ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.2K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

၁၃

111 3 0
By trollz22

"ဒယ်ဒီသမီး မြန်မာပြည်ခဏသွားချင်တယ်"

ထိုစကားကြောင့် ဒယ်ဒီ့မျက်ခုံးနှစ်ဖတ်ထိလုမတက်ဖြစ်ကာသူ့မကိုစူးရဲနေသည့်မျက်လုံးများဖြင့်ကြည့်သည့်အကြည့်ကိုသူမခံနိုင်စွာခေါင်းကို့ငုံထားမိမတက်။ သို့ပေမဲ့ သူမြန်မာပြည်သွားရမှဖြစ်မည်။ ဏာရီမြန်မာပြည်ပြန်သွားကထဲက ဏာရီ့ကိုစောင့်ကြည့်ဖို့လူတစ်ယောက်လွတ်ထားခဲ့တာ။ ထိုသူ ဆီကနေပဲ ဏာရီ့သတင်းတွေစောင့်နေရတာမျိုးမလုပ်ချင်တော့ပါ။ ဏာရီနဲ့မျက်နှာချင်းဆိုင်သူတွေ့ချင်နေမိတာ။

"ဘာစိတ်ကူးနဲ့ မြန်မာပြည်ပြန်ချင်ရတာလဲ ဒယ်ဒီသိချင်တယ်"

"ဒီတိုင်း မြန်မာပြည်ကိုခဏသွားချင်လို့ပါဒယ်ဒီ အဲ့နိုင်ငံကအလုပ်တွေသမီးလုပ်ပေးနိုင်ပါတယ်။ ပြီးတော့ တလောက သမီးမတောင်းဖြစ်တဲ့အခွင့်အရေးကိုတစ်ခါထဲအသုံးချချင်မိလို့ပါ"

"အိုကေ ဆိုတော့သမီးကမြန်မာပြည်ပြန်ချင်တယ်။ ဟုတ်ပြီ ဒယ်ဒီခွင့်ပြုပေးမယ် ဒါပေမဲ့ ဒယ်ဒီပြောတာကိုသမီးလက်ခံနိုင်တယ်ဆိုမှသွားခွင့်ပြုမယ် သမီးသွားမယ်ဆို Ella နဲ့ Iris နှစ်ယောက်ကိုသမီးနဲ့ထည့်ပေးလိုက်မယ် နှစ်လတစ်ကြိမ်လုပ်နေတဲ့သမီးရဲ့ medical check up ကိုဒီမှာလာပြန်လုပ်ရမယ် နောက်ဒယ်ဒီအချိန်မရွေးပြန်ခေါ်ရင်ချက်ချင်းဘာအကြောင်းအရင်းမှမငြင်းပဲပြန်လာရမယ်"

သူနှင့်အတူ Ella နဲ့ Iris ကိုထည့်ပေးလိုက်တယ်ဆိုတာ သူ့ကိုဒယ်ဒီကသူ့အုပ်ထိန်းမှုအောက်မှာရှိကြောင်းပြချင်တဲ့သဘောပါပဲ။ နိုဝယ်ဆိုတဲ့သူကလဲ ဘယ်လောက်အကြောတင်းလဲဆိုတာဒယ်ဒီသိနေခဲ့တာ။

"ဟုတ်ကဲ့ သမီးလက်ခံပါတယ်ဒယ်ဒီ"

မြန်မာပြန်ရောက်တော့ ဒယ်ဒီ့လုပ်ငန်းရှိတဲ့ ကလပ်ကငွေကြေးအရှုပ်အရှင်းတွေကိုသူဖြေရှင်းနေရသည်ကသုံးပတ်ခန့်ကြာသည်။ ဒယ်ဒီလွတ်ထားသည့်မန်နေဂျာက ငွေကြေးစာရင်းတွေကိုလျော်ပြီးဒယ်ဒီ့ကိုတင်ပြနေခဲ့တာ။ ဒါကိုသူစစ်ကြည့်လို့သိသွား၍ ထွက်ပြေးသွားသည့်မန်နေဂျာကိုလိုက်ရှာနေရသည်ကတစ်မျိုး။ လှစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့နောက်ထပ်လူတစ်ယောက်ရှာဖွေရသည်ကတစ်ဖုံအလုပ်ရှုပ်နေရသည်။

