Hey ! You Have To Be My Husba...

By Eros_90

166K 7.5K 358

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 9 ( Uni )

3.1K 181 6
By Eros_90

အပိုင်း - ၉


" ငါက မင်းအတွက်ဘယ်လိုလူမျိုးလဲ အလင်း "

မေးလာသည့်စကားကို ချက်ချင်းပြန်မဖြေနိုင်ခဲ့။ ကိုယ့်ခံစားချက်တွေကို ဖွင့်ဟဖို့်မဖြစ်နိုင်သည့်တိုင် အလိမ်အညာတွေချည်းလည်းမဖြေချင်။ အသင့်တော်ဆုံးအဖြေကို ရွေးချယ်လိုက်ရ၏။

" ငါဘဝနဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးချင်မိတဲ့ တစ်ယောက်ထဲသောသူ"

" သေချာလား "

" သေချာတာပေါ့ "

" အဲလိုဆို ဘယ်တော့ဖြစ်ဖြစ် ငါလက်ကိုမြဲအောင်ဆွဲထားလေ "

" ငါက မဆွဲထားနိုင်ခဲ့ရင် မင်း ငါ့ကိုထားခဲ့မှာလား "

" မင်း ငါ့လက်ကိုမြဲအောင်ဆွဲမထားရင်တော့ ငါပဲမင်းလက် ကိုမြဲအောင်တွဲထားပါ့မယ်။ ဘာလို့လဲဆိုတော့ မင်းကငါ့ဘဝရဲ့ အချစ်ဆုံး ... အချစ်ဆုံးသူငယ်ချင်းမို့ပေါ့"

" ရှိန်း ငါလေ ငါ "

*
*
*
*
*
*
*
*

ခြံနောက်ဖက်တွင် တစ်ယောက်ထဲအလုပ်ရှုပ်နေသော အလင်းဆီ ခြေဗလာဖြင့်ပြေးသွားမိတော့၏။

" အ .. အလင်း ... အလင်း "

ခြံထဲမှာ အပင်တွေကိုဂရုစိုက်ရင်းသာနေတာများသည့် အလင်းက ကိုယ့်ရဲ့ အလောတကြီးအော်ခေါ်သံကြောင့် လှည့်ကြည့်လာသည်။

" အလင်း "

အလင်းရှေ့ကိုရောက်တာနှင့် ပုံရက်သားလဲကျတော့မလိုဖြစ် သွားရသည်ကို သူကဆီးကြိုပွေ့ဖက်ထားပေး၏။

" ရှိန်း ဘာဖြစ်လို့လဲ အလန့်တကြားနဲ့ဘာတွေဖြစ်လို့လဲ"

ကိုယ့်ကိုသာ စိုးရိမ်ကြီးနေသူ၏လက်နှစ်ဖက်ကို အားကိုးတကြီးဆုပ်ကိုင်လိုက်မိ၏။ ထိန်းမရသည့်မျက်ရည်တို့သည် ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းလာလေတော့သည်။ အစောပိုင်းအချိန် အိမ်ပေါ်မှာတစ်ယောက်ထဲ မနက်စာချက်ပြုတ်နေစဉ် ဖုန်းဝင် လာသည့်အသံကြောင့် ဖုန်းကိုင်လိုက်မိ၏။ ဖုန်းထဲမှပြောလာသည့်စကားများသည် ကိုယ်မမျှော်လင့်ထားသောသတင်းဆိုးတစ်ခုဖြစ်နေလေတော့သည်။

" အလင်း ... အလင်း "

ဆို့နင့်နေသောခံစားချက်ကြောင့် အလင်းနာမည်ကိုသာတွင်တွင်ခေါ်နေမိတော့သည်။ စကားလုံးတို့သည် လည်ချောင်းထဲမှာပင်တစ်ဆို့နေရလေတော့၏။

" ရှိန်း စိတ်အေးအေးထား ။ ငါရှိနေတယ်လေ ။ ငါရှိနေလို့စိတ်အေးအေးထားပြီး ဘာဖြစ်လို့လဲဆိုတာကိုပြောပြနော်"

