ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

By phyolay1991

20.2K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... More

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

266 38 0
By phyolay1991

Chapter 21 Sweet
December 19, 2023
Chapter 21

------------

သူပြန်အိပ်ပျော်သွားပြီးနောက် ရွှီလော့ယန်တစ်ယောက် နိုးတစ်၀က်ဖြစ်လာကာ ကားပေါ်မှအဆင်းတွင် ကြောင်စီစီဖြစ်‌နေသောကြောင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားရသည်။ ချီချန်အန်းက ရွှီလော့ယန်၏ လက်မောင်းကို ညာလက်မှာ ကိုင်ထားပြီး ဘယ်ဘက်လက်မှာ ရှားစောင်းလက်ပတ်ပင်လေးကို ကိုင်ထားကာ တီးတိုးပြောလာသည်။

"အဆင်းခြေလမ်းတွေကိုသတိထား ဂရုစိုက်ဦး ၀က်ရုပ်လေးကိုလည်းသေချာကိုင်ထား"

လက်ထောက်ဒါရိုက်တာဖြစ်သူ ထောင်ရှောင်ထူက နားထောင်နေခဲ့ရာ ထို cp က အဝေမတည့်ဖြစ်နေသည်ဟု ခံစားနေရတာကြောင့်အကြံပြုလိုက်သည်။ 

"မင်းဘာလို့ သူအတွက်၀က်ကလေးကိုပါ မကိုင်ပေးလိုက်တာလဲ"

ရွှီလော့ယန်က လူတွေကို သတိမထားမိဟန်ဖြင့် အရုပ်ကို ချီချန်အန်းရင်ခွင်ထဲသို့ ထည့်ကာ "မဟုတ်ဘူး ရှင်းရှင်းပြောရရင် ချီချန်အန်း ဆီမှာဘဲ ပစ္စည်းတွေထားတာက အလုံခြုံဆုံးလို့ မသိစိတ်ကနေ ခံစားနေရလို့...."

ထောင်ရှောင်ထူ "…"

ငါကလည်း ဒီဝက်ရုပ်ကိုမင်းနဲ့ပြိုင်လုမနေပါဘူးကွာ..

မည်သို့ပင်ဖြစ်စေကာမူ ဤအနှောက်အယှက်ဖြစ်ပြီးနောက် ရွှီလော့ယန်နောက်ဆုံးတွင် လုံး၀နိုးသွားချေပြီ။ သူက ပါးကိုခွဖွဖွပွတ်ကာ ဘေးဘီဝဲရာကြည့်လိုက်ပြီးနောက် ချီချန်အန်းကို အံ့အားသင့်စွာ မေးလိုက်သည်။

"မင်း အရင်က ရွှင်းယွမ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို ရောက်ဖူးလား"

သူ အပြည့်အဝ နိုးလာကြောင်း သေချာစေပြီးတဲ့နောက်မှာ ၊ ချီချန်အန်းက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ကူကယ်ရာမဲ့နေဟန်ဖြင့်ဆိုလာ၏။

"မင်း ခြောက်နာရီလောက် ဆက်တိုက်ကိုအိပ်ပျော်သွားတာ"

သူ့၏ အိပ်ထားသောကြောင့် ရှုပ်နေသော ဆံပင်ကို ဖြေးညှင်းစွာ ဖွလိုက်ပြီး ရွှီလော့ယန်သည် အကြောင်းပြချက်တစ်ခုရှာရန် သူ့ဦးနှောက်ကို အလုပ်ပေးနေမိသည်။

"ကောင်းကောင်းအိပ်တာက အရပ်ရှည်ဖို့‌ကူညီပေးနိုင်တာပေါ့လို့"

သူကတကယ်ပဲ ချက်ချင်းကောက် အရပ်ရှည်လာနိုင်သလိုဟန်မျိုးဖြင့်ပြောလိုက်သည်။

ရွှင်းယွမ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအခြေစိုက်စခန်းဖြစ်သည်။ ရှီလော့ယန်၏ယခင်ရုပ်ရှင်များတွင် ရွှင်းယွမ်မှလာသောရှေးဟောင်းဝတ်စုံနှစ်ခုဖြင့်ရိုက်ကူးဖူးသည်။ တရုတ်နိုင်ငံတွင် ရုပ်ရှင်သုံးကားရိုက်ကူးခဲ့သော်လည်း ဓာတ်ပုံမရိုက်ခဲ့သည့် ချီချန်းအန်းနှင့် နှိုင်းယှဉ်လျှင် ရွှီလော့ယန်က ဤနေရာကို ကောင်းစွာသိသည်။

