He is Mine

By Ahthayy

3.2K 389 9

hanibani short story More

He is Mine 1
He is Mine 2
He is Mine 3
He is Mine 4
He is Mine 5
He is Mine 6
He is Mine 7
He is mine 8(1)
He is Mine 8(2)
He is Mine 9
He is Mine 10
He is Mine 11
He is Mine 12
He is Mine 13
He is Mine 15
He is mine 16
Valentine Day Special
He is Mine 17
He is Mine 18
He is Mine - final
Extra

He is Mine 14

121 20 0
By Ahthayy

" ကိုယ်တို့ ဟိုတယ်တယ်မှာပဲ တည်းရအောင်"

" ကျွန်တော်က Binnအဆင်ပြေရင်ရတယ် "

" အင်း ၊ ပါးပါးမရှိတဲ့အိမ်ကို မသွားနေချင်လို့"

ထို့နောက် နှစ်ဦးသား ဆေးရုံးနှင့်အနီးအနားဟိုတယ်တွင် ‌တည်းလိုက်ပြီး ပင်ပန်းနေသောကြောင့် ဟိုတယ်ရောက် ၊ အခန်းယူပြီးသည်နှင့် တစ်ချိုးတည်းအိပ်ပျော်သွားခဲ့ကြတော့သည်။king sizeကုတင်ပေါ်တွင် ပူးကပ်စွာ အိပ်နေကြသော လူငယ်လေးနှစ်ယောက်သည် လွန်စွာလိုက်ဖက်လျှက်။

အရင်ဆုံးနိုးလာသူမှာ ဆွန်းဟန်ဖြစ်ပြီး သူ၏အတွင်းရေးမှုး ဖုန်းခေါ်သဖြင့် ဖုန်းသံကြောင့်နိုးလာရသည်။အလုပ်တွင် ပြဿနာပေါ်နေပြီး ဆွန်းဟန်ကိုယ်တိုင်ဖြေရှင်းပေးမှရမည့်အကြောင်း လှမ်းပြောခြင်းပင်။ထို့ကြောင့် ဆွန်းဟန်စိတ်ရှုပ်သွားရပြီး မပြန်မဖြစ်မနေအထားဖြစ်သည်မို့ ပြန်လာခဲ့မည့်အကြောင်းသာပြောရတော့သည်။

" ငါ ‌မနက်ဖြန်တော့ပြန်လို့မရသေးဘူး၊ သဖက်ခါမနက်ပြန်ခဲ့မယ် အဲ့အချိန်ထိအဆင်ပြေအောင်လုပ်ထားပေး ၊ အဆင်မပြေရင် ဒယ်ဒီ့ကိုအကူ‌အညီတောင်းထား "

"ဟုတ်ကဲ့ပါအကိုလေး "

" ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ် "

ဖုန်းပြောပြီးသည်နှင့် အိပ်နေသူအား
ဆွန်းဟန်ကြည့်နေမိသည်။ဖြောင့်စင်းနေသည့်နှာတံချွန်ချွန်လေး ၊ စီးကရက်တွေမသောက်တော့တာကြောင့် သိသာစွာရဲဆွေးလာသည့် နှုတ်ခမ်းလေး ၊ ထို့နောက် မေးရိုးပေါ်က ဆွန်းဟန်သဘောကျရသည့် မှည့်နက်လေး ။ ဆွန်းဟန်မသိလိုက်ခင်မှာတင် ထိုမှည့်နက်လေးထက်အနမ်းခြွေမိသွားပြီဖြစ်သည်။ထို့နောက် ပြောင်းလဲမှုတွေဖြစ်ပေါ်လာသော ခန္ဓာကိုယ်ကြောင့် ရေချိုးခန်းသို့ ဦးတည်ရပါတော့သည်။

