Came From Deepest Somewhere

Por Tayy_1823

4.6K 189 5

ရှောင်းကျန့်ကအများပြောသလို ဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးပဲဖြစ်ခဲ... Más

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Final Chapter
XZ's POV
Gift Chapter💙

Chapter-6

121 7 0
Por Tayy_1823

"ဝမ်ပေါင်ပေ့ ထတော့ ထတော့"

"အင်း~ငါးမိနစ်ဘဲ မားမား"

"ငါးမိနစ်ဆိုပြီးငါးနာရီလောက် ပြန်အိပ်ဦးမှာမလား"

"မဟုတ်ပါဘူး မားရာ
တကယ်ငါးမိနစ်ဘဲ"

"သြော် ထပါဆို ဒီကလေးနှယ်"

မနက်ခင်းနှိုးစက်သံလို မားမားက ရိပေါ်ကျောကိုပုတ်ရင်းနှိုးလာတယ်။ လူကထချင်ပေမယ့် မျက်ခွံတွေကလေးနေတုန်းဘဲ။ ကျောင်းပိတ်တည်းက ရိပေါ်အလုပ်ကအိပ်တာဘဲ။ စားတယ် အိပ်တယ် ဒါဟာသမာရိုးကျ နိစ္စဓူဝသူ့လုပ်ငန်းစဥ်။ သူက စာတော့သိပ်ကြိုးစားပေမယ့် အအိပ်လည်းမက်တဲ့သူ။ တရေးနိုးကြီးထနှိုးပြီး ကြိုက်တာဝယ်ပေးမယ်ပြောတဲ့မားမားကိုတောင်ငြင်းပြီးဆက်အိပ်ဖူးတဲ့အထိ။

"မျက်နှာသစ်ပြီးရင် မနက်စာစားရအောင်
မားမားပြင်ထားပေးမယ် အချစ်ကလေး"

မားမားက မျက်နှာခပ်မဲ့မဲ့လုပ်နေတဲ့ရိပေါ်ကျောကိုခပ်ဖွဖွပုတ်ရင်း အချိုသတ်ပြောပြီးထွက်သွားတယ်။ ဆက်အိပ်လို့မရမယ့်အတူတူမျက်နှာဘဲထသစ်ရတယ်။ သွားတိုက်ဆေးလိမ္မော်ရနံ့ကလေးကြောင့် လူကနည်းနည်းတော့လန်းသွားလေရဲ့။

"ဒီမှာ လာစား မားမားအချစ်ကလေး"

ထမင်းစားစားပွဲမှာထိုင်နေတဲ့မားမားကလှမ်းခေါ်တယ်။ မနက်စာကထူးထူးခြားခြားရယ်တော့မဟုတ်ဘူး။ နွားနို့တစ်ခွက်နဲ့ပေါင်မုန့်နှစ်ချပ်ဘဲ။ အတော်များများဆယ်ကျော်သက်တွေက နွားနို့မကြိုက်ကြဘူး။ ရိပေါ်ကသာ မားမားစကားကိုယုံပြီး ငယ်ငယ်တည်းကနွားနို့နေ့တိုင်းသောက်ခဲ့တာ။ မားမားကပြောဖူးတယ် 'နွားနို့နေ့တိုင်းသောက်ရင် ဉာဏ်လည်းကောင်းမယ် အရပ်ကြီးလည်းရှည်လာမယ်'တဲ့။ စာသိပ်တော်ချင်တဲ့ရိပေါ်က နွားနို့ကအဲ့တည်းကစသောက်တော့တာဘဲ။ ဒီကိုရောက်စကတောင်တွေးဖြစ်တာက စီနီယာအစ်ကိုကြီးက နွားနို့တွေအများကြီးသောက်လို့အရပ်ရှည်တာဖြစ်မယ်လို့ပေါ့။

