လွမ်းမောစရာ ခေတ်ဟောင်းမြေ (လြ...

By Nhait-Sway-Suu

2.2K 170 4

ရှေးဟောင်းဟန်လင်းမြို့ကို သွားလိုက်ရအောင်လား.. (ေ႐ွးေဟာင္းဟန္လင္းၿမိဳ႕ကို သြားလိုက္ရေအာင္လား..) More

p - 1
p - 2
p - 3
p - 4
p - 5
p - 6
p - 7
p - 8
p - 9
p - 11
p - 12
p - 13
p - 14
p - 15
p - 16
p -17
p -18

p - 10

92 6 0
By Nhait-Sway-Suu

Unicode..


အချိန်အတန်ကြာမှ တာဝန်ရှိသူတွေ ရောက်လာပြီး
မိုင်ရိုစ်ကို ကူသယ်ပြီး ဆေးရုံပို့ပေးကြသည်။နွေမှာ စိုးရိမ်စိတ်ကြီးစွာ တုန်ယင်နေသောကြောင့် ကားမမောင်းခိုင်းပဲ သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ဆေးရုံကို ကားမောင်းပြီး လိုက်ပို့သည်။နွေသည် မိုင်ရိုစ်ကို ပွေ့ထားပြီး မိုင်ရိုစ်လက်တွေကို တုန်တုန်ယင်ယင်နှင့် ဆုပ်နယ်လိုက် ပါးကို ဖွဖွ ပုတ်ခေါ်လိုက်နှင့် အရူးမီးဝိုင်းသလို ဗျာများနေသည်။ကားမောင်းသည့် အစ်ကိုကိုလည်း မြန်မြန်မောင်းရန် ဆော်ဩသည်။ထိုအစ်ကိုမှ စိတ်အေးအေးထားရန် နားချသော်လည်း နွေမှာ ယောက်ယက်ခတ်နေတုန်းပင်။

နွေ၏ ရင်ထဲခံစားနေရသည့် အပူမီး‌သည် နေဆယ်စင်းထက်ပင် ပူလောင်လှသည်။မျက်ရည်တို့မှာ မငိုပဲ ကျလာသော်လည်း မသုတ်ဖယ်မိပေ။ဆေးရုံသို့ ‌သွားသောခရီးသည် ကြာညောင်းသည်ဟု ထင်နေမိသည်။

ဆေးရုံသို့ ရောက်ရှိသည့်အခါ မိုင်ရိုစ်ကို တွန်းလှဲပေါ်တင်ပြီး အရေးပေါ်အခန်းထဲ ခေါ်သွားသည်။နွေမှာ ဆောက်တည်ရာမရ ဖြစ်နေပြီး လူသွားလမ်းတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ထိုသို့ လျှောက်လိုက် အရေးပေါ်အခန်းတံခါးကို ကြည့်လိုက် လုပ်နေသည်မှာ မည်မျှ ကြာသွားသည် မသိ။နောက်ဆုံးတွင် အရေးပေါ်အခန်းတံခါးသည် ပွင့်လာပြီး ဆရာဝန်ထွက်လာသည်။နွေအလျင်စလို‌ပြေးသွားပြီး

" ဆရာ.. မိုင်ရိုစ် အခြေအနေလေး.."

" ဦးနှောက်မှာ အကြိတ်သေးသေးလေးတစ်ခုတွေ့တယ်။အဲတာကြောင့် ခွဲစိတ်ရပါမယ်။အုတ်ထိန်းသူလက်မှတ်လိုတယ်။လူနာနဲ့ ဘာတော်ပါသလဲ?"

" ဘာမှ မတော်ပါဘူး ဒေါက်တာ သူက ကျွန်မရဲ့ ဧည့်သည်ပါ။"

ဒေါက်တာက စူးစမ်းသလို တစ်ချက်ကြည့်ပြီးနောက် ခေါင်းကို ညိတ်လိုက်ပြီး

" ဒါဆို သူ့မိဘတွေကို အမြန်ဆုံးအကြောင်းကြားပါ။"

" ဟုတ်ကဲ့ ဒေါက်တာ"

