Came From Deepest Somewhere

Autorstwa Tayy_1823

4.6K 198 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... Więcej

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-13

86 6 0
Autorstwa Tayy_1823

ပျင်းရိငြီးငွေ့စရာကောင်းတဲ့တနဂ်နွေနေ့ကို အိမ်စာတွေလုပ်ရင်းနဲ့ဖြတ်သန်းခဲ့တယ်။ ဒီနေ့ကကျောင်းဖွင့်ရက်ဖြစ်တဲ့တနလ်ာနေ့။ စာအုပ်တွေကိုစစ်ရင်းကျောင်းသွားဖို့ပြင်ရတယ်။ ဒီတစ်ခါကျောင်းသွားဖို့ထက်အချိန်တွေအမြန်ကုန်ဖို့ကိုဘဲ ရိပေါ်ကစိတ်စောနေတယ်။ ဒါမှအဂ်ါနေ့မြန်မြန်ရောက်လာမှာ။

"ဝမ်ပေါင်ပေ့ ပြီးပြီလား"

မားမားကျောင်းလိုက်ပို့ဖို့ပြင်နေရင်းကနေ အခန်းထဲကသူ့ကိုလှမ်းအော်တယ်။ စီနီယာအစ်ကိုကြီးပေကျင်းကိုသွားတည်းက တချို့နေ့တွေဆို ရိပေါ်တစ်ယောက်တည်းကျောင်းကိုသွားတယ်။ တစ်ခါတစ်လေကျရင်တော့ ခုလိုဘဲ မားမားကလိုက်ပို့တတ်ပါတယ်။ စီနီယာအစ်ကိုကြီးမရှိတော့တဲ့အတွက် ရိပေါ်အဖော်မဲ့နေတာကို မားမားကသိပါတယ်။

"ပြီးပြီ မား"

စာအုပ်တွေကိုသေချာလေးကျောပိုးအိတ်ထဲထည့်၊ မျက်မှန်ဝိုင်းလေးကိုသေချာတပ်ပြီး ရိပေါ်ထွက်လာတော့ မားမားကခြံတံခါးနားတောင်ရောက်နေပြီ။

"ဒါဆိုသွားကြရအောင်
မားမားရဲ့အထက်တန်းကျောင်းသားလေး"

ရိပေါ်ခေါင်းကိုခပ်ဖွဖွပုတ်ရင်းပြောလာတဲ့မားမားစကားကြောင့် ရိပေါ်ပါးတွေမို့တက်အောင်ပြုံးပြလိုက်တယ်။ မားမားကျောင်းလိုက်ပို့တဲ့နေ့တွေဆို ရိပေါ်ကလေးပြန်ဖြစ်သွားသလိုခံစားရတယ်။ ဒီလိုအခါတိုင်း ပထမဆုံးကျောင်းစတက်တဲ့ရက်ကို ရိပေါ်သွားသတိရတတ်ပါတယ်။ ကျောင်းစတက်တဲ့နေ့က ရိပေါ်တအားငိုခဲတာလည်းရိပေါ်မှတ်မိသေးတယ်။ အဲ့ဒီနေ့ကဆိုမားမားက အိမ်မပြန်ဘဲကျောင်းဆင်းအောင်ထိစောင့်ပေးခဲ့ရတာ။ နောက်ပိုင်းကျတော့လည်း အဆင်ပြေသွားတာပါဘဲ။ ရိပေါ်ကတစ်ယောက်တည်းလည်းနေတတ်သွားတယ်။ မားမားကိုဒုက္ခမပေးချင်တဲ့ရိပေါ်အငယ်လေး​ကအမြဲတမ်းဂျီကျမနေတော့ဘဲ ကျောင်းကိုကောင်းကောင်းသွားခဲ့ပါတယ်။ ပြီးတော့စာကြိုးစားတယ်။

"ကောင်းကောင်းစာလုပ်ခဲ့နော် ဝမ်ပေါင်ပေ့
ပြီးတော့ကောင်းကောင်းဂရုစိုက်ပြန်ခဲ့
ကြားလား မားမားကလေးလေး"

ကျောင်းနားရောက်တော့ မားမားကစိတ်မချသလိုတတွတ်တွတ်မှာနေတာမို့ ရိပေါ်ခေါင်းကိုခပ်မြန်မြန်ဘဲညိမ့်ပြလိုက်တယ်။ ဒါမှမားမားကစိတ်ချနိုင်မှာ။