လင်းဝေ့ကတော့ မနက်စာအဖြစ် နွားနို့သောက်တတ်တာသိတော့ပြောသေးတယ်
'နွားနို့သောက်တာ ကလေးတွေအကြိုက်ပါကွာ ငါကတော့အထာကျကျကော်ဖီဘဲ'~
အဲ့ဒီတုန်းက ရိပေါ်ကိုတောင် ဝမ်ပေါင်ပေ့လို့ခေါ်ခဲ့သေးတယ်။

Ring~Ring~Ring

နွားနို့ကိုသောက်ရင်း ဟိုတွေးဒီတွေးလုပ်နေတုန်း အိမ်ဖုန်းကအသံထွက်လာတာမို့ မားမားကသွားကိုင်တယ်။ အိမ်ကိုဖုန်းဆက်တတ်တဲ့လူအများစုဟာ မားမားရဲ့မိတ်ဆွေတွေ၊ ဆရာမဘဝတုန်းကရင်းနှီးခဲ့တဲ့သူတွေချည်းပါဘဲ။

"ဝမ်ပေါင်ပေ့ လင်းဝေ့တဲ့"

မားမားက ပေါင်မုန့်ကိုခပ်ဖြည်းဖြည်းဝါးနေတဲ့သူ့ကိုလှမ်းခေါ်တယ်။ ဟုတ်သား လင်းဝေ့ကဖုန်းဆက်တတ်တာလည်း သူမေ့နေတာ။ ပြီးတော့ ပိတ်ရက်ထဲလည်း ငနာကဖုန်းဆက်မယ်ပြောထားသေးတယ်။

'ဝေ~'

မားမားဆီကဖုန်းကိုလက်လွှဲယူပြီး ရိပေါ်ပြောလိုက်တယ်။

'ဖေ့သား စောစောစီးစီး ဘာတွေမြိုနေတာလဲ
အာလုတ်သံကြီးနဲ့'

ပေါင်မုန့်ဝါးနေတဲ့သူ့အသံကြောင့် ကျက်သရေရှိလှတဲ့မနက်ခင်းလေးကို ပုံဖျက်ဖို့လင်းဝေ့ကအခွင့်အရေးရသွားပုံရတယ်။

'မနက်စာမစားလို့ ငါကဘာလုပ်နေရမှာလဲ
ဒီလောက်အစောကြီး'

ဘောက်ဆတ်ဆတ်အသံနဲ့ရိပေါ်ဖြေတော့ ဖုန်းတစ်ဖက်ကလင်းဝေ့ကဟီးခနဲရယ်တယ်။ ပြေးမကြည့်ရင်တောင် ဖုန်းတစ်ဖက်က ပြီတီတီအခွက်ကြီးဖြစ်နေမယ်မှန်း ရိပေါ်သိပါတယ်။

'စိတ်လျှော့ပါ ရိပေါ်ကောကောကလည်း
ကျွန်တော်ကစတာကို'

ရိပေါ်အသံအနေအထားကိုသတိထားမိတဲ့လင်းဝေ့က 'စတာပါ'ဆိုတဲ့စကားနဲ့လျှောချတယ်။

'ပြောစရာရှိလို့ဖုန်းဆက်တာပါကွာ'

'ပြော'

'8နာရီလောက်ကျရင် မြို့ပတ်လမ်းကိုစက်ဘီးသွားစီးရအောင်ကွာ ငါလာခေါ်မယ်'

တီ~

လင်းဝေ့က သူပြောချင်ရာပြောပြီး ရိပေါ်အဖြေကိုမစောင့်ဘဲဖုန်းချသွားတယ်။ မဟုတ်လည်း ရိပေါ်လက်ခံမှာမှန်း လင်းဝေ့ကသိပုံရပါတယ်။

"ဘာတဲ့လဲ ဝမ်ပေါင်ပေ့"

နွားနို့မရှိတော့တဲ့ဖန်ခွက်တွေကိုဆေးကြောနေရင်း မားမားကလှမ်းမေးတယ်။

"8နာရီလောက်ကျရင် စက်ဘီးပတ်စီးရအောင်တဲ့ မားမား"