ဒေါက်က ထိုသို့ပြောပြီး အရေးပေါ်အခန်းထဲ ပြန်ဝင်သွားပြန်သည်။

နွေသည် တစ်ယောက်တည်းကျန်ခဲ့ပြီး နိုင်ငံရပ်ခြားမှာရှ်ိသည့် မိုင်ရိုစ်၏ မိဘများကို မည်သို့ဆက်သွယ်ရမည်နည်းဟု ကြံရခက်နေသည်။‌အတန်ကြာစဉ်းစားပြီးမှ

" မိုင်ရိုစ်ဖုန်းရှိတာပဲ ဘယ်မှာပါလိမ့်"

လွယ်ထားသော အိတ်ထဲမှ ဖုန်းကို ရှာပြီး ထုတ်လိုက်သည်။ဖွင့်ကြည့်သည့်အခါ password မခံထားသဖြင့် အလွယ်တကူဖွင်၍ ရသွားသည်။အရေးကြီးသည့် လျို့ဝှက်ချက်များကို ဖုန်းထဲတွင်မသိမ်းပဲ ကွန်ပျူတာထဲတွင် သိမ်းဟန်တူသည်။

ထို့နောက် ဖုန်းခေါ်ဆိုသည့် နေရာထိပ်ဆုံးတွင် ဒယ်ဒီလို့ အဂ်လိပ်လိုရေးထားသည့် နေရာကို နှိပ်လိုက်သည်။နှစ်ခါဝင်ပြီးသည့်နောက်

" ဟယ်လို ချစ်သမီးလေး ‌"

သဘောကောင်းပြီး ပျော်ရွှင်တတ်ဟန်နှင့် တဆက်တည်း ရင့်ကျက်တည်ကြည်သည့် အမျိုးသားတစ်ယောက်၏အသံပေါ်ထွက်လာသည်။ အသက်ငါးဆယ်‌ကျော်လောက်ရှိမည်ဟု နွေခန့်မှန်းလိုက်မိသည်။

" အန်ကယ် ကျွန်မက နွေခီယာဝန်းလို့ ခေါ်ပါတယ်။မိုင်ရိုစ်ရဲ့ tourist Guide ပါ"

နွေက ထိုသို့ပြောလိုက်တော့ တဖက်က အသံ တိတ်သွားသည်။ အတန်ကြာမှ

" ‌စကားပြောခွင့်ရတာ ဝမ်းသာပါတယ်သမီး"

" ဟို... မိုင်ရိုစ် သတိမေ့သွားလို့ အန်ကယ် မြန်မာနိုင်ငံကို အမြန်ဆုံးလာစေချင်ပါတယ်"

" ဘယ်လို?"

နွေလည်း အကြောင်းစုံကို ရှင်းပြလိုက်သည့်အခါ မိုင်ရိုစ်၏ ဖခင်မှာ မိုင်ရိုစ်ကိုအလွန်အမင်းစိတ်ပူနေသဖြင့် အခုချက်ချင်းလာခဲ့မည်ဖြစ်‌ကြောင်းပြောပြီး ဖုန်းချသွားသည်။

နွေလည်း မိုင်ရိုစ် မြန်မြန်သတိရစေကြောင်း ဘုရားစာတို့ကို အထပ်ထပ်အခါအခါ ရွတ်နေမိသည်။

ညမိုးချုပ်လာပြီဖြစ်သော်လည်း ဆေးရုံထဲမှာတော့ လင်းထိန်နေသည်။ဧည့်သည်တို့သည် တဖြေးဖြေးပါးလာပြီး နာတာရှည်လူနာနှင့် အရေးပေါ်လူနာတို့သာ ကြိုကြားရှိတော့သည်။နွေသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ဘယ်နှစ်ခေါက်မြောက်မှန်း မသိသော မေတ္တာသုတ်ကို အဆုံးသတ်လိုက်သည်။အရေးပေါ်အခန်းထဲဝင်သွားသော ဒေါက်တာသည်လည်း ပြန်ထွက်မလာသေးပေ။မလှုပ်မရပ်ထိုင်နေမိသဖြင့် ခြေထောက်တို့သည် ထုံကျင်နေပေသည်။ထိုအချိန်တွင်

* ကျွီ.."

