Hey ! You Have To Be My Husba...

By Eros_90

169K 7.7K 358

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 10 ( Uni )

3.4K 191 3
By Eros_90

အပိုင်း - ၁၀


" ကူညီပေးတာ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်တွေ့ကြရအောင်။ အော်! ဒါနဲ့ ကိုယ့်နာမည်ကိုလဲမှတ်ထားပါဦး။ ကိုယ့်နာမည်က မကိုဋ်ထွဋ်ခေါင်ပါ ။ တွေ့ရတာ ဝမ်းသာပါတယ်ကောင်လေး "

*
*
*
*
*
*
*
*

" မင်းအရမ်းကြာတာပဲ ။ မင်းကို နေ့လည်ထဲကစောင့်နေတာ"

ဆေးရုံကိုရောက်,ရောက်ချင်း ဆရာသမားမှ ဆီးကြိုဆူပူနေမှုကိုခံရပြန်သည်။ ကိုယ်လည်း တစ်နေကုန်မအားသလို သူလည်းတစ်နေကုန်ပျင်းနေရှာမှာကိုသိသည်။ အနားမှာအချိန်ပြည့်မနေပေးနိုင်သလို လူနာစောင့်တောင်မငှါးပေးနိုင်လို့ ဒီကောင်လေးအတွက် ပိုစိတ်မကောင်းဖြစ်ရသည်။

" ငါ အလုပ်ပြန်တာနောက်ကျရတဲ့ကြားထဲ ဆေးဝင်ဝယ်နေရလို့ပါကွာ"

လက်ထဲကဆေးထုတ်လေးကိုမြှောက်ပြလိုက်ရင်း မျက်နှာချိုသွေးရပြန်သည်။ ဒီကောင်လေးစိတ်မကြည်မသာဖြစ်မှာ ကိုယ်စိုးရိမ်တယ်လေ။

" မင်းမျက်နှာက ဘာဖြစ်လာတာလဲအလင်း "

ဆေးရုံကိုရောက်ချင်ဇောဖြင့် အမြန်လာသည့်အကျိုးဆက်သည် ရန်ပွဲမှာရလာသည့်မျက်နှာပေါ်မှဒဏ်ရာတွေကို မေ့သွားခြင်းဖြစ်၏ ။ အခုမှတော့ လိမ်လို့မရလောက်တော့ပေ။

" မင်း ရန်ဖြစ်လာပြန်ပြီလား အလင်း "

ကိုယ်ဘာမှပြန်မဖြေရသေးခင် သူကအတည်ပြုသလိုထပ်မေးလာ၏။

" ဟုတ်တယ် ငါရန်ဖြစ်လာတာ "

ရှိန်းကိုညာမရသည်ကတစ်ကြောင်း ၊ နေမကောင်းသူကို
ထပ်ပြီးစိတ်မတိုစေချင်တာကြောင့်ပါ အမှန်တိုင်းဝန်ခံလိုက်မိသည်။ ရှိန်းသည် ကိုယ့်ပါးပြင်ပေါ်မှဒဏ်ရာလေးပေါ် သူ့လက်လေးဖြင့် အသာဖွဖွထိတွေ့ပေးလာရင်း

" ဒီတစ်ခါလဲ ငါ့အတွက်ကြောင့်နဲ့ပဲလား အလင်း ၊ ဒီနေ့
ငါ့အတွက်ဆေးဝယ်ရမဲ့နေ့ဆိုတော့ မင်းကိုဘယ်သူအနိုင်ကျင့်လို့ရန်ဖြစ်လာတာလဲ "