"Iris သူ့ဘေးနားက သူ့သူငယ်ချင်းကောင်လေးကိုအချိုသပ်ပြီးဒီကလပ်ထဲဝင်အောင်လုပ်ပေး ကျန်တာငါဆက်လုပ်မယ်"

Iris က နည်းပညာကျွမ်းသည့်အလျောက် သတင်းအချက်အလက်ရှာဖွေစုဆောင်းသည့်နေရာ၌တော်လွန်း၍ ဒယ်ဒီအားကိုးရတဲ့သူ။ ထိုသူကို သူ့အနားထားသည်ဆိုတာ ဒယ်ဒီဘယ်လိုစိတ်ကူးမျိုးနှင့်သူနှင့်ထည့်ပေးလိုက်လဲဆိုတာတွေးကြည့်ယုံနှင့်ပင်သိနိုင်သည်။

ရှိုင်းထက်ပိုင် ဆိုသူသည့် ဏာရီ့သူငယ်ချင်းက ဖခင်ဖြစ်သူကိုအရွဲ့တိုက်တက်သည့်ကောင်လေး။ ထိုအတွက် ကလပ်တွေဘားတွေဆိုတာ သူနဲ့မစိမ်းတဲ့နေရာ။ ဒီလိုကောင်လေးမျိုးနဲ့က ဏရီနဲ့အချစ်ဆုံးသူငယ်ချင်းတဲ့လေ။ မကြာပါ ကလပ်ရဲ့မန်ဘာဝင်အဆင့်ပါဖြစ်သွားခဲ့တာ။ လူကုန်ထန် အသိုင်းအဝိုင်းကသားသမီးတွေ ရာထူးကြီးပိုင်းတွေရဲ့သားသမီးတွေ တစ်ချို့သောဘောစိတွေအတွက်တော့ ဒယ်ဒီပိုင်တဲ့ကလပ်က အဆန့်အတန်းတစ်ခုမှာရှိနေသည့်နေရာဖြစ်သည်။ ဒီလိုဖြစ်အောင်လဲ ဒယ်ဒီကဖန်တီးခဲ့တာ။

ဏရီနဲ့ပထမဆုံးတွေ့တဲ့ရက်မှာ တိုက်ဆိုင်ဖို့သူဘယ်လိုကြိုးစားခဲ့ရလဲပြောရင် ဟန်ဆောင်တာကိုစပြောရပေမည်။ ဒယ်ဒီ့သမီးမှန်းအောက်ခြေဝန်ထမ်းများမသိသောကြောင့်ပိုအဆင်ပြေခဲ့ရသည်။ သူတို့အမြင်မှာတော့ နိုဝယ်ကထိုကလပ်က VVIP လူတွေအတွက်ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သည်။ ဒါကသူဖန်တီးယူထားတဲ့လုပ်ကွက်တစ်ခုဖြစ်နေခဲ့သည်။ တမင်ဏရီ့ရှေ့ရောက်အောင်သူဖန်တီးခဲ့တာ။ ဏရီမြင်ကွင်းရှေ့ပေါ်အောင်တမင်စီစဉ်ထားခဲ့ရတာ။

