နောက်တစ်ရက်
အရှင်ဟာသူ့ဆီကို
မမေ့မလျော့ရောက်လာခဲ့ပြန်တယ် သူ့ဘက်ကဝန်မခံမချင်း
အရှင်ကလက်လျော့ဟန်မတူဘူး
"မင်းအခုလိုတိတ်ဆိတ်နေလို့ အခြေအနေက
ထူးခြားလာမှာမဟုတ်ဘူး!!!"
ရှောင်ကျန့်က အရှင့်ကိုကြည့်ကာ
မချိပြုံး ပြုံးပြလိုက်သည်။
သူ့ရှေ့ က လူသားက သူ့ကိုကြည့်ကာ
မျက်ရည်များနဲ့နာနာကျင်ကျင်ပြုံးပြလာတော့
မင်းကြီးဝမ်ရိပေါ် မျက်မှောင်ကုတ်ကာ စူးစိုက်ကြည့်နေမိသည်။
ထိုလူသားက ဒီလောက်အရိုက်ခံထားရတာတောင် ကျေနပ်နေသည့်ဟန်
သူ မကြိုက်ဘူး အဲ့အပြုံးတွေက
သူ့ရင်ကိုမွှေနှောက်နေတဲ့ သိပ်ထက်တဲ့ ဓားတစ်လက်နဲ့တူတယ်
သွေးစိမ်းရှင်ရှင်ထွက်ဖို့လုံလောက်တယ်
သူ့ရှေ့က လူသားဆီကနေ
တစ်ခုခုရှင်းပြတာမျိုးလိုချင်နေတယ်
အဲ့အရာက ဘာဖြစ်ဖြစ် ယုံကြည်ပေးချင်နေတယ်
တစ်ခုခုဖြေရှင်းချက်ပေးမယ်ဆိုရင်တောင်
ဒီနာကျင်နေတဲ့နှလုံးသားကခွင့်လွှတ်ဖို့အသင့်ပဲ
ဆုံးရှုံးလိုက်ရတာက
သူသိပ်ချစ်တဲ့မိခင်ဖြစ်နေသည့်တိုင်ပေါ့
"မင်းငါ့ကိုတစ်ခုခုရှင်းပြဖို့ မကြိုးစားတော့ဘူးလား"
"ယုံမှာလား ...
ကျွန်တော်ဘာပြောပြော
အရှင့်ဘက်က ယုံကြည်ပေးမှာမို့လို့လား"
အရှင့်ဘက်က တိတ်ဆိတ်သွားတာမို့ ရှောင်ကျန့်
ထပ်ပြီး မချိပြုံး ပြုံးမိတယ်
အရှင်ကသူ့ကိုမယုံဘူး ဘယ်တူန်းကမှ ဘယ်တော့မှ...
.........
နာကျင်ရတယ် အဲ့စကားလုံးတွေက
ဘယ်အတိုင်းအတာထိရောက်မှန်းမသိပေမဲ့
ရင်ဘက်တစ်ခုလုံး နင်းချေခံရသလိုပဲ
ရှေ့ ကလူကိုကြည့်တော့လဲ
ခဲမှန်ဖူးတဲ့စာသူငယ်လေးလို ငြိမ်ငြိမ်လေးပဲ
တစ်ချက်လုပ်လိုက်တာနဲ့ အမှားတွေအားလုံး
သူလုပ်တာဖြစ်သွားမှာကြောက်နေရှာသလိုမျိုး...
မင်းကြီးဝမ်ရိပေါ် ထိုလူသားကို
တကယ်ပဲဘာပြစ်ဒဏ်မျိုးစီရင်ရမလဲမသိတော့ဘူး
ရှေ့က မြင်ကွင်းကို ဆက်မကြည့်နိုင်တော့လို့
လှည့်ထွက်လာခဲ့လိုက်တယ် ထိုလူသားကို ကျောခိုင်းလိုက်တာနဲ့
အကြောင်းပြချက်မရှိတဲ့ မျက်ရည်တွေ ကလဲ
သူ့မျက်ဝန်းတွေထဲက ခုန်ဆင်းလို့
ဒီလူသားကိုသူမသိဘူး မမှတ်မိဘူး
ဒါပေမဲ့ သူ့နှလုံးသားကတော့မှတ်မိပုံပဲ
....................
အထိန်းတော်ကြီး / မင်းကြီး...စစ်သူကြီးကျန်းချန်က
တွေ့ခွင့်တောင်းနေပါတယ်
မင်းကြီး အခု မယ်တော်ရဲ့ ရုပ်အလောင်းဘေးမှာဖြစ်သည်။
တိတ်ဆိတ်မှု့နဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေပုံက
သူသိပ်ချစ်တဲ့ မိခင်ကိုဆုံးရှုံးထားရလို့ဆိုတာပြောစရာပင်မလို
"ဝင်လာခဲ့..."