ကိုယ်ကျောပြင်ကို အသာဖွဖွပုတ်ပေးနေရင်း ကိုယ့်မျက်ရည်တွေကိုလည်းသုတ်ပေးနေပြန်၏၊ နှစ်သိမ့်စကားကြောင့် အသက်ဝအောင်ရှုပြီး အငိုတိတ်ဖို့အရင်ကြိုးစားရသည်။ ပြီးမှ

" တရားစခန်းက ကြီးငယ်အသိအန်တီ ဖုန်းဆက်ပေးလာတယ်။ ကြီးငယ် တရားစခန်းမှာမူးလဲသွားပြီး သတိလစ်သွားလို့ဆေးရုံပို့ထားရတယ်တဲ့။ ငါတို့ဘာလုပ်ကြမလဲဟင်။ ဘာလုပ်ကြမလဲလို့"

ကြားရသည့်စကားကြောင့် လင်းမြတ်လည်း ထူပူသွားရတော့သည်။ ဒီလိုသတင်းဆိုးကို ပထမဆုံး နားနှင့်ဆက်ဆက်ကြားလိုက်ရသည့်ရှိန်းအတွက်လည်း စိတ်မကောင်း။ စိုးရိမ်စိတ် များကြောင့် သတိလက်လွတ်ဖြစ်နေသည့်ရှိန်းကို သတိဝင်အောင် ပခုံးနှစ်ဖက်မှကိုင်ပြီးလှုပ်ခါလိုက်ရသည်။

" ရှိန်း သတိထားစမ်း။ ငါတို့ဆေးရုံလိုက်သွားရမယ်လေ။
ဘယ်ဆေးရုံလဲဆိုတာ မင်းသိလား "

" သိ ... သိတယ် "

" သိရင် အခုလိုက်သွားရအောင် "

ရှိန်းကိုဆွဲခေါ်ကာ ပြေးထွက်ခဲ့သည့်ကိုယ့်လက်ဖျားများသည်အေးစက်ကာနေပေလိမ့်မည်။ ကိုယ်နှင့်ရှိန်းကို ပြုစုပေးခဲ့သူ၊ကိုယ်နှင့်ရှိန်းကို အရိပ်တစ်ခုသဖွယ်မိုးပြီး တံတိုင်းကြီးတစ်ခုပမာကာရံပေးခဲ့သူ။ ကိုယ်တို့နှစ်ယောက်အတွက် မိသားစုတွေကြားထဲက ချစ်ခြင်းမေတ္တာနှင့်သံယောဇဉ်ဆိုတာကို သိနားလည်အောင်နွေးထွေးပေးခဲ့သူ။ အရိပ်ခိုလှုံစရာရွှေတောင်ကြီးပြိုသွားမှာကြောက် လှ၏။ ကြီးငယ် ဘာမှမဖြစ်ပါနှင့်ဆိုသည့်ဆုတောင်းကိုသာ အကြိမ်ရာထောင်ချီဆုတောင်းနေမိတော့သည်။

ဆေးရုံကိုရောက်သည့်အချိန် ကုတင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေသည့်ကြီးငယ်။ ပိတ်ဖြူစကို မျက်နှာအထိလုံအောင်ခြုံလွှမ်းထား၏။ ကြီးငယ်ဘာမှမဖြစ်ပါစေနှင့်လို့ လမ်းတစ်လျှောက်လုံးဆုတောင်းပေးခဲ့သည့် ကိုယ့်ဆုတောင်းကို ဘယ် ဘုရား၊ ဘယ်တန်ခိုးရှင်မှကြားဟန်မတူ။ သေခြင်းတရားဆိုတာကို မျက်မြင်ကိုယ်တွေ့ကြုံရဖို့ ကိုယ်တို့အရွယ်တွေသည်ငယ်သေးတယ်ထင်တာပါပဲ။ လောကဓံက ရက်စက်လွန်းလှလေသည်။ ရှိန်း၏ ကလေးငယ်ပမာ အော်ဟစ်ငိုကြွေးသံသည် ကမ္ဘာပျက်သံထက်ကို ပိုပြီးကျယ်လောင်လေသည်။ ကိုယ့်လိုပဲသေခြင်းတရားကို ပထမဆုံးမျက်မြင်ကြုံရသည့်ကောင်လေး ၏ ထိတ်လန့်မှုနှင့်ဝမ်းနည်းမှုက ဖြေဆည်နိုင်စရာမရှိချေ။