ဤသို့ဖြင့်သူက ချီချန်အန်း၏အနားကို မျက်တောင်တဖျက်ဖျက်ခတ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဒီနေရာကို ကျွန်တော်ကောင်းကောင်းသိတယ် နက်ဖြန်အထိကို ရိုက်ကူး‌ရေးစဦး မှာမဟုတ်ဘူး အဲဒီမတိုင်ခင်တော့ အရသာရှိတဲ့ အစားအစာကို သွားစားကြမယ်လေ"

ချီချန်အန်းကလည်း သူ့အသံကို လျှော့ပြီး သူ့အားအပြုံးလေးနှင့် တီးတိုးစကားပြန်ဆိုလာသည်။

"ကောင်းပြီ၊ မင်းသွားတဲ့အခါ ကိုယ့်ကို ခေါ်ဖို့မမေ့နဲ့"

ကျန်း‌ အနောက်ကိုလိုက်နေသော လူတစ်စုက ဟိုတယ်သို့ လိုက်သွားကြသည်။ ရွှီလော့ယန် နှင့် ချီချန်အန်း တို့က အလယ်တွင် လျှောက်ကာ လမ်းလျှောက်ရင်း ရိုက်ကူးရေး၏ ပျော်စရာအကြောင်းများအား ပြောဆိုနေကြသည်။ သို့သော်၊ အများစုမှာ ရွှီလော့ယန်ဘက်မှ စူးစူးဝါးဝါးအသံနှင့်ပြောဆိုနေမှုသာ ဖြစ်ပြီး ချီချန်အန်းကမူ ဂရုတစိုက်သာ ငြိမ်၍နားထောင်နေသည်ဟု ဆိုရမည်ပင်။

အရှေ့ဘက် ကောင်တာသို့ ရောက်ချိန်တွင် ရွှီလော့ယန်ကရုတ်တရက် တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ အသံနောက်လိုက်ကြည့်ရာ အရပ်ရှည်ရှည်နှင့် သန်မာတဲ့လူငယ်တစ်ယောက် အမြန်လာနေတာကိုတွေ့လိုက်ရသည်။ထို့နောက် ထိုသူက ပါးစပ်ပေါက်တွေကိုဖွင့်ကာပြောလာသည်။

" ရွှီကော မင်း နည်းနည်းလေး ပိန်သွားသလိုဘဲ"

အခြေအနေဖြင့်မကိုက်ညီသော ယခုလိုမှတ်ချက်တွေကို မကြားချင်ယောင်ဆောင်ရင်း ရွှီလော့ယန်က တည်ငြိမ်စွာဖြင့် ချီချန်အန်းကို မိတ်ဆက်ပေးလိုက်သည်။

“ဒါက ကျွန်တော်နဲ့ ငါးနှစ်ကြာလက်တွဲအလုပ်လုပ်ခဲ့တဲ့ ကျွန်တော်လက်ထောက် လုတိပဲ ချန်အန်းကော မင်း သူ့ကို တိဇီ လို့ခေါ်လို့ရတယ်”

ချီချန်အန်းက သူ့ကို ဖော်ရွေတဲ့ပုံစံဖြင့် နှုတ်ဆက်ချိန်တွင် လုတိ က ပိုတောက်ပစွာ ပြုံးပြလာသည်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာချီ"

ထိုသူက အရပ် 1.8 မီတာရှိပြီး သန်မာသော ကြွက်သားများ၊ ထူထဲသော မျက်ခုံးမွှေးနှင့် မျက်လုံးကြီးများကိုပိုင်ဆိုင်ပြီး သူ့ကိုယ်ပိုင်ပုံစံမူဟန်က ' ငါကတော်တဲ့ ယောက်ျားတစ်ယောက်ပါ' ဆိုသော တံဆိပ် အမှတ်အသားမျိုးရှိသူမျိုးပင်။

သူက စိတ်လှုပ်ရှားစွာဖြင့် - "မစ္စတာချီရဲ့ရုပ်ရှင်တွေအားလုံးကို ကျွန်တော်ကြည့်ဖူးတယ် အကုန်လုံးက အရမ်းဂန္ထဝင်ဆန်တယ် ဒါပေ့မယ်လည်း ရွှီကောကကြတော့ ဘာလီဇက်က လူဆိုးဂိုဏ်းသား အားဟွေ ရဲ့ဇာတ်ကောင်ကို အကြိုက်ဆုံးပဲ.....ကျွန်တော်ကကြတော့ အမဲလိုက်ပွဲကားက စနိုက်ပါကို ပိုကြိုက်မိတယ်....အဲ့လို အကြိုက်မတူလို့ အချင်းချင်း ခဏခဏ ထိပ်တိုက်ရန်ဖြစ်ကြရတာလဲအကြိမ်ကြိမ်ပါဘဲ “

