Hey ! You Have To Be My Husba...

By Eros_90

169K 7.7K 358

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 11 ( Uni )

3.2K 191 4
By Eros_90

အပိုင်း -၁၁

" အမှန်တရားကိုပြောနေတာလေ။ မင်းလဲသိနေတာပဲမဟုတ်လား။ ရှိန်းခေါင်းယံကိုပြန်မပြောပေမဲ့ မင်းကိုဆရာဝန်ကြီးတွေကပြောပြထားမှာပါ။ ထိရောက်တဲ့ကုသမှုမခံရရင် သူဘာဖြစ်သွားနိုင်တယ်ဆိုတာကိုပေါ့။ အဲလိုတွေကြောင့် မင်းပိုက်ဆံကုန်းရုန်းရှာနေတာလေ ။ ရှိန်းခေါင်းယံကို ဆေးကုဖိုအတွက် လိုတဲ့ပိုက်ဆံတွေရအောင်ပေါ့ "

" ခင်ဗျား ေ-ာက်ပါးစပ်ကိုပိတ် !!! "

ကိုယ်တစ်ယောက်ထဲသာသိသော ရှိန်းနှင့်ပတ်သက်သည့်သတင်းတွေကို သူစိမ်းတစ်ယောက်စီမှ ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ခြားစွာဖြင့်အော်ဟစ်လိုက်မိတော့၏။

*
*
*
*
*
*
*
*

" ရှိန်း ဒီပိုက်ဆံလေးတွေသိမ်းထားပေးအုံး "

ပေးလာသည့် တစ်သောင်းတန်ပိုက်ဆံတစ်ထပ်ကိုလှမ်းမယူသေးခင် အလင်းဆီနောက်တစ်ကြိမ်ပြန်ကြည့်မိသည်။ ဒီရက်ပိုင်းထဲမှာတင် ကိုယ့်ကိုပိုက်ဆံအပ်နေတာ ဒါနဲ့ဆိုသုံးကြိမ်မြောက် ။ တစ်ခါအပ်တိုင်း ငါးသိန်းအထက်မှာရှိသည်။ ဒီလောက်များသည့်ပိုက်ဆံတွေကို အလင်းဘယ်နေရာမှာရှာနေတာလဲ။ အခြားသူတွေရဲ့အလုပ်မှာ နေ့စားသဘောမျိုးအလုပ် လုပ်နေရသူဆီမှ ပထမအကြိမ်ပိုက်ဆံအများကြီးအပ်လာတုန်းကပျော်သွားရသည်။ နောက်ထပ်တစ်ကြိမ်နှင့်ယခုတစ်ကြိမ်မှာတော့ ပျော်သည့်စိတ်ထက် သံသယစိတ်ပိုများလာရလေတော့သည်။

ဒီလိုပိုက်ဆံတွေအများရှိရှာပေးနိုင်ဖို့ထက် အလင်းဘေးကင်းဖို့ပိုလိုအပ်သည်။ ကိုယ့်ရဲ့အုပ်ထိန်းသူနေရာမှာရှိနေသည့် အလင်းပေါ်မှာထားမိသည့်သံယောဇဉ်သည် အဖြူသက်သက်တော့မဟုတ်တော့ချေ။ ရစ်ပတ်တွယ်တာလာရသည့် ဒီကောင်လေးသည် ကိုယ့်အတွက်ကြောင့်နဲ့အများကြီးပင်ပန်းနေခဲ့ရပြီးပြီ။ သူအလုပ်မှပြန်လာတိုင်း ပိုက်ဆံတွေအများကြီးပါလာဖို့ထက် သူအလုပ်မှာဘေးကင်းစိတ်ချမ်းသာရှိစေဖိုကိုသာ လိုလားမိပါသည်။

" ရှိန်း ဘာတွေတွေးနေတာလဲ ၊ ပိုက်ဆံသိမ်းပေးထားအုံးလို့ပြောနေတာကို "

