ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်

By KooChimmy58

84.4K 5.6K 373

" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More

Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 37
Part 38
Part 39 (final)

Part 36

1.3K 78 2
By KooChimmy58

Unicode

လက်ထပ်ပြီး အိမ်နေရာနေဖို့အတွက်စဥ်းစားကြခဲ့တုန်းက ချက်ချင်းမို့ Jimin ကလည်းအိမ်နဲ့အဝေးကြီးမှာမနေချင်သေးဘူးဟု ပြောလာတာကြောင့် ခုကတော့ နှစ်ဖက်မိဘတွေရဲ့အိမ်မှာပဲတစ်လှည့်စီနေဖို့ဆုံးဖြတ်ထားကြတာဖြစ်သည်။

ထင်ထားတာထက် မင်္ဂလာပွဲကိုစောပြီးလုပ်ဖြစ်သွားတာကြောင့် Jimin အတွက်မင်္ဂလာဦးအမှတ်တရအတွက်စီစဥ်ထားသည့်အိမ်က အချောသတ်ဖို့ကိစ္စအနည်းငယ်ကျန်နေသေးတာကြောင့်လည်းပါသည်။
Jungkook လည်းမင်္ဂလာပွဲပြီးတာနဲ့ ဖေဖေ့အလုပ်တွေကို လက်လွှဲယူပြီး ဦးစီးတော့မှာမို့ အခြေမကျသေးခင် ခဏနေဖို့ပဲစီစဥ်ထားကြသည်။

အပေါ်ထပ်ကိုတက်လာလိုက်တော့ Jungkook နေတဲ့အခန်းထဲမှာပဲ အိပ်ယာတွေကိုသေချာပြန်ပြင်ဆင်ထားသည်။
နှင်းဆီပွင့်ဖတ်တွေပါ တွေ့တာမို့Jungkook ပြုံးမိသွားရသည်။မေမေ့အစီအစဥ်ဖြစ်လောက်သည်။
ချီထားတဲ့ ကိုယ်လုံးလေးကို အိပ်ယာပေါ်ချပေးလိုက်တော့ တုတ်တုတ်တောင်မလှုပ်တော့ပေ။
နှုတ်ခမ်းဖူးဖူးတွေကလည်းရဲနေသလို ပါးလေးတွေကအစပန်းရောင်သမ်းနေသည်။
တစ်နေ့လုံး ဧည်ခံရထားရတော့ ပင်ပန်းနေတဲ့အပြင် ခုညပွဲမှာလည်းသောက်ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်။

ဝတ်ထားတဲ့ဝတ်စုံတွေကို ညအိပ်အပါးတစ်တည်လဲပေးပြီး သဘက်တစ်ထည်ကို ရေစွတ်ကာ မျက်နှာလေးအပါအဝင် ခြေထောက်တွေရောလက်တွေရော ရေပက်တိုက်ပေးလိုက်သည်။
အေးစက်စက် အထိအတွေ့တောင် နိုးမလာ​တော့တာမို့ အတော်လေးပင်ပန်းသွားပုံရသည်။အရမ်းနောက်ကျနေပြီမို့ Jungkook ကိုယ်တိုင်လည်းရေမချိုးတော့ပဲ ခြေလက်ဆေးပြီးတော့သာအိပ်ယာဝင်ဖို့ပြင်ရသည်။

ပြွတ်!!

ရွှတ်!! ရွှတ်!!

"မင်္ဂလာဦးညရဲ့အကြွေးကို မှတ်ထားလိုက်ပြီနော် အမျိုးသားလေး။ နောက်နေ့မှ အတိုးနဲ့ပြန်ယူမယ်။"

နှုတ်ခမ်းရဲရဲလေးတွေကို ငုံ့နမ်းလိုက်ပြီး မျက်နှာတစ်ပြင်လုံးအနှံ့ဖွဖွလေးနမ်းကာ တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ဖက်ပြီး အိပ်စက်ခြင်းဆီသို့ ခပ်မြန်မြန်ရောက်သွားရသည်။အရမ်းပျော်ရသလောက် ပင်ပန်းခဲ့တာမို့။

ပွဲထဲရှိနေတဲ့အချိန်သာ စိတ်ခံစားချက်တွေကောင်းနေတာကြောင့် ပင်ပန်းလို့ပင်ပန်းမှန်းမသိကြပေမဲ့ ပွဲပြီးသွားမှသာ ပင်ပန်းရကောင်းမှန်းသိတော့သည်။
အကုန်လုံးလည်း တက်တက်ကြွကြွနဲ့ ပါဝင်ထားကြတဲ့အပြင် တစ်ညလုံးလည်းသောက်ဖြစ်သွားကြတာမို့ ပင်ပန်းနေကာ အိမ်ထဲရောက်တာနဲ့ အလျှိူလျှိူအိပ်ပျော်ကုန်ကြပြီဖြစ်သည်။

>>>>>>>>>>>>>>>

မနက်အစော Jimin  နိုးလာတော့ Jungkook က
တစ်ကိုယ်လုံးကို ခွဖက်ထားရင်းအိပ်နေတုန်းပင်ဖြစ်သည်။
ညကဘယ်လိုအိပ်ယာထဲရောက်ပြီး အိပ်ပျော်သွားမှန်း​တောင်မသိလိုက်ပေ။
အချိန်အတော်လေးနောက်ကျသွားတာကိုတော့ မှတ်မိတာမို့ ကျန်တဲ့သူတွေ ဘယ်လိုတွေပြန်ကုန်ကြတယ်မသိ။နာရီကြည့်လိုက်တော့ 10နာရီကျော်နေပြီမို့ ထသင့်နေပြီဖြစ်သည်။

"Jungkook ထတော့!!!"

