ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၁၈

499 43 0
By trollz22

ဏရီ့အဖေဖြစ်သူနှင့်တွေ့ပြီးတစ်ပတ်လောက်ကြာတော့ နေရောင်သွေးရှိတဲ့ ကုမ္ပဏီထိသူသွားတွေ့ခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပတ်လုံးလုံးမှာလဲ သူစိတ်ထင်နေတာကိုပိုသေချာအောင်စုံစမ်းခဲ့တယ်။ ဏရီနဲ့ပတ်သက်ရင် အဲ့ဒီလောက်ထိသူကရူးသွပ်နေပြီလေ။ ဏရီက သူ့ကိုထိခိုက်မည်စိုး၍အဆက်အသွယ်ဖြတ်ထားသည့်အချိန်မှာ တညတညကို အရက်နဲ့အဖော်ပြုနေရတာ ဏရီမှမသိပဲ။ သူ့ပုံစံကိုဏရီသာသိရင် ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေရမလဲ။ တနေ့တနေ့ ဏရီ့ကိုနောက်ကနေတိတ်တိတ်လေးလိုက်ကြည့်ရတာသူ့အတွက်အလုပ်တစ်ခုလိုဖြစ်နေခဲ့ပြီ။ ဒယ်ဒီကြီးသိရင်တော့အဆူခံရမှာသေချာပါသည်။ ရှိသမျှအလုပ်များကိုပြစ်ပြီး မိန်းမတစ်ယောက်အတွက်နဲ့အချိန်ကုန်ခံနေသည်ဟုဆူချင်ဆူနေမှာ။ မတက်နိုင် အခုချိန်မှာ သူသိတာ ဏရီနဲ့အမြန်ဆုံးပြန်နီးစပ်ပြီးတော့ ကျားတွင်းထဲကနေ ပြန်ကယ်တင်ဖို့ပါပဲ။

ဏရီသိလား အရာအားလုံးရဲ့အစက အဲ့ဒီ့နေရောင်သွေးဆိုတဲ့ လူကဖန်တီးခဲ့တာဏရီ။ ဏရီနဲ့ကျွန်မရဲ့ပုံတွေကို ဏရီ့အဖေသိအောင်ပို့ပေးခဲ့တာလဲသူပဲဏရီ။ သူ့အကြောင်းသေချာစုံစမ်းလေလေ နေရောင်သွေးဆိုတဲ့လူက အရမ်းရွံဖို့ကောင်းတဲ့သူဖြစ်နေတာဏရီ။ ဏရီနဲ့ကျွန်မ မသိခင်ကထဲက ဏရီသူ့ကိုမသိခင်ကထဲက ဏရီ့ဘေးနားမှာသူရှိနေခဲ့တာ။ ဏရီ့ဘေးနားကလူတွေဏရီဘေးကတစ်နည်းမဟုတ်တစ်နည်းနဲ့ထွက်သွားအောင်လဲ သူလုပ်ခဲ့တာတဲ့ဏရီရယ်။ ကျွန်မလေအဲ့ဒီ့အကြောင်းတွေအခုမှသိရလို့ ဏရီ့ကိုအားလဲနာမိတယ်။ စောစောကထဲကသာသိရင် နေရောင်သွေးဆိုတဲ့သူ ဏရီ့အနားမရောက်အောင်ကျွန်မလုပ်ခဲ့မိမှာ။ အခုတော့ နောက်ကျခဲ့ရတယ်ဏရီရယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ဏရီ။ ဏရီ့ဘေးမှာ ကျွန်မရှိနေသ၍ အဲ့လူ ဏရီ့ကိုမပိုင်ဆိုင်စေရဘူး။ ဏရီမှဲ့တစ်ပေါက်တောင်မစွန်းစေရဘူးဏရီ။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နေရောင်သွေးပါ ဘာကိစ္စများရှိလို့လဲခင်ဗျ"