အရေးပေါ် အခန်းတံခါးသည် ပွင့်လာပြီး ဒေါက်တာထွက်လာသည်။‌နွေ ထိုင်နေရာမှ ရုတ်တရက် ထလိုက်သည့်အခါ ထုံကျင်‌နေသော ခြေထောက်ကြောင့် ယိုင်သွားသဖြင့် ထိုင်ခုံလက်ရန်းကို ကိုင်ထားပြီး ခဏ ရပ်နေလိုက်သည်။‌ဒေါက်တာသည် အရေးပေါ် အခန်းတံခါးကို ပိတ်လိုက်ပြီး

" ရုံးခန်းကို လိုက်ခဲ့ပါ"

" ဟုတ်ကဲ့ ဒေါက်တာ"

ခြေထောက်မှာ ကျင်နေသဖြင့် ထော့နဲ့ထော့နဲ့ဖြင့်သာ လိုက်ရလေသည်။

နွေ ဒေါက်တာ၏ ရုံးခန်းထဲ ရောက်သည့်အခါ ဒေါက်တာက ထိုင်ခုံတွင် ထိုင်နေသည်။ ဒေါက်တာ၏ အရှေ့က ‌ထိုင်ခုံမှာ နွေဝင်ထိုင်လိုက်ပြီးသည့်နောက်

" ဒေါက်တာတို့ အသက်အန္တရာယ် မစိုးရိမ်ရအောင် အတတ်နိုင်ဆုံး လုပ်ပေးထားပါတယ်။သုံးရက်အတွင်း မခွဲစိတ်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်။"

" ဟုတ်ကဲ့ ဒေါက်တာ"

" လူနာရဲ့ မိသားစုကို ဆက်သွယ်ပြီးပြီလား "

" မိုင်ရိုစ် အဖေကို အကြောင်းကြားထားပါတယ် ဒေါက်တာ "

" ကောင်းပြီး အခုအရေးပေါ်အခန်းထဲကနေ လူနာအခန်းထဲကို ရွှေ့လို့ရပါပြီ။သိပ်မစိုးရိမ်ပါနဲ့"

..

မိုင်ရိုစ်ကို လူနာခန်းထဲ ရွှေ့ပြီးပြီဟု သူနာပြုမလေးက ပြောသဖြင့် မေးမြန်းပြီး လာခဲ့သည်။ အခန်းသည် အတော်အတန်ကျယ်ဝန်းပြီး လူနာစောင့်အိပ်ရန် ကုတင်တစ်လုံးနှင့် သစ်သားဗီရိုတစ်ခုရှိသည်။လူနာကုတင်ဘေးတွင် ဆုံလည် ကုလားထိုင်တစ်ခု ရှိနေပြီး သပ်ရပ်သန့်ရှင်းနေသည်။ရေချိုးခန်းနှင့် အိမ်သာပါ တစ်ဆက်တည်း ဆောက်လုပ်ထားသဖြင့် အဆင့်အတန်းရှိသည့် ဆေးရုံမှန်း သိသာစေသည်။

ကုတင်ပေါ်မှာ လဲနေသော မိုင်ရိုစ်ကို မြင်ရသည်မှာ နွေ၏ ရင်ထဲ ဝမ်းနည်းမှုကို လှိုက်တက်စေသည်။ပါးပေါ်ကို ကျလာသော မျက်ရည်တွေကို သုတ်လိုက်ပြီး မိုင်ရိုစ်လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။သိကျွမ်းသည်မှာ မကြာသေးပင်မယ့် နွေ ထိုကလေးမအပေါ် စိတ်တို့ ယိမ်းယိုင်ခဲ့မိသည်။

မြင်မြင်ချင်းချစ်မိသည်လို့ ပြောရင် ပိုမှန်မည်ထင်သည်။စစတွေ့သည့် အချိန်က နွေ့လက်ကို ကိုင်ပြီးနှုတ်ဆက်သည့်အခါ ရင်ခုန်နှုန်းတွေ အစီအစဉ်မကျ ဖြစ်ခဲ့ရသည်။

နွေ၏ စိတ်တို့သည် ပစ္စုပ္ပန်ကို ပြန်ရောက်လာပြီး ကိုင်ထားသော လက်လေးကို နွေ၏ ပါးနှင့်ကပ်လိုက်သဖြင့် မျက်ရည်တို့သည် မိုင်ရိုစ်လက်ကို စိုသွားသည်။လက်ကို စိုသွားသော မျက်ရည်တို့ကို နှုတ်ခမ်းနှင့် ခြောက်သွေ့စေလိုက်သည်။အတန်ကြာ ဖိကပ်နမ်းလိုက်ပြီး တံခါးခေါက်သံ ကြားမှ လက်ကလေးကို ဖွဖွ ပြန်ချထားလိုက်သည်။