လက်မောင်းကို အသာအယာလှုပ်ပြီးနှိုးတော့ နည်းနည်းလေးတောင်လှုပ်မလာပေ။
စိတ်မရှည်တဲ့အဆုံး လက်မောင်းသားတွေကို ကုန်းပြီးကိုက်လိုက်ကာမှ

အားးး!!!

"နိုးပြီမလား ဟန်ဆောင်မနေနဲ့ထတော့"

"နာတယ်ကွ"

သူများကြင်စဦးတွေလို အိပ်ယာထဖို့ အနမ်းလေး
ပေးပြီးတော့များနှိုးခံရမလားလို့ ကြိတ်မှိတ်အိပ်ချင်ယောင်ဆောင်မိပါတယ်။
အကိုက်သာခံလိုက်ရသည်။
မင်္ဂလာဦးညကိုလည်း မင်္ဂလာမဦးလိုက်ရတဲ့အပြင် နိုးလာတော့လည်း ချစ်ကြည်နူးဖို့အခွင့်အရေးကမပြန်တာမို့ အတော်လေး ညစ်သွားရသည်။

"မထဘူးလား အရမ်းနောက်ကျနေပြီ။ပြီးတော့ ညက Tae Hyung တို့ဘယ်လိုပြန်ကြလဲ။"

"မသိဘူး သူတို့ဘာသာဘယ်လိုပြန်ပြန်ပေါ့။"

"မင်းကလည်း ငါတို့ပွဲကိုတစ်လျှောက်လုံးအပင်ပန်းခံပြီး ကူညီပေးကြတာကို အဲ့လိုပြောစရာလား"

"ပြောမှာပဲ ညကသူတို့ကြောင့် မင်းကသောက်တာတွေများပြီး အိပ်ပျော်သွားတော့ မင်္ဂလာဦးညပါဆို ဘာမှတောင်မဘာမှလိုက်ရဘူး။နောက်ဆုံး ကုန်ကုန်ပြောရရင် အိမ်ထောင်ကျပြီး ယောကျာ်းသာရသွားတယ် ညအိပ်ယာဝင်အနမ်းလေးတောင်ရပိုင်ခွင့်မရှိတဲ့ဘဝ။ Jeon Jung Kook ဘဝကြီးကအဲ့လိုဖြစ်နေပြီ။"

drama တွေချိုးလွန်းနေတဲ့ အသစ်စက်စက် ယောကျာ်းကို ကြည့်ပြီး ရီချင်နေပေမဲ့လည်း Jimin အသံတော့မထွက်ဖြစ်ခဲ့။
ဒီကိစ္စကို သူအကြာကြီးထိန်းသိမ်းပေးခဲ့တာမို့ အပိုင်ရသွားတဲ့အခါကျတော့ လိုချင်တာအမှားတော့မဟုတ်ပေ။ Jimin  ကိုယ်တိုင်လည်း သူ့သဘောဆန္ဒအတိုင်းလိုက်လျောပေးဖို့ ဆုံးဖြတ်ထားပြီးသားပင်။
ညက ဝိုင်းတိုက်ကြတာနဲ့သောက်ဖြစ်သွားတော့ အိပ်ပျော်သွားမိတာမို့ ကိုယ်တိုင်လည်းမချင့်မရဲဖြစ်ရသည်။ သူ့ဆန္ဒကိုဖြည့်ပေးဖို့ ပြင်ဆင်ထားပြီးပြီဖြစ်သည်။

"......"

အနားကို ကပ်ပြီးတိုးတိုးလေးပြောကာ ရေချိုးခန်းထဲအတင်းဝင်ပြေးသွားတဲ့ သူကြောင့် စိတ်ကောက်ချင်နေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိဘဲ ငုတ်တုတ် ထထိုင်မိလိုက်တဲ့အထိ။

"စိတ်ကောက်မနေနဲ့တော့ ဒီညကျရင်အတိုးပါပြန်ပေးမယ်"တဲ့လေ။

>>>>>>>>>>>>>>>>>

မျက်နှာသစ် ပြင်ဆင်ပြီးကြတဲ့နောက်
မှိုရနေတဲ့မျက်နှာတဲ့ အတူ Jimin လက်ကိုဆွဲပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့ လှေကားတစ်ဝက်လောက်ပဲရှိသေး ထမင်းစားခန်းထဲက ဆူညံဆူညံအသံတွေကြားလိုက်ရသည်။
ထင်သည့်အတိုင်း ကြည့်လိုက်တော့ မေမေက Jin Hyung တို့ကို မနက်စာပြင်ပေးနေသည်။
သူတို့တွေလည်း ခုမှ နိုးကြတဲ့ပုံပင်။

