Came From Deepest Somewhere

By Tayy_1823

5.8K 260 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-7

145 9 0
By Tayy_1823

နှိုးစက်သံလေးထွက်လာတယ်။ မားမားနှိုးသွားမှာစိုးလို့ နှိုးစက်ကိုဇွတ်ထပိတ်ရပေမယ့် ရိပေါ်ခေါင်းကထူတောင်မထူချင်ဘူး။ ခေါင်းတွေတအားကိုက်နေတယ်။ ဟိုနေ့ကစက်ဘီးလဲလို့ရခဲ့တဲ့ဒဏ်ရာက မသက်သာလာတဲ့အပြင် ပိုဆိုးနေတယ်။ ပြီးတော့ မားမားညှော်ကြော်တဲ့အနံ့ကြောင့် အနာရင်းသွားလို့ လူကဖျားနေသေးတယ်။ ခေါင်းတွေထိုးကိုက်ပြီး လူကလည်းနုံးချိနေတယ်။ ခြေတွေလက်တွေဆိုတာ သယ်တောင်မသယ်ချင်ဘူး။

ရိပေါ်မှာလုပ်စရာလေးတစ်ခုရှိလို့ ဒီမနက်ကိုစောစောထရတယ်။ အထူးသဖြင့် မားမားမနိုးခင် သူလုပ်မှဖြစ်မယ်။ စာကြည့်စားပွဲပေါ်မှာတင်ထားတဲ့မျက်မှန်ဝိုင်းကလေးကိုတပ်လိုက်တယ်။ မှတ်စုမှတ်တဲ့အဝါရောင်စာရွက်ပိုင်းကလေးပေါ်မှာ ခပ်ဝိုင်းဝိုင်းလက်ရေးနဲ့စာရေးလိုက်တယ်။

~အားရှိအောင်စားပြီး စာမေးပွဲကိုသေချာဖြေပါခဗျ~

စာရွက်ကလေးကို စက္ကူအိတ်လေးထဲထည့်လိုက်တယ်။ အဲ့ဒီအိတ်လေးထဲမှာ မုန့်တွေပါတယ်။ အထူးသဖြင့် ကျန့်ကောအားရှိအောင်လို့ သူ့မုန့်ဖိုးလေးနဲ့ဝယ်ထားတဲ့မုန့်တွေပေါ့။ အာလူးကြော်လို နေကြာစေ့တွေလိုဟာမျိုးကျ နည်းနည်းကလေးဆန်သလိုခံစားရလို့ သူမဝယ်ဘူး။ နောက်ပြီးတော့ အိတ်ကလေးထဲမှာ ကျန့်ကောကြိုက်တဲ့Apple Juiceဘူးလေးတွေလည်းပါတယ်။ ကျန့်ကောအကြောင်းတော့ ဒါလေးဘဲရိပေါ်ကောင်းကောင်းသိတယ်။ ကျန့်ကောက Apple Juiceတစ်မျိုးတည်းကို စွဲသောက်တတ်တယ်။

အပြင်ဘက်ကအေးတာရယ် ကိုယ်ကဖျားနေတာရယ်ကြောင့် Hoodieထပ်ဝတ်လိုက်ရသေးတယ်။ အိမ်အဝင်ကနေထွက်လို့မရဘူး။ အခန်းတံခါးလှပ်သံကြားရင် မားမားကနိုးသွားနိုင်တယ်။ ရှိသမျှအားနဲ့ပြတင်းပေါက်ကနေခုန်ချတော့ လူကမိုက်ခနဲ။ ခြေလှမ်းလှမ်းဖို့တောင် မနည်းအားယူနေရတယ်။ လူကတအားနုံးနေပြီ။

~ကျွီ~

ခြံတံခါးသော့ကိုလှပ်လိုက်တော့ အသံထွက်လာတာမို့ လူကတောင့်ခနဲ။ မတော်တဆ မားမားများနိုးသွားမလားဆိုတဲ့စိတ်နဲ့ မလုံမလဲအိမ်ဘက်ဆီလှည့်ကြည့်ရတယ်။ ဘာစိတ်မချစရာမှမတွေ့တော့မှ ရိပေါ်စိတ်အေးသွားတယ်။

