ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၁၇

503 47 0
By trollz22

စာပွဲ ခုံပေါ်က stick တစ်ခုနှင့် ဖိုင်တစ်ခုကိုကြည့်ရင်း စဥ်းစားခန်းဖွင့်နေမိသည်။ ဘယ်သူ့ဆီကို ဒီဖိုင်များအရင်ပို့သင့်ပါသနည်း။ လက်စားနေတဲ့ ပြည်ထဲရေးဝန်ကြီးကိုလား။ ဒါမှမဟုတ် အာဏာလိုချင်တဲ့ ဦးဥာဏကျော်ဆီသို့လား။

ခရီးကပြန်ရောက်ပြီးကထဲက ဏရီနှင့်မတွေ့ဖြစ်တာ သုံးရက်ကြာပြီဖြစ်သည်။ သူကိုယ်တိုင်လဲ ဏရီ့ကိုအလုပ်များမအားသေးလို့ဟုဆိုကာသွားမတွေ့ပဲနေခဲ့တာ။ ဏရီပေးထားသည့်လက်စွပ်လေးအားချွတ်ကာ ထိုစားပွဲပေါ်မှဗူးထဲအသာထည့်ပြီးနောက် ထိုနေရာမှထွက်လာခဲ့လေသည်။

မနတ်ဖြန်ဆို ဏရီနဲ့နေရောင်သွေးရဲ့စေ့စပ်ပွဲ။ သူသွားကာအားပေးသင့်သလား။ ဒါမှမဟုတ် ညတွင်းချင်းပွဲဖျတ်သင့်သလား။ ဒါပေမဲ့ ဏရီ့သိက္ခာရှိနေ၍ ထိုသို့လုပ်လျှင် ဏရီ့ကိုမထိခိုက်နိုင်ပါဘူးဟူ၍မပြောနိုင်ပါ။ အနည်းဆုံးတော့ နေရောင်သွေးမိသားစုနောက်ခံကြောင့် ဏရီ့စီးပွားရေးထိခိုက်နိုင်မည်ဆိုတာတော့သူသိသည်။

ညဘက်ဏရီ့အိမ်ဘက်သို့ကားမောင်းသွားလိုက်ပြီးနောက် ဏရီ့အခန်းကိုမြင်ရသည့်နေရာနားလောက်မှာကားကိုရပ်ပြီး ဏရီ့အားတွေ့ရလေမလားဟုစိတ်အထင်နှင့်ကြည့်နေမိတာအချိန်တစ်ခုကြာ။ ပိတ်ထားသည့်ဖုန်းကိုဖွင့်လိုက်လေတော့ ဏရီဆီမှ ခေါ်ဆိုထားသော miss call များနှင့် message ပေါင်းများစွာ။ ဘယ်လောက်လွမ်းနေကြောင်း။ ဖြစ်နိုင်ရင်ထွက်ပြေးချင်ကြောင်း စာလွှာများ။

ဏရီရယ် ကျွန်မက ရှင့်ကိုကောင်းကောင်းမွန်မွန်နဲ့ပဲလိုချင်တာ အဲ့လိုခိုးယူရမှဆို အရင်ကထဲကရှင့်ကိုပိုင်တာဖြင့်အချိန်ကြာလှပြီပေါ့။ ရှင့်မျက်နှာလေးညိုးနေရင်တောင် ကျွန်မလေ ကျွန်မစိတ်တောင် ကျွန်မအစိုးမရဘူးဏရီရယ်။ တနေ့တနေ့ ဆေးနဲ့ရမ္မတ်ကိုအဖော်ပြုပြီးနေနေတဲ့ကျွန်မကို ရှင်များသိသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့ ရှေ့ဆက်မတိုးရဲဘူးဏရီ။ ကျွန်မ ရူးလောက်အောင်ရှင့်ကိုချစ်နေမိပြီထင်ရဲ့။ ကျွန်မအကြောင်းတွေအကုန်သိသွားခဲ့တဲ့အချိန်တစ်ခုရှိလာခဲ့ရင် မချစ်တော့ရင်တောင် မုန်းတော့မမုန်းလိုက်ပါနဲ့ဏရီ။ ကျွန်မကိုရှင်တစ်ခါမုန်းတယ်ပြောရင် ကျွန်မဘာတွေလုပ်မိမယ်ဆိုတာမခန့်မှန်းနိုင်လို့ပါ။