"အဟင်း ဟန်ဆောင်မနေပါနဲ့ရှင် ရှင့်အကြောင်းတွေကျွန်မအကုန်သိပါတယ် ရှင်ဘယ်လိုမျိုးနဲ့ဏရီ့အနားချည်းကပ်ခဲ့တာကအစ အကြောက်းအရာအစအဆုံးကျွန်မသိပြီးပြီ နောက်ဆုံး ကျွန်မတို့နောက်ကိုနောက်ယောင်ခံလိုက်နေတာအဆုံးပေါ့"

ထိုသို့ပြောမှပဲ ထိုလူရဲ့မျက်နှာပေါ်မှအရယ်အပြုံးပျောက်သွားပြီး သူ့မျက်နှာပေါ်မှာခပ်ထန်မှုတွေအုပ်မိုးသွားလေတယ်။ ပြောပါတယ် ဒီလူက သိုးရေခြုံထားတဲ့ဝံပုလွေဆိုတာ။

"အဲ့တာဆိုလဲ နေရောင်သွေးဘာကောင်လဲဆိုတာသိပြီးသွားရင် ဏရီ့အနားကနေမင်းထွက်သွားလိုက်ပါ မင်းဘက်ကရှေ့ဆက်တိုးနေရင် ထိခိုက်မှာမင်းပဲနော်"

"သေချာရဲ့လား ကိုနေရောင်သွေး ကျွန်မကိုထိခိုက်အောင်လုပ်နိုင်မယ်ဆိုတာ ကျွန်မကတော့ရှေ့ဆက်တိုးနေမှာပဲ ကျွန်မထိခိုက်လဲဂရုကိုမစိုက်တာရှင်ရယ် ဂရုမစိုက်လို့တောင် ရှင့်ပိုင်နက်ထဲကိုတစ်ယောက်ထဲလာရဲတာပေါ့ အဟင်းဟင်း"

"ဏရီ့ကိုဘာတွေနဲ့မင်းဆွဲဆောင်ထားလဲမသိပေမဲ့ နောက်ဆုံးဏရီက ငါဆိုတဲ့ကောင်ကိုရွေးချယ်သွားတာပဲလေ မင်းဘယ်လိုပဲဝင်ဖြတ်နေပါစေ အခုဆို ဏရီကိုငါပိုင်ရတော့မှာမင်းအမြင်ပဲလေ"

"ဒါဆိုကျွန်မဘက်ကရှည်ရှည်ဝေးဝေးပြောစရာမလိုတော့ဘူးပဲ ရော့ဒီဖိုင်ကိုတစ်ချက်ကြည့်ကြည့်ပါအုန်း ဘာတွေလဲဆိုတာ"

စားပွဲပေါ်သို့သူယူလာတဲ့ ဖိုင်တစ်ဖိုင်ကိုပစ်တင်ပေးလိုက်ပါသည်။ နေရောင်သွေးကဘာတွေလဲဟူသောအကြည့်နှင့်ထိုစာရွက်စာတမ်းများကိုဖွင့်ကြည့်ပြီးနောက် ချက်ချင်းဆိုသလို သူ့အားမယုံသလိုကြည့်လာခဲ့ပြီး ဒေါသကိုထိန်းချုပ်ထားရတယ်ထင်ပါရဲ့ နားထင်ကြောတွေပါထင်းနေခဲ့ပြီးမျက်နှာကနီးမြန်းလာတာ။ လူတွေများမဟုတ်တာလုပ်ထားရင်ဒေါသသိပ်ကြီးတာကို။

"မင်းဒါတွေဘယ်ကရလာတာလဲ ငါတို့မိသားစုအကြောင်းကိုလိုက်စုံစမ်းထားတာလား မင်းကိုငါတော်တော်လျော့တွက်မိခဲ့တာပဲ"