"မားသာ ကောင်းကောင်းပြန်ပါ
ကျွန်တော့်ကိုစိတ်မပူပါနဲ့ မားရဲ့
ကျွန်တော်က ကလေးမဟုတ်တော့ပါဘူးဗျာ"

ပါးတွေမို့တက်အောင်ထပ်ပြုံးပြတော့ မျက်မှန်ဝိုင်းလေးကပါအပေါ်ကိုတက်လာတယ်။ ကလေးမဟုတ်ဘူးပြောနေပေမယ့် အခုလိုပြုံးတိုင်းကလေးနဲ့တူနေတတ်တာကို ရိပေါ်ကိုယ်တိုင်သိပါတယ်။ မားမားကတော့ ရိပေါ်အဲ့လိုပြုံးတိုင်း  အနှီးထုတ်ကလေးထဲမှာထုတ်သိမ်းထားချင်တယ်လို့ ခဏခဏပြောတတ်ပါတယ်။

"ဒါဆို မားမားသွားပြီနော် ဝမ်ပေါင်ပေ့"

လက်ကာပြရင်းနှုတ်ဆက်သွားတဲ့မားမားကိုခဏရပ်ကြည့်ပြီးတော့ ရိပေါ်ကျောင်းထဲဝင်ဖို့ပြင်လိုက်တယ်။ စီနီယာအစ်ကိုကြီးမရှိတဲ့ကျောင်းဝန်းကြီးဆိုတဲ့အသိနဲ့ ရိပေါ်ရင်ထဲလှိုက်ခနဲလွမ်းမိသွားတယ်။ ရိပေါ်ကပြသနာထုပ်လေးဘဲ။ လွမ်းမိရင်ကျို့ထိုးလိမ့်မယ်ဆိုပြီး အခုနည်းနည်းလွမ်းမိသွားပြန်ပြီ။ ဒါပေမယ့်တစ်ဆက်တည်းဆိုသလိုဘဲ မနက်ဖြန်ညနေဆိုတွေ့ရတော့မယ့်အရိပ်ပြာကလေးကိုတွေးရင်း ရိပေါ်ကရင်ခုန်ပြန်သေးတယ်။ တကယ့်ကိုရိပေါ်ကအရူးလိုပါဘဲ။ ခုလွမ်းလိုက်၊ခုရင်ခုန်လိုက်နဲ့။

"ဟေး မားမားဘွိုင်းလေး"

စာသင်ခန်းထဲကိုလှမ်းဝင်တော့ လင်းဝေ့ကအာပြဲကြီးနဲ့လှမ်းအော်တယ်။ ကျောင်းကိုမားမားလိုက်ပို့တာ လင်းဝေ့ကသိပုံရပါတယ်။ ဒါကြောင့်မို့ ကျက်သရေရှိလှတဲ့မနက်ခင်းလေးမှာ ဒီလိုအသံကြီးနဲ့လှမ်းနှုတ်ဆက်နေတာဖြစ်မှာ။

"ကျောင်းပိတ်ရက်မှာတို့ကိုလွမ်းရဲ့လား
ရိပေါ်ကောကော"

နေရာမှာဝင်ထိုင်လိုက်တာနဲ့ လင်းဝေ့ကထုံးစံအတိုင်း ပြီတီတီရုပ်နဲ့ခပ်ချွဲချွဲပြောတယ်။ ပြောရရင်တော့လင်းဝေ့ကိုရိပေါ်တစ်စက်ကလေးမှမလွမ်းပါဘူး။ တစ်ချက်ကလေးမှလည်းသတိမရမိပါဘူး။ ဒါကရေမရောတဲ့အမှန်တရားပါဘဲ။ ရိပေါ်ကအချိန်ရှိရင်ရှိသလောက် စီနီယာအစ်ကိုကြီးကိုဘဲလွမ်းနေခဲ့တာ။ ဒါတောင် ကျို့ထိုးမှာစိုးတဲ့စိတ်နဲ့ကိုယ့်ကိုယ်ကိုထိန်းချုပ်နေခဲ့ရတာမို့သာ အချိန်တိုင်းမလွမ်းခဲ့တာပေါ့။

"ဘာမှပြန်မပြောပုံထောက်တော့ ငါ့ကိုသတိတောင်မရဘူးထင်တယ် ဖေ့သားက"