ဆွန်းဟန် ရေချိုးခန်းကထွက်လာသည့်တိုင် Binn ကမနိုးသေး။ထို့ကြောင့် နိုးလာလျှင်အဆင့်သင့်စားဖို့ရန် ဟိုတယ်မှ Binnကြိုက်လောက်မည့်အစားအစာများကိုရွေးချယ်ကာမှာလိုက်သည်။ခေါင်းလျှော်ထားသည်မို့ ရေစက်လက်ကျနေ‌ကာ တဘက်တစ်ထည်သာ ခါးမှာပတ်ထားတာ‌ကြောင့် ဆွန်းဟန်သည် အကြည့်မလွှဲချင်စရာပင်ဖြစ်ပြီး လွန်စွာဆွဲဆောင်မှုရှိနေသည်မှာ ငြင်းမရ ။

" ခေါင်းကို ရေပြောင်အောင်သုတ်လေ
ဆွန်းဟန်..."

ဆွန်းဟန်ကို စောင်ခြုံထဲမှ ကြည့်ကာပြောလာသည့်Binnက ယခုမှ အိပ်ယာနိုးပုံပင်။

" Binn နိုးပြီလား ၊ ကျွန်တော် မင်းနိုးရင်စားဖို့ မုန့်မှာထားတယ် ခဏနေရောက်မယ်ထင်တယ် "

" အင်း "

" ဘာလို့လဲ နေမကောင်းဘူးလား Binn "

အပြောထက် လက်မြန်သော ဆွန်းဟန်က Binn နဖူးပေါ်လက်ရောက်နေပြီပင်။မျက်နှာထက်အနည်းငယ်ရဲနေသော်လည်း ကိုယ်ပူချိန်ဟာပုံမှန်အတိုင်းသာ။

" ကိုယ်တော့မပူပါဘူး "

" ကိုယ်ဘာမှမဖြစ်ပါဘူး ၊ မင်းသာအင်္ကျီဝတ်စမ်းပါ "

" Binn မဟုတ်မှ... "

" ဘာလဲ  အင်္ကျီအမြန်သွားဝတ်စမ်းပါ ၊ အအေးပတ်တော့မှာပဲ ပြီးရင် ကိုယ်မင်းခေါင်းကိုသုတ်ပေးမယ်  မြန်မြန်သွားဝတ်"

ထို့နောက် ဆွန်းဟန်သည် Wonbin ဘေးမှထသွားလိုက်ပြီး အင်္ကျီသွားဝတ်ပါတော့သည်။သူယူလာသောအင်္ကျီများတွင် အများဆုံးက Binn ၏အဝတ်အစားများပင်။

" ဆွန်းဟန် မင်း ကိုယ့်အင်္ကျီအဟောင်းတွေကိုမရိုးနိုင်ဘူးလား "

" ကျွန်တော်ကြိုက်လို့လေ ၊ Binn ရေချိုးတော့လေ ကျွန်တော်ဘာသာသုတ်လိုက်မယ်"

ဆွန်းဟန် သည် Wonbin နှင့်အနေကြာလာသည်နှင့်အမျှ Binnဟာရေချိုးရန်ပျင်းသောလူတစ်ယောက်ဆိုတာသိလာရသည်။သို့သော် ရေချိုးခန်းထဲဝင်ဖို့ရန်ပျင်းတာသာဖြစ်ပြီး Binnတစ်ခါရေချိုးလျှင်နာရီနှင့်ချီပြီးကြာတတ်လေသည်။ထို့ကြောင့်ဆွန်းဟန်မှာ ရေချိုးလျှင်မကြာဖို့ရန် အမြဲသတိပေးနေရသည်။

" လာပါကွာ ကိုယ်သုတ်ပေးချင်လို့ပါ "