သူ့အတွက်ဆေးဖိုးငွေကို အလုပ်ထဲကလူတစ်ယောက် ခေါင်းပုံဖြတ်ရာမှစသည့်ရန်ပွဲတစ်ခုကို ရှိန်းပြန်သိပြီးထဲက ကိုယ်ရန်ဖြစ်တိုင်း သူ့ကြောင့်လားဆိုပြီးအမြဲမေးတတ်သည် ။ ကိုယ်ရှာပေးရသည့် သူ့ဆေးရုံစရိတ်တွေအတွက် အမြဲအားနာနေတတ်သည့်ကောင်လေးသည် သူ့ဘာသာလည်းအားငယ်နေတတ်သေး၏။ ဝယ်လာသည့်ဆေးအိတ်လေးကို ကုတင်အစပ်မှာချထားပြီးမှ ကိုယ့်ပါးပြင်ပေါ်ကသူ့လက်လေးအပေါ် ကိုယ့်လက်ဖြင့်ထပ်ကိုင်လိုက်၏။

" မင်းကြောင့်မဟုတ်ပါဘူးရှိန်းရယ် ။ ငါ ဒီကိုလာတဲ့လမ်းမှာလူတစ်ယောက်ကို အခြားလူလေးယောက်က ဝိုင်းပြီးရန်ရှာနေတာကိုတွေ့ရတယ်။ ငါနဲ့မဆိုင်တဲ့ရန်ပွဲဆိုတော့ ရှောင်ထွက်မလို့ပါပဲ။ အဲဒါကိုကွာ လေးယောက်အဖွဲ့ထဲကတစ်ယောက်ကဘလိုင်းကြီးငါ့ကိုပြေးထိုးတာ။ ငါလဲဒေါသထွက်သွားပြီး ရန်ပွဲထဲဝင်ပါသွားမိရော။ လေးယောက်နှစ်ယောက်ပေမဲ့ ဒင်းတို့တွေကိုမြေပေါ်သိပ်ပေးခဲ့တယ်။ ငါဝင်ကူလိုက်တဲ့လူပဲ ဒီကိုလိုက်ပို့ပေးလာတာ"

ကိုယ်ပြောသမျှကို မျက်လုံးအပြူးသားလေးဖြင့်နားထောင်နေသူလေးအား အသည်းယားစွာဖြင့် ပါးလေးကိုဖွဖွဆွဲလိုက်မိသည်။ မကြိုက်သလိုမျိုး ရှောင်ထွက်သွားတာမျိုးမရှိ။ ထိုအစားမျက်ဝန်းလဲ့လဲ့တွေဖြင့် မော့ကြည့်လာသည်ကိုသာကြုံရသည်။

" ငါပြောတာကို ယုံတယ်မဟုတ်လားရှိန်း "

" အင်း ယုံတာပေါ့ ။ မင်းကိုယ်တိုင်ပြောနေတာကို မယုံစရာလား "

ရှိန်း၏ ချစ်စရာကောင်းသောအချက်တွေထဲတွင် ကိုယ်ဘာပြောပြောယုံကြည်ပေးတတ်သည့်အချက်လေးက ထိပ်ဆုံးကပါလေသည်။

" ယုံရင် မဟုတ်တာတွေတွေးပြီး စိတ်မကောင်းဖြစ်မနေနဲ့။ ငါ့ဘာသာရန်ဖြစ်တာက မင်းကြောင့်မဟုတ်ဘူး "

" နောက်ဆိုရန် ရန်မဖြစ်ပါနဲ့လားအလင်းရယ် ။ မင်းတစ်ခုခုဖြစ်သွားမှာ ငါအရမ်းကြောက်လို့ပါ ။ ငါ့အတွက်မင်းပဲရှိတာပါ။ မင်းသာတစ်ခုခုဖြစ်သွားရင် ငါအသက်ဆက် ရှင်နိုင်မယ်တောင် မထင်ဘူး "

မျက်ရည်ကြည်လေးတွေ ရစ်ဝိုင်းနေသောကောင်လေးသည် အမှန်ပင်စိုးရိမ်ဝမ်းနည်းနေလေသည်။ သေးသေးလေးဖြစ်နေသည့်ခန္ဓာကိုယ်ပိန်ပါးပါးလေးကို
အသာထွေးပွေ့ပေးထားမိတော့၏။