"မပြန်ကြသေးဘူးလားခင်ဗျ"

"ဟိုကလေး စားသောက်နေတဲ့သူတွေကိုဘယ်လိုပြောလိုက်တာလဲ။ စားကြ သားတို့ သူ့ကိုစိတ်ထဲ
ထည့်မနေနဲ့။သားလေး Jimin လာဒီကို"

သူ့ကိုပြောရင်းနဲ့ မေမေက Jimin အတွက်ပါတစ်ခါတည်းပြင်ဆင်ပေးနေသည်။
အတိုးနဲ့ပါ ပြန်ရမယ်ဆိုလို့ကျေနပ်သွားပေမဲ့ သူတို့ကြောင့် ကိုယ့်မင်္ဂလာဦးညလေးက နောက်နေ့ရွေ့သွားရတာမို့ နည်းနည်းတော့ ရင်ထဲအောင့်သက်သက်ဖြစ်ရသည်။

"ညက အန်တီတို့ကိုဒုက္ခပေးလိုက်မိတယ်။"

"မဟုတ်တာကွယ်။"

"ဒုက္ခခံလိုက်ရတာက ငါပါနော် မင်္ဂလာတောင်မဦစလိုက်ရသည်။

တစ်ယောက်တည်းပွစိပွစိပြောနေတာက တခြားသူတွေက သူ့တို့အာရုံနဲ့သူမကြားပေမဲ့ Jimin ကလှည့်ကြည့်လာတာမို့ တိတ်လိုက်ရသည်။

"ဒီည ပွဲထပ်လုပ်ကြမလား။ Double ဂုဏ်ပြုပွဲပေါ့ကွာ အဟင်းး"

"တိတ်စမ်း!!!"

Tae Hyung ရဲ့အပြောကို အသံကျယ်ကြီးနဲ့ထအော်လိုက်တာမို့ အကုန်လုံးကလန့်ဖြန့်ကုန်ရသည်။
Jin Hyung ဆိုလျှင် ပါးစပ်ထဲထည့်ဖို့ဇွန်းတန်းလန်းနဲ့ ပြန်ကြည့်နေသည်။
လက်ထဲကဇွန်းပြုတ်ကျတဲ့သူနဲ့ လည်ပင်းနင်သွားတဲ့သူနဲ့ လန့်ပြီး တုန်တက်သွားတဲ့သူနဲ့ အမျိုးစုံပင်။

"လန့်လိုက်တာ ဘယ်လိုဖြစ်လို့ အသံပြဲကြီးနဲ့ အော်နေတာလည်း"

"နီးနီးလေး ကြားရတယ်ကွ"

"ဖြည်းဖြည်းအော်စမ်းပါ ငါ့နေရောင်ခြည်လေးလန့်သွားပြီ။"

"ငါ့ယောကျာ်း​တောင် လန့်သွားတယ် Jeon Jung Kook ရယ် နင့်ဟာက။ Joon!! ဆက်စား ဆက်စား"

အားလုံးဆီက တစ်ပေါက်တစ်ပေါက်အသံတွေကထွက်ကျလာသည်။

"မလုပ်ရပါဘူး။ မနေ့ညကတောင် ဒီအတိုင်းမိုးလင်းသွားရတာကို"

ပူပူနွေးနွေးအမျိုးသားလေးကို ဒီညချစ်ရတော့မဲ့အရေးရှိတာမို့ နည်းနည်းလေး​တောင် ဒီညကိုအထိအခိုက်မခံနိုင်ပေ။

"ဒီအတိုင်းမိုးမလင်းလို့ မင်းကဘယ်လို လင်းချင်လို့လဲ"

"ဆန်းဆန်းပြားပြား လင်းချင်တာပေါ့ဗျာ။"

Jung Kook ရဲ့အဖြေကိုအကုန်လုံးကသဘောပေါက်သလို Jimin ကိုပြုံးစိစိနဲ့ကြည့်လာကြတာမို့ မျက်နှာလေးရဲပြီး ရှက်သွားပုံရသည်။

"ကဲ ဆန်းဆန်းပြားပြား မိုးလင်းချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါ Jimin ရေ အဟားးး"

>>>>>>>>>>>>>>>>

ညနေစာကို Jimin တို့အိမ်မှာသွားစားကြတာဖြစ်သည်။

"သား စားမကောင်းဘူးလား ဟိုတို့ဒီတို့နဲ့"

Jimin ဟင်းပန်းကန်တွေရဲ့အနံ့တွေကဆွဲဆောင်နေပေမဲ့ အမြင်နဲ့သာစားနေရသည်။

"သား ဗိုက်သိပ်မဆာလို့ပါ။ဗိုက်နည်းနည်းပြည့်နေလို့ မေမေ"

ဂွီ!! ဂွီ!!

