ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘ...

Od ilymm_

7.3K 903 173

Unexpected Dog by WuZhe Total 94 Chapters + 3 Extras Více

Synopsis
Update Schedule 《Must Read》
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18

Chapter 11

163 27 23
Od ilymm_

|| Unicode ||

အပိုင်း ၁၁ - ငါ မင်းနဲ့ ဥက္ကဋ္ဌဟွမ် အတွက် ပုံတစ်ပုံဆွဲထားတယ်

“မထိုးဘူး”

စွန်ဝမ့်ချွီက သူ့ကို မော့ကြည့်လာသည်။

“မင်းမျက်လုံးထဲမှာ ငါက မိန်းကလေးတစ်ယောက်ကို ထိုးမဲ့ပုံနဲ့ တူနေလို့လား”

ဖန်းချီသည် စွန်းဝမ့်ချွီကို ကြည့်လိုက်၏။ စွန်းဝမ့်ချွီက ထိုစကားလုံးတို့ကို ပြောလိုက်ချိန်၌ သူ့မျက်နှာထက်ဝယ် အထင်အမြင်သေးဟန်၊ ရယ်သွမ်းသွေးဟန်အပြုံးနှင့်။ ယင်းမှာ အတော်ပင် စိတ်ထဲမချိမခံသာစရာ‌ကောင်းသောာ်ငြားလည်း သူ၏ မပြောင်းမလဲ၊ တစ်သမတ်တည်းသော ဟန်ပန်လည်းဖြစ်ရာ သူက အမှန်အတိုင်းပြောနေသည်ဟု ဖန်းချီကို ခံစားရစေသည်။

စွန်းဝမ့်ချွီသည် အမှန်ပင် ဖန်းယင်နှင့် ရန်မဖြစ်ခဲ့ဖူးပေ။

ဆိုရပါလျှင် ဤအကြိမ်ရေအနည်းငယ်ခန့်တွေ့ဆုံပြီးသည့်နောက် စွန်းဝမ့်ချွီသည် တခြားသူတို့အပေါ် အရမ်းကာရော အကြမ်းဖက်တတ်သောသူတစ်ယောက်နှင့်မတူကြောင်း ဖန်းချီခံစားရသည်။ ထိုးခဲ့သူက မာလျန့်ဆိုလျှင်ပင် ပို၍ယုံကြည်ဖွယ်ကောင်းသေး၏။

“ကျွန်တော်… သိပါပြီ”

ဖန်းချီက ဗလုံး‌ဗထွေးဆိုလျက် မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။

“သိပြီဆိုတာနဲ့ ပြီးရောလား။ မင်းက ဒီလောက် ထိုးခဲ့၊ ကန်ခဲ့ပြီးတော့ အခုမှ ပြည်ဖုံးကားချလိုက်တော့မလို့လား”

စွန်းဝမ့်ချွီက ဆိုဖာပေါ်မှ လှမ်းအော်သည်။

“ခင်ဗျားကို ကန်တာ အဲဒါကြောင့် မဟုတ်ဘူး”

ဖန်းချီက မီးဖိုခန်းထဲမှ ပြန်ထွက်လာပြီး သူ့ကို ကြည့်လာခဲ့၏။

“ကျွန်တော် ခင်ဗျားကို ဘာလို့ကန်လဲ ခင်ဗျား ကိုယ့်ဘာသာ သိမှာပေါ့။ ခင်ဗျားကို ထိုးတဲ့ကိစ္စကတော့ ခင်ဗျား ပြန်ထိုးလေ”

“ငါ့လက်တွေ နာနေတယ်”

စွန်းဝမ့်ချွီက သူ့လက်ကို ခါလိုက်သည်။ အမှန်ပင်။ သူသည် ယနေ့ အချိန်အတော်ကြာအောင် ကျောက်တောင်တက်ခဲ့သည်။ နောက်ပိုင်း၌ အနည်းငယ် ပိုခက်ခဲလာခဲ့ရာ ယခု သူ့လက်တို့က ညောင်းကိုက်နေကြ၏။

“အဲတော့ ခင်ဗျား ဘာလုပ်ချင်လဲ”

ဖန်းချီက မေးလိုက်သည်။

စွန်းဝမ့်ချွီသည် သူ့ကို ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

“အခုတော့ ထားလိုက်အုံး။ နောက် ငါဆုံးဖြတ်ပြီးရင် ပြောမယ်။ ပြီးတော့ ငါ ကြက်ဟင်ခါးသီးမစားဘူး”

“ကျွန်တော်လုပ်တဲ့ ကြက်ဟင်းခါးသီးက မခါးဘူး”

ဖန်းချီက မျက်မှောင်ကြုတ်လိုက်၏။

“မခါးလဲ မစားဘူး။ အခါးကြောက်လို့ မဟုတ်ဘူး”

စွန်းဝမ့်ချွီက ပျင်းရိပျင်းတွဲ့ အကြောဆန့်လိုက်သည်။

“ဒီတိုင်း ကြက်ဟင်းခါးသီးရဲ့အရသာကို မကြိုက်တာ”

“အဲတော့ ခင်ဗျား ဘာစားချင်လဲ”

ဖန်းချီက မေးလိုက်၏။

“စဉ်းစားကြည့်လိုက်အုံးမယ်”

စွန်းဝမ့်ချွီက နားထင်ထက် လက်ချောင်းတစ်ချောင်း တင်ကာ စဉ်းစားလိုက်သည်။

“ဂျုံအသားတု?”

“ဂျုံအသားတုလား”

ဖန်းချီက သူ့ကို ကြည့်လိုက်သည်။

“လမ်းဟိုဘက်ခြမ်းက စူပါမားကတ်မှာ အဲဒါမရှိဘူး”

“စူပါမားကတ်တွေမှာက အကုန် အသားတုခြောက်တွေချည်းပဲ။ ဘယ်သူက စားမှာလဲ။ အရသာမှ မရှိတာကြီး”

စွန်းဝမ့်ချွီက ပြောလိုက်သည်။

ဖန်းချီက ခဏမျှ တိတ်ကျသွားခဲ့၏။

“ခင်ဗျား အခု ကျွန်တော့်ကို ခင်ဗျားအတွက် ဂျုံအသားတုလုပ်ခိုင်းနေတာတော့ မဟုတ်ဘူးမလား”

“အဲလိုဆိုရင်တော့ ကောင်းတာပေါ့”

စွန်းဝမ့်ချွီက ချက်ချင်းပင် ဆိုသည်။

“ဘာ?”

ဖန်းချီမှာ အသံပင် အနည်းငယ် ပြောင်းသွားခဲ့၏။

“အိုက်ယား… လန့်သွားတာပဲ”

စွန်းဝမ့်ချွီက ‌ရယ်သည်။

“အသားအစာသွပ်မှိုပဲ လုပ်လိုက်ပါ”

ဖန်းချီက သူ့ကို ခဏမျှ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် တံခါးဘက်သို့ လျှောက်သွားလေ၏။

“ဆန္ဒပြတာလား”

စွန်းဝမ့်ချွီက စသည်။

“မှိုသွားဝယ်မလို့”

ဖန်းချီက ပြောပြီးနောက် တံခါးဖွင့်ကာ ထွက်သွားလေတော့သည်။

စွန်းဝမ့်ချွီသည် သူ့ခြေသံတို့ကို နားထောင်ရင်း အလိုလိုပင် စိတ်ကို ကြည်သာရွှင်ပြတက်ကြွလာခဲ့၏။ ခဏမျှ ခါးလှည့်ချိုးလိုက်ပြီးနောက် ထရပ်ကာ ဥက္ကဋ္ဌဟွမ်၏ခေါင်းကို အသာကုတ်ခြစ်လိုက်သည်။

“လာ… ငါ မင်းအတွက် စာလုံးနည်းနည်းရေးပေးရမလား”

ဥက္ကဋ္ဌဟွမ်က နှစ်ချက်မြောင်လိုက်ပြီး ကြမ်းပြင်ပေါ် ခုန်ဆင်းကာ အမြီးကလေးတထောင်ထောင်နှင့် စာကြည့်ခန်းထဲသို့ သူ့နောက်မှ လိုက်သွားလေ၏။

“မင်းသိလား”

စွန်းဝမ့်ချွီက စာကြည့်မီးကို ဖွင့်လိုက်ပြီး စာရေးခုံပေါ်မှ တရုတ်ပုံဆွဲစာရွက်ကို ကြည့်လိုက်သည်။

“ငါအမုန်းဆုံးက ချင်၊ ချီ၊ ရှူး၊ ဟွာ့*ပဲ။ ဒါပေမဲ့ အဲဒါတွေကပဲ ငါအကျွမ်းကျင်ဆုံးအရာတွေဖြစ်ပြီး တခြားသူတွေရဲ့အမြင်မှာ ငါ့ရဲ့ အားသာချက်တွေ ဖြစ်နေခဲ့တယ်”

ဥက္ကဋ္ဌဟွမ်က သူ့ခြေထောက်ပေါ် တက်လာပြီး စာရေးခုံပေါ် ခုန်တက်ကာ စုတ်တံတင်ခုံအနား၌ ဝင်ခွေလိုက်သည်။

“ဒါတွေက အစကတည်းက စိတ်ပျော်ရဖို့အတွက် သင်ခဲ့တာမဟုတ်ဘူး”

စွန်းဝမ့်ချွီက မင်ကို ခပ်ဖြည်းဖြည်း သွေးလိုက်သည်။

“ပထမအချက်က စိတ်ကို ချုပ်တည်းတတ်ဖို့၊ ဒုတိယအချက်က… ဒီတိုင်း သင်ရမဲ့အရာမို့။ အဲဒါကြောင့် ပျော်စရာမရှိဘူး”

ဥက္ကဋ္ဌဟွမ်က သူ့စကားတို့ကို အနည်းငယ်စိတ်ဝင်စားမှုသာပြပြီး မင်သွေးနေသော သူ့လက်ကိုသာ စိုက်ကြည့်နေ၏။

“ကြိုက်လား”

စွန်းဝမ့်ချွီက လက်ကို သူ့ရှေ့သို့ တိုးပေးလိုက်သည်။

“ငါ့လက်တွေက တအားလှတယ်မလား”

ဥက္ကဋ္ဌဟွမ်က သူ့လက်ချောင်းလေးကို ဆန့်ထုတ်ကာ သူ့လက်ကို အသာဖွဖွပွေ့ဖက်လိုက်သည်။

“မင်းအတွက် ဘာရေးပေးရမလဲ”

စွန်းဝမ့်ချွီက စုတ်တံတစ်ချောင်းကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း မင်တို့လိုက်သည်။

“မင်းက တော်တော်ရုပ်ဆိုးတာပဲ… “ဥက္ကဋ္ဌဟွမ် လှလှ” လို့ ရေးရင်ရော”

ဥက္ကဋ္ဌဟွမ်က သူ့ကို အရေးမစိုက်။ သူက စုတ်တံကို မလိုက်သည်။

စုတ်တံထိပ်ဖျားက စာရွက်ပေါ် ထိလိုက်သည့်အခိုက် သူသည် ရင်းနှီးသောခံစားချက်တစ်ခုကို ရှာတွေ့ခဲ့သည်။ စိတ်မသက်မသာဖြစ်မှု၊ မှိုင်းအုံ့လေးလံနေသော ခံစားမှု၊ မွန်းကျပ်မှု၊ ယင်းနှင့်တစ်ဆက်တည်း ကိုယ့်ကိုယ်ကိုယ်နာကျင်မွန်းကျပ်စေမှုတို့ ပျော်ဝင်နေသော နှစ်သက်ကျေနပ်မှုသဲ့သဲ့။

ဖန်းချီက တံခါးကို လာခေါက်ချိန်၌ စွန်းဝမ့်ချွီသည် နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်နေခဲ့ပြီး အာရုံမထားမိလိုက်ပေ။

ရေး၍အပြီး၌ ဖန်းချီက ပြတင်းပေါက်မှ ခုန်ဝင်လာခဲ့လေ၏။

စွန်းဝမ့်ချွီသည် စုတ်တံကို ချလိုက်ပြီး ဥက္ကဋ္ဌဟွမ်ကို ပွေ့ချီလိုက်သည်။

“လူကြီးမင်း… ကြည့်ကြည့်ပါအုံးဗျ။ သဘောကျရဲ့လား”

“ခင်ဗျား”

ဖန်းချီသည် စာကြည့်ခန်းဘက်သို့ လှမ်းကြည့်လိုက်ကာ စူးစူးစမ်းစမ်းနှင့် လျှောက်လာခဲ့၏။

“လက်ရေးလှ ရေးနေတာလား”

“အင်း”

စွန်းဝမ့်ချွီက တစ်ချက်ခွန်းတုံ့ပြန်လိုက်ပြီး ကြောင်လေးကို ချကာ စာရွက်ကို အသာအယာပင် ကောက်ကိုင်လိုက်သည်။

“ဥက္ကဋ္ဌဟွမ်… ဘာကြီး?”

ဖန်းချီသည် စာလုံးနှစ်လုံးသာ မြင်လိုက်ရသည်။ ကျန်စာလုံးနှစ်လုံးကို သေချာမဖတ်လိုက်ရသေးမီ စွန်းဝမ့်ချွီက စာရွက်ကို လုံးခြေ၍ ဘေးသို့ ပစ်လိုက်၏။ သူ့မှာ ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။

“ခင်ဗျား ကျွန်တော့်ကို မကြည့်စေချင်ရင်လဲ ဒီတိုင်းပြောလိုက်လို့ရပါတယ်။ အဲလောက်ကြီးထိလဲ မလိုပါဘူး”

“ဥက္ကဋ္ဌဟွမ် ခွန်အားကြီး လို့ ရေးထားတာ”

စွန်းဝမ့်ချွီက ကြောင်လေးကို ချီကာ ဖန်းချီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် စာကြည့်ခန်းထဲမှ ထွက်သွားလေတော့၏။

“မင်းကို မကြည့်စေချင်တာ မဟုတ်ဘူး။ ငါ့ဘာသာငါ မကြည့်ချင်လို့။ ချက်ပြုတ်ရအောင်။ ဗိုက်ဆာတယ်”

လက်ရေးက တကယ် တော်တော်လေးကို လှတာပါ။

ယင်းမှာ ဥက္ကဋ္ဌဟွမ်ဆိုသော စာလုံးနှစ်လုံးအပေါ် ဖန်းချီ၏ ထင်မြင်ချက်ဖြစ်သည်။ သို့သော်လည်း စွန်းဝမ့်ချွီ၏ ထူးဆန်းသောအပြုအမူကြောင့် သူ၏ ကျန်စာလုံးတို့အပေါ် စိတ်ဝင်စားမှုတို့မှာ ပျောက်ပြယ်သွားခဲ့ကြလေပြီး မီးဖိုချောင်းဘက်သို့သာ လှည့်ထွက်လာခဲ့လိုက်၏။

အစားအသောက်ပမာဏကို ခန့်မှန်းရ အတော်ခက်လှသည်။ စွန်းဝမ့်ချွီ တစ်ယောက်တည်းအတွက်သာ ချက်ရလေမလား၊ သူ့အတွက်ပါ ထည့်ချက်ရလေမလား စဉ်းစား၍မရနိုင်ဖြစ်နေမိ၏။

စွန်းဝမ့်ချွီနဲ့ ထမင်းအတူစားရမယ်တဲ့လား။

ဟမ့်!