" ငါ ဘာမှမဖြစ်ပါဘူးရှိန်းရယ် ။ မင်းရှိနေလို့ မင်းအတွက်ကြောင့်မို့ ငါက အချိန်အကြာကြီး အသက်ရှင်ပေးနေဦးမှာပါ။ အဲဒါကြောင့်မို့ မင်းအရမ်းစိတ်ပူမနေလဲရတယ်နော်"

ရှိန်သည် ရင်ခွင်ထဲမှရုန်းထွက်လာပြီး ကိုယ်နှင့်အကြည်ချင်းဆုံလာစေသည်။

" မင်းစိတ်ထဲ ထင်နေမှာပဲ ။မင်းရှိနေလို့အဆင်ပြေနေရတဲ့ဘဝမို့ မင်းကိုတစ်ခုခုဖြစ်မှာစိုးရိမ်နေတယ် ၊ မင်းသာမရှိရင် ငါလဲ ဒုက္ခရောက်မှာစိုးလို့ မင်းကိုအထိအခိုက်ဖြစ်မှာစိတ်ပူနေတာလို့ တစ်ခါတစ်လေများတွေးမိနေမလားပဲ "

" အဓိပ္ပာယ်မရှိတာရှိန်းရယ် ။ ငါဘာလိုအဲလိုတွေးရမှာလဲ။ မင်းနဲ့ငါအတူရှိလာတာကြာနေပြီ။ ငါ့အတွက်တော့ မင်းဆိုတာတစ်ဦးတည်းသောမိသားစုဝင်ပဲ ။ ငါ့မိသားစုအပေါ် ငါဘာလို့မဟုတ်တဲ့စိတ်ကူးတွေ တွေးမှာလဲ။ မင်းရဲ့စိတ်ကိုငါသိနေပြီး ငါ့စိတ်ကိုလဲမင်းမသိဆုံးပဲဟာ ။ အဲလိုအဓိပ္ပါယ်မရှိတာတွေကို ငါဘယ်တုန်းကမှမတွေးဘူး "

ကိုယ့်စကားကြောင့် ရှိန်းသည် ကြည်ကြည်လင်လင်ပြုံးပြလာလေ၏။

" ဟုတ်တယ် ။ အဲလိုအတွေးတွေက အဓိပ္ပါယ်မရှိပါဘူး။
မင်းတစ်ခုတော့သိထားပေးအလင်း။ ငါနဲ့မင်းစပြီးသိထဲက မင်းငါ့ကိုအမြဲကာကွယ်ပေးလာခဲ့တယ်။ ငါဆိုတာ မှီခိုသူသက်သက်ပဲ။ ငါ့ကိုစောင့်ရှောက်ခဲ့ရလို့ မင်းတစ်ခါမှနောင်တမရတာကိုလဲငါသိတယ်။ ဒါပေမဲ့ တစ်ချိန်ချိန် မင်းကိုကာကွယ်ဖို့လိုလာရင် အဲအချိန်ရောက်လာခဲ့ရင်ပေါ့ ငါလဲ ငါလုပ်နိုင်မဲ့အရာတွေအားလုံးနဲ့ပုံအောပြီးမင်းကိုကာကွယ်ပေးမယ်။ ငါပြောတာကိုယုံ"

" ကဲ ယုံပါတယ်ဗျာ။ အခုတော့ ခဏနားလိုက်နော်။ မနက်ဖြန်ဆေးရုံကဆင်းရမှာဆိုတော့ ငါအလုပ်နားထားတယ်။ မင်းနဲ့တစ်နေကုန်ရှိပေးမယ်ဟုတ်ပြီလား"

" အင်း ငါမင်းအတွက်ဟင်းချက်ပေးမယ်နော် "

" အရမ်းပင်ပန်းတာမျိုးတော့ မချက်ရဘူးနော်။ငါ့စကားနားထောင်မယ်မဟုတ်လား "

" နားထောင်မှာပေါ့ "

ဆေးရုံ၏အခန်းငယ်လေးအတွင်း လူနာနှင့်လူနာစောင့်ကောင်လေးတွေထံမှ ရီသံတိုးတိုးလေးထွက်လာလေတော့သည်။