" မင်း ဘာတွေလုပ်နေတာလဲ အလင်း။ ဒီရက်ပိုင်းထဲ ဘာတွေလုပ်နေလို့ ပိုက်ဆံတွေအများကြီးရနေတာလဲ ငါသိမှဖြစ်မယ်။ မသိရရင် ငါယူမထားပေးနိုင်ဘူး "

" ရှိန်းရယ် အတွေးတွေများနေပြန်ပြီလားကွာ။ ငါဘာတွေလုပ်နေတယ်လို့ထင်နေလို့လဲ "

" ပုံမှန်မဟုတ်တဲ့အလုပ်မျိုးတွေ မင်းလုပ်နေတာလား "

ရှိန်းဆိုသည့်ကောင်လေးက သူသိချင်လာရင်ပြောပြမှရသည်။ မသိရရင် ပြဿနာရှာလို့ဆုံးမှာမဟုတ်တော့ချေ။

" ကဲပါရှိန်းရယ် မင်းအရမ်းသိချင်နေရင် ငါပြောပြမယ်ဟုတ်ပြီလား။ ငါအရင်လိုမျိုး ဟိုဟိုဒီဒီအလုပ်မျိုးတွေလိုက်မလုပ်တော့ဘူး။ လူတစ်ယောက်ဆီမှာ အလုပ်လုပ်နေတာ "

" ဘယ်သူ့ဆီမှာ အလုပ်လုပ်နေတာလဲ "

" မင်းဆေးရုံနောက်ဆုံးတက်ရတဲ့အချိန် ငါရန်ဖြစ်လာတယ်လေ။ အဲတုန်းက ငါနဲ့တစ်ဖက်ထဲရှိတဲ့သူဆီမှာ ။ အခုတော့ငါ့ရဲ့သူဌေးပေါ့ "

" မင်း သူနဲ့ဘယ်လိုအဆက်အသွယ်ရတာလဲ ။ သူ့ဘက်ကရော ဘာလို့မင်းကိုအလုပ်ပေးရတာလဲ "

" ငါ အကုန်ပြောပြပါမယ်ရှိန်းရယ် ။ သူနဲ့ဘယ်လိုအဆက်အသွယ်ရလဲဆိုရင် သူကငါ့ကိုလာရှာတာပါ။ ရန်ဖြစ်တဲ့အချိန်မှာ သူပြောခဲ့တယ် ။ ငါ့ကိုကူပေးရင်း မင်းလိုချင်တာအကုန်ပေးမယ်တဲ့ ။ အစက သူပြောတဲ့စကားကိုငါမယုံပါဘူး။ ကိုယ်တိုင်လဲ ရန်ပွဲကိုဝင်ပါဖို့စိတ်ကူးမရှိဘူး ။ အဲနေ့ထဲကငါပြောခဲ့တယ်လေ ။ မထင်မှတ်ပဲဝင်ပါသွားမိတာလို့ ။ အဲဒီအကျိုးဆက်အနေနဲ့ သူဌေးကသူ့ကိုငါကူညီခဲ့တယ်ဆိုပြီး လာရှာတယ်။နောက်ပြီး အလုပ်လဲပေးတယ် "

ပြောသမျှကိုငြိမ်ပြီးနားထောင်နေသည့် ရှိန်းသည် ကိုယ့်စကားတွေအပေါ် အလုံးစုံတော့ယုံကြည်ပုံမရချေ။

" ငါ့ကို မပြောပြခဲ့တဲ့အကြောင်းပြချက်ကဘာလဲ "

မင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကို မင်းပြန်ကြားရရင်အများကြီးဝမ်းနည်းရမှာစိုးလို့ပါဆိုသည့်စကားကို စိတ်ထဲမှသာဆိုလိုက်မိ၏။

" တမင်မပြောဘဲထားတာမျိုးမဟုတ်ပါဘူး ။ ငါပြောတာကိုယုံပေးပါလား ။ ငါ့အတွက်လဲ အရင်လိုပဲအလုပ်တစ်ခုကနေတစ်ခုပြောင်းလိုက်သလိုမျိုးပဲဆိုတော့ မပြောလိုက်မိတာ "

