Chapter 4

217 44 3
                                    

|| Unicode ||

အပိုင်း ၄ - စွန်းဝမ့်ချွီသည် ခြေတံ၊ လက်တံရှည်ရှည်နှင့် ကောင်လေးတစ်ယောက်ကို အချိန်အတော်ကြာသည်အထိ စူးစိုက်ကြည့်နေခဲ့သည်

စွန်းဝမ့်ချွီက ထိုင်ခုံတွင် ထိုင်ခုံတွင် ထိုင်နေသည်။ ရှောင်ကျီးက သူ့ကို ပတ်ကြည့်နေ၏။

“ဆံပင်သေချာမညှပ်ဖြစ်တာ တစ်နှစ်လောက်ရှိပြီမလား။ ဂရုလဲ မစိုက်ဖြစ်ဘူးမလား။ အခု လူက မှိုပုံပေါက်နေပြီ”

သူက စွန်းဝမ့်ချွီကို စကားပေးမပြောဘဲ သူ့လက်ထောက်ကို ထပ်ခေါ်လိုက်သည်။

“အေမီ… အဲအိတ်လေး ယူ‌လာပေးပါလား”

“၃ နှစ်”

စွန်းဝမ့်ချွီက‌ ပြောလိုက်သည်။

စတိုင်လစ်အမည်က Tony, Kevin, Andy, Pet မဟုတ်သော်လည်း လက်ထောက်ကိုတော့ Lucy, Selina, Amy, Hellen ထဲက ရွေးထားသည်။

အနှီရှောင်ကျီး၏ ပုံပန်းသွင်ပြင်မှာ နာမည်နှင့် မလိုက်ဖက်။ သူ့ပုံစံမှာ အတော်လေး တက်တက်ကြွကြွ၊ တောက်တောက်ပပလေးဖြစ်ပြီး နှုတ်ခမ်းမွေးစစနှင့်၊ ဆံပင်ကိုလည်း စက်ဝိုင်းပုံ ရိတ်ထားသည်။ ထိပ်၌ ကျစ်ဆံမြီးသေးသေးလေးတစ်ချောင်းကျစ်ထားပြီး ဆံပင်ကို အပြာရောင်ဆိုးထား၏။ မျက်ခုံးနှင့် နားရွက်တို့တွင်လည်း Piercings လုပ်ထားသေးသည်။

“စွန်းကော”

ရှောင်ကျီးက သူ့ကို ပြန်လှည့်ကြည့်လာပြီး ကိုယ်ကိုကွေးကာ အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။

“မင်းမျက်နှာကျက တော်တော်လေး မိုက်တာပဲ။ နိုင်ငံခြားသားနဲ့တောင် တူတယ်။ မင်း ဆံပင်ကို ဆေးတွေဘာတွေဆိုးပြီး ပိုပြီးဖက်ရှင်ကျတဲ့ ဝင့်ဝင့်ကြွားကြွားပုံစံ ပြောင်းကြည့်ချင်လား”

စွန်းဝမ့်ချွီက သူ့ခေါင်းထိပ်မှ အပြာရောင်တာဝါကြီးကို ကြည့်လိုက်ကာ ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ပြောလိုက်၏။

“ဟင့်အင်း”

အဆိုပါ တိုတိုပြတ်ပြတ်အဖြေကြောင့် ရှောင်ကျီးမှာ အနည်းငယ်မကျေမနပ်လေး ဖြစ်သွားခဲ့ရသော်လည်း သူ၏ဝန်ဆောင်မှုအရည်အသွေးကတော့ မကျသွားခဲ့ပေ။ စွန်းဝမ့်ချွီက သူ့ဆံပင်ကို တိုတိုကပ်ကပ်သာညှပ်ပြီး ရွာထိပ်မှ မစ္စတာဝမ်၏ ကေကို ပြောင်းချင်ရုံသာဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သူက စူးစူးစိုက်စိုက်နှင့် အလုပ်စလိုက်တော့သည်။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Where stories live. Discover now