"ဒါကတော့ ရှင်ထင်ချင်သလိုထင်ပါ ကျွန်မပြောချင်တာ ဏရီ့ကိုအေးအေးဆေးဆေးလွတ်ပေးလိုက်ပါ ဘာတစ်ခုမှမထိခိုက်စေပဲနဲ့ ဒါဆိုရှင်တို့လဲအရှက်တကွဲသိက္ခာကျမှာမဟုတ်တော့ဘူးလေ ရှင့်အဖေရဲ့နေရာမြဲချင်ရင်ရှင်စဥ်းစားပေါ့ရှင် အခုချိန်မှာရှင့်အဖေတို့လိုလူတွေခုံမပျောက်အောင်ထိန်းသိမ်းနေရတာမဟုတ်လား အော် ဒါတွေဖျောက်ဖျတ်ပစ်ရင်တောင် ကျွန်မမှာနောက်ထပ်ရှိသေးတယ်နော် ကဲဒါဆိုကျွန်မသွားပြီ ရှင်သေချာစဥ်းစားပေါ့ မိန်းမတစ်ယောက်အတွက်နဲ့ ရှင့်အဖေ ရှင့်မိသားစု ရှင်ကိုယ်တိုင် ထောင်ထမင်းစားပြီးသံတိုင်ကြားမနေချင်ရင်ပေါ့"

ထိုသို့ပြောပြီးနောက် နေရောင်သွေးကိုကျောခိုင်းထွက်လာတာအခန်းတံလားဝနားရောက်တော့ တံခါးလက်ကိုင်အားကိုင်ကဖွင့်ဖို့လုပ်တော့ အနောက်မှနေ နေရောင်သွေးဆိုတဲ့သူပြောသည့်စကားကြောင့်ရီမိသွားသေးသည်။

"ငါ့ကိုသာပြောတာ မင်းလဲမိန်းမတစ်ယောက်အတွက်နဲ့အခုလိုတွေလုပ်နေတာပဲလေ"

"ရှင်က ရှင့်ကိုမချစ်တဲ့သူကိုရှင့်ကိုယ်ရှင်ချစ်တဲ့အတ္တနဲ့ရှင့်အနားမှာထားချင်တာ ကျွန်မက ကျွန်မချစ်တဲ့သူကို တစ်ချက်ကလေးတောင်စိတ်အငြိုအငြင်မခံရအောင်မထိခိုက်ရအောင်လုပ်ပေးတာ အကွာကြီးပါ ကဲသွားပြီ"

အခန်းတံခါးမပိတ်ခင် ကျယ်လောင်တဲ့တောက်ခေါက်သံကိုကြားလိုက်ရသည့်အတွက် သူကတော့ကျေနပ်သွားရသည်။ ရှင့်လိုလူမျိုးက ကျွန်မကိုဘယ်တော့မှမှီမှာမဟုတ်ပါဘူး။ နေရောင်သွေးစီကအပြန် သူ့ကွန်ဒိုကိုဝင်ကာ စိတ်လန်းဆန်းအောင်ရေအရင်ဝင်ချိုးလိုက်ပါသည်။ ထို့နောက် ဏရီ့ဆီသို့။

ဏရီ့ကိုအံသြသွားစေရန်အလို့ငှာ ဏရီ့ကိုအကြောင်းမကြားပါပဲ ဏရီ့အတွင်းရေးမှုးကိုသာဖုန်းဆက်ပြီးဏရီအားမည့်အချိန်ကိုမေးကာ ဏရီ့အခန်းသို့ရောက်ရှိလာခဲ့လေသည်။ ဏရီသူ့ကိုတွေ့လျှင်ဘယ်လိုအမှုအကာများဖြစ်သွားလေမလဲ။

knock knock

"ဝင်ခဲ့ပါ"

"အဟင်း ကိုယ့်ချစ်သူလာတာတောင် မကြည့်တော့ဘူးလားဏရီရဲ့"

"ဟင် နိုဝယ် ဒီကိုဘယ်ကနေဘယ်လို တစ်ယောက်ထဲလား ဘယ်လိုရောက်တာလဲ ကြည့်ပါအုန်းမျက်နှာလေးချောင်သွားလိုက်တာ အစားကောသေချာစားရဲ့လား"