" ဦးနှောက်သွေးကြောပြတ်သွားတာ ၊ ဆေးရုံကိုရောက်လာတဲ့အချိန် အသက်ပါမလာတော့ဘူး " ဆိုသည့်မှတ်ချက်ဖြင့် ကြီးငယ်သည် ကိုယ်နှင့်ရှိန်းကိုလောကကြီးအလယ်တွင်မျက်နှာငယ်ရအောင်ချန်ထားခဲ့လေပြီ။ သူပြုစုခဲ့ရသည့်ကလေးနှစ်ယောက် အနားမှာရှိနေလျှင် ထားခဲ့ရမှာစိတ်မချလို့ သေလမ်းမဖြောင့်မှာစိုး၍ ကိုယ် တို့မျက်စိကွယ်ရာမှာသွားပြီး ဘဝကူးခဲ့လေသလားမသိနိုင်တော့ပါ။ အခုတော့ ပြုံးယောင် သန်းနေသည့်မျက်နှာလေးဖြင့် လောကကြီးကိုရော ကိုယ်နဲ့ရှိန်းကိုပါ နှုတ်ဆက်ထွက်ခွာသွားခဲ့လေတော့သည်။ အပူတွေမယူဆောင်သွားချင်သူအား တမလွန်မှာအေးချမ်းစေဖို့ ကိုယ်မျက်ရည်ပင်မကျရဲချေ။ ရှိန်းကတော့ ငိုကြွေးနေလေပြီ။

" အားးး မဟုတ်ဘူးလို့ ကြီးငယ်မသေဘူးလို့။ ဘာလို့ ကြီးငယ်ကသေရမှာလဲ။ ပြန်ခေါ်ပေး ကြီးငယ်ကိုပြန်ခေါ်ပေး။အလင်းရေ ကြီးငယ်ကိုပြန်ခေါ်ပေးပါ။ ဒီလိုကြီးထွက်သွားလို့မရဘူးလို့ပြောပေးလေ ။ ၇ရက်ထဲ တရားစခန်းကိုသွားမယ်လို့ငါ့ကိုသေချာပြောခဲ့တာ။ ဒီလိုထားခဲ့လို့မရဘူးလို့။ ပြန်ခေါ်ပေးပါ ကြီးငယ်ကိုပြန်ခေါ်ပေးပါအလင်းရယ် "

ကလေးငယ်လိုအော်ဟစ်ငိုကြွေးနေသောရှိန်းကို ရင်ခွင်ထဲမှာတင်းနေအောင်ဖက်ပေးထားမိ၏။ ငိုကြွေးနေသောကောင်လေးသည် အသိစိတ်လွတ်နေကာ ကြီးငယ်ခန္ဓာကိုယ်ကိုဆွဲချဖို့ပြင်နေသည်။ နောက်ဆုံး သူစိတ်တိုင်းကျမလုပ်ရသည့်အခါ ကိုယ့်ရင်ဘက်တွေကို တဒုန်းဒုန်းထုရိုက်လာလေတော့၏။

" မရဘူးလို့ ကြီးငယ်ထွက်သွားလို့မရဘူးလို့။ ငါ့မှာချစ်ရတဲ့သူ နှစ်ယောက်ထဲရှိတာကို ကြီးငယ်ကဘာလို့ထားသွားရတာလဲ။ ငါချစ်တဲ့လူကို ငါ့အနားကနေ ဘာလို့ခေါ်သွားရတာလဲ"

