Xiao-ရှောင်း
De KrystalMoon8
1.9K 83 7
ဆယ်ကျော်သက်ကနေစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကနေ ပြောင်းလဲခဲ့တဲ့အချစ်တေကို သူခိုင်မြဲမယ်လို့ယုံတယ် start date - 28... Mais
part-1
part-3
part -4
part -5
part -6
part -7
part -8
part -9
part-2
213 10 1
De KrystalMoon8
ရှောင်းကျန့်ဘယ်လိုမှအိပ်လို့မပျော်နိုင်ဖြစ်နေရတယ်။သူဘယ်လိုလုပ်ရပါ့မလဲ သူရင်တေအရမ်းခုန်နေခဲ့တာ သူစိတ်ကူးယဥ်ဖူးတဲ့၊ သူရဲ့အတွေးလေးနဲ့ ဖြစ်တည်ခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးအနမ်းက ခုတော့စိတ်ကူးထဲကအတိုင်းဖြစ်ခဲ့ပြီ။ ဝမ်ရိပေါ်ကိုတစ်နေ့တစ်ခြားလောဘတေတက်လာရလို့ဘယ်လိုလုပ်ရပါ့မလဲ။ သူတော့ရူးတော့မယ်ထင်ပါတယ်။
နေ့လယ်ကအကြောင်းကိုတွေးရင်းနဲ့ အချိန်တေဘယ်လောက်ကြာသွားမှန်းမသိလိုက်။ သေချာတာကတော့ သူ  အရူးလေးလိုတစ်ချိန်လုံးပြုံးရယ်နေခဲ့မှာပင်။
  သူမနက်ဖြန်ရိပေါ်နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ သူ့ကိုရိပေါ်ကနမ်းခဲ့တာဆိုတော့ ရိပေါ်မှာလဲရှောင်းကျန့်လိုပဲ ခံစားချက်တေရှိနေခဲ့တာလား။ ဒါကဖြစ်နိူင်ပါ့မလား ရှောင်းကျန့်ကရိပေါ်ကိုမေးဖူးတယ် 'မင်းယောကျာ်းတစ်ယောက်ကို ချစ်နိုင်လား' လို့။ ရိပေါ်ကတော့ လက်ခံနိုင်တယ်လဲမပြောသလို လက်မခံနိုင်ဘူးလို့လဲမပြောခဲ့ဘူး။ အက်ဒါအစား 'အချစ်မှာ ယောကျာ်း၊ မိန်းမ မရှိဘူး' လို့ပဲပြန်ပြောခဲ့တာ။ အက်အကြောင်းနဲ့ပက်သတ်ပြီး ရှောင်းကျန့်ကသိပ်မတွေးတက်ဘူး။ ရှောင်းကျန့်ဘက်ကနေ ရိပေါ််ကိုချစ်တယ်လို့ပြောရင်ရော လက်ခံနိုင်လောက်လား။
   ဒါမှမဟုတ်ရိပေါ်က အတွေ့ကြုံရချင်လို့ပဲသူနဲ့စမ်းသက်တာလား။ ရုပ်ရှင်ရုံကနေပြန်လာတော့လဲ ရိပေါ်ကဘာစကားမှပြောမလာခဲ့။ ရိပေါ်ကကျောင်းမှာလဲနာမယ်ကြီးလှသည်။ သူ့ကိုကြိုက်နေတဲ့ ကောင်မလေးတေမှအများကြီးပဲ။ ရိပေါ်က အရင်ကသူ့ကိုကြိုက်တယ်လို့လာပြောတဲ့ မိန်းခလေးတေကိုတော့  