ချစ်အတွက် မနက်ဖြန်

By Natpankalay

98.4K 12.6K 1K

အချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား.... More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃ ဇာတ်သိမ်းပိုင်း

အပိုင်း-၅

3.8K 557 58
By Natpankalay

စားပွဲပေါ်က ကော်ဖီနှစ်ခွက်က အငွေ့တထောင်းထောင်းထနေသည့်အဆင့်ကနေ အေးစက်သွားသည့်အထိ မည်သူ့ထံကမှ စကား ထွက်မလာ။ တိတ်ဆိတ်အေးချမ်းသည့်နေရာလေးတွင် ဖွင့်ထားသည့် ကော်ဖီဆိုင်လေးပေမို့ ဆိုင်ထဲတွင်လည်း သူတို့နှစ်ယောက် ကလွဲလျှင် ကျန်သည့် တစ်ဝိုင်းနှစ်ဝိုင်းသာရှိသည်။

"ကျွန်တော့်ကို ပြောစရာရှိလို့လား"

တကယ်တမ်း ဝေဖြိုးဆီက ဖုန်းနံပါတ်ပေးဖို့ ပြောခဲ့ပေမယ့် သူ မဆက်သွယ်ရသေးခင်မှာပင် ဖြူနုငယ်က အရင်ဆက်သွယ်လာခြင်းဖြစ်သည်။မျက်စိရှေ့က သူကတော့ အခါတိုင်းကလိုပင် လှပကြော့ရှင်းနေဆဲဖြစ်လေသည်။

"အရင်ဆုံး.. ဖြူ ပြောချင်တာက တောင်းပန်စကားပါပဲ မောင်"

ထိုအသုံးအနှုန်းကြောင့် ရေးရီ မနှစ်သလို မျက်နှာတစ်ချက်ပျက်သွားတာကို ဖြူနုငယ်က ချက်ချင်းသတိထားမိလိုက်သည်။

"တောင်းပန်ပါတယ် ရေးရီ။ ဖြူ ခေါ်နေကျနာမ်စားမို့ "

နောက်အသစ်တစ်ယောက်ကိုလည်း ခေါ်နေကျပဲလားဆိုသည့် ခနဲ့တဲ့တဲ့တွေလည်း ရေးရီ မပြောချင်တော့ပါ။ စင်စစ် သူ ဖြူနုငယ်နှင့်တွေ့ဖြစ်သည်မှာ သမ္ဘာ့စိတ်ကို မတင်မကျဖြစ်အောင်လုပ်ချင်သည့်စိတ်ကလွဲလျှင် သူနှင့်ပတ်သက်သမျှ ချစ်ခြင်းဆိုသည့် ခံစားချက်က မြူတစ်မှုန်မျှတောင်ရှိမနေ။

"ဖြူ ဆက်သွယ်ပေးတာကို လက်ခံပြီးလာခဲ့ပေးတာလည်း ကျေးဇူးတင်ပါတယ်။ ဖြူလေ... ဖြူ တကယ်ကို ရေးရီအချစ်တွေကို စော်ကားမိလို့ နောင်တရတယ်။ဖြူ့အတွက် အကောင်းဆုံးလူက ရေးရီဆိုတာ ဖြူ ခုမှ သိလိုက်ရလို့လည်း သိပ်ကို ဝမ်းနည်းမိတယ်။"

ပြောနေရင်းဖြင့် ဝေ့သီလာသည့် မျက်ရည်စတို့သည် ဖြူနုငယ်၏မျက်လုံးအိမ်ထက်တွင် ဖြစ်တည်သည်။နောင်တရသည်မှာလည်း ဖြစ်တန်ကောင်းပါသည်။ သူ အသစ်တွဲခဲ့သည့် တစ်ယောက်က လုံးဝကိုလူကောင်းဟုတ်မနေဟု ဝေဖြိုးဆီမှ ရေးရီ ကြားမိပြီးသားမလား။

"အဲ့စကားတွေက ခုပြောနေလို့လည်း အသုံးမဝင်ပါဘူး။ကျွန်တော် ဖြူနုငယ်နဲ့ ခု လာတွေ့တယ်ဆိုတာကလည်း အရင်လိုမျိုး အနေအထားနဲ့ပြန်ပတ်သက်ဖို့ မဟုတ်ဘူး။ ဒီအတိုင်း... ပြတ်စဲသွားပြီးရင်တောင် အသိမိတ်ဆွေတွေလို အနေအထားမျိုးနဲ့ ဆက်သွားနိုင်အောင်လို့ပါ။ ဟိုးအရင်ကလို စိတ်မျိုးနဲ့ဆို ဖြူနုငယ်နဲ့ ပြန်တွေ့ရင် ကျွန်တော် ခါးခါးသီးသီး ဖြစ်ခဲ့မှာမှန်ပေမယ့် ခု ကျွန်တော်က အဲ့ဒါထက် ပိုအရေးကြီးတာရှိနေလို့။"

သူ့စကားကိုတော့ ဖြူနုငယ်က သေချာနားလည်ပုံတော့ မပေါ်ပေမယ့် သူ ပြန်တွေ့ပေးတာနှင့်တင် ပျော်ရွှင်နေကြာင်း မျက်နှာက သက်သေပင်။

"ဘာပဲဖြစ်ဖြစ် ဖြူကတော့ ရေးရီနားမှာ အသိမိတ်ဆွေတွေလို နေရမှာဆိုလည်း ဖြူ နေပါ့မယ်။ "

ပြီးတော့ ဖြည်းဖြည်းချင်း ဖြူ့ကို ပြန်ချစ်လာအောင်လည်း ဖြူလုပ်ယူမှာမှာဆိုသည့်စကားကိုတော့ ဖြူနုငယ် စိတ်ထဲကနေသာ ပြောလိုက်မိသည်။သူက ရေးရီ၏ အချစ်ဦးဖြစ်ပြီး ရေးရီကလည်း ဖြူ့ကို သေသေချာချာလေး ချစ်ခဲ့သည်မဟုတ်ပါလား။

"ကော်ဖီအသစ်မှာလိုက်မယ်နော်။ ဒါတွေက အေးနေပြီ သောက်ကောင်းတော့မှာမဟုတ်ဘူး"

"အင်း.. ရတယ်လေ"

ဖြူနုငယ်က ပြောပြီး ချက်ချင်းပင် ကောင်တာဘက် ထွက်သွားတာမို့ ရေးလည်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ရင်း တစ်နေရာအရောက်တွင်တော့ မျက်ခုံးတန်းတို့ပင့်တက်သွားရသလို တစ်ဆက်တည်း တစ်ဖက်လှည့်ကာ ပြုံးလိုက်မိသည်။

သမ္ဘာမြင့်မိုရ်က ဘယ်တုန်းက‌ ကော်ဖီဆိုင်ထောင့်စွန်းခုံလေးနား ရောက်နေခဲ့ပါလိမ့်။

"ရေးရီကြိုက်တဲ့ ကိတ်လေးလည်း ဖြူမှာခဲ့တယ်."