အချိန်ကိုက်ထွက်ချလာတဲ့အသံက အရှက်ခွဲလိုက်သလိုပင်။

"Jeon Jung Kook!!!"

"ဟင်..ဘာလို့လဲ "

"လန့်လိုက်တာ သားရယ်အလန့်တကြားနဲ့ ကပ်ထိုင်နေတာကို တိုးတိုးခေါ်လည်းကြားပါတယ်။"

ပါးစပ်အပြည့် အားရပါးရစားနေရင်းလှည့်ကြည့်ပြီးပြန်ထူးလာသည်။သူကတော့ စားကောင်းသောက်ကောင်းကိုဖြစ်လို့။

"မင်း ဒီလောက်စားနေတာတောင် တဂွီဂွီမြည်နေတဲ့ဗိုက်ကဘာဖြစ်ချင်နေတာလဲ။"

ကိုယ်နိုင်တဲ့သူအပေါ်ကို မကျေနပ်တာတွေပုံချရမှာပဲ။ မတတ်နိုင်။ကိုယ်က​တော့ မေမေ့လက်ရာတွေနဲ့စိတ်ကြိုက်စားမလို့စဥ်းစားထားပေမဲ့ အစာအများကြီးစားထားရင်အဆင်မပြေတာမို့ ကြည့်ရုံသာကြည့်နေရပေမဲ့ သူကတော့ ခေါင်းပင်မဖော်။

"ယောက္ခမမေမေရဲ့ လက်ရာကအရမ်းကောင်းနေလို့ပါကွာ"

မေမေကတော့ သူ့သမက်အပြောကြောင့် တပြုံးပြုံးနဲ့
ဟင်းတွေပါထပ်ထည့်ပေးနေသေးသည်။

ဖေဖေနဲ့ ခဏထိုင်စကားပြောပြီးတဲ့နောက် မေမေတို့ကိုနှုတ်ဆက်ကာ Jungkook တို့အိမ်ပြန်လာလိုက်သည်။အခန်းထဲအရင်ဝင်လာလိုက်ကာ အိပ်ယာပေါ်တက်ထိုင်နေလိုက်သည်။

"Jimin !! Jeon Jimin shii!!"

"ဘာလဲ"

"ယောကျာ်းကိုထူးပုံလေးက ချိုသာလိုက်တာကွာ"

"မရွဲ့နဲ့နော် မင်း!!"

"ဘာတွေအလိုမကျတာလဲ ကိုယ့်ကိုပြောလေ။
မင်းယောကျာ်းကဖြေရှင်းပေးမယ်။"

"​တော်ပါ ခုနကတော့ သူတစ်ယောက်တည်းပဲအများကြီးစားလာပြီး​တော့ ငါကတော့ ဟို...ဟိုကိစ္စအတွက်နဲ့ ဘာမှသိပ်မစားနိုင်တာကို။"

"ဟားးးချစ်စရာလေးကွာ အသဲတွေအရမ်းယားလာပြီ ခုပဲကိုက်စားမိတော့မယ်။"

"........."

ပြွတ်!!

"ဟင့်အင်းး စိတ်ကောက်ချင်နေတာကို အရင်ပြေအောင်ချော့"

"ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဆိုသလိုမျိုး ခုတစ်ခါတည်းချော့လိုက်မယ်လေနော်"

"အွန့်!! မင်းး"

ရွှတ်!! ရွှတ်!!

မျက်နှာအနှံ့နဲ့ နှုတ်ခမ်းလေးတွေစတင်ပြီးအရှိန်နဲ့နမ်းရှိုက်လိုက်သည်။
အင်းး နှုတ်ခမ်းတွေက ပိုချိုနေတယ်။

>>>>>>>>>>>>><<<<<<<<<<<<<<<

KooChimmy58

Note_ ခဏနေရင် နောက်တစ်ပိုင်းပါ🌝

Zawgyi

လက္ထပ္ၿပီး အိမ္ေနရာေနဖို႔အတြက္စဥ္းစားၾကခဲ့တုန္းက ခ်က္ခ်င္းမို႔ Jimin ကလည္းအိမ္နဲ႕အေဝးႀကီးမွာမေနခ်င္ေသးဘူးဟု ေျပာလာတာေၾကာင့္ ခုကေတာ့ ႏွစ္ဖက္မိဘေတြရဲ႕အိမ္မွာပဲတစ္လွည့္စီေနဖို႔ဆုံးျဖတ္ထားၾကတာျဖစ္သည္။

ထင္ထားတာထက္ မဂၤလာပြဲကိုေစာၿပီးလုပ္ျဖစ္သြားတာေၾကာင့္ Jimin အတြက္မဂၤလာဦးအမွတ္တရအတြက္စီစဥ္ထားသည့္အိမ္က အေခ်ာသတ္ဖို႔ကိစၥအနည္းငယ္က်န္ေနေသးတာေၾကာင့္လည္းပါသည္။
Jungkook လည္းမဂၤလာပြဲၿပီးတာနဲ႕ ေဖေဖ့အလုပ္ေတြကို လက္လႊဲယူၿပီး ဦးစီးေတာ့မွာမို႔ အေျခမက်ေသးခင္ ခဏေနဖို႔ပဲစီစဥ္ထားၾကသည္။

