Xiao-ရှောင်း
By KrystalMoon8
2.8K 98 11
ဆယ်ကျော်သက်ကနေစခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကနေ ပြောင်းလဲခဲ့တဲ့အချစ်တေကို သူခိုင်မြဲမယ်လို့ယုံတယ် start date - 28... More
part-2
part-3
part -4
part -5
part -6
part -7
part -8
part -9
part-1
874 19 1
By KrystalMoon8
short story
zawgi
  "ဟုတ်ကဲ့.. လာပြီမာမားရေ.."
  "......"
~~~~~~~~~~~~~~~
  "......"
   "......"
"ဟင့်!"
  "ရှောင်း! ဟာ.."
  "ဟင့်..အီးးးဟီးး.."
  "ဟင့်..အင့်..အကျင့်မကောင်းတဲ့ကောင်ကြီး၊ ဝမ်အူပုတ်ကောင်ကြီး..အင့်..သူများက.. ဟင့်.. စိတ်ကောက်နေပါတယ်ဆိုမှ..အင့်..သူကမချော့ပဲနဲ့..အီးး..ဟီး.."
ပြောပုံကိုကကြည့်လေ.
~~~~~~~~~~
~~~~~~~~~~
"ဝမ်..အွန့်.."
2265 words
Moon
Wang..
~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~
unicode
ကျွန်တော့်နာမ်မယ်က ရှောင်းကျန့်လို့ခေါ်တယ်။ ကျွန်တော့်မာ အချစ်ဆုံးသူငယ်ချင်းလေးတစ်ယောက်ရှိတယ်။ သူ့နာမ်မယ်က ဝမ်ရိပေါ်တယ်တဲ့ ။ သူကကျွန်တော့်ကိုသိပ်ဂရုစိုက်တာ။ သူနဲ့ကျွန်တော်စသိတာက ကျွန်တော်တို့က ဝမ်မိသားစုနေတဲ့အိမ်နားကိုပြောင်းလာရာကနေစတာပဲ။
မားမားက အိမ်နီးနားချင်းတေခင်အောင်ဆိုပြီး ဖက်ထုပ်တေလုပ်ပြီး အိမ်နီးနားချင်းတေကိုဝေခိုင်းတာ အက်မာစသိကြတာပဲ။
ရှောင်းကျန့်လေးက အဖော်သိပ်မင်တာ။ သူငယ်ချင်းတေအများကြီးထားချင်တာပေါ့။ ခက္တာက ဝမ်အူပုတ်ပဲ။ သူကရှောင်းကျန့်ကို သူငယ်ချင်းမထားခိုင်းဘူး။ ရှောင်းကျန့်လေးမပျော်တော့ပါဘူးနော်။ သူက သူငယ်ချင်းအများကြီးလိုချင်တာလေ ဘာလို့မထားခိုင်းတာလဲ!! အဲ့ဒီ့ဝမ်ရိပေါ်ကြီးကို နားကိုမလည်ဘူး။ ပြောသေးတယ် ဘာတဲ့ 'ငါလဲမင်းကလွဲပြီး ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ဘူး။ မင်းလဲဘယ်သူနဲ့မှမလုပ်ရဘူး' တဲ့။ မလုပ်နဲ့ပေါ့ ဘယ်သူကလုပ်ခိုင်းလို့လဲ သူ့ကို။ သူနဲ့ရှောင်းကျန့်လေးနဲ့က တူမွမတူတာ သူကရှောင်းကျန့်တစ်ယောက်ထဲနဲ့ ခင်ချင်ပေမယ့်
ရှောင်းကျန့်ကအများကြီးနဲ့ခင်ချင်တာလေ။