" ဟုတ်ပါပြီ ဒါဆိုမင်းသူဌေးက ဘာအလုပ်တွေလုပ်တာလဲ"

" အလုပ်တွေအများကြီးပဲ ။ အလုပ်တော်တော်များများကို ပြည်ပမှာအခြေစိုက်ပြီးလုပ်တယ်တဲ့ ။ ငါလဲ အကုန်လုံးတော့မသိသေးဘူး။ ပြည်တွင်းမှာလဲလုပ်ငန်းတွေရှိတယ်။ဒီမှာရှိတဲ့ သူ့အလုပ်တွေအတွက်ကို သူ့အနားမှာနေပြီး လက်တိုလက်တောင်းကူညီရတယ်"

" ဘာလဲ မင်းကိုသူ့အိမ်ကအလုပ်သမားတွေလို ခိုင်းနေတာလား "

ရှိန်းမေးလာပုံသည် ကိုယ့်အတွက်စိုးရိမ်နေပုံရ၏။

" မဟုတ်ပါဘူးရှိန်းရယ်။ သူ့ရဲ့ ဝေယျာဝစ္စကိစ္စတွေကိုလုပ်ပေးရတာမဟုတ်ပါဘူးကွာ ။ အလုပ်နဲ့ပတ်သက်တာပဲခိုင်းတာပါ။ ငါလဲသက်သာတယ်လေ။ အရင်လိုနေပူပူမိုးရွာရွာအလုပ်လုပ်နေစရာမလိုတော့ဘူး ။ သူ့အနားနေပြီး သူ့အလုပ်ကိုသင်တယ်။ ကူပေးတယ်။ အဲလိုမျိုးပဲလုပ်ရတာပါ "

ကိုယ် သက်တောင့်သက်သာအလုပ်,လုပ်ရတယ်ဆိုတာကိုသိသွားတော့ ရှိန်းပုံစံလေးက အနည်းငယ်စိတ်သက်သာရာရသွားသည့်ပုံပေါ်လေသည်။

" အင်းပါ မင်းအဆင်ပြေရင်ရပါပြီ "

" ငါတကယ်အဆင်ပြေပါတယ်။ အလုပ်အတွက်လဲ လခဆိုတာမျိုးထက်ပိုပြီးပေးတယ်ကွာ။ မင်းလဲတွေ့နေတာပဲ။ဒီလထဲ ငါပိုက်ဆံဘယ်လောက်စုနေမိလဲဆိုတာကို "

" ဒီလိုသိရတော့ ငါလဲစိတ်မပူရတော့ဘူးပေါ့ ။ ပိုက်ဆံတွေငါသိမ်းထားပေးမယ်။ မင်းအသုံးလိုရင်ပြန်တောင်းသုံး "

" မင်းပဲစုထားပါရှိန်းရယ်။ ငါသုံးစရာမရှိပါဘူး ။ မင်းကိုဆေးပြပေးချင်တယ်။ အရင်လို ခဏခဏဆေးရုံတက်စရာမလိုအောင် သေချာလေးဆေးပြပေးမယ်"

ထိုစကားကြောင့် ရှိန်း ငိုင်ခနဲဖြစ်သွားရင်း သူ့အရှေ့မှပိုက်ဆံတွေဆီ လှမ်းကြည့်နေလေသည်။

" ပင်ပန်းတော့မင်း ဖြုန်းတော့ငါဖြစ်နေပြီအလင်းရယ်"

ညည်းညူသလိုပြောလာသည့်စကားတွင် စိတ်မကောင်းဖြစ်နေသည့်ခံစားချက်တွေပါနေ၏။

" ကဲပါရှိန်းရယ် စိတ်မကောင်းဖြစ်မနေနဲ့ ။ ငါမင်းကိုနောက်ထပ်ဝမ်းသာစရာပြောဦးမယ် ။ ငါတို့အိမ်ပြောင်းရအောင်ရှိန်း"