ရိပေါ်ပြောတော့ မားမားကခေါင်းညိမ့်တယ်။

"သူငယ်ချင်းကလာခေါ်မှာတဲ့လား"

"ဟုတ်ကဲ့ မား"

"လိုက်သွားလေ သား
မျက်မှန်ကိုဂရုတစိုက်တပ်နော်"

သေချာမှာနေတဲ့မားမားကို သူခေါင်းညိမ့်ပြလိုက်တယ်။ အိမ်မှာနေတုန်းမို့ တခါတရံမျက်မှန်ချွတ်ထားတတ်ပေမယ့် အဝေးမှုန်တဲ့ရိပေါ်က လမ်းတွေကူးရင်သိပ်သတိထားရတယ်။ ကျောင်းပိတ်ရက်တွေဆို စာတွေကြိုလေ့လာရတတ်ပေမယ့် ပိတ်ခါစနှစ်ပတ်လောက်ထိတော့ မားမားက သူ့ကိုလွတ်လပ်ခွင့်ပေးတယ်။

နာရီကိုကြည့်လိုက်တော့ 8နာရီထိုးဖို့ နာရီဝက်လိုသေးတယ်။ ညဝတ်အိပ်ထားတဲ့အဝတ်အစားတွေကိုလဲပြီး လျှော်စရာခြင်းတောင်းထဲကိုထည့်ရတယ်။ မားမားတွေ့ရင်ယူသွားတတ်လို့ ဖွက်ရ၊သိမ်းရတာအမော။ အဝတ်လျှော်စက်နဲ့ပေမယ့် မားမားအလုပ်တစ်ခုပိုမှာသူမလိုလားပါဘူး။ ဆံပင်ခပ်ပွပွကိုနည်းနည်းသပ်ရပ်အောင်ပြင်လိုက်တယ်။ အများကြီးသပ်ရပ်အောင်တော့မပြင်ဘူး။ ဘာလို့ဆိုစက်ဘီးစီးလို့လေတိုက်ရင်လည်း ဒီဆံပင်တွေကပွဦးမှာဘဲ။

"ရိပေါ် ငါရောက်ပြီဟေ့"

ခြံရှေ့ကထွက်လာတဲ့လင်းဝေ့အသံကြောင့် အနက်ရောင်ပြိုင်ဘီးလေးကိုတွန်းထုတ်လာလိုက်တယ်။ ဒီပြိုင်ဘီးလေးက ရိပေါ်အတန်းတင်ပထမရလို့ မားမားဝယ်ပေးခဲ့တဲ့ဆုတွေထဲကတစ်ခု။

"ထင်းရှူးတောတွေဘက်ကနေပတ်စီးကြမလား အဲ့နေရာကတကယ်မိုက်တာနော်"

"အင်း မင်းသဘောဘဲ"

လင်းဝေ့က သူ့အဆိုပြုချက်ကိုလက်ခံလိုက်လို့ သဘောကျသွားပုံရတယ်။ လင်းဝေ့ပြောတဲ့ထင်းရှူးတောဆိုတာက တကယ်တော့လမ်းဘေးမှာ ထင်းရှူးပင်တွေစီတန်းပြီးပေါက်နေတဲ့နေရာကိုပြောတာ။ လေအဝှေ့မှာကျလာတဲ့ထင်းရှူးရွက်ကြွေတွေနဲ့ ထင်းရှူးသားနံ့သင်းသင်းနဲ့ ပတ်ဝန်းကျင်ကလည်းတကယ်မှိုင်းညှို့ညှို့လေး။ အလွမ်းဓာတ်ခံရှိရင်ပိုလွမ်းချင်စရာနေရာမျိုး။