ရွှီလော့ယန်နှင့်ချီချန်အန်းတို့က သူ့ရဲ့အလုပ်ရှင်နှစ်ယောက် ဖြစ်လာနိုင်မှန်း သူသိသည်နှင့်တပြိုင်နက် လုတိက သူ့အိမ်စာတွေ* ပိုလုပ်ရန် သတိတရဖြစ်သွားသည်။ [ အကြောင်းသိရန် ]

သို့သော် ချီချန်အန်းနှင့်ပတ်သက်သည့် သတင်းအနည်းငယ်သာသူစုံစမ်းနိုင်ရှသေးသည်။ ဇာတ်ကားတွေမှ ပုံရိပ်တွေအပြင် မီဒီယာတွေဆီက ဓါတ်ပုံအတိုအထွာလေးတွေပဲမြင်တွေ့ထားဖူးပြီး သူက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။

ထို့ကြောင့် သူက ထိုသူ့အကြောင်းလေ့လာရန် ရုပ်ရှင်ကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါကြည့်ရှူခဲ့သော်လည်း ထိုသူ့အကြောင်းတော့သူမသိ၊ ထို့အစား သူဇာတ်ကားတွေကို ပိုကြည့်လေ ကြည့်လေ၊ ချီချန်အန်း၏ သရုပ်ဆောင်မှုက သဘာ၀ကျလွန်းနေကြောင်းကို ပို၍ ခံစားလာရလေဖြစ်ပြီး ၎င်းကို အဆိပ်မိ‌နေသလို အကြိမ်ပေါင်းများစွာ မထိန်းနိုင်ဘဲထိုင်သာကြည့်နေမိတော့၏။

သို့ပေမယ့် တကယ့်လူကို အပြင်မှာတွေ့တာလိုက်ရသည့်အချိန်တွင်မု ခံစားချက်က လုံးဝကို ကွဲပြားနေသည်။

လုတိက မကြာသေးမီနှစ်များအတွင်း ကျန်းသုန့်နှင့် ရွှီလော့ယန်တို့သာမက ချောမောခန့်ညားသည့် လူအများအပြားကိုတွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ချီချန်အန်း၏မျက်နှာကို မြင်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် မဝံ့မရဲဖြစ်နေကာ တစ်ဖက်လူစိတ်ကွပ်သွားမှာကိုလည်း စိုးရိမ်နေမိ၏။

"ချီကော"

သူကအဆုံးတွင်မူ မထိန်းနိုင်ဘဲ အော်ဟစ်ပစ်လိုက်သည်။

"ကျွန်တော်က ကောရဲ့ဖန်ပါ"

"ဘယ်နေ့ကရောက်တာလဲ"

ရွှီလော့ယန်ရဲ့အမေးကို နားထောင်ရင်း လုတိကမြန်ဆန်စွာပြန်ဖြေသည်။

"ကျွန်တော်က တစ်ရက်စောပြီး လာခဲ့တာ ကျန်းကောက မြို့ထဲမှာ လုပ်စရာရှိတယ် ရက်အနည်းငယ်ကြာမှ လာလိမ့်မယ် ပါ၀င်မယ့်သူတွေအတွက် အခန်းတွေအားလုံးကို ကြိုတင်စာရင်းပေးထားပြီးသား ရွှီကောနဲ့ မစ္စတာချီက ဘေးကပ်ရပ်အခန်းတွေဘဲ  ကျွန်တော်အခန်းကတော့ တည့်တည့်လေးမှာတင်ရှိတယ် “

သို့သော် ကိုးထပ်ရှိ အခန်းသို့ သူရောက်ချိန်တွင် ရွှီလော့ယန်က ထို "ဘေးကပ်ရပ်" ဆိုသည့် အမည်နှင့်အညီ အမှန်တကယ်ဖြစ်နေကြောင်းတွေ့ရှိသွားရသည်- သူနှင့် ချီချန်အန်း၏အခန်းကြားတွင် နံရံတစ်ခုရှိပြီး နံရံတွင် သစ်သားတံခါးတစ်ခုသာရှိနေသည်၊ သော့ခတ်ထားသည်ဟုဆိုသော်လည်း သော့က တံခါးလက်ကိုင်တွင် ဒီအတိုင်းအလှ ချိတ်ဆွဲထားရုံသာ။

