ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.3K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၂၀

490 40 0
By trollz22

၂ပတ်။ ဏရီနဲ့အဆက်အသွယ်မလုပ်ဖြစ်တာ ၂ပတ်ရှိပြီ။ ထိုနေ့က မနတ်အိပ်ယာနိုးတော့ ဘေးကစားပွဲပေါ်မှာ လက်ရေးစာလေးတစ်စောင်ထားပြီးပျောက်သွားတာ ၂ပတ်ရှိပြီ။ ဏရီတို့အိမ်ကိုသွားမေးကြည့်တော့လဲ ဏရီကိုယ်တိုင်က ရေရေရာရာမပြောပဲ အလုပ်ကိစ္စဆိုပြီး over seas ထွက်သွားသည်တဲ့။ ဏရီပြောတဲ့ရောမဘက်ကိုများထွက်သွားလေသလား။ တနေ့တနေ့ဏရီ့အကြောင်းကိုမျော်ရလွန်းလို့ သက်ပြင်းများချနေမိတာအခါခါ။ ဏရီသိလား အခုလေ ကျွန်မအခန်းထဲမှာ ဏရီ့ဓာက်ပုံတွေကနေရာတိုင်းပြန့်ကျဲနေတာ။ ဆေးလိပ်ပြာခွက်ထဲမှာလဲဆေးလိပ်ပြာတွေအများကြီးပဲဏရီ။ ဏရီကတော့နေနိုင်ပေမဲ့ ကျွန်မကမနေနိုင်ဘူးဏရီရယ်။ ​အခုလိုတွေသာဖြစ်မယ်မှန်းသိရင် အဲ့ဒီ့နေ့ကကျွန်မတစ်ညလုံးမအိပ်ပဲနေခဲ့မိမှာ။

"နိုဝယ် နင့်ကိုဒယ်ဒီကြီးကပြန်လာခဲ့ပါတဲ့ အခုပဲဖုန်းဆက်လာတယ်"

"အင်း မနတ်ဖြန်ပြန်မယ် Ella flight စီစဥ်ထားလိုက်ပါ နောက်ပြီး ဏရီ့သတင်းကိုတစ်ခုခုကြားတာနဲ့ဆက်သွယ်ပေး"

ဘီယာပုလင်းခွံတွေကြားမှာအရူးတစ်ယောက်လိုဖြစ်နေတဲ့ နိုဝယ်ကိုကြည့်ပြီး ella ကိုယ်တိုင်လဲသက်ပြင်းချနေမိတာ။ Ella နဲ့ Iris ဆိုတာ လူမှန်းသိတက်စကထဲကအတူတူလက်တွဲကြီးပြင်းလာခဲ့ရတာ။ ကြမ်းတမ်းလွန်းတဲ့နေ့ရက်တွေကို လမ်းမပေါ်မှာပဲ ဖြစ်သလိုတောင်းရမ်းပြေးလွှားဖြတ်သန်းခဲ့ရတာ။ လူကုန်ကူးတဲ့သူတွေလက်ထဲကနေ ဒယ်ဒီကြီးလို့ခေါ်တဲ့ သူတို့အသက်သခင်ကျေးဇူးရှင်ကြောင့်လွတ်မြောက်ခဲ့ရတာ။ ထိုလွတ်မြောက်မှုပြီးတဲ့နောက်ပိုင်း သူတို့ဘဝက နိုဝယ့်ကိုစောင့်ရှောက်ဖို့လေ့ကျင့်ခဲ့ရသည့်အတိုင်း။ Iris က ကွန်ပြူတာကိုကျွမ်းကျင်အောင်လုပ်ခဲ့ရပြီး သူကတော့ နိုဝယ်ဖန်တီးတဲ့ပြဿနာတွေကိုနောက်ကနေဖြေရှင်းပေးရတာ။

