ဒဏ္ဏာရီ - θρύλος (completed-9)
By trollz22
29.3K 1.9K 43
တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More
၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀
၁၅
522 40 0
By trollz22
အခန်းထဲကအဲကွန်းအအေးကပို၍အေးနေသည်ဟုဒီနေ့မှခံစားနေရသည်။ စားပွဲခုံပေါ်က မျက်နှာချင်းဆိုင်ကော်ဖီခွက်ထဲမှ ကော်ဖီများကအရာမယွင်း။ Screen ပေါ်က သူတို့နှစ်ယောက်၏သတင်းကိုသာကြည့်နေခဲ့မိသည်။
"ဒီကိစ္စကိုကျွန်မသဘောမတူရင်တောင် ဒယ်ဒီကရှေ့ဆက်လုပ်မှာဖြစ်တဲ့အတွက် ကျွန်မရှင်နဲ့ပဲညှိနှိုင်းချင်တယ် ကိုနေရောင်သွေး"
"ဟုတ်ကဲ့ ကျွန်တော်နားထောင်နေပါတယ် ဏရီဘာဖြစ်ချင်လဲကျွန်တော်လုပ်ပေးနိုင်ပါတယ် နဂိုထဲက ကျွန်တော်တို့သဘောတူပြီးသားပဲ"
"ကျွန်မရှင်နဲ့စေ့စပ်ပွဲလုပ်မှာပါ အကယ်၍ လက်ထပ်ရမယ်ဆိုရင်တောင် ကျွန်မလုပ်မယ် ဒယ်ဒီ့အရိပ်အာဝါသအောက်ကလွတ်သွားပြီဆိုတာနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ဇာက်လမ်းကပြီးပြီကိုနေရောင်သွေး ကျွန်မရှင့်ကိုဘယ်နည်းနဲ့မှချစ်လာမှာမဟုတ်တဲ့အတွက် ဒါက ကျွန်မတို့နှစ်ယောက်လုံးအတွက်ကော မိသားစုနှစ်ခုလုံးအတွက် win-win ဖြစ်မဲ့ ကိစ္စပါ"
"အကယ်၍ ကျွန်တော့်ဘက်က ဏရီ့ကိုချစ်မိသွားခဲ့ရင်ကော"
"အဟင်း အဲ့လိုဖြစ်လာရင်တောင် ကျွန်မကတော့ဘယ်နည်းနဲ့မှချစ်လာမှာမဟုတ်ဘူး ကျွန်မက ကျွန်မချစ်တဲ့သူတစ်ယောက်ကိုပဲ ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကိုပေးခဲ့ပြီးပြီမို့ သူမထိခိုက်ရမဲ့ကိစ္စတွေက ကျွန်မကိုယ်ကျွန်မရင်းရမဲ့ဆိုရင်တောင် ကျွန်မလုပ်မှာ ဒီသတင်းကို ကျွန်မဘက်ကမငြင်းတာ ဒယ်ဒီ့ဘက်ကနေ ကျွန်မချစ်တဲ့သူကိုထိခိုက်အောင်လုပ်မှာစိုးရိမ်လို့ပါ ဒါကြောင့် ရှင့်ဘက်က ဘယ်တော့မှမျော်လင့်ချက်မထားပါနဲ့ ကျွန်မတို့ရဲ့ပတ်သက်မှုက ပိုက်ဆံနဲ့အာဏာအတွက်ပဲဆိုတာ ရှင်ကိုယ်တိုင်သိပါတယ်"
"ဏရီ့မှာချစ်သူရှိတာကျွန်တော်မသိလိုက်ရပါလား"
"ကျွန်မကရှင့်ကိုအကုန်လိုက်ပြောနေရမှာလား နောက်ပြီး ကျွန်မက ယောကျ်ားတစ်ယာက်ရဲ့ဦးဆောင်မှုနောက်ကိုလိုက်မဲ့မိန်းမမျိုးမဟုတ်ဘူးဆိုတာတော့ရှင်မှတ်ထားပါ ဒါကြောင့် ကျွန်မကိုချစ်ဖို့လဲမကြိုးစားပါနဲ့ သွားလိုက်ပါအုန်းမယ်"