ထို့နောက်ဆွန်းဟန်ဟာအထွန့်မတက်တော့ပဲ သူ့ဦးခေါင်းထက်၌ ငြင်သာစွာရွှေ့လျားနေသော လက်ချောင်းလေးများကိုသာ အာရုံစိုက်နေပါတော့သည်။ခဏအကြာ၌ မှာထားသော အစားအစာများရောက်လာသည်မို့ လူညစ်ပတ်လေးဟာ ရေမချိုးပဲ လာပို့သည့်မုန့်များကိုစားပါတော့သည်။စားပြီးတော့လည်း ဆွန်းဟန်နောက်သို့ တစ်ကောက်ကောက်လိုက်ကာ ပတ်ရှုပ်နေတော့သည်။

" Binn ပါးပါးဆီ သွားမှာဆို ရေချိုး‌လေ "

" ချိုးပါ့မယ်ဗျာ "

" အရမ်းမကြာနေနဲ့နော် "

" သိပါတယ် ရေချိုးတိုင်းမှာနေတော့တာပဲ "

" မင်းကနားထောင်လို့လား ပြောပါအုံး...
ကျွန်တော့်ကို "

ဆွန်းဟန် စကားကြောင့် Binnဟာနှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ရေချိုးခန်းဝင်သွားပါတော့သည်။ထို့အခါမှ Laptop ကိုဖွင့်ကာ အလုပ်မှပြဿနာများအား ဖြေရှင်းရမည့်နည်းလမ်းကို အတွင်းရေးမှုးများနှင့်ဆွေးနွေးအဖြေရှာနေတော့သည်။

//

" Binn တကယ် ဘာမှမဖြစ်တာသေချာတယ်နော် "

" တကယ်ပါဆိုကွာ "

" ကျွန်တော်မှားတာပါ ၊ Binnကိုရေမချိုးခိုင်းသင့်ဘူး "

" ကဲ...ကိုယ်ဘာမှမဖြစ်ဘူးဆိုကွာ ၊ မျက်နှာကိုပြင်ပါအုံး ပါးပါးမြင်ရင် ဘယ်သူသေလို့လဲမေးနေပါအုံးမယ် "

အကြောင်းမှာ ဆွန်းဟန် အစည်းအဝေးလုပ်နေသည့်တစ်လျှောက် Binnကိုမေ့သွားပြီး သူအစည်းအဝေးပြီးသည့်အချိန်ထိ Binnဟာရေချိုးလို့မပြီးသေး။ 45မိနစ်လောက်ရေချိုးနေသူသည် ပါးပါးဆီလာခါနီးတွင် ကိုယ်လေးနွေးတေးတေးဖြစ်နေသည်မို့ ဆွန်းဟန်ယခုလိုဖြစ်နေခြင်းပင်။

" Binn ကကွာ "

Wonbin ဘာမှမပြောတော့ပဲ ဆွန်းဟန်လက်ကောက်ဝတ်ကိုဆွဲကိုင်ရင်း ပါးပါးအခန်းထဲဝင်ခဲ့တော့သည်။

" သားငယ် ဘာလို့ထပ်လာတာလဲ နားတာမဟုတ်ဘူး "

" ခဏဝင်ကြည့်တာပါးပါး လမ်းကြုံလို့ "

ဆွန်းဟန် မျက်ခုံးနှစ်ဖက် မြင့်တက်သွားရပြီး ဝယ်လာသောအသီးခြင်းအား ပါးပါးဘေးကအမျိုးသမီးအားပေးလိုက်သည်။

" ဘာလို့ဝယ်လာတာလဲသားရယ် "

" ကျွန်တော်‌ မနက်က လက်ဗလာနဲ့လာခဲ့ရလို့ပါ အားမနာပါနဲ့ဗျ အန်တီတို့ညဘက်စားလို့ရအောင်ပါ "

" ကျေးဇူးပါပဲသားရယ် "

အပြုံးနဲ့ဆိုလာသူကို ဆွန်းဟန် ပြန်လည်ပြုံးပြလိုက်ရင်း Binn ဘေးနာသို့သွားကာဝင်ထိုင်လိုက်သည်။သူ့တွင် ပါးပါးအား ပြောစရာစကားတို့မရှိပါသည့်တိုင် Binn အနားတွင်မနေရလျှင်မနေနိုင်သည်မို့ ။