လုတိက ရွှီလော့ယန်ကို သူ့လက်သူ့ခြေဖြင့် ကူညီပေးနေရင်း သော့ခတ်ထားသည့်တံခါးကို လေ့လာနေတာတွေ့တော့ သူကပြောလာ၏။

"ကျန်းသုန့်က ဟိုတယ်က နှစ်ခန်းတွဲလုပ်ရတာ ပိုအဆင်ပြေမယ်လို့ ထင်ခဲ့တာလေ ရွှီကောနဲ့ မစ္စတာချီက တစ်ယောက်နဲ့တစ်ယောက် ကပ်နေလိုက်တာ ပိုအဆင်ပြေမယ်ထင်တယ်လေ ပြီးတော့ ဝါးအိမ်မှာနေရတဲ့ ခံစားချက်မျိုးကိုနေရောညရောပါခံစားလို့ရတယ်လေ...."

ဤသည်ကိုကြားပြီးနောက် ရွှီလော့ယန်က အဓိပ္ပါယ်ရှိတယ်လို့ တွေးလိုက်မိသည်။ နောက်ဆုံးတွင် သူက ချီချန်အန်း နှင့်အတူနေထိုင်ဖူးပြီး ကုတင်ပေါ်တွင်လည်း အတူတူ အိပ်ဖူးနေသောကြောင့် ထိုတံခါးကို စိတ်ပူနေစရာမလိုပေ။ သူက သူ့အဝတ်အစားတွေကို အတူတူနေရာချနေရင်း လုတိကိုမေးလိုက်သည်။

"မင်းဘာလို့ ချန်အန်းကို မစ္စတာချီ လို့ ခေါ်နေတာလဲ မင်းက ပုံမှန်ဆို ဒီလောက်ယဉ်ကျေးတဲ့လူမျိုး မဟုတ်ပါဘူး“

လုတိက သူ့ရဲ့ ရိုးသားတဲ့ မျက်နှာထားကို အားကိုးပြီး မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဆိုလာသည်။

"ဘာကြောင့်လဲတော့မသိဘူး ကျွန်တော် မစ္စတာချီကိုမြင်ရင် အကြောင်းပြချက်တစ်ခုခုပြစရာမရှိဘဲ ကျွန်တော်နည်းနည်းကြောက် နေမိသလိုပဲ"

ရွှီလော့ယန်က လက်တစ်ဖက်ကိုထောက်ကာ နားမလည်နိုင်စွာမေးသည်။

"သူ့ရဲ့ ရောင်ဝါတွေကဘဲ နည်းနည်း ကြောက်စရာကောင်းနေတာ များလား"

"ဟုတ် ကျွန်တော်နည်းနည်းကြောက်နေမိတယ်။"

  "အဲလိုဆိုလည်းဟုတ်တာဘဲလေ"

ရွှီလော့ယန်က ရယ်မောပြီး လုတိ၏ ပုခုံးထူထူကို ပုတ်လိုက်သည်။

"အရမ်း ပိုနေရောဘဲ ဒါပေမယ့် မကြောက်ပါနဲ့ ချန်အန်းက လူကောင်းပါ သူနဲ့ငါက သူငယ်ချင်းကောင်းတွေ ဒီတစ်ခါတော့ သူက လက်ထောက်တောင် ခေါ်မလာခဲ့ဘူး မင်းက ပုံမှန်ဆိုရင် ငါ့ကို ရေသန့်တွေ ဝယ်ပေးပြီး နေ့လယ်စာဗူး ယူပေးတယ်မလား...အခုကစပြီး သူ့အတွက်ပါ တစ်လုံးပိုယူလာဖို့ မမေ့နဲ့ ငါ မင်းကို ပိုပြီးတိုးပေးပါ့မယ်“

သူပြောပြီးသည်နှင့် ချီချန်အန်းက ဓာတ်မတည့်မှုဖြစ်တတ်ကြောင်း ရုတ်တရက် သတိရမိသွားတာကြောင့် သူ့အိပ်ယာကို ယူပြီး ဟိုတယ်ရှိ အရာအားလုံးကို တန်းအစားထိုးလဲပေးလိုက်ရမည့်ပုံပင်။

ရွှီလော့ယန်က နံရံတွင်ဖွင့်ထားသည့် သစ်သားတံခါးဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ခေါက်လိုက်ပြီးသည်နှင့် မကြာမီတွင် တံခါးပွင့်လာသည်။