အေပၚထပ္ကိုတက္လာလိုက္ေတာ့ Jungkook ေနတဲ့အခန္းထဲမွာပဲ အိပ္ယာေတြကိုေသခ်ာျပန္ျပင္ဆင္ထားသည္။
ႏွင္းဆီပြင့္ဖတ္ေတြပါ ေတြ႕တာမို႔Jungkook ၿပဳံးမိသြားရသည္။ေမေမ့အစီအစဥ္ျဖစ္ေလာက္သည္။
ခ်ီထားတဲ့ ကိုယ္လုံးေလးကို အိပ္ယာေပၚခ်ေပးလိုက္ေတာ့ တုတ္တုတ္ေတာင္မလႈပ္ေတာ့ေပ။
ႏႈတ္ခမ္းဖူးဖူးေတြကလည္းရဲေနသလို ပါးေလးေတြကအစပန္းေရာင္သမ္းေနသည္။
တစ္ေန႕လုံး ဧည္ခံရထားရေတာ့ ပင္ပန္းေနတဲ့အျပင္ ခုညပြဲမွာလည္းေသာက္ျဖစ္တာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေပ်ာ္ေနသည္။

ဝတ္ထားတဲ့ဝတ္စုံေတြကို ညအိပ္အပါးတစ္တည္လဲေပးၿပီး သဘက္တစ္ထည္ကို ေရစြတ္ကာ မ်က္ႏွာေလးအပါအဝင္ ေျခေထာက္ေတြေရာလက္ေတြေရာ ေရပက္တိုက္ေပးလိုက္သည္။
ေအးစက္စက္ အထိအေတြ႕ေတာင္ နိုးမလာေတာ့တာမို႔ အေတာ္ေလးပင္ပန္းသြားပုံရသည္။အရမ္းေနာက္က်ေနၿပီမို႔ Jungkook ကိုယ္တိုင္လည္းေရမခ်ိဳးေတာ့ပဲ ေျခလက္ေဆးၿပီးေတာ့သာအိပ္ယာဝင္ဖို႔ျပင္ရသည္။

ႁပြတ္!!

႐ႊတ္!! ႐ႊတ္!!

"မဂၤလာဦးညရဲ႕အေႂကြးကို မွတ္ထားလိုက္ၿပီေနာ္ အမ်ိဳးသားေလး။ ေနာက္ေန႕မွ အတိုးနဲ႕ျပန္ယူမယ္။"

ႏႈတ္ခမ္းရဲရဲေလးေတြကို ငုံ႕နမ္းလိုက္ၿပီး မ်က္ႏွာတစ္ျပင္လုံးအႏွံ႕ဖြဖြေလးနမ္းကာ တစ္ကိုယ္လုံးကို ရင္ခြင္ထဲထည့္ဖက္ၿပီး အိပ္စက္ျခင္းဆီသို႔ ခပ္ျမန္ျမန္ေရာက္သြားရသည္။အရမ္းေပ်ာ္ရသေလာက္ ပင္ပန္းခဲ့တာမို႔။

ပြဲထဲရွိေနတဲ့အခ်ိန္သာ စိတ္ခံစားခ်က္ေတြေကာင္းေနတာေၾကာင့္ ပင္ပန္းလို႔ပင္ပန္းမွန္းမသိၾကေပမဲ့ ပြဲၿပီးသြားမွသာ ပင္ပန္းရေကာင္းမွန္းသိေတာ့သည္။
အကုန္လုံးလည္း တက္တက္ႂကြႂကြနဲ႕ ပါဝင္ထားၾကတဲ့အျပင္ တစ္ညလုံးလည္းေသာက္ျဖစ္သြားၾကတာမို႔ ပင္ပန္းေနကာ အိမ္ထဲေရာက္တာနဲ႕ အလွ်ိူလွ်ိူအိပ္ေပ်ာ္ကုန္ၾကၿပီျဖစ္သည္။

>>>>>>>>>>>>>>>

မနက္အေစာ Jimin နိုးလာေတာ့ Jungkook က
တစ္ကိုယ္လုံးကို ခြဖက္ထားရင္းအိပ္ေနတုန္းပင္ျဖစ္သည္။
ညကဘယ္လိုအိပ္ယာထဲေရာက္ၿပီး အိပ္ေပ်ာ္သြားမွန္းေတာင္မသိလိုက္ေပ။
အခ်ိန္အေတာ္ေလးေနာက္က်သြားတာကိုေတာ့ မွတ္မိတာမို႔ က်န္တဲ့သူေတြ ဘယ္လိုေတြျပန္ကုန္ၾကတယ္မသိ။နာရီၾကည့္လိုက္ေတာ့ 10နာရီေက်ာ္ေနၿပီမို႔ ထသင့္ေနၿပီျဖစ္သည္။

"Jungkook ထေတာ့!!!"