အက်လိုပြောလို့ဝမ်ရိပေါ်ကိုမခင်ဘူးလားဆိုတော့ မဟုတ်ဘူးလေနော့်။ သူ့ကိုရှောင်းကျန့်လေးက သိပ်သိပ်ချစ်၊ သိပ်သိပ်ခင်ပဲ သူ့ကိုမာမားတို့ပီးရင်အချစ်ဆုံးကို။ ဝမ်ရိပေါ်မသိအောင်ရှောင်းကျန့်က ကျိုးချန်ဆိုတဲ့သူတို့အခန်းထဲကကောင်လေးနဲ့ တိတ်တိတ်လေးသူငယ်ချင်းလုပ်သေးတယ်။ ကျိုးချန်ကအရမ်းခင်ဖို့ကောင်းတာနော်။ တအားလဲကြောက်တက်တာ ဝမ်ရိပေါ်ကိုမြင်ရင်ကို ငိုမဲ့မဲ့လေးဖြစ်သွားတာ။ ကျိုးချန်နဲ့ခင်တာ ဝမ်ရိပေါ်ကဘယ်လိုလုပ်သိသွားလဲမသိဘူး ရှောင်းကျန့်ကိုတစ်ပတ်တိတိစကားမပြောတော့ဘူး။
ရှောင်းကျန့်ကပြန်ချော့တာတောင် လုံးဝအက်ဝမ်အူပုတ်ကောင်က စကားပြန်မပြောဘူး ။ အရမ်းဝမ်းနည်းတာပဲ အက်ဒါနဲ့ရှောင်းကျန့်လေး သူငယ်ချင်းအသစ်မထားတော့ဘူး။ ခုရှောင်းကျန့်တို့က အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ။ နောက်နှစ်ဆိုသူတို့ တက္ကသိုလ်တက်ရတော့မယ်။
"သားရေ... ကျန့်ကျန့် ဒီမယ်သားဝမ်လေးရောက်နေပြီကွယ်.. ဆင်းခဲ့တော့လေ"
"ဟုတ်ကဲ့.. လာပြီမာမားရေ.."
ရှောင်းကျန့်မြန်မြန်လွယ်အိတ်ကောက်လွယ်ပြီးဆင်းခဲ့ရတော့တယ်။ မဟုတ်ရင်ဝမ်ရိပေါ်က ဆရာကြီးသိပ်လုပ်ချင်တာလေ လူကိုမြင်ရင်ဆူမယ်၊ ငေါက်မယ်ဆိုတာကြည့်ပဲ။
ခုလဲကြည့်ပါလားဆရာကြီးစတိုင်လ်နဲ့ ဧည့်ခန်းမာမိန့်မိန့်ကြီး။ ကြည့်လို့ကိုမရဘူး ဟွန့်..! ရှောင်းကျန့် ဝမ်ရိပေါ်ကိုမျက်စောင်းထိုးပစ်လိုက်တယ် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်နဲ့ကခုခေါ်မနေဘူး။ ဘာလို့ဆိုမနေ့က ဝမ်ရိပေါ်ကသူ့ကိုအော်တယ်။ ရှောင်းကျန့်ကသူ့ကိုအော်ရင်မကြိုက်ပါဘူးဆိုတာကို အဲ့ဒိဝမ်ရိပေါ်ကလာအော်တာ။
"......"
ဝမ်ရိပေါ်မှာဘာကြောင့်မျက်စောင်းထိုးခံလိုက်ရမှန်းမသိလိုက်။ သေချာတာကတော့မနေ့က ကိစ္စကိုကောက်နေသေးသည်ထင်သည်။ ရှောင်းဟာလေ အမြဲအက်လိုပဲ လူကသာအထက်တန်းနောက်ဆုံးနှစ် ခုထိသူ့ကိုဆိုကောက်တုန်း၊ ဆိုးတုန်းပင်။ သူ့မှာလဲအက်ဒါတေကိုအပြစ်မမြင်ရက်ပေ ကိုယ်ကသူ့ကိုတစ်ဖက်သတ်ဖြစ်နေရတာမဟုတ်လား။ အင်း..ဟုတ်တယ် တစ္ဖတ္သက္ကေလး သူရှောင်းကိုချစ်နေတာ။ သူအလယ်တန်းဒုတိယနှစ်မှာ ရှောင်းကိုရင်ခုန်ခဲ့တာ။ သိသိချင်းသူအရမ်းလန့်သွားခဲ့တာ ရှောင်းအပေါ်ကိုမှတဲ့လေ သူက၊ သူ့အပေါ်ကိုသူငယ်ချင်းလို ညီအစ္ကိုလို သဘောထားတဲ့ရှောင်းကိုမှတဲ့ သူ့ရင်ခုန်သံတေက။ဒါတေကို ရှောင်းကတော့သိမယ်မထင်ပေ။ သိမှာလဲမဟုတ်ပါ သူ့ရဲ့ရှောင်းက သိပ်ကိုတုံးလွန်းသည် ။ အကောင်လိုက်ပြရင်တောင် ဒါဘာကြီးလဲလို့မေးမယ့်ပုံစံပင်။
