p - 12

90 8 0
                                    

Unicode

ရေချိုးသန့်စင်ပြီးသည့်အခါ ညီလာခံရှိသည် ဆိုသဖြင့် ညီလာခံခန်းမကို သွားလိုက်သည်။ဝတ်ဆင်လာရသော အဆင်တန်ဆာနှင့် လက်မောင်းရှိ နဂါးခေါင်းပါသည့် ရွှေလက်ကြပ်၊ လည်ဆွဲရတနာ၊ ခါးတွင် ချတ်ဆွဲရသည့် နှစ်ဆယ့်ငါးမျိုးပါသည့် အဆင်တန်ဆာရတနာ တို့ကြောင့် စိတ်ကျဉ်းကြပ်သလို ခံစားရသော်လည်း အသားကျလို့နေသည်။ညီလာခံသွားသည့် လမ်းတို့ကိုလည်း အလိုအလျောက်မှတ်မိနေပေသည်။ညီလာခံသွားသည့်လမ်းမ၏ဘေးတွင် မြေပြင်ပေါ်မှ အလိုလျောက် ပန်းထွက်နေသည့် ရေပူတို့ကို မြင်ရသည်။ ထူးဆန်းလှသောအဖြစ်အပျက်တို့ကြောင့် အံ့ဩမိသော်လည်း အထိတ်တလန့်တော့ မဖြစ်မိပေ။

မိုင်ရိုစ်သည့် ထိုသို့ အချိန်ခရီးသွားသည့် ဇာတ်ကားမျိုးကို ကြည့်ခဲ့ဖူးသည်။ကိုယ်တိုင်မကြုံခဲ့ဖူးသည့် အချိန်တွင် ထိုကိစ္စများကို ဖြစ်နိုင်ပါ့မလား တွေးခဲ့မိပြီး ကိုယ်တိုင်ကြုံမှ ယုံခဲ့ရသည်။

' ဒယ်ဒီရော မိုင်ရိုစ်သတင်း ကြားပြီးပြီလား'

' အန်တီရော ဘယ်လိုများ ရှိနေလိမ့်မလဲ'

ညီလာခံခန်းမကို သွားသည့် လမ်းတစ်လျှောက် အတွေးတို့သည် ပြန့်ကျဲလာသည်။လမ်းတွင် အစေခံတို့ ဦးညွတ်နှုတ်ဆက်ကြသော်လည်း နေရခက်ခြင်းမျိုး မဖြစ်မိပေ။

ညီလာခံခန်းမသို့ ရောက်သည့်အခါ အစ်ကိုတော်ဘုရင်မင်းကြီးမှလွဲ၍ မူးကြီးမတ်ရာသေနာပတိတို့ အစုံအလင်ရောက်နှင့်နေသည်။ညီလာခံခန်းမရှိတိုင်လုံးကြီးများသည် ‌ရွှေပိန်းချထားပြီး လူတစ်ဖက်လောက်ရှိလေသည်။ကြမ်းပြင်တွင်လည်း စိန့်တိုင်းမှ တင်သွင်းသည့် ကော်ဇောနီကို ဘုရင် လျှောက်လှမ်းရာ လမ်းတစ်လျှောက်ခင်းထားသည်။မျက်နှာကျက်တွင်လည်း ဟန်လင်းမြို့ ဗိသုကာဆရာတွေ၏ လက်ရာတို့ဖြင့် ဝံ့ထည် နေသည်။

" အရှင်မင်းကြီး ညီလာခံကို ကြွချီတော်မူလာပါပြီ"

အမှူထမ်း၏ အသံကြောင့် အကုန်လုံး မတ်တပ်ထရပ်လိုက်ကြသည်။  ပန်သုထျာသည်လည်း မတ်တပ်ရပ်လိုက်ပြီး အသာအယာဦးညွတ်လိုက်သည်။ဟန်လင်းဘုရင် မဟာဎန္ဓက၏ ဦးခေါင်းတွင် ရတနာ ခုနစ်ပါးစီခြယ်ထားသည့် မကိုဋ်ကို ဆောင်းထားသည်။နားတွင်လည်း ရွှေနားတောင်းကို ဆင်မြန်းထားသည်။မျက်နှာတော်မှာ တည်ကြည်နေပြီး အရှိန်အဝါတစ်မျိုးဖြင့် ထွန်းတောက်နေ‌ပေသည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now