Chapter 12

139 27 11
                                    

|| Unicode ||

အပိုင်း ၁၂ - ဒီလူရဲ့ဦးနှောက်က ဘယ်နှနှစ်အရွယ်မှာ ဖွံ့ဖြိုးမှုရပ်တန့်သွားတာလဲ

ရွှီကျိုးသည် ဖန်းချီကို စွန်းဝမ့်ချွီအိမ်ဘက်သို့သွားရာ လမ်းဆုံသို့ လိုက်ပို့ပေးခဲ့သည်။ စွန်းဝမ့်ချွီ၏အိမ်နှင့်တော့ အတော်လေးလှမ်းသေးသော်လည်း ဖန်းချီက ဆက်လိုက်ပို့ပေးရန်မလိုတော့ကြောင်း ဆိုကာ အသွား၊ အပြန်လိုက်ပို့ပေးလျှင်ပင် စားရမည်မဟုတ်ကြောင်း ရွှီကျိုးကို စလိုက်သေး၏။

“မင်း ဘာသွားလုပ်မလို့လဲ”

ရွှီကျိုးက မေးသည်။

“ထမင်းဟင်းချက်ဖို့”

ဖန်းချီ ပြောလိုက်သည်။

“အိမ်သန့်ရှင်းလေး လုပ်ဖို့၊ အဝတ်လျှော်ဖို့…”

“အိမ်မှုကိစ္စလား။ မင်းရဲ့ကလပ်က ပိုက်ဆံတော်တော်‌လေးရတယ်မဟုတ်ဘူးလား။ ဘာလို့ အချိန်ပိုင်းလုပ်ဖို့ လိုသေးတာလဲ”

ရွှီကျိုးက သူ့ကို ကြည့်လိုက်သည်။ ဖန်းချီက မြို့၌ တစ်ကိုယ်တည်းနေထိုင်ကာ ပုံမှန်အားဖြင့် ပြိုင်ပွဲများဝင်ပြိုင်ခြင်းနှင့် နည်းပြလုပ်ခြင်းတို့ဖြင့် သူ၏ နေထိုင်စားသောက်စရိတ်ကို ရှာဖွေပြီး ဝင်ငွေအတော်လေးကောင်းမွန်ကြောင်း သူ့အတန်းမှသူတိုင်း သိကြသည်။

“... ပြောရရင်တော့ အရှည်ကြီးပဲ”

ဖန်းချီက သက်ပြင်းချကာ ရွှီကျိုးကို ပခုံးပုတ်လိုက်သည်။

“သွားပြီ”

စွန်းဝမ့်ချွီ၏ပန်းချီမှာ ဖန်းချီအတွက် အတော်လေးစိတ်ဝင်စားစရာကောင်းသည်။ ထို့ကြောင့် ပန်းချီကို လာကြည့်ရန် သဘောတူလိုက်ခြင်းပင်။

စွန်းဝမ့်ချွီက ဥက္ကဋ္ဌဟွမ်နှင့် သူ့ပုံကို မည်သို့နှယ် ဆွဲထားလေမလဲ သူမသိ။ သူ၏လက်ရေးကဲ့သို့သာဆိုပါက အတော်လေးတော့ လှပေလိမ့်မည်။ ဘောင်တပ်လိုက်လျှင် အခန်းထဲ၌ ချိတ်ထား၍ ရလောက်မည်။

တစ်ခါတစ်ရံ၌လည်း စွန်းဝမ့်ချွီ၏ အကျင့်စရိုက်နှင့် လက်ရေးလှရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ကဲ့သို့ အနုပညာတို့ ဆက်စပ်၍ရနေကြောင်း တွေးမိသည်မှာ အံ့ဩစရာတော့ ကောင်းလှသည်။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Where stories live. Discover now