~~~~~~~~~~~~~~~
"ရှောင်း..ကိုယ့်ကိုစောင့်အုံးလေ"
"ဘာကိုရှောင်းလဲ! မနေ့ကလိုရှောင်းကျန့်လို့ပဲခေါ် "
ဝမ်ရိပေါ်ပြုံးလိုက်မိသည်။ ပြောပါတယ် သူ့ရဲ့ရှောင်းကသိပ်ကလေးဆန်ပါတယ်ဆို။ရှေ့ကနေမပြေးရုံတမယ်သွားနေသူရဲ့လက်ကို အမြန်လိုက်ပြီးဆွဲလိုက်ရသည်။ ဒီနေ့အပြီးချော့မှရမည်။ မဟုတ်ရင်စိတ်ကောက်ကပြေတော့မည်မဟုတ် သူလဲရှောင်းကောက်တာ၊ ရစ်တာကိုတစ်ပတ်လောက်အလူးအလိမ့်ခံကလိမ့်မည်။
"ရှောင်းကလဲကွာ..အက်ဒါကမနေ့ကကိုယ် ရှောင်းကိုစိတ်ပူလို့ဆိုတာသိသားနဲ့"
"......"
ရှေ့ကတိတ်ဆိတ်သွားသူလေးကြောင့် သဘောကျစွာခိုးရယ်လိုက်မိတယ်။ ပေါ်တင်ရယ်လို့တော့မရပေ ကောက်စိန်ကအကြီးကျယ်ကောက်သွားနိုင်သည်။ သူ့ကိုပြောင်ပါတယ်ဆိုပြီး။
"တကယ်ပဲ ကိုယ့်ကိုစကားပြန်မပြောတော့ဘူးလားဟင်"
"......"
" ဟားး...ဝမ်းနည်းသွားပြီကွာ ကိုယ်တော့တစ်ယောက်ထဲအထီးကျန်နေတော့မယ်ထင်ပါတယ်ကွာ.. အင်းပါလေ..ရှောင်းကပြန်မပြောတော့မှတော့ဘယ်တက်နိုင်ပါ့မလဲလေ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ကွာ.. ရှောင်းသွားတော့နော် "
ရှောင်းကျန့်ဝမ်းနည်းသွားရတယ် သူစိတ်ဆိုးနေရင်ချော့ရမာမဟုတ်ဘူးလား။ ခုဝမ်ရိပေါ်ကဘာလုပ်တာလဲ အရင်လိုလဲသူ့ကိုမလျော့ဘူး သူ့ကိုတောင်ကျောခိုင်းသွားလိုက်သေးတယ် ရှောင်းကျန့်မျက်ဝန်းဝိုင်းကြီးတေထဲမာ အရည်ကျည်တေရစ်ဝိုင်းလာရတော့တယ်
နောက်ကနေလှုပ်ရှားမှုတစ်စုံတစ်ရာမခံစားရတော့ ဝမ်ရိပေါ်ရဲ့ မျက်ခုံးတေတွန့်ကွေးကုန်ရတယ်။ ခုရှောင်းကသူ့ကိုလုံးဝလိုက်မခေါ်ဘူးလား။ ခြေလှမ်းဆယ်လှမ်းလောက်ရောက်တဲ့အထိနောက်ကဘာသံမှမကြားရတဲ့အခါ ဝမ်ရိပေါ်မျက်နှာကလဲ တစ်ဆတစ်ဆမှုန်ကုပ်လာရတော့တယ်
"ဟင့်!"
ဟင်...ဝမ်ရိပေါ်မျက်လုံးပြူးသွားရတော့တယ် ဘာလို့ဆိုသူကြားလိုက်ရတဲ့အသံကရှောင်းရဲ့အသံဖြစ်နေတဲ့အပြင် တစ်ဖြေးဖြေးကျယ်လာတဲ့အခါ ပိုပြီပြင်လာတဲ့ရှိုက်သံကြောင့်ပဲ သူဘယ်လိုမှခြေလှမ်းကိုဆက်မလှမ်းနိုင်ပေ။
"ရှောင်း! ဟာ.."