တွေးကြည့်လိုက်ပြီးနောက် မသက်မသာခံစားမိသဖြင့် သူက ပြီးသည်နှင့် ဥက္ကဋ္ဌဟွမ်ကို ခေါ်၍ ‌ထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

အသားအစာသွပ်မှိုက ပြုလုပ်ရလွယ်သည်။ အသင့်နုပ်နုပ်စဉ်းပြီးသားအသားနှင့် ကြက်ဥကို ရောသမမွှေကာ ဟင်းခတ်အမွှေးအကြိုင်တို့နှင့် အရသာရည်စိမ်လိုက်လျှင် ပြီးပြီဖြစ်သည်။ သို့သော်လည်း ယနေ့တွင်တော့ သူသည် မှိုခြောက်တို့ကို မစိမ်ထားနိုင်လိုက်သောကြောင့် အနံ့သိပ်မထွက်သည့် လက်လက်ဆက်ဆက်မှိုတို့ကိုသာ ဝယ်လာခဲ့လိုက်သည်။

အစကတော့ စွန်းဝမ့်ချွီက တစ်ယောက်တည်းစားလိမ့်မည်ဟု ထင်ကာ ဟင်းတစ်ခုခုပြင်ပေးလိုက်လျှင်ရပြီဟု တွေးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူက သူ့ထံ၌ အကြောင်းမဲ့သက်သက် ဘလိုင်းကြီး အထိုးခံခဲ့ရသည့်အကြောင်းကို တွေးကြည့်လိုက်တော့ ဤသည်မှာ တောင်းပန်သည့်သဘောအနေနှင့် တွေးလိုက်၍ရသည်။ အသားအစာသွပ်ထားသောမှိုကို ပေါင်းပြီးနောက် ဖန်းချီသည် ကျန်ပါဝင်ပစ္စည်းတို့ကို မှိုအသားလုံးစဉ်းကောစွပ်ပြုတ်ချက်လိုက်၏။

ကျက်သွားသောဟင်းခွက်တို့ကို ထမင်းစားခန်းထဲသို့ ယူလာခဲ့စဉ် စွန်းဝမ့်ချွီ ဖုန်းပြောနေသံကို ကြားလိုက်ရသည်။ ပြောနေသည်တို့ကို သေချာမကြားရသော်လည်း စွန်းဝမ့်ချွီ၏အမူအရာကတော့ အနည်းငယ်မကြည်မသာဖြစ်နေ၏။

“ကျွန်တော်မလုပ်ချင်ဘူးလို့ ပြောထားတယ်လေ။ ဒါက ကျွန်တော် ခေါင်းငုံ့ခံလိုက်ရုံနဲ့ ပြီးသွားမဲ့ကိစ္စမှ မဟုတ်တာ”

စွန်းဝမ့်ချွီက ရုတ်တရက် စိတ်ဆိုးမာန်ဆိုးနှင့် ‌လက်ဖက်ရည်စားပွဲကို ကန်ပစ်လိုက်ကာ အော်လိုက်သည်။

“ကျွန်တော်က ဘာလို့ ခေါင်းငုံ့ခံရမှာလဲ”

ဖန်းချီသည် ခဏမျှ ချီတုံချတုံဖြစ်နေခဲ့သည်။ ထို့နောက် မီးဖိုခန်းထဲသို့သာ ပြန်လှည့်ဝင်လာခဲ့လိုက်တော့၏။ ဤကဲ့သို့ အဆင်မပြေသောဖုန်းတို့ကို ရှောင်ခြင်းက အကောင်းဆုံးပါပင်။

မီးဖိုခန်းထဲ ခဏရပ်နေခဲ့ပြီးနောက် စွန်းဝမ့်ချွီက ဝင်လာသည်။ လက်ထဲ၌ ဖုန်းကိုင်ထားပြီး မျက်မှောင်ကြုတ်ထား၏။

“ပန်းကန်တွေ၊ ဇွန်းတွေမပါဘဲ ဘယ်လိုစားမှာလဲ”

“ခင်ဗျား ဖုန်းပြောပြီးအောင် စောင့်နေတာ”

ဖန်းချီသည် ပန်းကန်နှင့် ဇွန်းတစ်စုံကို ထုတ်လိုက်ပြီး ထမင်းစားပွဲပေါ် တင်လိုက်သည်။

စွန်းဝမ့်ချွီက စားပွဲ၌ ဝင်ထိုင်ကာ ကြည့်လိုက်၏။

“တစ်စုံတည်းလား”

“ကျွန်တော်က အိမ်ပြန်စားမှာ။ တစ်ယောက်စာတည်းချက်ထားတာ”

ဖန်းချီက ပြောလိုက်ပြီး ဥက္ကဋ္ဌဟွမ်ကို ပွေ့ချီကာ ကြောင်လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် ကြမ်းပြင်ပေါ် ပစ်ချထားသော ကျောပိုးအိတ်ကို သွားကောက်ယူချိန်၌ စွန်းဝမ့်ချွီသည် ရုတ်ခြည်း တူနှင့် ပန်းကန်လုံးကို စားပွဲပေါ်မှ သူ့နောက်မှကြမ်းပြင်ပေါ်သို့ တွန်းချလိုက်လေ၏။

ဖန်းချီက နောက်သို့လှည့်၍ ကြမ်းပြင်ပေါ်မှ ထက်ခြမ်းကွဲနေသော ပန်းကန်လုံးကို ကြည့်လိုက်သည်။ ထို့နောက် စွန်းဝမ့်ချွီကို ကြည့်ကာ မေးလိုက်၏။

“ဒါ ဘာအဓိပ္ပါယ်လဲ”

“တစ်ယောက်တည်း ဘယ်လိုစားမှာလဲ”

စွန်းဝမ့်ချွီသည် ကြမ်းပြင်ပေါ်မှ ကွဲနေသော ပန်းကန်လုံးကို ကန်ပစ်လိုက်သည်။ မျက်နှာထက်တွင်လည်း မကျေမချမ်းအမူအရာနှင့်။

“ကျွန်တော်ဆို နေ့တိုင်း တစ်ယောက်တည်းစားတာ”

စွန်းဝမ့်ချွီက သူ့အား ပြဿနာရှာနေခြင်းပင်လား၊ သည်အတိုင်း သူ၏စိတ်အဆင်မပြေမှုတို့ကို ပေါက်ကွဲနေခြင်းပင်လား ဖန်းချီ နားမလည်နိုင်ဖြစ်မိသည်။

“မင်း ငါနဲ့အတူ လာစား”

စွန်းဝမ့်ချွီက မျက်မှောင်ကြုတ်လျက်။

ဖန်းချီသည် ကြမ်းပြင်ပေါ်မှ ပန်းကန်လုံးအကွဲနှင့် တူတို့ကို ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်။ ထို့နောက် မီးဖို‌ခန်းထဲသို့ ဝင်သွား၏။ ခဏမျှ ရှာဖွေလိုက်ပြီးနောက် ပန်းရောင်ပန်းပွင့်သေးသေးလေးများပါသည့် အစိမ်းနုရောင် ပလက်စတစ်ပန်းကန်လုံးတစ်လုံးကို တွေ့သွားသည်။

သူက ပန်းကန်လုံးကို ဆေးကြော၍ စားပွဲခုံပေါ်တင်လိုက်သည်။

“ကျွန်တော် ဒီမှာ စားဖို့ အသားမကျသေးဘူး။ ခင်ဗျားလဲ ကျွန်တော့်ကို မြင်နေရမှာ အဆင်မပြေဘူးလေ”

“မင်းမှာ ဝန်ဆောင်မှုစိတ်ဓာတ် မရှိဘူးလား”

စွန်းဝမ့်ချွီက မျက်မှောင်ကြုတ်လိုက်သည်။

“စာချုပ်ထဲမှာလဲ ထမင်းအတူစားပေးရမယ်ဆိုပြီး မပါဘူးလေ”

ဖန်းချီက မ‌ကျေမနပ်ဖြစ်မှုကို အောင့်အီးသည်းခံထားသည်။ တကယ်တော့လည်း သူသည် ယခင်က စွန်းဝမ့်ချွီကို ထိုးမိခဲ့သည့်အပေါ် အတော်လေးအားနာမိနေခြင်းဖြစ်သည်။

“အခြေအနေအပေါ်မူတည်ပြီး ထပ်တိုးနိုင်တယ်လို့ ပါပြီးသား။ အခု ထပ်တိုးလိုက်တယ်။ ဒီနေ့ ဒီမှာစား”

စွန်းဝမ့်ချွီက စိတ်မရှည်စွာ ပြောလာသည်။

“ခင်ဗျား… ဒီလိုမလုပ်လို့မရဘူးလား”

ဖန်းချီသည်လည်း မျက်မှောင်ကြုတ်လိုက်၏။

စွန်းဝမ့်ချွီက တိတ်ဆိတ်သွားပြီး လက်မြှောက်ကာ ပန်းကန်လုံးကို ကြမ်းပြင်ပေါ် ထပ်တွန်းချလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ မကွဲသွားခဲ့။

ဖန်းချီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်ကာ ကျောပိုးအိတ်ကို ပခုံးပေါ်လွယ်လိုက်သည်။ ထို့နောက် ကြောင်လွယ်အိတ်ကို ဆွဲကာ တံခါးကိုဖွင့်၍ ထွက်လာခဲ့လိုက်၏။

သူ တံခါးပိတ်လိုက်ချိန်၌ စွန်းဝမ့်ချွီက ထပ်မံ၍ တူတို့ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။

စားပွဲခုံ၌ မိနစ်ပိုင်းမျှ ထိုင်နေခဲ့ပြီးနောက် သူက သက်ပြင်းချလိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး ပန်းကန်လုံးနှင့် တူတို့ကို ကောက်ကာ ဆေးကြော၍ တီဗီဖွင့်လိုက်၏။

တီဗီကြည့်ပြီးပဲ စားတာပေါ့။

ဖန်းချီ၏ အချက်အပြုတ်လက်ရာမှာ သာမန်မျှသာဖြစ်သည်။ သာမန်ဆယ်ကျော်သက်လေးတစ်ယောက်အနေနှင့်ကတော့ အတော်လေးမဆိုးလှ။ ယခင် ဆောက်လုပ်ရေးဆိုက်၌ လုပ်ခဲ့‌သော အဒေါ်ကြီးထက်တော့ များစွာ ပို၍သာသည်။ သို့သော်လည်း စွန်းဝမ့်ချွီကဲ့သို့ ဂဂျီဂဂျောင်ဇီဇာကြောင်သည့်သူအဖို့ရာတော့ အဆင်ပြေသည်ဆိုရုံမျှသာ။

အသားက သေချာမနူးသေး။ မှိုက အလွန်ရေပါလွန်းသည်။ ကြက်သွန်မြိတ်ထည့်သည်မှာ စောလွန်းသည်။ စွပ်ပြုတ်ကလည်း အနည်းငယ်ငံသည်။

ထိုသို့တွေးသည့်တိုင် စွန်းဝမ့်ချွီက ဟင်းနှင့်စွပ်ပြုတ်တို့ အားလုံးကို မြန်မြန်သွက်သွက်စားပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ ဗိုက်ဆာနေသည်။

ဖန်းချီသည် ရင်ထဲ၌ မွန်းကျပ်နေသည်။ အိမ်ပြန်လမ်း၌ ခေါက်ဆွဲနှစ်ပွဲစားခဲ့ပြီးသည့်တိုင် ခံပြင်းမှုကို မဖြေလျှော့နိုင်သေး။

ကျောင်း၌ အဆင်မပြေဖြစ်သည်၊ ရှောင်ရှားလာခဲ့သော်လည်း အမှန်းမရစွာ စိတ်အပြောင်းအလဲမြန်နေသော စွန်းဝမ့်ချွီက စောင့်နေပြန်သည်။ ဒေါသကို ချုပ်တည်း၍ စွန်းဝမ့် ချွီနှင့် ရင်ဆိုင်စေခဲ့သော ဖန်းယင်က ပိုက်ဆံရပြီးသွားသည်နှင့် သူ့ထံသို့ စထပ်မံဆက်သွယ်လာခြင်းမရှိလိုက်တော့။

ဖန်းချီသည် ခန္ဓာကိုယ်တစ်ခုလုံး ပိတ်လှောင်မွန်းကျပ်လာခဲ့ပြီး အိမ်ပြန်ချင်စိတ် မရှိလိုက်တော့။ ဥက္ကဋ္ဌဟွမ်ကို ကိုင်လျက်သာ လမ်းသွယ်လေးတစ်လျှောက် ဖြည်းဖြည်းအေးအေး လမ်းလျှောက်လာခဲ့လိုက်သည်။ ခဏအကြာ၌ သူက ဖုန်းကိုထုတ်ယူ၍ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။

ဖုန်းဝင်သံအချို့ ထွက်လာပြီးနောက် အမျိုးသားတစ်ယောက်က ဖုန်းကိုင်လာသည်။

“ဟဲလို”

“ဦးလေးကျန်း… ကျွန်တော် ဖန်းချီပါ”

ဖန်းချီ ပြောလိုက်သည်။

“ဦးလေး အခု အားလား မသိဘူး။ ကျွန်တော် ဘိုးဘိုးနဲ့ ဖုန်းပြောချင်လို့”

“အားတာပေါ့ အားတာပေါ့။ ခဏစောင့်။ သူ့အိမ်သွားလိုက်မယ်။ နေ့လယ်ကတောင် မင်းအကြောင်း ပြောနေသေးတာ”

ဦးလေးကျန်းက ရယ်ရယ်မောမောဆိုလာသည်။

ဦးလေးကျန်းမှာ ဘိုးဘိုး၏အိမ်နားမှ အိမ်နီးနားချင်းဖြစ်ပြီး သူက သူ့မျက်စေ့ရှေ့တင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ အဘိုးအဘွားတို့က ဖုန်းမသုံးတတ်ကြသောကြောင့် ဖန်းချီက ဖုန်းဆက်သည့်အခါတိုင်း ဦးလေးကျန်းထံသို့သာ ဖုန်းခေါ်ရသည်။

“ရှောင်ချီဆီက ဖုန်း”

ဦးလေးကျန်းက လမ်းလျှောက်ရင်း လှမ်းအော်လိုက်သံကို ဖုန်းမှတစ်ဆင့်ကြားလိုက်ရသည်။

“နေ့လယ်ကပဲ ပြောနေသေးတာမလား။ အခု ဖုန်းခေါ်လာပြီ!”

“ရှောင်ချီလား”

တစ်ဖက်မှ အဘိုး၏အသံ ထွက်လာခဲ့သည်။

“ဘိုးဘိုး”

ဖန်းချီက ပြောလိုက်သည်။

“ထမင်းစားပြီးပြီလား”

“စားပြီးပြီ။ ဒီနေ့ မင်းအဘွားချက်တာလေ”

ဘိုးဘိုးက အသံကို တိုးလိုက်၏။

“အိုက်ရိုး… အရသာက အရမ်းဆိုးဆိုးပဲ”

ဖန်းချီက ရယ်လိုက်သည်။

“ဒါဆိုလဲ အဘိုးချက်ပေါ့”

“သူမှ မချက်ခိုင်းတာကို”

အဘိုးကလည်း သဘောတကျရယ်သည်။

“မနေ့က မင်းအဒေါ်လာတယ်။ ငါက ငါချက်မယ်လို့ ပြောတာကို မင့်အဘွားက မရဘူးချည်းပဲလုပ်နေတာ။ မင်းအဒေါ်ဆို စားရင်းနဲ့ မျက်ရည်တွေပါ ကျတယ်”

“ဘွားဘွားကြားသွားမယ် သတိထားအုံး”

ဖန်းချီသည် လမ်းဘေးမှ ပန်းအလှဆင်ထားသည့် နေရာအစွန်း၌ ထိုင်လိုက်သည်။

“နှစ်ယောက်လုံး နေကောင်းကြတယ်မလား”

“မင်းဘွားဘွားက အိပ်နေပြီ မကြားဘူး။ ငါတို့နှစ်ယောက်လုံး နေကောင်းတယ်။ စိတ်မပူနဲ့။ မင်းအားရင် ပြန်လာကြည့်လှည့်ချည်”

အဘိုးက ပြော၏။

“မင်း အခု ဧည့်လမ်းညွှန်လုပ်နေတုန်းပဲလား”

“ဧည့်လမ်းညွှန်မဟုတ်ပါဘူး။ နည်းပြပါ”

ဖန်းချီက သူ့ကို အမှန်ပြင်ပေးလိုက်သည်။

“လုပ်နေသေးတုန်းပဲ။ မွေးရပ်မြေဘက်ကို ခရီးစဉ်ရှိရင် ကျွန်တော် သေချာပေါက် ယူလိုက်မယ်။ အဲဒါက ဘိုးဘိုးတို့အားလုံးဆီ လာလည်နိုင်မဲ့ အခွင့်အရေးပဲလေ”

“ဒီတလော ဘာစားချင်တာ ရှိလဲ။ ဘိုးဘိုးချက်ပေးမယ်။ မင်းဦးလေးကျန်းက နောက်နှစ်ရက်လောက်နေရင် မြို့တက်မယ်လို့ပြောတယ်။ မင်းအတွက် ထည့်ပေးလိုက်မယ်။ မြန်မြန်ပြော”

ဘိုးဘိုးက ပြောလာ၏။

“မလိုပါဘူး”

ဖန်းချီ ပြုံးလိုက်မိသည်။

“ကျွန်တော်က ခရမ်းသီးချက်စားချင်ဝာာ။ ဘယ်လိုသယ်လာမှာလဲ။ ကျွန်တော် ပြန်လာမှပဲ စားပါတော့မယ်”

“ဒါဆိုလဲ ပြန်လာမဲ့အချိန်ကို ဖုန်းကြိုဆက်လေ။ ရုတ်တရက်ကြီးပြန်လာမှဆို ချက်ဖို့အချိန်ရလိုက်မှာ မဟုတ်ဘူး”

ဘိုးဘိုးက ရယ်ရယ်မောမောဆိုသည်။

“အွန်း”