လင်းဝေ့ကညှိုးညှိုးနွမ်းနွမ်းမျက်နှာနဲ့ပြောလာတယ်။ ဒါပေမယ့်အဲ့တာမျက်နှာဖုံးစွပ်ထားတယ်ဆိုတာ ရိပေါ်သေချာသိပါတယ်။

"သိရဲ့သားနဲ့ဘာလို့မေးနေသေးလဲ အချိန်ကုန်အောင်"

ပထမဆုံးဝင်မယ့်အတန်းချိန်ရဲ့ဘာသာရပ်စာအုပ်ကိုထုတ်ရင်း ရိပေါ်ပြောတော့ လင်းဝေ့မျက်နှာကရှုံ့ခနဲ။

"ဝမ်ရိပေါ်ရာ မင်းနည်းနည်းပါးပါးတော့ဟန်ဆောင်စမ်းပါလားကွာ
လူကိုခံစားရအောင်သိပ်လုပ်တာဘဲ"

လင်းဝေ့ကသူ့ရင်ဘတ်သူဖိရင်း ငိုမဲ့မဲ့မျက်နှာနဲ့အပိုတွေလုပ်နေတယ်။ ရိပေါ်ကတော့ဒီသကောင့်သားမျက်နှာကိုတကယ်စိတ်ကုန်နေပြီမို့ ဘာမှပြန်မပြောဖြစ်တော့ဘူး။

"ပိတ်ရက်နှစ်ရက်ကြီးများကိုတောင် မင်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးကိုမလွမ်းလို့ ဘယ်သူ့ကိုသွားလွမ်းနေတာလဲ ပြောစမ်း ဖေ့သား"

လက်ညှိုးနှစ်ချောင်းထောင်ပြရင်း တရားခံစစ်သလိုစစ်နေတဲ့လင်းဝေ့ကြောင့် ရိပေါ်နည်းနည်းတော့ဗျာများသွားတယ်။ စီနီယာအစ်ကိုကြီးကိုလွမ်းနေခဲ့တာလို့လည်း ရိပေါ်ဝန်ခံလို့မဖြစ်သလို ကျောင်းစာတွေလုပ်နေရလို့,လို့ပြောရအောင်လည်းသကောင့်သားကယုံမှာမဟုတ်။ မျက်မှန်ကိုင်းကိုပင့်တင်ရင်း ဟိုဝေ့ဒီဝေ့လုပ်နေတုန်း ကော်ရစ်တာကနေလျှောက်လာတဲ့ယွဲ့လောင်ရှီးကို ရိပေါ်မြင်လိုက်တယ်။ ဒါကခုပထမဆုံးအချိန်ဝင်မယ့်ဆရာမ။ လင်းဝေ့စကားများနေတာနဲ့ရိပေါ်ကပါ ကျောင်းခေါင်းလောင်းထိုးတာကိုမသိလိုက်တာဖြစ်မယ်။

"ဟိုမှာယွဲ့လောင်ရှီးလာနေပြီ တိုးတိုးနေတော့"

ကော်ရစ်တာကိုလက်ညှိုးညွှန်ရင်း ရိပေါ်ပြောတော့ အထွန့်တက်မယ်ပြင်နေတဲ့လင်းဝေ့ပါးစပ်လေးပိတ်သွားတယ်။ ယွဲ့လောင်ရှီးကအဆူအပူလည်းထူသလို ရိုက်လည်းရိုက်ချင်တတ်တဲ့ဆရာမ။ အသက်ဘယ်လောက်ကြီးနေနေ၊အထက်တန်းနောက်ဆုံးနှစ်ဘဲဖြစ်ဖြစ် ရိုက်ချင်ရိုက်ပစ်တဲ့ဆရာမ။ ကျောင်းအုပ်ဆရာမကြီးထက်တောင်အသက်ကြီးသေးတာမို့ ဘယ်သူမှလည်းအထွန့်မတက်ရဲကြသလိုတက်လည်းမတက်ချင်ကြ။ ရိပေါ်တို့အတန်းမှာ လျိုလောင်ရှီးကိုအတန်းပိုင်ရတာကဘုရားပေးတဲ့ကောင်းချီးဆိုရင် ယွဲ့လောင်ရှီးကိုဘာသာရပ်ဆရာမအဖြစ်ပြန်ရတာက မိုးနတ်မင်းရဲ့ကျိန်စာဘဲဖြစ်ပါလိမ့်မယ်။