ဒုတိယအကြိမ်ကတော့ သူမဖန်တီးထားပါပဲ ဏရီကသူ့ဘာသူ နိုဝယ့်ကျော့ကွင်းထဲတိုးဝင်လာခဲ့တာ။ သူမြောင်းဖောက်စရာမလိုအောင် ဏရီကသူ့အပေါ်ကိုပြိုလဲလာခဲ့သည်။ ဒီလိုဏရီသူ့အပေါ်ပြိုလဲလာတာကပင် သူ့စိတ်ကိုထိန်းမရအောင်လုပ်နေခဲ့သည်။ ထိုသို့ဏရီ့အကြည့်တွေကိုရင်ဆိုင်လေလေ ဏရီ့ကိုပိုင်ဆိုင်လိုစိတ်ကတဖြေးဖြေးကြီးမားနေခဲ့သည်။ ဏရီနဲ့သဘောတူထားတဲ့သူကိုတွဲမြင်ရရင် ချက်ချင်းပင်ထိုသူကိုဏရီ့ဘေးကဆွဲထုတ်ချင်စိတ်ကပြင်းပြနေတာ။ ဒါပေမဲ့မလုပ်နိုင်ခဲ့တာဏရီ့ကြောင့်ဖြစ်မည်။

ဒယ်ဒီသူ့အား ဘန်ကောက်ပြန်လာဖို့ခေါ်သည့်အတွက် အဆက်အသွယ်အကုန်ဖြတ်ပြီးပြန်သွားတဲ့အချိန် မြန်မာပြည်ရောက်တုန်းသူနဲ့ပတ်သက်ခဲ့ဖူးတဲ့ Grace ကြောင့် ဏရီသူ့အကြောင်းများစုံစမ်းလာမည်ကိုစိုးရိမ်နေခဲ့သေးသည်။ ဒါပေမဲ့ သူ့အားမျက်စိဒေါက်ထောက်ကြည့်နေသည့် ဒယ်ဒီက grace ကို ဘန်ကောက်မှာထိန်းချုပ်ထားခဲ့လေသည်။ ဒယ်ဒီကြီးကြောင့်သာမဟုတ်ရင် grace ကသူ့လက်ထဲမှာအသက်ပါသွားနိုင်သည်လေ။

သူ့အကြောင်းဏရီစုံစမ်းနေတာသိပေမဲ့ ဘာတစ်ခုမှရေရေရာရာသိနိုင်မည်မှမဟုတ်ပဲသူမစိုးရိမ်ခဲ့ပါဘူး။ ဘာလို့ဆို သူ့ရဲ့အချက်အလက်တွေကဒယ်ဒီကြီးထိန်းချုပ်ထားခဲ့တာလေ။ ဏရီနဲ့မတွေ့ရတဲ့ရက်တွေမှာ သတိရတွေ့ချင်တဲ့စိတ်ကိုအစားထိုးဖို့ကြိုးစားခဲ့ပေမဲ့ ဏရီမဟုတ်၍သူမကျေနပ်နိုင်။ ဒါကြောင့် ဏရီ့ထိန်းချုပ်ဖို့စတင်ကြိုးစားခဲ့သည်။ ဏရီကသိပ်ကြိုးစားဖို့မလိုအောင်ပင် ခန့်မှန်းရလွယ်ကူသည်။ သူဏရီ့ကိုဆေးခတ်ထားသည့်ဗော်ကာကိုမတိုက်ခင်မှာပဲ ဏရီကကိုယ်တိုင်ယူသောက်ခဲ့တာ။

သူသိလိုက်သည့်အချက်ကတော့ ဏရီကဦးဆောင်ရတာသိပ်ကြိုက်တာလေ။ သူကိုယ်တိုင် ကျေကျေနပ်နပ်ကြီးဏရီ့အထိအတွေထဲခုန်ဆင်းခဲ့တာ။ သူ့ဘဝမှာ သူ့ခန္ဓာကိုယ်ကိုစိတ်ကြိုက်ပြုမှုနိုင်တဲ့ဒုတိယမြောက်မိန်းခလေးကဏရီပါတဲ့။