" ဟင် ဘာလို့ပြောင်းမှာလဲ ။ ဒီမှာလဲအဆင်ပြေနေတာပဲဟာ။ နောက်ပြီး ငါဒီမှာရှိနေတော့ကြီးငယ်နဲ့ အတူရှိနေတယ်လို့ခံစားရတယ်အလင်းရယ်"

လင်းမြတ်လည်း ရှိန်းလက်လေးတွေကိုအသာဆုပ်ကိုင်လိုက်ပြီး

" ကြီးငယ်ကို ငါလဲသတိရတယ်ရှိန်း။ တကယ်ပြောတာ ။ငါ့ဘဝမှာအမေလို့ချစ်ရတဲ့ကြီးငယ်ကို ငါလဲသတိရတာပေါ့။ ဒါပေမဲ့ ကြီးငယ်ဒီလောကကြီးမှာမရှိတော့တာကို မင်းရောငါပါလက်ခံရမယ် ။ ကြီးငယ်ဆိုတာ ငါတို့နဲ့ဘဝခြားသွားပြီဆိုတော့ အတူရှိမနေနိုင်တော့ဘူး။ ငါတို့ကို နောက်ဆံမတင်းပဲစိတ်ချလက်ချထားခဲ့နိုင်တဲ့ကြီးငယ်က ကောင်းတဲ့ဘဝသစ်မှာပြန်လည်မွေးဖွားနေလောက်ပါပြီ ။သူ့ကိုငါတို့်ဆွဲမထားဘဲ လွှတ်ပေးလိုက်ရအောင်နော် ။ အဲလိုစိတ်မျိုးမွေးနိုင်မှ မင်းလဲစိတ်သက်သာရာရမယ်လေကွာ"

စကားအဆုံးတွင် ရှိန်းငိုလေပြီ။ ကိုယ့်ရဲ့ထွေးပွေ့ပေးခြင်းသည် ရှိန်းအတွက် စိတ်ဖြေသိမ့်စရာဖြစ်ကောင်းဖြစ်နိုင်ပါစေ။

" သူဌေးက ငါတို့အတွက် တိုက်ခန်းတစ်ခန်းပေးထားတယ်။ အဲမှာဆိုရင် မင်းအတွက်လဲ ငါပိုစိတ်ချထားလို့ရတယ်။ ပြောင်းနေရအောင်ကွာ။ နောက်ဆို ငါလဲအလုပ်ပိုများတော့မှာ။ နောက်တစ်ပတ်ကနေစပြီး သင်တန်းတွေစတက်ရတော့မယ်။ မင်းလဲဒီတိုင်းတစ်ယောက်ထဲနေပြီး  အတွေးများနေမှာထက်စာရင် ဘာသာစကားသင်တန်းလေးတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လဲ အခြားသင်တန်းလေးတွေတက်ပါလား။ အာရုံစိုက်စရာတစ်ခုခုရှိနေတော့ ဘေးကိုအာရုံမလွင့်တော့ဘူးပေါ့ "

" ငါ့အုပ်ထိန်းသူပြောသလိုပဲ လုပ်ပါ့မယ် ။ ဒါပေမဲ့ ဒီနေရာလေးကိုငါလွမ်းလာရင် ခဏတော့ပြန်လာပြီးကြည့်မယ်နော်။ ဒါလေးတော့ခွင့်ပြုပေး "

ဒီရပ်ဝန်းလေးကို ရှိန်းဘယ်လောက်တောင်တွယ်တာလဲဆိုတာကိုသိနေတော့ ယတိပြတ်ကြီးသံယောဇဉ်ဖြတ်လိုက်ဖို့ မတိုက်တွန်းရက်။ ကိုယ်တိုင်လည်း နာကျင်စွာချန်ထားခဲ့မည့် ရပ်ဝန်းလေးမို့ သတိရတဲ့အချိန်လေးတွေမှာ ခဏလောက်ပြန်လာပြီး အတိတ်ကပျော်စရာလေးတွေကို တူးဆွကြည့်ဖို့ခွင့်ပြုပေးလိုက်သည်။