"မင်းကြီးကိုဂါရဝပြုပါတယ်
အခုလိုအခြေအနေမျိုးမှာ ဒီလိုလာတွေ့ ရလို့
အားနာမိပါတယ် မင်းကြီး..."
"ဘာကိစ္စရှိလို့လဲ"
မင်းကြီးကအခုချိန်ထိ သူ့ထံအကြည့်မပို့သေးဘူး
"ကြင်ယာတော်ရှောင်...သူ"
မင်းကြီးက ချက်ချင်း ခေါင်းထောင်ကြည့်လာသည်။
မျက်လုံးထဲမှာလဲ ဒေါသရိပ်အပြည့်...
"ကြင်ယာတော်ရှောင့်ကို သူ့ဖခင်က
သူ့မျက်နှာထောက်ထားပြီး
ပြည်နှင်ဒဏ်ပဲချမှတ်ပေးပါလို့
တောင်းဆိုလာပါတယ်
ကြင်ယာတော်ကိုခေါ်ပြီး
ဒီတိုင်းပြည်ကထွက်သွားပေးပါမယ်တဲ့"
စစ်သူကြီးက မင်းကြီးဒေါသကိုမျက်ကွယ်ပြုကာ
ပြောစရာရှိတာကိုဆက်ပြောလိုက်သည်။
"အခုငါ့ကြင်ယာတော်ကို ငါ့လက်ထဲက လုယူဖို့ကြံနေကြတာလား!!!"
"မင်းကြီး !!!"
"ထွက်သွား !!!"
မင်းကြီး ရဲ့ စိတ်မခြေအနေ ပုံမှန်မဟုတ်မှန်းသိတဲ့ စစ်သူကြီးဟာ
ဇွတ်တိုးမပြောတော့ပဲ ပြန်သွားဖို့ပြင်လိုက်လေသည်။
ဒီအချိန်မှာတော့
မင်းကြီးရဲ့ နှလုံးသားဟာလွန်စွဲနေခဲ့ပြီ
.........................
"ဘယ်လိုလဲ အခြေအနေက
ဘယ်လိုဖြစ်သွားပြီလဲ မင်းကြီးကဘာပြောလဲ"
နန်းဆောင်ထဲက ထွက်လာတာနဲ့ ချင်းဟွာကစိုးရိမ်တကြီး
မေးလာ၏။ သူနဲ့မင်းကြီးကြားက တချို့ကိစ္စတွေကိူချန်လှပ်ပြီး
ချင်းဟွာကိုအကြောင်းအရာတချို့ပြန်ပြောဖို့ဆုံးဖြတ်လိုက်သည်။
"ပြောပါဦး မင်းကြီးကလက်ခံလိုက်လား လက်မခံဘူးလား"
ကျန်းချန်လဲ နန်းဆောင်ထဲက ထွက်ထွက်ခြင်း
မေးခွန်းတွေဆက်တိုက်မေးနေသူအား
ခေါင်းသာယမ်းပြလိုက်သည်။
သူမင်းကြီးကိုမပုန်ကန်ချင်ဘူး
ညှိနှိုင်းချင်တယ် ဒါပေမဲ့ မင်းကြီးက ခေါင်းမာလွန်းတယ်
"အခု ငါတို့ဆီမှာ သက်သေတစ်ခုမှမကျန်တော့ဘူး
ကြင်ယာတော်ရှင်းက ဘယ်လိုလူမျိုးလဲဆိုတာ
ဘယ်လိုဖော်ထုတ်ရတော့မလဲ"
"မဟုတ်ဘူး ကျမတို့ဆီမှာ
လူသက်သေနှစ်ယောက်တောင်ကျန်သေးတယ်"
"ဘယ်သူလဲ"
"လျန်အာနဲ့လုလု..."
"လျန်အာက ငါတို့လူမို့ ကူညီပေးနိုင်တယ်ဆိုရင်တောင်
လုလုက ကြင်ယာတော်ရှင်းရဲ့ လူလေ သူက အကူအညီဖြစ်ပါ့မလား"
"လုလုမှာ နာမကျန်းဖြစ်နေတဲ့ ညီမလေး နဲ့
ဆင်းရဲလွန်းတဲ့မိသားစုရှိတယ် အဲ့အရာတွေက သူ့ရဲ့ အားနည်းချက်ပဲ
ေငွသာ မတ်လောက်ေအာင်ပေးရင်
သူ့ကပြသာနာမရှိနိုင်ဘူး ပြသာနာကလျန်အာပဲ...