"ဟင့်..အီးးးဟီးး.."
ဝမ်ရိပေါ် ရှောင်းနားကိုဘယ်လိုရောက်သွားမှန်းတောင်မသိပေ။ သူသတိကပ်ချိန်မှာတော့ ရှောင်းကသူ့ရင်ခွင်ထဲမှာ ဝမ်းပန်းတနည်းငိုနေလေပြီ။
"ဟင့်..အင့်..အကျင့်မကောင်းတဲ့ကောင်ကြီး၊ ဝမ်အူပုတ်ကောင်ကြီး..အင့်..သူမ်ားက.. ဟင့်.. စိတ်ကောက်နေပါတယ်ဆိုမှ..အင့်..သူကမချော့ပဲနဲ့..အီးး..ဟီး.."
"ဟုတ်တယ်..ဟုတ်တယ် ကိုယ်မှားတယ်နော် အက်ဒါကြောင့်မငိုနဲ့တော့နော်၊ ရှောင်းကလိမ်မာတယ် တိတ်တော့နော် ကြည့်အပါအုံး ညစ်ပေတူးလေးဖြစ်နေပြီ တိတ်တော့..တိတ်တော့ ပေါင်ပေ့ကလိမ္မာတယ် ဟုတ်ပြီလား"
"အင့်..ငါ့ကိုအော်လဲအော်သေးတယ်.အင့်..ပြီးတော့ချော့လဲမချော့ဘူး..ဟင့်.."
"အင်း..အင်းနောက်ဆို ကိုယ်မင်းကိုမအော်တော့ဘူးနော်"
နောက်ဆုံးဘယ်လိုမှချော့မရတဲ့အဆုံး ရှောင်းပေါင်ပေ့စိတ်တိုင်းလုပ်ဆောင်ပေးလိုက်ရတော့တယ်။ ရှောင်းအပြောကြောင့်သူ့မှာအသဲတယားယား ဖြစ်လိုက်ရသေးတယ်။
ပြောပုံကိုကကြည့်လေ.
"ရှောင်းကိုရေခဲမုန့်ဝယ်ကျွေးရင် ဒီကကောကောကို စိတ်ဆိုးပြေပေးမယ်"တဲ့လေ
~~~~~~~~~~
ခုဆိုရှောင်းနဲ့သူနဲ့အထက်ပြီးလို့ တက္ကသိုလ်တတိယနှစ်ရောက်နေပြီပင် နောက်နှစ်ဆိုသူတို့ကျောင်းပြီးလိုလုပ်ငန်းခွင်ထဲဝင်ရတော့မည်ပင်။ ရှောင်းတို့မိသားစုကရိပေါ်တို့လို ချမ်းသာတဲ့ထဲကမဟုတ်ပေမယ့် ပြေလည်ကြသည်။ နားလည်မှုရှိတဲ့မိဘတေကိုလဲရှောင်းက ပိုင်ဆိုင်ထားသေးတယ်။ ရှောင်းကသူ့လိုမွေးချင်းမောင်နှမမရှိပေမယ့် ရှောင်မားနဲ့ရှောင်ပါးက အသက်ကြီးမှရတဲ့ကလေးလေးမို့ သဲသဲလှုပ်ချစ်ကြသည်။ ရိပေါ်မှာက အသက်၈နှစ်ကြီးတယ့် ကျဲတစ်ယောက်နဲ့၁၀နှစ်ငယ်တဲ့ ညီလေးတစ်ယောက်ရှိသေးတယ်။ ခုကျဲကပါးအလုပ်မာဝင်လုပ်နေပြီပင်။ ညီလေးကတော့ခုမှ အလယ်တန်းပထမနှစ်တက်နေပြီပင်။
သူကကျောင်းပြီးရင်ပါးအလုပ်မှာလုပ်ရမှာမို့ စီးပွားရေးမေဂျာယူထားပေမယ့် ရှောင်းကတော့သူနဲ့မေဂျာမတူပါ။ သူဝါသနာပါရာ designပိုင်းကိုယူထားသည်။ မေဂျာမတူလဲကျောင်းဝိုင်းတစ်ခုထဲမို့ကိစ္စမရှိပေ။ ရှောင်းကိုတွေ့ချင်တိုင်း၊ လွမ်းတိုင်း သွားတွေ့နိုင်သည်မဟုတ်လား။ ဒီနေ့တော့ကျောင်းပိတ်လို့ သူတို့ရုပ်ရှင်ဖို့ လက်မှတိဖြတိနေတာပင်။ ရှောင်းကတော့ရုပ်ရှင်ကြည့်ရင်းစားဖို့ မုန့်သွားဝယ်နေသည်။ သူဖြတ်ထားတဲ့လက်မှတ်ကိုကြည့်ပြီးပြုံးလိုက်တယ်။
"ရိပေါ်ပြီးပြီလားဝင်ရအောင် ဇာတ်ကားပြဖို့အချိန်နီးနေပြီမဟုတ်လား"
"အင်း..ဝင်မယ်လေ ဒီဇာတ်ကားပဲကြည့်မယ်ဆိုတာသေချာပါတယ်နော်"
ရိပေါ်စကားအဆုံး ရှောင်းကပလုတ်တုတ်လေးလိုခေါင်းကိုအဆက်မပြတ်ငြိမ့်ပြလာသည်မို့ အသဲယားစွာဆံနွယ်တွေကြားထဲ ထိုးဖွလိုက်တော့ မျက်စောင်းကဒိုင်းခနဲ..