တီတီ။ တီတီ။ တီတီ။

အခုပဲစက်ဖွင့်ထားတဲ့ဖုန်းလေးရဲ့ screen မျက်နှာပြင်မှာပေါ်နေသည့်နာမည်က ချစ်ရတဲ့ဏရီ ပါတဲ့။

"ဟယ်လို"

"ဟယ်လို နိုဝယ် တို့ခဏခဏဖုန်းဆက်တယ် ဒါပေမဲ့ဖုန်းကပိတ်ထားတာ အခုများဝင်လို့ဝင်ငြား ဆိုပြီးဆက်ကြည့်တာ တော်သေးတာပေါ့ အလုပ်တွေပြီးသွားပြီလားဟင် တို့လေ နိုဝယ့်ကိုအများကြီးလွမ်းနေတာ နိုဝယ့်အိမ်ကိုသွားပေမဲ့အခန်းကသော့ခတ်ထားတော့ တို့လဲလိုက်မရှာတက်ဖြစ်နေရတာ အခုကော ဘယ်မှာလဲဟင် တို့နဲ့ခဏလောက်ဖြစ်ဖြစ်တွေ့မလားဟင် တို့လာခဲ့မယ်လေ"

"ဖြေးဖြေးမေးပါ ဏရီရဲ့ ကျွန်မထွက်မပြေးပါဘူး ခဏလောက်တွေ့ချင်ရင်တော့ ဝရံတာဘက်ထွက်ခဲ့လေဏရီ"

"ဟယ် ည၁၁နာရီတောင်ကျော်နေပြီလေ ခဏလေး တို့ဆင်းလာခဲ့မယ် အဲ့မှာစောင့်နေနော်"

"ဟင့်အင်း မဆင်းလာနဲ့ဏရီ အဲ့ဒီနားမှာပဲနေ ဏရီ့ကိုကျွန်မမြင်နေရပါတယ် တကယ်လို့ဏရီသာအနားလာရင် ကျွန်မ ဏရီ့ကိုကားတင်ပြေးမိတော့မှာ အဲ့လိုမလုပ်ချင်ဘူးဏရီ ဏရီ့သိက္ခာကိုတော့ ကျွန်မထိခိုက်ခံနိုင်မှာမဟုတ်ဘူး ဒါကြောင့် မနတ်ဖြန်အတွက်ပဲ ဏရီစိတ်ထည့်ထားပါ ဏရီကျွန်မကိုချစ်တယ်မဟုတ်လား"

ဏရီကဖုန်းပြောရင်း ဝရံတာမှာဟိုရှာဒီရှာ ရှာနေပေမဲ့ နိုဝယ်က ကားကိုဏရီမမြင်နိုင်လောက်တဲ့နေရာမှာရပ်ထားလေတော့ သေချာမြင်နိုင်မည်မထင်။ နောက် ဏရီကနိုဝယ့်ကားကိုလဲမမြင်ဖူးဘူးလေ။ အကယ်၍ မြင်ရင်တောင် ဏရီသိနိုင်မည်မဟုတ်ပါ။အကယ်၍ မြင်ရင်တောင် ဏရီသိနိုင်မည်မဟုတ်ပါ။

"တို့မင်းကိုအများကြီးချစ်တယ် တို့ကိုစောင့်နေပေးနော်"

"ကျွန်မစောင့်နေပါတယ်ဏရီ ကျွန်မလဲရှင့်ကိုချစ်တယ်"