ထိုသူမည်သို့ကျန်နေခဲ့မည်ဆိုတာမသိ။ ထိုဆိုင်ကနေ ဒယ်ဒီ့ကိုသွားတွေ့ခဲ့သည်။ အပေးအယူလုပ်ရန်ပေါ့။ အိမ်ရှေ့စင်ဝင်းအောက်ကားစက်သတ်လိုက်တော့ မာမီကထွက်ကြည့်လေသည်။
"ဟယ်သမီးငယ်လေး ဒီအချိန်ကြီး နေမကောင်းလို့လားသမီး"
"မဟုတ်ဘူးမာမီ သမီး ဒယ်ဒီနဲ့စကားပြောစရာလေးရှိလို့လာတာပါ ပြီးရင်အလုပ်ပြန်သွားရမှာမာမီ"
"အော် အဲ့တာဆိုစာဖတ်ခန်းထဲဝင်သွားချည် ညည်းဒယ်ဒီအခုလေးတင်သူ့အသိမိတ်ဆွေတစ်ယောက်နဲ့ဖုန်းပြောရင်းဝင်သွားတာ"
ဒယ်ဒီစာဖတ်ခန်းထဲမှာရှိသည်ဟုဆိုသောကြောင့် စာဖတ်ခန်းတံခါးကိုခေါက်မည်လုပ်ပေမဲ့ အခန်းထဲ၌အသံများကြားနေရ၍ ဖုန်းပြော၍မပြီးသေးဟန်ရှိသည်။ ထို့နောက် စကားပြောသံတိတ်သွားသည်မှ တံခါးခေါက်ကာ အခန်းထဲဝင်သွားခဲ့ပါသည်။ ဒါဟာ သူတို့အိမ်ရဲ့ စည်းကမ်းပါ။ တစ်စုံတစ်ယောက်ရဲ့ privacy ကိုလေးစားရမည်ဟူ၍ ငယ်စဥ်ကထဲက ဒယ်ဒီချမှတ်သင်ပြပေးထားသည့်စည်းကမ်းတစ်ခုဖြစ်လေသည်။
"ဘာကိစ္စလဲ မိုင်း"
"မိုင်း ဒယ်ဒီနဲ့ဆွေးနွေးစရာလေးရှိလို့ပါဒယ်ဒီ"
သူ့အား စူးစမ်းသလိုကြည့်ကာ ထိုင်ခုံမှာထိုင်ရန် မေးဆက်ပြသည့်အတွက် ဒယ်ဒီနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်လိုက်ပါသည်။
"မိုင်း ဒယ်ဒီနဲ့ဆွေးနွေးခြင်တယ်ဆိုတာ ဘာကိစ္စလဲဒယ်ဒီသိမှာပါ ဒယ်ဒီစီစဥ်တဲ့ကိစ္စကို မိုင်း လက်မခံဘူးမပြောလိုပါဘူး ဒါကြောင့် ဒယ်ဒီ့သဘောဆန္ဒအတိုင်းလုပ်ပါ မိုင်း လက်ခံမှာပါ ဒါပေမဲ့ ဒယ်ဒီ့သဘောအတိုင်း ရှေ့ဆက်ပြီးရင်တော့ မိုင်းကိုဒယ်ဒီလွတ်လပ်ခွင့်ပေးပါ မိုင်းရဲ့ ဘဝကိုဒယ်ဒီဝင်မစွတ်ဖတ်တော့ဖို့ပါပဲ နောက်ပြီး သူ့ကိုဒယ်ဒီဘာတစ်ခုမှထိခိုက်အောက်မလုပ်ဖို့ပြောချင်ပါတယ် ဒါသမီးဘက်က ဒယ်ဒီစီစဥ်တာကိုလက်ခံတဲ့အတွက် သမီးဘက်ကပြန်လိုချင်တဲ့ သဘောတူညီချက်ပါဒယ်ဒီ"
"အဲ့ဒီ့ကောင်မလေးကို ထိခိုက်အောင်ဒယ်ဒီလုပ်မှာမဟုတ်ဘူးဆိုတာတော့သေချာတယ်မိုင်း မိုင်းသာ ဒယ်ဒီပြောတာကိုတသွေမတိန်းလိုက်နာခဲ့ရင်ပေါ့ နောက်ပိုင်း လွတ်လပ်ခွင့်ပေးပါဆိုတာ နေရောင်သွေးနဲ့လက်ထပ်ပြီးတာနဲ့မိုင်းက ဒယ်ဒီတို့နဲ့ဆိုင်ပဲဆိုင်တော့တဲ့သူဖြစ်သွားခဲ့မှာဖြစ်တော့ မိုင်း အဲ့ဒီ့အချက်ကို ဒယ်ဒီလက်မခံချင်တောင် သမီးမိုင်းရမှာပါ"