ရှိန်းတစ်ခုခုဖြစ်မှာစိုးရိမ်မိတာကြောင့် ရင်ခွင်ထဲထည့်ပြီး
ကလေးတစ်ယောက်လိုထွေးပိုက်ထားမိ၏။ သူ့ကိုချော့မြူသည့်အခါ ကိုယ်လုပ်နေကြပုံစံအတိုင်း ကျောကုန်းလေးကိုအသာဖွဖွပွတ်သပ်နေမိသည်။

" ငါရှိတယ်လေရှိန်းရယ်။ ငါရှိနေသေးတယ်လေ။ ငါက မင်းကို ကြီးငယ်အစား ပိုပြီးဂရုစိုက်ပေးမယ်နော်။ ငါကတိပေးတယ်။ ငါကတိပေးလို့ စိတ်လျော့ပါရှိန်းရယ် ။ မင်းမှာငါရှိနေသေးသလို ငါမှာလဲမင်းပဲရှိတော့တာမို့ မင်းတစ်ခုခုဖြစ်မှာစိုးရိမ်နေတဲ့ငါ့ကိုလဲသနားပါဦးကွာ "

သည်းထန်စွာငိုကြွေးနေမှုသည် ခဏအကြာတွင်တိတ်သွား၏။ထို့နောက်တွင် ရှိန်း၏ခန္ဓာကိုယ်လေးသည့်ပျော့ခွေသွားလေတော့သည်။

" ရှိန်း! !!! "

စိုးရိမ်စိတ်ကြောင့်ကျယ်လောင်စွာအော်ခေါ်သံသည် ဆေးရုံအခန်းတွင်းပျံ့လွင့်လာတော့၏။

*
*
*
*
*
*
*
*

ဆေးဆိုင်ကပြန်အမ်းငွေကိုယူပြီး လက်ထဲကဆေးထုတ်လေးကိုကြည့်မိသည်။ ဆေးလေးသောင်းနီးပါးဖိုးနှင့် ပြန်အမ်းငွေငါးထောင်ကျော်။ ကြီးငယ်မရှိသည့်နောက်ပိုင်း ဂေဟာကိုပြန်မသွားသည့် ရှိန်းနဲ့ကိုယ်နှစ်ယောက် ၏ရှေ့ရေးသည့် ကိုယ့်ပခုံးပေါ်ရောက်လာတော့သည်။ နာရေးဖြစ်ပြီးသည့်နောက်ပိုင်း စိတ်ကျန်းမာရေးပိုမိုဆိုးဝါးလာသည့်ရှိန်းသည် ဆေးရုံတွင်သာအနေများရလေတော့သည်။ ကြီးငယ်ရှိစဉ်ထဲကရနေသည့် အလုပ်ထဲမှာငွေကြေးအနည်းငယ်သည် ဆေးဖိုးပင်မလောက် ငှတော့ချေ။ လူနာတစ်ဖက်နှင့်ဖို့ ခြံထွက်သီးနှံလေးတွေကိုလည်း အချိန်မပေးနိုင်တော့ ။ နောက်ဆုံး ရရာအလုပ်ဝင်လုပ်ပြီး ဆေးရုံစရိတ်ရှာရတော့၏။

ကုန်ထမ်းရမလား။ ပန်းရံဝင်လုပ်ရမလား။ အချိန်ပိုင်းလေးနှင့်လုပ်လို့ရသည့်အလုပ်အားလုံးလုပ်ခဲ့သည်။ ရှိန်းအတွက်ကြောင့်ဆိုသည့်စိတ်ဖြင့် နည်းနည်းမှမပင်ပန်းခဲ့။ ဒီလိုနဲ့ရုန်ကန်နေရင်းအချိန်အားဖြင့် တစ်နှစ်စွန်းစွန်းလောက်အချိန်ကိုရောက်လာခဲ့တော့သည်။

