုတ်ပေမယ့်ဒီအစ်ကိုကြီးရှေ့ရောက်ရင်ကိုရိပေါ်ခမျာစကားလုံးတွေအကုန်ပျောက်ကုန်တာ။ မျက်မှန်ကိုင်းလေးကိုအသာပင့်တင်ရင်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။

"အာ!...မပြောတော့မပြောဖူးပေမယ့် ကျွန်တော်က ဒီအတိုင်းထင်မိသွားတာပါ"

ရိပေါ်ရဲ့မရဲတရဲအဖြေစကားကိုစီနီယာအစ်ကိုကြီးကဘာမှပြန်မပြောတော့ဘူး။ ရိပေါ်ကလည်းဘာမှဆက်မပြောဖြစ်ဘူး။ အဲ့ဒီအစားသိပ်မပြောင်းလဲတဲ့စီနီယာအစ်ကိုကြီးကို ရိပေါ်ကတဝကြီးငေးပါတယ်။ ရိပေါ်သတိထားမိသလောက်ဆိုရင် မျက်တောင်ကလေးတွေနည်းနည်းပိုရှည်လာတယ်။ ပြီးတော့လက်ချောင်းကလေးတွေနည်းနည်းပြည့်လာသေးတယ်။ ဘာဘဲဖြစ်ဖြစ်ဒါလေးကရိပေါ်ရဲ့ချစ်မဝ၊ငေးမဝလေးပါဘဲ။ ခံစားချက်တွေဟာကျိန်စာလိုပါဘဲ။ တစ်ခါငေးကြည့်မိရင်တစ်သံသရာစာချစ်မိတယ်။ တစ်ခါလောက်များပြုံးပြလိုက်ရင် ရိပေါ်ဟာအဲ့ဒီဝဲဂယက်ထဲမှာလူးလားခေါက်တုံ့ကူးခတ်နေရတတ်တာမျိုး။

"ဒါနဲ့ ပေကျင်းကပြန်လာပြီးဂစ်တာတီးတတ်လာတာလားဗျ"

တိတ်ဆိတ်နေတဲ့ရပ်ဝန်းကို ရိပေါ်ကဘဲလှုပ်ရှားလိုက်တော့ စီနီယာအစ်ကိုကြီးကခေါင်းခါပါတယ်။

"ဂစ်တာနဲ့ဂစ်တာသံကိုဘဲသဘောကျတာ
ဂစ်တာတီးချင်တာမဟုတ်ဘူး"

ကိုင်ထားတဲ့ဂစ်တာလေးကိုဒန်းပေါ်အသာအယာချလိုက်ရင်းစီနီယာအစ်ကိုကြီးကပြောပါတယ်။ ရိပေါ်ကတော့ရင်ထဲမှာဆုံးဖြတ်ချက်သေးသေးလေးချလိုက်ပါတယ်။ တစ်နေ့ကျစီနီယာအစ်ကိုကြီးကိုပထမဆုံးဂစ်တာတီးပြဖို့ပေါ့။

"ကျွန်တော်"

"အင်း"

ရိပေါ်ရဲ့တစ်ဝက်တစ်ပျက်စကားကိုစီနီယာအစ်ကိုကြီးကထောက်ပေးတယ်။ ရိပေါ်ကတော့ရင်တွေတဒိတ်ဒိတ်။

"ကျွန်တော်ဂစ်တာတီးတတ်ခဲ့ရင် စီနီယာအစ်ကိုကြီးကိုပထမဆုံးတီးပြချင်ပါတယ်"

စီနီယာအစ်ကိုကြီးကဒုတိယအကြိမ်မြောက်မပီမသလေးပြုံးတယ်။ ပြီးတော့ပြောလာတယ်။

"ငါလည်းနားထောင်ချင်ပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ စီနီယာအစ်ကိုကြီး"