"မင်းရဲ့ အိပ်ရာကို ပြင်ပြီးပြီလား ကျွန်တော် မင်းကို ဘာကူညီပေးရဦးမလဲ"

ရွှီလော့ယန်က နေရာမှာတင် ရပ်ပြီး မေးလိုက်ပေမယ့် ချီချန်အန်းရဲ့ အနောက်သို့ သိချင်စိတ်ဖြင့် မထိန်းနိုင်ဘဲ အသာချောင်းကြည်လိုက်သည်။

ချီချန်အန်းက ရေချိုးပြီးကာစဖြစ်ပြီး သူ့ဆံပင်က အနည်းငယ် စိုစွတ်နေသေးသည်။ သူက အထဲသို့၀င်ရန်ဘေးတိုးပေးပြီးပြောလာသည်။

"ရောက်ရုံဘဲရှိသေးတာကို ဟိုဘက်မှာ ပြီးသွားပြီလား"

"မပြီးသေးပါဘူး၊ ဒါပေမယ့် လုတိကကျန်တဲ့ အသေးအမွှားအရာလေးတွေလောက်ကိုတော့ ကူညီပေးနိုင်ပါတယ်"

စကားပြောနေရင်း ရွှီလော့ယန်က ချီချန်အန်း၏ကုတင်ဘေးသို့သွားပြီး အိပ်ယာခင်းများကို သတိရှိရှိဖြင့်လဲခြင်းကိုစတင်ကူညီပေးလိုက်သည်။

ချီချန်းအန်းက ရွှီလော့ယန်၏အခန်းထဲတွင်ရှိနေသော လုတိကို လှည့်ကြည့်လိုက်ပြီးနောက် ရွှီလော့ယန်၏ ခေါ်သံကြားသည့်တိုင်အောင် စက္ကန့်အနည်းငယ်ကြာအောင် ကြောင်အစွာ ရပ်နေမိသည်။

သိပ်မကြာခင်မှာပင်သူတို့နှစ်ယောက် အိပ်ယာခင်းကို ပြင်ဆင်ပြီးနောက် လုတိရဲ့ အသံထွက်လာသည်။

"ရွှီကော ဒါရိုက်တာ ကျန်းနဲ့ ဇာတ်ညွှန်းရေးဆရာ လာနေပြီ"

သူပြောပြီးတာသည်နှင့်တပြိုင်နက် ဒါရိုက်တာကျန်းက တံခါးနားရောက်နေချေပြီ။ ကုတင်ကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ ရပ်နေသော ချီချန်အန်း နှင့် ရွှီလော့ယန်တို့ရှိနေကြရာအခန်း တံခါးဘောင်ကို လက်ညိုးဖြင့် အသာ ခေါက်လာသည်။

"ငါမင်းကိုပြောခဲ့သားပဲ ဒီတံခါးက အရမ်းအသုံးဝင်သေးတယ်လို့"

သူပြောသည့်စကားမှန်ကန်ကြောင်း သူ့ဘေးနားရှိ ဇာတ်ညွှန်းရေးဆရာ ချမ်ကျင့် အား ဂုဏ်ယူသောလေသံဖြင့် လှည့်ကြည့်လိုက်ပြီး "ကြည့်စမ်း သူတို့မှာ ချင်းချောင်နဲ့ ရွှီကျန့်ရဲ့ အငွေ့အသက်တွေ ရှိနေတုန်းပဲ"

ချမ်ကျင့်က အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးလေးဖြစ်ကာ စကားနည်းသူဖြစ်ပြီး အနီးမှုန်သူဖြစ်တာကြောင့် လူများကို စွေကြည့်တတ်သူမျိုးဖြစ်ပြီး နူးညံ့သိမ်မွေ့ရုံသာမက စိတ်ရှည်သည်းခံတတ်ကာ ဒါရိုက်တ ကျန်း၏ ဇာတ်ညွှန်းကို မထိမထိ မသိမသာ တွန်းလှန်ပုန်ကန်နိုင်သည့် ရှားရှားပါးပါး ဇာတ်ညွှန်းရေးသူတစ်ဦးပင်။

သူက မျက်လုံးလှန်ကာ သဘောတူလိုက်သည်။

"အင်း ထူးခြားပြီး တိကျတဲ့ နားလည်ချိတ်ဆက်မှုက ပုံပေါ်လာလုနီးပါးပါပဲ"