" မင်း ဒီအိမ်လေးကိုလွမ်းတဲ့အချိန်ငါ့ကိုပြောလေ ။ ငါလိုက် ပို့ပေးမှာပေါ့ရှိန်းရယ့် "

" ငါ့အတွက်တော့ မင်းကအကောင်းဆုံးပဲ "

လိုချင်တာရသွားသည့်ကလေးငယ်တွေလိုမျိုး လက်မလေးထောင်ပြပြီး ပြောင်ချော်ချော်ပြောလာသည့်စကားကြောင့် လင်းမြတ်လည်း ရီမောလိုက်မိလေတော့သည်။

ပျော်ရွှင်ပါ ငါ့အပိုင်မဟုတ်တဲ့ ငါ့ရဲ့ သမုဒ္ဒယသစ္စာလေးရယ်။သံသရာကမလွတ်နိုင်သေးသမျှတော့ စွဲလမ်းခြင်းကိုပယ်ဖျက်နိုင်ဖို့ လမ်းပြခဲ့တဲ့တရားဓမ္မတွေကို ခေါင်းမာမာနဲ့မျက်ကွယ်ပြုထားပါရဲ့။ စွဲလမ်းခြင်းကို တဏှာနှင့်အရောင်မခြယ်ပဲ မေတ္တာနှင့်သာထုံမွှန်းပါ့မယ်။ ဒီအရိပ်ကြောင့် အေးပါစေ။ ဒီအရိပ်ကြောင့်ပဲ နွေးပါစေကွယ် ။

*
*
*
*
*
*
*
*

ဆိတ်ငြိမ်အေးချမ်းသည့်သီးသန့်နေရာတစ်ခုမှ တိုက်ခန်းဆီပြောင်းလာနိုင်သည့်အချိန်မှ လင်းမြတ်လည်းသက်ပြင်းချနိုင်တော့သည်။ တိုက်ခန်းဆိုသော်လည်း အဆင့်မြင့်တိုက်ခန်းမျိုးဖြစ်သည်။ ပတ်ဝန်းကျင်၏ အေးချမ်းတိတ်ဆိတ်မှုသည် ရှိန်းကျန်းမာရေးအပေါ် များစွာအထောက်အကူပြုပေးနိုင်၏။ ကြီးငယ်နှင့်အတူရှိနေခဲ့ဖူးသည့် ခြံဝန်းနှင့်အိမ်ငယ်လေးကိုမစွန့်ခွာချင်သော်လည်း ကြိုးစားထွက်ခွာလာခဲ့မိသည်။

အဆင့်အမြင့်ဆုံး အသုံးအဆောင်ဆိုတာမျိုးတွေကို ရှိန်းအတွက်ဖြည့်ဆည်းမပေးနိုင်သေးသည့်တိုင် ဖြေးဖြေးချင်းကြိုးစားပေးချင်မိ၏။ အထူးသဖြင့် ပတ်ဝန်းကျင်အသစ်တွင် ရှိန်း၏စိတ်တို့ကို အသစ်တစ်ဖန်ပြည်လည်ရှင်သန်စေချင်၏၊

ဒီလိုထားနိုင်ဖို့အတွက် လွယ်ကူစွာဆုံးဖြတ်ခဲ့ခြင်းတော့မဟုတ်ပေ။ လွန်ခဲ့သည့်လအတွင်း ကိုယ့်ဆီကို သူဌေးရောက်လာသည့်အကြောင်းကိုပြန်တွေးမိသွား၏။

ရှိန်း၏ရောဂါအကြောင်းတွေအထိစုံစမ်းထားနိုင်သူကို ဒေါသတကြီးအော်ဟစ်ဆဲဆိုမိ၏။ သူ့ကားကိုမောင်းလာသူက ဒေါသဖြင့်ဟန်တားခြင်းကိုပင် သူကတစ်ဖန်ပြန်ဟန့်နေသေး၏။ ကိုယ်ရုန့်ရင်းကြမ်းတမ်းစွာဆဲနေမိတာကိုပင် သဘောကျနေပုံရလေသည်။