*
*
*
*
*
*
*
*

အခန်းတွင်းခြေဖွနင်းဝင်လာပြီး အိပ်ပျော်နေသည့်ရှိန်းကို ခဏစောင့်ကြည့်ရသည်။ ဒီနေ့မနက် ဆေးရုံမှပြန်ရောက်,ရောက်ချင်းမှာပင် ကိုယ့်အတွက်ဆိုပြီးဟင်းဝင်ချက်ပေးသည်။ ခဏလောက်နားပါဆိုတာကိုပြောလည်းမရ။ အခုတော့ပင်ပန်းပြီးအိပ်ပျော်သွားလေပြီ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့သူကိုစောင်လုံအောင်ခြုံပေးပြီး အခန်းပြင် ထွက်လာခဲ့သည်။ ပစ်ထားရတာကြာပြီဖြစ်သည့် ခြံဝန်း
လေးကို အမှိုက်ရှင်းမယ်အတွေးဖြင့်ခြံထဲဆင်လာခဲ့၏။

ကြီးငယ်ရှိနေစဉ်က ကိုယ်အမြဲရှင်းလင်းထားနိုင်သောကြောင့်နေချင်စဖွယ်ဖြစ်နေသောခြံလေးသည် ယခုတော့ချုံနွယ်များဖြင့်ပြည့်နေ၏။ ခြံထဲကိုကြည့်ပြီး ရှိန်းစိတ်ရှုပ် သွားမှာစိုးတာကြောင့် ခပ်မြန်မြန်ပဲ ရှင်းလင်းနေလိုက်သည်။ အလုပ်များနေစဉ် ခြံရှေ့မှာ ကားတစ်စီးရပ်သွားတာကိုမြင်လိုက်သည်။ကိုယ်တွေဆီကိုတော့ ဘယ်သူမှကားနဲ့လာမည့်သူမရှိတာကြောင့် မသိသလိုပဲ ခြံပြန်ရှင်းနေမိသော်လည်း ဒီကားကိုမြင်ဖူးပါတယ်လို့တွေးနေမိပြန်၏။ ခြံရှင်းတာကိုခဏရပ်ကာ ခြံရှေ့မှကားကိုသွားကြည့်မိသည့်အခါ ကားမှန်တံခါးတွေချပြီး လူတစ်ယောက်၏မျက်နှာက ထင်ထင်ရှားရှားပေါ်လာလေသည်။

" ခင်ဗျား.... "

" ကိုယ်တို့ နောက်တစ်ကြိမ်ပြန်ဆုံပြီနော် လင်းမြတ်နိုင် ။
နောက်တစ်ကြိမ်ပြန်ဆုံတာက တော်တော်တော့မြန်နေသားပဲ။ မနေ့ညက မင်းနဲ့ပထမအကြိမ်ဆုံတယ်။ အခုညနေတော့ဒုတိယအကြိမ်ပြန်ဆုံပြီ။ ပထမအကြိမ်ဆုံတုန်းက ကိုယ့်နာမည်ကိုပြောခဲ့တယ်။ အခုမင်းနာမည်ကိုသိလာရပြီ။ ဒီလောက် ဆို ကိုယ်တို့စကားပြောဖို့်လိုပြီလို့ မထင်ဘူးလား "

ညကြီးမိုးချုပ် ရန်ပွဲအတွင်းတွေ့ခဲ့ရသူကို နောက်တစ်ကြိမ်ပြန်တွေ့ဖို့အတွက် အလိုမရှိချေ။ ဒါက ကောင်းခြင်းတွေဖြစ်လာနိုင်စရာအကြောင်းမှမရှိတာလေ။

" ကျွန်တော် ခင်ဗျားနဲ့ ဘာမှပြောစရာစကားမရှိဘူး "

" ကိုယ့်မှာတော့ ရှိနေတယ် "

" ဒီမှာ ခင်ဗျား ဘယ်လိုလူလဲ။ ကျုပ် ခင်ဗျားနဲ့ဘာစကားမှမပြောချင်ဘူးလို့ပြောနေတယ်လေ။ လူစကားနားမလည်တာလား "