အဓီက အကြောင်းရင်းမှာ ရွှီလော့ယန်နှင့် ချီချန်အန်းတို့ကို အတူတူနေစေကာ ဘ၀အတွေ့အကြုံရစေခြင်းကြောင့်ဖြစ်သည်။ တချို့သော တိတ်တဆိတ် နားလည်မှုက တစ်ယောက်တည်း လုပ်ဆောင်နိုင်တာမျိုးမဘဲ၊ စစ်မှန်သော စိတ်ခံစားချက်များကို ပြသနိုင်သည့် လေသံ၊ မျက်လုံးအကြည့်များနှင့် အသေးစားအသုံးအနှုန်းများ ရုပ်လုံး မပေါ်လွင်မှီတွင် အချိန်နှင့်အမျှ ရင်းနှီးမှုကိုစုဆောင်းထားရမည်ဖြစ်သည်။

ရွှီလော့ယန်သည်က ခေါင်းအုံးကို နေရာချကာ ဒါရိုက်တာကျန်းကိုမေးလိုက်သည်။

"ခင်ဗျားအတွက် ကျွန်တော်ဘာလုပ်ပေးရမလဲ ဒါရိုက်တာကျန်း"

သူက ဒါရိုက်တာ ကိုင်ထားသည့်အရာကို တစ်ချက်ကြည့်လိုက်သည်။

"ငါမေ့တော့မလို့.... ငါ မင်းအတွက် အထူး ပို့ပေးချင်တာရှိလို့"

ဒါရိုက်တာကျန်းက သူ့ခေါင်းကို သူပွတ်သပ်လိုက်ပြီးနောက် သတ္တုသေတ္တာကို သူ့လက်ထဲသို့လွဲပြောင်းပေးလိုက်သည်။

"ငါက လွဲပြောင်းပေးရုံပဲ ဒါက ‌မင်းလက်ဗွေနဲ့မှဖွင့်လို့ရတာ....."

ဤသည်ကိုကြားတော့ ရွှီလော့ယန်က ပိုင်ရှင်မှာ ဘယ်သူလဲဆိုတာ မှန်းဆလိုက်နိုင်သည်။

“အဲဒါက flash နဲ့ ပို့လိုက်သင့်တာကို”

သူက အံ့သြနေဟန်ဖြင့် ပြောရင်းသက်ပြင်းချလိုက်သည်။

"သူကတော့လေ လျှို့ဝှက်ဆန်းကြယ်နိုင်လွန်းပါတယ်"

သေချာပေါက်ပင်။ ထိုလက်ဗွေရာခလုတ်ကို မည်သို့ ထည့်သွင်းထားခဲ့သလိုဆိုတာတော့ သူလည်းမသိချေ။ ရွှီလော့ယန်က သူ့လက်ညိုးကို မြှောက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် သတ္တုသေတ္တာ၏သော့နေရာကို ကလစ်တစ်ချက်နှိပ်လိုက်သည် ။

ဒါရိုက်တာကျန်း၊ ချန်ကျင်းနှင့် လုတိ အားလုံးက အနည်းငယ်စိတ်လှုပ်ရှားနေမိကြသည်။

"ယဲ့ရှန်ရှန်းကမင်းကို ဘာပေးလိုက်တာလဲ မြန်မြန်ဖွင့်ကြည့်စမ်းပါ “

ရွှီလော့ယန်က ယင်းကို ဖွင့်ဖို့ အလျင်စလိုမလုပ်ဘဲ သူ့ဘေးက ချီချန်အန်း ကိုကြည့်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။

"ကျန်းကောမှာ အနုပညာရှင်နှစ်ယောက်ပဲ ရှိတယ်ဆိုတာ ကျွန်တော် အရင်ကပြောပြခဲ့ဖူးတယ်မလား ကျွန်တော်အပြင် နောက်ထပ်တစ်ယောက်ရှိသေးတယ် သူကယဲ့ရှန်ရှန်း ကျွန်တော်နဲ့ သူနဲ့က အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ် ကျွန်တော် သူ့ကို သိခဲ့တာ နှစ်အတော်ကြာပြီ ကျွန်တော် မင်းကို မိတ်ဆက်ပေးဖို့ အခွင့်အရေးလေးများကြုံဖြစ်ခဲ့ရင် မိတ်ဆက်ပေးချင်သေးတယ်..."