" ကိုယ့်ကိုဆဲရဲတဲ့သူ မင်းတစ်ယောက်ပဲရှိတယ် " တဲ့။

ထို့နောက်မှာတော့ သူကစကားဆက်ခဲ့လေသည်။

" မင်းကိုလိုချင်တာတောင်းလို့ ကိုယ်အခွင့်အရေးပေးခဲ့တယ်နော်။ အဲတုန်းက မင်းကျကျန်ခဲ့တဲ့ဆေးတွေပဲပြန်ဝယ်သွားခဲ့တယ်။ အဲဒီအချက်ကို ကိုယ်သဘောကျမိတာပဲ။ မင်းမှာ ကျေးဇူးတရားကိုဗန်းပြပြီး အခွင့်အရေးရမယ်ဆိုရင် ရသလောက်ယူမယ်ဆိုတဲ့စိတ်မရှိဘူး ။ ကိုယ်ရှာနေတာမင်းလိုလူမျိုးဆိုတော့ နောက်ကြောင်းကိုနည်းနည်းစုံစမ်းလိုက်မိတာပါ "

နောက်ကြောင်းကို နည်းနည်းစုံစမ်းလိုက်မိတာပါဆိုသည်စကားကိုကြားရသည့်အချိန် စိတ်ထဲမှနောက်တစ်ကြိမ်ဆဲလိုက်မိသေး၏။ နည်းနည်းတဲ့လေ။ နောက်တော့သူ့ဆီမှာအလုပ်ဝင်လုပ်ဖို့်စကားဆိုလာသည်။ အကျိုးခံစားခွင့်တွေဟာ ကိုယ်သစ္စာရှိရင်ရှိသလောက်ရမှာဖြစ်ပြီး သစ္စာဖောက်ခဲ့ရင်လည်း တန်ရာတန်ကြေးရှိကြောင်းသတိပေးလာသေးသည်။

သူ့ဆီမှာအလုပ်လာလုပ်ဖို့ကိုပြောနေသည့် မကိုဋ်ထွဋ်ခေါင်ဆိုသူ၏အရှိန်အဝါသည် ပေါ့သေးသေးတော့မဟုတ်ချေ။ သူ့အနားကိုရောက်နေရသည့်အချိန် ကိုယ့်ကိုကိုယ်ပင် ပါမွှားလေးပါဆိုသည့်ခံစားချက်ဝင်လာရ၏။ နောက်တစ်ချက်အနေဖြင့် တပည့်တပမ်းတွေအများကြီးခြံရံနေထိုင်ပြီး သွေးအေးလွန်းသူသည် သာမာန်လူထဲကလူတစ်ယောက်တော့ မဟုတ်နိုင်တာကို လူပေါင်းစုံစရိုက်ပေါင်းစုံကြား ကျင်လည်နေရသည့်ကိုယ်က ကောင်းစွာလူကဲခတ်လို့ရသည်။

သေရဲတယ် သတ်ရဲတယ်ဆိုပြီးနှုတ်ဖွာနေသူတွေထက် အပြုံးမျက်နှာဖြင့် သွေးအေးသည့်စရိုက်ရှိသူတွေသည် ပိုပြီးကြောက်စရာကောင်းသည်။ ဒီလိုလူမျိုးနှင့် ပတ်သက်မိခြင်းသည် ပိုးဖလံမျိုးမီးကိုတိုးသလိုသာဖြစ်လေမည်။ လင်းမြတ်အတွက် ပိုက်ဆံတွေအများကြီး ချမ်းသာနေဖို့မလို။ ရှိန်းကိုဆေးကုဖို့အတွက်နှင့် ရှိန်းစိတ်ချမ်းသာအောင်ထားနိုင်လျှင်တော်ပြီ။ ဒါကြောင့်ပဲ မိုက်ရူးရဲမဆန်ဖို့ ကိုယ့်ကိုကိုယ်သတိပေးကာ ထိုလူ၏ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းပယ်ခဲ့သည်။