ထင်းရှူးပင်တွေစီတန်းပြီးပေါက်နေတဲ့လမ်းကလေးမှာ ပြိုင်ဘီးကလေးနှစ်စီးခပ်မှန်မှန်မောင်းနှင်နေတယ်။ တစ်စီးကအနီ၊ တစ်စီးကအနက်။

"မိုက်တယ်ကွာ ဖီးလ်ဘဲ"

လင်းဝေ့က စက်ဘီးကိုလက်လွှတ်စီးရင်း ဘေးကရိပေါ်ကိုပြောသလိုလိုနဲ့တစ်ကိုယ်တည်းညည်းတယ်။ တကယ်လည်းခံစားချက်ကတကယ်မိုက်ပါတယ်။ ဘီးတစ်ပတ်လည်တိုင်း လေတစ်ချက်ဝှေ့တယ်။ လေဝှေ့လိုက်တိုင်းထင်းရှူးနံ့ကလေးတွေရတယ်။ ရိပေါ်ဘဝမှာ စီနီယာအစ်ကိုကြီးကျောပြင်ကိုငေးရတာပြီးရင် အကြိုက်ဆုံးခံစားမှူပေါ့။

"ခဏနားရအောင်ကွာ"

လမ်းဘေးမှာချထားတဲ့သစ်သားခုံတန်းလေးဆီရောက်တော့ လင်းဝေ့ကနားဖို့ပြောတယ်။ ခေါင်းတစ်ချက်ညိမ့်ပြရင်း ပြိုင်ဘီးအနက်ကလေးကိုအရှိန်သပ်ရတယ်။

"ရိပေါ် မင်းအချစ်ဆိုတာကိုသိလား"

လမ်းတစ်ဖက်ဆီက ဖြတ်သွားတဲ့စုံတွဲတစ်တွဲကိုကြည့်ရင်း လင်းဝေ့ကမေးလာတယ်။ အချစ်ဆိုတဲ့အသံကြားတာနဲ့ လှိုက်ခနဲသတိရမိတာ သူ့ကျန့်ကောကိုဘဲ။ နေကောင်းကျန်းမာရဲ့လား၊ စာမေးပွဲနီးပြီမို့စာတွေရနေပြီလား၊ မနက်စာရောစားဖြစ်ရဲ့လား စသဖြင့်ရိပေါ်သိချင်တယ်။ ဒါပေမယ့်အနှောက်အယှက်ဖြစ်သွားမှာတွေးမိတော့လည်း သွားမမေးဖြစ်ဘူး။

"ငါ သေချာတော့မသိသေးဘူးထင်တယ်"

ဝေဝေဝါးဝါးဘဲ ရိပေါ်ဖြေလိုက်တယ်။ တကယ်လည်း အချစ်ဆိုတာဘာလဲလို့မေးရင် ဘယ်လိုဖြေရမှန်း ဝမ်ရိပေါ်မသိပါ။ သူသိတဲ့အချစ်ဟာ ကျန့်ကောကလွဲဘာအဓိပ္ပါယ်မှမရှိတော့ဘူး။

"မင်းကရောသိလို့လား"

မေးတုန်းကမေးပြီးဘာမှဆက်မပြောတဲ့ လင်းဝေ့ကို ရိပေါ်မေးလိုက်တော့ လင်းဝေ့ကပြုံးရင်းခေါင်းခါတယ်။ မြို့လမ်းကလေးဘေးမှာ အလယ်တန်းကျောင်းသားလေးနှစ်ယောက်ဟာ အချစ်ပြသနာဆွေးနွေးခန်းလုပ်နေလေရဲ့။

"အချစ်ကိုသိလည်းမသိသလို ခုထိလည်းမကြုံဖူးသေးပါဘူးကွာ ငါ့အထင်တော့ အချစ်ဆိုတာချစ်ပေးဖို့ပါဘဲ အဝေးချစ်၊အနီးချစ်၊စွန့်လွှတ်ချစ်၊ အပိုင်လိုချင်တဲ့အချစ် အားလုံးဟာအချစ်တွေချည်းဘဲလေ
အရေးကြီးတာက သူ့အတွက်စိတ်ဆင်းရဲစရာမဖြစ်ဖို့ပေါ့"