ယွဲ့လောင်ရှီးအတန်းထဲဝင်လာတော့ ခုနကဆူညံနေတဲ့အတန်းခန်းက သူမဟုတ်သလိုငြိမ်ကျသွားတယ်။ ရိပေါ်ဘေးကလင်းဝေ့ရောဘဲ။ စိတ်မပါလက်မပါသင်နေရတဲ့အချိန်ဆို တအားကြာတတ်ပါတယ်။ ပထမဆုံးအချိန်မှာ သမိုင်းဖတ်စာအုပ်ကိုရွတ်ပြနေတဲ့ယွဲ့လောင်ရှီးကြောင့် လင်းဝေ့ကမသိမသာလေးအိပ်ငိုက်နေပြီ။ စာသင်ရတာမပျင်းရိတတ်တဲ့ရိပေါ်တောင် မဆိုသလောက်ကလေးငြီးငွေ့နေပါတယ်။ ဒါဟာဘာကြောင့်များလဲ။
သမိုင်းစာအုပ်ထဲကစာပိုဒ်တွေကြောင့်လား၊ အဲ့ဒီစာပိုဒ်တွေကိုရွတ်ပြနေတဲ့ယွဲ့လောင်ရှီးကြောင့်လား ဒါမှမဟုတ် စီနီယာအစ်ကိုကြီးမရှိလို့များလား။