"ဟုတ်လား. ကျွန်တော်ကြိုက်တာကို ဖြူ မှတ်မိသေးတယ်ပေါ့"

ထိုစကားသံကိုတော့ သူ အသံနည်းနည်းမြှင့်ကာ ပြောလိုက်သည်မို့ သမ္ဘာကြားရင်လည်း ကြားလောက်မည်ဖြစ်သည်။နောက်တော့ ဖြူနုငယ် ပြောနေသည့် စကားတွေကို ရယ်မောစရာမပါဘဲနှင့်လည်း ရေးရီ ပြုံးရယ်လျက် နားထောင်နေသည့်ပုံမို့ ဖြူနုငယ် ကလည်း အားတက်သရောဖြင့် သူ ပြောချင်တာတွေ ဆက်ပြောပြနေသေးသည်။

သိပ်မကြာလိုက်ပါ။ စားပွဲပေါ်တင်ထားသည့် ရေးရီ၏လက်ကိုင်ဖုန်းလေးက အသံမြည်လာသည်။

"ဟုတ်ကဲ့ အစ်ကို"

"ရေးရီရေ.. ကိုသမ္ဘာက သူ ဒီဇိုင်းတချို့ ဒီညနေ ကြည့်ချင်တယ်တဲ့"

"ဗျာ... ချိန်းထားတဲ့အချိန်မရောက်သေးဘူးလေ။ဒီကြားထဲ အလုပ်ရှိသေးလို့ နည်းနည်းစောင့်ပေးပါပြောတော့ သူလည်း လက်ခံ ထားပြီးသားကို"

"အေး အစ်ကိုလည်း မတတ်နိုင်ဘူး။ သူ ဒီညနေရမှဖြစ်မှာတဲ့။လုပ်ပါကွာ.. မဟုတ်ရင် တဂျီဂျီဖုန်းဆက်ရင် အစ်ကို ဘယ်လို နေရမလဲ။သမ္ဘာမြင့်မိုရ်ကို အစ်ကိုတော့ အကဲစစမ်းပါရစေနဲ့"

"ဝေဖြိုးရော..အစ်ကို"

"ဝေဖြိုး နေမကောင်းလို့ ညနေပိုင်းခွင့်ယူသွားတယ်။ကဲပါ.. နေ့လယ်စာ နားချိန်ပြီး ရုံးပြန်လာတော့နော်..ရေးရီလေးက လိမ္မာပါတယ်"

ဖုန်းအရင်ချသွားသော မန်နေဂျာကိုမြင့်ထွေးပင်ဖြစ်တော့သည်။ရေးရီ မျက်နှာလေးက ခပ်စူစူ။ ကော်ဖီဆိုင်ထောင့်စွန်းဘက် တစ်ချက်ကြည့်လိုက်တော့ လက်ထဲတွင် စာအုပ်တစ်အုပ်ကို လှန်လှောဖတ်ရှုနေပေမယ့် ပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းတွေ၏ ပိုင်ရှင်။

"ကိစ္စတစ်ခုခုရှိလို့လားဟင်.."

"ခဏနော် ကျွန်တော် ဖုန်းတစ်ချက်ဆက်လိုက်ဦးမယ်"

ရေးရီ ထိုင်ရာမှ ထကာ အပြင်ဘက်ထွက်လာခဲ့လိုက်ရင်း ဝေဖြိုးဆီ ချက်ချင်းဖုန်းခေါ်လိုက်သည်။ တစ်ချက်ပဲဝင်သွားပြီး ဝေဖြိုးက ချက်ချင်းကိုင်၏။

"ပြောစမ်းပါဦး တစ်မနက်လုံး ဖလမ်းဖလမ်းနဲ့ နေ့လယ်ကျ နေမကောင်းဖြစ်သွားရတဲ့အကြောင်းကို"

"အေး ငါလည်း ပြောမလို့ပဲ။ငါက ခု ငါ့ကိုယ်ငါတောင် မပိုင်တော့ဘူးလား မသိဘူး။ သူဌေးရဲ့သားက ဖုန်းဆက်လာပြီး နေမကောင်းဖြစ်တယ်ဆိုပြီး ချက်ချင်းပြန်လိုက်ပါတဲ့။ငါ အစက မင်းကို ဒီဇိုင်းတွေကူဆွဲမလို့ဘဲ ပြန်ခိုင်းတော့ ပြန်လိုက်ရတာ စိတ်တောင်မကောင်းဘူး ဟီး...ဟီး...."

စိတ်မကောင်းသည့်အသံဖြင့် တဟီးဟီးလုပ်နေသည့် သူငယ်ချင်းကို အနားမှာသာရှိလျှင် ကုတ်ဖဲ့ပစ်လိုက်ချင်ပြီ။

"ဒီကော်ဖီဆိုင်နေရာလည်း သူ့ကို မင်း ပြောပြလိုက်တာမလား"

"ဟုတ်တယ်လေ။မင်း တစ်ယောက်တည်း အပြင်သွားရင် ဘယ်သွားတာလဲ သူ့ကို ပြန်ပြောပေးဆိုလို့"

"ကောင်းတယ် ဝေဖြိုး. ကောင်းတယ် ဟေ့ကောင်..။ ဒီဇိုင်းဆွဲခတွေ မင်း တစ်ကျပ်မှရမယ်မထင်နဲ့နော်"

ဝေဖြိုးက ဆက်အော်နေပေမယ့် ရေးရီ ဖုန်းချလိုက်ပြီ။ရေးရီက သူ မကြိုက်သည့် ဖြူနုငယ်နှင့်တွေ့ပြီး သူ့စိတ်ခုအောင် လုပ်ချင်တာမှန်ပေမယ့် ဝေဖြိုးကို ကပ်ပြီး ဒီလိုခပ်မြန်မြန်ကြီး လိုက်ပါလာလိမ့်မည်လို့တော့ ရေးရီ ထင်မထားမိ။ မကောင်းတာတော့လည်း မဟုတ်။ ရေးရီ ဖြစ်စေချင်တာလည်း ဒါပါပဲဆိုတော့ အလိုက်သင့်စီးမြောသွားရုံသာ။

သူဆိုင်ထဲ ပြန်ဝင်လာခဲ့တော့ သမ္ဘာက ထိုနေရာမှာ မရှိတော့။

"အလုပ်ပေါ်လာလို့ ကျွန်‌တော် အရင်ပြန်နှင့်တော့မယ်"

"ဟင်.. ချက်ချင်းကြီးလား။ ကိတ်မုန့်လေး စားပြီးမှ..."