" မနက်ကျ ဆေးရုံဆင်းခဲ့နီးမှလာခဲ့ "

" ဟုတ်ပါးပါး "

နှစ်ယောက်လုံးဆီမှဖြေသံထွက်လာပြီးနောက် ဆွန်းဟန်ထံသို့ အနားမှသုံးယောက်စလုံးဆီမှ အကြည့်တွေကရောက်လို့လာသည်။ဆွန်းဟန်ကတော့ မသိချင်ယောင်ဆောင်ကာ သူမပြောလိုက်သလိုအေးဆေးပင်။မျက်လုံးပြူးရသည်မှာ Park မျိုးနွယ်နှစ်ယောက်တည်းသာဖြစ်ပြီး အန်တီကြီးကတော့ပြုံး၍သာနေသည်။

အတော်အတန်ကြာ စကားပြောပြီးသွားတော့ပြန်ဖို့ လုပ်လိုက်ပြီး Wonbinနှင့်အတူ
ဆွန်းဟန်ပါးပါးကိုသေချာနှုတ်ဆက်လိုက်ကာ ပြန်လာခဲ့တော့သည်။ယခုည စကားဝိုင်းမှ ပါးပါးနှင့် အတော်အတန်ရင်းနှီးလာပြီလည်းဖြစ်သည်။

ထိုနေ့ညတွင် ဟိုတယ်ကိုသာတန်းပြန်ခဲ့ပြီး ဘယ်မှလျှောက်မလည်ဖြစ်သလို မနက်တွင်လည်း ပါးပါးဆေးရုံဆင်းဖို့ရန်အတွက် ဆေးရုံသို့စောစောရောက်နေတော့သည်။ထို့ကြောင့် နှစ်ဦးစလုံး ပါးပါးဆီမှအဆူခံခဲ့ရပြီး ပါးပါးအမျိုးသမီးကတော့ ဆွန်းဟန်တို့အတွက်နေ့လည်စာပြင်ရန်ဟုဆိုတာ ဆေးရုံမှစောစောပြန်သွားတော့သည်။တကူးတကမလုပ်နှင့်ဆိုလည်းမရ။တစ်ခါတစ်လေမှ ရောက်လာသူအား သူချက်ကျွေးပါရစေဟုဆိုတာမို့ မတားတော့ ။

ထို့နောက် နေ့လယ်ခင်းပိုင်းတွင် Binn နေထိုင်ခဲ့ဖူးရာ အိမ်လေးဆီသို့ရောက်ခဲ့ဖူးပြီဖြစ်သည်။ ပါးပါး၏ ကလေးနှစ်ယောက်ကိုလည်း ထိုအခါဆွန်းဟန်သေချာမြင်ဖူးသည်။အငယ်ဖြစ်ဟန်တူသော ကလေးမလေးက ပါးပါးအငယ်နည်းငယ်ရုပ်ဆင်ပြီး မီယွန်းနှင့်ရွယ်တူလောက်ဟုထင်ရသည်။နောက်တစ်ယောက်ကတော့ ဆွန်းဟန်တို့ထက်ကြီးပုံပေါ်ပြီး ဒီအိမ်၌မည်သူနှင့်မှမတူသောလူပင်။

" ဗိုက်ဆာကြပြီလား ‌၊ ဟင်းပွဲပြင်လိုက်တော့မယ်နော် " ဟုပြောလာသော အန်တီကြီး၏အပြုံးများသည် ချိုမြလျက်။

ထို့နောက် လူစုံတက်စုံဖြစ်နေသော ထမင်းဝိုင်းလေးအစပျိုးခဲ့တော့သည်။

~

" သား... သားရဲ့ပန်းချီခန်းကို ညီမလေးအတွက်သုံးလိုက်မိတယ်ကွယ် အန်တီအားနာပါတယ် သားရဲ့ပန်းချီတွေအကုန်လုံး သားအခန်းထဲမှာ ပြောင်းထည့်‌ထားတယ် ၊ သားအခန်းကိုဒီတိုင်းလေးပဲထားချင်လို့ အခန်းပိုလည်းမရှိတော့လို့ပါ "

