ဒယ်ဒီမှသူ့အားအိမ်တွင်းမှာပဲခြေချုပ်ထားသည့် အတောအတွင်း စိတ်တအားကျဥ်းကြုပ်နေရတယ်။ ထိုအတွက် အတက်နိုင်ဆုံးသူလိမ်မာအောင်နေပြရသည်။ သူဘာလုပ်လုပ် ဒယ်ဒီကအပြစ်မဆိုသည်ကြောင့်သာဤကဲ့သို့အခွင့်အရေးရနေခြင်းပင်ဖြစ်သည်။ လပြည့်ဝန်းဆိုသည့်နာမည်အောက်တွင်နေထိုင်ရင်း သူ၏ဆန္ဒများကိုချိုးနိုမ်ခံထားရသည်ဟုခံစားရရင် ပြောင်းလဲရန်ကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်။ ပထမဆုံးဒယ်ဒီနှင့်မျက်နှာချင်းပြန်ဆိုင်သည့်အခါ စိတ်ထဲပေါ်လာသည့် သူ၏ကြည့်လက်စ ဂရိဇာက်လမ်းရှည်တစ်ပုဒ်ထဲမှ နိုဝယ် ဟုသောဇာက်ကောင်အမည်ကိုအမှတ်ရလိုက်၍ ထိုနာမည်အားပြောင်းလဲရန်ဆုံးဖြတ်ခဲ့လေသည်။ ထိုသို့ပြောင်းလဲခြင်းကိုလဲဒယ်ဒီ မှ တစ်ခွန်းမပြစ်မဆိုလာ။ ထိုအတွက်ပင်အံသြရသေးသည်။ အဘယ်ကြောင့်ဆိုသော် ဒယ်ဒီငြင်းမည်ထင်ခဲ့သည်လေ။ ထိုနာမည်က ဒယ်ဒီနှင့်သူပထမဆုံးစတွေ့ခဲ့ပြီး သူ့အတွက်ပေးခဲ့သည်နာမည်တစ်ခုဆိုတာ။ ထိုသို့ပြောင်းလဲခြင်းကိုလဲဒယ်ဒီ မှ တစ်ခွန်းမပြစ်မဆိုလာ။ ထိုအတွက်ပင်အံသြရသေးသည်။ အဘယ်ကြောင့်ဆိုသော် ဒယ်ဒီငြင်းမည်ထင်ခဲ့သည်လေ။ ထိုနာမည်က ဒယ်ဒီနှင့်သူပထမဆုံးစတွေ့ခဲ့ပြီး သူ့အတွက်ပေးခဲ့သည်နာမည်တစ်ခုဆိုတာ။
သူ၏အခွင့်အရေးများအကုန်တခုမကျန်ပြန်ရသော်လဲ ပြောင်းလဲသွားသည်များကတော့ သူ့ဘေးနားမှာ လူနှစ်ယောက်ပိုလာခြင်းပင်။ အရင်ကအဝေးကနေသာဒယ်ဒီစောင့်ရှောက်ခိုင်းသည့်သူများသာရှိပေမဲ့ယခုတွင်မှု ဘေး၌အနီးကပ်နေရန်အလို့ငှာလူနှစ်ယောက်ရှိနေခဲ့သည်။ တော်သေးသည်က တစ်ဦးကယောကျ်ားလေးဖြစ်နေ၍နေရာတကာတော့လိုက်၍မရခဲ့ပါ။
လက်ရှိသူရောက်နေသည်ကား ကလပ်တစ်ခု။ ဒယ်ဒီ့အရိပ်အာဝါသအောက်၌မရှိသောတစ်ခုတည်းသောကလပ်။ ဂေးဘားဟုပြောလျှင်ပိုမှန်နိုင်ပါသည်။ အမြဲလိုလိုလာနေသည့်သူ့အတွက်ထိုနေရာက သူ့အားမသိသူမရှိပါ။
"ဟေး တစ်ယောက်ထဲလား အဖော်လိုသေးလား"