သူမက ရှင်းလျန်ကို ငယ်ငယ်ထဲကကြိတ်ချစ်လာခဲ့ရတာ
နန်းတော်ထဲ မဝင်ခင်ထဲကသူတို့ကသိနေကြပြီးသား
လျန်အာသာ မတူညီရင် အားလုံးသဲထဲရေသွန်ပဲ"
"ဒါဆို ငါတို့လျန်အာကိုရှာပြီး
ငါတို့ဘက်ပါအောင်သိမ်းသွင်းရမှာပေါ့ လျန်အာဘယ်မှာလဲ"
"မသိဘူး လျန်အာပျောက်နေတာ မနေ့ညထဲကပဲ"
"မနေ့ညထဲက..."
မနေ့ညက သူနဲ့ ယွဲ့ ယယ် ရှောင်လူကြီးမင်းအိမ်သွားနေတာမို့
နန်းတွင်းမှာ ဘာတွေဆက်ဖြစ်လဲမသိလိုက်ပေ...
"ငါအရင်ဆုံး ကြင်ယာတော်ရှောင်ကို သွားတွေ့ လိုက်မယ်
သူ့မှာ ဘာအစီအစဉ်တွေရှိနေလဲ သိရဖို့လိုတယ်"
"ကောင်းပြီ ကျမက လျန်အာကိုရှာရင်း
မင်းကြီးနဲ့ ရှင်းလျန်အခြေအနေကို စောင့်ကြည့်ထားပေးမယ်"
"အင်း..."
သို့နှင့် သူတို့နှစ်ဦး ထိုနေရာမှာတင် လမ်းခွဲလိုက်ကြပြီး
စစ်သူကြီးမင်း ကျန်းချန်က စိတ်ချသလို
နောက်ကိုပြန်လှည့်ကြည့်ရင်း ချင်းဟွာနောက်ပြန်လိုက်သွားကာ
"ချင်းမိန်းကလေး..."
ချင်းဟွာကလဲ ပြန်လှည့်ကြည့်လိုက်ကာ
နှစ်ဦးသားခတ္တမျှအကြည့်ချင်းစုံနေကြပြီး
စစ်သူကြီးမင်းက ချင်းဟွာရဲ့ ပခုံးနှစ်ဖက်ကို မရဲတရဲကိုင်ကာ
"သတိထားပါ မင်းအတွက်
အန္တရာယ်ရှိလာနိုင်တယ်ထင်ရင်
တစ်ယောက်တည်းအရဲမစွန့်ပါနဲ့"
ချင်းဟွာလဲ ကြောင်တောင်တောင်လေး ပြန်ကြည့်နေပြီးမှ
"စစ်...စစ်သူကြီးမင်းလဲ သတိထားပါ"
"အင်း... ငါသွားတော့မယ်"
စစ်သူကြီးမင်းက ပြောပြောဆိုဆိုနဲ့ လှည့်ထွက်သွားချေပြီ
ချင်းဟွာကသာ စစ်သူကြီးမင်းရဲ့ကျောပြင်ကို အမှတ်တမဲ့
ငေးကြည့်ရင်းကျန်ရစ်ခဲ့လေ၏။
...........................
ကျန်းချန် မြေအောက်အကျဉ်းတိုက်ထဲ ရောက်တော့
သွေးများပေပွကာမြေပြင်ပေါ် လဲလျောင်းနေသော
သူငယ်ချင်းဖြစ်သူအားတွေ့ လိုက်ရသည်။
"ရှောင်ကျန့်..."
* ငါမင်းကို လက်လွှတ်ပေးခဲ့တာ မင်းကြီးရဲ့ချစ်ခြင်းမေတ္တာတွေကြား
မင်းပျော်နေမယ်ထင်ခဲ့လိူ့ အခုလိုနာကျင်နေဖို့မဟုတ်ဘူး ရှောင်ကျန့် *
"ကျန်း...ကျန်းချန်...
မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ
ပါး...ပါးကရောဘာတဲ့လဲ"
"ငါမင်းကိုလာတွေ့ တာပေါ့ ဘယ်လိုလုပ်ဒီလောက်ထိ
ဖြစ်ပျက်နေရတာလဲ ရှောင်ကျန့်ရာ "
ရှောင်ကျန့်ဘက်က စကားပြန်မလာဘူး
သူစိတ်တော်တော်မရှည်တော့ဘူး
မင်းကြီးရော ရှောင်ကျန့်ရော ခေါင်းမာလွန်းတယ်
"ရှောင်သခင်ကြီးနဲ့ တိုင်ပင်ပြီး
မင်းကို အပြစ်ဒဏ်လျော့ပေါ့အောင်လုပ်ပေးမယ်
ပြီးရင်တော့ ငါတို့အဝေးဆုံးကိုထွက်သွားကြမယ်"
"မဟုတ်ဘူး ငါထွက်မပြေးဘူး ကျန်းချန်
ငါ အရှင့်ကိုတစ်ေယာက်တည်းမထားခဲ့နိုင်ဘူး
ငါ့မှာအစီအစဉ်ရှိတယ်
အရင်ဆုံးငါ့ကိုဒီထဲကထွက်လို့ရအောင်လုပ်ပေး
ဒီထဲမှာ ကြာကြာနေလို့မဖြစ်ဘူး"
"ရှောင်ကျန့် မင်းဒီလောက်ထိချစ်ပြနေစရာမလိုဘူး မင်းသိပ်ချစ်တဲ့မင်းရဲ့ အရှင်က မင်းကိုအခုလိုနှိပ်စက်ပြီးပိတ်လှောင်ထားတာလေ"
"မဟုတ်ဘူး အရှင်က လှည့်စားခံရတာ ငါအရှင့်ကို ရအောင်ပြန်ကယ်မယ်"
"ကျစ်!!! မင်းကတော့...
ခေါင်းမာလိုက်တဲ့ရှောင်ကျန်ပဲ
ကောင်းပြီ ငါမင်းကို ဒီကနေ ကယ်ထုတ်ဖို့
ရှောင်သခင်ကြီးနဲ့ သွားတိုင်ပင်လိုက်မယ်
မင်းက အပိုတွေလျောက်မလုပ်ပဲ ငြိမ်ငြိမ်လေးနေပေး"
ရှောင်ကျန့်က ခေါင်းငြိမ့်ပြလိုက်တော့
ကျန်းချန် ထိုနေရာကနေ လှည့်ထွက်သွားလိုက်သည်။
တစ်ပတ်ကြာတဲ့အထိ အရှင်က မအိပ်မစားပဲ ရှိနေသည်။
ညီလာခံတက်ဖို့ဝေးစွာ
သူ့မိခင်ရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ခဲ့ပေ
ကြောင်တောင်တောင်လေးသာငေးနေခဲ့သည်။
မင်းကြီးက ဘာမှမလုပ်ဆောင်နေတော့
အရာအားလုံးရဲ့ ဦးဆောင်မှု့ဟာ
ကြင်ယာတော်အမည်ခံထားသည့်
ရှင်းလျန်ဆီသာရောက်ရှိလာခဲ့သည်။
ရှင်းလျန်က မယ်တော်ကြီးရဲ့ နောက်ဆုံးခရီးကိုလဲသေသေချာချာ အရိုအသေပြု လုပ်ဆောင်သည့်အပြင်
တဖက်ကလဲ မင်းကြီးကိုနှစ်သိမ့်နေသည့်
မိန်းမကောင်းလေးဘွဲ့ခံယူထားကာ
အမတ်မင်းတွေနဲ့ ပြည်သူတွေ ရဲ့ သဘောကျမှု့ကိုအရယူထားပြီး...
ရှောင်ကျန်ကိုတော့ မယ်တော်ကြီးကိုလုပ်ကြံသူအဖြစ် တိုင်းသိပြည်သိကြော်ငြာထားတာကြောင့် ရှောင်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေသည်။
မင်းကြီးကလဲ မှားသည်မှန်သည်
တခွန်းမှဝင်ရောက်ပြောဆိုခြင်းမရှိ
လူတွေ့ လဲမခံသောကြောင့်
ရှင်းလျန်ရဲ့ စကားကသာ အရာရောက်နေပြီး
အရာအားလုံးဟာ
ရှင်းလျန်ရဲ့ အာဏာစက်အောက်ကျရောက်နေခဲ့လေသည်။
"မင်းကြီး...တစ်ပတ်တောင်ရှိပြီဆိုတော့
အပြစ်သားရှောင်ကျန်ကို အပြစ်ပေးဖို့
အမတ်မင်းတွေက တောင်းဆိုနေကြပြီ
ဒီနေ့တော့ ညီလာခံတက်ပြီး
သူ့အတွက်အပြစ်စီရင်ပေးရမယ်နော်"
မင်းကြီးက မတုန်မလှုပ်ဆက်ရှိနေတော့
ရှင်းလျန်က မင်းကြီးရဲ့ နား နားဆီတိုးတိုးလေးကပ်ကာ
"သေဒဏ်ပေးလိုက်!!!"
"အင်း သေဒဏ်...
ငါသူ့ကိုသေဒဏ်ပေးမယ်..."
ရှင်းလျန် မင်းကြီးရဲ့ အရူးလိုပုံစံတို့ ကြည့်ကာ
သဘောတကျပြုံးသည်
အခုတော့ သူမရဲ့ ဆေးစွမ်းတွေကြောင့်
မင်းကြီးက သူမရဲ့ နယ်ရုပ်လေးဖြစ်နေလေပြီ...