ဖန်းချီ ပြုံးလိုက်မိသည်။

အဘိုးနှင့် ခဏတဖြုတ်စကားပြောပြီးနောက် ဖန်းချီသည် နောက်ဆုံးတွင်တော့ ရင်ထဲမှ တစ်ဆို့နေမှုတို့ကို ပျောက်ပြယ်သွားသကဲ့သို့ ခံစားလိုက်ရတော့လေ၏။ သူက လက်တို့ကို မြှောက်ကာ အကြောအချဉ်ဆန့်၍ ကြောင်လွယ်အိတ်ကို ကောက်ယူလိုက်သည်။

“အိမ်ပြန်ကြစို့”

ဥက္ကဋ္ဌဟွမ်က အိတ်ထဲ၌ လှုပ်ရှားမှုမရှိ။ ဖန်းချီသည် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ စွန်းဝမ့်ချွီ၏ ကြောင်များနှင့် အင်မတန်ကိုမှ ပလဲနံပသင့်မှုကို မလေးစားမိဘဲ မနေနိုင်လိုက်တော့ချေ။

အိမ်သို့ ပြန်ရောက်တော့ သူသည် ဥက္ကဋ္ဌဟွမ်အတွက် ခွက်တစ်ဝက်ခန့် ကြောင်စာထည့်ပေးလိုက်သော်လည်း တစ်ချက်သာ ဝေ့ကြည့်လာပြီး တုတ်တုတ်မျှမလှုပ်။ ဖန်းချီကိုသာ မော့ကြည့်လာပြီး ပန်းကန်လုံးကိုတော့ ကြမ်းပြင်ပေါ် မမှောက်ချပစ်ပါ။ ယင်းသည်ပင်လျှင် မျက်နှာသာပေးမှုဟု ဆိုရပေမည်။

ဖန်းချီသည် ခဏမျှ မျက်လုံးချင်းဆုံကာ စိုက်ကြည့်လိုက်သည်။ ထို့နောက် မထိန်းနိုင်တော့စွာ ကြောင်စာတစ်ဖဲ့ကို ကောက်ယူ၍ ပါးစပ်နား တေ့ပေးလိုက်၏။

“ဘာကွာလို့လဲ။ အကုန် ကြောင်စာတွေပဲ မဟုတ်ဘူးလား။ မင်းက အီစီကလီစီလုပ်တတ်တယ်မဟုတ်ဘူးလား။ အခုကျ ဘာလို့ အီစီကလီစီမလုပ်တော့တာလဲ”

ဥက္ကဋ္ဌဟွမ်က လက်ချောင်းထုတ်ကာ ပန်းကန်လုံးကို တွန်းထုတ်သည်။ ဖန်းချီက ပန်းကန်လုံးကို မြန်မြန်ဆန်ဆန်လေး ကိုင်ကာ ချလိုက်၏။ ထို့နောက် လက်ကျန်စည်သွပ်ဘူးနည်းနည်းကို ကြောင်စာထဲ ရောပေးလိုက်သည်။ ထိုအခါမှသာ ဥက္ကဋ္ဌဟွမ်က နှာတရှုံ့ရှုံ့နှင့် နောက်ဆုံး၌ ခေါင်းငုံ့ကာ စားလေတော့၏။

ဖန်းချီသည် သူ့အတွက်သူ ဖက်ထုပ်တစ်ပွဲချက်ရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ အိုးကို ကိုင်လိုက်ချိန်တွင်မှသာ သူစားခဲ့ပြီးပြီဖြစ်ကြောင်း သတိရသွားခဲ့၏။

ဘာလို့ မစားရသေးသလို ခံစားနေရတာလဲ။

သူသည် ဗိုက်ကို ပွတ်သပ်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး လက်တော့သုံးရန် လက်တော့နားသို့သွားလိုက်သည်။ ပြန်တွေးကြည့်လိုက်ပြီးနောက် သူက လက်ကို ပြန်ရုတ်ကာ အနားမှခုံပေါ် ထိုင်ချလိုက်၏။

စာလုပ်တာပဲ ကောင်းတယ်။

အိမ်စာတွေ အပုံလိုက်ကြီး ကျန်နေသေးတယ်။

၉ နာရီဝန်းကျင်၌ သူ့အမေက သူ့ထံသို့ “ဒီတလော အခြေအနေဘယ်လိုရှိလဲ” ဟု စာတစ်စောင်ပို့လာခဲ့သည်။

ဖန်းချီ စာပြန်လိုက်သည်။ “တော်တော်လေး အဆင်ပြေပါတယ်။ အမေတို့ရော?”

သူ့အမေက ပြန်ပို့သည်။ “အကုန်အဆင်ပြေပါတယ်။ မင်း စာကောင်းကောင်းကြိုးစားနော်”

“အွန်း”

ဖန်းချီသည် ဖုန်းကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ ပြောရမည့်စကား အကုန်ကုန်သွားခဲ့ပြီဟု ခံစားရသည်။

ဖုန်းကို ချလိုက်ပြီးနောက် ခဏမျှ သတိလက်လွတ်ငေးမိုင်နေမိ၏။ အဘယ်ကြောင့်ရယ်မှန်းတော့ မသိ။ အမြဲပင် မိဘတို့ကို ပြောစရာစကားဟူ၍ ရေရေရာရာရှာမတွေ့သကဲ့သို့ ခံစားရသည်။ အရိုအသေတန်ခြင်း၊ သားသမီးဝတ္တရား ဖောက်ဖျက်ခြင်းလည်း မဟုတ်ရပါ။ သို့သော်လည်း သည်အတိုင်း ပြောစရာစကားမရှိခြင်းပင်။ အမေသည်လည်း ပြောစရာစကားရှာမရဖြစ်နေပုံရသည်။

အဘိုးဖြစ်သူနှင့် အချိန်အကြာကြီးကြာမြင့်သည်အထိ စကားပြောနိုင်သည်။ ပြောစရာစကားမရှိလျှင်ပင် ကိုးရို့ကာရားခံစားချက်မျိုး မခံစားရ။

ငယ်စဉ်တောင်ကျေးကလေးဘဝမှသည် အရွယ်ရောက်သည်အထိ မိဘများနှင့် အတူဖြတ်သန်းခဲ့ရသောအချိန်ဟူ၍ အလယ်တန်းတက်ခဲ့စဥ် နှစ်အနည်းငယ်မျှသာ ရှိခဲ့လေရာ သူ့အတွက် ရင်းနှီးချင်သော်ငြားလည်း စိမ်းသက်နေကာ အနည်းငယ်ကိုးရို့ကားရားခံစားရစေသည်။

စာဆက်လုပ်ရန် ပြင်လိုက်စဉ်၌ပင် ဖုန်းက ထပ်မြည်လာခဲ့၏။ သည်တစ်ကြိမ်တော့ လျန်ရှောင်ထောင်းထံမှပင်။ သူ ဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုက်နက် မေးလာခဲ့သည်။

“နင် ဘာမှမဖြစ်ဘူးမလား”

“အမ်?”

ဖန်းချီမှ တဒင်္ဂမျှ ကြောင်အမ်းသွားခဲ့ရသည်။

“အခန်း ၆ က နင့်ကို လာရှာတယ်လို့ ကြားလို့။ ကိုယ်ပိုင်စာကြည့်ချိန် မလာတော့ ငါက နင် ညဘက်အလုပ်တွေဆင်းနေပြန်ပြီလို့ ထင်လိုက်တာ”

လျန်ရှောင်ထောင်းက စိုးရိမ်တကြီး ပြောလာသည်။

“ငါက ဘယ်လိုလုပ် ညဘက်မှလုပ်ရတဲ့အလုပ်မျိုး လုပ်လို့ရမှာလဲ”

ဖန်းချီက ရယ်လိုက်မိသည်။

“စိတ်မပူနဲ့။ ငါ ထွက်လိုက်ပြီ”

“နင် တစ်ပွဲလောက် နွှဲပေးလိုက်ပါလား။ ရွှီကျိုးနဲ့ အခုပဲ ဖုန်းပြောပြီးတာ။ ပြီးတော့ ပြောသေးတယ်။ တစ်ပွဲလောက်သာ ချပေးလိုက်ရင် အကုန်အေးချမ်းသွားမှာ။ အတူတူစုသွားရင် သူတို့တွေ ဘယ်ယှဉ်နိုင်မှာလဲ။ အဲကောင်တွေက တကယ်စိတ်ကင်ဆာတွေ”

လျန်ရှောင်ထောင်းက အနည်းငယ်မခံမရပ်နိုင်ဖြစ်နေခဲ့သည်။

“မဟုတ်သေးဘူး။ တကယ်ဆို အတူတူစုသွားစရာတောင် မလိုဘူး။ နင်တစ်ယောက်တည်းနဲ့တင် ကိစ္စပြတ်တယ်”

“နင် ဘယ်လောက်တောင် တက်ကြွနေလဲ ကြည့်အုံး”

ဖန်းချီက ပြောလိုက်သည်။

“နောက်တစ်ခါ အုပ်စုလိုက်ရန်ပွဲဖြစ်ရင် ရွှီကျိုးကို နင့်ကိုပါ ခေါ်လာခိုင်းလိုက်မယ်”

လျန်ရှောင်ထောင်းက ကျစ်တစ်ချက်သပ်၏။

“ကောင်းပါပြီ။ နင်အဆင်ပြေရင် ပြီးတာပဲ။ ငါ့မှာ စာရေးစရာတွေ တစ်ပုံကြီး ကျန်သေးတယ်”

“ရှောင်ထောင်း”

ဖန်းချီက ခဏ စဉ်းစားလိုက်သည်။

“မနက်ဖြန်မနက်ကျ ငါ့အတွက် နင့်အိမ်အောက်က အဲအဘိုးကြီးကြော်တဲ့ အီကြာကွေးလေး နှစ်ချောင်းလောက် ဝယ်ခဲ့ပေး”

“အိုက်ရိုး… သူ့လက်ရာအီကြာကွေးကို လွမ်းနေတယ်ပေါ့။ ရတယ်။ ပဲနို့တစ်ဘူးပါ ယူလာခဲ့ပေးမယ်”

လျန်ရှောင်ထောင်းက ရယ်ရယ်မောမောပြောလာသည်။

“အင်း”

လျန်းရှောင်ထောင်၏အိမ်အောက်မှ အီကြာကွေးက ကောင်းလှချည်ရဲ့ကြီးတော့ မဟုတ်‌ပေ။ အီကြာကွေးဆိုသည်မှာ ကြွပ်နေအောင်ကြော်ထားလျှင် အကုန်အတူတူပါပင်။ သို့သော်လည်း ဖန်းချီက မကြာခဏဆိုသကဲ့သို့ လျန်ရှောင်ထောင်းကို သူ့အတွက် ယူလာပေးခိုင်းတတ်သည်။

အီကြာကွေးကြော်သော အဘိုးအိုမှာ သူ့အဘိုးနှင့် အင်မတန်တူသည်။ စကားပြောဟန်၊ ရယ်ဟန်များပင် တူ၏။

ဖန်းချီသည် စာရေးခုံပေါ် မှောက်ကာ နှာခေါင်းထိပ်ကို ဘောပင်ဖြင့် ပုတ်နေမိသည်။ အဘိုးအဘွားတို့ကို လွမ်းသည်။ ကျေးလက်ရွာကလေးသို့ ပြန်ချင်သည်။

စွန်းဝမ့်ချွီသည် နေ့လယ်ဘက်ထိ အိပ်နေခဲ့ပြီး မာလျန့်က အိမ်အပြင်ဘက်မှ သူ့ထံသို့ ဖုန်းလှမ်းဆက်လာသည့်အခါမှသာ နိုးလာခဲ့၏။ အိပ်ရာမှနိုးတော့ ဗိုက်အဆာလွန်ပြီး အန်ပင်အန်ချမိတော့မတတ်ပင်။

“မင်း”

မာလျန့်က သူ့ကို လက်ညိုးထိုးလာသည်။

“မနက်ဖြန်ကျ ငါ့… ငါ့အိမ် လာခဲ့လိုက်တော့”

“ဘာလုပ်ဖို့လဲ”

စွန်းဝမ့်ချွီက ညဝတ်ဘောင်းဘီကို အနေအထားပြင်ရင်း မေးလိုက်သည်။ ခေါင်းထဲ၌ အနည်းငယ်မူးနောက်နောက်။

“အလုပ်လုပ်ရမယ်လေ!”

မာလျန့်က အသံကျယ်ကျယ်နှင့် အော်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တဖြန်းဖြန်းရိုက်တော့သည်။

“မင်းကိုယ်မင်း ပြန်ကြည့်အုံး! မင်းရဲ့ အခု ဒီပုံစံကို ကြည့်… ကြည့်! ပေါက်လွတ်ပဲစားနဲ့တူနေပြီ!”

“ချောချက်က လန်ပြန်ထွက်နေတဲ့ ပေါက်လွတ်ပဲစားပဲ…”

စွန်းဝမ့်ချွီက ရယ်လျက် ရေချိုးခန်းဘက်သို့ လျှောက်သွားသည်။

“ပါးစပ်ပိတ်ထား!”

မာလျန့်က ထပ်အော်၏။

ထိုအခါမှသာ စွန်းဝမ့်ချွီက မာလျန့်တစ်ယောက် အမှန်တကယ် ဒေါသထွက်နေကြောင်း သတိပြုမိသွားခဲ့သည်။

“ဘာဖြစ်ပြန်တာလဲ”

သူက မာလျန့်ကို လှည့်ကြည့်လိုက်သည်။

မာလျန့်က စကားမဆိုဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

စွန်းဝမ့်ချွီသည် သူ့အကြည့်အောက်၌ နေရမသက်မသာဖြစ်လာခဲ့ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်တော့၏။

ရေချိုးပြီး ပြန်ထွက်လာတော့ မာလျန့်က သူ့ကို စိုက်ကြည့်နေသေးဆဲပင်။ သို့သော်လည်း ဆိုဖာပေါ်၌ ထိုင်၍ စိုက်ကြည့်နေခြင်းဖြစ်သည်။

စွန်းဝမ့်ချွီသည်လည်း သူ့ကို ခဏမျှ ပြန်စိုက်ကြည့်လိုက်သည်။ မာလျန်က ဆေးလိပ်တစ်လိပ် မီးညှိ၍ ပါးစပ်ထဲ ခဲလိုက်သည်။ အကြည့်လွှဲလိုစိတ် လုံးလုံးလျားလျားမရှိ။

“ငါ”

စွန်းဝမ့်ချွီသည် သူ့ကိုယ်သူ လက်ညှိုးထိုး၍ တစ်လုံးချင်းပြောလိုက်သည်။

“အိုး မ လုပ် ဘူး”

“ဒါဆို မင်း ဘာ… ဘာလုပ်မှာလဲ”

မာလျန့်က မေးသည်။

“အိုးမလုပ်ရင် နွားလုပ်၊ မြင်းလုပ်၊ ဘာ… ဘာဖြစ်ဖြစ် လုပ်။ မင်း တစ်ခု‌ခုတော့ လုပ်… လုပ်ရမယ်”

“ငါအခုထိ စဉ်းစားလို့ မရသေးဘူး”

စွန်းဝမ့်ချွီက လက်ပိုက်၍ နံရံပေါ် မှီလိုက်သည်။

“စဉ်း… စဉ်းစားနေတာ မင်းမေငလူးလို နှစ် ၃၀ လောက် ရှိ… ရှိတော့မယ်”

မာလျန့်က သူ့ကို လက်ညှိးထိုးလာ၏။

“မသေခင် ဘယ်… ဘယ်လိုခေါင်းနဲ့ အမြှုပ်ခံချင်လဲ စဉ်း… စဉ်းစား။ အဲ… အဲဒါလောက်တော့ မင်း… မင်းစဉ်းစားတတ်မှာပေါ့”

“မင်း ဒီနေ့လာတာ ငါ့ကို ဒီအကြောင်း ပြောဖို့လား”

စွန်းဝမ့်ချွီက ပြုံးလိုက်သည်။

“ငါ ဖြတ်သွားရင်း မင်းနဲ့ ထမင်းအတူစား… စားချင်လို့ ဝင်လာလိုက်တာ”

မာလျန်က သက်ပြင်းမောကြီးသာ ချလိုက်မိတော့၏။

“စားမယ်လေ။ ဒါပေမဲ့ အပြင်တော့ ထွက်မစားဘူး”

စွန်းဝမ့်ချွီက ဖုန်းထုတ်၍ အချိန်ကို ကြည့်လိုက်သည်။

“ခဏစောင့်လိုက်ရအောင်။ ကျောင်းဆင်းရင် ဖန်းချီ လာချက်ပေးလိမ့်မယ်။ အိမ်မှာပဲ စား”

“ဖန်းချီ?”