ခြံတံခါးကိုစေ့ပြီးထွက်လာတော့ ပြင်ပလေကတစ်ချက်ဝေ့သေးတယ်။ လမ်းမပေါ်မှာခွေးတစ်ကောင်ကြောင်တစ်မြှီးမှမရှိပေမယ့် လမ်းမီးအလင်းရောင်တော့ရှိသေးတယ်။ သူတို့မြို့ကလေးမှာ လမ်းမီးတိုင်တွေကို မနက်6နာရီအထိတော့ဖွင့်ပေးထားကြတာမို့ ရိပေါ်စိတ်ထဲကကျေးဇူးတင်မိသွားတယ်။ ပတ်ဝန်းကျင်ကမှိန်ပျပျဖြစ်နေတာကို မျက်မှန်ကနေ သူသေချာကြည့်နေရတယ်။ ထွက်မယ့်သာထွက်လာရတာ ခေါင်းကထိုးကိုက်နေတုန်း။

ဒီနေ့က အထက်တန်းနောက်ဆုံးနှစ်တွေရဲ့စာမေးပွဲပထမနေ့။ ဒီအချိန်မှသူသွားမပို့ရင် ကျန့်ကောစားဖြစ်မှာမဟုတ်တော့ဘူး။ သူက ဒီမုန့်ကလေးတွေစားပြီးအားရှိစေချင်တာ။ ပြီးတော့ စာမေးပွဲကောင်းကောင်းဖြေနိုင်စေချင်တာ။ သိပ်မကြာခင်ဘဲ ကျန့်ကောတို့အိမ်ရှေ့ကိုရောက်သွားတယ်။ ဒီလောက်အစောကြီးမမြင်ရနိုင်မှန်းသိရဲ့နဲ့ အရိပ်ကလေးကို ရိပေါ်ရှာနေမိသေးတယ်။ ဝမ်ရိပေါ်ကလူသာနေမကောင်းတာ ချစ်တဲ့စိတ်ကတော့ဘယ်တော့မှမကင်းပျောက်တဲ့သူ။

ကျန့်ကောတို့အိမ်ရဲ့ခြံတံခါးလေးမှာ မုန့်အိတ်ကလေးကိုချိတ်ခဲ့ရင်း ပြန်လာခဲ့လိုက်တယ်။ ကျေးဇူးပြုပြီး မိုးနတ်မင်းကယ်လို့ မနက်ကျယင်းအားရီမဟုတ်ဘဲ ကျန့်ကောကအရင်တွေ့ပါစေ။ အလာတုန်းက စိတ်ဇောတွေတက်နေလို့သိပ်ဂရုမပြုခဲ့ပေမယ့် အပြန်ကျတော့သူ့ကိုယ်ကယိုင်တောင်ယိုင်နေပြီ။ ခေါင်းတွေလည်းတအားနောက်ကျိနေပြီ။

အိမ်ထဲပြန်ဝင်ဖို့လုပ်တော့ သူအကြပ်ရိုက်သွားတယ်။ အဆင်းတုန်းကသိပ်မသိပေမယ့် အခုပြန်တက်ဖို့ကျ ပြတင်းပေါက်ကမြင့်နေတယ်။ လှေကားလည်းရှိပေမယ့် အိမ်နောက်မှာမို့ မားမားနိုးသွားမှာစိုးရတယ်။ မထူးဇာတ်ခင်းပြီး အိမ်ရှေ့ပေါက်ကနေဘဲအသာလှပ်ဝင်လိုက်တယ်။ ကံကောင်းကြီးစွာနဲ့ အိမ်ရဲ့သော့တွေတိုင်း မားမားက သူ့ကိုတစ်ချောင်းပွားပေးခဲ့လို့ပေါ့။ မဟုတ်ရင် နေမကောင်းတဲ့ကလေးက လမ်းမကြီးမှာအိပ်နေရမလားဘဲ။