မချစ်နိုင်ကြောင်းနဲ့ သူ့ထက်ကောင်းမွန်တဲ့၊ချစ်ပေးနိုင်တဲ့လူနဲ့ တွေ့မှာပါလို့ပြောတက်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တပတ်လောက်ကကျောင်းပြောင်းလာတဲ့ ဝမ်ချင်းဆိုတဲ့ကောင်မလေးနဲ့တွဲသွား၊တွဲလာလုပ်နေတာကို ရှောင်းကျန့်တစ်ခါနှစ်ခါတွေ့ဖူးတယ်။ ဝမ်ချင်းကလှတယ်၊ ထက်မြတ်တယ်၊ သွက်သွက်လက်လက်ရှိတဲ့မိန်းခလေး ရှောင်းကျန့်နဲ့ယှဥ်ရင်အရာရာသာသည်။
  ဒီလောက်ပြီးပြည့်စုံနေတဲ့မိန်းခလေးဘေးမှာရှိနေတာကို ရှောင်းကျန့်ကဝမ်ရိပေါ် သူ့ကိုကြိုက်နေတယ်လို့တွေးနေတာလေးက ဖြစ်နိုင်ပါ့မလား။ ဒီလိုတွေးလိုက်တော့ စောနကပျော်နေတာလေးပင်ပျောက်သွားရပြီး ဝမ်းနည်းလာရတယ်။ ရှောင်းကျန့်ဟိုဟိုဒီဒီတွေးရင်နဲ့ ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိလိုက်ပေ မနက်နိုးတော့ ခုနှစ်နာရီခွဲနေပြီပင်။
သူမြန်မြန်အိပ်ယာထပြီးပြင်ဆင်လိုက်ရတယ် မဟုတ်ရင်ရိပေါ်သူ့ကိုစောင့်နေရတော့မယ်လေ။
~~~~~~~~~~~~~~~
    ရှောင်းကျန့်ဒီနေ့ဘယ်လိုမှအစဥ်မပြေပေ။ သင်ခန်းစာတေထဲလဲ အာရူံမစိုက်နိုင်သလို၊ ဆရာဘာတေရှင်းပြနေမှန်းလဲမသိပါ။ ပုံဆွဲတော့လဲ ဘယ်လိုမှအဆင်မပြေပါ။ ဒီနေ့ဖို့အတွက် အရာရာဟာခက်ခဲနေခဲ့သည်။ ညကအိပ်ရေးမဝတဲ့အပြင် မနက်ကျောင်းလာချိန်မှာလဲ ရှောင်းကျန့်စိတ်တေမလန်းဆန်းပေ။ ဒီမနက်ဝမ်ရိပေါ်က​ ကျောင်းကိုသူနဲ့အတူမလာပေ။ ဝမ်ချင်းနဲ့ကိစ္စလေးရှိလို့ လိုက်သွားသည်တဲ့။ ဒီနေ့ကျောင်းမတက်တော့ဘူးဟု ဝမ်မားကိုပြောခိုင်းတယ်လို့ပြောသည်။
   ဝမ်ရိပေါ်က တပတ်အတောတွင်းလေးမှာဝမ်ချင်းနဲ့အတော်ရင်းနှီးသွားပုံပင်။ ရင်းနှီးသွားလို့လဲ အရင်ကရှောင်းကျန့်နဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှဘယ်မှမသွားတဲ့ရိပေါ်က ဝမ်ချင်းနဲ့နှစ်ယောက်ထဲသွားတာပေါ့။ ဒီလိုနဲ့ပဲဝမ်ရိပေါ်က သူ့ကိုအနားကနေဖယ်ထုတ်လိုက်တော့မှာလား။ ရှောင်းကျန့်က တစ်ခုခုဆိုအဆုံးထိတွေးတက်သည်။ သူ့ရဲ့အက်အကျင့်ကမကောင်းမှန်း