ချက်ချင်းပင် laptop ကိုမျက်နှာချင်းဆိုင်ကြည့်နေတဲ့ဏရီကသူ့အသံကြောင့်ခေါင်ထောင်လာပြီးနောက် လုပ်လပ်စများကိုရပ်တန့်ပြီး သူ့အနားသို့ရောက်ရှိလာလေသည်။ သူ့ကိုသာစိတ်ပူတဲ့အကြောင်းတွေပြောနေခဲ့တာ။ ဏရီကိုယ်တိုင်သည်လဲ မျက်နှာလေးပိတ်သွားခဲ့တာတော့သူသိရဲ့လား။

"ကျွန်မကအဆင်ပြေပါတယ်ဏရီ့ရဲ့ ဏရီကောဒီရက်ပိုင်းအဆင်ပြေရဲ့လား"

"တို့ကအဆင်မပြေလဲပြေအောင်နေရတာပဲလေနိုဝယ်ရဲ့ တို့အဆင်မပြေသလိုလုပ်နေရင် နိုဝယ်ဘယ်စိတ်ကောင်းပါ့မလဲအဲ့တာကြောင့်အဆင်ပြေအောင်နေနေပါတယ် ဒါနဲ့အခုလာတာဘယ်ကနေဘယ်လို"

"ရှူး..အဲ့တာတွေနောက်မှမေးပါလား အခုကျွန်မ ဏရီ့ကိုလိုအပ်နေတာ ဖတ်ပေးပါအုန်းကျွန်မကို လွမ်းနေရတာဒီအငွေ့အသက်လေးတွေကို"

ရုံးခန်းဆိုဖာပေါ်မှာ ဏရီ့ကိုဘေးတစ်စောင်းအနေအထားဖြင့်ဖတ်ထားခဲ့ပြီးဏရီသည်လဲ နိုဝယ်အားပြန်လည်ဖတ်တွယ်ထားခဲ့သည်။

"တို့လဲမင်းကိုအများကြီးလွမ်းနေခဲ့တာ တောင်းပန်ပါတယ် တို့မင်းကိုတစ်ယောက်ထဲဖြစ်စေခဲ့မိတယ် မင်းကိုမထိခိုက်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တို့မင်းကိုပြစ်ထားခဲ့မိသလိုဖြစ်သွားခဲ့ရင်"

တလအတွင်းမှာ ဏရီဘယ်လိုဖျတ်သန်းနေရလဲဆိုတာသူနောက်ကအမြဲလိုက်ကြည့်နေခဲ့တာသိတာပေါ့။ ချစ်သူနဲ့မိသားစုကြားမှာနေနေရတဲ့ဏရီ့အဖြစ်ကိုသူမကြည့်ရက်တော့လို တဖြေးဖြေးချင်းလုပ်ရမဲ့ကိ​စ္စတွေကိုတစ်လအတွင်းမဖြစ်ဖြစ်အောင်အပြီးလုပ်နေရတာ။ ဒါပေမဲ့အခုချိန်မှာတော့ ထိုမတွေ့ရတဲ့ရက်တွေအတွက်အတိုးချပြီးဏရီ့အနားနေတော့မည်။

"ဏရီ ကျွန်မကိုချစ်လားဟင်"

"ချစ်တာပေါ့နိုဝယ်ရဲ့ တို့မင်းကိုအများကြီးချစ်တာ"

"ဒါဆို ဏရီ့ကိုကျွန်မဒီညပိုင်ဆိုင်လို့ရမလားဟင် ဏရီ့ကိုကျွန်မပိုင်ဆိုင်ချင်တယ်"

ပြုံးပြုံးလေးနှင့်သူ့အားကြည့်ပြီးခေါင်းငြိမ့်လိုက်သည့်ဏရီ။ ဘယ်လိုလုပ်မလဲ ကျွန်မကပိုင်ဆိုင်ပြီးရင် တစ်ခြားသူလာကြည့်မှာတောင်မကြိုက်တဲ့လူစားမျိုးဆိုတော့ ဏရီ့ကိုဘယ်နားသွားဖွတ်ထားရပါ့မလဲဏရီရယ်။