ရိပေါ်အိပ်ခန်းထဲရောက်တဲ့အထိ မားမားကမနိုးဘူး။ တကယ်ဆို မားမားကသိပ်အအိပ်ဆတ်တာ။ ဒီနေ့မှအရမ်းအိပ်ပျော်နေတယ်နဲ့တူတယ်။ ဒါလည်း ရိပေါ်ကံကောင်းတာဖြစ်ရင်ဖြစ်မှာပါ။ လူကမရတော့ဘူး။ ​ဒူးတွေတအားမခိုင်တော့ဘူး။ စာကြည့်စားပွဲလေးမှာမျက်မှန်ကိုချွတ်ပြီးတင်လိုက်တဲ့အချိန် ရိပေါ်မျက်လုံးထဲမှာ အနက်ရောင်တွေဖုံးလွှမ်းသွားတယ်။ ပြီးတော့ ဘာဆိုဘာမှရိပေါ်မသိတော့ပါ။

~~~

ပထမဆုံးစမြင်လိုက်ရတာ မျက်နှာကျက်ဖြူဖြူ။ တစ်နည်းအားဖြင့် အတိအကျပြောရရင် ရိပေါ်အခန်းရဲ့မျက်နှာကျက်။ သူမှတ်မိသလောက်ပြောရရင် မနက်အစောကြီး စီနီယာအစ်ကိုကြီးဆီကိုမုန့်သွားပို့တော့ ရိပေါ်နေမကောင်းဖြစ်နေတာ၊ အပြန်ကျတော့ အိမ်တံခါးကနေလှပ်ဝင်ပြီးအခန်းထဲရောက်သွားတယ်။ ပြီးတော့ စာကြည့်စားပွဲပေါ်ကိုမျက်မှန်တင်လိုက်တဲ့အချိန် ရိပေါ် ရုတ်တရက်အိပ်ပျော်သွားတယ်ထင်တယ်။ အခု ကုတင်ပေါ်ကိုဘယ်လိုရောက်လာတာလဲတော့ ဝမ်ရိပေါ်မသိပါ။ အိပ်ရာကနေထကြည့်လိုက်တော့ ကျောရိုးတွေနာနေတာမို့ ကုတင်ကိုအသာမှီနေရတယ်။ စာကြည့်စားပွဲပေါ်က စားပွဲတင်နာရီအသေးလေးကိုကြည့်လိုက်တော့ ညနေ4နာရီခွဲတော့မယ်။

"ဟော သတိရလာပြီလား မားမားကလေးလေး"

လော့ချမထားတာကြောင့် ပွင့်နေတဲ့အခန်းထဲကို မားမားကဝင်လာရင်းမေးတယ်။ ပြီးတော့လက်ထဲမှာလည်းပန်းကန်တစ်လုံးနဲ့။ ကုတင်ဘေးကစာကြည့်စားပွဲပေါ်လာတင်တဲ့ပန်းကန်လုံးဆီကိုကြည့်မိတော့ အငွေ့တွေထနေသေးတဲ့ ဆန်ပြုတ်တွေဖြစ်နေတယ်။ နံနံပင်စိမ်းစိမ်းလေးတွေတောင်ပါသေးတယ်။

"သက်သာရဲ့လား ဝမ်ပေါင်ပေ့
မားမားဖြင့် စိတ်ကိုပူသွားတာဘဲ"

အိပ်ရာပေါ်ကိုလာထိုင်ရင်း မားမားကမေးလာတယ်။ ပြီးတော့ နဖူးပေါ်မှာကျနေတဲ့ရိပေါ်ရဲ့ဆံပင်တွေကိုသပ်တင်ပေးရင်း ရိပေါ်နဖူးကိုအပူစမ်းတယ်။ မဟုတ်မှ ရိပေါ်တစ်ခုခုဖြစ်သွားတာလား။

"ဘာလို့ဖျားနေတာကို မားမားကိုမပြောတာလဲ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဝမ်ပေါင်ပေ့ရယ်"