ဘယ်လိုဘဲဖြစ်ဖြစ်လိပ်ကလေးလိုရွေ့နေတယ်လို့ရိပေါ်ထင်တဲ့စက္ကန့်လက်တံတွေနဲ့အတူ ရိပေါ်ရဲ့ခြောက်ကပ်တဲ့တနလ်ာနေ့လေးလည်းပြီးဆုံးသွားတယ်။ ရိပေါ်သာ စွမ်းအားတွေရှိတဲ့တန်ခိုးရှင်တစ်ယောက်ဆိုရင် သိပ်နှေးတဲ့လိပ်ကလေးလိုစက္ကန့်လက်တံတွေကို'ဒီလောင်တောင်နှေးရလား'ဆိုပြီး မှော်ကြိမ်လုံးနဲ့ဖင်ကိုခပ်ဆတ်ဆတ်ကလေးရိုက်ပစ်ပါဦးမယ်။

~~~

"အား...ပင်ပန်းလိုက်တာကွာ တကယ်ဘဲ"

အဂ်ါနေ့မနက်ရဲ့အားလပ်ချိန်ဆင်းတော့ လက်တွေကိုဟိုမြှောက်ဒီမြှောက်လုပ်ရင်း လင်းဝေ့ကညီးညူသလိုပြောတယ်။

"စာသင်ချိန်တိုင်းငိုက်နေရတော့ အရမ်းပင်ပန်းနေမှာပေါ့"

မျက်မှန်ကိုင်းကိုပင့်တင်ရင်းရိပေါ်ပြောလိုက်တော့ လင်းဝေ့ကစပ်ဖြီးဖြီးနဲ့ရယ်ပြလာတယ်။

"တစ်ခါတစ်လေလေးငိုက်မိတာကိုကွာ"

ငိုက်သာငိုက်တာ၊ လင်းဝေ့ကတကယ်တမ်းကျတော်ပါတယ်။ ကျောင်းစာသင်ချိန်တွေမှာအိပ်ငိုက်တတ်ပေမယ့် နားမလည်တာရှိရင်လည်း ရိပေါ်ကိုသေချာလေးမေးတတ်တဲ့သူ။

"မုန့်စျေးတန်းသွားရအောင်ကွာ မင်းလိုက်မှာမလား"

လင်းဝေ့အမေးကိုမလိုက်ဘူးလို့ငြင်းဖို့တွေးလိုက်ပေမယ့် တစ်စုံတစ်ယောက်အတွက်ဝယ်စရာရှိသေးတာကိုရိပေါ်သတိရသွားတယ်။ ဘယ်သူကမှဝယ်ခိုင်းတာမဟုတ်ဘဲ ရိပေါ်ကိုယ်တိုင်ကဒီလူ့အတွက်စိတ်လိုလက်ရဝယ်ပေးဖို့တွေးထားခဲ့တာမို့ လင်းဝေ့ကိုမငြင်းဖြစ်တော့ဘူး။

"အင်း ငါလိုက်မှာ"

"ဒါမှဖေ့သား"

လင်းဝေ့ကလက်မတထောင်ထောင်နဲ့ပြောနေတယ်။ ဒါပေမယ့်ရိပေါ်မုန့်စျေးတန်းကိုလိုက်တာက လင်းဝေ့နဲ့အတူသွားချင်လို့မဟုတ်ဘဲ စီနီယာအစ်ကိုကြီးပြန်ရောက်ရင်ပေးဖို့Apple Juiceဝယ်ချင်လို့ဆိုတာ လင်းဝေ့ကမသိဘူး။

"အားရီ Apple Juiceသုံးဘူးနဲ့ Orange Juiceတစ်ဘူးပေးပါဗျ"

မုန့်စျေးတန်းက မုန့်ဆိုင်ပိုင်ရှင်အဒေါ်ကြီးကိုရိပေါ်ပြောတော့ လင်းဝေ့ကမျက်လုံးပြူးခနဲ။ ရိပေါ်က Orange Juiceတစ်ခုဘဲသောက်တတ်တာကို လင်းဝေ့ကသိတာကိုး။ ဒါပေမယ့်ရိပေါ်လိုဘဲ Apole Juiceတစ်မျိုးတည်းသောက်တတ်တဲ့သူရှိသေးတာကိုတော့ လင်းဝေ့ကမသိဘူး။

"မင်းဒါတွေကိုအလှူလုပ်မလို့လား"

မုန့်စျေးတန်းမှာတည်းက မေးဖို့ပါးစပ်တပြင်ပြင်ဖြစ်နေတဲ့လင်းဝေ့က စာသင်ခန်းကိုပြန်တဲ့လမ်းမှာမနေနိုင်မထိုင်နိုင်မေးလာတယ်။

"ငါသောက်ဖို့မဟုတ်ဘူး"

မေးခွန်းတခြား၊အဖြေတခြားပြောလိုက်တဲ့ရိပေါ်ကို လင်းဝေ့ကမျက်စောင်းထိုးတယ်။ ဒါပေမယ့် စီနီယာအစ်ကိုကြီးကြည့်တဲ့မကြည်ကြည့်လေးလောက်တောင် ချစ်စရာကောင်းမနေဘူး။

"မင်းသောက်ဖို့မဟုတ်မှန်းတော့သိတာပေါ့ လဒရဲ့ ဘာလုပ်မလို့လဲမေးနေတာကို"

လင်းဝေ့ရဲ့အဆဲတစ်ဝက်အမေးကို ရိပေါ်ပြန်မဖြေဖြစ်ဘူး။ ရလဒ်အကျိုးဆက်ကတော့ လမ်းကနေစာသင်ခန်းထဲရောက်သည်ထိပေါက်ပေါက်ဖောက်သလိုတတွတ်တွတ်ပြောနေတဲ့လင်းဝေ့စကားတွေကို ရိပေါ်နားနဲ့မဆန့်အောင်ကြားလိုက်ရတာဘဲ။ ဒါပေမယ့် ရိပေါ်လင်းဝေ့ကိုစိတ်လည်းမဆိုးသလို ဂရုလည်းမစိုက်မိပါဘူး။ ရိပေါ်သိတာကတော့ ဒီညနေမှာ Orange Juiceဘူးလေးတွေကို ရိပေါ်ပေးဖို့ရည်ရွယ်ထားတဲ့တစ်စုံတစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ပါဘဲ။ ဘယ်လိုပုံစံလေးများဖြစ်နေမလဲ ရိပေါ်အစ်ကိုကြီးက။

စာသင်ချိန်တွေအတွင်းမှာ ရိပေါ်ကမုန့်စားရတဲ့ကလေးလိုဘဲ။ ဆရာသင်တဲ့စာကိုလိုက်ကြည့်လိုက်၊ ခုံစောင်းအောက်မှာထိုးထားတဲ့Juiceဘူးတွေကိုကြည့်လိုက်နဲ့ မျက်နှာကတပြုံးပြုံး။ ဖြစ်နိုင်ရင်ရိပေါ်အချစ်တွေကို juiceထဲဖျော်ထည့်တိုက်လိုက်ချင်ပါရဲ့။ ဒါပေမယ့် ရိပေါ်အချစ်တွေကတအားများနေတော့ အချိုလွန်ပြီး စီနီယာအစ်ကိုကြီးချောင်းဆိုးမှာကိုလည်း ရိပေါ်ကစိုးရိမ်ပါသေးတယ်။

အချစ်ဟာသိပ်ဆန်းကြယ်တယ်။ ရိပေါ်ကတော့ သူ့အချစ်တွေများလို့မွန်းကျပ်သွားလေမလားလို့တွေးမိတဲ့အထိ ဒီအစ်ကိုကြီးကိုရူးလောက်အောင်ချစ်ပါတယ်။