မနတ်ရောက်တော့ မျက်နှာသိပ်မရွင်သည့် ဏရီ့ကြောင့် ညဘက်အိပ်ရေးပျက်ထားသည်လားဟု မာမီကမေးမြန်းသလိုလုပ်နေပြန်သည်။ သူမလုပ်ချင်တဲ့ပွဲကိုလက်ခံရတယ်ဆိုတာ မာမီသိရင်ဘယ်လိုထင်နိုင်မည်နည်း။ စေ့စပ်ပွဲဟုဆိုသော်ငြားလဲ အသိမိတ်ဆွေများအား တရားဝင်လူသိရှင်ကြားအသိပေးလိုက်သည်ဆိုပိုမှန်မည်။

ဟိုတယ်ဖြစ်၍ ဖိတ်ကြားသူများမဟုတ်ပါပဲ အပြင်ကနေ တခြားသူများလဲဝင်ထွက်နိုင်၍ ဏရီ့အား နိုဝယ်အဝေးကနေလာကြည့်သည့်အခါ မျက်နှာလေးမရွင်သည်ကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရသည်။ ခဏပဲစောင့်ပေးပါဏရီရယ် ကျွန်မရှင့်ကိုဒီအသိုင်းအဝိုင်းကနေဆွဲထုတ်ပေးပါ့မယ်။

ဏရီနဲ့အဆက်အသွယ်ဖျတ်ထားခဲ့ပေမဲ့ ဏရီ့ကိုအချိန်ပြည့်သူစောင့်ကြည့်နေခဲ့သည်။ စေ့စပ်ပွဲပြီးလို့ နေရောင်သွေးက ဏရီ့အားမကြာခင်ပိုင်ဆိုင်ရမည်ဆိုပေသိ လက်ထပ်ပွဲမဖြစ်အောင် ဏရီ့အလွန်မဖြစ်အောင် ဏရီမထိခိုင်အောင်သူလုပ်ရမည်။

ဏရီတို့အိမ်ခြံတံခါးရှေ့ရောက်တော့ ဟွန်းတစ်ချက်တီးကာအသံပေးလိုက်တော့ခြံစောင့်ကောင်လေးကလာဖွင့်ပေးသည်။ ဒီလိုအချိန် ဏရီအိမ်မှာမရှိပဲအလုပ်သွားတက်တာကိုသူသိနေသည်လေ။ ဒီအချိန်က ဏရီ့အဖေနှင့်အပေးအယူလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်နေတာကို။

"ဘယ်သူလဲမသိဘူး"

"ကျွန်မ နာမည် နိုဝယ်ပါ ဦးဉာဏကျော် နဲ့တွေ့ချင်လို့ပါအန်တီ"

"အော် အဲ့တာဆိုခဏလောက်တော့စောင့်ပေးအုန်းနော်သမီးလေ အန်တီသွားပြောပေးမယ်"

မကြာပါ ဏရီ့အမေအခန်းတစ်ခုထဲမှပြန်ထွက်လာပြီးနောက် သူ့အား ခုနကသူဝင်သွားသည့်အခန်းရှေ့ကိုလိုက်ပို့လေသည်။ ထို့နောက်သူလဲထိုအခန်းထဲဝင်သွားတော့ ဏရီ့အဖေကသူ့အားမျက်ခုံးပင့်ကြည့်လေသည်။ သူကိုယ်တိုင်လဲ ဏရီ့အဖေအားအကြည့်မလွဲခဲ့ပါ။

"မင်းကဘာကိစ္စရှိလို့ ဒီအိမ်ထိရောက်လာရသလဲ"

"ဘာကိစ္စလဲဆိုရင် ဏရီ့ကိစ္စပဲပေါ့ အန်ကယ်ရဲ့ ကျွန်မတို့ကြားမှာ တွေ့ဖို့ဆိုတာ ဏရီ့အကြောင်းပဲရှိတာလေ"

"မင်းကအလာကြီးပါလား အတင့်ရဲလိုက်တာ"