မာလျန့်မှာ အံ့အားသင့်သွားခဲ့၏။

“အင်း… အဲဒီ ငါ့သားလေ”

စွန်းဝမ့်ချွီက ဆို၏။

“ငါ့ဆီက ယွမ် ၁ သိန်းချေးပြီး စာချုပ်နဲ့ သူ့ကိုယ်သူရောင်းစားထားတာ”

“ရှီအာနဲ့ ဟွမ်ရှီရန်လား”

မာလျန့်မှာ အံ့အားသင့်နေသေးဆဲ။

“ဘာမှဆိုင်မနေဘူး”

စွန်းဝမ့်ချွီက ရယ်လိုက်သည်။

“ဒီတိုင်း ငါ့အတွက် ချက်ပြုတ်ပေးဖို့၊ အိမ်သန့်ရှင်းရေး လုပ်ဖို့ ဘာညာပါ။ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ရှာ၊ လူအများအတွက် ဘေးအန္တရာယ်ကို ဖယ်ရှားပေးပြီး အမိမြေရဲ့ပန်းဖူးပန်းငုံလေးကို အသိပညာပေးနေတာလေ”

“ရပြီ ရပြီ”

မာလျန့်က ခေါင်းကို ခါယမ်းမိသည်။

“မင်းတော့ တစ်ခုခုပဲ။ မင်းပုံစံက ပန်းဖူးပန်းငုံလေးအပေါ် ခံစားချက်တွေ ပွင့်… ပွင့်အာကျနေတဲ့ပုံပေါက်နေတယ်”

“မဟုတ်တာ!”

စွန်းဝမ့်ချွီက ရုတ်ခြည်းပင် ကိုယ်ဟန်ပြန်မတ်၍ ရယ်ကာမောကာ ပြောလိုက်သည်။

“တကယ်မဟုတ်ဘူး။ အဲကလေးကလေ တကယ်တစ်ခုခုပဲ။ ပြုံးတောင်မပြုံးတတ်ဘူး။ သူနဲ့တွေ့တိုင်း ငါကပဲ သူ့အပေါ် မတော်မတရားကြီးတွေ ကျူးလွန်မိထားသလိုတောင် ခံစားရတယ်”

“ချက်…ချက်ရင်းနဲ့ မင်းစားမဲ့အထဲ ဝမ်း…ဝမ်းနုတ်ဆေးတွေ ထည့်…ထည့်ရင် ထည့်နေအုံးမယ်”

မာလျန့်က ပြောသည်။

“အဲလောက်ကြီးတော့လဲ မဟုတ်ဘူး။ ဒါပေမဲ့ သူက ကောင်းကောင်းမွန်မွန်လဲ မချက်တတ်ပါဘူး”

စွန်းဝမ့်ချွီက သူ့ဘက်သို့ ကိုယ်ကိုယိမ်းလိုက်သည်။

“အဓိကကတော့ ငါ ဒီနေ့ အပြင်မထွက်ချင်တာ။ ဒီည‌တော့ အိမ်မှာပဲ နည်းနည်းပါးပါးသောက်ပြီး စကားပြောကြတာပေါ့”

ဖန်းချီနှင့် ရွှီကျိုးတို့သည် ကျောင်းဂိတ်ပေါက်ဝ၌ အခန်း ၆ နှင့် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သို့သော်လည်း မနေ့ကနှင့်တော့ မတူ။ မနေ့က အလစ်အငိုက်ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ကတော့ မျက်နှာချင်းဆိုင်ဖြစ်သည်။ ထို့အပြင် သူတစ်ယောက်တည်းလည်း မဟုတ်တော့ပေ။ မည်သူကမှ ရှေ့တိုးမလာရဲကြ။

ဖုန်းက ဆက်တိုက်မြည်နေသည်။ စွန်းဝမ့်ချွီထံမှ တတိယမြောက်ဖုန်းခေါ်ဆိုမှုဖြစ်၏။ သို့သော်လည်း သူ မကိုင်။

“တောင်းဆိုပါတယ်။ မကိုင်ဘူးဆိုရင်လဲ ဖုန်းကို ပိတ်ထားလိုက်စမ်းပါ”

ရွှီကျိုးမှာ မခံနိုင်တော့ဘဲ ပြောလိုက်လေတော့၏။

“ဆူညံနေတာပဲ”

“သွားစို့”

ဖန်းချီက ဖုန်းကို အိတ်ကပ်ထဲ ထည့်ပြီး ပြောလိုက်သည်။

“ဒီနေ့ မင်း ငါ့ကို တင်ခေါ်သွားပေးလို့ရမလား။ လျန်ရှောင်ထောင်းက အိမ်မပြန်လို့”

“မင်းက ကမ္ဘာကြီးကို မင်းခြေထောက်တွေနဲ့ တိုင်းတာနေတဲ့သူ မဟုတ်ဘူးလား*”

ရွှီကျိုးက ရယ်ကျဲကျဲနှင့် လျှပ်စစ်စကူတာ၏နောက်ခုံကို ပုတ်လိုက်သည်။

“တက်”

စွန်းဝမ့်ချွီထံမှ ခြောက်ကြိမ်မြောက် ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့ချိန်တွင်တော့ ဖန်းချီက ဖုန်းကိုင်လိုက်သည်။

“ဘာလို့ ဖုန်းမကိုင်တာလဲ”

စွန်းဝမ့်ချွီက အတော်လေးမကျေမနပ်သံနှင့် မေးလာသည်။

“ကိစ္စရှိလို့လား”

ဖန်းချီ မေးလိုက်သည်။

“ဟေး”

စွန်းဝမ့်ချွီက ပြောလာ၏။

“မင်း ဆန္ဒပြနေတာလား”

“အင်း”

ဖန်းချီ ခွန်းတုံ့ပြန်လိုက်သည်။

“မဟုတ်သေးပါဘူး။ ငါ ပန်းကန်လေးတစ်လုံးပဲ ခွဲမိတာပါ။ မင်းကို ခွဲတာလဲ မဟုတ်၊ မင်းပန်းကန်ကို ခွဲတာလဲ မဟုတ်”

စွန်းဝမ့်ချွီမှာ နားမလည်နိုင်ဖြစ်နေမိသည်။

“မင်း အဲလောက်ကြီးထိ လုပ်ဖို့လိုလိုလား”

“လိုတယ်”

ဖန်းချီသည် လေမတိုးစေရန် ရွှီကျိုး၏ ကျောဘက်သို့ တိုးကပ်၍ တီးတိုးပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ထိုးမိတဲ့အတွက် တရားဝင်တောင်းပန်ပြီးပြီ။ ကျွန်တော် ပြောချင်တာက ခင်ဗျားဘက်က အခုထိ စိတ်မပြေသေးလို့ ကျွန်တော့်ကို ထိုးချင်တယ်ဆိုလဲ ရတယ်။ ဒါပေမဲ့ ခင်ဗျား တစ်ချက် မ…”

“... ငါ ဒီနေ့ ဧည့်သည်ရှိတယ်။ ထမင်းလာချက်ပေး”

စွန်းဝမ့်ချွီသည် ခဏမျှ တွေးတောလိုက်သည်။

“ငါ မင်းနဲ့ ဥက္ကဋ္ဌဟွမ် အတွက် ပုံတစ်ပုံဆွဲထားတယ်”

“ပုံဆွဲတယ်?”

ဖန်းချီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရလေ၏။

စွန်းဝမ့်ချွီက လက်ရေးလဲ လှတယ်၊ ပုံလဲ ဆွဲတယ်တဲ့လား။

မင်ပန်းချီလား။

ဥက္ကဋ္ဌဟွမ်နဲ့ အညစ်အကြေးသန့်ရှင်းရေးသမား မင်ပန်းချီလား။

“ယူမှာလား၊ မယူဘူးလား။ ယူမယ်ဆို လာယူလိုက်”

စွန်းဝမ့်ချွီက ပြောလာခဲ့၏။

“ကျွန်တော် အဲစာချုပ်မှာ အချက်တစ်ချက်ထည့်ချင်တယ်”

ဖန်းချီ ပြောလိုက်သည်။

“ခင်ဗျားသဘောတူရင် ကျွန်တော်လာမယ်။ မတူရင်တော့ ထားလိုက်တော့”

“ဘာရယ်? ငါ သဘောမတူရင် မင်းက ဆက်မလုပ်တော့ဘူး ဟုတ်လား”

စွန်းဝမ့်ချွီ၏လေသံက ရုတ်ခြည်းပင် ပို၍မကျေမချမ်းဖြစ်သွားခဲ့၏။

“မင်းက တော်တော်သတ္တိရှိသားပဲ”

“သတ္တိရှိတာ မဟုတ်ဘူး”

ဖန်းချီက အခိုင်အမာပြောလိုက်သည်။

“သဘောတူတာ၊ မတူတာ ခင်ဗျားသဘော။ ခင်ဗျား ကျွန်တော့်ကို ထိုးချင်ထိုး၊ ဆဲချင်ဆဲ၊ အပြစ်ပေးချင်ပေး၊ ဘာပဲလုပ်ချင်ချင် ကျွန်တော်အကုန်လက်ခံမယ်”

စွန်းဝမ့်ချွီဘက်မှ တိတ်ဆိတ်သွားသည်။ ခဏအကြာ၌ သူက ပြောလာခဲ့၏။

“ဘာထပ်ထည့်ချင်တာလဲ။ ငါ နားထောင်ကြည့်မယ်”

“ခင်ဗျားရဲ့ အဲဒီ အခြေအနေအပေါ်မူတည်ပြီး ထပ်တိုးနိုင်တယ် ဆိုတဲ့အချက်၊ ကျွန်တော်နဲ့ ဆွေးနွေးရမယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးတော့ မလုပ်နဲ့။ ကျွန်တော် ခင်ဗျားနဲ့ မိသားစုလုပ်တမ်းဆော့နေတာမဟုတ်ဘူး”

ဖန်းချီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဒါပဲလား”

စွန်းဝမ့်ချွီက ရယ်၏။

“ရတယ်၊ ရတယ်၊ ရတယ်။ အဲအချက်ထည့်တာလောက်က ကိစ္စမရှိဘူး”

“ခင်ဗျားစကားနော်”

ဖန်းချီက နောက်တစ်ကြိမ်ထပ်မံ၍ အတည်ပြုလိုက်သည်။ စွန်းဝမ့်ချွီ၏ အနှီ ခုပူလိုက်၊ ခုအေးလိုက်၊ ခုတက်ကြွလိုက်၊ ခုပြန်အေးဆေးသွားလိုက်၊ ခုမှိတ်တုတ်မှိတ်တုတ်ဖြစ်လိုက်၊ ခုလင်းလက်ဝင်းထိန်သွားလိုက် အကျင့်စရိုက်ကြီးမှာ အမှန်ပင် ခန့်မှန်းရခက်လှ၏။

“ငါပြောရင် အတည်ပဲ”

စွန်းဝမ့်ချွီက ပြောလာသည်။

“ကောင်းပြီ လာခဲ့တော့။ မင်းနဲ့ မင်းကြောင်လေးပုံကို လာကြည့်ချည်”

*

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။

“မထိုးဘူး”

စွန်ဝမ့်ချွီက သူ့ကို မော့ကြည့်လာသည်။

“မင်းမျက်လုံးထဲမှာ ငါက မိန်းကလေးတစ်ယောက်ကို ထိုးမဲ့ပုံနဲ့ တူနေလို့လား”

ဆိုတဲ့အပိုင်းက ရှေ့အပိုင်းမှာ ပါတဲ့စာပါ။ ဘယ်ကဘယ်လို မမြင်မိဘဲ ကျန်ခဲ့မိမှန်းမသိလို့ သွေ့ပုချီယား *sob* *sob*

ရှီအာနဲ့ ဟွမ်ရှီရန် ဆိုတာက တရုတ်ခေတ်ပေါ်ဂန္တဝင်အော်ပရာတစ်ခုဖြစ်တဲ့ “The White-Haired Girl” ထဲက ဇာတ်ဆောင်နာမည်တွေ ဖြစ်ပါတယ်။ ဟွမ်ရှီရန်က ရှီအာကို အကြွေးနဲ့ ကိုယ်လုပ်တော်အဖြစ်သိမ်းခဲ့တာပါ။

“မင်းက ကမ္ဘာကြီးကို မင်းခြေထောက်တွေနဲ့ တိုင်းတာနေတဲ့သူ မဟုတ်ဘူးလား” ဆိုတာက ဖန်းချီက အမြဲလိုလို လမ်းလျှောက်ပြီးတော့ပဲ သွား‌တတ်တာကြောင့် ပြောလိုက်တာပါ။

စွန်းဝမ့်ချွီ သူ့လက်လှလှလေးနဲ့ ပုံဆွဲနေတာ၊ လက်ရေးလှရေးတာကို ကိုယ်တွေရဲ့ ဥက္ကဋ္ဌဟွမ်လိုမျိုး ဘေးနားမှာ ခွေပြီးထိုင်ကြည့်ချင်တော့တာပဲ လူတို့ရယ်

_____________________________

|| Zawgyi ||

အပိုင္း ၁၁ - ငါ မင္းနဲ႕ ဥကၠ႒ဟြမ္ အတြက္ ပုံတစ္ပုံဆြဲထားတယ္

“မထိုးဘူး”

စြန္ဝမ့္ခြၽီက သူ႕ကို ေမာ့ၾကည့္လာသည္။

“မင္းမ်က္လုံးထဲမွာ ငါက မိန္းကေလးတစ္ေယာက္ကို ထိုးမဲ့ပုံနဲ႕ တူေနလို႔လား”

ဖန္းခ်ီသည္ စြန္းဝမ့္ခြၽီကို ၾကည့္လိုက္၏။ စြန္းဝမ့္ခြၽီက ထိုစကားလုံးတို႔ကို ေျပာလိုက္ခ်ိန္၌ သူ႕မ်က္ႏွာထက္ဝယ္ အထင္အျမင္ေသးဟန္၊ ရယ္သြမ္းေသြးဟန္အၿပဳံးႏွင့္။ ယင္းမွာ အေတာ္ပင္ စိတ္ထဲမခ်ိမခံသာစရာ‌ေကာင္းေသာာ္ျငားလည္း သူ၏ မေျပာင္းမလဲ၊ တစ္သမတ္တည္းေသာ ဟန္ပန္လည္းျဖစ္ရာ သူက အမွန္အတိုင္းေျပာေနသည္ဟု ဖန္းခ်ီကို ခံစားရေစသည္။

စြန္းဝမ့္ခြၽီသည္ အမွန္ပင္ ဖန္းယင္ႏွင့္ ရန္မျဖစ္ခဲ့ဖူးေပ။

ဆိုရပါလွ်င္ ဤအႀကိမ္ေရအနည္းငယ္ခန႔္ေတြ႕ဆုံၿပီးသည့္ေနာက္ စြန္းဝမ့္ခြၽီသည္ တျခားသူတို႔အေပၚ အရမ္းကာေရာ အၾကမ္းဖက္တတ္ေသာသူတစ္ေယာက္ႏွင့္မတူေၾကာင္း ဖန္းခ်ီခံစားရသည္။ ထိုးခဲ့သူက မာလ်န႔္ဆိုလွ်င္ပင္ ပို၍ယုံၾကည္ဖြယ္ေကာင္းေသး၏။

“ကြၽန္ေတာ္… သိပါၿပီ”

ဖန္းခ်ီက ဗလုံး‌ဗေထြးဆိုလ်က္ မီးဖိုေခ်ာင္ထဲသို႔ ျပန္လွည့္ဝင္သြားခဲ့သည္။

“သိၿပီဆိုတာနဲ႕ ၿပီးေရာလား။ မင္းက ဒီေလာက္ ထိုးခဲ့၊ ကန္ခဲ့ၿပီးေတာ့ အခုမွ ျပည္ဖုံးကားခ်လိဳက္ေတာ့မလို႔လား”

စြန္းဝမ့္ခြၽီက ဆိုဖာေပၚမွ လွမ္းေအာ္သည္။

“ခင္ဗ်ားကို ကန္တာ အဲဒါေၾကာင့္ မဟုတ္ဘူး”

ဖန္းခ်ီက မီးဖိုခန္းထဲမွ ျပန္ထြက္လာၿပီး သူ႕ကို ၾကည့္လာခဲ့၏။

“ကြၽန္ေတာ္ ခင္ဗ်ားကို ဘာလို႔ကန္လဲ ခင္ဗ်ား ကိုယ့္ဘာသာ သိမွာေပါ့။ ခင္ဗ်ားကို ထိုးတဲ့ကိစၥကေတာ့ ခင္ဗ်ား ျပန္ထိုးေလ”

“ငါ့လက္ေတြ နာေနတယ္”

စြန္းဝမ့္ခြၽီက သူ႕လက္ကို ခါလိုက္သည္။ အမွန္ပင္။ သူသည္ ယေန႕ အခ်ိန္အေတာ္ၾကာေအာင္ ေက်ာက္ေတာင္တက္ခဲ့သည္။ ေနာက္ပိုင္း၌ အနည္းငယ္ ပိုခက္ခဲလာခဲ့ရာ ယခု သူ႕လက္တို႔က ေညာင္းကိုက္ေနၾက၏။

“အဲေတာ့ ခင္ဗ်ား ဘာလုပ္ခ်င္လဲ”

ဖန္းခ်ီက ေမးလိုက္သည္။

စြန္းဝမ့္ခြၽီသည္ သူ႕ကို ခဏမွ် စူးစိုက္ၾကည့္လိုက္ၿပီးေနာက္ ၿပဳံးလိုက္သည္။

“အခုေတာ့ ထားလိုက္အုံး။ ေနာက္ ငါဆုံးျဖတ္ၿပီးရင္ ေျပာမယ္။ ၿပီးေတာ့ ငါ ၾကက္ဟင္ခါးသီးမစားဘူး”

“ကြၽန္ေတာ္လုပ္တဲ့ ၾကက္ဟင္းခါးသီးက မခါးဘူး”

ဖန္းခ်ီက မ်က္ေမွာင္ၾကဳတ္လိုက္၏။

“မခါးလဲ မစားဘူး။ အခါးေၾကာက္လို႔ မဟုတ္ဘူး”

စြန္းဝမ့္ခြၽီက ပ်င္းရိပ်င္းတြဲ႕ အေၾကာဆန႔္လိုက္သည္။

“ဒီတိုင္း ၾကက္ဟင္းခါးသီးရဲ႕အရသာကို မႀကိဳက္တာ”

“အဲေတာ့ ခင္ဗ်ား ဘာစားခ်င္လဲ”

ဖန္းခ်ီက ေမးလိုက္၏။

“စဥ္းစားၾကည့္လိုက္အုံးမယ္”

စြန္းဝမ့္ခြၽီက နားထင္ထက္ လက္ေခ်ာင္းတစ္ေခ်ာင္း တင္ကာ စဥ္းစားလိုက္သည္။

“ဂ်ဳံအသားတု?”