သူနာပြုမလေးတစ်ယောက်သည် ရေဇလုံတစ်လုံးကို ကိုင်ပြီး သဘက်ကို ပခုံးပေါ်တင်ကာ အခန်းထဲ ဝင်လာသည်။

" လူနာကို ရေပတ်တိုက်ပေးမလို့ လူနာရှင် အပြင်ထွက်နေပေးပါနော်။"

" အာ ရတယ် ဆရာမ ကျွန်မ တိုက်ပေးလိုက်မယ်။

" ကောင်းပါပြီ.."

အပေါ် အဝတ်တို့ကို ချွတ်လိုက်ပြီး လက်တစ်ဖက်ကို ရေစို သဘက်နှင့် ဖွဖွ ပွတ်တိုက်ပေးလိုက်သည်။

" ဘာကြောင့်များ ဒီရောဂါဆိုးကြီး ဖြစ်ရတာလဲကွယ်.."




..နှစ်ဆွေးဆူး..





..



Zawgyi..


အခ်ိန္အတန္ၾကာမွ တာဝန္႐ွိသူေတြ ေရာက္လာၿပီး
မိုင္႐ိုစ္ကို ကူသယ္ၿပီး ေဆး႐ုံပို႔ေပးၾကသည္။ေႏြမွာ စိုးရိမ္စိတ္ႀကီးစြာ တုန္ယင္ေနေသာေၾကာင့္ ကားမေမာင္းခိုင္းပဲ သက္လတ္ပိုင္းအ႐ြယ္ ေယာက်္ားတစ္ေယာက္က ေဆး႐ုံကို ကားေမာင္းၿပီး လိုက္ပို႔သည္။ေႏြသည္ မိုင္႐ိုစ္ကို ေပြ႕ထားၿပီး မိုင္႐ိုစ္လက္ေတြကို တုန္တုန္ယင္ယင္ႏွင့္ ဆုပ္နယ္လိုက္ ပါးကို ဖြဖြ ပုတ္ေခၚလိုက္ႏွင့္ အ႐ူးမီးဝိုင္းသလို ဗ်ာမ်ားေနသည္။ကားေမာင္းသည့္ အစ္ကိုကိုလည္း ျမန္ျမန္ေမာင္းရန္ ေဆာ္ဩသည္။ထိုအစ္ကိုမွ စိတ္ေအးေအးထားရန္ နားခ်ေသာ္လည္း ေႏြမွာ ေယာက္ယက္ခတ္ေနတုန္းပင္။

ေႏြ၏ ရင္ထဲခံစားေနရသည့္ အပူမီး‌သည္ ေနဆယ္စင္းထက္ပင္ ပူေလာင္လွသည္။မ်က္ရည္တို႔မွာ မငိုပဲ က်လာေသာ္လည္း မသုတ္ဖယ္မိေပ။ေဆး႐ုံသို႔ ‌သြားေသာခရီးသည္ ၾကာေညာင္းသည္ဟု ထင္ေနမိသည္။

ေဆး႐ုံသို႔ ေရာက္႐ွိသည့္အခါ မိုင္႐ိုစ္ကို တြန္းလွဲေပၚတင္ၿပီး အေရးေပၚအခန္းထဲ ေခၚသြားသည္။ေႏြမွာ ေဆာက္တည္ရာမရ ျဖစ္ေနၿပီး လူသြားလမ္းတြင္ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ေနမိသည္။ထိုသို႔ ေလွ်ာက္လိုက္ အေရးေပၚအခန္းတံခါးကို ၾကည့္လိုက္ လုပ္ေနသည္မွာ မည္မွ် ၾကာသြားသည္ မသိ။ေနာက္ဆုံးတြင္ အေရးေပၚအခန္းတံခါးသည္ ပြင့္လာၿပီး ဆရာဝန္ထြက္လာသည္။ေႏြအလ်င္စလို‌ေျပးသြားၿပီး

" ဆရာ.. မိုင္႐ိုစ္ အေျခအေနေလး.."