လက္ေမာင္းကို အသာအယာလႈပ္ၿပီးႏွိုးေတာ့ နည္းနည္းေလးေတာင္လႈပ္မလာေပ။
စိတ္မရွည္တဲ့အဆုံး လက္ေမာင္းသားေတြကို ကုန္းၿပီးကိုက္လိုက္ကာမွ

အားးး!!!

"နိုးၿပီမလား ဟန္ေဆာင္မေနနဲ႕ထေတာ့"

"နာတယ္ကြ"

သူမ်ားၾကင္စဦးေတြလို အိပ္ယာထဖို႔ အနမ္းေလး
ေပးၿပီးေတာ့မ်ားႏွိုးခံရမလားလို႔ ႀကိတ္မွိတ္အိပ္ခ်င္ေယာင္ေဆာင္မိပါတယ္။
အကိုက္သာခံလိုက္ရသည္။
မဂၤလာဦးညကိုလည္း မဂၤလာမဦးလိုက္ရတဲ့အျပင္ နိုးလာေတာ့လည္း ခ်စ္ၾကည္ႏူးဖို႔အခြင့္အေရးကမျပန္တာမို႔ အေတာ္ေလး ညစ္သြားရသည္။

"မထဘူးလား အရမ္းေနာက္က်ေနၿပီ။ၿပီးေတာ့ ညက Tae Hyung တို႔ဘယ္လိုျပန္ၾကလဲ။"

"မသိဘူး သူတို႔ဘာသာဘယ္လိုျပန္ျပန္ေပါ့။"

"မင္းကလည္း ငါတို႔ပြဲကိုတစ္ေလွ်ာက္လုံးအပင္ပန္းခံၿပီး ကူညီေပးၾကတာကို အဲ့လိုေျပာစရာလား"

"ေျပာမွာပဲ ညကသူတို႔ေၾကာင့္ မင္းကေသာက္တာေတြမ်ားၿပီး အိပ္ေပ်ာ္သြားေတာ့ မဂၤလာဦးညပါဆို ဘာမွေတာင္မဘာမွလိုက္ရဘူး။ေနာက္ဆုံး ကုန္ကုန္ေျပာရရင္ အိမ္ေထာင္က်ၿပီး ေယာက်ာ္းသာရသြားတယ္ ညအိပ္ယာဝင္အနမ္းေလးေတာင္ရပိုင္ခြင့္မရွိတဲ့ဘဝ။ Jeon Jung Kook ဘဝႀကီးကအဲ့လိုျဖစ္ေနၿပီ။"

drama ေတြခ်ိဳးလြန္းေနတဲ့ အသစ္စက္စက္ ေယာက်ာ္းကို ၾကည့္ၿပီး ရီခ်င္ေနေပမဲ့လည္း Jimin အသံေတာ့မထြက္ျဖစ္ခဲ့။
ဒီကိစၥကို သူအၾကာႀကီးထိန္းသိမ္းေပးခဲ့တာမို႔ အပိုင္ရသြားတဲ့အခါက်ေတာ့ လိုခ်င္တာအမွားေတာ့မဟုတ္ေပ။ Jimin ကိုယ္တိုင္လည္း သူ႕သေဘာဆႏၵအတိုင္းလိုက္ေလ်ာေပးဖို႔ ဆုံးျဖတ္ထားၿပီးသားပင္။
ညက ဝိုင္းတိုက္ၾကတာနဲ႕ေသာက္ျဖစ္သြားေတာ့ အိပ္ေပ်ာ္သြားမိတာမို႔ ကိုယ္တိုင္လည္းမခ်င့္မရဲျဖစ္ရသည္။ သူ႕ဆႏၵကိုျဖည့္ေပးဖို႔ ျပင္ဆင္ထားၿပီးၿပီျဖစ္သည္။

"......"

အနားကို ကပ္ၿပီးတိုးတိုးေလးေျပာကာ ေရခ်ိဳးခန္းထဲအတင္းဝင္ေျပးသြားတဲ့ သူေၾကာင့္ စိတ္ေကာက္ခ်င္ေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိဘဲ ငုတ္တုတ္ ထထိုင္မိလိုက္တဲ့အထိ။

"စိတ္ေကာက္မေနနဲ႕ေတာ့ ဒီညက်ရင္အတိုးပါျပန္ေပးမယ္"တဲ့ေလ။

>>>>>>>>>>>>>>>>>

မ်က္ႏွာသစ္ ျပင္ဆင္ၿပီးၾကတဲ့ေနာက္
မွိုရေနတဲ့မ်က္ႏွာတဲ့ အတူ Jimin လက္ကိုဆြဲၿပီး ေအာက္ထပ္ကိုဆင္းလာလိုက္ေတာ့ ေလွကားတစ္ဝက္ေလာက္ပဲရွိေသး ထမင္းစားခန္းထဲက ဆူညံဆူညံအသံေတြၾကားလိုက္ရသည္။
ထင္သည့္အတိုင္း ၾကည့္လိုက္ေတာ့ ေမေမက Jin Hyung တို႔ကို မနက္စာျပင္ေပးေနသည္။
သူတို႔ေတြလည္း ခုမွ နိုးၾကတဲ့ပုံပင္။