"အရေးကြီးလို့ပါ။ သွားပြီနော်"

ရေးရီက ထိုင်ခုံမှာချိတ်ထားသည့် ဂျတ်ကက်လေးကို ယူပြီး ပြန်ထွက်သွားခဲ့သည်။လာချပေးထားသည့် ချောကလက်ကိတ်လေးကို ကြည့်ကာ ဖြူနုငယ် မှိုင်တွေတွေ။ ရေးရီက ဟိုးအရင်တုန်းကဆို သူ မှာပေးသည့် ချောကလတ်ကိတ်တွေဆို ဘယ်တော့မဆို ကုန်အောင်စားခဲ့ပြီး ဖြူမှာပေးလို့ ပိုအရသာရှိသည့်အကြောင်း တွင်တွင်ပြောခဲ့ဖူးသည့် ချစ်သူ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ချိန်အတွင်းမှာ မပြီးသေးသည်မို့ အိမ်ယူလာခဲ့သည့်အလုပ်က ညနေထမင်းစားပြီးကတည်းက ပြန်လုပ်နေသည်မို့ ညခုနှစ်နာရီ ကျော်ကျော်တွင် လိုချင်သလောက်ပြီးသွားခဲ့သည်။ဒီဇိုင်းလေးခုလုံးက အချောသတ်မဟုတ်သေးတာတောင် စိတ်ကူးအိုင်ဒီယာထည့်စဉ်းစားရသေးတာမို့ အချိန်က ပိုကြာသွားခဲ့ခြင်းဖြစ်သည်။ မန်နေဂျာက ဒီညနေ အပြီးပြပေးဖို့ သေချာ ဆက်ဆက်ပြောထားတာမို့ ရေးရီ အခန်းထဲကထွက်ကာ သမ္ဘာ့အခန်းဘက် လျှောက်လာခဲ့လိုက်သည်။ တံခါးခေါက်လိုက်ပေမယ့် အထဲက တုံ့ပြန်မှုမရှိတာမို့ ဖုန်းဆက်ရန်အတွက် အခန်းထဲပြန်ဝင်ဖို့လှည့်လာခဲ့ပေမယ့် မှန်ပြတင်းတွေကတစ်ဆင့် ရေကူးကန်တွင် မြင်လိုက်ရသည့် သူကြောင့် ရေးရီ အောက်ထပ်ဆင်းလာခဲ့ရတော့သည်။

ရေကူးကန်ထဲ ခြေနှစ်ဖက်ချထားလျက် ကန်ဘောင်တွင် ထိုင်ရင်း လက်နှစ်ဖက်က နောက်ဘက်ကိုပစ်ထားလျက် ဘေးတွင် ဝိုင်တစ်ခွက်နှင့် ကောင်းကင်ကို မော့ငေးကြည့် နေသည့် သူက ညမီးရောင်အောက်တွင် ပနံရနေသည်။ ကျောပြင်ကျယ်နှင့် လက်မောင်းကြွက်သားတွေက အစ တောင့်တင်း ခိုင်မာနေသည့် သမ္ဘာက အားကစားကိုလည်း နှစ်နှစ်ခြိုက်ခြိုက်လုပ်သည်မလား။

"ဒီမှာ.."

အသံကြောင့် တစ်ချက်လှည့်ကြည့်လာတော့ ရေးရီ တစ်ချက် ငေးခနဲဖြစ်သွားရသည်။စိုစွတ်နေသည့် ဆံစတို့က နဖူးပေါ်တွင် ခိုတွဲလျက် အပြုံးစစဖြင့် သမ္ဘာသည် တကယ်ဘဲလည်း ရူးသွပ်ချင်စရာ။

"ကိုယ့်ကိုခေါ်တာလား"

"ဒီနားမှာ မင်းနဲ့ငါအပြင် ဘယ်သူရှိသေးလို့လဲ"

"ဟုတ်ပါပြီ။ ကဲ. လာပြလေ.."

"ဘာ!"

"လက်ထဲမှာ စာရွက်တွေနဲ့ ဒီဇိုင်းပြဖို့လာတာမဟုတ်လား။"

မသိလျှင်တော့ ရိုးသားသည့်ပုံစံနှင့် သမ္ဘာက ခပ်စစအပြုံးကိုလည်း ဆင်မြန်းထားသေးသည်မို့ ဘယ်လိုမှ အကောင်းမြင်ပေးလို့မရ။

"မင်း ရေကူးဦးမှာမလား။ ဟိုပေါ်ထားခဲ့ပေးမယ်။ပြီးမှ ကြည့်လိုက်ပေါ့"

"အရင်ကြည့်ပါရစေဦး.. သိပ်မြင်ချင်နေပြီ။"

ရေးရီ မျက်နှာခပ်စူစူဖြင့်သာ သူ့ဘေးနားထိ တိုးလာရင်း ငုတ်တုတ်လေးထိုင်ကာ ဖိုင်တွဲလေးဖြင့် တွဲထားသည့် ဒီဇိုင်းပုံလေးတွေကို ပြသည်။ တစ်ခုချင်းစီ သေချာလေးပြောပြချင်တာပေမယ့် ဘယ်လိုဒီဇိုင်းအပ်နှံသူကိုများ ဒီလိုမျိုး ရေကူးကန်ဘေးမှာ ငုတ်တုတ်လေးထိုင်ပြီး ရှင်းပြရလို့လဲ။ပြီးတော့ အပေါ်ပိုင်းအဝတ်ဗလာ၊အောက်ပိုင်းကဖြင့် ရေကူးဘောင်းဘီတိုလေးနှင့် သူ့အနား အကြာကြီးမနေချင်ပါဘူး။

"ကြည့်ပြီး နားမလည်တာရှိရင် ပြောလေ..မနက်ကျမှ ပြန်ပြောပြပေးမယ်"

"ဟေ့ နေဦး....အာ..."

"အမေ့....."