အသက်၁၆နှစ်ကျော်လင်းမြတ်သည် လောကဓံ၏ရိုက်ပုတ်မှုကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုမှာ အခြားရွယ်တူကလေးတွေထက် သာ၏။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်လိုဖြစ်နေသည့်ကိုယ့်အတွက် ကာယအားကိုသုံးပြီးအလုပ်ရှာရတာသိပ်တော့မခက်ချေ။ မိဘမဲ့လူငယ်မို့ အလုပ်ထဲ မတရားခေါင်းပုံဖြတ်မှုများကို မကြာခဏကြုံခဲ့ရပြီးသည့်နောက်တွင် ဘယ်သူ့ကိုမှသည်းမခံတတ်တော့ပဲ လက်တုန့်ပြန်တတ်လာတာကြောင့် လင်းမြတ်နိုင်ဟုဆိုလျှင် လူမိုက်မို့ဝေးဝေးရှောင်ဟုပြောလာကြတော့သည်။

အလုပ်ပြန်တာနောက်ကျသည့်ဒီနေ့တော့ ရှိန်းရှိနေသည့်ဆေးရုံကို မိုးအနည်းငယ်ချုပ်မှသာသွားနိုင်တော့မည်။ မှောင်ရိပ်ကျသည့်လမ်းလေးထဲ ဖြစ်သွားဖြတ်လာလူရှင်းနေ၏။ ကားစီးလျှင်ပိုက်ဆံအပိုကုန်မည်ဆိုးတာကြောင့် ဆေးရုံကိုအမြန်ရောက်မည့်ဖြတ်လမ်းမှ လမ်းလျှောက်လာခြင်းဖြစ်၏။ ဆေးရုံသို့မရောက်မီ လူဆက်ပြတ်သောနေရာအရောက် လူငါးယောက်လောက်ရှိနေသည့် ရန်ပွဲတစ်ခုကိုတွေ့လိုက်ရတော့သည်။

ကိုယ်နှင့်မဆိုင်သည့်ရန်ပွဲမို့ နောက်ကြောင်းပဲပြန်လှည့်ရမလားဆိုသည့်အတွေးဖြင့် ခဏလေးရပ်ပြီးတွေးနေမိတုန်း ရန်ပွဲကိုနောက်တစ်ကြိမ်ကြည့်မိလိုက်သည်။ လူငါးယောက်ဆိုသော်လည်း သုံးယောက်နှစ်ယောက်လိုမျိုး မျှတပြီးလက်ရည်တူရန်ပွဲတော့မဟုတ်ချေ။ လေးယောက်တစ်ယောက် တစ်ဖက်စောင်းနင်းပွဲ။ လေးယောက်တစ်ဖွဲ့လူတွေသည် လူကောင်ပိုထွားကြသေည်လည်း တစ်ယောက်သမားက ကိုယ်ခံပညာပိုပြီးကျွမ်းကျင်ပုံရလေသည်။ သို့သော်လည်း တစ်ဖက်လူတွေက သေစေလောက်သည့်ဓားတွေပါ,ပါနေစဖြင့် ဒီတိုင်းရပ်ကြည့်နေရတာအဆင်မပြေတော့ချေ။ ရန်ပွဲကိုဝင်ပါရမလား မပါရမလားတွေဝေနေမိ၏။

ကိုယ်ပြန်လာမှာကို တစ်ယောက်ထဲစောင့်နေမည့် ရှိန်းမျက်နှာ လေးကို မြင်ယောင်မိသည့်အခိုက်အတန့် ငါသေလို့မဖြစ်ဘူးဆိုသည့်အတွေးက ချက်ချင်းဝင်လာပြီး ထိုနေရာမှ လှည့်ထွက်လာလိုက်သည်။

" ဟေ့ ငါ့ကိုကူပေးပါ မင်းလိုချင်တာငါပေးမယ် "

တစ်ယောက်ထဲသမားဆီမှ အသံဖြစ်ပုံရလေသည်။ ညာသံပေးတိုက်ခိုက်နေမှုကပိုမိုပြင်းထန်နေ၏။ နောက်ကိုပြန်လှည့်ကြည့်မိတော့