သူသိပါတယ်။ ကိုယ့်ရဲ့စိတ်ကိုဒုက္ခပေးမှန်းသိပေမယ့် ရှောင်းကျန့်ကတော့ အတွေးအမြဲလွန်သည်။ ကိစ္စသေးသေးလေးဆိုရင်တောင် သူကအကြီးကြီးတွေးပစ်တာပင်။ ခုလဲဝမ်ရိပေါ်ကသူ့ကို မနေ့ကမှလတ်လတ်လောလောနမ်းထားပြီး ခုသူ့ကိုပစ်ထားသွားပြီလားလို့တစ်ချိန်လုံးတွေးနေမိတယ်။
    ရှောင်းကျန့်တွေးရင်းနဲ့လျှောက်လာသည်မှာ ဘက်စ်ကားမှတ်တိုင်ပင်ရောက်နေပြီ။ ရှောင်းကျန့်တို့နေတဲ့ ​ေကျာင်းက ကားမှတ်တိုင်နဲ့ဝေးတယ်ပြောရမယ်။ ရှောင်းကျန့်ကားစောင့်ရင်း ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေမိသည်။ အရင်ကတော့ ဟိုဟိုဒီဒီမကြည့်ဖြစ် ရိပေါ်နဲ့သာစကားတေရေပတ်မဝင်အောင်ပြောဖြစ်သည်။ ရိပေါ်နဲ့ဆိုသော်လဲ သူကသာပြောတာပင်ရိပေါ်ကတော့နားထောင်ပေးရုံ တစ်ခါတစ်လေမှသာ ပြန်ပြောသည်။ ရှောင်းကျန့်ရဲ့အကြည့်တေက တစ်နေရာအရောက်မှာ ရပ်တန့်သွားရသည်။ ရှောင်းကျန်နဲ့လမ်းဟိုဘက်ဒီဘက်မှာ ရပ်ထားတဲ့ဝမ်ရိပေါ်ရဲ့ဆိုင်ကယ်ကိုလှမ်းမြင်လိုက်ရတာကြောင့်  ဝမ်ရိပေါ်ကဒီနားကိူဘာလာလုပ်တာလဲ။ မဟုတ်မှဝမ်ချင်းနဲ့များလား။
   ရှောင်းကျန့်ရဲ့အတွေးမှန်ကန်ကြောင်းကို အနောက်ကလျှောက်လာတဲ့ ဝမ်ချင်းကဖြေပေးသည်။ ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ကိုမြင်ဟန်မတူ ဝမ်ချင်းဆိုင်ကယ်ပေါ် ရော​က်တာနဲ့မောင်းထွက်သွားသည်။ ရှောင်းကျန့်မျက်ဝန်းဝိုင်းဝိုင်းလေးတေမှာ မျက်ရည်တေလည်လာရတော့တယ်။ ပြောတော့ဝမ်ရိပေါ်က သူကလွဲပြီးဆိုင်ကယ်နောက်မှာ ဘယ်သူမှမတင်ဘူးဆို၊ သူကလွဲပြီးဘယ်နဲ့မှမခင်ဘူးဆိုပြီး ခုကြတော့ဘာလို့လဲ..ဘာလို့ဝမ်ချင်းကိုလဲ ... တကယ်ပဲမနေ့ကအနမ်းလေးက အိမ်မက်ဖြစ်သွားတော့မှာလား
~~~~~~~~~~~~~~~~~~~~~~~~
    " မား..ရှောင်းရော ပြန်မရောက်သေးဘူးလား၊ ညနေထဲကတွေ့ဘူး"
    "ဘယ်ကသာ..ပြန်ရောက်နေပြီ အဲ့ကလေး ဘာဖြစ်လာလဲမပြောတက်ပါဘူးသားရယ် ပြန်ရောက်ထဲကမျက်နှာမကောင်းဘူး ဘာမှမေးမရလို့ကွယ် သားတို့ချင်းများစကားများကြသေးလား"