“ဂ်ဳံအသားတုလား”

ဖန္းခ်ီက သူ႕ကို ၾကည့္လိုက္သည္။

“လမ္းဟိုဘက္ျခမ္းက စူပါမားကတ္မွာ အဲဒါမရွိဘူး”

“စူပါမားကတ္ေတြမွာက အကုန္ အသားတုေျခာက္ေတြခ်ည္းပဲ။ ဘယ္သူက စားမွာလဲ။ အရသာမွ မရွိတာႀကီး”

စြန္းဝမ့္ခြၽီက ေျပာလိုက္သည္။

ဖန္းခ်ီက ခဏမွ် တိတ္က်သြားခဲ့၏။

“ခင္ဗ်ား အခု ကြၽန္ေတာ့္ကို ခင္ဗ်ားအတြက္ ဂ်ဳံအသားတုလုပ္ခိုင္းေနတာေတာ့ မဟုတ္ဘူးမလား”

“အဲလိုဆိုရင္ေတာ့ ေကာင္းတာေပါ့”

စြန္းဝမ့္ခြၽီက ခ်က္ခ်င္းပင္ ဆိုသည္။

“ဘာ?”

ဖန္းခ်ီမွာ အသံပင္ အနည္းငယ္ ေျပာင္းသြားခဲ့၏။

“အိုက္ယား… လန႔္သြားတာပဲ”

စြန္းဝမ့္ခြၽီက ‌ရယ္သည္။

“အသားအစာသြပ္မွိုပဲ လုပ္လိုက္ပါ”

ဖန္းခ်ီက သူ႕ကို ခဏမွ် စူးစိုက္ၾကည့္လိုက္သည္။ ထို႔ေနာက္ တံခါးဘက္သို႔ ေလွ်ာက္သြားေလ၏။

“ဆႏၵျပတာလား”

စြန္းဝမ့္ခြၽီက စသည္။

“မွိုသြားဝယ္မလို႔”

ဖန္းခ်ီက ေျပာၿပီးေနာက္ တံခါးဖြင့္ကာ ထြက္သြားေလေတာ့သည္။

စြန္းဝမ့္ခြၽီသည္ သူ႕ေျခသံတို႔ကို နားေထာင္ရင္း အလိုလိုပင္ စိတ္ကို ၾကည္သာ႐ႊင္ျပတက္ႂကြလာခဲ့၏။ ခဏမွ် ခါးလွည့္ခ်ိဳးလိုက္ၿပီးေနာက္ ထရပ္ကာ ဥကၠ႒ဟြမ္၏ေခါင္းကို အသာကုတ္ျခစ္လိုက္သည္။

“လာ… ငါ မင္းအတြက္ စာလုံးနည္းနည္းေရးေပးရမလား”

ဥကၠ႒ဟြမ္က ႏွစ္ခ်က္ေျမာင္လိုက္ၿပီး ၾကမ္းျပင္ေပၚ ခုန္ဆင္းကာ အၿမီးကေလးတေထာင္ေထာင္ႏွင့္ စာၾကည့္ခန္းထဲသို႔ သူ႕ေနာက္မွ လိုက္သြားေလ၏။

“မင္းသိလား”

စြန္းဝမ့္ခြၽီက စာၾကည့္မီးကို ဖြင့္လိုက္ၿပီး စာေရးခုံေပၚမွ တ႐ုတ္ပုံဆြဲစာ႐ြက္ကို ၾကည့္လိုက္သည္။

“ငါအမုန္းဆုံးက ခ်င္၊ ခ်ီ၊ ရႉး၊ ဟြာ့*ပဲ။ ဒါေပမဲ့ အဲဒါေတြကပဲ ငါအကြၽမ္းက်င္ဆုံးအရာေတြျဖစ္ၿပီး တျခားသူေတြရဲ႕အျမင္မွာ ငါ့ရဲ႕ အားသာခ်က္ေတြ ျဖစ္ေနခဲ့တယ္”

ဥကၠ႒ဟြမ္က သူ႕ေျခေထာက္ေပၚ တက္လာၿပီး စာေရးခုံေပၚ ခုန္တက္ကာ စုတ္တံတင္ခုံအနား၌ ဝင္ေခြလိုက္သည္။

“ဒါေတြက အစကတည္းက စိတ္ေပ်ာ္ရဖို႔အတြက္ သင္ခဲ့တာမဟုတ္ဘူး”

စြန္းဝမ့္ခြၽီက မင္ကို ခပ္ျဖည္းျဖည္း ေသြးလိုက္သည္။

“ပထမအခ်က္က စိတ္ကို ခ်ဳပ္တည္းတတ္ဖို႔၊ ဒုတိယအခ်က္က… ဒီတိုင္း သင္ရမဲ့အရာမို႔။ အဲဒါေၾကာင့္ ေပ်ာ္စရာမရွိဘူး”

ဥကၠ႒ဟြမ္က သူ႕စကားတို႔ကို အနည္းငယ္စိတ္ဝင္စားမႈသာျပၿပီး မင္ေသြးေနေသာ သူ႕လက္ကိုသာ စိုက္ၾကည့္ေန၏။

“ႀကိဳက္လား”

စြန္းဝမ့္ခြၽီက လက္ကို သူ႕ေရွ႕သို႔ တိုးေပးလိုက္သည္။

“ငါ့လက္ေတြက တအားလွတယ္မလား”

ဥကၠ႒ဟြမ္က သူ႕လက္ေခ်ာင္းေလးကို ဆန႔္ထုတ္ကာ သူ႕လက္ကို အသာဖြဖြေပြ႕ဖက္လိုက္သည္။

“မင္းအတြက္ ဘာေရးေပးရမလဲ”

စြန္းဝမ့္ခြၽီက စုတ္တံတစ္ေခ်ာင္းကို ယူလိုက္ၿပီး ျဖည္းျဖည္းခ်င္း မင္တို႔လိုက္သည္။

“မင္းက ေတာ္ေတာ္႐ုပ္ဆိုးတာပဲ… “ဥကၠ႒ဟြမ္ လွလွ” လို႔ ေရးရင္ေရာ”

ဥကၠ႒ဟြမ္က သူ႕ကို အေရးမစိုက္။ သူက စုတ္တံကို မလိုက္သည္။

စုတ္တံထိပ္ဖ်ားက စာ႐ြက္ေပၚ ထိလိုက္သည့္အခိုက္ သူသည္ ရင္းႏွီးေသာခံစားခ်က္တစ္ခုကို ရွာေတြ႕ခဲ့သည္။ စိတ္မသက္မသာျဖစ္မႈ၊ မွိုင္းအုံ႕ေလးလံေနေသာ ခံစားမႈ၊ မြန္းက်ပ္မႈ၊ ယင္းႏွင့္တစ္ဆက္တည္း ကိုယ့္ကိုယ္ကိုယ္နာက်င္မြန္းက်ပ္ေစမႈတို႔ ေပ်ာ္ဝင္ေနေသာ ႏွစ္သက္ေက်နပ္မႈသဲ့သဲ့။

ဖန္းခ်ီက တံခါးကို လာေခါက္ခ်ိန္၌ စြန္းဝမ့္ခြၽီသည္ ေနာက္ဆုံးစုတ္ခ်က္ကို အဆုံးသတ္ေနခဲ့ၿပီး အာ႐ုံမထားမိလိုက္ေပ။

ေရး၍အၿပီး၌ ဖန္းခ်ီက ျပတင္းေပါက္မွ ခုန္ဝင္လာခဲ့ေလ၏။

စြန္းဝမ့္ခြၽီသည္ စုတ္တံကို ခ်လိဳက္ၿပီး ဥကၠ႒ဟြမ္ကို ေပြ႕ခ်ီလိုက္သည္။

“လူႀကီးမင္း… ၾကည့္ၾကည့္ပါအုံးဗ်။ သေဘာက်ရဲ႕လား”

“ခင္ဗ်ား”

ဖန္းခ်ီသည္ စာၾကည့္ခန္းဘက္သို႔ လွမ္းၾကည့္လိုက္ကာ စူးစူးစမ္းစမ္းႏွင့္ ေလွ်ာက္လာခဲ့၏။

“လက္ေရးလွ ေရးေနတာလား”

“အင္း”

စြန္းဝမ့္ခြၽီက တစ္ခ်က္ခြန္းတုံ႕ျပန္လိုက္ၿပီး ေၾကာင္ေလးကို ခ်ကာ စာ႐ြက္ကို အသာအယာပင္ ေကာက္ကိုင္လိုက္သည္။

“ဥကၠ႒ဟြမ္… ဘာႀကီး?”

ဖန္းခ်ီသည္ စာလုံးႏွစ္လုံးသာ ျမင္လိုက္ရသည္။ က်န္စာလုံးႏွစ္လုံးကို ေသခ်ာမဖတ္လိုက္ရေသးမီ စြန္းဝမ့္ခြၽီက စာ႐ြက္ကို လုံးေျခ၍ ေဘးသို႔ ပစ္လိုက္၏။ သူ႕မွာ ခဏမွ် ေၾကာင္အမ္းသြားခဲ့ရသည္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို မၾကည့္ေစခ်င္ရင္လဲ ဒီတိုင္းေျပာလိုက္လို႔ရပါတယ္။ အဲေလာက္ႀကီးထိလဲ မလိုပါဘူး”

“ဥကၠ႒ဟြမ္ ခြန္အားႀကီး လို႔ ေရးထားတာ”

စြန္းဝမ့္ခြၽီက ေၾကာင္ေလးကို ခ်ီကာ ဖန္းခ်ီ၏လက္ထဲသို႔ ထည့္ေပးလိုက္သည္။ ထို႔ေနာက္ စာၾကည့္ခန္းထဲမွ ထြက္သြားေလေတာ့၏။

“မင္းကို မၾကည့္ေစခ်င္တာ မဟုတ္ဘူး။ ငါ့ဘာသာငါ မၾကည့္ခ်င္လို႔။ ခ်က္ျပဳတ္ရေအာင္။ ဗိုက္ဆာတယ္”

လက္ေရးက တကယ္ ေတာ္ေတာ္ေလးကို လွတာပါ။

ယင္းမွာ ဥကၠ႒ဟြမ္ဆိုေသာ စာလုံးႏွစ္လုံးအေပၚ ဖန္းခ်ီ၏ ထင္ျမင္ခ်က္ျဖစ္သည္။ သို႔ေသာ္လည္း စြန္းဝမ့္ခြၽီ၏ ထူးဆန္းေသာအျပဳအမူေၾကာင့္ သူ၏ က်န္စာလုံးတို႔အေပၚ စိတ္ဝင္စားမႈတို႔မွာ ေပ်ာက္ျပယ္သြားခဲ့ၾကေလၿပီး မီးဖိုေခ်ာင္းဘက္သို႔သာ လွည့္ထြက္လာခဲ့လိုက္၏။

အစားအေသာက္ပမာဏကို ခန႔္မွန္းရ အေတာ္ခက္လွသည္။ စြန္းဝမ့္ခြၽီ တစ္ေယာက္တည္းအတြက္သာ ခ်က္ရေလမလား၊ သူ႕အတြက္ပါ ထည့္ခ်က္ရေလမလား စဥ္းစား၍မရနိုင္ျဖစ္ေနမိ၏။

စြန္းဝမ့္ခြၽီနဲ႕ ထမင္းအတူစားရမယ္တဲ့လား။

ဟမ့္!

ေတြးၾကည့္လိုက္ၿပီးေနာက္ မသက္မသာခံစားမိသျဖင့္ သူက ၿပီးသည္ႏွင့္ ဥကၠ႒ဟြမ္ကို ေခၚ၍ ‌ထြက္သြားရန္သာ ဆုံးျဖတ္လိုက္သည္။

အသားအစာသြပ္မွိုက ျပဳလုပ္ရလြယ္သည္။ အသင့္ႏုပ္ႏုပ္စဥ္းၿပီးသားအသားႏွင့္ ၾကက္ဥကို ေရာသမေမႊကာ ဟင္းခတ္အေမႊးအႀကိဳင္တို႔ႏွင့္ အရသာရည္စိမ္လိုက္လွ်င္ ၿပီးၿပီျဖစ္သည္။ သို႔ေသာ္လည္း ယေန႕တြင္ေတာ့ သူသည္ မွိုေျခာက္တို႔ကို မစိမ္ထားနိုင္လိုက္ေသာေၾကာင့္ အနံ႕သိပ္မထြက္သည့္ လက္လက္ဆက္ဆက္မွိုတို႔ကိုသာ ဝယ္လာခဲ့လိုက္သည္။

အစကေတာ့ စြန္းဝမ့္ခြၽီက တစ္ေယာက္တည္းစားလိမ့္မည္ဟု ထင္ကာ ဟင္းတစ္ခုခုျပင္ေပးလိုက္လွ်င္ရၿပီဟု ေတြးထားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း သူက သူ႕ထံ၌ အေၾကာင္းမဲ့သက္သက္ ဘလိုင္းႀကီး အထိုးခံခဲ့ရသည့္အေၾကာင္းကို ေတြးၾကည့္လိုက္ေတာ့ ဤသည္မွာ ေတာင္းပန္သည့္သေဘာအေနႏွင့္ ေတြးလိုက္၍ရသည္။ အသားအစာသြပ္ထားေသာမွိုကို ေပါင္းၿပီးေနာက္ ဖန္းခ်ီသည္ က်န္ပါဝင္ပစၥည္းတို႔ကို မွိုအသားလုံးစဥ္းေကာစြပ္ျပဳတ္ခ်က္လိုက္၏။

က်က္သြားေသာဟင္းခြက္တို႔ကို ထမင္းစားခန္းထဲသို႔ ယူလာခဲ့စဥ္ စြန္းဝမ့္ခြၽီ ဖုန္းေျပာေနသံကို ၾကားလိုက္ရသည္။ ေျပာေနသည္တို႔ကို ေသခ်ာမၾကားရေသာ္လည္း စြန္းဝမ့္ခြၽီ၏အမူအရာကေတာ့ အနည္းငယ္မၾကည္မသာျဖစ္ေန၏။

“ကြၽန္ေတာ္မလုပ္ခ်င္ဘူးလို႔ ေျပာထားတယ္ေလ။ ဒါက ကြၽန္ေတာ္ ေခါင္းငုံ႕ခံလိုက္႐ုံနဲ႕ ၿပီးသြားမဲ့ကိစၥမွ မဟုတ္တာ”

စြန္းဝမ့္ခြၽီက ႐ုတ္တရက္ စိတ္ဆိုးမာန္ဆိုးႏွင့္ ‌လက္ဖက္ရည္စားပြဲကို ကန္ပစ္လိုက္ကာ ေအာ္လိုက္သည္။

“ကြၽန္ေတာ္က ဘာလို႔ ေခါင္းငုံ႕ခံရမွာလဲ”

ဖန္းခ်ီသည္ ခဏမွ် ခ်ီတုံခ်တဳံျဖစ္ေနခဲ့သည္။ ထို႔ေနာက္ မီးဖိုခန္းထဲသို႔သာ ျပန္လွည့္ဝင္လာခဲ့လိုက္ေတာ့၏။ ဤကဲ့သို႔ အဆင္မေျပေသာဖုန္းတို႔ကို ေရွာင္ျခင္းက အေကာင္းဆုံးပါပင္။