မားမားက ဆူပူတာမဟုတ်ဘဲနဲ့ ရိပေါ်ကိုပြောပါတယ်။ ဟိုနေ့တွေတည်းက အနာရင်းလုလုဖြစ်နေတာကို မားမားသိတာမို့ ဖျားရင်ပြောပြဖို့မှာထားသေးတယ်။ ဒါကို ဝမ်ရိပေါ်ကနားမထောင်ခဲ့တာ။

"ကျွန်တော်ဘာမှသိပ်မဖြစ်လို့ပါ မားရယ်"

လေ​ပြေအေးလေးနဲ့ရိပေါ်ပြောတော့ မားက သက်ပြင်းတစ်ချက်ချတယ်။

"စာကြည့်စားပွဲနားမှာမေ့လဲနေတာက ဘာမှသိပ်မဖြစ်တာတဲ့လား ရိပေါ်ရယ်"

မားမားပြောခါမှ သူသတိရသွားတယ်။ အဲ့ဒီအချိန်က စာကြည့်စားပွဲနားမှာ ရိပေါ်မေ့လဲခဲ့တာပေါ့။ မျက်လုံးထဲမှာမဲမှောင်လာပြီးဘာကိုမှ ရိပေါ်မသိတော့တာ။

"ဒါနဲ့ အားကျန့်က သားအဝတ်တွေပြန်ပေးလိုက်တယ် လျှော်ပြီးသားတဲ့"

ပြောရင်းဆိုရင်း မားမားက စက္ကူအိတ်ကြည်ပြာရောင်လေးကိုပေးလာတယ်။ ဝဲဘက်ရင်ဘတ်တစ်နေရာက ငလျင်အသေးစားလေးလှုပ်ခတ်သွားတာကို မားမားတော့မသိလိုက်ပေမယ့် ဝမ်ရိပေါ်တော့သေချာသိပါတယ်။ ပြီးတော့ မနက်ကမုန့်တွေကို ယင်းအားရီမဟုတ်ဘဲ ကျန့်ကောအရင်တွေ့ရဲ့လား၊ စာမေးပွဲပထမဆုံးနေ့မှာ အစစအရာရာအဆင်ပြေရဲ့လား၊ မေးခွန်းတွေကရော ကျက်ထားတာတွေနဲ့ထပ်တူကျရဲ့လားသိချင်လိုက်တာ။ ဒါပေမယ့် ကျန့်ကောကတော့ သူ့ကိုတစ်လုံးမှဟလာမှာမဟုတ်ပါဘူး။

"ကျန့်ကော စာမေးပွဲကောင်းကောင်းဖြေနိုင်တယ်တဲ့လား မား"

မားမားဆီက စက္ကူအိတ်လေးကိုလက်လွှဲယူရင်း သူမေးတော့ မားမားကမဆိုင်းမတွဘဲခေါင်းညိမ့်တယ်။

"ဖြေနိုင်တယ်တဲ့ မေးခွန်းကလည်းသိပ်မခက်ဘူးပြောတယ်"

"ကျန့်ကောကတော်လို့နေမှာပါ"

မထိန်းချုပ်မိလိုက်ခင် လွှတ်ခနဲထွက်သွားတဲ့စကားကြောင့် မားမားကိုကြည့်လိုက်ပေမယ့် မားမားကသာမန်မျက်နှာထားမို့တော်သေးတယ်ဆိုရမယ်။ ဘာမှထူးဆန်းပုံမရဘဲ ပြုံးတောင်ပြုံးနေသေးတယ်။

"ဟုတ်ပါပြီ ဝမ်လောင်ရှီးရယ်
အားကျန့်တော်မှန်း မားလည်းသိပါတယ်နော်"

မားမားကပြုံးရင်းပြောလာတာမို့ ရိပေါ်မဆိုသလောက်ကလေးတော့ ရှက်သွားတယ်။ နှာခေါင်းလုံးလုံးလေးတောင် နီနေမလားဘဲ။