သူ၏အကြောင်းအားသိနေသည့်သူဖြစ်၍ထွေထွေထူးထူးပြောနေစရာမလို။ လက်ထဲရောက်လာသည့်အခန်းသော့တစ်ချာင်းကိုကြည့်ပြီးမဲ့ပြုံးတစ်ခုဖြစ်သွားရသည်။ ဤဂေးဘားလာလျှင် ပိုင်ရှင် Nick သည်အမြဲလိုလိုဖန်တီးပေးသည့်သူ့အတွက်ပျော်ရွှင်မှုလေးတစ်ခု။ သူဘယ်လိုကြောင့်ဒီပုံစံမျိုးဖြစ်ခဲ့ရသည်ဟုပြန်စဥ်းစားလျှင်ဘယ်အချိန်ကထဲစခဲ့သနည်း။ ဒယ်ဒီဖုံးကွယ်ထားသည့်သူ၏သရုပ်အမှန်ကိုသိရှိသွားသည့်အချိန်ကထဲကလား။ ဒယ်ဒီ့အရိပ်အာဝါသအောက်ကနေထွက်ပြေးရန်စဥ်းစားခဲ့သည့်အချိန်ကထဲကလား။ စိတ်ထွက်ပေါက်ရှာဖို့ဤဘားကိုစရောက်ခဲ့သည့်အချိန်ကလား။ ဒါမှမဟုတ် သူ့ဘဝတစ်ခုလုံးကိုလက်ခုပ်ထဲကရေလိုဆော့ကစားသွားတဲ့မိန်းမတစ်ယောက်နှင့်တွေ့ခဲ့သည့်အချိန်ကလား။ သေချာတာသူ့စိတ်တွေအရောင်စွန်းခဲ့တာအချိန်တစ်ခုကြာနေခဲ့ပြီဖြစ်သည်။
လက်ထဲမှသော့နှင့်အခန်းတံခါးဖွင့်လိုက်သည့်နောက်မှ တွေ့လိုက်ရသည့်အလင်းရောင်မှိန်ဖြဖြရှိနေသည့်အခန်း။ အခန်းကုတင်ဘေး၌ တွေ့လိုက်ရသည့်ပစ္စည်းများကိုကြည့်ပြီးမျက်နှာ၌အပြုံးဖြစ်ထွန်းလာခဲ့သည်။ ထိုပစ္စည်းများအတွင်းမှ ရေဆူဆေးပြားပုံစံဗူးထဲမှဆေးနှစ်လုံးကိုထုတ်ပြီးဘေးကဝိုင်ခွက်ထဲသို့ထည့်လိုက်သည့်အခါ ဆူပွတ်လာသည့်ဝိုင်ခွက်။ ထို့နောက် သူတစ်ဝက်မျှသောက်ပြီးသည့်အခါ သူ၏ဘေးကုတင်ပေါ်၌ထိုင်နေသောသူ့လုပ်သမျှကိုတစ်ခုခြင်းလိုက်ကြည့်နေသည့်ကောင်မလေးကိုပေးကာသောက်စေလိုက်သည်။ ထိုဖန်ခွက်ထဲမှအရည်များကုန်သွားသည့်နောက်တွင်တော့ ပြင်းရှရှအနမ်းများကသူတို့နှစ်ဦးကြားဝင်ရောက်လာပါတော့သည်။
ချုပ်ကိုင်ခြင်းခံထားရသည့်နီရဲရဲလက်များကိုလဲလှစ်လျူရှုခဲ့သည်။ ကျောဘက်ကအနီရောင်မှအညိုရောင်ပြောင်းနေပြီဖြစ်သောရိုက်ခံထားရသည့်အချိုးရာများကိုလဲလှစ်လျူရှုခဲ့သည်။ လည်ပင်းအစ်မတက်ညစ်ထားမိသည့်သူ၏လက်အသွယ်ကိုလဲသတိမထားမိခဲ့။ အနားတမ်းထိုးသွင်းနေမိသည့်အစိမ်းအသက်သက်ခံစားချက်ကိုလဲသူမသိ။ သူသိတာသူ့ပုံဖော်ထားသည့်ကောင်မလေးကိုသူ့မျက်စိအောက်မှလူးလွန့်နေသည့်ခံစားချက်ကိုသူနှစ်သက်နေခဲ့သည်။ ပါးစပ်အားချည်နှောင်ထားသည့်သားရေပတ်မှပစ္စည်းတစ်ခုကြောင့်ဝူးဝူးဝါးဝါးသာကြားနေပေမဲ့ သူပြုလိုက်တဲ့လှုပ်ရှားမှုတိုင်းမှာလည်ပင်းအကြောပါမကျန်တင်းရင်းကာသူပေးတဲ့နာကျင်မှုသာယာမှုကိုခံစားနေရသည့်ထိုကောင်မလေးအားသူသဘောကျနေခဲ့တာ။ မဟုတ်ဘူး နာကျင်မှုကြောင့်ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုကိုသူနှစ်သက်နေခဲ့တာ။ သူ့ဘက်က လှုပ်ရှားမှုအားလုံးရပ်တန့်လိုက်သည့်နောက်ငြိမ့်ကျသွားသည့်ကောင်မလေး။
"ပျော့လိုက်တာ"
အသက်ရှုနေသေးလားဟူ၍နှာခေါင်းနားလက်ချောင်းလေးကပ်ကြည့်တော့ အသက်မျှင်မျှင်လေးမျှရှုနေသေးသည်။ ထို့ကြောင့် ကုတင်ဘေးခုံတင်တင်ထားသည့်ဖုန်းကိုယူကာ ဆက်နေကျဖုန်းနံပါတ်တစ်ခုအားခေါ်ဆိုပြီးနောက် သူ၏အခန်းထဲဝင်လာသူ သူနှင့်အရပ်အမောင်းခပ်ညီညီကောင်မလေးတစ်ယောက်ရောက်လာခဲ့သည်။
"ကြည့်လုပ်လိုက်တော့ များသွားတယ်ထင်တယ်"
ဒါသူဘယ်လိုအဓိပ္ပါယ်နှင့်ပြောသည်ဆိုတာကိုသိနေသည့်အလား ခေါင်းတစ်ချက်သာငြိမ့်လေသည်။ သူကတော့ခုနကချွတ်ထားသည့်အဝတ်အစားများကိုပြန်ဝတ်ပြီးနောက်ထိုဘားနှင့်ဝေးရာကိုသာထွက်လာခဲ့လေသည်။
"အဲ့ဒီကောင်မလေးသေသွားလောက်မယ်လို့ထင်လား"
ကားနောက်ခန်းမှနေ၍အပြင်ဘက်အားငေးရင်းစကားဆိုလိုက်တော့ အရှေ့ခန်းမှာကားမောင်းနေသည့်သူကသူ့အားနောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လေသည်။
"အကယ်၍သေသွားရင်တောင် ဦးလေးခွန်လုံက မမလေးအတွက်ရှင်းပေးမှာပါ"
ဟုတ်တာပေါ့ ဒယ်ဒီကြီးကသူ့ဘက်ရှိနေသည့်သူပဲဟာ။ သူဘာတွေလုပ်တယ်ဘယ်ကိုသွားတယ်ဆိုတာဒယ်ဒီကြီးမသိတဲ့အချိန်မှမရှိခဲ့ပဲ။ အခုတစ်ခေါက်ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာသေချာပေါက်သိနေမှာပါပဲ။ သူကသာဒယ်ဒီ့အရိပ်အာဝါသအောက်နေပြေးဖို့ကြံရွယ်နေခဲ့တာ။ အဲ့ဒီ့ဒယ်ဒီ့အရိပ်တွေကပဲသူ့ကိုကာကွယ်နေခဲ့တာ။
ထိုရက်မှစပြီး သူထိုဘားသို့ထပ်မသွားခဲ့ပါ။ ဒယ်ဒီကြီးအနားနေကာ ဒယ်ဒီ့မျက်စိအောက်တွင် ဒယ်ဒီခိုင်းသမျှတသွေမတိမ်းဆောင်ရွက်နေမိသည်။