သို့သော် ထိုသူထပ်ပြီးပြောလာသည့်စကားကြောင့် လင်းမြတ်၏ဆုံးဖြတ်ချက်တို့အားလုံး ပြောင်းပြန်ဖြစ်သွားရလေသည်။

" လောကမှာ ဘာအရေးကြီးဆုံးလဲမင်းသိလား ငါ့ညီ။ ချစ်ခြင်းတရားလား။ မေတ္တာလား ။မဟုတ်ဘူး ငွေပဲ။မင်းမှာငွေရှိနေရင် ခက်ခဲတဲ့အရာတွေကလွယ်ကူသွားလိမ့်မယ်။ ကိုယ် လင်းမြတ်နဲ့ရှိန်းခေါင်ယံအကြောင်းကိုစုံစမ်းဖို့ နာရီပိုင်းပဲကြာတယ်။ ဘာလို့လဲသိလား ။ငွေလမ်းခင်းလိုက်လို့ပေါ့ ။ ပြောချင်တာက မင်းမှာသာပိုက်ဆံတွေအများကြီးရှိခဲ့ရင် မင်းစောင့်ရှောက်ရမဲ့သူကို ပိုပြီးပြည့်စုံအောင်ထားနိုင်မယ်။ မင်းကိုယ်မင်းလဲယုံကြည်မှုပိုတိုးလာစေမယ်။ ကိုယ့်ဆီလာပြီး ကိုယ့်အပေါ်သစ္စာရှိပေးနေမယ်ဆိုရင် အဲလိုပြည့်စုံမှုတွေ မင်းမတောင်းရပဲ ရစေရမယ်။ နောက်တစ်ချက်ပြောစရာရှိသေးတယ် ။ ဒါကတော့ဥပမာအနေနဲ့ပြောတာပါ။ ကိုယ့်ဆီကိုရောက်လာပြီး ကိုယ့်အပေါ်သစ္စာရှိသူတိုင်းက ကိုယ့်မိသားစုဝင်တွေပဲ။ ငါ့အလုပ်သမားတွေမို့ သေစရာရှိရင်မင်းတို့အရင်သေဆိုပြီး ထားခဲ့မဲ့သူမဟုတ်ဘူး။ နောက်ဆုံးအချိန်ထိ မင်းတို့နဲ့ကျောခြင်းကပ်နေမဲ့သူပဲ။ ငါ့မိသားစုဝင်တွေကိုထိလာမဲ့ အန္တရာယ်မှန်သမျှကနေလဲ ငါကာကွယ်ပေးမယ်။ ကုန်ကုန်ပြောမယ်ကွာ မင်းတို့လူသတ် လာမိရင် ငါအလောင်းဖျောက်ပေးမယ်။ မင်းတို့ဘက်က မှန်ကန်တဲ့အကြောင်းပြချက်မျိုးတော့ အမှန်တိုင်းပေးနိုင်ဖို့လိုတာပေါ့။ မင်းတို့သာမှန်နေရင် အဲလောက်အထိငါလုပ်ပေးနိုင်တယ် "

ထိုစကားတွေကိုကြားရသည့်အခိုက် လင်းမြတ်ရင်ထဲ ကျင်ခနဲဖြစ်သွားရသည်။ ဟုတ်သားပဲ။ ကိုယ့်မှာ ဘယ်သူမှတကူးတကပေးမထားသည့် သမိုင်းပေးတာဝန်တစ်ခုရှိနေသေးသည်။ ရှိန်းကို တစ်သက်လုံးစိတ်ဒဏ်ရာရစေခဲ့တဲ့သူကိုပြန်ရှာရမည်။ ကိုယ့်လက်ရှိအခြေအနေနှင့် ရှာရန်မလွယ်ကူ။ ထိုသူကိုပြန် ရှာပြီး လက်တုန့်မပြန်နိုင်သရွေ့ အားမတန်လို့မာန်လျှော့ထားရသည့် ရှိန်းသည်လည်း ဝမ်းနည်းစိတ်ဖြင့်ခံပြင်းနေလိမ့်မည်။
ကိုယ့်လိုလူအတွက် အမှီကောင်းကောင်းအရိပ်တစ်ခုရှိနေဖို့လိုအပ်လေပြီ။ ဒါမှရှိန်းအတွက် လက်တုန့်ပြန်နိုင်လိမ့်မည်။