" ဦးေႏွာက္မွာ အႀကိတ္ေသးေသးေလးတစ္ခုေတြ႕တယ္။အဲတာေၾကာင့္ ခြဲစိတ္ရပါမယ္။အုတ္ထိန္းသူလက္မွတ္လိုတယ္။လူနာနဲ႔ ဘာေတာ္ပါသလဲ?"

" ဘာမွ မေတာ္ပါဘူး ေဒါက္တာ သူက ကြၽန္မရဲ႕ ဧည့္သည္ပါ။"

ေဒါက္တာက စူးစမ္းသလို တစ္ခ်က္ၾကည့္ၿပီးေနာက္ ေခါင္းကို ညိတ္လိုက္ၿပီး

" ဒါဆို သူ႕မိဘေတြကို အျမန္ဆုံးအေၾကာင္းၾကားပါ။"

" ဟုတ္ကဲ့ ေဒါက္တာ"

ေဒါက္က ထိုသို႔ေျပာၿပီး အေရးေပၚအခန္းထဲ ျပန္ဝင္သြားျပန္သည္။

ေႏြသည္ တစ္ေယာက္တည္းက်န္ခဲ့ၿပီး ႏိုင္ငံရပ္ျခားမွာ႐ွ္ိသည့္ မိုင္႐ိုစ္၏ မိဘမ်ားကို မည္သို႔ဆက္သြယ္ရမည္နည္းဟု ၾကံရခက္ေနသည္။‌အတန္ၾကာစဥ္းစားၿပီးမွ

" မိုင္႐ိုစ္ဖုန္း႐ွိတာပဲ ဘယ္မွာပါလိမ့္"

လြယ္ထားေသာ အိတ္ထဲမွ ဖုန္းကို ႐ွာၿပီး ထုတ္လိုက္သည္။ဖြင့္ၾကည့္သည့္အခါ password မခံထားသျဖင့္ အလြယ္တကူဖြင္၍ ရသြားသည္။အေရးႀကီးသည့္ လ်ိဳ႕ဝွက္ခ်က္မ်ားကို ဖုန္းထဲတြင္မသိမ္းပဲ ကြန္ပ်ဴတာထဲတြင္ သိမ္းဟန္တူသည္။

ထို႔ေနာက္ ဖုန္းေခၚဆိုသည့္ ေနရာထိပ္ဆုံးတြင္ ဒယ္ဒီလို႔ အဂ္လိပ္လိုေရးထားသည့္ ေနရာကို ႏွိပ္လိုက္သည္။ႏွစ္ခါဝင္ၿပီးသည့္ေနာက္

" ဟယ္လို ခ်စ္သမီးေလး ‌"

သေဘာေကာင္းၿပီး ေပ်ာ္႐ႊင္တတ္ဟန္ႏွင့္ တဆက္တည္း ရင့္က်က္တည္ၾကည္သည့္ အမ်ိဳးသားတစ္ေယာက္၏အသံေပၚထြက္လာသည္။ အသက္ငါးဆယ္‌ေက်ာ္ေလာက္႐ွိမည္ဟု ေႏြခန္႔မွန္းလိုက္မိသည္။

" အန္ကယ္ ကြၽန္မက ေႏြခီယာဝန္းလို႔ ေခၚပါတယ္။မိုင္႐ိုစ္ရဲ႕ tourist Guide ပါ"

ေႏြက ထိုသို႔ေျပာလိုက္ေတာ့ တဖက္က အသံ တိတ္သြားသည္။ အတန္ၾကာမွ

" ‌စကားေျပာခြင့္ရတာ ဝမ္းသာပါတယ္သမီး"

" ဟို... မိုင္႐ိုစ္ သတိေမ့သြားလို႔ အန္ကယ္ ျမန္မာႏိုင္ငံကို အျမန္ဆုံးလာေစခ်င္ပါတယ္"

" ဘယ္လို?"