ကိုယ့်စကားကြောင့် ကားထဲမှလူသည် ပြုံးသွားရလေသည်။ ကိုယ်လည်း ခြံတံခါးနားမှလှည့်ထွက်ခဲ့၏။ ခြေနှစ် လှမ်းလောက်သာလျှောက်ရသေးသည့်အချိန် နောက်ပါး ဆီမှအသံကိုကြားလိုက်ရ၏။

" နာမည်ကလင်းမြတ်နိုင်။ မွေးထဲကမိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတယ်။ အသက် ၈နှစ်အရွယ်မှာ မင်းနေတဲ့ဂေဟာကို မိခင်အရင်းကစွန့်ပစ်လိုက်တဲ့ ကလေးတစ်ယောက်ရောက်လာတယ်။သူ့နာမည်က ရှိန်းခေါင်ယံ။ နှစ်ယောက်စလုံးက ၁၆နှစ်ကျော်။ အသက်အားဖြင့်ငယ်ကြသေးတယ်ဆိုပေမဲ့ ဂေဟာကထွက်လာပြီး အတူနေတဲ့မွေးစားအမေသေပြီးတဲ့အချိန်ကစပြီး ရှိန်းခေါင်းယံနဲ့ပတ်သက်တဲ့တာဝန်မှန်သမျှကို မင်းကပခုံးထမ်းထားရတယ် ။ အော် ကိုယ်ထည့်ပြောဖို့မေ့ခဲ့တာရှိသေးတယ်။ မွေးစားအမေက ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားတာရယ်၊ ရှိန်းခေါင်းယံက စိတ်ကျန်းမာရေးသိပ်မကောင်းလို့
ဆေးရုံခဏခဏတက်နေရတယ်ဆိုတာပေါ့ "

နောက်ကျောဆီမှစကားတွေကြောင့် လင်းမြတ်တစ်ကိုယ်လုံးအေးစက်တောင်းတင်းလာရပြီး ခြေလှမ်းတို့ရှေ့ ဆက်မသွားနိုင်ဖြစ်နေရလေတော့သည်။ အချိန်တစ်ရက်မပြည့်ခင် ကိုယ်တွေအကြောင်းခရေစေ့တွင်းကျစုံစမ်းလာသူသည် မည်သူနည်း။ ဘာကြောင့်များ ကိုယ်တွေအကြောင်းကိုစုံစမ်းခဲ့တာလဲ။

" ခင်ဗျား ဘယ်သူလဲ "

" ကိုယ့်နာမည် မကိုဋ်ထွဋ်ခေါင်လို့ပြောခဲ့သားပဲ။ ကိုယ်မင်းအကြောင်းတွေ ဘာလို့စုံစမ်းခဲ့တာလဲဆိုတာ သိချင်နေတယ်မဟုတ်လား။ အဲလိုသိချင်ရင် စကားခဏပြောကြည့်ရမယ်လေ။ ဘယ်လိုလဲ စကားခဏလောက်ပြောကြည့်ကြမလား "

" ကောင်းပြီလေ ပြောတာပေါ့ "

" ဒါဆိုကားပေါ်တက် "

" ကျွန်တော်အပြင်ကိုလိုက်လို့မရဘူး "

အိမ်မှာ ရှိန်းကိုတစ်ယောက်ထဲထားခဲ့ဖို့ စိတ်မချရသေးတာကြောင့် အပြင်ကိုလိုက်ဖို့ ငြင်းဆန်လိုက်၏။

" ကိုယ်သိသားပဲ။ရှိန်းခေါင်ယံကို ထားခဲ့လို့မရဘူးဆိုတာ ။ဘယ်မှမသွားပါဘူး။ ကားထဲလာထိုင်ခိုင်းယုံပါ ။ မင်း အဲမှာ မတ်တတ်ရပ်ပြီးပြောမလို့လား "