ထိုနေ့က ဏရီရဲ့အားနာပြီးရှက်နေတဲ့မျက်ဝန်းတွေကိုသူသိပ်သဘောကျတာလေ။ အမြဲတမ်းကြမ်းကြမ်းတမ်းတမ်းနဲ့ပြီးခဲ့ရတဲ့အချိန်တွေက ဏရီရဲ့နူးညံ့မှုတွေအောက်မှာရင်ခုန်နေခဲ့ရတာ။ အဆက်အသွယ်မလုပ်ပဲနေခဲ့တာမဟုတ်ပဲ ဏရီ့ကိုပိုပိုပြီးကျရှုံနေမိတဲ့အောက်မှာစိတ်ရှိုင်းတွေဝင်လာလို့ ဖြေဖျောက်နေရင်း ဖုန်းခဏခဏဝင်လာသည်ကိုလှစ်လျူမရှုနိုင်ပဲကိုင်မိလေတော့ မောဟိုက်နေသည့်လေသံကိုထိန်းချုပ်ရင်းလေသံမာသွားခဲ့ရတာ။ ညတွင်းချင်းဏရီကိုသွားတွေ့ပြီး စိတ်ကိုဖြေဖျောက်ခဲ့ရသည်။ သူပစ်ထားခဲ့တဲ့လူကတော့ဘယ်လိုဖြစ်နေမည်နိုဝယ်မသိချင်။ နိုဝယ်သိသည်က ဏရီ။ ဒဏ္ဏာရီဆိုတဲ့ နိုဝယ်ပိုင်ဆိုင်ချင်နေတဲ့သူတစ်ယောက်ပဲ။

ဏရီ့အခန်း Key က ရိုးရိုးရှင်းရှင်း ဏရီ့မွေးနေ့ နံပါတ်ဖြစ်နေသည်။ လွယ်လွယ်ကူကူပင်ဏရီကွန်ဒိုနေရာတိုင်း private နေရာမှလွဲ၍ မြင်ကွင်းအားလုံးမြင်နိုင်သည့်နေရာမှာ cctv တက်ထားပြီး ဏရီ့ကိုစောင့်ကြည့်နေမိသည်။ Screen ကနေတဆင့်မဟုတ်ပါပဲ ဏရီရဲ့ပုံရိပ်များမဟုတ်ပါပဲ ဏရီ့ကိုသူပို၍ပို၍တိုးကာလိုချင်နေမိသည်။ ဏရီပြုံးလိုက်တိုက် ထိုအပြုံးများကိုဖန်တီးပေးသူကသူသာလျှင်ဖြစ်ချင်မိသည်။ ဘယ်လောက်ပဲသူမချစ်တက်ပါဘူး မချစ်ပါဘူး ဒီတိုင်းပိုင်ဆိုင်ချင်ယုံသက်သက်ပဲဟုစိတ်ကိုညာနေပေမဲ့ ဏရီ့ကိုသူပိုင်ဆိုင်ချင်စိတ်များ၌နာကျင်စေမှုများပါမနေခဲ့တာတော့သူသိသည်။ တခြားသူများနှင့်ဆို နိုဝယ်သည် စိတ္တဇဆန်လှသည့် လူသဖွယ်ဖြစ်နေခဲ့ရပေမဲ့ ဏရီနှင့်ဆိုလျှင် ကြင်နာပြချင်သည်။ သန်မာသည့်လူတစ်ယောက်ကဲ့သို့မဖြစ်ချင်။ ဏရီ့ကိုသာလျှင်အားကိုးချင်မိသည်အထိ။ ဏရီနှင့်အတူဖြတ်သန်းခဲ့သည့်သာယာမှုညတွေမှာ နိုဝယ်ကသူ့ရင်ခုန်သံများကိုမသိကျေးကျွန်ပြုနေခဲ့ရသည်။ ဏရီ့အပေါ် အလုံးစုံ နိုဝယ်ကျရှုံးသွားလျှင် ထိခိုက်ရမည့်သူကဏရီဖြစ်နေ၍ သူ့အမှောင်ဘက်ခြမ်းကိုတော့ ဏရီ့ကိုမသိစေချင်ပါ။ ဏရီ့ကိုပိုင်ဆိုင်ခြင်သည့်စိတ်နှင့် ဏရီ့ကိုချစ်ခင်မြတ်နိုးသည့်စိတ်ကြားမှာ နိုဝယ်ဝေခွဲရခတ်နေရသည်။