နဂိုတည်းက သားအဖနှစ်ယောက်တည်းမို့ အခန်းများများစားစားမရှိပါ။အခန်းလွတ်တွေမြင်ရင် သတိရစိတ်တွေပိုလာမည်ဆိုး၍ မထားခဲ့ခြင်းလည်း ဖြစ်လိမ့်မည်။

" ရပါတယ် ကျွန်တော်နားလည်ပါတယ် "

Wonbin ထိုမျှသာပြောလိုက်ပြီး ပါးပါးနှင့်စကားပြောနေသောဆွန်းဟန်ကိုငေးနေမိသည်။ထမင်းစားပြီးတည်းက ပါးပါးနှင့်ဘာတွေပြောသည် မသိ ။ Wonbin သည်လည်းသူတို့နားမသွားချင်သည်မို့ သူအခန်းရှိရာအပေါ်ထက်သို့တက်ခဲ့တော့သည်။

လူမနေတာကြာပြီ ဖြစ်သော်လည်း ထို့သို့မခံစားရ။ဖုန်တစ်စက်မရှိသော အခန်းသည် နေ့တိုင်းသန့်ရှင်းအလုပ်ခံထားရပုံပင်။ပိတ်စဖြူဖြင့် ဖုံးထားသော ပန်းချီကားချပ်များနှင့် နံရံတွင် ဒီတိုင်းထောင်ထားသော ပန်းချီကားချပ်များ။ ရှုခင်ပုံများသာအများဆုံးဖြစ်ပြီး ဆွန်းဟန်ကိုဆွဲထားသည့် ပန်ချီကားက လေးချပ်မျှသာရှိသည်။ပါးပါးကိုင်ပေါက်ထားတာတွေကလည်း နည်းမှမနည်းကိုး။

ပန်းချီးထဲတွင် ဆွန်းဟန် ခပ်ငယ်ငယ်ကပုံလေးတွေဖြစ်ပြီး သူခိုးလွမ်းခဲ့ရသည့်အတိတ်နေ့ရက်များပင်။သို့သော် သူပျော်ရွှင်ခဲ့ရသည့် နေ့ရက်များဆိုလည်းမမှား။သူ့ဘဝထဲ
ဆွန်းဟန်‌ စရောက်လာသည့်အချိန်မှစ ပေါ့ပါးလွတ်လပ်စွာပျော်ရွှင်ခဲ့ရတာချည်းသာ။17နှစ်ပြည့်မွေးနေ့မှာ ရလိုက်တဲ့လက်ဆောင်က တကယ်ကိုတန်ဖိုးကြီးလွန်းလှပါသည်။သူ့ကိုဆွန်းဟန်နှင့် တွေ့ဆုံခွင့်ပေးလိုက်သည်မလား။

//

" သားငယ်ကတော့ နေခဲ့အုံးမှာမလား "

" ဘာကိုလဲ ပါးပါး "

ညပိုင်းအချိန်အခါဖြစ်ပြီး ဧည်ခန်းဆိုဖာတွင် သုံးယောက်သားအတူ‌ရှိနေကြတာဖြစ်သည်။

" ဟုန်းဆွန်းဟန်က မနက်ဖြန်ပြန်တော့မယ်ပြောတယ် သားငယ်ကတော့နေခဲ့အုံးမယ်မလား "

ပါးပါးစကားဆုံးချိန်တွင် ဆွန်းဟန်ကိုအကြည့်ပေးလာသော Binn မျက်နှာထက်တွင် အံ့ဩဟန်တို့ပေါက်နေခဲ့ပြီး မျက်ဝန်းများကတော့ဝမ်းနည်းနေသယောင်။

" ကျွန်တော် နေခဲ့မှာပါးပါး "