"ကဲ! ဆန်ပြုတ်တွေအေးသွားလိမ့်မယ်
မားခွံ့ကျွေးရမလား ဝမ်ပေါင်ပေ့" 

ဆန်ပြုတ်ပန်းကန်ကိုကြည့်လိုက်ရင်း မားမားကပြောလာတယ်။ ရိပေါ် ဒါတော့ခေါင်းယမ်းပြလိုက်တယ်။ ရိပေါ်က ကိုယ်တိုင်မသောက်နိုင်ရလောက်အောင် နေမကောင်းဖြစ်နေတာမှမဟုတ်တာ။

"ကျွန်တော့်ဘာသာစားနိုင်ပါတယ် မားရဲ့"

"ဟုတ်ပါပြီ အဲ့မှာဆေးရောသောက်
လိုတာရှိရင်လှမ်းခေါ်လိုက်နော်
မားမားကလေးလေး
မားအပြင်မှာရှိနေမှာ"

"ဟုတ်ကဲ့ မား"

ပြောပြီး မားမားကအခန်းပြင်ထွက်သွားပြီ။ စာကြည့်စားပွဲပေါ်က ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်တော့ နည်းနည်းတော့ပူသေးတယ်။ ကြက်သားဖတ်သေးသေးလေးတွေနဲဆန်ပြုတ်ပူပူလေးက မားလက်ရာမို့ထင်ရဲ့။ တကယ်အရသာရှိတယ်။ အထူးသဖြင့် ရိပေါ်သိပ်ကြိုက်တဲ့နံနံပင်တွေကြောင့်မို့ အရသာပိုကောင်းသွားတာလည်းဖြစ်မယ်

ဝမ်ရိပေါ်က နံနံပင်သိပ်ကြိုက်တယ်။ ငယ်ငယ်တုန်းက ရိပေါ်မှာ အနာဂတ်အတွက်အိပ်မက်အကြီးကြီးရှိတယ်။ ပိုက်ဆံရှာနိုင်တဲ့အခါကျ အရင်ဦးဆုံး ခြံကျယ်ကျယ်တစ်ခြံဝယ်ပြီး နံနံပင်တွေစိုက်မယ်။ ပြီးတော့ လက်လီလက်ကားဖြန့်ဖြူးမယ်။ အရည်အသွေးကောင်းပြီးသဘာဝမြေသြဇာတွေနဲ့ထုတ်တဲ့ ဝမ်ရိပေါ်ရဲ့နံနံပင်ဆိုပြီး ကြော်ငြာပရိုမိုးရှင်းဆင်းလိုက်တော့ တစ်ကမ္ဘာလုံးကဝယ်လာကြတယ်။ အဲ့တော့ ဝမ်ရိပေါ်ချမ်းသာလာပြီး နံနံပင်ကုမ္ပဏီတွေ၊ နံနံပင်ရုံးခွဲတွေဖွင့်မယ်။ ဝမ်ရိပေါ်ကိုယ်တိုင်လည်း နံနံပင်ကိုအမျိုးစုံဟင်းချက်ပြီးစားမယ်။ နည်းနည်းတော့ကြောင်တိကြောင်တောင်နိုင်တဲ့အနာဂတ်အိပ်မက်ကြီးဆိုပေမယ့် ရိပေါ်ကတော့သဘောကျခဲ့တာဘဲ။ ဒါပေမယ့် အခုတော့ စီနီယာအစ်ကိုကြီးပြုံးဖို့ကလွဲရင် ဘာအနာဂတ်အစီအစဥ်မှမချချင်တော့ဘူးဖြစ်သွားတယ်။ အချစ်ဟာ တကယ်လည်းဆန်းကျယ်ပါတယ်။