    "ဟင်! ဟင့်အင်း ကျွန်တော်နဲ့စကားမများဘူး မား၊ ကျောင်းမှာအဆင်မပြေဖြစ်လာလားမသိဘူး ကျွန်တော်သွားကြည့်လိုက်အုံးမယ်"
    " အေး..အေး..သား သေချာမေးပေးပါအုံးသားရယ် သူကဘာမှမဖြစ်ဘူးပဲဖြေနေတာ မားမေးတာကို"
  ရိပေါ် ရှောင်မားအပြောကိုပြန်ဖြေပြီး ရှောင်းအခန်းကိုသာတက်ခဲ့လိုက်တယ်။ မနက်ကသူကျောင်းမလိုက်တာကိုများ စိတ်မကောင်းဖြစ်နေရော့သလား။ မတက်နိုင်ပေ အဲ့ကိစ္စကြောင့်သာဆိုရင်တော့ သူစိတ်ရှည်စွာချော့နိုင်သည်။ ရှောင်းဝမ်းနည်းနေမှာကိုသူမလိုချင်ပေ။ ထိုကောင်လေးက အရမ်းအတွေးလွန်တက်သည်။ ထိုအတွေးလွန်တက်တာကိုသူဘယ်လိုလုပ်ပေးရမှန်းမသိချေ။ ရှောင်းကပြုံးနေရင် သိပ်လှသည်။ လှတယ်..ဟုတ်တယ် ရှောင်းကသူ့အတွက်နှိုင်းပြစရာမရှိအောင် လှရက်လွန်းသည်။
    ရှောင်းရဲ့မျက်ဝန်းတွေက သူ့အတွက်တဲ့ညှို့အားပြင်းလွန်းတဲ့ တောကြီးမြွေလိုပဲ။ ဘယ်လိုမှရုန်းထွက်မရနိုင်ပေ။
ရှောင်းရဲ့နှုတ်ခမ်းတစ်စုံဟာဆိုရင် သူ့အတွက်ဘယ်လိုမှဖော်ပြလို့မရတဲ့ ချိုမြိန်မှုပဲ ရှောင်းရဲ့နှုတ်ခမ်းဆိုမှ မနေ့အကြောင်းတွေးမိတော့ သူ့မျက်နှာက အပြုံးတေရပ်တန့်လို့မရတော့ပေ။ မနေ့ကရှောင်းကိုနမ်းရှိုက်ပြီးချိန်မှာ ရှောင်းမျက်နှာလေးက စတော်ဘယ်ရီသီးလေးလိုကိုဖြစ်နေတာ သူ့မှာရှောင်းကိုကြည့်ရင်း တစ်နေရာကအဆင်မပြေဖြစ်လာလို့အမြန်အကြည့်လွှဲခဲ့ရတယ်။ ဆန္ဒတေကိုချိုးနှိမ်ထားရတာမလို့ ရှောင်းကိုသူစကားပြန်မပြောနိုင်ခဲ့ပေ။
    အက်အချိန်မှာသာသူဖွင့်ပြောမိလို့ ရှောင်းကတခုခုပြန်ပြောလာခဲ့ရင် သူစိတ်ထိန်းနိုင်လိမ့်မည်မဟုတ်။ ရှောင်းကိုသူတစ်ခုခုလုပ်မိတော့မှာ၊ ရှောင်းမကြည်ဖြူပဲနဲ့တော့ သူဘာမှမလုပ်ချင်ပေ။ နှစ်ကိုယ်တူကြည်ဖြူဖို့ကို သူကြိုးစားရအုံးမယ်မဟုတ်လား။ သူတွေးနေတာရှောင်းရဲ့အခန့်ရှေ့ကိုပင်ရောက်နေပြီ။
   ဒေါက်! ဒေါက်! ဒေါက်!
တံခါးခေါက်ပြီးမကြာအထဲက အသံလေးကိုကြားလာရတယ်။
   "ဘယ်သူလဲ..မားလား!"