"အဟင်းဟင်း ကျွန်မကအတင့်ပဲရဲတာပါ အန်ကယ့်လိုတော့ မိဘဆိုတဲ့အာဏာကိုအလွဲသုံးစားလုပ်တာမျိုးတော့မလုပ်တက်ပါဘူးနော် ဒါပေမဲ့ အန်ကယ်ကအဲ့လိုလူမျိုးဆိုတော့လဲ ကျွန်မကလဲ အန်ကယ်နဲ့တန်းတူပြောရတော့မှာပေါ့ ဒီဖိုင်ထဲမှာ အန်ကယ်လိုချင်တဲ့ အစိုးရခေါင်းပိုင်းတွေရဲ့ ငွေကြေးအရှုပ်အရှင်းတွေ ငွေဖြူငွေမဲတွေအကြောင်းကော အန်ကယ်သမက်တော်ချင်နေတဲ့မိသားစုရဲ့အကြောင်းပါအပြည့်အစုံပါပါတယ် အကယ်၍ အန်ကယ်သာ ဏရီ့ကိုအန်ကယ့်ထိန်းချုပ်မှုအောက်ကနေ လွတ်ပေးမယ်ဆိုရင် အန်ကယ်ဘယ်တော့မှရှာမတွေ့နိုင်တဲ့ဒီစာရင်းတွေက အန်ကယ့်လက်ခုပ်ထဲကရေဖြစ်သွားမှာပါ"

ဦးဉာဏကျော် ၏မျက်လုံးထဲ၌ အရောင်များလဲ့သွားသည်ကိုမြင်လိုက်ရသည်။ ဒါပဲလေ သူလိုချင်တာ။ ဦးဉာဏကျော်လိုချင်တာ ဘယ်လိုနေရာလဲဆိုတာသူသိတာပေါ့။ ဒါကြောင့်ပဲ သေချာစုံစမ်းခိုင်းခဲ့တာ။ ဘယ်သူမှမစုံစမ်းနိုင်တဲ့အကြောင်းအရင်းတွေကို ဒယ်ဒီ့အကူအညီနဲ့သူရအောင်ရှာဖွေခဲ့တာ။

"အန်ကယ်ကလက်မခံရင်ကော မင်းဘက်ကဘာလုပ်နိုင်မှာမို့လို့လဲ အန်ကယ်ကမင်းစကားကိုလွယ်လွယ်နဲ့ယုံမဲ့သူပုံပေါက်နေလို့လား"

"အန်ကယ်ယုံတာမယုံတာကတော့အန်ကယ့်အပိုင်းပါ လာမဲ့ရွေးကောက်ပွဲမှာ ဘယ်သူက သမ္မတဖြစ်နိုင်လဲဆိုတာအန်ကယ်ရိပ်မိမှာပါ သူ့ကိုထောက်ပံ့ချင်နေတာကျွန်မသိတယ် အဲ့တာကြောင့် အပေးအယူလုပ်ဖို့ဒီနေ့ဒီနေရာကိုလာခဲ့တာ"

"မင်းကို လျော့တွက်ထားခဲ့မိတာပဲ ဟိုတလောက ဓာက်ပုံကိစ္စကကောမင်းလက်ချက်ပဲလား"

တကယ်ဆိုအဲ့ဓာက်ပုံကိစ္စကိုလဲသူစုံစမ်းနေခဲ့တာပါ။ တလောက ကွန်ဒိုမှာ ဏရီနဲ့ဝရံတာထွက်နေတုန်း သူတို့နှစ်ယောက်ပုံကို ချောင်းရိုက်နေတာသူသိသည်။ တမင်ဂရုမစိုက်လို့သူတို့လိုချင်တဲ့မြင်ကွင်းဖြစ်အောင်ဖန်တီးပေးလိုက်တာ။ ဘယ်သူဘယ်ဝါဆိုတာကိုသူသိခဲ့လိုက်ရတော့ စိတ်ပျက်ခြင်းနှင့်ရောထွေးခြင်းကိုပါတပါထဲခံစားလိုက်ရသေးသည်။ ယခု ဏရီ့အဖေနဲ့ကိစ္စပြီးလျှင် ထိုကိစ္စနှင့်ပတ်သက်၍လဲရှင်းရအုန်းမည်ပင်။