"ကျေးဇူးတင်ပါတယ် ဒယ်ဒီ သမီးရဲ့သဘောကိုလက်ခံပေးတဲ့အတွက်"
"ဒါဆို အိမ်ကို ပြန်လာနေပါမိုင်း သမီးမာမီ ဘေးမှာနေပေးလိုက်ပါ နောက်ဆို မိုင်းကသူများနဲ့သွားနေရတော့မှာမဟုတ်လား"
တကယ်တော့ သူအိမ်မှာအချိန်ပြည့်မနေချင်၍ ကွန်ဒိုဝယ်ကာ သူ့ဘာသာသီးသန့်နေခဲ့ခြင်းပါ။ မာမီ့ကိုချစ်ပေမဲ့ ဒယ်ဒီနဲ့ဆို စောင့်ကြည့်ခံနေရတဲ့ကလေးတစ်ယောက်လိုဖြစ်နေတော့သူမနေချင်ပါ။ ထို့ပြင် ဒယ်ဒီ့အသိမိတ်ဆွေများကအိမ်ကိုအမြဲဝင်ထွက်နေသည်မို့ စိတ်မပါပဲပြုံးပြရီပြနေရသည်ကိုသူမကြိုက်ပါ။
"ဟုတ်ကဲ့ မိုင်း ပြန်လာပါ့မယ်"
ထိုကဲ့သို့ဆုံးဖြတ်ချက်ကို နိုဝယ့်အိမ်ကနေထွက်လာကထဲကသူချခဲ့သည်။ နိုဝယ်၏ ကောင်းခြင်းဆိုးခြင်းများကို သူလက်ခံမည်လို့ဆုံးဖြတ်ထားပြီးကထဲက နိုဝယ်ထိခိုက်မည်ကိုသူမလိုလား။ သူတို့မိသားစုကြားထဲကအခြေအနေကြောင့် နိုဝယ်တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်သည်။ ဒယ်ဒီဘယ်အတိုင်းအတာထိလုပ်နိုင်လဲဆိုတာ သူသိနေ၍ပါပဲ။
ဒါပေမဲ့ သူတို့နှစ်ယောက်၏ဇာက်လမ်းကတော့အခုမှစခဲ့ပြီဖြစ်သည်။ ဏရီဟာ သူအစွမ်းကုန် နိုဝယ့်ကိုကြိုးစားကာကွယ်သွားမည်လေ။ ပထမဆုံးနဲ့နောက်ဆုံးအနေနဲ့ နိုဝယ်က ဏရီ့နှလုံးသားထဲမှာ ရှိတဲ့သူဖြစ်နေ၍ပေါ့။
နိုဝယ်နှင့်တွေ့လျှင်သူဘယ်လိုဖြေရှင်းချက်ပေးရမည်နည်း။ ဒီသတင်းကိုနိုဝယ်ကြားလောက်ရောပေါ့။ လူကုန်ထန်အသိုင်းအဝိုင်းမှ လူနှစ်ယောက်ပေါင်းစည်းမည့်သတင်းက ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့တာလေ။ ဏရီကွန်ဒိုကိုပြန်ရောက်တော့ နိုဝယ့်အားဖုန်းတက်လေရာ သူ့ကွန်ဒို့အခန်ကိုသာလာရန်ပြောသဖြင့် သူရောက်သွားလေသည်။
"အဟင်း ဘာလို့စိုးရိမ်စိတ်တွေများနေတာလဲ ဏရီ"
နိုဝယ်က ဏရီ့ရင်ခွင်ကိုမှီကာ ဆိုဖာပေါ်မှာ တစ်ကိုယ်လုံးမှီနေရင်းပြောလာလေသည်။ ဏရီမှလဲ နိုဝယ်အားအနောက်မှနေတင်းကြပ်စွာဖတ်ထားခဲ့ပြီး နိုဝယ့်ဆံနွယ်များအားနမ်းရှိုက်နေခဲ့သည်။