ရေးရီက ချက်ချင်းထရပ်လိုက်တော့ သမ္ဘာလက်လှမ်းဆွဲလိုက်ပေမယ့် အခန့်မသင့်လေတော့ ရေကူးကန်ထဲ နှစ်ယောက်လုံး ပြုတ်ကျသွားရတော့သည်။ရေးရီ ရေမကူးတတ်တာမို့ ကြောက်လန့်တကြားဖြင့် သမ္ဘာ့လည်ပင်းကို ခိုတွဲထားသလို သမ္ဘာ့ခါးကိုလည်း ခြေနှစ်ဖက်ဖြင့် ခွထားမိသည်။

"ဟေ့.. မျက်လုံးဖွင့်ဦး.. ရေး။ ဘာမှမဖြစ်ဘူး..ဒီမှာကြည့်"

ကြောက်လန့်တကြားဖြင့် မျက်လုံးစုံမှိတ်ထားသည့် ရေးရီသည် သူ့လည်ပင်းကို ခိုတွဲထားသလို သူကလည်း ရေးရီကို ခါးကနေ ဖက်ထားပေးမိသည်။ရေက သမ္ဘာ့လည်ပင်းလောက်ရှိတာမို့ ရေးရီနှင့်ဆို ခေါင်းလေးမြှုပ်နိုင်တာမို့ ခါးကနေ ပင့်ချီပေး ထားရ၏။ရေးရီ ခြေထောက်နှစ်ချောင်းကလည်း သူ့ခါးထက်မှာ။

"မင်း ငါ့ကိုသတ်ဖို့ကြိုးစားနေတာလား. မင်း ငါရေမကူးတတ်မှန်းသိလျက်နဲ့"

ကြောက်လန့်သည့်စိတ်က ဒိုင်းခနဲလာဆောင့်သွားသည်မို့ အသံတွေတုန်လျက် ရေးရီ အော်ပြောမိတော့သည်။ သူ့လည်ပင်းကိုတော့ဖြင့်လည်း ဖက်တွယ်ထားတာ မလွှတ်ရဲ။

"ဆောရီး.. ကိုယ် တမင်လုပ်တာမဟုတ်ပါဘူး။ တကယ် မတော်တဆဖြစ်သွားတာ။မင်းက ရုတ်တရက်ကြီး ထရပ်တော့ ကိုယ်လည်း အမှတ်မထင်ဆွဲလိုက်မိတာ"

သမ္ဘာက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြပေမယ့် အကြောက်မပြေသေးသည့် ကလေးနှယ် ရေးရီ မျက်နှာလေးက ခပ်မဲ့မဲ့။ဒီဇိုင်းဖိုင်တွဲ လေးကလည်း ရေကူးကန်ထဲ ဝဲလို့။

"ကားတိုက်လို့ မသေဘဲ ရေနစ်လို့သေတော့မလို့"

"ဘာ.."

ရေးရီခပ်တိုးတိုးရေရွတ်တာမို့ မကြားလိုက်သည့် သမ္ဘာက မေးပေမယ့် အဖြေပြန်မရ။

"အပေါ်ပြန်တင်ပေး.."

"အိုခေ..နောက်ကျ ကိုယ် မင်းကို ရေကူးသင်တန်းတက်ခိုင်းဦးမယ်။ ကိုယ်သင်ပေးမယ်ပြောတော့လည်း မင်းက လက်မခံ"

"မင်းအပူလား။ငါ့ဘာသာ တက်ချင်မှ တက်မှာပေါ့"

ရန်စကားပြောဖို့တော့ အားရှိသေးတာမို့ ရေးရီ အကြောက်ပြယ်သွားပြီဟု ခန့်မှန်းရသည်ပါပဲ။ ခါးကနေအသာထိန်းချီပေးလာရင်း ရေကူးကန်ဘောင်ပေါ် သာသာလေးတင်ပေးလိုက်သည်။ ခြေထောက်နှစ်ဖက် ကန်ဘောင်ပေါ်ရောက်သည်နှင့် လှစ်ခနဲ ထပြေး သွားသည်။အိမ်နေရင်း ချည်သားဘောင်းဘီဖြူလေးက ပေါင်အထက်တွင်တက်နေပြီး ရေတွေစိုနေတာမို့ ပြေးသွားသည်မှာ လုံးတုံးတုံးလေးဖြင့်‌ ဘယ်လိုလေးမှန်း မသိတာမို့ သမ္ဘာ ရယ်မိလိုက်ရင်းဖြင့် သိသိသာသာဖြစ်နေသည့် တစ်စုံတစ်ရာကို သတိထားမိကာ ရုတ်တရက် ခေါင်းကြီးသွားရသည်။

ဘယ်လိုဖြစ်လို့ သူ့ခန္ဓာကိုယ်တုံ့ပြန်မှုက ရေးရီနှင့် ထိတွေ့မိပြီးမှ......။

***************************

#With Heart

Just A Dreamer

(သဘောကျရဲ့လားရှင်။အပိုင်း ၂၅ လောက်တော့ ကျော်မယ်မှန်းရပါတယ်။)


Zawgyi

အပိုင္း-၅

စားပြဲေပၚက ေကာ္ဖီႏွစ္ခြက္က အေငြ႕တေထာင္းေထာင္းထေနသည့္အဆင့္ကေန ေအးစက္သြားသည့္အထိ မည္သူ႔ထံကမွ စကား ထြက္မလာ။ တိတ္ဆိတ္ေအးခ်မ္းသည့္ေနရာေလးတြင္ ဖြင့္ထားသည့္ ေကာ္ဖီဆိုင္ေလးေပမို႔ ဆိုင္ထဲတြင္လည္း သူတို႔ႏွစ္ေယာက္ ကလြဲလွ်င္ က်န္သည့္ တစ္ဝိုင္းႏွစ္ဝိုင္းသာရွိသည္။

"ကြၽန္ေတာ့္ကို ေျပာစရာရွိလို႔လား"

တကယ္တမ္း ေဝၿဖိဳးဆီက ဖုန္းနံပါတ္ေပးဖို႔ ေျပာခဲ့ေပမယ့္ သူ မဆက္သြယ္ရေသးခင္မွာပင္ ျဖဴႏုငယ္က အရင္ဆက္သြယ္လာျခင္းျဖစ္သည္။မ်က္စိေရွ႕က သူကေတာ့ အခါတိုင္းကလိုပင္ လွပေၾကာ့ရွင္းေနဆဲျဖစ္ေလသည္။

"အရင္ဆုံး.. ျဖဴ ေျပာခ်င္တာက ေတာင္းပန္စကားပါပဲ ေမာင္"