သူက ချီချန်အန်းတစ်ယောက် သူနှင့် အံမဝင်ဘူးလို့ ခံစားရမှာကို စိုးရိမ်နေမိသည်။ အဆုံးမှာတော့ သူသိတဲ့လူမှန်သမျှက ချီးချန်အန်းအတွက်ဆိုလျှင် လုံး၀ သူစိမ်းကဲ့သို့ပင်။

ရွှီလော့ယန်၏ စိုးရိမ်ပူပန်မှုကို နားလည်သော ချီချန်အန်းက နှုတ်ခမ်းဖြူဖျော့ဖျော့လေးရဲ့ထောင့်စွန်းကိုတွန့်ကွေးကာ သိချင်စိတ်ဖြင့် ပါးစပ်ကို ဖွင့်ဟမေးလာသည်။

"အထဲမှာ ဘာပါတာလဲ"

ရွှီလော့ယန်တစ်ယောက် သေတ္တာအဖုံးကိုဖွင့်လိုက်‌ချိန်တွင် အတွင်း၌ အဖြူရောင်အတုံးလေးတစ်ခု ပေါ်လာသည်။

"ဒါက ရေခဲလား"

ဒါရိုက်တာကျန်းက အရမ်းသိချင်စိတ်ပြင်းပြနေသည်။ သူ့လက်က ယင်းသို့ အရင်ရောက်ရှိသွားပြီး လှမ်းဆွဲယူကြည့်ပြီးနောက် အံ့သြတကြီးဆိုလာသည်။

"တကယ်ကို ရေခဲပဲ ဒါပေမယ့် တောက်ပနေတာဘဲ သူက ရေခဲတုံးကိုတကူးတကပို့ပေးလိုက်တာက မုတ်ဆိတ်ရိတ်ဖို့ ရေခဲကုန်ကြမ်းတွေ လိုမယ်ထင်လို့များလား"

ထိုအချိန်တွင် အသံမက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာပြီး ထိုအသံက ယဲ့ရှန်ရှန်း၏ အလွန်မှတ်မိလွယ်သော အသံဖြစ်၏။

"လော့ယန် ဒီရေခဲတုံးကလေ အန္တာတိကမှာ ငါ့လက်နဲ့ တူးခဲ့တာ သတ္တုသေတ္တာက အပူချိန်ကို နိမ့်ပေးတဲ့ မိုက်ခရို ရေခဲသေတ္တာသဘောမျိုးဘဲ ငါပို့လိုက်တဲ့ အချိန်အတွင်း အရည်မပျော်သွားမှာလုံး၀သေချာတယ်.... ဒါပေမယ့် တောင်ဝင်ရိုးစွန်းက အရမ်းအေးတယ် ထားလိုက်တော့ ပြန်လာရင် ပဲပိစပ် ခေါက်ဆွဲစားကြရအောင်“

အားလုံး: "."

ဒါရိုက်တာကျန်းက ရွှီလော့ယန်၏ ပုခုံးကို အသာပုတ်ပေးလာပြီး -"ကမ္ဘာတဖက်ခြမ်းက ရေခဲတုံးတွေ တစ်ဖက်ဆီလှမ်းပို့ပေးတယ် အင်း...လက်ဆောင်က ပေါ့ပေါ့ပါးပါးနဲ့ အတော်ချစ်ဖို့ကောင်းတာပဲ"

ဒါရိုက်တာကျန်းနှင့်သူတို့အားလုံး ထွက်သွားကြမှ ‌ရွှီလော့ယန်က သူ့ရဲ့ဖုန်းဖြင့် ရေခဲတုံးပုံကို ဝေ့ပေါ်တွင် ပို့တင်လိုက်သည်။

"ယဲ့ရှန်ရှန်းက ကျွန်တော့်ကို လက်ဆောင်တစ်ခု ပို့ပေးတယ် သူက အခု အန္တာတိကမှာ သိပ္ပံသုတေသန လုပ်နေတယ် ဒီဟာက အန္တာတိကမှာ သူ့လက်နဲ့ တူးထားတဲ့ ရေခဲတုံးပါ သူ ဘယ်လောက်ကြာကြာမှ ပြန်လာမယ်ဆိုတာ ကျွန်တော်လည်း သေချာ မသိဘူး"

ချီချန်အန်း၏အနားမှာ ရပ်လိုက်ပြီး ရွှီလော့ယန်က ဝေ့ပေါ် တွင် ကျေနပ်တဲ့အပြုံးဖြင့် အလံလွီင့်ပြပြီးနောက် သတ္တုသေတ္တာကို သေသေချာချာသော့ခတ်ပြီး အထုတ်ဖြည့်ရန်ကိစ္စကိုဆက်လိုက်သည်။