လင်းဝေ့က အချစ်ကိုနောကျေနေတဲ့သူလိုမျိုး ခပ်တည်တည်ပြောတယ်။

"ကဲ! ပြန်ရအောင်ကွာ"

ပြောချင်ရာပြောပြီး လင်းဝေ့ကမတ်တပ်ထရပ်တယ်။ အဲ့ဒီချိန်ထိ ရိပေါ်ကငုတ်တုတ်ဖြစ်နေတုန်း။

"ဘာလဲ ငါ့အပြောတွေမှာကြွေဆင်းသွားပြီးငုတ်တုတ်မေ့နေတာလား"

တော်တော်နဲ့ထမလာတဲ့ရိပေါ်ကို ဖတ်ခနဲလာရိုက်ရင်း လင်းဝေ့ကရယ်ကျဲကျဲနဲ့ပြောတယ်။

အပြန်လမ်းကလေးမှာ လင်းဝေ့စကားကြောင့် သူစိတ်လေးသွားတယ်။ ရိပေါ်ကရော ကျန့်ကောအတွက်စိတ်ဆင်းရဲစရာများဖြစ်နေမလား၊ ဒုက္ခအိုးကလေးများဖြစ်နေလေမလား။ သူကတော့ ရန်အမြဲဖြစ်တတ်တဲ့အစ်ကိုကြီးကို ပြသနာအိုးလေးရယ်လို့တစ်ခါမှယောင်လို့တောင်မတွေးခဲ့ဖူးပါ။

"ရိပေါ်!! ဟိုမှာစာဝါငှက်လေး"

ခပ်လေးလေးစိတ်နဲ့ပူပန်စရာတွေတွေးနေတုန်း လင်းဝေ့ရဲ့ပြူးပြူးပြာပြာအသံကြောင့် ရုတ်တရက်လှည့်ကြည့်လိုက်တယ်။

"အားးးး"

စက်ဘီးပေါ်ကနေပစ်စက်လက်ခတ်ပြုတ်ကျသွားတယ်။ လူတစ်ကိုယ်လုံးလေဟာနယ်ထဲရောက်သွားသလိုလို။ ဒူးခေါင်းဆီကပူထူသွားမှ ရိပေါ် သူ့ကိုယ်သူစက်ဘီးလဲမှန်းသိတယ်။ အရမ်းအတွေးလွန်နေတုန်း လင်းဝေ့အသံကြောင့် ဇွတ်လှည့်ကြည့်မိတော့ ဘီးရှေ့ရောက်နေတဲ့ကျောက်ခဲလုံးကိုမ​မြင်မိဘဲ ချော်ထွက်သွားပုံရတယ်။ ရိပေါ်ဟာ စက်ဘီးဘေးမှာမှောက်ယက်လဲလို့။ မျက်မှန်လည်းဘယ်ကျသွားမှန်းမသိဘူး။

"ရိပေါ် ရရဲ့လား
ငါတောင်းပန်ပါတယ်
ငါလည်းမင်းကိုကြည့်စေချင်လို့အော်လိုက်မိတာ ငါတကယ်တောင်းပန်ပါတယ်"

လဲကျနေတဲ့သူ့ကို လင်းဝေ့ကလာထူပေးရင်း ထိတ်ထိတ်လန့်လန့်မေးလာတယ်။ လင်းဝေ့အသံက စက်ဘီးလဲတဲ့သူထက်ပိုတုန်နေလို့ ရိပေါ်က ဘာရယ်မဟုတ်သနားသွားသေးတယ်။

"အားရီတော့ ငါ့ကိုဆူတော့မှာဘဲ
ငါတောင်းပန်တယ်နော် ရိပေါ်
ငါ့ကိုစိတ်မဆိုးနဲ့ကွာ"