ဆန်ပြုတ်သောက်ပြီးသွားတော့ ပန်းကန်အလွတ်ကိုစာကြည့်စားပွဲပေါ်ကို ပြန်တင်လိုက်တယ်။ ရိပေါ်လုပ်စရာတစ်ခုရှိတယ်။ အဲ့တာက ကျန့်ကောပြန်ပေးလိုက်တဲ့သူ့အဝတ်အစားတွေကိုထုတ်ကြည့်ဖို့ပါဘဲ။ အဝတ်လျှော်စက်နဲ့ဘဲလျှော်လျှော်၊လက်နဲ့ဘဲလျှော်လျှော် ကျန့်ကောကသေချာလုပ်ပေးထားတာမို့ ဝမ်ရိပေါ်တကယ်ပျော်ပါတယ်။ အမှန်တိုင်းပြောရရင် လက်နဲ့လည်းမလျှော်စေချင်ပါဘူး။ စီနီယာအစ်ကိုကြီးရဲ့လက်နုနုလေးတွေထိခိုက်သွားမှာ ရိပေါ်သေမလောက်ကြောက်ပါတယ်။

စက္ကူအိတ်ကလေးကိုဖောက်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက သူ့ရဲ့ကျောင်းနောက်ဆုံးနေ့ကယူနီဖောင်းလေး။ အဖြူရောင်ရှပ်ကလေးက မီးပူပါတိုက်ထားပုံရတယ်။ ခေါက်ရိုးကလေးတွေကိုညီလို့။ ဘာဆပ်ပြာသုံးထားလည်းမသိပေမယ့် လာဗင်ဒါရနံ့သင်းသင်းကလေးရတယ်။ ပြုံးစိစိဖြစ်နေတဲ့ရိပေါ်ရုပ်က တစ်စုံတစ်ခုကိုတွေးမိတော့ နည်းနည်းစိတ်ထင့်သွားရတယ်။ ဒီဟာတွေလုပ်နေလို့ ကျန့်ကောရဲ့စာကျက်ချိန်နည်းနည်းလျော့သွားလေမလားဆိုတဲ့စိတ်နဲ့ မသိစိတ်ကအားနာသွားတယ်။ ဝမ်ရိပေါ်ဟာလေ တကယ့်အရှုပ်ထုတ်ဘဲ!။

ယူနီဖောင်းလေးကိုစက္ကူအိတ်ထဲပြန်ထည့်ဖို့လုပ်တော့ စာရွက်ပိုင်းလေးတစ်ခုတွေ့တယ်။ စာရွက်ကလေးက သေးသေးလေးဆိုမှတကယ့်သေးသေးလေး။ ဝမ်ရိပေါ်ရင်တွေတဒိတ်ဒိတ်ခုန်နေတယ်။ မဟုတ်မှ ကျန့်ကောက သူ့ကိုကျေးဇူးတင်ကြောင်းများပြောလိုက်တာလား!။ စိတ်လှုပ်ရှားစွာနဲ့စာရွက်ကလေးကိုယူကြည့်လိုက်မိတယ်။

~အင်း~

ဒါဘဲ။ စာရွက်ပိုင်းကလေးကသေးသလို စာလုံးကလည်းဒါတစ်လုံးတည်း။ ရိပေါ်ပြုံးမိတယ်။ ဒီအစ်ကိုကြီးဟာလေ တကယ့်အဆိုးအဆာလေး။

ကျန့်ကောလက်ရေးက ရိပေါ်လိုကြည့်ကောင်းလွန်းတဲ့လက်ရေးမဟုတ်ပေမယ့် ယောကျာ်းဆန်တဲ့ဘက်သွားတယ်။ စိတ်ထဲတွေးနေတာတစ်ခုတော့ပေါ့သွားတယ်။ မုန့်တွေကို ယင်းအားရီမဟုတ်ဘဲ ကျန့်ကောအရင်တွေ့သွားပုံရပါတယ်။ မိုးနတ်မင်းက ဝမ်ရိပေါ်ကိုကောင်းချီးပေးလိုက်တာပါဘဲ။

"များများစား အားရှိအောင်လို့"

ညစာထမင်းဝိုင်းမှာ ပန်းကန်ထဲကိုဟင်းတွေအများကြီးပုံပေးရင်း မားမားကပြောတယ်။ ရိပေါ်တကယ်စိတ်မကောင်းပါဘူး။ ရိပေါ်နေမကောင်းတာကို မားမားကအတော်စိတ်ပူသွားပုံရတယ်။ ပြေးကြည့်မှဒီသားနဲ့ဒီမားမားဘဲရှိတာမို့ပေါ့။