ေႏြလည္း အေၾကာင္းစုံကို ႐ွင္းျပလိုက္သည့္အခါ မိုင္႐ိုစ္၏ ဖခင္မွာ မိုင္႐ိုစ္ကိုအလြန္အမင္းစိတ္ပူေနသျဖင့္ အခုခ်က္ခ်င္းလာခဲ့မည္ျဖစ္‌ေၾကာင္းေျပာၿပီး ဖုန္းခ်သြားသည္။

ေႏြလည္း မိုင္႐ိုစ္ ျမန္ျမန္သတိရေစေၾကာင္း ဘုရားစာတို႔ကို အထပ္ထပ္အခါအခါ ႐ြတ္ေနမိသည္။

ညမိုးခ်ဳပ္လာၿပီျဖစ္ေသာ္လည္း ေဆး႐ုံထဲမွာေတာ့ လင္းထိန္ေနသည္။ဧည့္သည္တို႔သည္ တေျဖးေျဖးပါးလာၿပီး နာတာ႐ွည္လူနာႏွင့္ အေရးေပၚလူနာတို႔သာ ႀကိဳၾကား႐ွိေတာ့သည္။ေႏြသည္ ထိုင္ခုံေပၚတြင္ ထိုင္ေနၿပီး ဘယ္ႏွစ္ေခါက္ေျမာက္မွန္း မသိေသာ ေမတၱာသုတ္ကို အဆုံးသတ္လိုက္သည္။အေရးေပၚအခန္းထဲဝင္သြားေသာ ေဒါက္တာသည္လည္း ျပန္ထြက္မလာေသးေပ။မလႈပ္မရပ္ထိုင္ေနမိသျဖင့္ ေျခေထာက္တို႔သည္ ထုံက်င္ေနေပသည္။ထိုအခ်ိန္တြင္

* ကြၽီ.."

အေရးေပၚ အခန္းတံခါးသည္ ပြင့္လာၿပီး ေဒါက္တာထြက္လာသည္။‌ေႏြ ထိုင္ေနရာမွ ႐ုတ္တရက္ ထလိုက္သည့္အခါ ထုံက်င္‌ေနေသာ ေျခေထာက္ေၾကာင့္ ယိုင္သြားသျဖင့္ ထိုင္ခုံလက္ရန္းကို ကိုင္ထားၿပီး ခဏ ရပ္ေနလိုက္သည္။‌ေဒါက္တာသည္ အေရးေပၚ အခန္းတံခါးကို ပိတ္လိုက္ၿပီး

" ႐ုံးခန္းကို လိုက္ခဲ့ပါ"

" ဟုတ္ကဲ့ ေဒါက္တာ"

ေျခေထာက္မွာ က်င္ေနသျဖင့္ ေထာ့နဲ႔ေထာ့နဲ႔ျဖင့္သာ လိုက္ရေလသည္။

ေႏြ ေဒါက္တာ၏ ႐ုံးခန္းထဲ ေရာက္သည့္အခါ ေဒါက္တာက ထိုင္ခုံတြင္ ထိုင္ေနသည္။ ေဒါက္တာ၏ အေ႐ွ႕က ‌ထိုင္ခုံမွာ ေႏြဝင္ထိုင္လိုက္ၿပီးသည့္ေနာက္

" ေဒါက္တာတို႔ အသက္အႏၲရာယ္ မစိုးရိမ္ရေအာင္ အတတ္ႏိုင္ဆုံး လုပ္ေပးထားပါတယ္။သုံးရက္အတြင္း မခြဲစိတ္ဘူးဆိုရင္ အသက္အႏၲရာယ္ ထိခိုက္ႏိုင္တယ္။"

" ဟုတ္ကဲ့ ေဒါက္တာ"

" လူနာရဲ႕ မိသားစုကို ဆက္သြယ္ၿပီးၿပီလား "

" မိုင္႐ိုစ္ အေဖကို အေၾကာင္းၾကားထားပါတယ္ ေဒါက္တာ "

" ေကာင္းၿပီး အခုအေရးေပၚအခန္းထဲကေန လူနာအခန္းထဲကို ေ႐ႊ႕လို႔ရပါၿပီ။သိပ္မစိုးရိမ္ပါနဲ႔"

..