နိုဝယ်ကသူတို့နှစ်ယောက်ထပ်အသက်အနည်းငယ် ငယ်ပေမဲ့ ရွယ်တူကဲ့သို့ဆက်ဆံခံရလဲသူတို့ပြန်မပြောနိုင်ဘူးလေ။ ဘာလို့ဆို နိုဝယ်ဖြစ်နေခဲ့တာကို။ အခုအခြေအနေကဲ့သို့ဘယ်လိုဖြစ်သွားလဲမေးရင် အရာအားလုံးကအကြောင်းရှိလို့အကျိုးဖြစ်လာတယ်လို့ပဲစိတ်ထဲမှတ်ယူရမှာပေါ့။ ဖြစ်နိုင်ရင် နိုဝယ့်ကိုဒီစိတ်ဝေဒနါများကနေခေါ်ထုတ်ပေးနိုင်မဲ့သူက ဒဏ္ဏာရီဖြစ်နိုင်တယ်လို့ယူဆထားခဲ့တာ။ ဘာကြောင့်လဲမေးရင် နိုဝယ်က သူနဲ့ပတ်သက်တဲ့သူတိုင်းကိုဘယ်လိုဆက်ဆံလဲကိုင်တွယ်လဲဆိုတာသူမြင်နေရတာလေ။ အသက်တစ်ချောင်းကိုလွယ်လွယ်နဲ့ယူပစ်နိုင်တဲ့နိုဝယ်က လူတစ်ယောက်ကိုအကြမ်းနည်းဖြင့်သာဆက်ဆံတက်တဲ့နိုဝယ်က ဒဏ္ဏာရီနှင့်မှ ပုံစံတွေပြောင်းလဲသွားခဲ့ရတာလေ။ ထိုကဲ့သို့ မထိရက်မကိုင်ရင်မနာကျင်ရက်ဖြစ်ခဲ့တဲ့ ဒဏ္ဏာရီကိုသွားပြီးထိပါးမိတဲ့လူရဲ့အကျိုးဆက်ကတော့ မသေယုံတမယ်ဖြစ်ခဲ့ရတာပါပဲ။ အခုဆိုအဲ့လူသည်လဲ သူ့ဘဝတသက်လုံးဆေးရုံမှာပဲနေရမလားပင်။ ရှင်ရက်နဲ့သေမလိုထိဖြစ်ခဲ့သည်အထိလေ။

ဘန်ကောက်ပြန်ရောက်လာတော့ နှစ်လတစ်ခါဆေးစစ်ရသည့်နိုဝယ့်ကျန်းမာရေးက အရင်ကထပ်ပိုဆိုးနေခဲ့သည်။ ကိုယ်ခန္ဓာကျန်းမာရေးမဟုတ်ပဲ စိတ်ကျန်းမာရေးကအရင်ကထက်ပိုဆိုးနေခဲ့တာ။

"ဆရာသိလား ကျွန်မကိုကျွန်မတအားမုန်းနေမိတာပဲသိတယ်"

"ဟုတ်ပြီ ဒါဆိုဆရာအကြံတစ်ခုပေးမယ် သမီးရဲ့စိတ်ထဲမှာ သူကသမီးကိုရှောင်ပြေးနေတယ်လို့သဘောမထားပဲနဲ့ သူ့စိတ်သူအချိန်ယူနေရတယ်လို့တစ်မျိုးတွေးကြည့်ရင်ကော သူ့ဘဝမှာတစ်ခါမှမကြံဖူးတဲ့အခြေအနေကိုကြုံခဲ့ရလို့သူကိုယ်တိုင်လဲလျော့ဖြစ်သွားမှာပဲလေ ဒါကိုသမီးဘက်ကစိတ်ရှည်ရှည်လေးနဲ့စောင့်နေပေးရင်ကော သမီးပြောတဲ့အခြေအနေတွေထဲ သူသမီးကိုသိပ်ချစ်ပါတယ်ဆိုရင် သမီးရှေ့ကိုအရင်ကလိုပုံစံမျိုးပြန်ရောက်နိုင်ဖို့သူ့ကိုယ်သူပြန်တည်ဆောက်နေရတယ်လို့သဘောထားလိုက်ပါ သမီးကိုယ်တိုင်လဲသိတယ်မဟုတ်လား အတင်းအကြပ်လုပ်မိတဲ့အခါ ဘယ်အတိုင်းအတာထိဖြစ်နိုင်လဲဆိုတာမျိုးကို"

