p - 9

78 6 0
                                    

Unicode..

နွေတို့နှစ်ယောက် အခြားနေရာများကို ဆက်ပြီး လျှောက်ကြည့်သည့်အခါ ခေတ်အဆက်ဆက်သုံးသည့် အကြွေစေ့များမှ အစ ငွေစက္ကူများကို မှန်ဗီရိုထဲ ထည့်ပြီး ပြသထားသည်ကို တွေ့ရသည်။ဗုဒ္ဓဆင်းတုတော်များ၊ထိုခေတ်က သုံးသည့် ဓား၊လက်နက်များ ယွန်းအုပ်များကိုလည်း ပြသထားသည်။

နွေသည် အရှေ့က လျှောက်သွားသော်လည်း မိုင်ရိုစ်မှာ ဓာတ်ပုံရိုက်ရင်း အနောက်မှာ ကျန်ခဲ့သည်။မိုင်ရိုစ်အနောက်က ပါမလာသည်ကို သတိထားမိမှ မိုင်ရိုစ်ဆီကို ပြန်လျှောက်လာရသည်။နွေအနားမှာ လာရပ်သည့်အခါ မိုင်ရိုစ်က ကင်မရာကို ကြည့်နေရင်း စောင်းငဲ့ကြည့်ပြီး

" ဟိုဟာလေးတွေက ဘာလဲဟင်?"

" ဘယ်ဟာလဲ"

မိုင်ရိုစ်က မျက်နှာအမူအရာနှင့် ညွှန်ပြလိုက်သဖြင့် တွေ့သွားပြီး ..

" အဲတာ ယွန်းအုပ်တွေလေ။ဘုန်းကြီးကျောင်းတွေကို ဆွမ်းပို့တဲ့အခါ မြန်မာအမျိုးသမီးတွေက ဒါနဲ့ ပို့ကြတာ"

" ဪ.."

" သိတယ်မလား ဘုန်းကြီးကျောင်းကို"

" ဟုတ် သိပါတယ်"

မိုင်ရိုစ်သည် မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားစွာ လေ့လာထားသဖြင့် အများကြီး ရှင်းပြစရာပင်မလို။
ထို့နောက် အရှေ့ကို ဆက်လျောက်လာကြသည်။ရှေးခေတ်အဝတ်အစားဟူ၍ တစ်နေရာတွင် ပြထားသည်။ထိုအရာကိုကြည့်ရင်း မျက်လုံးထဲတွင်ထိုဝတ်စုံဝတ်ထားသော အမျိုးသမီး၏ ခြေဖမိုးကို တစ်စုံတစ်ယောက်က နမ်းရှိုက်နေသည့်ဟန် ပုံရ်ိပ်တို့ ထင်ဟပ်လာသည်။

မိုင်ရိုစ် ရုတ်တရက် ခေါင်းကိုက်လာသဖြင့် လက်တစ်ဖက်နှင့် မျက်ရိုးကို နှိပ်နေလိုက်သည်။

" ဘာဖြစ်လို့လဲ ကလေး.."

နွေက စိတ်ပူစွာမေးသဖြင့် မိုင်ရိုစ် ခေါင်းသာ ခါပြလိုက်သည်။နွေက ပိုက်ဆံအိတ်ထဲက ရှုဘူးကို ထုတ်ပြီး မိုင်ရိုစ်ကို ရှုခိုင်းသည်။ပရုတ်ဆီ၏ အနံ့ကြောင့် ခေါင်းကြည်သွားပြီး

" ကျေးဇူးတင်ပါတယ်"

နွေက ပြုံးပြပြီး ရှုဘူးကို အိတ်ထဲ ပြန်ထည့်နေသည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now