"သမီး အခုတလောအပြင်သွားတာလဲမတွေ့ပါလား ဘာစိတ်ညစ်စရာတွေရှိနေလို့လဲ"
"သမီးအဆင်ပြေပါတယ်ဒယ်ဒီရဲ့ ဒီတိုင်းဘယ်မှမသွားချင်ယုံပါ"
"ဒီရက်ပိုင်းဒယ်ဒီ့အလုပ်တွေကိုကူလုပ်ပေးနေတော့ ဘာလိုချင်လဲပြောလေ ဒယ်ဒီဖြည့်စည်းပေးမယ် သမီးအတွက်"
"အခုတော့ ဘာမှမလိုချင်သေးဘူးဒယ်ဒီ အကယ်၍သမီးလိုချင်လာပြီဆိုပြောပါ့မယ်"
အလုပ်ဆိုတာ ဒယ်ဒီကြီးကအစိုးရဝန်ထမ်းလူကြီးများ၏လုံခြုံရေးကိုတာဝန်ယူထားရသည့်အလုပ်မဟုတ်ပါပဲ တခြားအလုပ်ဖြစ်သည်။ ထိုအရာကတော့ ဒယ်ဒီပိုင်ဆိုင်သည့်ကလပ်များ၏ငွေကြေးစီမံခွင့်များကို ကူညီလုပ်ကိုင်ပေးနေချင်းဖြစ်ပါသည်။ ထိုကလပ်များကဟန်ပြသာသာဖြစ်ပြီး ထိုအထဲမှာကာစီနိုများမှရရှိသည့်ငွေကြေးဟုပြောလျှင်ပိုမှန်နိုင်သည်။ ထိုင်းမြေမှာနေပေမဲ့ ဒယ်ဒီပိုင်သည့်ကလပ်များကထိုင်းမြေတသိခုထဲမှာပဲရှိနေတာမဟုတ်တာကတော့သေချာသည်။ ငွေကြေးပမာဏများက ကလပ်တစ်ခုထဲကစီးဆင်းသည့်ငွေများမဟုတ်သည်ကိုခလေးသွားမေးရင်တောင်သိနိုင်သည့်အခြေအနေ။ ဒါပေမဲ့ဘယ်သူကဒယ်ဒီ့အားအရေးယူခြင်းရှိမည်နည်း။ ထိုသူများကိုယ်တိုင်တောင် ဒယ်ဒီနှင့်လွတ်ကင်းသူများမပါခဲ့တာ။
အလုပ်ကိစ္စတစ်ခုနှင့်ဖူးခတ်ရောက်နေတုန်း သူ့အတွက်ကံကြမ္မာကဖန်တီးပေးသည့်အခြေအနေတစ်ခုနှင့်ကြုံလိုက်ရသည်။ သူ့ဘဝမှာပထမဆုံးဖြစ်ပေါ်လာသည့်ခံစားချက်ဖြစ်မလား။
"အာ့"
"Oh! sorry sorry I'm so sorry တောင်းပန်ပါတယ် တို့မမြင်လိုက်လို့ အယ်ဗမာစကားနဲ့ပြောနေမိတယ်ငါလဲ"
"ရပါတယ် ကျွန်မနားလည်ပါတယ်"
"အာ ဟုတ်ကဲ့ တို့တောင်းပန်ပါတယ် ထောင့်ကွေ့ဆိုတော့မမြင်လိုက်မိဘူး အလုပ်ထဲပဲအာရုံရောက်နေတော့"
နေကာမျက်မှန်အောက်ကနေ သူနှင့်တိုက်မိသည့်အမျိုးသမီးကိုငေးမောကြည့်နေခဲ့မိတာ။ နားထဲရေလှိုင်းရိုက်ခတ်ခံတွေ ငှက်ကလေးများတကျီကျီအော်သည့်အသံများသာကြားနေခဲ့ရသည်။ သူ့ရှေ့လက်ဝေ့ရမ်းပြမှသာအသိစိတ်ပြန်ကပ်ခဲ့ရသည်။
"အဆင်ပြေရဲ့လား တစ်ခုခုများထိခိုက်မိသွားသေးလားဟင်"