"မားရောစား"

မားမားပန်းကန်ထဲကို ဟင်းတွေခတ်ထည့်ပေးတော့ မားမားကသဘောတကျပြုံးတယ်။

"မားမားကလေးလေး နောက်ထပ်နေမကောင်းမဖြစ်နဲ့တော့နော်"

မားမားစကားကိုခေါင်းညိမ့်ပြလိုက်ရင်း ညစာစားလိုက်တယ်။

"အားကျန့်ဘဝလေးက တကယ့်တော့သနားစရာလေးပါ"

ညစာစားနေရင်း မားမားက ရုတ်တရက်ပြောလာတယ်။ ကျန့်ကောအကြောင်းတော့ ရိပေါ်တကယ်သိချင်တယ်။ Apple Juiceကြိုက်တာရယ်၊ ပန်းချီဆွဲတတ်တာရယ်ကလွဲရင် စီနီယာအစ်ကိုကြီးအကြောင်းကိုရိပေါ်ဘာမှမသိဘူး။ ဘာမှမသိဘဲချစ်ခဲ့တာဆိုရင် ပိုမှန်လိမ့်မယ်။

"အားကျန့်လေးကိုကိုယ်ဝန်လွယ်ထားရတုန်း ရှောင်ယင်းကအိမ်ထောင်နဲ့ကွဲခဲ့တာ အားကျန့်ကခုထိသူ့ပါးပါးကိုမမြင်ဖူးဘူးရယ်
ရှောင်ယင်းကလည်း အမျိုးသားကိုစိတ်နာနေတော့ အားကျန့်အငယ်လေးက ပါးပါးဘယ်မှာလဲမေးတိုင်း ငိုရင်းရိုက်ခဲ့တာ"

စီနီယာအစ်ကိုကြီးအကြောင်းကြားရတော့ ရိပေါ်ရင်ထဲ့နင့်ခနဲ။ ကျန့်ကောအငယ်လေးဘယ်လောက်တောင်ငိုနေခဲ့မလဲ။ ဘယ်လောက်များအားငယ်နေခဲ့မလဲ။ မျက်ရည်တပေါက်ပေါက်ကျနေမယ့်စီနီယာအစ်ကိုကြီးအငယ်လေးကိုတွေးကြည့်ရင် ရိပေါ်ရင်တွေနာပါတယ်။ သနားသွားတာမဟုတ်ဘဲ မထွေးပွေ့ပေးနိုင်ခဲ့လို့၊ အနားမှာရှိမပေးနိုင်ခဲ့လို့ ယူကြုံးမရဖြစ်တာမျိုး။ တကယ်ဆို မားမားက ရိပေါ်ကိုစောပြီးမွေးခဲ့သင့်တာ။

"ပြီးတော့ ရှောင်ယင်းကပြောခဲ့သေးတယ်
ကြိုက်သလောက်ဆိုးစမ်းတဲ့ အဖေဆိုတာကိုမမေးရင်ပြီးရောတဲ့"

"ဒါကြောင့်များ ကျန့်ကောကရန်တွေဖြစ်နေခဲ့တာလား မား"

ရိပေါ်မေးတော့ မားကခေါင်းကိုခပ်ဖြည်းဖြည်းညိမ့်ပြတယ်။

"အင်း မားတော့အဲ့တာကြောင့် အားကျန့်လေးဆိုးနေတယ်ထင်တာဘဲ"

"ကျန့်ကောကဆိုးနေတာမဟုတ်ပါဘူး ရန်ဖြစ်တိုင်းဆိုးတာမှမဟုတ်တာ မားရာ"