"တို့ကိုစိတ်မဆိုးဘူးလားဟင် ညကပဲတို့မင်းကိုချစ်တယ်ပြောပြီး မနတ်ကျ တစ်ခြားသူတစ်ယောက်နဲ့သတင်းထွက်တာဆိုတော့"
"ဏရီ ကျွန်မကိုချစ်တယ်မဟုတ်လား ဏရီပဲညကပြောတယ်လေ ကျွန်မနဲ့နီးစပ်ဖို့ဘယ်လိုပဲလုပ်ရလုပ်ရလုပ်မယ်ဆိုတာလေ ကျွန်မအဲ့စကားကြောင့် ဏရီ့ကိုဘာမှမမေးလာတာပါ ကျွန်မ​ ဏရီ့ကိုယုံပါတယ် ဒါကြောင့် ဏရီလုပ်မဲ့အလုပ်တွေကိုသာစိတ်ဖြောင့်ဖြောင့်နဲ့လုပ်ပါ ကျွန်မစောင့်ပေးနိုင်ပါတယ်"
"တို့မင်းကိုချစ်တယ် နိုဝယ် ဒါကြောင့် မင်းမထိခိုက်ဖို့တို့ကြိုးစားမှာ မဟုတ်ဘူး တို့မင်းထိခိုက်မဲ့အရာတွေမရှိလာအောင်လုပ်မှာ ဒါကြောင့် တို့ကိုယုံကြည်ပေးပါနော်"
ဏရီပြောသည်များကို နိုဝယ်ငြိမ်ငြိမ်လေးနေကာနားထောင်ရင်းပြုံးနေမိသည်။ ဏရီရယ် ဏရီကသာ ကျွန်မမထိခိုက်အောင်လုပ်ပေးမှာပါ ကျွန်မ ဏရီ့ဆန္ဒတွေကိုဖြစ်အောင်လုပ်ပေးမှာ။ ခဏပဲစောင့်ပေးပါ ဏရီစိတ်ဆင်းရဲနေတာကိုမြင်ရတာ ကျွန်မအတွက်နာကျင်ရလွန်းလှတယ် ဏရီ။
ညဘက် ဏရီက သူ့အိမ်ပြန်ရမည်ဖြစ်၍ပြန်သွားလေတော့ နိုဝယ်ကအိပ်ခန်းထဲပြန်ဝင်လာပြီး အဝတ်ဘီဒိုအံဆွဲထဲ၌ထည့်ထားသည့်ဖုန်းကို ပါဝါပြန်ဖွင့်လိုက်လေသည်။ ထို့နောက် Iris ကိုဖုန်းခေါ်ဆိုလိုက်ပါသည်။
"ငါ့ကို ဦးဉာဏကျော် နဲ့ နေရောင်သွေးတို့မိသားစုအကြောင်း အကုန်စုံစမ်းပေးပါ ငွေရေးကြေးရေးအပါအဝင် သူတို့နဲ့ပတ်သက်နေသမျှအရာအားလုံး ဒီရက်ပိုင်းအတွင်းသိချင်တယ်"
ထိုသို့ပြောပြီးနောက်ဖုန်းကိုပါဝါပြန်ပိတ်လိုက်​ပါသည်။ ဏရီမမြင်အောင်ဖွတ်ထားသည့် ဆေးလိပ်ဗူးကိုထုတ်ပြီး ဝရံတာမှာ ဆေးလိပ်သောက်နေမိသည်။ ခဏကြာ နှုတ်ခမ်းထပ်အပြုံးတစ်ခုပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုအဝတ်အစားလဲကာ အဝတ်ဘီဒိုနောက်ထပ်အဲဆွဲထဲမှ သော့ကိုယူကာ ကားပါကင်သို့ဆင်းလာလေသည်။ သော့ကိုနိပ်လိုက်တော့ တွီ ခနဲအသံမြည်သည့်နေရာကိုသွားလေတော့ သူ့အတွက် Ella စီစဥ်ပေးထားသည့်ကားကိုကြည့်ကာပြုံးနေမိသည်။
အမဲရောင် Porsche ကားလေးမှာတော့ ပိုင်ရှင်လက်ထဲမှာ ငြိမ့်ငြိမ့်လေးဖြင့်ထိုကားပါကင်မှထွက်ခွာခဲ့လေသည်။ ထိုကားဦးတည်ရာနေရာကတော့ မြို့စွံမှ အတွင်းဘက်ကျကျ လူအရောက်အပေါက်မရှိသည့် နှစ်ထပ်တိုက်အိမ်လေးတစ်လုံးစီသို့။