"မထိခိုက်ပါဘူးရပါတယ်"
တူတူတူ။ တူတူတူတူ။
ဖုန်းလာသည့်အသံကြောင့်စကားပြောပျက်သွားရပြီး သူလဲအဆင်ပြေကြောင်းပြောပြီးထိုနေရာမှထွက်လာပြီးနောက် ထိုအမျိုးသမီးထွက်သွားတော့နောက်ကနေလိုက်ကြည့်နေခဲ့မိသည်။ ဖုန်းပြောနေရင်းပြုံးနေသည့်သူကိုကြည့်ရတာ သူ့ရင်ထဲကြည်နူးနေမိသည်။ ဘယ်သူနဲ့များပြောနေလို့အဲ့လောက်ပျော်နေရသနည်း။ အဲ့ဒီ့ဖုန်းပြောသူနေရာကိုယ်သာဖြစ်လိုက်ချင်မိသည်။ ဒါပထမဆုံး တစ်စိမ်းတစ်ရောက်အပေါ်ဖြစ်ပေါ်ခဲ့သည့်သူ့ရဲ့မနာလိုမှုတစ်ခု။
သူ့ကြည့်နေရင်းနဲ့မှ ကောင်လေးတစ်ယောက်သူ့အနားကိုဖိုင််တစ်ခုနှင့်ရောက်လာလေသည်။ နှစ်ယောက်သားခေါင်းချင်းဆိုင်ကာပြောနေသည့်ကိုကြည့်ရင်း သူ့ဘေးမှကောင်လေးကိုအမြင်မကြည်။
"နိုဝယ် ဒီမှာဘာလုပ်နေတာလဲ Client ကရောက်နေပြီ"
"Iris ငါ့ကို ဟိုမှာရပ်နေတဲ့မိန်းခလေးအကြောင်းစုံစမ်းပေးစမ်းပါ သူဘေးနားကသူနဲ့ဘယ်လိုပတ်သက်နေလဲဆိုတာကောပဲ"
ခုနကတိုက်မိသွားတဲ့ကောင်မလေးကိုအဝေးတစ်နေရာမှကြည့်ရင်းပြောဆိုနေခဲ့သည်။ နိုဝယ်ဘာတွေကြံစည်မည်ဆိုတာမသိပါပဲနဲ့။
"သူနဲ့များတစ်ခုခုပြဿနာရှိလို့လား ဦးလေးကိုပြောလိုက်မယ်အဲ့တာဆို"
"မဟုတ်ဘူး နင်ပြောတာတစ်ခုမှမဟုတ်ဘူး ဒီအတိုင်းသူ့အကြောင်းသိချင်လို့ ဒီကိစ္စ ဒယ်ဒီမသိစေနဲ့ သိသွားရင် မနေ့ညကသတိမေ့သွားတဲ့တစ်ယောက်နေရာမှာနင်ဖြစ်သွားလိမ့်မယ်"
တစ်ပတ်ကြာသည့်နောက်တွင်တော့ထိုမိန်းခလေးအကြောင်းသိရှိခဲ့ရသည်။ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းတစ်ခု၏အမွေဆက်ခံရမည့်သမီးတစ်ဦးဖြစ်ကြောင်း။ ဖခင်၏ထိန်းချုပ်မှုအောက်တွက်ငယ်စဥ်ကထဲက နေထိုင်ခဲ့ရသူဖြစ်ကြောင်း။ မိသားစုအကြောင်းသေချာမသိရပေမဲ့ လုပ်ငန်းလုပ်သည့်နေရာ၌စေ့စပ်သူဖြစ်ပြီး သက်ဆိုင်သူမရှိကြောင်းပါသိလိုက်ရ၍သူပျော်နေမိခဲ့သည်။
"နာမည်ကလှသားပဲ ရုပ်ကလေးလိုပဲ ဒဏ္ဏာရီ ဒဏ္ဏာရီ အဟင်း ကျွန်မတော့ရှင့်ကိုပိုင်ဆိုင်ချင်နေမိပြီ ကျွန်မရဲ့ ဒဏ္ဏာရီ"
×
tbc
trollZ