~~~

ကျောင်းဆင်းတော့ လင်းဝေ့ကသန့်ရှင်းရေးကူလုပ်ဦးမယ်ဆိုပြီးနေခဲ့တယ်။ အဲ့တာကိုဘဲရိပေါ်ကကြိတ်ကျေးဇူးတင်နေတယ်။ မဟုတ်ရင်တတွတ်တွတ်ပြောနေတဲ့လင်းဝေ့စကားတွေကို ရိပေါ်တစ်လမ်းလုံးနားညည်းနေခဲ့ဦးမှာ။

ကျောပိုးအိတ်ရဲ့ဘေးအိတ်ထဲမှာထည့်ထားတဲ့juiceဘူးလေးတွေကိုလက်နဲ့ပြန်စမ်းနေရင်းက ရိပေါ်ပြုံးမိတယ်။ ပြီးတော့တစ်ဆက်တည်းတွေးမိသေးတယ်။ သူ့အရိပ်ပြာကလေးကဘယ်လိုပုံစံလေးဖြစ်နေမလဲဆိုတာ ရိပေါ်သိပ်သိချင်နေတယ်။ ပြီးတော့စိုးရိမ်နေတယ်။ နဂိုကမှခပ်စိမ်းစိမ်းအရိပ်ပြာကလေးက ကြားလေတွေသွေးတာနဲ့ရိပေါ်ကိုပိုပြီးစိမ်းကားသွားလေမလား၊အရင်လိုမျက်နှာမှာဒဏ်ရာတွေနဲ့တွေ့ရမှာလား စတာတွေကိုရိပေါ်စိုးရိမ်နေတယ်။ ဒါပေမယ့်မတွေ့ဘဲလည်းမနေနိုင်ပြန်ဘူး။

ကျန့်ကောတို့အိမ်ရှေ့ရောက်တော့ ခြံတံခါးကသော့ခတ်မထားဘူး။ ရိပေါ်ချီတုံချတုံဖြစ်နေသေးတယ်။ သူလာတာကိုကျန့်ကောကကြိုက်မှကြိုက်ပါ့မလားဆိုတာကိုပေါ့။ ဒါပေမယ့်အိမ်ထဲဝင်ဖို့ဘဲရိပေါ်ကဆုံးဖြတ်ပါတယ်။ ရိပေါ်လာတာကိုစီနီယာအစ်ကိုကြီးမကြိုက်ရင်တောင်  ရိပေါ်ကတော့ စီနီယာအစ်ကိုကြီးအမြဲသောက်တတ်တဲ့Apple Juiceလေးတွေပေးချင်သေးတာမို့ပေါ့။

"ဟော ရိပေါ်လေး
ကျန့်ကောဆီလာတာနဲ့တူတယ်"

မီးဖိုခန်းဘက်ကထွက်လာတဲ့ယင်းအားရီက အိမ်တံခါးဝမှာရပ်နေတဲ့ရိပေါ်ကိုမြင်တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ဆီးကြိုတယ်။

"ဟုတ်ကဲ့ ကျန့်ကောပြန်ရောက်ပြီလားဗျ အားရီ"

ရိပေါ်အမေးကို ယင်းအားရီကပြုံးရင်းခေါင်းညိမ့်တယ်။

"သားရဲ့ကျန့်ကော သူ့အခန်းထဲမှာနားနေတယ် ဝင်သွားလေ ကလေး"

ကျန့်ကောအခန်းဘက်ဆီကိုမေးငေါ့ပြရင်း ယင်းအားရီကပြောလာတာမို့ ရိပေါ်အားနာသွားတယ်။ ဝမ်ရိပေါ်ကငတုံးလေး။ ခရီးဝေးကပြန်လာတဲ့သူပင်ပန်းနေမှာကိုတော့ထည့်မတွက်ဘဲ တွေ့ချင်တာတစ်ခုတည်းနဲ့ဇွတ်ဝင်လာခဲ့မိတာ။ ဒါပေမယ့်ပြင်လို့မရတော့ဘူး။ ရိပေါ်ကအိမ်ထဲကိုလည်း ရောက်ပြီးနေပြီ။