ထိုအသုံးအႏႈန္းေၾကာင့္ ေရးရီ မႏွစ္သလို မ်က္ႏွာတစ္ခ်က္ပ်က္သြားတာကို ျဖဴႏုငယ္က ခ်က္ခ်င္းသတိထားမိလိုက္သည္။

"ေတာင္းပန္ပါတယ္ ေရးရီ။ ျဖဴ ေခၚေနက်နာမ္စားမို႔ "

ေနာက္အသစ္တစ္ေယာက္ကိုလည္း ေခၚေနက်ပဲလားဆိုသည့္ ခနဲ႔တဲ့တဲ့ေတြလည္း ေရးရီ မေျပာခ်င္ေတာ့ပါ။ စင္စစ္ သူ ျဖဴႏုငယ္ႏွင့္ေတြ႕ျဖစ္သည္မွာ သမာၻ႔စိတ္ကို မတင္မက်ျဖစ္ေအာင္လုပ္ခ်င္သည့္စိတ္ကလြဲလွ်င္ သူႏွင့္ပတ္သက္သမွ် ခ်စ္ျခင္းဆိုသည့္ ခံစားခ်က္က ျမဴတစ္မႈန္မွ်ေတာင္ရွိမေန။

"ျဖဴ ဆက္သြယ္ေပးတာကို လက္ခံၿပီးလာခဲ့ေပးတာလည္း ေက်းဇူးတင္ပါတယ္။ ျဖဴေလ... ျဖဴ တကယ္ကို ေရးရီအခ်စ္ေတြကို ေစာ္ကားမိလို႔ ေနာင္တရတယ္။ျဖဴ႕အတြက္ အေကာင္းဆုံးလူက ေရးရီဆိုတာ ျဖဴ ခုမွ သိလိုက္ရလို႔လည္း သိပ္ကို ဝမ္းနည္းမိတယ္။"

ေျပာေနရင္းျဖင့္ ေဝ့သီလာသည့္ မ်က္ရည္စတို႔သည္ ျဖဴႏုငယ္၏မ်က္လုံးအိမ္ထက္တြင္ ျဖစ္တည္သည္။ေနာင္တရသည္မွာလည္း ျဖစ္တန္ေကာင္းပါသည္။ သူ အသစ္တြဲခဲ့သည့္ တစ္ေယာက္က လုံးဝကိုလူေကာင္းဟုတ္မေနဟု ေဝၿဖိဳးဆီမွ ေရးရီ ၾကားမိၿပီးသားမလား။

"အဲ့စကားေတြက ခုေျပာေနလို႔လည္း အသုံးမဝင္ပါဘူး။ကြၽန္ေတာ္ ျဖဴႏုငယ္နဲ႔ ခု လာေတြ႕တယ္ဆိုတာကလည္း အရင္လိုမ်ိဳး အေနအထားနဲ႔ျပန္ပတ္သက္ဖို႔ မဟုတ္ဘူး။ ဒီအတိုင္း... ျပတ္စဲသြားၿပီးရင္ေတာင္ အသိမိတ္ေဆြေတြလို အေနအထားမ်ိဳးနဲ႔ ဆက္သြားႏိုင္ေအာင္လို႔ပါ။ ဟိုးအရင္ကလို စိတ္မ်ိဳးနဲ႔ဆို ျဖဴႏုငယ္နဲ႔ ျပန္ေတြ႕ရင္ ကြၽန္ေတာ္ ခါးခါးသီးသီး ျဖစ္ခဲ့မွာမွန္ေပမယ့္ ခု ကြၽန္ေတာ္က အဲ့ဒါထက္ ပိုအေရးႀကီးတာရွိေနလို႔။"

သူ႔စကားကိုေတာ့ ျဖဴႏုငယ္က ေသခ်ာနားလည္ပုံေတာ့ မေပၚေပမယ့္ သူ ျပန္ေတြ႕ေပးတာႏွင့္တင္ ေပ်ာ္႐ႊင္ေနၾကာင္း မ်က္ႏွာက သက္ေသပင္။

"ဘာပဲျဖစ္ျဖစ္ ျဖဴကေတာ့ ေရးရီနားမွာ အသိမိတ္ေဆြေတြလို ေနရမွာဆိုလည္း ျဖဴ ေနပါ့မယ္။ "

ၿပီးေတာ့ ျဖည္းျဖည္းခ်င္း ျဖဴ႕ကို ျပန္ခ်စ္လာေအာင္လည္း ျဖဴလုပ္ယူမွာမွာဆိုသည့္စကားကိုေတာ့ ျဖဴႏုငယ္ စိတ္ထဲကေနသာ ေျပာလိုက္မိသည္။သူက ေရးရီ၏ အခ်စ္ဦးျဖစ္ၿပီး ေရးရီကလည္း ျဖဴ႕ကို ေသေသခ်ာခ်ာေလး ခ်စ္ခဲ့သည္မဟုတ္ပါလား။

"ေကာ္ဖီအသစ္မွာလိုက္မယ္ေနာ္။ ဒါေတြက ေအးေနၿပီ ေသာက္ေကာင္းေတာ့မွာမဟုတ္ဘူး"

"အင္း.. ရတယ္ေလ"

ျဖဴႏုငယ္က ေျပာၿပီး ခ်က္ခ်င္းပင္ ေကာင္တာဘက္ ထြက္သြားတာမို႔ ေရးလည္း ပတ္ဝန္းက်င္ကို မ်က္စိကစားလိုက္ရင္း တစ္ေနရာအေရာက္တြင္ေတာ့ မ်က္ခုံးတန္းတို႔ပင့္တက္သြားရသလို တစ္ဆက္တည္း တစ္ဖက္လွည့္ကာ ၿပဳံးလိုက္မိသည္။

သမာၻျမင့္မိုရ္က ဘယ္တုန္းက ေကာ္ဖီဆိုင္ေထာင့္စြန္းခုံေလးနား ေရာက္ေနခဲ့ပါလိမ့္။

"ေရးရီႀကိဳက္တဲ့ ကိတ္ေလးလည္း ျဖဴမွာခဲ့တယ္."