"ဟင့်အင်း အဲ့တာကျွန်မမသိဘူး ဏရီပြောမှကျွန်မလဲသိရတာ သေချာတာ အန်ကယ့်ကိုအကြပ်ကိုင်ချင်တဲ့သူရှိလို့နေမှာပေါ့ အဲ့တာထားပါ အခုကျွန်မသိချင်တာကတစ်ခုထဲပါ အကယ်၍ အန်ကယ်ကလက်မခံနိုင်ဘူးဆိုရင်လဲ အပေးအယူမလုပ်ယုံပေါ့ ဒါပေမဲ့ အန်ကယ်ငြင်းလိုက်တာနဲ့ မနတ်ဖြန် သတင်းခေါင်းစဥ်က အန်ကယ့်အကြောင်းဖြစ်သွားလိမ့်မယ်ဆိုတာတော့အာမခံတယ် ဒီမှာ ဒီstick ထဲမှာ အန်ကယ် ဘယ်လိုမျိုး ဒီနေရာထိရောက်အောင်လုပ်ခဲ့လဲ ဘယ်လိုမျိုးလူတွေကိုခေါင်းပုံဖြတ်ခဲ့လဲဆိုတာပါအစမှတ်တမ်းတင်ထားတယ် ဒါတွေ ဏရီသိသွားခဲ့ရင် ဏရီ့ရဲ့အန်ကယ့်အပေါ်လေးစားမှုတွေကနေ့ချင်းညချင်းဖောက်ခနဲပျောက်ကွယ်သွားမယ်ဆိုတာအန်ကယ်သိထားပေးပါ"

"မင်းကငါ့ကိုခြိမ်းခြောက်နေတာပဲကွ အပေးအယူဆိုတာ အပိုတွေပဲ"

"ဆိုတော့ အန်ကယ်သဘောထားကို ကျွန်မသိချင်ပါတယ် တကယ်လို့ အန်ကယ်သာ ဆန္ဒရှိရင် ဒီနိုင်ငံရဲ့အမြင့်ဆုံးရာထူးကိုတောင် ကျွန်မဘက်ကဖန်တီးပေးနိုင်ပါတယ် အန်ကယ်ဆုံးဖြတ်ပါ ကျွန်မကတော့ အခွင့်အရေးပေးနေတာပါ တောင်းဆိုတာမဟုတ်ဘူး"

"ဒီကိစ္စကိုငါတို့ဘက်ကဖျတ်လိုက်ရင် နစ်နာမှာ ဏရီဆိုတာမင်းသတိကောထားမိရဲ့လား"

"အဲ့တာ ကျွန်မအပိုင်းပါ အန်ကယ်သာ လက်ခံသည်လက်မခံသည်ပြောဖို့ပဲ ဏရီမထိခိုက်အောင်ကျွန်မကဖန်တီးပေးမှာ ဒီအရာတွေကြည့်ရင်တောင် ကျွန်မကဘယ်လိုလူမျိုးလဲဆိုတာရှင်သဘောပေါက်မှာပါ"

ဏရီ့အဖေရဲ့စာကြည့်စားပွဲပေါ်က ပစ္စည်းများကိုမေးငေါ့ပြပြီးတော့ပြောလိုက်သည့်အခါ ဏရီ့အဖေတွေဝေသွားလေသည်။ နဂိုထဲက ဏရီ့အဖေက နိုင်ငံရေးထဲဝင်ချင်နေခဲ့တာ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ လွယ်တဲ့ကစားဝိုင်းမဟုတ်တာ ဒယ်ဒီသင်ပေးလို့သူငယ်စဥ်ကထဲကသိနေခဲ့တာ။

"မင်းဘာလို့ ငါ့သမီးကို ဒါတွေနဲ့အပေးအယူလုပ်နေရတာလဲ အခုလိုမင်းအနေအထာနဲ့ဆို ငါ့သမီးကမင်းလက်ထဲတောင်ရောက်နေလောက်မှာ"