မိုင္႐ိုစ္ကို လူနာခန္းထဲ ေ႐ႊ႕ၿပီးၿပီဟု သူနာျပဳမေလးက ေျပာသျဖင့္ ေမးျမန္းၿပီး လာခဲ့သည္။ အခန္းသည္ အေတာ္အတန္က်ယ္ဝန္းၿပီး လူနာေစာင့္အိပ္ရန္ ကုတင္တစ္လုံးႏွင့္ သစ္သားဗီ႐ိုတစ္ခု႐ွိသည္။လူနာကုတင္ေဘးတြင္ ဆုံလည္ ကုလားထိုင္တစ္ခု ႐ွိေနၿပီး သပ္ရပ္သန္႔႐ွင္းေနသည္။ေရခ်ိဳးခန္းႏွင့္ အိမ္သာပါ တစ္ဆက္တည္း ေဆာက္လုပ္ထားသျဖင့္ အဆင့္အတန္း႐ွိသည့္ ေဆး႐ုံမွန္း သိသာေစသည္။

ကုတင္ေပၚမွာ လဲေနေသာ မိုင္႐ိုစ္ကို ျမင္ရသည္မွာ ေႏြ၏ ရင္ထဲ ဝမ္းနည္းမႈကို လိႈက္တက္ေစသည္။ပါးေပၚကို က်လာေသာ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး မိုင္႐ိုစ္လက္ကေလးကို ဆုပ္ကိုင္လိုက္သည္။သိကြၽမ္းသည္မွာ မၾကာေသးပင္မယ့္ ေႏြ ထိုကေလးမအေပၚ စိတ္တို႔ ယိမ္းယိုင္ခဲ့မိသည္။

ျမင္ျမင္ခ်င္းခ်စ္မိသည္လို႔ ေျပာရင္ ပိုမွန္မည္ထင္သည္။စစေတြ႕သည့္ အခ်ိန္က ေႏြ႕လက္ကို ကိုင္ၿပီးႏႈတ္ဆက္သည့္အခါ ရင္ခုန္ႏႈန္းေတြ အစီအစဥ္မက် ျဖစ္ခဲ့ရသည္။

ေႏြ၏ စိတ္တို႔သည္ ပစၥဳပၸန္ကို ျပန္ေရာက္လာၿပီး ကိုင္ထားေသာ လက္ေလးကို ေႏြ၏ ပါးႏွင့္ကပ္လိုက္သျဖင့္ မ်က္ရည္တို႔သည္ မိုင္႐ိုစ္လက္ကို စိုသြားသည္။လက္ကို စိုသြားေသာ မ်က္ရည္တို႔ကို ႏႈတ္ခမ္းႏွင့္ ေျခာက္ေသြ႕ေစလိုက္သည္။အတန္ၾကာ ဖိကပ္နမ္းလိုက္ၿပီး တံခါးေခါက္သံ ၾကားမွ လက္ကေလးကို ဖြဖြ ျပန္ခ်ထားလိုက္သည္။

သူနာျပဳမေလးတစ္ေယာက္သည္ ေရဇလုံတစ္လုံးကို ကိုင္ၿပီး သဘက္ကို ပခုံးေပၚတင္ကာ အခန္းထဲ ဝင္လာသည္။

" လူနာကို ေရပတ္တိုက္ေပးမလို႔ လူနာ႐ွင္ အျပင္ထြက္ေနေပးပါေနာ္။"

" အာ ရတယ္ ဆရာမ ကြၽန္မ တိုက္ေပးလိုက္မယ္။

" ေကာင္းပါၿပီ.."

အေပၚ အဝတ္တို႔ကို ခြၽတ္လိုက္ၿပီး လက္တစ္ဖက္ကို ေရစို သဘက္ႏွင့္ ဖြဖြ ပြတ္တိုက္ေပးလိုက္သည္။

" ဘာေၾကာင့္မ်ား ဒီေရာဂါဆိုးႀကီး ျဖစ္ရတာလဲကြယ္.."




..ႏွစ္ေဆြးဆူး..


Continue Reading

You'll Also Like

1.3K 78 9
စချစ်ခဲ့ရတဲ့သူနဲ့ ဖြည်းဖြည်းချင်းသဘောကျလာတဲ့သူ ဘာကွာခြားလဲ...?? အချစ်ဦးဆိုတာလူတိုင်းရှိပေမယ့် နောက်ဆုံးအချစ်ဆိုတာကိုရောရှိကြလား ....
26.9K 759 7
This story takes place after episode nine. I hope you enjoy! ~~~~~~~~~~~ Type: Angst and Fluff ~~~~~~~~~~~ Ships Include: Drew x Jake Henry x Liam Za...
3.2K 595 6
" မချစ်ဘဲလည်း မနေနိုင်တော့ဘူးလေ .. .. "
10.3M 767K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...