သူ့ဆီဒီကလေးမလေးကို သူ့အဖေဖြစ်သူလာပြတော့ အကောင်းတိုင်းရှိနေတဲ့လူကိုဘာကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့လာပြရသလဲပေါ့။ တဖြေးဖြေးစကားပြောကြည့်သည့်အခါမှ ထိုကလေးမလေး၏စိတ်ဒဏ်ရာတွေကိုတွေ့လာရတယ်။ တဖြေးဖြေးချင်းအဆင်ပြေလာပြီထင်ရပေမဲ့အခုတစ်ခေါက်ပြန်လေ့လာကြည့်သည့်အခါ အခြေအနေကအရင်နဲ့မတူပဲ လိမ္မော်ရောင်အဆင့်အနေအထားဖြစ်နေခဲ့တာ။ Green code အခြေအနေကိုပြန်ရဖို့အတွက်လိုအပ်နေတာ သူကိုယ်တိုင်နဲ့ ဒီကလေးမလေးပြောပြသည့် မိန်းခလေးနှင့်သက်ဆိုင်နေခဲ့သည်။ လူတစ်ယောက်ရဲ့နာကျင်မှုကိုသာယာမှုအနေဖြင့်ခံစားတက်တဲ့သူတစ်ယောက်ရဲ့အတွေးအာရုံကိုပျော့ပြောင်းအောင်လုပ်နိုင်တဲ့သူပဲလိုအပ်နေတာ။ အနည်းဆုံးသူပြောလိုက်တဲ့စကားလုံးတွေရဲ့အဓိပ္ပါယ်ကိုနားလဘ်သဘောပေါက်ပြီး စိတ်ကိုဖြေသိမ့်နိုင်ဖို့ပဲမျော်လင့်ပါတယ်။

"ဒယ်ဒီ သမီးနဲဲ့ဒီနေ့ညစာအတူစားမယ်နော်"

"ဟုတ်ဒယ်ဒီ အခုလောလောဆယ် ခဏလောက်တော့အနားယူချင်သေးတယ်"

လေးလေးပင်ပင်နှင့်အိမ်ပေါ်ကိုတက်သွားသည့်နိုဝယ့်ကိုဒယ်ဒီကြီးကမျက်စိတစ်ဆုံးကြည့်နေခဲ့သည်။

"ဆရာဝန်ကဘာပြောလဲ"

"အခြေအနေကအရင်ထက်နည်းနည်းပိုဆိုးလာတယ်ပြောပါတယ် ဒယ်ဒီကြီး"

"ဟိုမိန်းခလေးကိုကောရှာတွေ့ပြီလား"

"ဟုတ်ကဲ့သတင်းပေးပြောတဲ့သူအရဆိုရင်တော့ မကြာခင်မြန်မာပြည်ပြန်လာတော့မယ်ပြောပါတယ် နောက်ပြီးတော့ ဟို.."

ပြောနေရင်းစကားရပ်သွားသည့်အတွက် မျက်ခုံးများထိလုမတက်ဖြစ်ပြီးဘာလဲဆိုသည့်အကြည့်ကြောင့်ကျောချမ်းမိသွားပါတယ်။

"ဟို အဲ့နေ့ကအဖြစ်အပျက်ကြောင့် အဲ့ကောင်မလေး စကားမပြောနိုင်တဲ့အခြေအနေဖြစ်သွားပါတယ်တဲ့ ဒါပေမဲ့အခုတဖြေးဖြေးနဲ့ပြန်အဆင်ပြေလာပြီပြောပါတယ်"

"ဟုတ်ပြီသူ့ကိုလဲဆက်စောင့်ကြည့်ထားပါ သူ့သတင်းတွေကို moon စိတ်အခြေအနေပြန်ကောင်းလာမှပဲပြောပါ"

"ဟုတ်ကဲ့ပါဒယ်ဒီကြီး"