ရန်ဖြစ်တိုင်းဆိုးတာဘယ်ဟုတ်မလဲလေ။ ကျန့်ကောကဘယ်တုန်းကများ အကြောင်းပြချက်မဲ့ဒဏ်ရာရခဲ့ဖူးလို့လဲ။ ခိုင်လုံတဲ့အကြောင်းပြချက်တွေကြောင့်သာ သူ့ကျန့်ကောရန်ဖြစ်ခဲ့တာဘဲမဟုတ်လား။ ပြီးတော့ တစ်ဖက်ကစတာတွေချည်းမဟုတ်လား။

"ယင်းအားရီကဘာလို့အမျိုးသားကို စိတ်နာသွားရတာလဲ မားသိလား"

ရိပေါ်မေးတော့ မားမားကခေါင်းညိမ့်တယ်။

"တစ်ချိန်ကျ မားမပြောလည်းသားသိလာမှာပါ"

မားမားက ရိပေါ်သိချင်တာကိုဖြေမသွားဘူး။ အဲ့ဒီအစား ညစာထမင်းဝိုင်းလေးက ပဟေဠိတွေနဲ့ပြီးသွားခဲ့တယ်။ ညစာသိမ်းခါနီးတော့ မားမားကပြောသွားခဲ့သေးတယ်။

"ဘာဘဲဖြစ်လာဖြစ်လာ အားကျန့်အပေါ်ကို စိတ်မကွက်ပါနဲ့ ဝမ်ပေါင်ပေ့
အားကျန့်မှာသားမသိသေးတာတွေရှိနေသေးတယ်"

အဲ့လိုပြောပြီး မားမားကထသွားတယ်။ ရိပေါ်ဟာ အခန်းထဲရောက်သည်ထိ မားမားစကားကိုပြန်ကြားနေတုန်း။ ကျန့်ကောမှာ သူမသိသေးတာတွေရှိသေးတာကို ရိပေါ်ဝန်ခံတယ်။ ဒါပေမယ့် စိတ်ကွက်ဖို့တော့ အိပ်မက်ထဲတောင်ထည့်မမက်ဖူးပါ။ မားမားမပြောလည်း ရိပေါ်ကစီနီယာအစ်ကိုကြီးဘေးမှာရှိနေဦးမှာ၊ အစစအရာရာအထိအခိုက်ကင်းအောင် ဂရုစိုက်နေဦးမှာ။ ကျန့်ကောအတွက် ဝမ်ရိပေါ်က အရှုပ်ထုတ်၊ ပြသနာထုတ်ကလေးမဖြစ်ခင်အထိပေါ့။ဒါဟာ သူချစ်တဲ့စီနီယာအစ်ကိုကြီးမို့ဆိုတာကလွဲရင် အကြောင်းပြချက်ကင်းမဲ့ပါတယ်။ အဲ့သလောက်ထိ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုချစ်ပါတယ်။

#TayyYizhan
15.7.2022(Fri)

Continue Reading

You'll Also Like

344K 48.7K 79
《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 �...
1.1M 189K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
644K 103K 66
Myanmar translation (မြန်မာဘာသာပြန်) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
419K 8K 32
အထန်ကောင်လေးနဲ့ အရမ်းအလို လိုက်တဲ့ daddyကြီးကို မြင်ရမဲ့ ficလေးပါ ‌အမှောင် ficပါ 25+လို့ပြောလို့ရပါတယ် ခလေးတွေ မဖက်ရဲ့ရင် ဝင်မဖတ်ပါနဲ့ (အထန်ကောင်လေး...