မီးဖိုခန္းထဲ ခဏရပ္ေနခဲ့ၿပီးေနာက္ စြန္းဝမ့္ခြၽီက ဝင္လာသည္။ လက္ထဲ၌ ဖုန္းကိုင္ထားၿပီး မ်က္ေမွာင္ၾကဳတ္ထား၏။

“ပန္းကန္ေတြ၊ ဇြန္းေတြမပါဘဲ ဘယ္လိုစားမွာလဲ”

“ခင္ဗ်ား ဖုန္းေျပာၿပီးေအာင္ ေစာင့္ေနတာ”

ဖန္းခ်ီသည္ ပန္းကန္ႏွင့္ ဇြန္းတစ္စုံကို ထုတ္လိုက္ၿပီး ထမင္းစားပြဲေပၚ တင္လိုက္သည္။

စြန္းဝမ့္ခြၽီက စားပြဲ၌ ဝင္ထိုင္ကာ ၾကည့္လိုက္၏။

“တစ္စုံတည္းလား”

“ကြၽန္ေတာ္က အိမ္ျပန္စားမွာ။ တစ္ေယာက္စာတည္းခ်က္ထားတာ”

ဖန္းခ်ီက ေျပာလိုက္ၿပီး ဥကၠ႒ဟြမ္ကို ေပြ႕ခ်ီကာ ေၾကာင္လြယ္အိတ္ထဲသို႔ ထည့္လိုက္သည္။

ထို႔ေနာက္ ၾကမ္းျပင္ေပၚ ပစ္ခ်ထားေသာ ေက်ာပိုးအိတ္ကို သြားေကာက္ယူခ်ိန္၌ စြန္းဝမ့္ခြၽီသည္ ႐ုတ္ျခည္း တူႏွင့္ ပန္းကန္လုံးကို စားပြဲေပၚမွ သူ႕ေနာက္မွၾကမ္းျပင္ေပၚသို႔ တြန္းခ်လိဳက္ေလ၏။

ဖန္းခ်ီက ေနာက္သို႔လွည့္၍ ၾကမ္းျပင္ေပၚမွ ထက္ျခမ္းကြဲေနေသာ ပန္းကန္လုံးကို ၾကည့္လိုက္သည္။ ထို႔ေနာက္ စြန္းဝမ့္ခြၽီကို ၾကည့္ကာ ေမးလိုက္၏။

“ဒါ ဘာအဓိပၸါယ္လဲ”

“တစ္ေယာက္တည္း ဘယ္လိုစားမွာလဲ”

စြန္းဝမ့္ခြၽီသည္ ၾကမ္းျပင္ေပၚမွ ကြဲေနေသာ ပန္းကန္လုံးကို ကန္ပစ္လိုက္သည္။ မ်က္ႏွာထက္တြင္လည္း မေက်မခ်မ္းအမူအရာႏွင့္။

“ကြၽန္ေတာ္ဆို ေန႕တိုင္း တစ္ေယာက္တည္းစားတာ”

စြန္းဝမ့္ခြၽီက သူ႕အား ျပႆနာရွာေနျခင္းပင္လား၊ သည္အတိုင္း သူ၏စိတ္အဆင္မေျပမႈတို႔ကို ေပါက္ကြဲေနျခင္းပင္လား ဖန္းခ်ီ နားမလည္နိုင္ျဖစ္မိသည္။

“မင္း ငါနဲ႕အတူ လာစား”

စြန္းဝမ့္ခြၽီက မ်က္ေမွာင္ၾကဳတ္လ်က္။

ဖန္းခ်ီသည္ ၾကမ္းျပင္ေပၚမွ ပန္းကန္လုံးအကြဲႏွင့္ တူတို႔ကို ေကာက္ယူလိုက္ၿပီး အမွိုက္ပုံးထဲ ပစ္လိုက္သည္။ ထို႔ေနာက္ မီးဖို‌ခန္းထဲသို႔ ဝင္သြား၏။ ခဏမွ် ရွာေဖြလိုက္ၿပီးေနာက္ ပန္းေရာင္ပန္းပြင့္ေသးေသးေလးမ်ားပါသည့္ အစိမ္းႏုေရာင္ ပလက္စတစ္ပန္းကန္လုံးတစ္လုံးကို ေတြ႕သြားသည္။

သူက ပန္းကန္လုံးကို ေဆးေၾကာ၍ စားပြဲခုံေပၚတင္လိုက္သည္။

“ကြၽန္ေတာ္ ဒီမွာ စားဖို႔ အသားမက်ေသးဘူး။ ခင္ဗ်ားလဲ ကြၽန္ေတာ့္ကို ျမင္ေနရမွာ အဆင္မေျပဘူးေလ”

“မင္းမွာ ဝန္ေဆာင္မႈစိတ္ဓာတ္ မရွိဘူးလား”

စြန္းဝမ့္ခြၽီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

“စာခ်ဳပ္ထဲမွာလဲ ထမင္းအတူစားေပးရမယ္ဆိုၿပီး မပါဘူးေလ”

ဖန္းခ်ီက မ‌ေက်မနပ္ျဖစ္မႈကို ေအာင့္အီးသည္းခံထားသည္။ တကယ္ေတာ့လည္း သူသည္ ယခင္က စြန္းဝမ့္ခြၽီကို ထိုးမိခဲ့သည့္အေပၚ အေတာ္ေလးအားနာမိေနျခင္းျဖစ္သည္။

“အေျခအေနအေပၚမူတည္ၿပီး ထပ္တိုးနိုင္တယ္လို႔ ပါၿပီးသား။ အခု ထပ္တိုးလိုက္တယ္။ ဒီေန႕ ဒီမွာစား”

စြန္းဝမ့္ခြၽီက စိတ္မရွည္စြာ ေျပာလာသည္။

“ခင္ဗ်ား… ဒီလိုမလုပ္လို႔မရဘူးလား”

ဖန္းခ်ီသည္လည္း မ်က္ေမွာင္ၾကဳတ္လိုက္၏။

စြန္းဝမ့္ခြၽီက တိတ္ဆိတ္သြားၿပီး လက္ျမႇောက္ကာ ပန္းကန္လုံးကို ၾကမ္းျပင္ေပၚ ထပ္တြန္းခ်လိဳက္သည္။ သည္တစ္ႀကိမ္တြင္ေတာ့ မကြဲသြားခဲ့။

ဖန္းခ်ီသည္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ျပန္လွည့္ကာ ေက်ာပိုးအိတ္ကို ပခုံးေပၚလြယ္လိုက္သည္။ ထို႔ေနာက္ ေၾကာင္လြယ္အိတ္ကို ဆြဲကာ တံခါးကိုဖြင့္၍ ထြက္လာခဲ့လိုက္၏။

သူ တံခါးပိတ္လိုက္ခ်ိန္၌ စြန္းဝမ့္ခြၽီက ထပ္မံ၍ တူတို႔ကို ၾကမ္းျပင္ေပၚပစ္ခ်လိဳက္သည္။

စားပြဲခုံ၌ မိနစ္ပိုင္းမွ် ထိုင္ေနခဲ့ၿပီးေနာက္ သူက သက္ျပင္းခ်လိဳက္သည္။ ထို႔ေနာက္ ထရပ္လိုက္ၿပီး ပန္းကန္လုံးႏွင့္ တူတို႔ကို ေကာက္ကာ ေဆးေၾကာ၍ တီဗီဖြင့္လိုက္၏။

တီဗီၾကည့္ၿပီးပဲ စားတာေပါ့။

ဖန္းခ်ီ၏ အခ်က္အျပဳတ္လက္ရာမွာ သာမန္မွ်သာျဖစ္သည္။ သာမန္ဆယ္ေက်ာ္သက္ေလးတစ္ေယာက္အေနႏွင့္ကေတာ့ အေတာ္ေလးမဆိုးလွ။ ယခင္ ေဆာက္လုပ္ေရးဆိုက္၌ လုပ္ခဲ့‌ေသာ အေဒၚႀကီးထက္ေတာ့ မ်ားစြာ ပို၍သာသည္။ သို႔ေသာ္လည္း စြန္းဝမ့္ခြၽီကဲ့သို႔ ဂဂ်ီဂေဂ်ာင္ဇီဇာေၾကာင္သည့္သူအဖို႔ရာေတာ့ အဆင္ေျပသည္ဆို႐ုံမွ်သာ။

အသားက ေသခ်ာမႏူးေသး။ မွိုက အလြန္ေရပါလြန္းသည္။ ၾကက္သြန္ၿမိတ္ထည့္သည္မွာ ေစာလြန္းသည္။ စြပ္ျပဳတ္ကလည္း အနည္းငယ္ငံသည္။

ထိုသို႔ေတြးသည့္တိုင္ စြန္းဝမ့္ခြၽီက ဟင္းႏွင့္စြပ္ျပဳတ္တို႔ အားလုံးကို ျမန္ျမန္သြက္သြက္စားပစ္လိုက္သည္။ မည္သို႔ပင္ဆိုေစ သူ ဗိုက္ဆာေနသည္။

ဖန္းခ်ီသည္ ရင္ထဲ၌ မြန္းက်ပ္ေနသည္။ အိမ္ျပန္လမ္း၌ ေခါက္ဆြဲႏွစ္ပြဲစားခဲ့ၿပီးသည့္တိုင္ ခံျပင္းမႈကို မေျဖေလွ်ာ့နိုင္ေသး။

ေက်ာင္း၌ အဆင္မေျပျဖစ္သည္၊ ေရွာင္ရွားလာခဲ့ေသာ္လည္း အမွန္းမရစြာ စိတ္အေျပာင္းအလဲျမန္ေနေသာ စြန္းဝမ့္ခြၽီက ေစာင့္ေနျပန္သည္။ ေဒါသကို ခ်ဳပ္တည္း၍ စြန္းဝမ့္ ခြၽီႏွင့္ ရင္ဆိုင္ေစခဲ့ေသာ ဖန္းယင္က ပိုက္ဆံရၿပီးသြားသည္ႏွင့္ သူ႕ထံသို႔ စထပ္မံဆက္သြယ္လာျခင္းမရွိလိုက္ေတာ့။

ဖန္းခ်ီသည္ ခႏၶာကိုယ္တစ္ခုလုံး ပိတ္ေလွာင္မြန္းက်ပ္လာခဲ့ၿပီး အိမ္ျပန္ခ်င္စိတ္ မရွိလိုက္ေတာ့။ ဥကၠ႒ဟြမ္ကို ကိုင္လ်က္သာ လမ္းသြယ္ေလးတစ္ေလွ်ာက္ ျဖည္းျဖည္းေအးေအး လမ္းေလွ်ာက္လာခဲ့လိုက္သည္။ ခဏအၾကာ၌ သူက ဖုန္းကိုထုတ္ယူ၍ ဖုန္းနံပါတ္တစ္ခုကို ေခၚဆိုလိုက္၏။

ဖုန္းဝင္သံအခ်ိဳ႕ ထြက္လာၿပီးေနာက္ အမ်ိဳးသားတစ္ေယာက္က ဖုန္းကိုင္လာသည္။

“ဟဲလို”

“ဦးေလးက်န္း… ကြၽန္ေတာ္ ဖန္းခ်ီပါ”

ဖန္းခ်ီ ေျပာလိုက္သည္။

“ဦးေလး အခု အားလား မသိဘူး။ ကြၽန္ေတာ္ ဘိုးဘိုးနဲ႕ ဖုန္းေျပာခ်င္လို႔”

“အားတာေပါ့ အားတာေပါ့။ ခဏေစာင့္။ သူ႕အိမ္သြားလိုက္မယ္။ ေန႕လယ္ကေတာင္ မင္းအေၾကာင္း ေျပာေနေသးတာ”

ဦးေလးက်န္းက ရယ္ရယ္ေမာေမာဆိုလာသည္။

ဦးေလးက်န္းမွာ ဘိုးဘိုး၏အိမ္နားမွ အိမ္နီးနားခ်င္းျဖစ္ၿပီး သူက သူ႕မ်က္ေစ့ေရွ႕တင္ ႀကီးျပင္းလာခဲ့သူျဖစ္သည္။ အဘိုးအဘြားတို႔က ဖုန္းမသုံးတတ္ၾကေသာေၾကာင့္ ဖန္းခ်ီက ဖုန္းဆက္သည့္အခါတိုင္း ဦးေလးက်န္းထံသို႔သာ ဖုန္းေခၚရသည္။

“ေရွာင္ခ်ီဆီက ဖုန္း”

ဦးေလးက်န္းက လမ္းေလွ်ာက္ရင္း လွမ္းေအာ္လိုက္သံကို ဖုန္းမွတစ္ဆင့္ၾကားလိုက္ရသည္။

“ေန႕လယ္ကပဲ ေျပာေနေသးတာမလား။ အခု ဖုန္းေခၚလာၿပီ!”

“ေရွာင္ခ်ီလား”

တစ္ဖက္မွ အဘိုး၏အသံ ထြက္လာခဲ့သည္။

“ဘိုးဘိုး”

ဖန္းခ်ီက ေျပာလိုက္သည္။

“ထမင္းစားၿပီးၿပီလား”

“စားၿပီးၿပီ။ ဒီေန႕ မင္းအဘြားခ်က္တာေလ”

ဘိုးဘိုးက အသံကို တိုးလိုက္၏။

“အိုက္ရိုး… အရသာက အရမ္းဆိုးဆိုးပဲ”

ဖန္းခ်ီက ရယ္လိုက္သည္။

“ဒါဆိုလဲ အဘိုးခ်က္ေပါ့”

“သူမွ မခ်က္ခိုင္းတာကို”

အဘိုးကလည္း သေဘာတက်ရယ္သည္။

“မေန႕က မင္းအေဒၚလာတယ္။ ငါက ငါခ်က္မယ္လို႔ ေျပာတာကို မင့္အဘြားက မရဘူးခ်ည္းပဲလုပ္ေနတာ။ မင္းအေဒၚဆို စားရင္းနဲ႕ မ်က္ရည္ေတြပါ က်တယ္”

“ဘြားဘြားၾကားသြားမယ္ သတိထားအုံး”

ဖန္းခ်ီသည္ လမ္းေဘးမွ ပန္းအလွဆင္ထားသည့္ ေနရာအစြန္း၌ ထိုင္လိုက္သည္။

“ႏွစ္ေယာက္လုံး ေနေကာင္းၾကတယ္မလား”

“မင္းဘြားဘြားက အိပ္ေနၿပီ မၾကားဘူး။ ငါတို႔ႏွစ္ေယာက္လုံး ေနေကာင္းတယ္။ စိတ္မပူနဲ႕။ မင္းအားရင္ ျပန္လာၾကည့္လွည့္ခ်ည္”

အဘိုးက ေျပာ၏။

“မင္း အခု ဧည့္လမ္းၫႊန္လုပ္ေနတုန္းပဲလား”

“ဧည့္လမ္းၫႊန္မဟုတ္ပါဘူး။ နည္းျပပါ”

ဖန္းခ်ီက သူ႕ကို အမွန္ျပင္ေပးလိုက္သည္။

“လုပ္ေနေသးတုန္းပဲ။ ေမြးရပ္ေျမဘက္ကို ခရီးစဥ္ရွိရင္ ကြၽန္ေတာ္ ေသခ်ာေပါက္ ယူလိုက္မယ္။ အဲဒါက ဘိုးဘိုးတို႔အားလုံးဆီ လာလည္နိုင္မဲ့ အခြင့္အေရးပဲေလ”

“ဒီတေလာ ဘာစားခ်င္တာ ရွိလဲ။ ဘိုးဘိုးခ်က္ေပးမယ္။ မင္းဦးေလးက်န္းက ေနာက္ႏွစ္ရက္ေလာက္ေနရင္ ၿမိဳ႕တက္မယ္လို႔ေျပာတယ္။ မင္းအတြက္ ထည့္ေပးလိုက္မယ္။ ျမန္ျမန္ေျပာ”

ဘိုးဘိုးက ေျပာလာ၏။

“မလိုပါဘူး”

ဖန္းခ်ီ ၿပဳံးလိုက္မိသည္။

“ကြၽန္ေတာ္က ခရမ္းသီးခ်က္စားခ်င္ဝာာ။ ဘယ္လိုသယ္လာမွာလဲ။ ကြၽန္ေတာ္ ျပန္လာမွပဲ စားပါေတာ့မယ္”

“ဒါဆိုလဲ ျပန္လာမဲ့အခ်ိန္ကို ဖုန္းႀကိဳဆက္ေလ။ ႐ုတ္တရက္ႀကီးျပန္လာမွဆို ခ်က္ဖို႔အခ်ိန္ရလိုက္မွာ မဟုတ္ဘူး”

ဘိုးဘိုးက ရယ္ရယ္ေမာေမာဆိုသည္။

“အြန္း”