သူပြောသလိုပဲ ကားထဲနဲ့ခြံထဲကလူ လှမ်းစကားပြောဖို့အဆင်မပြေတာအမှန်ပဲမို့ သူ့ကားထဲဝင်ထိုင်လိုက်သည်။ ကားထဲရောက်တာနဲ့ အပိုစကားမဆိုဘဲ သိချင်တာကိုသာမေးလိုက်သည်။

" ပြောပြပေး ဘာလို့ကျုပ်တို့အကြောင်းကိုစုံစမ်းတာလဲ။ ရန်ညှိုးရန်စရှိလို့... "

" အား မင်းအထင်လွဲနေပြီ။ ငါ့ကိုကူညီခဲ့တဲ့သူနဲ့ငါက ရန်ညှိုးရန်စရှိပါ့မလားကွ"

ကိုယ့်စကားမဆုံးခင် အသည်းအသန်ငြင်းဆန်လာလေသည်။

" ဒါဆိုဘာလို့ "

" ပထမဆုံး ပြောချင်တာရှိတယ်။ အခုကစပြီးကိုယ်ဘာ
ပြောပြောခေါင်းအေးအေးထားပြီးစဉ်းစား ။ အခုလက်ရှိထက်ပိုကောင်းတဲ့အခြေအနေကြုံရမလား ။ ပိုဆိုးတဲ့အခြေအနေကြုံရမလား ငါ့ညီဆုံးဖြတ်ချက်ပေါ်မူတည်နေတယ် "

" ခင်ဗျား ပြောစရာရှိတာသာပြောစမ်းပါ "

" ပထမဆုံးပြောချင်တာ ရှိန်းခေါင်းယံတစ်ယောက်အခုလို ဆေးရုံခဏခဏတက်နေရတာ သူ့အတွက်မကောင်းဘူးတဲ့။ အပြင်ပိုင်းကျန်းမာသလိုရှိပေမဲ့ အချိန်မရွေးစိတ် ကျန်းမာရေးဆိုးရွားသွားနိုင်တယ်တဲ့လေ ။ ကိုယ်သိခဲ့ရတဲ့သတင်းမှန်ရဲ့လား

" ဟေ့လူ ခင်ဗျား ဘာေ-ာက်စကားပြောတာလဲ "

" အမှန်တရားကိုပြောနေတာလေ။ မင်းလဲသိနေတာပဲမဟုတ်လား။ ရှိန်းခေါင်းယံကိုပြန်မပြောပေမဲ့ မင်းကိုဆရာဝန်ကြီးတွေကပြောပြထားမှာပါ။ ထိရောက်တဲ့ကုသမှုမခံရရင် သူဘာဖြစ်သွားနိုင်တယ်ဆိုတာကိုပေါ့။ အဲလိုတွေကြောင့် မင်းပိုက်ဆံကုန်းရုန်းရှာနေတာလေ ။ ရှိန်းခေါင်းယံကို ဆေးကုဖိုအတွက် လိုတဲ့ပိုက်ဆံတွေရအောင်ပေါ့ "

" ခင်ဗျား ေ-ာက်ပါးစပ်ကိုပိတ် !!! "

ကိုယ်တစ်ယောက်ထဲသာသိသော ရှိန်းနှင့်ပတ်သက်သည့်သတင်းတွေကို သူစိမ်းတစ်ယောက်စီမှ ကြားလိုက်ရသောအခါတုန်လှုပ်ချောက်ခြားစွာဖြင့်အော်ဟစ်လိုက်မိတော့၏။


Eros_90

28.1.2024 ( ၈ နာရီ ၁၅ မိနစ် )
31.1.2024 Update ရှိ။

Continue Reading

You'll Also Like

81.2K 2.5K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...
1M 61.1K 58
❦{Own Creation}❦ Unicode "မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေ" အလေးအနက် မထားမိခြင်းနဲ့ ပေါ့ရော့မှုတွေရဲ့ အဆုံးသတ်မှာ ဘာတွေများရှိနေနိုင်မလဲ။ Author-Lil...
2.1M 161K 88
စဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)
252K 20.6K 30
The blue sea and its bright sun.