"ဟုတ္လား. ကြၽန္ေတာ္ႀကိဳက္တာကို ျဖဴ မွတ္မိေသးတယ္ေပါ့"

ထိုစကားသံကိုေတာ့ သူ အသံနည္းနည္းျမႇင့္ကာ ေျပာလိုက္သည္မို႔ သမာၻၾကားရင္လည္း ၾကားေလာက္မည္ျဖစ္သည္။ေနာက္ေတာ့ ျဖဴႏုငယ္ ေျပာေနသည့္ စကားေတြကို ရယ္ေမာစရာမပါဘဲႏွင့္လည္း ေရးရီ ၿပဳံးရယ္လ်က္ နားေထာင္ေနသည့္ပုံမို႔ ျဖဴႏုငယ္ ကလည္း အားတက္သေရာျဖင့္ သူ ေျပာခ်င္တာေတြ ဆက္ေျပာျပေနေသးသည္။

သိပ္မၾကာလိုက္ပါ။ စားပြဲေပၚတင္ထားသည့္ ေရးရီ၏လက္ကိုင္ဖုန္းေလးက အသံျမည္လာသည္။

"ဟုတ္ကဲ့ အစ္ကို"

"ေရးရီေရ.. ကိုသမာၻက သူ ဒီဇိုင္းတခ်ိဳ႕ ဒီညေန ၾကည့္ခ်င္တယ္တဲ့"

"ဗ်ာ... ခ်ိန္းထားတဲ့အခ်ိန္မေရာက္ေသးဘူးေလ။ဒီၾကားထဲ အလုပ္ရွိေသးလို႔ နည္းနည္းေစာင့္ေပးပါေျပာေတာ့ သူလည္း လက္ခံ ထားၿပီးသားကို"

"ေအး အစ္ကိုလည္း မတတ္ႏိုင္ဘူး။ သူ ဒီညေနရမွျဖစ္မွာတဲ့။လုပ္ပါကြာ.. မဟုတ္ရင္ တဂ်ီဂ်ီဖုန္းဆက္ရင္ အစ္ကို ဘယ္လို ေနရမလဲ။သမာၻျမင့္မိုရ္ကို အစ္ကိုေတာ့ အကဲစစမ္းပါရေစနဲ႔"

"ေဝၿဖိဳးေရာ..အစ္ကို"

"ေဝၿဖိဳး ေနမေကာင္းလို႔ ညေနပိုင္းခြင့္ယူသြားတယ္။ကဲပါ.. ေန႔လယ္စာ နားခ်ိန္ၿပီး ႐ုံးျပန္လာေတာ့ေနာ္..ေရးရီေလးက လိမၼာပါတယ္"

ဖုန္းအရင္ခ်သြားေသာ မန္ေနဂ်ာကိုျမင့္ေထြးပင္ျဖစ္ေတာ့သည္။ေရးရီ မ်က္ႏွာေလးက ခပ္စူစူ။ ေကာ္ဖီဆိုင္ေထာင့္စြန္းဘက္ တစ္ခ်က္ၾကည့္လိုက္ေတာ့ လက္ထဲတြင္ စာအုပ္တစ္အုပ္ကို လွန္ေလွာဖတ္ရႈေနေပမယ့္ ၿပဳံးေယာင္သမ္းေနသည့္ ႏႈတ္ခမ္းေတြ၏ ပိုင္ရွင္။

"ကိစၥတစ္ခုခုရွိလို႔လားဟင္.."

"ခဏေနာ္ ကြၽန္ေတာ္ ဖုန္းတစ္ခ်က္ဆက္လိုက္ဦးမယ္"

ေရးရီ ထိုင္ရာမွ ထကာ အျပင္ဘက္ထြက္လာခဲ့လိုက္ရင္း ေဝၿဖိဳးဆီ ခ်က္ခ်င္းဖုန္းေခၚလိုက္သည္။ တစ္ခ်က္ပဲဝင္သြားၿပီး ေဝၿဖိဳးက ခ်က္ခ်င္းကိုင္၏။

"ေျပာစမ္းပါဦး တစ္မနက္လုံး ဖလမ္းဖလမ္းနဲ႔ ေန႔လယ္က် ေနမေကာင္းျဖစ္သြားရတဲ့အေၾကာင္းကို"

"ေအး ငါလည္း ေျပာမလို႔ပဲ။ငါက ခု ငါ့ကိုယ္ငါေတာင္ မပိုင္ေတာ့ဘူးလား မသိဘူး။ သူေဌးရဲ႕သားက ဖုန္းဆက္လာၿပီး ေနမေကာင္းျဖစ္တယ္ဆိုၿပီး ခ်က္ခ်င္းျပန္လိုက္ပါတဲ့။ငါ အစက မင္းကို ဒီဇိုင္းေတြကူဆြဲမလို႔ဘဲ ျပန္ခိုင္းေတာ့ ျပန္လိုက္ရတာ စိတ္ေတာင္မေကာင္းဘူး ဟီး...ဟီး...."

စိတ္မေကာင္းသည့္အသံျဖင့္ တဟီးဟီးလုပ္ေနသည့္ သူငယ္ခ်င္းကို အနားမွာသာရွိလွ်င္ ကုတ္ဖဲ့ပစ္လိုက္ခ်င္ၿပီ။

"ဒီေကာ္ဖီဆိုင္ေနရာလည္း သူ႔ကို မင္း ေျပာျပလိုက္တာမလား"

"ဟုတ္တယ္ေလ။မင္း တစ္ေယာက္တည္း အျပင္သြားရင္ ဘယ္သြားတာလဲ သူ႔ကို ျပန္ေျပာေပးဆိုလို႔"

"ေကာင္းတယ္ ေဝၿဖိဳး. ေကာင္းတယ္ ေဟ့ေကာင္..။ ဒီဇိုင္းဆြဲခေတြ မင္း တစ္က်ပ္မွရမယ္မထင္နဲ႔ေနာ္"

ေဝၿဖိဳးက ဆက္ေအာ္ေနေပမယ့္ ေရးရီ ဖုန္းခ်လိုက္ၿပီ။ေရးရီက သူ မႀကိဳက္သည့္ ျဖဴႏုငယ္ႏွင့္ေတြ႕ၿပီး သူ႔စိတ္ခုေအာင္ လုပ္ခ်င္တာမွန္ေပမယ့္ ေဝၿဖိဳးကို ကပ္ၿပီး ဒီလိုခပ္ျမန္ျမန္ႀကီး လိုက္ပါလာလိမ့္မည္လို႔ေတာ့ ေရးရီ ထင္မထားမိ။ မေကာင္းတာေတာ့လည္း မဟုတ္။ ေရးရီ ျဖစ္ေစခ်င္တာလည္း ဒါပါပဲဆိုေတာ့ အလိုက္သင့္စီးေျမာသြား႐ုံသာ။

သူဆိုင္ထဲ ျပန္ဝင္လာခဲ့ေတာ့ သမာၻက ထိုေနရာမွာ မရွိေတာ့။

"အလုပ္ေပၚလာလို႔ ကြၽန္ေတာ္ အရင္ျပန္ႏွင့္ေတာ့မယ္"

"ဟင္.. ခ်က္ခ်င္းႀကီးလား။ ကိတ္မုန႔္ေလး စားၿပီးမွ..."