ဒီလူကိုရွေးချယ်ပြီး ဒီလမ်းကိုလျှောက်မိလို့ နောက်ပြန်လှည့်မရတော့ရော ဘာအကြောင်းလဲ။ ရှိန်းသာမရှိရင် အစထဲကပင် သေမထူးနေမထူး ၊ ဘာသံယောဇဉ်မှ အမျှင်တန်းနေစရာမရှိတဲ့ကောင်။ ဒ်ီလိုလူက ရှိန်းအတွက်လက်တုန့်ပြန်ပေးချင်စိတ်နဲ့ အသူရာချောက်နက်နက်ထဲခုန်ချမည်ဆိုလျှင်တောင် သန်းခေါင်ထက်ညဥ့်မနက်တော့ပါ ။ ရှိန်းအတွက်လက်တုန့်ပြန်ပေးရလို့ ဒီလမ်းထဲနစ်မြုပ်နေရတော့မည်ဆိုလျှင် ရှိန်းကိုအမြင့်ဆုံးအနေအထားဖြင့်အတောက်ပဆုံးနေရာမှ တစ်ကိုယ်တည်းလင်းလက်စေမည်။ ကိုယ်ကတော့ အဝေးမှသာငေးကြည့်နေတော့မည်။

နောက်ဆုံးတွင် မကိုဋ်ထွဋ်ခေါင်၏အနားမှနေပေးဖို့ ဆုံးဖြတ်လိုက်၏။ ရှိန်းရေ! ငါရွေးချယ်ခဲ့တဲ့အရာတိုင်း မင်းကြောင့်မဟုတ်ရပါဘူးကွာ။ ငါ့စိတ် ငါ့သဘော ငါဆုံးဖြတ်ချက်သက်သက်ပါပဲ။ ပြန်ရလာမည့်အကျိုးဆက်တွေမှာတော့ မှန်နေရင် မင်းစံရပါစေ။မှားခဲ့ရင်တော့ ငါသာခံရပါစေ။ ငါချစ်ရတဲ့မင်းအပေါ်မှာ မကောင်းတဲ့အရာမှန်သမျှ မြူတစ်မှုန်တောင်မကျရစေပဲ ကိုယ်ရောစိတ်ပါနွေးထွေးလုံခြုံရှိပါစေ။ ငါအမြဲဆုတောင်းနေမိသလိုပါပဲ။ မင်းဘဝတစ်သက်တာလုံး ပူပင်မှုတွေကင်းဝေးပြီး ဒီအရိပ်ကြောင့် အေးပါစေ။ ဒီအရိပ်ကြောင့်ပဲ နွေးပါစေကွယ် ။

Eros_90

31.1.2024 ( ၈ နာရီ ၄၀ မိနစ် )
3.2.2024 Update ရှိ။

A/N - My Husband Hates Me ထဲကွယ်ဝှက်ထားတဲ့မကိုဋ်နဲ့ရှိန်းရဲ့အကြောင်းကို ဒီမှာပြန်တူးဆွမှာဆိုတော့ မကိုဋ်ရဲ့စိတ်နေသဘောထားတွေကို တွေ့ရမှာပါ။ မျှော်လင့်လို့ရတယ်လို့အာမတော့မခံသေးပေမဲ့ သက်ထက်ပန်လေးကိုလဲ ခဏလောက်ပြန်တွေ့ရမလားပါပဲ။

Continue Reading

You'll Also Like

1M 61.1K 58
❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lil...
286K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
29.8K 4.6K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
81.2K 2.5K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...