" မင်း ငါ့ကိုကူပေးရင်း မင်းလိုသမျှငါပေးနိုင်တယ် "

တစ်ဖက်ဆီမှကမ်းလှမ်းမှုသည် မက်မောစရာတော့ကောင်း၏။ သို့သော်လည်း သိပ်တော့မယုံကြည်။ ဒီတိုင်းရပ်နေတုန်းမှာပင်လေးယောက်အဖွဲ့မှာတစ်ယောက်သည် ကိုယ့်ဆီပြေးဝင်လာရင်း ကိုယ့်မျက်နှာဆီ လက်သ်ီးတစ်လုံးပစ်သွင်းလာတော့၏။

" ဝှီး "

" မသေချင်ရင် ဝေးဝေးနေစမ်း ငါ- ိုးမသား "

မျက်နှာဆီ တည့်တည့်ဝင်လာသည့်လက်သီးကိုရှောင် လိုက်တော့ လေတိုးသံကိုသာကြားလိုက်ရသည်။ မဆီမဆိုင်တိုက်ခိုက်ခံရပြီး ရိုင်းစိုင်းစွာအဆဲခံလိုက်ရတာကြောင့် ဒေါသထွက် သွားရလေတော့သည်။ ကိုယ်ဆီဝင်လာသည့်လက်သီးကို ဖမ်းချုပ်လိုက်ပြီး ထိထိမိမိလိမ်ချိုးလိုက်တော့၏။

" အား!! "

တစ်ဖက်လူ၏နာကျင်စွာအော်ဟစ်သံနှင့်အတူ မမျှတသည့်ရန်ပွဲသည် လေးယောက်နှစ်ယောက်အနေအထားသို့ ရောက်သွားရတော့၏။ တစ်ယောက်ထဲကိုတောင်မနိုင်သည့် ငတိတွေမှာ နှစ်ယောက်ဖြစ်လာတော့ သိပ်မကြာခင်ပဲမြေပေါ်မှောက် သွားရလေတော့သည်။ ရန်ပွဲငြိမ်သွားသည့်အချိန် အကူအညီတောင်းသူက ကိုယ့်လက်ကိုလှမ်းဆွဲပြီး ထိုနေရာမှလျင်မြန်စွာပြေးထွက်လာတော့၏။ ဘုမသိဘမသိဖြင့် ထိုလူနောက်အပြေးလိုက်နေရသော်လည်း မြေပေါ်တွင်ပြန့်ကျဲကျန်နေခဲ့သည့် ဆေးကဒ်လေးတွေကို သံယောဇဉ်မပြတ်လှည့်ကြည့်နေမိသည်။

" ဟေ့! ဟေ့လူ ကျွန်တော်ဆေးတွေပြန်ကောက်ဦးမယ်လို့။ လေးသောင်းကျော်ဖိုးတောင်ပြန်မဝယ်နိုင်ဘူး "

" ငါပြန်ဝယ်ပေးမယ် ။ မင်းပြန်သွားပြီးသေချင်နေတာလား "

" အဲဒါ ခင်ဗျားကြောင့်လေ "

" ငါ့ကို အပြစ်တင်မနေစမ်းနဲ့ ။ ငါ့ကိုကူညီလို့ မင်းဘယ်လိုတောင်အကျိုးအမြတ်တွေရမလဲဆိုတာသိရင် ငါ့ကိုကျေးဇူးတင်သွားလိမ့်မယ် "

ပြေးရင်းနှင့်ပင် လမ်းမကြီးပေါ်သို့ရောက်လာရတော့သည်။အချိန်ကိုက်ဆိုသလို ကိုယ်တွေအရှေ့သို့ကားနှစ် စီးရောက် လာ၏။ အနောက်ဖက်က ကားတံခါးပွင့်သွားပြီး လူသုံးယောက်ဆင်းလာလေသည်။ ကိုယ့်အရှေ့မှလူအနားကို အပြေးရောက်လာပြီး