  "ကိုယ်ပါ..မားမဟုတ်ဘူး၊ ဝင်ခဲ့လို့ရမလား..ကိုယ်ရှောင်းနဲ့စကားခဏပြောချင်လို့"
အထဲကပြန်ဖြေသံကြားရတာနဲ့ ရိပေါ်တံခါးဖွင့်ပြီးဝင်ခဲ့လိုက်တယ်။ ရှောင်းကအိပ်ယာပေါ်မှာ စောင်ကိုနှာခေါင်းရဲ့အထက်ပဲဖော်ပြီးအိပ်နေတာမလို့ စောင်ပုံထဲမာလုံးလုံးဖြစ်နေတယ်။ ရိပေါ်ကြည့်ရင်းကို အသဲယားလာရတယ် စိတ်ရှိတိုင်းသာဆို ရှောင်းကိုသူအသက်ရှုရကျပ်တဲ့အထိကို နမ်းပစ်ချင်တာ။ ရှောင်းအိပ်နေတဲ့ဘေးမှာပဲရိပေါ်ဝင်ထိုင်လိုက်တယ်။
    "နေမကောင်းဘူးလား..ဟင်"
ရိပေါ် ရှောင်းနဖူးပေါ်လက်တင်ပြီးစမ်းကြည့်ပေမယ့် ကိုပူတော့မရှိပေ။ ခေါင်းများကိုက်နေသလားလို့မေးကြည့်ပေမယ့်လဲ ခေါင်းသာရမ်းနေသည်။ တကယ်ပဲဒီကောင်လေးဒီနေ့အဖို့ ဘာတေဖြစ်လာရတာလဲ။ သူကျောင်းမလိုက်တဲ့တစ်ရက်အတွင်း ဘာတေဖြစ်ခဲ့တာမလို့ရှောင်းက ဒီလောက်ငြိမ်သွားရတာလဲ။ အရင်သွက်သွက်လက်လက်ရှိတဲ့ကောင်လေးက ငြိမ်သွားတော့ရိပေါ်ဘယ်လိုမှမနေတက်ပေ။
   "ကျောင်းမှာဘာတေဖြစ်ခဲ့တာလဲ..ဟင်၊ ရှောင်းကိုယ်ကြိုမှမပြောရင် ဘယ်သူ့ကိုပြောမလို့လဲ၊ ဒါမှမဟုတ် ရှောင်းက ကိုယ့်အပြင်ရင်ဖွင့်ရမယ့်သူရှိနေပြီလား အက်ဒါကြောင့်
ကိုယ့်ကိုမပြောချင်တော့တာလား"
  ရှောင်းကျန့်ရိပေါ်အပြောကြောင့် စိတ်တိုသွားရတော့တယ်။ အခုဘယ်သူက ဘယ်သူ့ကိုအပြစ်လာတင်တာတဲ့လဲ! သူကအရင် ရှောင်းကျန့်အပြင်တခြားတစ်ယောက်ထားတာမဟုတ်ဘူးလား။ အက်ဒါကို ရှောင်းကျန့်ကိုအပြစ်လာပြောတာလား!
   "ခု ဘယ်သူက ဘယ်သူ့ကိုပြသ်လာတင်နေတာလဲ! မင်းကဘာ်လောက်မှန်နေလို့လဲ!! ငါကပဲမင်းအပြင် တခြားသူကိုခင်ရတယ်ဖြစ်ရောလား မင်းအရင်ငါ့အပြင်တခြားတစ်ယောက်ထားတာမဟုတ်ဘူးလား!! အရူးကောင်ကြီးရယ့်"
   "ခဏလေး..ခဏလေး ​ရှောင်းဘာတေပြောနေတာလဲ၊ ရှောင်းအပြင်ကိုယ်က ဘယ်သူနဲ့ပေါင်းနေလို့လဲ"
   "ဘာကိုလာငြင်းနေတာလဲ! မင်းတို့ကားမှတ်တိုင်နားမှာ မိုးမမြင်လေမမြင်ဖြစ်နေတာလေ! ငါတစ်ယောက်လုံးကိုတောင်မမြင်ကြဘူးမလား မင်းပြောတော့ငါ့အပြင်ဘယ်သူနဲ့မှ မခင်ဘူး၊ မပေါင်းဘူးဆို မင်းဆိုင်ကယ်နောက်ကို ဘယ်သူ့ကိုမှမတင်ဘူးဆို!"