ရိပေါ်ဘာကြောင့်ကျေးဇူးတွေတင်နေတယ်ဆိုတာကို စီနီယာအစ်ကိုကြီးတော့နားလည်ပါ့မလားမသိပေမယ့် ရိပေါ်တကယ်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ နားထောင်ချင်တယ်ဆိုရုံနဲ့ ရိပေါ်ကနေပျော်ပါတယ်။ ရိပေါ်ကတီးပြချင်တယ်ဆိုရင်တောင်တစ်ချိန်မှာကျန့်ကောနားထောင်ချင်ခဲ့သည်ဖြစ်စေ၊မနားထောင်ချင်သည်ဖြစ်စေ ပစ္စုပ္ပန်မှာနားထောင်ချင်တယ်ဆိုတဲ့စကားနဲ့တင် ရိပေါ်ကသိပ်ကျေးဇူးတင်ပါတယ်။ မဟုတ်လည်း ရိပေါ်ရဲ့အရိပ်ပြာကလေး တစ်နည်းအားဖြင့်လောကအလှသစ္စာတရားလေးကိုဖန်ဆင်းပေးခဲ့လို့သဘာဝတရားကြီးကို တစ်ချိန်လုံးကျေးဇူးတင်နေခဲ့တာ။

"တက္ကသိုလ်မှာအဆင်ပြေရဲ့လားဗျ"

ရိပေါ်မေးတော့စီနီယာအစ်ကိုကြီးကခေါင်းတစ်ချက်ညိမ့်တယ်။ အဆင်ပြေတယ်ဆိုလို့တော်သေးတာပေါ့။ ရိပေါ်ရင်ထဲစမ်းချောင်းကလေးဖြတ်စီးသလိုစိမ့်ခနဲအေးသွားတယ်။

"ဒါဆိုပေကျင်းမှာကျိန်းသေပေါက်ပျော်မယ်ထင်ပါတယ်"

အဲ့လိုမေးတော့စီနီယာအစ်ကိုကြီးကခေါင်းခါပါတယ်။

"အဆင်ဘဲပြေတာ ပျော်တာမဟုတ်ဘူး"

ရိပေါ်တကယ်ရင်ဘတ်ထဲအောင့်သွားတယ်။ ရိပေါ်က စီနီယာအစ်ကိုကြီးကိုပျော်စေချင်တယ်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ဘယ်အခြေအနေမှာမဆိုအဆင်ပြေစေချင်တယ်။ ပြီးတော့အထိအခိုက်ကင်းစေချင်ပါတယ်။

"ဘာတွေများမပျော်ရွှင်စရာရှိနေလို့လဲ
ကျွန်တော့်ကိုပြောပြမလားဗျာ"

ရိပေါ်စကားကြောင့်စီနီယာအစ်ကိုကြီးကလှည့်ကြည့်လာတယ်။ ဒီစကားကအပိုမဟုတ်ဘူး။ အဆင်မပြေတာတွေရှိနေခဲ့ရင် ရိပေါ်ကိုနည်းနည်းဖွင့်ဟပြီးပေါ့ပါးသွားစေချင်ပါတယ်။

"မင်းကိုပြောပြလို့လည်းဘာမှထူးခြားသွားမှာမဟုတ်ပါဘူး"

စီနီယာအစ်ကိုကြီးစကားကြောင့် ရိပေါ်ရင်တွေစူးနေအောင်နာတယ်။ စီနီယာအစ်ကိုကြီးကရိပေါ်ကိုအပိုလို့သဘောထားနေခဲ့တယ်ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ်ဘယ်လိုပြောပြော ရိပေါ်ကတော့ဒီလူ့အတွက်ဘဲတွေးနေဦးမှာဘဲ။ ရင်နာလည်းခဏပေါ့ ဒီလူ့ကိုဘယ်တုန်းကများရိပေါ်ဥပေက္ခာပြုနိုင်ခဲ့လို့လဲ။ အပ်ဖျားလိုစကားတွေလည်းအပိုပါဘဲ။

"စီနီယာအစ်ကိုကြီးအဆင်ပြေဖို့ဆိုရင် ကျွန်တော်ကြိုးစားလို့ရသလောက်ကြိုးစားပေးမိမှာ"

စီနီယာအစ်ကိုကြီးကသုံးကြိမ်မြောက်သောမပီမသအပြုံးလေးကိုစွန့်ကြဲပါတယ်။ ရိပေါ်ကတော့ခရေပန်းပွင့်ကြွေလေးတွေကောက်သလို အဲ့ဒီအပြုံးအစအနလေးတောင်အဝေးကိုလွင့်မသွားရလေအောင်နှလုံးသားထဲကိုခပ်မြန်မြန်ဘဲကောက်သိမ်းလိုက်ပါတယ်။ ရိပေါ်ကြားဖူးတဲ့စကားစုတစ်ခုလိုဘဲပေါ့။ လူတစ်ယောက်ကိုချစ်နေခွင့်ရသ၍၊အဲ့ဒီလူဆီကနေမချစ်ပါနဲ့၊မတွယ်ကပ်ပါနဲ့လို့မပြောသ၍ ကိုယ်ဟာကံကောင်းတဲ့လူတစ်ယောက်ဖြစ်နေသေးတယ်တဲ့။ အခုလည်းရိပေါ်ကံကောင်းနေသေးတယ်။ ကျန့်ကောကိုချစ်ခွင့်ရနေသေးတယ်။