" ဆရာ ဘာဖြစ်သွားသေးလဲ ၊ ကျွန်တော်တို့လဲ သိသိချင်းအမြန်ထွက်လာခဲ့တာပါ "

" ငါ ဘာမှမဖြစ်ဘူး ဒီကောင်လေးရောက်လာတော့မြန်မြန်ပွဲသိမ်းလိုက်နိုင်တယ် "

ကိုယ့်ကိုဒီကောင်လေးဆိုပြီးပြောလာသူအား ညမီးရောက်အောက်တွင် သေချာကြည့်မိသည်။ အသက်အားဖြင့် ကိုယ် နဲ့အတော်ပင်ကွာမည့်သူအား ထင်ထင်ရှားရှားမြင်လိုက်ရ၏ ။ချောမောမှုနှင့် တည်ကြည်ခန့်ညားမှုတို့ကိုပေါင်းစပ်ထားသူသည် အသက်အန္တာရာယ်နှင့်ကြုံခဲ့ရတာကို နည်းနည်းမှပင်ကြောက် ရွံနေပုံမရချေ။ စောစောက ကိုယ့်လက်ကိုဆွဲပြီး ထွက်ပြေးခဲ့ခြင်းသည် ကိုယ်အန္တာရာယ်နှင့်ထပ်ပြီးကြုံမှာစိုးလို့ဖြစ်ပုံရ၏။ ဇိမ်ခံကားလားဘာလား မသိနိုင်သောကားသည် တန်ဖိုးတော့အတော်ကြီးပုံရသည်။ ကားထဲကို ကိုယ်ပါအတူဝင်ရသည့်အခါ

" ကိုယ့်ကိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ အခန့်မသင့်ရင် မင်းထိခိုက်သွားနိုင်တာကိုသိရက်နဲ့လေ "

" ကူညီတာမဟုတ်ပါဘူး အကြောင်းတိုက်ဆိုင်လို့ပါ"

" ဘယ်လိုပဲဖြစ်ဖြစ် ကူညီတဲ့အတွက် မင်းလိုချင်တာပြောပါ၊ ဖြစ်နိုင်တဲ့အရာမှန်သမျှ ကိုယ်ပေးပါ့မယ်"

" ဆေးတွေပဲပြန်ဝယ်ပေးပါ "

ကိုယ့်တောင်းဆိုမှုကြောင့် အံ့သြသွားပုံရသော်လည်း စကားအပိုမပြောချေ။ ဆေးဆိုင်တစ်ဆိုင်တွင် လိုအပ်သည့်ဆေးတွေပြန်ဝယ်ပေးလာ၏။

" ဘယ်ကိုပို့ပေးရမလဲ "

ရှိန်းရှိနေသည့် ဆေးရုံတည်နေရာကိုပြောလိုက်တော့သည်။ဆေးရုံရှေ့ကိုအရောက် ကားပေါ်ကဆင်းတော့ ကားမှန်ကိုချကာ စကားတစ်ခွန်းပြောလာလေ၏။

" ကူညီပေးတာ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်တွေ့ကြရအောင်။ အော်! ဒါနဲ့ ကိုယ့်နာမည်ကိုလဲမှတ်ထားပါဦး။ ကိုယ့်နာမည်က မကိုဋ်ထွဋ်ခေါင်ပါ ။ တွေ့ရတာ ဝမ်းသာပါတယ်ကောင်လေး "

Eros_90

25.1.2024 ( ၈ နာရီ ၄၀ မိနစ် )
28.1.2024 Update ရှိ။

A/N - My Husband Hates Me ကိုဖတ်ဖူးသူတွေအတွက် မကိုဋ်ကိုသိပေမဲ့ မဖတ်ဖူးတဲ့သူတွေအတွက် ကျွန်တော်တို့ရဲ့လူဆိုးလေး မကိုဋ်ထွဋ်ခေါင်ရဲ့ပုံကို ထည့်ပေးထားပါတယ်။












Continue Reading

You'll Also Like

278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
38.8K 4.5K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