" အင်း ပါးပါးတစ်‌ခါတည်းပြောထားအုံးမယ် သားပြန်ရင် ဟိုကအလုပ်‌တွေကိုသားကိုဦးစီးစေချင်တယ် သားဘက်ကဘယ်လိုသဘောရလဲ "

" ပါးပါးသဘောပါပဲ "

" ပါးပါးက သားသဘောကိုမေးနေတာ ၊ သားငယ်မလုပ်ချင်ရင် အတင်းမလုပ်ခိုင်းဘူး "

" ကျွန်တော် ဦးစီးပေးပါ့မယ် "

" ဒါဆို ပါးပါး သားပြန်ရင် ဂျီဝန်းကိုပါတစ်ခါတည်းထည့်လိုက်မယ် သူကသားနဲ့ရင်းနှီးတော့ ပိုစိတ်ချရတာပေါ့ "

" ဟုတ်ပါးပါး ကျွန်တော် လေညှင်းခံမလို့ ခြံထဲဆင်းအုံးမယ် "

စကားပြောသည့်တစ်လျောက် ပြောင်းလဲနေသော Binn မျက်နှာအား ပါးပါးကမရိပ်မိပေမယ့် ဆွန်းဟန်ကတော့ Binn မျက်နှာကိုသာကြည့်နေတတ်သူမို့ အနည်းငယ်ပြောင်းသွားလျှင်တောင်ဖမ်းမိတတ်သည်သာ။ထို့ကြောင့် ထ‌ထွက်သွားသော Binn နောက်သို့လိုက်ရန်အတွက် တာဆူနေမိသည်။

" ဟုန်းဆွန်းဟန် "

" ဟုတ်ပါးပါး ပြောပါဗျ "

" ပါးပါးသားကိုဂရုစိုက်ပေးပါကွယ် သားမေတ္တာက သူ့အတွက်ပိုလိုအပ်မှာပါ ၊ သားနွေးထွေးမှု ၊ဂရုစိုက်မှုတွေနဲ့ အဲ့ကလေးနေသားကျနေပါပြီ ပါပါးသားငယ်ကို သားဆီအပ်ပါတယ် "

" ဟုတ်ကဲ့ပါ ကျွန်တော် Binnကိုပျော်ရွှင်အောင်ထားမှာပါ "

" လိုက်သွားတော့လေ စိတ်ကောက်သွားပြီနဲ့တူတယ် "

" ဟုတ်ဗျ ဒါဆိုခွင့်ပြုပါအုံး "

ဆွန်းဟန်သည် Binn‌အားတွေ့ရန် လောခဲ့ပြီး အိမ်ရှေ့ဒန်းပေါ်တွင် ထိုင်နေသူအားတွေ့သည့်အခါ အလျင်အမြန်ပဲ ရောက်သွားတော့သည်။

" Binn ကျွန်တော်... "

" ကိုယ်တို့ ဒီနားလမ်းလျှောက်ထွက်ရအောင်"

ထို‌သို့ပြောကာ ထထွက်သွားသူအား
ဆွန်းဟန်သေချာအကဲခတ်မိရင်း ပါးပါးပြောသလိုတကယ်စိတ်ကောက်သွားတာဟုထင်မိသည်။သူတို့နှစ်ဦးကြား တတ်ဆိတ်နေသည်ကို ဆွန်းဟန်သဘောမကျ။

" ကျွန်တော့်အလုပ်မှာ ပြဿနာရှိနေလို့ရုတ်တရပ်စီစဉ်လိုက်ရတာပါ Binn ကိုတမင်မပြောတာမဟုတ်ပါဘူး "

"......"

" ပါးပါးကိုက အလုပ်ကိစ္စတိုင်ပင်ရင်းပြောဖြစ်သွားတာပါ ၊ ကျွန်တော်တကယ်တောင်းပန်ပါတယ် နောက်ဆိုဘာဖြစ်ဖြစ် Binn ကိုပြောပါမယ်နော် "

"......"