ဖန္းခ်ီ ၿပဳံးလိုက္မိသည္။

အဘိုးႏွင့္ ခဏတျဖဳတ္စကားေျပာၿပီးေနာက္ ဖန္းခ်ီသည္ ေနာက္ဆုံးတြင္ေတာ့ ရင္ထဲမွ တစ္ဆို႔ေနမႈတို႔ကို ေပ်ာက္ျပယ္သြားသကဲ့သို႔ ခံစားလိုက္ရေတာ့ေလ၏။ သူက လက္တို႔ကို ျမႇောက္ကာ အေၾကာအခ်ဥ္ဆန႔္၍ ေၾကာင္လြယ္အိတ္ကို ေကာက္ယူလိုက္သည္။

“အိမ္ျပန္ၾကစို႔”

ဥကၠ႒ဟြမ္က အိတ္ထဲ၌ လႈပ္ရွားမႈမရွိ။ ဖန္းခ်ီသည္ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိ၏။ စြန္းဝမ့္ခြၽီ၏ ေၾကာင္မ်ားႏွင့္ အင္မတန္ကိုမွ ပလဲနံပသင့္မႈကို မေလးစားမိဘဲ မေနနိုင္လိုက္ေတာ့ေခ်။

အိမ္သို႔ ျပန္ေရာက္ေတာ့ သူသည္ ဥကၠ႒ဟြမ္အတြက္ ခြက္တစ္ဝက္ခန႔္ ေၾကာင္စာထည့္ေပးလိုက္ေသာ္လည္း တစ္ခ်က္သာ ေဝ့ၾကည့္လာၿပီး တုတ္တုတ္မွ်မလႈပ္။ ဖန္းခ်ီကိုသာ ေမာ့ၾကည့္လာၿပီး ပန္းကန္လုံးကိုေတာ့ ၾကမ္းျပင္ေပၚ မေမွာက္ခ်ပစ္ပါ။ ယင္းသည္ပင္လွ်င္ မ်က္ႏွာသာေပးမႈဟု ဆိုရေပမည္။

ဖန္းခ်ီသည္ ခဏမွ် မ်က္လုံးခ်င္းဆုံကာ စိုက္ၾကည့္လိုက္သည္။ ထို႔ေနာက္ မထိန္းနိုင္ေတာ့စြာ ေၾကာင္စာတစ္ဖဲ့ကို ေကာက္ယူ၍ ပါးစပ္နား ေတ့ေပးလိုက္၏။

“ဘာကြာလို႔လဲ။ အကုန္ ေၾကာင္စာေတြပဲ မဟုတ္ဘူးလား။ မင္းက အီစီကလီစီလုပ္တတ္တယ္မဟုတ္ဘူးလား။ အခုက် ဘာလို႔ အီစီကလီစီမလုပ္ေတာ့တာလဲ”

ဥကၠ႒ဟြမ္က လက္ေခ်ာင္းထုတ္ကာ ပန္းကန္လုံးကို တြန္းထုတ္သည္။ ဖန္းခ်ီက ပန္းကန္လုံးကို ျမန္ျမန္ဆန္ဆန္ေလး ကိုင္ကာ ခ်လိဳက္၏။ ထို႔ေနာက္ လက္က်န္စည္သြပ္ဘူးနည္းနည္းကို ေၾကာင္စာထဲ ေရာေပးလိုက္သည္။ ထိုအခါမွသာ ဥကၠ႒ဟြမ္က ႏွာတရႈံ႕ရႈံ႕ႏွင့္ ေနာက္ဆုံး၌ ေခါင္းငုံ႕ကာ စားေလေတာ့၏။

ဖန္းခ်ီသည္ သူ႕အတြက္သူ ဖက္ထုပ္တစ္ပြဲခ်က္ရန္ မီးဖိုေခ်ာင္ထဲသို႔ ဝင္လာခဲ့လိုက္သည္။ အိုးကို ကိုင္လိုက္ခ်ိန္တြင္မွသာ သူစားခဲ့ၿပီးၿပီျဖစ္ေၾကာင္း သတိရသြားခဲ့၏။

ဘာလို႔ မစားရေသးသလို ခံစားေနရတာလဲ။

သူသည္ ဗိုက္ကို ပြတ္သပ္၍ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့ၿပီး လက္ေတာ့သုံးရန္ လက္ေတာ့နားသို႔သြားလိုက္သည္။ ျပန္ေတြးၾကည့္လိုက္ၿပီးေနာက္ သူက လက္ကို ျပန္႐ုတ္ကာ အနားမွခုံေပၚ ထိုင္ခ်လိဳက္၏။

စာလုပ္တာပဲ ေကာင္းတယ္။

အိမ္စာေတြ အပုံလိုက္ႀကီး က်န္ေနေသးတယ္။

၉ နာရီဝန္းက်င္၌ သူ႕အေမက သူ႕ထံသို႔ “ဒီတေလာ အေျခအေနဘယ္လိုရွိလဲ” ဟု စာတစ္ေစာင္ပို႔လာခဲ့သည္။

ဖန္းခ်ီ စာျပန္လိုက္သည္။ “ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ အေမတို႔ေရာ?”

သူ႕အေမက ျပန္ပို႔သည္။ “အကုန္အဆင္ေျပပါတယ္။ မင္း စာေကာင္းေကာင္းႀကိဳးစားေနာ္”

“အြန္း”

ဖန္းခ်ီသည္ ဖုန္းကို အတန္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့သည္။ ေျပာရမည့္စကား အကုန္ကုန္သြားခဲ့ၿပီဟု ခံစားရသည္။

ဖုန္းကို ခ်လိဳက္ၿပီးေနာက္ ခဏမွ် သတိလက္လြတ္ေငးမိုင္ေနမိ၏။ အဘယ္ေၾကာင့္ရယ္မွန္းေတာ့ မသိ။ အၿမဲပင္ မိဘတို႔ကို ေျပာစရာစကားဟူ၍ ေရေရရာရာရွာမေတြ႕သကဲ့သို႔ ခံစားရသည္။ အရိုအေသတန္ျခင္း၊ သားသမီးဝတၱရား ေဖာက္ဖ်က္ျခင္းလည္း မဟုတ္ရပါ။ သို႔ေသာ္လည္း သည္အတိုင္း ေျပာစရာစကားမရွိျခင္းပင္။ အေမသည္လည္း ေျပာစရာစကားရွာမရျဖစ္ေနပုံရသည္။

အဘိုးျဖစ္သူႏွင့္ အခ်ိန္အၾကာႀကီးၾကာျမင့္သည္အထိ စကားေျပာနိုင္သည္။ ေျပာစရာစကားမရွိလွ်င္ပင္ ကိုးရို႔ကာရားခံစားခ်က္မ်ိဳး မခံစားရ။

ငယ္စဥ္ေတာင္ေက်းကေလးဘဝမွသည္ အ႐ြယ္ေရာက္သည္အထိ မိဘမ်ားႏွင့္ အတူျဖတ္သန္းခဲ့ရေသာအခ်ိန္ဟူ၍ အလယ္တန္းတက္ခဲ့စဥ္ ႏွစ္အနည္းငယ္မွ်သာ ရွိခဲ့ေလရာ သူ႕အတြက္ ရင္းႏွီးခ်င္ေသာ္ျငားလည္း စိမ္းသက္ေနကာ အနည္းငယ္ကိုးရို႔ကားရားခံစားရေစသည္။

စာဆက္လုပ္ရန္ ျပင္လိုက္စဥ္၌ပင္ ဖုန္းက ထပ္ျမည္လာခဲ့၏။ သည္တစ္ႀကိမ္ေတာ့ လ်န္ေရွာင္ေထာင္းထံမွပင္။ သူ ဖုန္းကိုင္လိုက္သည္ႏွင့္တစ္ၿပိဳက္နက္ ေမးလာခဲ့သည္။

“နင္ ဘာမွမျဖစ္ဘူးမလား”

“အမ္?”

ဖန္းခ်ီမွ တဒဂၤမွ် ေၾကာင္အမ္းသြားခဲ့ရသည္။

“အခန္း ၆ က နင့္ကို လာရွာတယ္လို႔ ၾကားလို႔။ ကိုယ္ပိုင္စာၾကည့္ခ်ိန္ မလာေတာ့ ငါက နင္ ညဘက္အလုပ္ေတြဆင္းေနျပန္ၿပီလို႔ ထင္လိုက္တာ”

လ်န္ေရွာင္ေထာင္းက စိုးရိမ္တႀကီး ေျပာလာသည္။

“ငါက ဘယ္လိုလုပ္ ညဘက္မွလုပ္ရတဲ့အလုပ္မ်ိဳး လုပ္လို႔ရမွာလဲ”

ဖန္းခ်ီက ရယ္လိုက္မိသည္။

“စိတ္မပူနဲ႕။ ငါ ထြက္လိုက္ၿပီ”

“နင္ တစ္ပြဲေလာက္ ႏႊဲေပးလိုက္ပါလား။ ႐ႊီက်ိဳးနဲ႕ အခုပဲ ဖုန္းေျပာၿပီးတာ။ ၿပီးေတာ့ ေျပာေသးတယ္။ တစ္ပြဲေလာက္သာ ခ်ေပးလိုက္ရင္ အကုန္ေအးခ်မ္းသြားမွာ။ အတူတူစုသြားရင္ သူတို႔ေတြ ဘယ္ယွဥ္နိုင္မွာလဲ။ အဲေကာင္ေတြက တကယ္စိတ္ကင္ဆာေတြ”

လ်န္ေရွာင္ေထာင္းက အနည္းငယ္မခံမရပ္နိုင္ျဖစ္ေနခဲ့သည္။

“မဟုတ္ေသးဘူး။ တကယ္ဆို အတူတူစုသြားစရာေတာင္ မလိုဘူး။ နင္တစ္ေယာက္တည္းနဲ႕တင္ ကိစၥျပတ္တယ္”

“နင္ ဘယ္ေလာက္ေတာင္ တက္ႂကြေနလဲ ၾကည့္အုံး”

ဖန္းခ်ီက ေျပာလိုက္သည္။

“ေနာက္တစ္ခါ အုပ္စုလိုက္ရန္ပြဲျဖစ္ရင္ ႐ႊီက်ိဳးကို နင့္ကိုပါ ေခၚလာခိုင္းလိုက္မယ္”

လ်န္ေရွာင္ေထာင္းက က်စ္တစ္ခ်က္သပ္၏။

“ေကာင္းပါၿပီ။ နင္အဆင္ေျပရင္ ၿပီးတာပဲ။ ငါ့မွာ စာေရးစရာေတြ တစ္ပုံႀကီး က်န္ေသးတယ္”

“ေရွာင္ေထာင္း”

ဖန္းခ်ီက ခဏ စဥ္းစားလိုက္သည္။

“မနက္ျဖန္မနက္က် ငါ့အတြက္ နင့္အိမ္ေအာက္က အဲအဘိုးႀကီးေၾကာ္တဲ့ အီၾကာေကြးေလး ႏွစ္ေခ်ာင္းေလာက္ ဝယ္ခဲ့ေပး”

“အိုက္ရိုး… သူ႕လက္ရာအီၾကာေကြးကို လြမ္းေနတယ္ေပါ့။ ရတယ္။ ပဲနို႔တစ္ဘူးပါ ယူလာခဲ့ေပးမယ္”

လ်န္ေရွာင္ေထာင္းက ရယ္ရယ္ေမာေမာေျပာလာသည္။

“အင္း”

လ်န္းေရွာင္ေထာင္၏အိမ္ေအာက္မွ အီၾကာေကြးက ေကာင္းလွခ်ည္ရဲ႕ႀကီးေတာ့ မဟုတ္‌ေပ။ အီၾကာေကြးဆိုသည္မွာ ႂကြပ္ေနေအာင္ေၾကာ္ထားလွ်င္ အကုန္အတူတူပါပင္။ သို႔ေသာ္လည္း ဖန္းခ်ီက မၾကာခဏဆိုသကဲ့သို႔ လ်န္ေရွာင္ေထာင္းကို သူ႕အတြက္ ယူလာေပးခိုင္းတတ္သည္။

အီၾကာေကြးေၾကာ္ေသာ အဘိုးအိုမွာ သူ႕အဘိုးႏွင့္ အင္မတန္တူသည္။ စကားေျပာဟန္၊ ရယ္ဟန္မ်ားပင္ တူ၏။

ဖန္းခ်ီသည္ စာေရးခုံေပၚ ေမွာက္ကာ ႏွာေခါင္းထိပ္ကို ေဘာပင္ျဖင့္ ပုတ္ေနမိသည္။ အဘိုးအဘြားတို႔ကို လြမ္းသည္။ ေက်းလက္႐ြာကေလးသို႔ ျပန္ခ်င္သည္။

စြန္းဝမ့္ခြၽီသည္ ေန႕လယ္ဘက္ထိ အိပ္ေနခဲ့ၿပီး မာလ်န႔္က အိမ္အျပင္ဘက္မွ သူ႕ထံသို႔ ဖုန္းလွမ္းဆက္လာသည့္အခါမွသာ နိုးလာခဲ့၏။ အိပ္ရာမွနိုးေတာ့ ဗိုက္အဆာလြန္ၿပီး အန္ပင္အန္ခ်မိေတာ့မတတ္ပင္။

“မင္း”

မာလ်န႔္က သူ႕ကို လက္ညိုးထိုးလာသည္။

“မနက္ျဖန္က် ငါ့… ငါ့အိမ္ လာခဲ့လိုက္ေတာ့”

“ဘာလုပ္ဖို႔လဲ”

စြန္းဝမ့္ခြၽီက ညဝတ္ေဘာင္းဘီကို အေနအထားျပင္ရင္း ေမးလိုက္သည္။ ေခါင္းထဲ၌ အနည္းငယ္မူးေနာက္ေနာက္။

“အလုပ္လုပ္ရမယ္ေလ!”

မာလ်န႔္က အသံက်ယ္က်ယ္ႏွင့္ ေအာ္လိုက္ၿပီး သူ႕ခႏၶာကိုယ္ကို တျဖန္းျဖန္းရိုက္ေတာ့သည္။

“မင္းကိုယ္မင္း ျပန္ၾကည့္အုံး! မင္းရဲ႕ အခု ဒီပုံစံကို ၾကည့္… ၾကည့္! ေပါက္လြတ္ပဲစားနဲ႕တူေနၿပီ!”

“ေခ်ာခ်က္က လန္ျပန္ထြက္ေနတဲ့ ေပါက္လြတ္ပဲစားပဲ…”

စြန္းဝမ့္ခြၽီက ရယ္လ်က္ ေရခ်ိဳးခန္းဘက္သို႔ ေလွ်ာက္သြားသည္။

“ပါးစပ္ပိတ္ထား!”

မာလ်န႔္က ထပ္ေအာ္၏။

ထိုအခါမွသာ စြန္းဝမ့္ခြၽီက မာလ်န႔္တစ္ေယာက္ အမွန္တကယ္ ေဒါသထြက္ေနေၾကာင္း သတိျပဳမိသြားခဲ့သည္။

“ဘာျဖစ္ျပန္တာလဲ”

သူက မာလ်န႔္ကို လွည့္ၾကည့္လိုက္သည္။

မာလ်န႔္က စကားမဆိုဘဲ သူ႕ကိုသာ စူးစိုက္ၾကည့္ေနခဲ့သည္။

စြန္းဝမ့္ခြၽီသည္ သူ႕အၾကည့္ေအာက္၌ ေနရမသက္မသာျဖစ္လာခဲ့ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္လာခဲ့လိုက္ေတာ့၏။

ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့ မာလ်န႔္က သူ႕ကို စိုက္ၾကည့္ေနေသးဆဲပင္။ သို႔ေသာ္လည္း ဆိုဖာေပၚ၌ ထိုင္၍ စိုက္ၾကည့္ေနျခင္းျဖစ္သည္။

စြန္းဝမ့္ခြၽီသည္လည္း သူ႕ကို ခဏမွ် ျပန္စိုက္ၾကည့္လိုက္သည္။ မာလ်န္က ေဆးလိပ္တစ္လိပ္ မီးညွိ၍ ပါးစပ္ထဲ ခဲလိုက္သည္။ အၾကည့္လႊဲလိုစိတ္ လုံးလုံးလ်ားလ်ားမရွိ။

“ငါ”

စြန္းဝမ့္ခြၽီသည္ သူ႕ကိုယ္သူ လက္ညွိုးထိုး၍ တစ္လုံးခ်င္းေျပာလိုက္သည္။

“အိုး မ လုပ္ ဘူး”

“ဒါဆို မင္း ဘာ… ဘာလုပ္မွာလဲ”

မာလ်န႔္က ေမးသည္။

“အိုးမလုပ္ရင္ ႏြားလုပ္၊ ျမင္းလုပ္၊ ဘာ… ဘာျဖစ္ျဖစ္ လုပ္။ မင္း တစ္ခု‌ခုေတာ့ လုပ္… လုပ္ရမယ္”

“ငါအခုထိ စဥ္းစားလို႔ မရေသးဘူး”

စြန္းဝမ့္ခြၽီက လက္ပိုက္၍ နံရံေပၚ မွီလိုက္သည္။

“စဥ္း… စဥ္းစားေနတာ မင္းေမငလူးလို ႏွစ္ ၃၀ ေလာက္ ရွိ… ရွိေတာ့မယ္”

မာလ်န႔္က သူ႕ကို လက္ညွိးထိုးလာ၏။

“မေသခင္ ဘယ္… ဘယ္လိုေခါင္းနဲ႕ အျမႇုပ္ခံခ်င္လဲ စဥ္း… စဥ္းစား။ အဲ… အဲဒါေလာက္ေတာ့ မင္း… မင္းစဥ္းစားတတ္မွာေပါ့”

“မင္း ဒီေန႕လာတာ ငါ့ကို ဒီအေၾကာင္း ေျပာဖို႔လား”

စြန္းဝမ့္ခြၽီက ၿပဳံးလိုက္သည္။

“ငါ ျဖတ္သြားရင္း မင္းနဲ႕ ထမင္းအတူစား… စားခ်င္လို႔ ဝင္လာလိုက္တာ”

မာလ်န္က သက္ျပင္းေမာႀကီးသာ ခ်လိဳက္မိေတာ့၏။

“စားမယ္ေလ။ ဒါေပမဲ့ အျပင္ေတာ့ ထြက္မစားဘူး”

စြန္းဝမ့္ခြၽီက ဖုန္းထုတ္၍ အခ်ိန္ကို ၾကည့္လိုက္သည္။

“ခဏေစာင့္လိုက္ရေအာင္။ ေက်ာင္းဆင္းရင္ ဖန္းခ်ီ လာခ်က္ေပးလိမ့္မယ္။ အိမ္မွာပဲ စား”

“ဖန္းခ်ီ?”