ပြီးပြောလိုက်သေးတယ်'ဟာ..သေချာပြင်လာပါတယ်ဆိုမှ သူများခေါင်းကိုကြည့်!' တဲ့
ရိပေါ်မတက်နိုင်စွာပဲ အောက်နှုတ်ခမ်းကိုသာကိုက်ထားလိုက်မိတယ် မဟုတ်ရင်သူရှောင်းကို ဒီနေရာမှာတင်ဆွဲနမ်းမိတော့မာ ဟူး..ရှောင်းမသိအောင်ထိန်းချုပ်ထားရတာမလွယ်ကူပေ
~~~~~~~~~~
ရှောင်းကျန့်မှာ ရုံထဲဝင်ပြီးထိုင်ခုံနေရာတေဆီသွားနေတဲ့ ဝမ်ရိပေါ်နောက်လိုက်နေရင်းကနေ မျက်လုံးဝိုင်းဝိုင်းလေးများပြူးကျယ်လာရတော့တယ် ဘာလို့ဆိုသူတို့ခုသွားနေတာက အတွဲခုံတေနားရောက်လာပြီ။ မဟုတ္ဘူး အတြဲခုံမွာကို ဝမ်ရိပေါ်ကဝင်ထိုင်နေပြီ။ ဝမ်ရိပေါ်ကဘာဖြစ်ချင်နေတာတဲ့လဲ သူ့မှာရိပေါ်အနားကပ်ရင်ကို အခုန်မြန်နေတဲ့ရင်ဘက်ထဲကအကောင်ကြောင့် သိသွားမာစိုးရိမ်နေရပါတယ်ဆို ခုဝမ်ရိပေါ်ကဘာဖြစ်ချင်နေပြန်ပြီလဲမသိတော့ပေ။
ရုပ်ရှင်စပြတော့လဲ ရှောင်းကျန့်မှာဇာတ်ကားထဲအာရုံမစိုက်နိုင်ပေ။ ဘာလို့ဆိုသူ့ဘေးကဝမ်ရိပေါ်က သူ့မျက်နှာကိုပဲတစ်ချိန်လုံးစိုက်ကြည့်နေတယ်လို့ထင်နေတာကြောင့်ပင်။ မဟုတ်ဘူးကြည့်ကိုခေဲ့တာ။
ဇာတ္ကားကromanceကားဖြစ်တဲ့အပြင် တိတ်ဆိတ်စွာသဘောကျနေသူကလဲ ဘေးမှရှိနေတဲ့အချိန်ရှောင်းကျန့်ရင်ထဲမာ ဝုန်းဒိုင်းကျဲနေရတော့သည်။ ဇာတ်ကားသာတစ်ဝက်ကျိုးလာတယ် ဘာမှန်းကိုပင်ရှောင်းကျန့်မသိရပေ။ ဘေးကလူကိုမသိအောင်ခိုးကြည့်နေရတဲ့အတွက်ကြောင့်ဆိုလဲမမှားပေ။
သူခိုးကြည့်နေရင်းမှ လှည့်ကြည့်ပြီးပြုံးပြလာတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်လှည့်ပင်မကြည့်ရဲတော့။ ရှောင်းကျန့်ရဲ့မျက်နှာလေးမှာ တစ်ဆတစ်ဆနီစွေးလာခဲ့တယ်။ မင်းသားကမင်းသမီးကိုနမ်းနေတဲ့အခန်းရောက်လာတဲ့အခါမှာတော့ ရှောင်းကျန်ရဲ့မျက်နှာလေးက တဖြည်းဖြည်းပန်းနုရောင်မှတဆင့်ပန်းရင့်ရောင်သန်းလာခဲ့ရတော့တယ်။ မင်းသားနဲ့မင်းသမီးနမ်းနေတာကိုရှက်လို့မဟုတ်ဘဲ သူ့လည်ပင်းတစ်ဝိုက်မာရောက်လာတဲ့ လေငွေ့နွေးနွေးကြောင့် ရှောင်းကျန့်မာတောင့်တောင့်လေးဖြစ်နေရတော့တယ်။ လည်ပင်းကနေ နားသည်းစပ်နားကိုထိခတ်လာတဲ့ နူးညံ့တဲ့အထိတွေ့ကြောင့် ရှောင်းကျန့်မှာတွန့်ခနဲ။