"မျပန္ၾကေသးဘူးလားခင္ဗ်"

"ဟိုကေလး စားေသာက္ေနတဲ့သူေတြကိုဘယ္လိုေျပာလိုက္တာလဲ။ စားၾက သားတို႔ သူ႕ကိုစိတ္ထဲ
ထည့္မေနနဲ႕။သားေလး Jimin လာဒီကို"

သူ႕ကိုေျပာရင္းနဲ႕ ေမေမက Jimin အတြက္ပါတစ္ခါတည္းျပင္ဆင္ေပးေနသည္။
အတိုးနဲ႕ပါ ျပန္ရမယ္ဆိုလို႔ေက်နပ္သြားေပမဲ့ သူတို႔ေၾကာင့္ ကိုယ့္မဂၤလာဦးညေလးက ေနာက္ေန႕ေ႐ြ႕သြားရတာမို႔ နည္းနည္းေတာ့ ရင္ထဲေအာင့္သက္သက္ျဖစ္ရသည္။

"ညက အန္တီတို႔ကိုဒုကၡေပးလိုက္မိတယ္။"

"မဟုတ္တာကြယ္။"

"ဒုကၡခံလိုက္ရတာက ငါပါေနာ္ မဂၤလာေတာင္မဦစလိုက္ရသည္။

တစ္ေယာက္တည္းပြစိပြစိေျပာေနတာက တျခားသူေတြက သူ႕တို႔အာ႐ုံနဲ႕သူမၾကားေပမဲ့ Jimin ကလွည့္ၾကည့္လာတာမို႔ တိတ္လိုက္ရသည္။

"ဒီည ပြဲထပ္လုပ္ၾကမလား။ Double ဂုဏ္ျပဳပြဲေပါ့ကြာ အဟင္းး"

"တိတ္စမ္း!!!"

Tae Hyung ရဲ႕အေျပာကို အသံက်ယ္ႀကီးနဲ႕ထေအာ္လိုက္တာမို႔ အကုန္လုံးကလန့္ျဖန့္ကုန္ရသည္။
Jin Hyung ဆိုလွ်င္ ပါးစပ္ထဲထည့္ဖို႔ဇြန္းတန္းလန္းနဲ႕ ျပန္ၾကည့္ေနသည္။
လက္ထဲကဇြန္းျပဳတ္က်တဲ့သူနဲ႕ လည္ပင္းနင္သြားတဲ့သူနဲ႕ လန့္ၿပီး တုန္တက္သြားတဲ့သူနဲ႕ အမ်ိဳးစုံပင္။

"လန့္လိုက္တာ ဘယ္လိုျဖစ္လို႔ အသံၿပဲႀကီးနဲ႕ ေအာ္ေနတာလည္း"

"နီးနီးေလး ၾကားရတယ္ကြ"

"ျဖည္းျဖည္းေအာ္စမ္းပါ ငါ့ေနေရာင္ျခည္ေလးလန့္သြားၿပီ။"

"ငါ့ေယာက်ာ္းေတာင္ လန့္သြားတယ္ Jeon Jung Kook ရယ္ နင့္ဟာက။ Joon!! ဆက္စား ဆက္စား"

အားလုံးဆီက တစ္ေပါက္တစ္ေပါက္အသံေတြကထြက္က်လာသည္။

"မလုပ္ရပါဘူး။ မေန႕ညကေတာင္ ဒီအတိုင္းမိုးလင္းသြားရတာကို"

ပူပူႏြေးႏြေးအမ်ိဳးသားေလးကို ဒီညခ်စ္ရေတာ့မဲ့အေရးရွိတာမို႔ နည္းနည္းေလးေတာင္ ဒီညကိုအထိအခိုက္မခံနိုင္ေပ။

"ဒီအတိုင္းမိုးမလင္းလို႔ မင္းကဘယ္လို လင္းခ်င္လို႔လဲ"

"ဆန္းဆန္းျပားျပား လင္းခ်င္တာေပါ့ဗ်ာ။"

Jung Kook ရဲ႕အေျဖကိုအကုန္လုံးကသေဘာေပါက္သလို Jimin ကိုၿပဳံးစိစိနဲ႕ၾကည့္လာၾကတာမို႔ မ်က္ႏွာေလးရဲၿပီး ရွက္သြားပုံရသည္။

"ကဲ ဆန္းဆန္းျပားျပား မိုးလင္းခ်င္တဲ့ဆႏၵကိုျဖည့္ဆည္းေပးလိုက္ပါ Jimin ေရ အဟားးး"

>>>>>>>>>>>>>>>>

ညေနစာကို Jimin တို႔အိမ္မွာသြားစားၾကတာျဖစ္သည္။

"သား စားမေကာင္းဘူးလား ဟိုတို႔ဒီတို႔နဲ႕"

Jimin ဟင္းပန္းကန္ေတြရဲ႕အနံ႕ေတြကဆြဲေဆာင္ေနေပမဲ့ အျမင္နဲ႕သာစားေနရသည္။

"သား ဗိုက္သိပ္မဆာလို႔ပါ။ဗိုက္နည္းနည္းျပည့္ေနလို႔ ေမေမ"

ဂြီ!! ဂြီ!!