"ထူးထူးထွေထွေမရှိပါဘူး အိမ်နဲ့ဝေးနေရလို့ဘဲနေမှာပါ အဲ့တာထက်စာတွေလိုက်နိုင်ရဲ့လား"

စီနီယာအစ်ကိုကြီးကစကားလမ်းကြောင်းလွှဲလိုက်တာမို့ရိပေါ်ခေါင်းညိမ့်ပြလိုက်ပါတယ်။

"ဟုတ်ကဲ့ ကောင်းကောင်းလိုက်နိုင်ပါတယ်ဗျ"

"အင်း မင်းကတော်ပါတယ်"

စီနီယာအစ်ကိုကြီးဆီကချီးကျူးစကားကြောင့် ရိပေါ်ပါးတွေမို့တက်နေအောင်ပြုံးပြဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းရိပေါ်တို့စကားမဆိုဖြစ်ကြတော့ဘူး။ ရိပေါ်ကသာစီနီယာအစ်ကိုကြီးကိုတစ်ချက်တစ်ချက်စောင်းငဲ့ပြီးကြည့်တတ်ပေမယ့် စီနီယာအစ်ကိုကြီးကတော့သတိထားမိပုံတောင်မရပါဘူး။ ပတ်ဝန်းကျင်ကငြိမ်သက်နေပြီ။ မကြာခင်မိုးချုပ်တော့မှာမို့ရိပေါ်ပြန်ဖို့တွေးရပါတယ်။ ဒါပေမယ့်ရိပေါ်ကပြန်တော့မပြန်ချင်သေးပါဘူး။ အချိန်ကြောင့်သာ၊ပြီးတော့အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့မားမားကြောင့်သာမို့ပေါ့။

"ကျွန်တော်ပြန်တော့မယ်ဗျ စီနီယာအစ်ကိုကြီး"

ဒန်းပေါ်ကနေထရပ်ပြီးနှုတ်ဆက်တော့ စီနီယာအစ်ကိုကြီးကမော့ကြည့်ရင်းခေါင်းညိမ့်ပြလာတယ်။

"ငါအားလုံးအဆင်ပြေတာမို့ စာသာကောင်းကောင်းလုပ်"

မတင်းမမာအသံလေးနဲ့မှာနေတဲ့စီနီယာအစ်ကိုကြီးကိုခေါင်းသေချာညိမ့်ပြမိတယ်။

"ကျွန်တော်စာသေချာလုပ်မှာပါ
ဒါပေမယ့်တစ်ခုခုအဆင်မပြေလို့ပြောစရာရှိရင် ကျွန်တော့်ကိုပြောပြပေးမလားဗျာ"

"အင်း နောက်ကြုံရင်ပြောပြမယ် သွားတော့"

"ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး"

စီနီယာအစ်ကိုကြီးကိုကျောခိုင်းလာရင်းပြိုင်ဘီးအနက်ကလေးကိုပြန်တွန်းလာလိုက်တယ်။ ဘာတွေဘဲဖြစ်လာလာပြောပြစေချင်တယ်။ တစ်ယောက်တည်းမြိုသိပ်ခံစားမနေစေချင်ဘူး။ အလိုလိုသိုသိုသိပ်သိပ်နေတတ်တဲ့ဒီအစ်ကိုကြီးကို ရိပေါ်ရှေ့မှာတော့ပွင့်လင်းစေချင်တယ်။ မပျော်ရွှင်ရင်မပျော်ရွှင်တဲ့အကြောင်း၊ငိုချင်ရင်ငိုချင်တဲ့အကြောင်းအရာအားလုံးကို ရိပေါ်ကကျိန်းသေနားထောင်ပေးမှာမို့။

#TayyYizhan
17.7.2022(Wed)

Continue Reading

You'll Also Like

209K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
791K 29.5K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
943K 21.6K 49
In wich a one night stand turns out to be a lot more than that.
14.9K 188 19
{This book was inspired by @Skyfire84's and @Sushidoggo's Pokemon books :3} You are a shiny Audino that was abandoned by your trainer in the sinnoh r...