"ဝမ်..အွန့်.."
ရှောင်းကျန့်မျက်လုံးလေးမှာ ပြူးကျယ်ဝိုင်းစက်လျက် အသက်ရှုပင်အောင့်လိုက်မိသည်။ ခုဝမ်ရိပေါ်ကသူ့ကိုဘာလုပ်လိုက်တာလဲ နမ်းလိုက်တာလား။ ဟုတ်တယ် နမ်းကိုနမ်းနေတာ။ သူ့နှုတ်ခမ်းပေါ်က နူးညံ့စွာထိတွေ့နေတယ့် တစ်ဖက်လူရဲ့နှုတ်ခမ်းတစ်စုံဟာဆိုရင်ဖြင့် အပေါ်တလှည့်အောက်တစ်လှည့် လှုပ်ရှားလာခဲ့သည်။ ရှောင်းကျန့်လောကကြီးနဲ့တစ်ခဏ အဆက်သွယ်ပျက်သွားပြီး သတိဝင်လာချိန်မှာတော့ တဖက်လူရဲ့လျှာဟာ သူ့ခံတွင်းထဲကိုပင်ရောက်နေပြီပင်။
ရှောင်းကျန့်မျက်လုံးမမှိတ်ခင်မာပဲ ဝမ်ရိပေါ်ရဲ့စူးရှတဲ့အကြည့်တေက သူ့ကိုစိုက်ကြည့်နေခဲ့တာကိုသိလိုက်ရတယ်။ သူ့ရင်တေလဲအဆမတန်ခုန်နေတယ်။ ရုပ်ရှင်ရုံထဲက ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံတေဟာ ထပ်တူကျလျှက်....
2265 words
Moon
Wang..
~~~~~~~
ဒါလေးကမွန်းပထမဆုံးရေးဖြစ်တဲ့ short storyလေးတစ်ပုဒ်ပါ။ လိုအပ်ချက်တေရှိနေမယ်ဆိုတာလဲသိပါတယ် မွန်းက ခုမှစရေးဖူးတာဆိုတော့ ဖတ်ရတာအဆင်မပြေတာရှိရင်ဝေဖန်နိုင်ပါတယ် အကယ်၍ မွန်းရေးတဲ့ဒီ Xiao -ရှောင်း လေးက အချစ်လေးတေဖတ်ဖူးတဲ့ တစ်စုံတစ်ရာနဲ့တူညီနေခဲ့ရင်ပြောပြပေးလို့ရပါတယ် ဒါလေးက မွန်းစိတ်ကူးထဲမယ်ပေါ်လာလို့ရေး့ဖစ်တာလေးကလွဲရင် မည်သူတစ်ဦးတစ်ယောက်စီကမှ copyယူထားခြင်းမရှိဘူးဆိုတာကိုတော့ အာမခံပါတယ်
Continue Reading
You'll Also Like
2.1M 41.3K 29
Ethan and almost every other sixteen year old that is under class is auctioned off to one person or a family. Even if you or your family doesn't want...
4.3M 285K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
818K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