  ရိပေါ် ရှောင်းအပြောကြောင့်ခဏလောက်စဥ်းစားပြီးမှ တဖြည်းဖြည်းပြုံးနေရာကနေ အသံထွက်အောင်သဘောကျစွာ ရယ်လိုက်မိတော့တယ်။ ခုရှောင်းကသူ့ကိုသဂန်တိုနေတာလား။ ရှောင်းပုံစံလေးကမသိရင် သူ့ကောင်လေး နောက်ကွယ်မှာတခြားတစ်ယောက်နဲ့တွဲနေတာ သိသွားလို့မခံမရပ်နိုင်အောင်ဖြစ်နေတဲ့ပုံလေးမဟုတ်လား။ ဒါဆိုရှောင်းလဲသူ့အပေါ်ခံစားချက်တေရှိနေတာသေချာတယ်ပေါ့ ဟားး..ရိပေါ်သဘောကျလွန်းလို့ရူးတော့မယ်
  ရှောင်းကျန့်မှာ ရိပေါ်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးတဖြည်းဖြည်းဒေါသထွက်ရကနေ ဝမ်းနည်းစိတ်တေလှိုက်တက်လာရတော့တယ်။ ဘာလဲ ဝမ်ရိပေါ်ကသူ့ရှေ့မှာတောင်ဝမ်ချင်းအကြောင်းကိုပြန်တွေးမိပြီး သဘောပျနေတာလား။ ရိပေါ်ရယ်သံတေကျယ်လာလေလေ ရှောင်းကျန့်မျက်ရည်တေပိုးပိုးပေါက်ပေါက်ကျလာရလေပဲ။ တကယ်ပဲရိပေါ်ကဝမ်ချင်းကိုချစ်နေပြီလား သူဆက်မတွေးနိုင်တော့ပေ။ အကျင့်မကောင်းတဲ့ လူ၊ ေရှာင်းကျန့်ကိုသူမှသူဖြသ်အောင်လုပ်ပြီး သူကတော့တခြားလူကိုကြိုက်သွားရဲတယ်ပေါ့ တကယ်ပဲအကျင့်မကောင်းတဲ့ကောင်ကြီး။ ရှောင်းကျန့် သူ့ရှေ့ကရယ်နေတဲ့လူရဲ့ ရင်ဘက်ကိုလက်သီးဆုပ်တေနဲ့ထုရိုက်ပစ်လိုက်ရင် ငိုပြစ်လိုက်တယ်။
   ရိပေါ်သဘောကျစွာရယ်နေရင်းကနေ သူ့ကိုထုရိုက်ပြီးငိုလာတဲ့ရှောင်းကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိစွာပဲ ရုတ်တရက်ထူပူသွားရတယ်
    "ရှောင်း! ဘာဖြစ်လို့လဲ.. ဘာဖြစ်တာလဲ ကိုယ့်ကိုပြော..ကိုယ့်ကိုပြော ဘာ့ဖစ်လို့ထငိုရတာလဲကွာ ပြောပါရှောင်းရယ်..နော် ကိုယ်ရူးသွားလိမ့်မယ်"
   "အကျင့်မကောင်းတဲ့လူယုတ်မာကြီး.. အီး...သူများရှေ့မှာတောင် သူ့ကောင်မလေး..အင့်..အကြောင်းတွေးနေ..ဟင့်..တယ်. သူများ..အင့်. က..ဟင့်..သူ့ကိုချစ်နေတာကျမသိဘူး..သူက တခြားတစ်ယောက်ကို.. ချစ်..အင့်..ချစ်နေတယ်..အီးးး..ဟီးး "
  ဝမ်ရိပေါ်ကျောက်ရုပ်ကြီးလိုတောင့်တောင့်ကြီး ဖြစ်သွားရတယ်။ သူအသက်တောင်ရူမိရဲ့လာမသိတော့။ မဟုတ်ဘူး သူအသက်ရှင်နေသေးရဲ့လား ဒါမှမဟုတ် အိမ်မက်မက်နေတာလား ခုရှောင်းကသူ့ကိုချစ်နေတယ်လို့ပြောလိုက်တာလား ဝမ်ရိပေါ်မှာ သူ့ကောင်မလေးလို့ပြောတာလဲဂရုမစိုက်နိုင် နားထဲမှာရှောင်းရဲ့ သူ့ကိုချစ်နေတယ်ဆိုပဲ ထပ်ခါထပ်ခါကြားနေတာ
   "ရှောင်း! ဘာပြောလိုက်တာ ကိုယ့်ကိုဘာဖြစ်တာ..ဟင်၊ ကိုယ်ကိုဘာဖြစ်တာလို့!"