"ဟုတ် ကျေးဇူးပါဗျ အားရီ"

"ရပါတယ် မလိုပါဘူး ဒီကလေးကတော့"

ရိပေါ်ကကျေးဇူးတင်စကားဆိုတော့ ယင်းအားရီကမျက်စောင်းတစ်ချက်ထိုးရင်း မီးဖိုခန်းဘက်ကိုပြန်ထွက်သွားတယ်။ အပြာနုရောင်အခန်းတံခါးလေးရှေ့မှာ ရိပေါ်ခပ်တောင့်တောင့်ကလေးရပ်နေမိတယ်။ စီနီယာအစ်ကိုကြီးသာပင်ပန်းပြီးအိပ်ပျော်နေတာဆိုရင် ရိပေါ်တံခါးခေါက်လိုက်တဲ့အခါနိုးသွားမှာစိုးရပါတယ်။ ဒါပေမယ့်ရိပေါ်လှည့်မပြန်ချင်ဘူး။ နည်းနည်းဖြစ်ဖြစ်တော့မျက်နှာကလေးကိုငေးကြည့်ချင်သေးတယ်။

ဒေါက်~ဒေါက်~ဒေါက်

စိတ်ဒုန်းဒုန်းချပြီးတံခါးခေါက်လိုက်တော့ အပြာနုရောင်တံခါးလေးကဖျတ်ခနဲပွင့်လာတယ်။ ပြီးတော့တစ်ချိန်တည်းမှာဘဲ ရိပေါ်သိပ်လွမ်းနေခဲ့ရတဲ့မျက်နှာကလေးကိုပါရိပေါ်တွေ့လိုက်ရပါတယ်။ ရိပေါ်ထင်သလိုအိပ်ပျော်မနေခဲ့ဘူးဘဲ။ ရိပေါ်လာမယ်လို့ထင်မထားတာကြောင့် ဝိုင်းခနဲဖြစ်သွားတဲ့မျက်လုံးအိမ်လေးတွေနဲ့အဲ့ဒီအစ်ကိုကြီးကချစ်စရာကောင်းလိုက်တာ။

"ရပ်မနေဘဲဝင်ခဲ့"

"ဟုတ်ကဲ့"

ရပ်ပြီးငေးနေတဲ့သူ့ကိုစီနီယာအစ်ကိုကြီးကအဲ့လိုပြောလာတာမို့ ရိပေါ်ယောင်အမ်းအမ်းနဲ့ခေါင်းညိမ့်ရင်း အခန်းထဲလိုက်ဝင်လာခဲ့လိုက်တယ်။ အနည်းဆုံးတော့ ရိပေါ်စိုးရိမ်ထားတာတွေမရှိဘူး။ ရိပေါ်ကိုလည်းစိမ်းမနေဘူး။ ခဏခဏမြင်နေရတတ်တဲ့ဒဏ်ရာတွေလည်း မျက်နှာဖြူဖြူနုနုကလေးမှာရှိမနေဘူး။ ထူးခြားတာဆိုလို့ အရင်ကထက်အသားတွေဖြူလာတာရယ်၊မတွေ့ရတဲ့ရက်တွေမှာ အရင်ကထက်ချစ်စရာကောင်းလာတာရယ် ဒါပါဘဲ။ ပေကျင်းမြေနဲ့စီနီယာအစ်ကိုကြီးကဓာတ်တည့်ပုံရပါတယ်။ ဒါပေမယ့်ပေကျင်းမြေမှာ စီနီယာအစ်ကိုကြီးရဲ့နှလုံးသားလေးပါအခြေကျသွားမှာကိုတော့ ရိပေါ်မသိစိတ်ကရော၊သိစိတ်ကပါ တိတိကျကျစိုးရိမ်နေတယ်။

"ကျောင်းကနေတစ်ခါတည်းတန်းလာတာလား"

အခန်းထဲရောက်တော့ စီနီယာအစ်ကိုကြီးကအဲ့လိုမေးတယ်။ ကျောင်းဝတ်စုံနဲကျောပိုးအိတ်ကို ကျန့်ကောကသတိထားမိသွားပုံရပါတယ်။

"ဟုတ်ကဲ့ ပေးစရာလေးရှိလို့ပါဗျ"