"ကျွန်မဏရီ့ကို အန်ကယ်ထင်တာထပ်ပိုပြီးမြတ်နိုးတာအန်ကယ် ကြက်ကလေးငှက်ကလေးတစ်ကောင်လိုပေါပေါပဲပဲမဟုတ်ဘူး ဏရီစိတ်ထိခိုက်စေမဲအရာတွေကျွန်မမလုပ်ဘူး ကျွန်မကဘာကောင်ကြီးပဲဖြစ်နေပါစေ ဏရီ့အမြင်မှာ ကျွန်မရဲ့ပုံစံအမှန်ကိုချမပြချင်ဘူး အတင်းအကြပ်နဲ့မှ ဏရီ့ကိုရမဲ့ကိစ္စတွေမလုပ်ချင်ဘူး ဒါကြောင့် အန်ကယ်နဲ့လာဆွေးနွေးတာပါ"

"မင်းကိုငါမယုံဘူး နိုဝယ် မင်းအမြင်မှာငါက ကိုယ့်သမီးကိုယ်ချနင်းနေတဲ့သူဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမဲ့အဲ့တာ အဖေတစ်ယောက်ရဲ့ အတ္တပဲ ဒါမင်းတို့ကိုငါသဘောတူလိုက်တာမဟုတ်ဘူးနော် မင်းနိုင်ပါတယ် အန်ကယ့်လောင်းရိပ်အောက်ကနေ မိုင်းကိုလွတ်ပေးမယ် တကယ်လို့ မိုင်းတစ်ခုခုထိခိုက်ပြီဆိုတာနဲ့ငါတို့ကြားအပေးအယူပျက်ပြီနော် နောက်ပြီးဒီကိစ္စကို အန်ကယ့်သမီးမသိပါစေနဲ့"

"စိတ်ချပါ ကျွန်မတို့ကြားကအပေးအယူကိစ္စ ဏရီမသိစေရပါဘူး ပြီးတော့ ကျေးဇူးတင်ပါတယ် ကျွန်မကို သွားခွင့်ပြုပါအန်ကယ်"

ဏရီ့အမေကိုနှုတ်ဆက်ပြီးနောက်ထိုအိမ်ကနေထွက်သွားပြီးသည့်အခါ သူ့စိတ်ထဲအပူတစ်ခုလျော့သွားသည်။ ဏရီနဲ့နီးစပ်ဖို့ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီလေ။ ဏရီရေ ဏရီ့ကိုရဖို့ ကျွန်မမှာရှင့်အဖေနဲ့တစ်ပွဲနွဲခဲ့ရသေးတယ်ဆိုတာ အဆင်ပြေတဲ့အချိန်ကျပြန်ပြောနိုင်ကောင်းပါရဲ့။

ဏရီရယ် ဏရီသာ ခြေတစ်လှမ်းပဲလှမ်းခဲ့ပါ ကျန်တဲ့ ၉၉ လှမ်းက ကျွန်မဘက်ကနေလှမ်းခဲ့မယ်။ ဖြစ်နိုင်ရင် ဏရီ့ခြေဖဝါးနုနုလေးထိခိုက်မှာဆိုးလို့ လှမ်းတောင်မလှမ်းစေချင်ဘူး အဲ့လောက်ထိတောင် ဏရီ့ရဲ့စွဲအားတွေက ကျွန်မအပေါ်သက်ရောက်မှုရှိနေခဲ့တာ။ အခုလောလောဆယ်တော့ အချစ်အတွက်လူကြမ်းလေးခဏလုပ်ခွင့်ပေးပါဏရီ။

×

tbc

trollZ

Continue Reading

You'll Also Like

8.5K 193 10
The aftermath of being betrayed by his closest friends and disowned by his family from his fake transcript revealed to everyone by asshole and bully...
3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
29.2K 1.2K 58
#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့်