မှတ်ချက်ကဏ္ဍတွင် တစ်မိနစ်အတွင်းတွင် မရေမတွက်နိုင်သော  ယဲ့ရဲ့ပရိတ်သက်များက ယဲ့ရဲ့သတင်းနှင့် ပတ်သက်ပြီး ရွှီလော့ယန်အား မေးထားသော မက်ဆေ့ချ်များ ထားခဲ့တာကို တွေ့ရှိရပေမည်။ရွှီလော့ယန်ပြောသည့်အတိုင်း၊ သူက ယဲ့ရှန်ရှန်း အမည်ရှိ ဤလူဖြင့် အလွန်ရင်းနှီးပေသည်။

ဖုန်းကိုကိုင်ထားသည့် သူ့လက်ချောင်းတွေကို အနည်းငယ်အားတင်းလိုက်မိပြီးနောက် ချီချန်းအန်းမှာ ခါးသီးတဲ့ခံစားချက်များက လှိုင်းထနေသကဲ့သို့ တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ တစါခါမှမကြုံဖူးသော ဆန္ဒတစ်ခုနှင့်အတူ အခြားခွဲခြား၍မရသော ခံစားချက်များက ပြင်းထန်စွာ ကြီးထွားလာတာကို ရုတ်တရက် ခံစားလိုက်ရ၏။

ထိုလူသား အရင်တုန်းက ဖြတ်သန်းခဲ့ရတဲ့ နေ့ရောညတွေပါ နေ့တိုင်း သူပါဝင်ချင်မိသည်၊၊ ထိုလူသား သိတဲ့လူတိုင်းကို သူသိချင်မိပြီး ထိုလူသားရဲ့ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတွေတိုင်းကိုလည်း သိချင်မိသည်။

သူက ထိုလူသားအပေါ် ချစ်နေမိပြီ....

ချီချန်အန်းက သူ့စိတ်အခြေနေမှာ ဟန်ချက်မညီတော့တာကို သိလိုက်သဖြင့် ရေချိုးခန်းထဲတွင် အဆင်မပြေစွာ ပုန်းအောင်းလိုက်သည်။ တံခါးကိုပိတ်ကာ မှန်ကိုကြည့်လိုက်ရာ မှန်ထဲတွင် မနာလိုစိတ်နှင့် လောဘတို့ပြည့်နှက်နေသော သူ့ကိုယ်သူ မြင်လိုက်ရချိန်တွင် ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။

ချီချန်အန်း မင်းဘာတွေဖြစ်နေတာလဲ.....

မင်းကသူရဲ့အယုံကြည်ရဆုံးသူငယ်ချင်းဖြစ်နေပြီလေ...သူနဲ့အရမ်းနီးစပ်တာဘဲ ထီးတစ်ချောင်းတည်းလည်းတူတူဆောင်းဖူးတယ်...အိပ်ယာတစ်ခုတည်းလည်းအတူတူအိပ်ဖူးပြီး ရှေ့လတွေအထိ တူတူအလုပ်လုပ်ခဲ့ကြသေးတယ်လေ...အတူတူစားပြီး ဇာတ်ညွှန်းတွေအထိပါ အတူတူလေ့ကျင့်ခဲ့ကြသေးတာဘဲ......

ဒါဆိုဘာကိုမကျေမနပ်ဖြစ်နေသေးတာလဲ...

ထို့နောက်တွင် ချီချန်အန်းက ရွှီလော့ယန်၏ ဝေ့ပေါ်ပိုစ့်များကို ပြန်တင်ပြီး မှတ်ချက်ပေးနေတတ်သူဖြစ်​ပေမယ့် ယခုမူ သူကထိုပိုစ့်ကို လွတ်သွားသောကြောင့်လား မသိသော်ငြား နောက်နေ့အထိ ရွှီလော့ယန်ရဲ့ အန္တာတိက ရေခဲတုံးပိုစ့်ကို သူပြန်လည်တင်ခြင်း မှတ်ချက်ပြုခြင်းမျိုး မရှိခဲ့တာကို ပရိတ်သတ်တွေကသတိထားမိကြ၏။

___

Translated By IQ-Team.

Continue Reading

You'll Also Like

2K 262 18
BL novel အသစ်လေး update ထားပါတယ် ဖတ်ရှုအားပေးကြပါဦးရှင့်🥰🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Tr...
259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4K 301 8
Type- Web Novel Author(s) 拉棉花糖的兔子 Artist(s) 歐拉 Associated Names ผมแค่อยากปลูกผักส่วนความรักน่ะ... 我愛種田 我爱种田 English Title-I Love Farming Status in CO...
3.4K 254 39
Title - Who Touched My Tail Description 💥 ရွှယ်လင်သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော်လည်း မတည်မြဲသော အခိုက်အတန့်တစ်ခုတွင် အမြှီးကိုးချောင်းလုံး ဆ...