ဏရီ့ကွန်ဒိုအိပ်ခန်းအတွင်းမှာ အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်နှစ်ခုက ဏရီနဲ့နိုဝယ်ဖြစ်ပါသည်။ လူတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတက်သည့်နိုဝယ်က ဏရီ့ကိုတော့ အပွန်းအပဲ့တောင်မခံနိုင်ပါ။ ဏရီ့ခန္ဓာကိုယ်ပေါ်က အနီရောင်အမှတ်အသားများက ဏရီ့အားသူပိုင်ကြောင်းသက်သေပြနေသည်။ သူဖန်တီးသမျှကို ဘာတစ်ခွန်းမှမဆိုသာပဲ သူချစ်ပေးတာကိုသာငြိမ်ခံနေသည့်ဏရီ့ကြောင့် သူလုပ်နေသည့်အရာများကိုမရပ်တန့်နိုင်ပါ။ လည်ပင်းအကြောတွေပါမြင်နေရသည့်ဏရီ။ သူ့အပြုအစုအောက်မှာ ကူကယ်ရာမဲ့နေတဲ့ဏရီ့ကိုကြည့်ပြီးသူ့စိတ်ကိုမနည်းထိန်းချုပ်ထားရသည်။ ဏရီ့ကိုသူပိုင်ဆိုင်ချင်တာ ရမ္မတ်မပါခဲ့ပါ။ ဏရီ့ကိုသာယာမှုသာပေးလိုသည်။ ဏရီ့ကိုနာကျင်မှုများမပေးလို။ သူကတစ်ခြားသူတွေအတွက်တော့ နတ်ဆိုးတစ်ကောင်လိုကြမ်းတမ်းနေပါစေ ဏရီ့အတွက်တော့ သူပြုစုယုယမှုများကဖဲသားကဲ့သို့နူးညံ့စေရမည်။

ဏရီ့ကိုထိုသို့ဖြစ်အောင်လုပ်နိုင်တာသူဆိုတဲ့အသိစိတ်နဲ့တင်ကျေနပ်စိတ်ကမရပ်တန့်နိုင်ခဲ့ပါ။ ဏရီသိလား ဏရီ့ကိုစချစ်မိတဲ့နေ့ကစပြီး ဏရီ့ကိုပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ကမရပ်တန့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ဏရီသိလား ဏရီ့ကိုတစ်ခြားသူမပြောနဲ့ ကိုယ်တိုင်တောင်ပွန်းပဲ့ဒဏ်ရာသေးသေးလေးကအစ အဖြစ်မခံနိုင်ဘူးဏရီ။ ဏရီ့ကိုထိခိုက်အနာတရဖြစ်အောင်လုပ်မိတဲ့သူက ကျွန်မကိုယ်တိုင်ဖြစ်နေခဲ့ရင်ကျွန်မကိုယ်ကျွန်မအပြစ်ပေးမှာ။

အားအင်ကုန်ခမ်းသွားတဲ့ဏရီ့ကိုကြည့်ပြီးသူသဘောကျနေမိသည်။ စည်းချက်အလိုက်ဏရီ့အသက်ရှုသံကိုနားထောင်ရင်းသူပါဏရီနှင့်အတူအပန်းဖြေအိပ်စက်အနားယူခဲ့ပါသည်။ ဖြစ်နိုင်ရင် ဏရီနှင့်အခုလိုအချိန်မျိုး၌သာရပ်တန့်ထားစေလိုသည်။ ဏရီ့စိတ်ထဲအတွေးထဲဘယ်အရာမှဝင်မလာစေပဲ သူ့တစ်ယောက်ထဲသာဏရီလိုအပ်နေသည့်အချိန်၌သာရပ်တန့်ထားစေလိုပါသည်။

×

tbc

trollZ

Continue Reading

You'll Also Like

969 86 10
တတိယမြောက် ficတစ်ပုဒ်ပါ။ နေရီ့ရဲ့ ဇာတ်လမ်းတွေက အငြိမ်လေးနဲ့ ချစ်ခြင်းမေတ္တာကို အဓိကထားပြီး ဖော်ပြရေးသားတာမို့ တစ်ချို့ အလင်းရောင်မကြိုက်တဲ့သူတွေအတွက်...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.8K 141 19
🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါ‌ကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်‌...