ရိပေါ်ပြောတော့ စီနီယာအစ်ကိုကြီးက'ဘာလဲ'ဆိုတဲ့သဘောနဲ့မေးဆတ်ပြတယ်။

"Apple Juiceတွေပါဗျ ကျောင်းမုန့်စျေးတန်းကနေကျွန်တော်ဝယ်လာတာပါ"

ကျောပိုးအိတ်ထဲကJuiceဘူးတွေကိုထုတ်ပြီးပေးတော့ စီနီယာအစ်ကိုကြီးကမငြင်းဘဲလှမ်းယူတယ်။

"မင်းမုန့်ဖိုးတွေကုန်သွားမှာပေါ့"

စီနီယာအစ်ကိုကြီးစကားကို ရိပေါ်ခေါင်းယမ်းပြလိုက်တယ်။

"မုန့်ဖိုးတွေကုန်လည်း စီနီယာအစ်ကိုကြီးသာကြိုက်တယ်ဆိုရင်ကိစ္စမရှိပါဘူးဗျာ"

ရိပေါ်ပြောတော့စီနီယာအစ်ကိုကြီးကဘာမှပြန်မပြောဘူး။ ဒါပေမယ့်ဒါတွေကရိပေါ်မညာဘူး။ စီနီယာအစ်ကိုကြီးသာကြိုက်တယ်ဆိုရင် မုန့်စျေးတန်းကိုအပိုင်ဝယ်ပေးဆိုရင်တောင် ရိပေါ်ကဝယ်ပေးဦးမှာ။ ရိပေါ်မှာပိုက်ဆံရှိရင်ပေါ့။

"ပင်ပန်းလာတာဆိုရင်နားလိုက်ပါဦးဗျ
ကျွန်တော်နောက်နေ့ညနေမှလာခဲ့ပါဦးမယ်"

ရိပေါ်ကတကယ့်လူလည်လေး။ ဘယ်သူမှခေါ်ပါတယ်မပြောဘဲနဲ့နောက်နေ့ညနေလာဖို့ပါကြိုပြောနေတဲ့လူလည်အဆိုးလေးပေါ့။

"အင်း ငါ့ကိုလာတွေ့ဖို့ထက်ကျောင်းမှာသာစာကောင်းကောင်းလိုက်သင်"

"ဟုတ်ကဲ့ စိတ်ချပါဗျ"

ရတောင့်ရခဲစီနီယာအစ်ကိုကြီးရဲ့အမှာစကားကို ပုတ်သင်ညိုလိုခေါင်းတဆတ်ဆတ်ညိမ့်ပြမိတယ်။ ဒီအစ်ကိုကြီးစကားကိုတော့ ရိပေါ်ကနားထောင်လိုစိတ်အပြည့်ရှိပါတယ်။

အိမ်အပြန်လမ်းကလေးမှာရိပေါ်ကအတွေးတစ်မျိုးထပ်ဝင်တယ်။ ရိပေါ်မှာသာစွမ်းအားရှိနေရင် စီနီယာအစ်ကိုကြီးပြန်လာတဲ့ရက်တွေကုန်ဆုံးမသွားအောင် သဘာဝဆိုတဲ့နာရီကြီးကိုရပ်ထားပစ်မယ်လို့ပေါ့။ ပြီးတော့ညစ်ပတ်တယ်ဘဲဆိုဆို အချိန်တွေဆက်မရွေ့တော့အောင် အဲ့ဒီနာရီကြီးကို ဓာတ်ခဲဖြုတ်ထားချင်ပါတယ်။

#Tayy Yizhan
14.8.2022(Sun)
A/N ရက်ကူးသွားတာကလေ 13ရက်နေ့ည10:30မှာရေးပြီးတာကို မှားနှိပ်မိပြီးzgမဟုတ် uniမဟုတ်တဲ့စာတွေဖြစ်ကုန်တာ အဲ့မှာssတွေပြန်ရိုက်ပြီးပြန်ရေးရတာ လက်တွေလည်းအံသေနေပြီ 10:30ထဲကပြန်typingရိုက်နေရတာ 12:37ရှိနေပြီ အားT_T

Czytaj Dalej

To Też Polubisz

580K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
784K 29.2K 104
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
92K 3K 33
Izuku has been tossed to foster home to foster home since a young age. Till he ends up at a mafia with his foster sister Eri. The leader starts tak...
18.7K 905 9
Only ZSWW (Zhanyi)Smut Shot Collections! If you don't like don't read try to talking bullshit. I will mute you ok!