ဟိုငယ်စဥ်ကထဲကအရိပ်တစ်ကြည့်ကြည့်ဖြင့်စောင့်ရှောက်ခဲ့ရသည့်ခလေးဖြစ်၍ နိုဝယ်တောင်းဆိုတာမှန်မသမျှကို သူကိုင်တိုင်ဖြစ်စေတစ်ခြားသူတစ်ယောက်ဖြစ်စေမရရအောင်လုပ်ပေးခဲ့သည်။ ထိုအရာတွေကပဲ သူ့သမီးအပေါ်ချစ်ရာမကျပဲနစ်သလိုဖြစ်ခဲ့ရတာ။ ဒါပေမဲ့ သူ့အနေနဲ့တော့ ထိုကလေးလိုချင်တဲ့ပါးစပ်ကထွက်လာတဲ့ဘယ်အရာမဆိုသူမရရအောင်ဖန်တီးပေးမှာ။ ဒါက နိုဝယ့်အပေါ်ပါးစပ်နဲ့မဟုတ်ပါပဲနောက်ကွယ်ကနေသူ့ရဲ့သားသမီးအပေါ်ချစ်မြတ်နိုးမှုကိုဖော်ပြသည့်လုပ်ရပ်လို့သာမှတ်ယူထားပါသည်။

ဘယ်ဆရာဝန်ကမှ နိုဝယ့်ရဲ့စိတ်ကိုပျော့ပြောင်းအောင်မလုပ်နိုင်ခဲ့ပေမဲ့ အဲ့ဒီမိန်းခလေးက သူ့သမီးကိုနူးညံ့မှုတွေယူဆောင်လာပေးသည်တဲ့လေ။ ပတ်သက်ဖူးသည်ဘယ်သူမဆို ထိခိုက်နာကျင်အောင်လုပ်တက်တဲ့သူက ထိုမိန်းခလေးကိုတော့ပိုင်ဆိုင်ချင်ယုံသက်သက်ပါတဲ့။ သူနဲ့တောင်အပေးအယူလုပ်ခဲ့သည်အထိ ထိုမိန်းခလေးကိုအပွန်းအပဲ့မခံနိုင်ပါဘူးတဲ့လေ။ ဒါဘာကြောင့်လဲအဖြေရှာတော့ ချစ်မိသွားလို့ဖြစ်နိုင်ပါသည်ဟု ဆရာဝန်များ၏ကောက်ချက်ချမှုကြောင့် ထိုမိန်းခလေးကို သူကိုယ်တိုင်လဲတိတ်တဆိတ်စောင့်ကြည့်ခိုင်းခဲ့တာ။

ဘယ်လောက်ပဲခတ်ထန်နေပါစေ ထိုမိန်းခလေးအကြောင်းကြားရင်ကို လုပ်နေတဲ့ကိစ္စများကိုပါရပ်ပစ်နိုင်သည့်အထိ သူ့ရဲ့စိတ်ကိုထိန်းချုပ်နိုင်သည်အထိ ထိုမိန်းခလေးက သူ့သမီးအပေါ်သက်ရောက်မှုကြီးမားနေခဲ့တာ။ နိုဝယ်ရဲ့ စိတ်တစ်ဖတ်ခြမ်းက မှောင်မိုက်မှုတွေကိုထိုမိန်းခလေးသိရင်ဘယ်လိုတုံ့ပြန်လိမ့်မလဲဆိုတာတော့ သူအမှန်တကယ်သိချင်မိသည်။ အကယ်၍ ထိုမိန်းခလေးက ထွက်ပြေးဖို့ရွေးခဲ့လျှင် သူကိုယ်တိုင် နိုဝယ့်အနားမှာခြေချုပ်မိအောင်လုပ်မယ်ဆိုတာတော့အမှန်တကယ်သေချာသည်။

×

tbc

trollZ

Continue Reading

You'll Also Like

170K 4.4K 73
Hopefully people requests something to me to write about, if not than you only have the request page I guess. Edit: unless I made my own oneshots, wh...
18.4K 1.1K 16
ဘဝပေးအခြေနေကြောင့်အရမ်းရှုပ်ပွေတဲ့...ညို့ဆိုတဲ့ကောင်မလေးနဲ့ အေးစက်တည်ငြိမ်တဲ့သာသာဆိုတဲ့....သူငယ်ချင်းကောင်မလေးနှစ်ဦးရဲ့ချစ်ခြင်းလေး....ဟာ.....
1.1M 28.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
428K 23.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...