အခ်ိန္ကိုက္ထြက္ခ်လာတဲ့အသံက အရွက္ခြဲလိုက္သလိုပင္။

"Jeon Jung Kook!!!"

"ဟင္..ဘာလို႔လဲ "

"လန့္လိုက္တာ သားရယ္အလန့္တၾကားနဲ႕ ကပ္ထိုင္ေနတာကို တိုးတိုးေခၚလည္းၾကားပါတယ္။"

ပါးစပ္အျပည့္ အားရပါးရစားေနရင္းလွည့္ၾကည့္ၿပီးျပန္ထူးလာသည္။သူကေတာ့ စားေကာင္းေသာက္ေကာင္းကိုျဖစ္လို႔။

"မင္း ဒီေလာက္စားေနတာေတာင္ တဂြီဂြီျမည္ေနတဲ့ဗိုက္ကဘာျဖစ္ခ်င္ေနတာလဲ။"

ကိုယ္နိုင္တဲ့သူအေပၚကို မေက်နပ္တာေတြပုံခ်ရမွာပဲ။ မတတ္နိုင္။ကိုယ္ကေတာ့ ေမေမ့လက္ရာေတြနဲ႕စိတ္ႀကိဳက္စားမလို႔စဥ္းစားထားေပမဲ့ အစာအမ်ားႀကီးစားထားရင္အဆင္မေျပတာမို႔ ၾကည့္႐ုံသာၾကည့္ေနရေပမဲ့ သူကေတာ့ ေခါင္းပင္မေဖာ္။

"ေယာကၡမေမေမရဲ႕ လက္ရာကအရမ္းေကာင္းေနလို႔ပါကြာ"

ေမေမကေတာ့ သူ႕သမက္အေျပာေၾကာင့္ တၿပဳံးၿပဳံးနဲ႕
ဟင္းေတြပါထပ္ထည့္ေပးေနေသးသည္။

ေဖေဖနဲ႕ ခဏထိုင္စကားေျပာၿပီးတဲ့ေနာက္ ေမေမတို႔ကိုႏႈတ္ဆက္ကာ Jungkook တို႔အိမ္ျပန္လာလိုက္သည္။အခန္းထဲအရင္ဝင္လာလိုက္ကာ အိပ္ယာေပၚတက္ထိုင္ေနလိုက္သည္။

"Jimin !! Jeon Jimin shii!!"

"ဘာလဲ"

"ေယာက်ာ္းကိုထူးပုံေလးက ခ်ိဳသာလိုက္တာကြာ"

"မ႐ြဲ႕နဲ႕ေနာ္ မင္း!!"

"ဘာေတြအလိုမက်တာလဲ ကိုယ့္ကိုေျပာေလ။
မင္းေယာက်ာ္းကေျဖရွင္းေပးမယ္။"

"ေတာ္ပါ ခုနကေတာ့ သူတစ္ေယာက္တည္းပဲအမ်ားႀကီးစားလာၿပီးေတာ့ ငါကေတာ့ ဟို...ဟိုကိစၥအတြက္နဲ႕ ဘာမွသိပ္မစားနိုင္တာကို။"

"ဟားးးခ်စ္စရာေလးကြာ အသဲေတြအရမ္းယားလာၿပီ ခုပဲကိုက္စားမိေတာ့မယ္။"

"........."

ႁပြတ္!!

"ဟင့္အင္းး စိတ္ေကာက္ခ်င္ေနတာကို အရင္ေျပေအာင္ေခ်ာ့"

"ခဲတစ္လုံးနဲ႕ ငွက္ႏွစ္ေကာင္ပစ္ဆိုသလိုမ်ိဳး ခုတစ္ခါတည္းေခ်ာ့လိုက္မယ္ေလေနာ္"

"အြန့္!! မင္းး"

႐ႊတ္!! ႐ႊတ္!!

မ်က္ႏွာအႏွံ႕နဲ႕ ႏႈတ္ခမ္းေလးေတြစတင္ၿပီးအရွိန့္နဲ႕နမ္းရွိုက္လိုက္သည္။
အင္းး ႏႈတ္ခမ္းေတြက ပိုခ်ိဳေနတယ္။

>>>>>>>>>>>>><<<<<<<<<<<<<<<

KooChimmy58

Note_ ခဏေနရင္ ေနာက္တစ္ပိုင္းပါ

Continue Reading

You'll Also Like

576K 20.9K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.1M 61.6K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
368K 19.8K 22
Katsuki Bakugou was almost completely deaf. He could barely hear his own explosions anymore, but that didn't stop him from trying to become a pro her...
196K 14.8K 34
"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်...