ဒယ်ဒီကြီးကသူ့အတွက်ဆို ဘာမဆိုလုပ်ပေးမည့်သူမျိုးဖြစ်သည်။ နိုဝယ် ဘန်ကောက်သို့ဒယ်ဒီကြီးခေါ်၍ပြန်သည့်နေ့က ဒယ်ဒီကြီးက ဏရီနှင့်ပတ်သက်သည်များကိုသူအလုံးစုံသိနေကြောင်းပြောကာ သူသာဏရီ့ကိုပိုင်ဆိုင်လိုလျှင်ချက်ချင်းပင် သူ့လက်ထဲသို့ရောက်စေရမည်ဟုပြောသည့်အခါ အရင်က သူလိုချင်သည့်သူများကဲ့သို့ ဏရီ့ကိုမထိခိုက်စေရန်အလို့ငှာ ဒယ်ဒီကြီးနှင့်အပေးအယူလုပ်ခဲ့ရသည်။ ဏရီနှင့်တိုးပြီးပတ်သက်မိလေလေ နိုဝယ်လိုချင်နေတာ ဏရီ့နှလုံးသားတစ်ခုသာဖြစ်ခဲ့ရသည်။ သူဏရီ့ကိုချစ်မိနေပြီဖြစ်သည်။ ဒါကိုတော့သူဝန်မခံချင်ပါ။

တီတီ။ တီတီ။

သူ၏အတွေးများအားဖျတ်လိုက်သည့်အသံတစ်ခုကြောင့် ပိတ်ထားသည့်မျက်လုံးများပွင့်လာပြီးနောက် တွန့်ချိုးသွားသောမျက်ခုံးနှစ်ဖတ်။ ဒါပေမဲ့ Screen ပေါ်ကပေါ်နေ့သည့်နာမည်နှင့် ဓာက်ပုံကြောင့်တောက်တစ်ချက်ကျယ်လောင်စွာခေါက်မိသွားရသည်။

"ဟား ဏရီရယ် ရှင့်ဘေးနားမှာလဲရှင့်ကိုလိုချင်တဲ့သူတွေအများသား နိုဝယ်ကလဲ ကိုယ့်အပိုင်လို့သက်မှတ်ပြီးရင် အဲ့ဒါကိုလာထိတဲ့ဘယ်သူ့မဆိုရှင်းပစ်ဖို့ဝန်မလေးဘူးဏရီရ"

ဓာက်ပုံကိုစူးစိုက်ကြည့်ပြီးနောက် ဖုန်းလေးကတော့ နံရံဆီသို့မိတ်ဆက်ခဲ့ပြီးတစ်စစီကွဲကြေသွားခဲ့ရသည်။ ဖုန်းထဲကပုံရိပ်များက ဏရီ့ခါးကိုယောက်ျားလေးတစ်ယောက်ကဖတ်တွယ်ထားသည့်ပုံရိပ်တစ်ခုသာဖြစ်လေသည်။ ဒီဓာက်ပုံသည် ဏရီ oversea သွားတုန်းကရိုက်ထားဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားက သူ၏မျက်နှာကို အလှတက်ဆင်သည့် face mask အုပ်ထားခြင်းကြောင့်ပင်။ ထိုအမျိုးသားနှင့်မျက်နှာချင်းဆိုင်ပြီးနေနေသည့်ဏရီမျက်ဝန်းများကဘယ်လောက်သဘောကျနေလဲဆိုတာ ဓာက်ပုံထဲကပုံရိပ်ထဲ၌တောင်သိနိုင်ပေသည်။

×

tbc

trollZ

Continue Reading

You'll Also Like

3.4M 145K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.9K 144 19
🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါ‌ကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်‌...
17.7K 1.2K 48
မနက်​ဖြန်ဆိုတာ မရှိခဲ့ရင်......
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...