" Binnကဗျာ ၊ အဲ့လိုကြီးမလုပ်ပါနဲ့ ကျွန်တော့်ကိုတစ်ခုခုပြောပါအုံးဗျာနော် "

" ဘာပြောရမှာလဲ ကိုယ်ကဒီတိုင်းမင်းအလုပ်အဆင်မပြေဘူးဆိုလို့ စိတ်ပူရုံပါ"

" စိတ်မပူပါနဲ့ဗျာ ပြဿနာသေးသေးလေးပါ"

" ပြဿနာသေးသေးလေးဆို မင်းကိုယ်တိုင်ပြန်စရာမှမလိုတာ "

" ကျွန်တော်မပြန်ဘဲ နေရမလား Binn "

ဆွန်းဟန်စကားကြောင့် Binnကသူ့ကိုလှည့်ကြည့်လာသည်။သို့သော်ခဏမျှသာဖြစ်ပြီး ရှေ့သို့ ခပ်မြန်မြန်လျှောက်သွားကာ
ဆွန်းဟန် ကိုပင်မစောင့်။

" လာ...ဟိုနေမှာ ပန်းခြံရှိတယ် ထိုင်ရအောင်"

အတော်အတန်ကျယ်သော ပန်းခြံအတွင်း လူငယ်တစ်ယောက်စနှစ်ယောက်စသာရှိနေပြီး လမ်းမထက်တွင်သော လူသွားလူလာပေါများနေတုန်းပင်။လမ်းမီးတိုင်အောက်တွင် မြင်နေရသော ပန်းတချို့ရှိပြီး စိမ်းစိုနေသောမြင်ခင်းပြင်ထက်တွင်လည်း ပန်းတချို့ကြွေကျနေသေးသည်။

လမ်းမီးတိုင်၏အလင်းရောင် မကျရောက်သော လရောင်ခပ်မှိန်မှိန်သာရှိ‌သော နေရာတွင် ဝင်ထိုင်လိုက်ပြီး Wonbinကစကားပြန်စသည်။

" မပြန်လို့မဖြစ်တာကိုပြန်လေ "

" Binn မပြန်စေချင်ရင် မပြန်ဘူး "

" ပြန် "

တစ်လုံးတည်းသောစကားဆိုပေမယ့်
ဆွန်းဟန် အနည်းငယ်တော့စိတ်မကောင်းဖြစ်သွားသည်။

" ကိုယ်အကြာကြီးမနေဘူး ပြန်လာမှာ ၊ကိုယ်မင်းနဲ့မခွဲနိုင်ဘူးဆွန်းဟန် "

" ကျွန်တော်လည်း မနေနိုင်ဘူး "

" အင်း သိတယ် "

" ကျွန်တော် Binnကိုတစ်ခုလောက်မေးချင်တယ် အတည်ပြုချင်တာပါ "

ဆွန်းဟန် ဒါကိုသိရဖို့ဘယ်လိုမှမအောင့်နိုင်တော့ သူခပ်ငယ်ငယ်ကတွေ့ခဲ့တဲ့ ကလေးဟာ တကယ်ပဲ Binn လား။

" ကျွန်တော်တို့ဘယ်တုန်းကပထမဆုံးတွေ့ဖူးတာလဲ ၊ မီယွန်းကိုလာကြိုတဲ့သင်တန်းရှေ့မှာမဟုတ်ဘဲနဲ့လေ အရင်ကတွေ့ဖူးသေးလား "

" အင်း "

" ဒါဆို Binn ကဟိုကလေးလေးပေါ့ "

" ဘာဟိုကလေးလေးပဲ အဲ့တည်းကကိုယ်မင်းထက်2လကြီးတယ် ဆွန်းဟန် "