ဘာစကားမှပြန်မပြောတဲ့ရိပေါ်ကို စိတ်ဆိုးသွားပြီအထင်နဲ့ လင်းဝေ့မျက်နှာက ငိုမဲ့မဲ့ဖြစ်နေတယ်။

"စိတ်ဆိုးရအောင် ငါက ကလေးလား"

ရိပေါ်ပြောတော့ လင်းဝေ့ကဟီးခနဲရယ်ပြတယ်။ လင်းဝေ့တကယ်လည်းလန့်သွားပုံရတယ်။ ခုနတုန်းကထိ သနားစရာမျက်နှာပလေးနဲ့။ တကယ်လည်း ရိပေါ်ဘာမှကြီးကြီးမားမားတော့မထိခိုက်ပါဘူး။ လမ်းမနဲ့ပွတ်တိုက်မိသလိုဖြစ်သွားလို့ ဒူးတော့ပွန်းသွားတယ်။ နွေရာသီမို့ထင်ပါတယ် သွေးရောင်ကခပ်ရဲရဲ။

"ဒီမှာမျက်မှန်တပ်လိုက်ဦး"

မြေကြီးထဲလူးပြီးဖုန်တွေပေနေတဲ့သူ့မျက်မှန်ကို သေချာသုတ်ပေးပြီး လင်းဝေ့ကပေးလာတယ်။ အပြန်လမ်းတော့စက်ဘီးကိုတွန်းလာလိုက်တယ်။ ဒူးကနာနေတော့ ရိပေါ်စက်ဘီးစီးလို့မရတာမို့ လင်းဝေ့ကပါ စက်ဘီးကိုတွန်းလာလိုက်တယ်။ သူတို့ပြန်လာတော့ လမ်းကလေးမှာလူတွေတောင်စည်နေပြီ။

"ငါ အားရီကိုကူပြောပေးရဦးမလား ရိပေါ်"

ရပ်ကွက်ထိပ်နားက လင်းဝေ့အိမ်ကိုရောက်တော့ လင်းဝေ့ကအဲ့လိုမေးလာတာမို့ ရိပေါ်ခေါင်းခါပြလိုက်တယ်။

"ရပါတယ် မားကငါ့ကိုမဆူပါဘူး
စိတ်ချလက်ချပြန်"

"အင်း ဒါဆိုငါသွားတော့မယ်နော် ရိပေါ်"

လင်းဝေ့ကလက်ပြရင်း သူ့အိမ်ထဲဝင်သွားပြီ။ သွေးပူနေတုန်းမနာတဲ့ဒူးက လေတိုက်သွားရင်စိမ့်ခနဲတော့နာတတ်တယ်။ စက်ဘီးကိုတောင် ခပ်မြန်မြန်မတွန်းနိုင်။ နည်းနည်းကြာတော့ စီနီယာအစ်ကိုကြီးတို့အိမ်ရှေ့ကို ရိပေါ်ရောက်လာတယ်။ ချစ်တတ်သူတို့ရဲ့ထုံးစံအတိုင်း အရိပ်ကလေးများမြင်ရမလားဆိုတဲ့အတွေးနဲ့ မျှော်ကြည့်ဖြစ်သေးတယ်။

ကံဆိုတာ ကောင်းတစ်လှည့်၊ဆိုးတစ်လှည့်လို့ရိပေါ်ကြားခဲ့ဖူးတာအမှန်ဘဲဖြစ်မယ်။ ကံဆိုးချိန်နဲ့ကြုံလို့ ရိပေါ်စက်ဘီးလဲတယ်။ ကံဆိုးပြီးတော့ ခုရိပေါ်ကံကောင်းသွားပြီနဲ့တူတယ်။ စီနီယာအစ်ကိုကြီးက အိမ်အပေါ်ထပ်ကသူ့အခန်းရဲ့ပြတင်းပေါက်ဘေးကစာကြည့်စားပွဲလေးမှာစာလုပ်နေတယ်။ ဒီအချိန်ဆို ယင်းအားရီလည်းရှိမှာမဟုတ်ဘူး။ ဒီအချိန်က အိမ်ရှင်မတွေစျေးသွားတဲ့အချိန်။