မာလ်န႔္မွာ အံ့အားသင့္သြားခဲ့၏။

“အင္း… အဲဒီ ငါ့သားေလ”

စြန္းဝမ့္ခြၽီက ဆို၏။

“ငါ့ဆီက ယြမ္ ၁ သိန္းေခ်းၿပီး စာခ်ဳပ္နဲ႕ သူ႕ကိုယ္သူေရာင္းစားထားတာ”

“ရွီအာနဲ႕ ဟြမ္ရွီရန္လား”

မာလ်န႔္မွာ အံ့အားသင့္ေနေသးဆဲ။

“ဘာမွဆိုင္မေနဘူး”

စြန္းဝမ့္ခြၽီက ရယ္လိုက္သည္။

“ဒီတိုင္း ငါ့အတြက္ ခ်က္ျပဳတ္ေပးဖို႔၊ အိမ္သန႔္ရွင္းေရး လုပ္ဖို႔ ဘာညာပါ။ ေကာင္းကင္ဘုံကိုယ္စား တရားမွ်တမႈကို ရွာ၊ လူအမ်ားအတြက္ ေဘးအႏၲရာယ္ကို ဖယ္ရွားေပးၿပီး အမိေျမရဲ႕ပန္းဖူးပန္းငုံေလးကို အသိပညာေပးေနတာေလ”

“ရၿပီ ရၿပီ”

မာလ်န႔္က ေခါင္းကို ခါယမ္းမိသည္။

“မင္းေတာ့ တစ္ခုခုပဲ။ မင္းပုံစံက ပန္းဖူးပန္းငုံေလးအေပၚ ခံစားခ်က္ေတြ ပြင့္… ပြင့္အာက်ေနတဲ့ပုံေပါက္ေနတယ္”

“မဟုတ္တာ!”

စြန္းဝမ့္ခြၽီက ႐ုတ္ျခည္းပင္ ကိုယ္ဟန္ျပန္မတ္၍ ရယ္ကာေမာကာ ေျပာလိုက္သည္။

“တကယ္မဟုတ္ဘူး။ အဲကေလးကေလ တကယ္တစ္ခုခုပဲ။ ၿပဳံးေတာင္မၿပဳံးတတ္ဘူး။ သူနဲ႕ေတြ႕တိုင္း ငါကပဲ သူ႕အေပၚ မေတာ္မတရားႀကီးေတြ က်ဴးလြန္မိထားသလိုေတာင္ ခံစားရတယ္”

“ခ်က္…ခ်က္ရင္းနဲ႕ မင္းစားမဲ့အထဲ ဝမ္း…ဝမ္းႏုတ္ေဆးေတြ ထည့္…ထည့္ရင္ ထည့္ေနအုံးမယ္”

မာလ်န႔္က ေျပာသည္။

“အဲေလာက္ႀကီးေတာ့လဲ မဟုတ္ဘူး။ ဒါေပမဲ့ သူက ေကာင္းေကာင္းမြန္မြန္လဲ မခ်က္တတ္ပါဘူး”

စြန္းဝမ့္ခြၽီက သူ႕ဘက္သို႔ ကိုယ္ကိုယိမ္းလိုက္သည္။

“အဓိကကေတာ့ ငါ ဒီေန႕ အျပင္မထြက္ခ်င္တာ။ ဒီည‌ေတာ့ အိမ္မွာပဲ နည္းနည္းပါးပါးေသာက္ၿပီး စကားေျပာၾကတာေပါ့”

ဖန္းခ်ီႏွင့္ ႐ႊီက်ိဳးတို႔သည္ ေက်ာင္းဂိတ္ေပါက္ဝ၌ အခန္း ၆ ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ရပ္ေနၾကသည္။ သို႔ေသာ္လည္း မေန႕ကႏွင့္ေတာ့ မတူ။ မေန႕က အလစ္အငိုက္ဖမ္းခံလိုက္ရျခင္းျဖစ္ၿပီး ယေန႕ကေတာ့ မ်က္ႏွာခ်င္းဆိုင္ျဖစ္သည္။ ထို႔အျပင္ သူတစ္ေယာက္တည္းလည္း မဟုတ္ေတာ့ေပ။ မည္သူကမွ ေရွ႕တိုးမလာရဲၾက။

ဖုန္းက ဆက္တိုက္ျမည္ေနသည္။ စြန္းဝမ့္ခြၽီထံမွ တတိယေျမာက္ဖုန္းေခၚဆိုမႈျဖစ္၏။ သို႔ေသာ္လည္း သူ မကိုင္။

“ေတာင္းဆိုပါတယ္။ မကိုင္ဘူးဆိုရင္လဲ ဖုန္းကို ပိတ္ထားလိုက္စမ္းပါ”

႐ႊီက်ိဳးမွာ မခံနိုင္ေတာ့ဘဲ ေျပာလိုက္ေလေတာ့၏။

“ဆူညံေနတာပဲ”

“သြားစို႔”

ဖန္းခ်ီက ဖုန္းကို အိတ္ကပ္ထဲ ထည့္ၿပီး ေျပာလိုက္သည္။

“ဒီေန႕ မင္း ငါ့ကို တင္ေခၚသြားေပးလို႔ရမလား။ လ်န္ေရွာင္ေထာင္းက အိမ္မျပန္လို႔”

“မင္းက ကမာၻႀကီးကို မင္းေျခေထာက္ေတြနဲ႕ တိုင္းတာေနတဲ့သူ မဟုတ္ဘူးလား*”

႐ႊီက်ိဳးက ရယ္က်ဲက်ဲႏွင့္ လွ်ပ္စစ္စကူတာ၏ေနာက္ခုံကို ပုတ္လိုက္သည္။

“တက္”

စြန္းဝမ့္ခြၽီထံမွ ေျခာက္ႀကိမ္ေျမာက္ ဖုန္းေခၚဆိုမႈ ဝင္လာခဲ့ခ်ိန္တြင္ေတာ့ ဖန္းခ်ီက ဖုန္းကိုင္လိုက္သည္။

“ဘာလို႔ ဖုန္းမကိုင္တာလဲ”

စြန္းဝမ့္ခြၽီက အေတာ္ေလးမေက်မနပ္သံႏွင့္ ေမးလာသည္။

“ကိစၥရွိလို႔လား”

ဖန္းခ်ီ ေမးလိုက္သည္။

“ေဟး”

စြန္းဝမ့္ခြၽီက ေျပာလာ၏။

“မင္း ဆႏၵျပေနတာလား”

“အင္း”

ဖန္းခ်ီ ခြန္းတုံ႕ျပန္လိုက္သည္။

“မဟုတ္ေသးပါဘူး။ ငါ ပန္းကန္ေလးတစ္လုံးပဲ ခြဲမိတာပါ။ မင္းကို ခြဲတာလဲ မဟုတ္၊ မင္းပန္းကန္ကို ခြဲတာလဲ မဟုတ္”

စြန္းဝမ့္ခြၽီမွာ နားမလည္နိုင္ျဖစ္ေနမိသည္။

“မင္း အဲေလာက္ႀကီးထိ လုပ္ဖို႔လိုလိုလား”

“လိုတယ္”

ဖန္းခ်ီသည္ ေလမတိုးေစရန္ ႐ႊီက်ိဳး၏ ေက်ာဘက္သို႔ တိုးကပ္၍ တီးတိုးေျပာလိုက္သည္။

“ကြၽန္ေတာ္ ခင္ဗ်ားကို ထိုးမိတဲ့အတြက္ တရားဝင္ေတာင္းပန္ၿပီးၿပီ။ ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ားဘက္က အခုထိ စိတ္မေျပေသးလို႔ ကြၽန္ေတာ့္ကို ထိုးခ်င္တယ္ဆိုလဲ ရတယ္။ ဒါေပမဲ့ ခင္ဗ်ား တစ္ခ်က္ မ…”

“... ငါ ဒီေန႕ ဧည့္သည္ရွိတယ္။ ထမင္းလာခ်က္ေပး”

စြန္းဝမ့္ခြၽီသည္ ခဏမွ် ေတြးေတာလိုက္သည္။

“ငါ မင္းနဲ႕ ဥကၠ႒ဟြမ္ အတြက္ ပုံတစ္ပုံဆြဲထားတယ္”

“ပုံဆြဲတယ္?”

ဖန္းခ်ီမွာ အနည္းငယ္ အံ့အားသင့္သြားခဲ့ရေလ၏။

စြန္းဝမ့္ခြၽီက လက္ေရးလဲ လွတယ္၊ ပုံလဲ ဆြဲတယ္တဲ့လား။

မင္ပန္းခ်ီလား။

ဥကၠ႒ဟြမ္နဲ႕ အညစ္အေၾကးသန႔္ရွင္းေရးသမား မင္ပန္းခ်ီလား။

“ယူမွာလား၊ မယူဘူးလား။ ယူမယ္ဆို လာယူလိုက္”

စြန္းဝမ့္ခြၽီက ေျပာလာခဲ့၏။

“ကြၽန္ေတာ္ အဲစာခ်ဳပ္မွာ အခ်က္တစ္ခ်က္ထည့္ခ်င္တယ္”

ဖန္းခ်ီ ေျပာလိုက္သည္။

“ခင္ဗ်ားသေဘာတူရင္ ကြၽန္ေတာ္လာမယ္။ မတူရင္ေတာ့ ထားလိုက္ေတာ့”

“ဘာရယ္? ငါ သေဘာမတူရင္ မင္းက ဆက္မလုပ္ေတာ့ဘူး ဟုတ္လား”

စြန္းဝမ့္ခြၽီ၏ေလသံက ႐ုတ္ျခည္းပင္ ပို၍မေက်မခ်မ္းျဖစ္သြားခဲ့၏။

“မင္းက ေတာ္ေတာ္သတၱိရွိသားပဲ”

“သတၱိရွိတာ မဟုတ္ဘူး”

ဖန္းခ်ီက အခိုင္အမာေျပာလိုက္သည္။

“သေဘာတူတာ၊ မတူတာ ခင္ဗ်ားသေဘာ။ ခင္ဗ်ား ကြၽန္ေတာ့္ကို ထိုးခ်င္ထိုး၊ ဆဲခ်င္ဆဲ၊ အျပစ္ေပးခ်င္ေပး၊ ဘာပဲလုပ္ခ်င္ခ်င္ ကြၽန္ေတာ္အကုန္လက္ခံမယ္”

စြန္းဝမ့္ခြၽီဘက္မွ တိတ္ဆိတ္သြားသည္။ ခဏအၾကာ၌ သူက ေျပာလာခဲ့၏။

“ဘာထပ္ထည့္ခ်င္တာလဲ။ ငါ နားေထာင္ၾကည့္မယ္”

“ခင္ဗ်ားရဲ႕ အဲဒီ အေျခအေနအေပၚမူတည္ၿပီး ထပ္တိုးနိုင္တယ္ ဆိုတဲ့အခ်က္၊ ကြၽန္ေတာ္နဲ႕ ေဆြးေႏြးရမယ္။ ခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳးေတာ့ မလုပ္နဲ႕။ ကြၽန္ေတာ္ ခင္ဗ်ားနဲ႕ မိသားစုလုပ္တမ္းေဆာ့ေနတာမဟုတ္ဘူး”

ဖန္းခ်ီက မ်က္ေမွာင္ၾကဳတ္လ်က္ ေျပာလိုက္သည္။

“ဒါပဲလား”

စြန္းဝမ့္ခြၽီက ရယ္၏။

“ရတယ္၊ ရတယ္၊ ရတယ္။ အဲအခ်က္ထည့္တာေလာက္က ကိစၥမရွိဘူး”

“ခင္ဗ်ားစကားေနာ္”

ဖန္းခ်ီက ေနာက္တစ္ႀကိမ္ထပ္မံ၍ အတည္ျပဳလိုက္သည္။ စြန္းဝမ့္ခြၽီ၏ အႏွီ ခုပူလိုက္၊ ခုေအးလိုက္၊ ခုတက္ႂကြလိုက္၊ ခုျပန္ေအးေဆးသြားလိုက္၊ ခုမွိတ္တုတ္မွိတ္တုတ္ျဖစ္လိုက္၊ ခုလင္းလက္ဝင္းထိန္သြားလိုက္ အက်င့္စရိုက္ႀကီးမွာ အမွန္ပင္ ခန႔္မွန္းရခက္လွ၏။

“ငါေျပာရင္ အတည္ပဲ”

စြန္းဝမ့္ခြၽီက ေျပာလာသည္။

“ေကာင္းၿပီ လာခဲ့ေတာ့။ မင္းနဲ႕ မင္းေၾကာင္ေလးပုံကို လာၾကည့္ခ်ည္”

*

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္။

“မထိုးဘူး”

စြန္ဝမ့္ခြၽီက သူ႕ကို ေမာ့ၾကည့္လာသည္။

“မင္းမ်က္လုံးထဲမွာ ငါက မိန္းကေလးတစ္ေယာက္ကို ထိုးမဲ့ပုံနဲ႕ တူေနလို႔လား”

ဆိုတဲ့အပိုင္းက ေရွ႕အပိုင္းမွာ ပါတဲ့စာပါ။ ဘယ္ကဘယ္လို မျမင္မိဘဲ က်န္ခဲ့မိမွန္းမသိလို႔ ေသြ႕ပုခ်ီယား *sob* *sob*

ရွီအာနဲ႕ ဟြမ္ရွီရန္ ဆိုတာက တ႐ုတ္ေခတ္ေပၚဂႏၲဝင္ေအာ္ပရာတစ္ခုျဖစ္တဲ့ “The White-Haired Girl” ထဲက ဇာတ္ေဆာင္နာမည္ေတြ ျဖစ္ပါတယ္။ ဟြမ္ရွီရန္က ရွီအာကို အေႂကြးနဲ႕ ကိုယ္လုပ္ေတာ္အျဖစ္သိမ္းခဲ့တာပါ။

“မင္းက ကမာၻႀကီးကို မင္းေျခေထာက္ေတြနဲ႕ တိုင္းတာေနတဲ့သူ မဟုတ္ဘူးလား” ဆိုတာက ဖန္းခ်ီက အၿမဲလိုလို လမ္းေလွ်ာက္ၿပီးေတာ့ပဲ သြား‌တတ္တာေၾကာင့္ ေျပာလိုက္တာပါ။

စြန္းဝမ့္ခြၽီ သူ႕လက္လွလွေလးနဲ႕ ပုံဆြဲေနတာ၊ လက္ေရးလွေရးတာကို ကိုယ္ေတြရဲ႕ ဥကၠ႒ဟြမ္လိုမ်ိဳး ေဘးနားမွာ ေခြၿပီးထိုင္ၾကည့္ခ်င္ေတာ့တာပဲ လူတို႔ရယ္


______________________________

Pokračovat ve čtení

Mohlo by se ti líbit

1.2M 108K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
787K 22.7K 62
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
783K 65.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
318K 4.4K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...