"အေရးႀကီးလို႔ပါ။ သြားၿပီေနာ္"

ေရးရီက ထိုင္ခုံမွာခ်ိတ္ထားသည့္ ဂ်တ္ကက္ေလးကို ယူၿပီး ျပန္ထြက္သြားခဲ့သည္။လာခ်ေပးထားသည့္ ေခ်ာကလက္ကိတ္ေလးကို ၾကည့္ကာ ျဖဴႏုငယ္ မႈိင္ေတြေတြ။ ေရးရီက ဟိုးအရင္တုန္းကဆို သူ မွာေပးသည့္ ေခ်ာကလတ္ကိတ္ေတြဆို ဘယ္ေတာ့မဆို ကုန္ေအာင္စားခဲ့ၿပီး ျဖဴမွာေပးလို႔ ပိုအရသာရွိသည့္အေၾကာင္း တြင္တြင္ေျပာခဲ့ဖူးသည့္ ခ်စ္သူ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ္ခ်ိန္အတြင္းမွာ မၿပီးေသးသည္မို႔ အိမ္ယူလာခဲ့သည့္အလုပ္က ညေနထမင္းစားၿပီးကတည္းက ျပန္လုပ္ေနသည္မို႔ ညခုႏွစ္နာရီ ေက်ာ္ေက်ာ္တြင္ လိုခ်င္သေလာက္ၿပီးသြားခဲ့သည္။ဒီဇိုင္းေလးခုလုံးက အေခ်ာသတ္မဟုတ္ေသးတာေတာင္ စိတ္ကူးအိုင္ဒီယာထည့္စဥ္းစားရေသးတာမို႔ အခ်ိန္က ပိုၾကာသြားခဲ့ျခင္းျဖစ္သည္။ မန္ေနဂ်ာက ဒီညေန အၿပီးျပေပးဖို႔ ေသခ်ာ ဆက္ဆက္ေျပာထားတာမို႔ ေရးရီ အခန္းထဲကထြက္ကာ သမာၻ႔အခန္းဘက္ ေလွ်ာက္လာခဲ့လိုက္သည္။ တံခါးေခါက္လိုက္ေပမယ့္ အထဲက တုံ႔ျပန္မႈမရွိတာမို႔ ဖုန္းဆက္ရန္အတြက္ အခန္းထဲျပန္ဝင္ဖို႔လွည့္လာခဲ့ေပမယ့္ မွန္ျပတင္းေတြကတစ္ဆင့္ ေရကူးကန္တြင္ ျမင္လိုက္ရသည့္ သူေၾကာင့္ ေရးရီ ေအာက္ထပ္ဆင္းလာခဲ့ရေတာ့သည္။

ေရကူးကန္ထဲ ေျခႏွစ္ဖက္ခ်ထားလ်က္ ကန္ေဘာင္တြင္ ထိုင္ရင္း လက္ႏွစ္ဖက္က ေနာက္ဘက္ကိုပစ္ထားလ်က္ ေဘးတြင္ ဝိုင္တစ္ခြက္ႏွင့္ ေကာင္းကင္ကို ေမာ့ေငးၾကည့္ ေနသည့္ သူက ညမီးေရာင္ေအာက္တြင္ ပနံရေနသည္။ ေက်ာျပင္က်ယ္ႏွင့္ လက္ေမာင္းႂကြက္သားေတြက အစ ေတာင့္တင္း ခိုင္မာေနသည့္ သမာၻက အားကစားကိုလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လုပ္သည္မလား။

"ဒီမွာ.."

အသံေၾကာင့္ တစ္ခ်က္လွည့္ၾကည့္လာေတာ့ ေရးရီ တစ္ခ်က္ ေငးခနဲျဖစ္သြားရသည္။စိုစြတ္ေနသည့္ ဆံစတို႔က နဖူးေပၚတြင္ ခိုတြဲလ်က္ အၿပဳံးစစျဖင့္ သမာၻသည္ တကယ္ဘဲလည္း ႐ူးသြပ္ခ်င္စရာ။

"ကိုယ့္ကိုေခၚတာလား"

"ဒီနားမွာ မင္းနဲ႔ငါအျပင္ ဘယ္သူရွိေသးလို႔လဲ"

"ဟုတ္ပါၿပီ။ ကဲ. လာျပေလ.."

"ဘာ!"

"လက္ထဲမွာ စာ႐ြက္ေတြနဲ႔ ဒီဇိုင္းျပဖို႔လာတာမဟုတ္လား။"

မသိလွ်င္ေတာ့ ႐ိုးသားသည့္ပုံစံႏွင့္ သမာၻက ခပ္စစအၿပဳံးကိုလည္း ဆင္ျမန္းထားေသးသည္မို႔ ဘယ္လိုမွ အေကာင္းျမင္ေပးလို႔မရ။

"မင္း ေရကူးဦးမွာမလား။ ဟိုေပၚထားခဲ့ေပးမယ္။ၿပီးမွ ၾကည့္လိုက္ေပါ့"

"အရင္ၾကည့္ပါရေစဦး.. သိပ္ျမင္ခ်င္ေနၿပီ။"

ေရးရီ မ်က္ႏွာခပ္စူစူျဖင့္သာ သူ႔ေဘးနားထိ တိုးလာရင္း ငုတ္တုတ္ေလးထိုင္ကာ ဖိုင္တြဲေလးျဖင့္ တြဲထားသည့္ ဒီဇိုင္းပုံေလးေတြကို ျပသည္။ တစ္ခုခ်င္းစီ ေသခ်ာေလးေျပာျပခ်င္တာေပမယ့္ ဘယ္လိုဒီဇိုင္းအပ္ႏွံသူကိုမ်ား ဒီလိုမ်ိဳး ေရကူးကန္ေဘးမွာ ငုတ္တုတ္ေလးထိုင္ၿပီး ရွင္းျပရလို႔လဲ။ၿပီးေတာ့ အေပၚပိုင္းအဝတ္ဗလာ၊ေအာက္ပိုင္းကျဖင့္ ေရကူးေဘာင္းဘီတိုေလးႏွင့္ သူ႔အနား အၾကာႀကီးမေနခ်င္ပါဘူး။

"ၾကည့္ၿပီး နားမလည္တာရွိရင္ ေျပာေလ..မနက္က်မွ ျပန္ေျပာျပေပးမယ္"

"ေဟ့ ေနဦး....အာ..."