ဒီတစ်ခါတီရှပ်အဖြူလေးနဲ့သူ့အစ်ကိုကြီးက သာမန်ထက်ပိုချောနေသလိုဘဲ။ ပုံမှန်ဆိုရင် ရှပ်လက်ရှည်တွေနဲ့ဆိုတော့ လူကြီးလေးလိုမျိုးခံစားရစေတယ်။ အခုကျဆယ်ကျော်သက်ပေါက်စလေးလိုဘဲ။

"အဲ့မှာရပ်နေဦး"

အရမ်းငေးနေတုန်း စီနီယာအစ်ကိုကြီးကမြင်သွားပုံရတယ်။ ရိပေါ်ကိုလှမ်းအော်ပြောလာတယ်။ အရမ်းငေးနေလို့မငေးဖို့​ပြောမလားဆိုတဲ့အတွေးနဲ့ ရင်ထဲထိတ်ခနဲဖြစ်သွားတယ်။

"ဝမ်ရိပေါ်"

"ပြောပါဗျ"

ခြံတံခါးကိုဖွင့်ပြီးထွက်လာတဲ့ကျန့်ကောက သူ့နာမည်ကိုခေါ်တယ်။ ပြီးတော့ စက်ဘီးကိုတစ်ချက်ကြည့်တယ်။

"ဘာလို့တွန်းလာတာလဲ စက်ဘီးကို"

မတင်းမမာအသံနဲ့ ကျန့်ကောကမေးပါတယ်။

"ကျွန်တော် စက်ဘီးလဲလာလို့ပါဗျ"

ရိုးရိုးသားသားသူဖြေတော့ ကျန့်ကောမျက်ဝန်းတွေကနည်းနည်းလှုပ်သွားတယ်။

"ဒဏ်ရာရထားသေးလား"

"ဟုတ်ကဲ့ ဒူးနည်းနည်းပွန်းသွားသေးတယ်"

"ခဏစောင့် ငါပြန်လာမယ်"

ပြောပြီးအိမ်ပေါ်တက်သွားတဲ့သူကို ရိပေါ်ခြံဝမှာဘဲ စိတ်ရှည်ရှည်စောင့်နေလိုက်တယ်။ ခဏကြာတော့အရိပ်ကလေးက ရိပေါ်ရှေ့ကိုပြန်ရောက်လာတယ်။

"ရော့ အိမ်ကျရင်ဒါကပ်ထားလိုက်"

ပြောရင်းနဲ့ကမ်းပေးလာတာက အနာကပ်ပလာစတာအဖြူလေး။ အနာကပ်ပလာစတာတွေက အိမ်မှာလည်းရှိတာမို့ ကျန့်ကောကိုအပိုမကုန်စေချင်ပါ။

"အနာကပ်ပလာစတာတွေက အိမ်မှာလည်းရှိပါတယ်ဗျ စီနီယာအစ်ကိုကြီးအသုံးလိုရင်!.."

"စကားရှည်လိုက်တာကွာ ယူဆိုယူလိုက်"

အလိုမကျတဲ့မျက်နှာနဲ့ကျန့်ကောက ရိပေါ်လက်ထဲဇွတ်ထည့်ပေးပြီးထွက်သွားတယ်။ သူဘာမှားသွားသလဲ ရိပေါ်မသိပါ။ ဒါပေမယ့် ခုနကစိတ်ဆိုးသလိုမျက်နှာလေးနဲ့ကျန့်ကောက ချစ်စရာသိပ်ကောင်းတာတော့ ဝမ်ရိပေါ်ကောင်းကောင်းသိလိုက်ပါတယ်။