ရှောင်းကျန့်လဲခုမှ သူဘာပြောလိုက်မိလဲအမှတ်ရပြီး ရှက်ဖို့သိတော့တယ် သူကဘယ်လိုလုပ်ပြီးဝန်ခံမိသွားရတာလဲ
    " မ မဟုတ်..အက်လိုမ..အွန့်"
ရှောင်းကျန့်ရဲ်အငြင်းစကားလေးတေက ပြောခွက်မြသာခဲ့ပေ။ ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းသားပြည့်ပြည့်တစ်စုံက ရှောင်းကျန့်ရဲ့ နှုတ်ခမ်းလေးတေကို ထွေးငုံလိုက်တာကြောင့်ပင်။ ရုန်းဖို့လဲသတ်မရတော့။ ဆက်ပြီးလဲဟန်ဆောင်မနေချင်တော့ ဒီလူသားနဲ့ရှောင်းကျန့်နီးစပ်ချင်တာပဲသိတော့တယ်။ ရှောင်းကျန့်ကသူ့လက်တေကို ရိပေါ်ရဲ့လည်ပင်မှာချိတ်တွယ်လိုက်ပြီး အနမ်းတေကိုစီးမျောနေလိုက်တော့တယ်။ ဖြစ်လာမယ့်အရာတေကိုသူတို့နှစ်ယောက်အတူ ကင်ဆိုင်နိုင်မှာပါ။ ရိပေါ်သာဘေးမှာရှိနေရင် သူရင်ဆိုင်နိုက်တယ်လေ..
   အခန်းလေးထဲကကောင်လေးတေရဲ့အနမ်းတေက ချိုမြိန်နေသလို ပြတင်းပေါက်မှာလာနားနေတဲ့ငှက်ကလေးတေရဲ့ တေးဆိုသံ​လေးတေဟာလဲ သာသာယာယာရှိနေခဲ့တယ်
2667 words
Moon
Wang
ကိုယ့်ရဲ့လိုအပ်ချက်တေရှိနေတဲ့ မကောက်းမကန်းလေးကို ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးပဲ ကျေးဇူးတင်ပါတယ်ရှင့် မင်းတို့လေးတေဖတ်နေင၍တော့ ကိုယ်လဲအကောင်းဆုံးကြိုးစားသွားမယ်လို့ ကတိပေးပါတယ်နော်
ကိုယ့်စာဖတ်သူတေ တစ်ယောက်ချင်းစီကိုချစ်ပါတယ်
တဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
zawgi
~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~
ဒေါက်! ဒေါက်! ဒေါက်!
"ဘယ်သူလဲ..မားလား!"
  "နေမကောင်းဘူးလား..ဟင်"
"ခု ဘယ်သူက ဘယ်သူ့ကိုပြသ်လာတင်နေတာလဲ! မင်းကဘ်ာလောက်မှန်နေလို့လဲ!! ငါကပဲမင်းအပြင် တခြားသူကိုခင်ရတယ်ဖြစ်ရောလား မင်းအရင်ငါ့အပြင်တခြားတစ်ယောက်ထားတာမဟုတ်ဘူးလား!! အရူးကောင်ကြီးရယ့်"
  " မ မဟုတ်..အက်လိုမ..အွန့်"
2667 words
Moon
Wang
တဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
Continue lendo
Você também vai gostar
29.3K 322 18
(boy x boy) thank you for reading. if you hate it could you f*cking leave please
5.2K 365 2
Zhanyi !!! ခင်ဗျားက ကျွန်တော့အတွက်တော့ ပြီးပြည့်စုံခြင်းရဲ့ ပြယုဂ်ကလေး... ခင်ဗျားက ကျွန်တော့အတွက်တော့ ပြီးပြည့်စုံခြင်းရဲ့ ပြယုဂ်ကလေး...
1.8K 183 14
ဒီficလေးက မတူညီတဲ့ကမ္ဘာနှစ်ခုပံုစံမျိုးပါ Xiao Zhanက2023ခုနှစ်က ဆရာဝန်ပါ Yibo က ရှန်ဟိုင်လို့ခေါ်တဲ့နေရာက ဂိုဏ်းတစ်ခုရဲ့ဒုတိယသခင်လေးပါ အချိန်အနေတစ်ခု...
3.2K 250 36
Lost ones are sometimes found back again. Like the bond they shared was found back through the decade of their yearning but could a lost love be foun...