"အေမ့....."

ေရးရီက ခ်က္ခ်င္းထရပ္လိုက္ေတာ့ သမာၻလက္လွမ္းဆြဲလိုက္ေပမယ့္ အခန႔္မသင့္ေလေတာ့ ေရကူးကန္ထဲ ႏွစ္ေယာက္လုံး ျပဳတ္က်သြားရေတာ့သည္။ေရးရီ ေရမကူးတတ္တာမို႔ ေၾကာက္လန႔္တၾကားျဖင့္ သမာၻ႔လည္ပင္းကို ခိုတြဲထားသလို သမာၻ႔ခါးကိုလည္း ေျခႏွစ္ဖက္ျဖင့္ ခြထားမိသည္။

"ေဟ့.. မ်က္လုံးဖြင့္ဦး.. ေရး။ ဘာမွမျဖစ္ဘူး..ဒီမွာၾကည့္"

ေၾကာက္လန႔္တၾကားျဖင့္ မ်က္လုံးစုံမွိတ္ထားသည့္ ေရးရီသည္ သူ႔လည္ပင္းကို ခိုတြဲထားသလို သူကလည္း ေရးရီကို ခါးကေန ဖက္ထားေပးမိသည္။ေရက သမာၻ႔လည္ပင္းေလာက္ရွိတာမို႔ ေရးရီႏွင့္ဆို ေခါင္းေလးျမႇဳပ္ႏိုင္တာမို႔ ခါးကေန ပင့္ခ်ီေပး ထားရ၏။ေရးရီ ေျခေထာက္ႏွစ္ေခ်ာင္းကလည္း သူ႔ခါးထက္မွာ။

"မင္း ငါ့ကိုသတ္ဖို႔ႀကိဳးစားေနတာလား. မင္း ငါေရမကူးတတ္မွန္းသိလ်က္နဲ႔"

ေၾကာက္လန႔္သည့္စိတ္က ဒိုင္းခနဲလာေဆာင့္သြားသည္မို႔ အသံေတြတုန္လ်က္ ေရးရီ ေအာ္ေျပာမိေတာ့သည္။ သူ႔လည္ပင္းကိုေတာ့ျဖင့္လည္း ဖက္တြယ္ထားတာ မလႊတ္ရဲ။

"ေဆာရီး.. ကိုယ္ တမင္လုပ္တာမဟုတ္ပါဘူး။ တကယ္ မေတာ္တဆျဖစ္သြားတာ။မင္းက ႐ုတ္တရက္ႀကီး ထရပ္ေတာ့ ကိုယ္လည္း အမွတ္မထင္ဆြဲလိုက္မိတာ"

သမာၻက တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရွင္းျပေပမယ့္ အေၾကာက္မေျပေသးသည့္ ကေလးႏွယ္ ေရးရီ မ်က္ႏွာေလးက ခပ္မဲ့မဲ့။ဒီဇိုင္းဖိုင္တြဲ ေလးကလည္း ေရကူးကန္ထဲ ဝဲလို႔။

"ကားတိုက္လို႔ မေသဘဲ ေရနစ္လို႔ေသေတာ့မလို႔"

"ဘာ.."

ေရးရီခပ္တိုးတိုးေရ႐ြတ္တာမို႔ မၾကားလိုက္သည့္ သမာၻက ေမးေပမယ့္ အေျဖျပန္မရ။

"အေပၚျပန္တင္ေပး.."

"အိုေခ..ေနာက္က် ကိုယ္ မင္းကို ေရကူးသင္တန္းတက္ခိုင္းဦးမယ္။ ကိုယ္သင္ေပးမယ္ေျပာေတာ့လည္း မင္းက လက္မခံ"

"မင္းအပူလား။ငါ့ဘာသာ တက္ခ်င္မွ တက္မွာေပါ့"

ရန္စကားေျပာဖို႔ေတာ့ အားရွိေသးတာမို႔ ေရးရီ အေၾကာက္ျပယ္သြားၿပီဟု ခန႔္မွန္းရသည္ပါပဲ။ ခါးကေနအသာထိန္းခ်ီေပးလာရင္း ေရကူးကန္ေဘာင္ေပၚ သာသာေလးတင္ေပးလိုက္သည္။ ေျခေထာက္ႏွစ္ဖက္ ကန္ေဘာင္ေပၚေရာက္သည္ႏွင့္ လွစ္ခနဲ ထေျပး သြားသည္။အိမ္ေနရင္း ခ်ည္သားေဘာင္းဘီျဖဴေလးက ေပါင္အထက္တြင္တက္ေနၿပီး ေရေတြစိုေနတာမို႔ ေျပးသြားသည္မွာ လုံးတုံးတုံးေလးျဖင့္ ဘယ္လိုေလးမွန္း မသိတာမို႔ သမာၻ ရယ္မိလိုက္ရင္းျဖင့္ သိသိသာသာျဖစ္ေနသည့္ တစ္စုံတစ္ရာကို သတိထားမိကာ ႐ုတ္တရက္ ေခါင္းႀကီးသြားရသည္။

ဘယ္လိုျဖစ္လို႔ သူ႔ခႏၶာကိုယ္တုံ႔ျပန္မႈက ေရးရီႏွင့္ ထိေတြ႕မိၿပီးမွ......။

***************************
#With Heart
Just A Dreamer

(သေဘာက်ရဲ႕လားရွင္။အပိုင္း ၂၅ ေလာက္ေတာ့ ေက်ာ္မယ္မွန္းရပါတယ္။)



Continue Reading

You'll Also Like

64.8K 3.2K 117
ရှိန်းခေတ်သာချိုတစ်ယောက် ဒုတိယနှစ်ဝက်စာမေးပွဲကြီးဖြေဆိုပြီး၍ အိမ်ပြန်ရောက်ချိန်၌ မထင်မှတ်ဘဲ လောကဓံ၏ရိုက်ချက်ကိုခံလိုက်ရသဖြင့် ရှိန်းခေတ်၏ဘဝသည် တစ်ဆစ်...
183K 26.4K 51
အခ်စ္​ဟာသ​ေလးပါ အဆြိခ်ည္​းတစ္​လိုင္​း​ေပါ့❤
80.9K 7.1K 141
New Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description က...
220K 30K 70
21+ අසබ්‍ය වචන හා mature content අඩංගුය.