သူ့ကားထိုအိမ်ဝင်းအတွင်းရောက်သည်နှင့် ဝတ်စုံပြည့်ဝတ်ထားသည့်သူများက သူ့အားချက်ချင်းဆိုသလိုခရီးဦးကြိုပြုလေသည်။ အိမ်ထဲဝင်လာပြီးနောက် ဆိုဖာမှာထိုင်ကာ သူ့အတွက်ချက်ချင်းပြင်ဆင်ကာ လာချပေးသည့် ဝိုင်ခွက်ကိုကောက်ကိုင်လိုက်ပြီးနောက် အရသာခံကာမြည်းသောက်နေခဲ့ပါသည်။
"လုပ်စရာရှိတာဆက်လုပ်​ပါ ငါဒီကိုလာတာ အလုပ်ကိစ္စကြောင့်မဟုတ်ဘူး အဲ့တာကြောင့် စိတ်ထဲထားစရာမလိုဘူး အားလုံးသွားလို့ရပြီ"
ထိုသို့ပြောလိုက်တော့ ထိုအယောက် ၂၀ ခန့်ရှိသည့် ဝတ်စုံပြည့်နှင့်သူများက အလျိုလျိုသူ့ရှေ့မှဦးညွှန့်ကာထွက်သွားကျလေသည်။
"Ella ငါ့အတွက်တစ်ယောက်လောက်ရှာပေး"
"အိုကေ ခဏတော့စောင့်ပေး သတင်းမပေးပဲရောက်လာတော့ ဘာမှပြင်ဆင်ချိန်မရှိလိုက်လို့"
မိနစ် ၃၀ ခန့်ကြာသည့်အခါ ခေါင်းကိုအဝတ်အမဲအုပ်ခံထားရသည့်ကောင်မလေးတစ်ယောက်ကို ခုနက ဝတ်စုံပြည့်နှင့်လူနှစ်ယောက်မှခေါ်လာခဲ့ပြီးနောက် အိမ်အပေါ်ထပ်ကိုခေါ်သွားလေသည်။ ကောင်မလေးမှာတော့ ဆေးအရှိန်နှင့်မေ့မြောနေဟန်ရှိသည်။ သောက်လက်စဝိုင်ခွက်ကိုချပြီးနောက် ထိုကောင်မလေးရှိသည့်နေရာသို့နောက်ကနေ လိုက်ပါသွားခဲ့ပါသည်။
ခုနက လူနှစ်ယောက်မှာမှု သူမကို အရိုအသေပေးကာ အခန်းရှေ့မှထွက်သွားခဲ့ပြီးနောက် သူ အခန်းတွင်းသို့ဝင်သွားလေတော့ ကုတင်ပေါ်၌ အရုပ်ကြိုးပျက်ဖြစ်နေသည့်မိန်းခလေးတစ်ဦး။ ထို့နောက် ကုတင်းဘေး၌ ရှိသည့် ဆေးဘူးထဲမှ တစ်လုံးကိုဒီအတိုင်းပါးစပ်ထဲထည့်ကာမြိုချလိုက်ပြီးနောက် ထိုဆေးအရသာကိုခံစားနေခဲ့လေသည်။ တဖန်မျက်လုံးများပြန်ပွင့်လာသည့်အခါ မျက်ဝန်းမျာအတွင်း၌ ရမတ်ခိုးများဝေနေသည့်သူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားပါတော့သည်။ အချိန်တစ်ခုကြာသည့်နောက်တွင်တော့ ထိုအခန်းထဲ၌ သာယာ၍ငြီးငြူနေသံများ ကြိုးလွဲသံများအပါအဝင် နာကျင်စွာအော်နေရသည့်မိန်းခလေးတစ်ယောက်၏အသံကိုလဲကြားနိုင်ပါလိမ့်မည်။
×
tbc
trollZ
Continue Reading
You'll Also Like
3.1M 253K 95
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
12.5K 629 22