"Binn ကျွန်တော် မင်းကိုလိုက်ရှာခဲ့‌သေးတယ် ၊ အဲ့ပွဲပြီးတော့ မင်းကိုတွေ့မလားဆိုတဲ့စိတ်နဲ့ ပွဲတွေအကုန်လိုက်တက်ခဲ့တာ ၊ မတွေ့ရလို့အမြဲစိတ်ဓာတ်ကျခဲ့ရတာ ၊ အဲ့တုန်းကမင်းနာမည်ကိုမမေးမိခဲ့လို့အရမ်းနောင်တရမိတယ် ၊ ကိုယ့်ကိုယ်ကိုယ်ဒေါသလည်းထွက်တယ် "

" ဆွန်းဟန် ကိုယ်တို့အခု‌ဒီမှာရှိနေပြီလေ "

" ဒါပေမယ့် ..."

" ဆွန်းဟန် ကိုယ့်ကိုကြည့် "

Wonbin အသံသည်ပုံမှန်ထက်နူးညံ့နေပြီး အသံချိုချိုလေးက ဆွန်းဟန်စိတ်ကိုအေးမြစေသည်။ဆွန်းဟန်ပုခုံးထက်နေရာယူထားသောBinnလက်များသည် နွေးထွေးနေလျက်။

" အဲ့တုန်းက မင်းကိုယ့်နာမည်သိရခဲ့ရင် ဒါမှမဟုတ် ထပ်ပြီး တွေ့ခဲ့ရရင်တောင် ဘာမှမလုပ်နိုင်ဘူး ၊ အဲ့အချိန် ကိုယ်တို့အရမ်းငယ်သေးတယ် ပြီးတော့ ကိုယ်တို့ထပ်တွေ့ခဲ့ရရင်တောင်ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး အဲ့တာထက် မင်းတောင်ကိုယ့်ကြောင့်စိတ်ဒဏ်ရာရတာမျိုးရှိနိုင်သေးတယ် "

"...."

" အခုကိုယ်တို့အတူရှိနေတယ်လေနော်
ဆွန်းဟန် "

" Binn မောင် မင်းကိုချစ်တယ် "

" ကိုယ်လည်း မင်းကိုချစ်ပါတယ် ဆွန်းဟန်"

Wonbin စကားကိုကြားတော့ ဆွန်းဟန်မယုံနိုင်ဘဲ Binnကိုကြည့်နေရာမှမျက်ရည်များကျလာတော့သည်။သူကိုယ်တိုင်တောင်သတိမထားမိသော မျက်ရာများသည် ပျော်ရွှင်ချင်းသက်သေပင်ဖြစ်လိမ့်မည်။ Binn ကထရပ်လိုက်ရင်း လက်နှစ်ဖက်ကိုဆန့်လိုက်ပြီး...

" ကိုယ့်ကိုဖက်ပါအုံး "

ဆွန်းဟန် အတန်ကြာကြောင်အနေရာမှ ထရပ်လိုက်ပြီး Binn၏ပါးပြင်ထက် လက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်း ရဲဆွေးဆွေးနှုမ်ခမ်းလေးအား နမ်းရှိုက်လိုက်ပါတော့သည်။နူးညံ့နေသော နှုတ်ခမ်းလွှာများသည် ဆွန်းဟန်အာရုံကိုအပြည့်အဝဖမ်းယူထားနိုင်ပြီး ပြန်လည်တုံပြန်လာသောအနမ်းများကြောင့်လည်း ဆွန်းဟန် စိတ်ကိုတစ်ဆုံးပျော်ရွှင်စေပြန်သည်။လရောင်မှိန်ပျပျ အောက်တွင် နမ်းရှိုက်နေသောအမျိုးသားနှစ်ယောက်သည် တစ်ဦးကိုတစ်ဦးဖက်တွယ်ထားပြီး ချိုမြသောအချစ်ခရီးလမ်းအားလျှောက်လှမ်းဖို့အသင့်ဖြစ်နေပါတော့သည်။  ။

////

Continue Reading

You'll Also Like

1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
620K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
429K 26K 85
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
248K 8.8K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...