ပလာစတာလေးကိုသေချာကိုင်ရင်း ကျန့်ကောတို့အိမ်ရှေ့ကနေထွက်လာခဲ့လိုက်တယ်။ ဆက်ငေးနေရင်လည်း ကျန့်ကောစိတ်မသက်မသာဖြစ်မှာစိုးရသေးတယ်။ ခဏတွေ့ရလည်း နေတတ်ရင်ကျေနပ်စရာဘဲကိုး။

"မား ကျွန်တော်ပြန်ရောက်ပြီ"

စက်ဘီးကိုသေချာသော့ခတ်ရင်း ရိပေါ်ပြောတော့ မားမားဆီကပြန်ဖြေသံမကြားရ။ ကျူးလစ်ခင်းဆီသွားကြည့်နေမလား၊ ဒါမှမဟုတ်ရင်တော့ စျေးသွားနေတာဖြစ်ပါလိမ့်မယ်။ အခန်းထဲကိုရောက်တော့ ဒဏ်ရာကိုအရက်ပြန်နဲ့အရင်ဆေးရတယ်။ အရက်ပြန်ကစပ်၊ပွန်းပဲ့ရာကစပ်နဲ့ ရိပေါ်လေးခမျာကလူးကလဲ။ သေချာဆေးပြီးတဲ့အခါ ကျန့်ကောပေးလိုက်တဲ့အနာကပ်ပလာစတာလေးကိုထပ်ကပ်လိုက်တယ်။ အဲ့ဒီအခါကျ ရိပေါ်မျက်နှာကပြုံးဖြီးဖြီးဖြစ်နေပြီ။

ဖြစ်နိုင်ရင် ဒီပလာစတာလေးကိုမသုံးဘဲ သေချာလေးသိမ်းထားချင်တယ်။ ဒါပေမယ့် ပိုင်ရှင်ကိုယ်တိုင်က သေချာကပ်ဖို့အမှားစကားပါးလိုက်တော့ သိပ်လိမ္မာတဲ့ရိပေါ်လေးက မြေဝယ်မကျနားထောင်လိုက်ရတယ်။ အဲ့တာတောင် ပလာစတာအိတ်ခွံလေးကို စာအုပ်ကြားမှာ ပြန့်ပြန့်ပြူးပြူးဖြစ်အောင်သိမ်းထားလိုက်သေးတယ်။

နည်းနည်းတော့နားထောင်လို့မကောင်းပေမယ့် ရိပေါ်နဲ့စီနီယာအစ်ကိုကြီးကြားမှာ အနာကပ်ပလာစတာလေးနှစ်ခုကပေါင်းကူးတံတားဖြစ်လိမ့်မယ်ထင်တယ်။ ပြီးတော့ သေချာတွေးကြည့်ရင် ဝမ်ရိပေါ်က စီနီယာအစ်ကိုကြီးကိုချစ်နေတာ သိတဲ့သူတွေရှိတယ်။
~စီနီယာအစ်ကိုကြီးပေးခဲ့တဲ့ပုံတူပန်းချီလေးလည်း အဲ့ဒီကိစ္စကိုသိတယ်။ စီနီယာအစ်ကိုကြီးရဲ့အခန်းကြည်ပြာရောင်လေးလည်းသိတယ်။ ရိပေါ်ရဲ့စာကြည့်စားပွဲလေးလည်းသိတယ်။ အဖြေမှားတပ်ဖူးတဲ့လေ့ကျင့်ခန်းစာအုပ်လေးလည်းသိတယ်။ အဆုံး အနာကပ်ပလာစတာလေးတွေလည်း အဲ့ဒီအကြောင်းကိုသိပါတယ်~

#TayyYizhan
13.7.2022(Wed)

Seguir leyendo

También te gustarán

640K 32.3K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
160K 17.3K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 37.5K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.3M 57.9K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC