ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...
phyolay1991 द्वारा
24.7K 3.2K 25
DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... अधिक
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
332 43 0
phyolay1991 द्वारा
Chapter 19 Sweet
December 19, 2023
Chapter 19
------------
ရွှီလော့ယန်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ၊ "ဒါပဲလေ" ဟုပြောလိုက်သည်။
စိတ်လှုပ်ရှားစွာနှင့်၊ သူ့ဘယ်ဘက်လက်ကို စန္ဒယားခလုတ်များပေါ်တင်လိုက်ပြီး သဘာဝကျကျပင် သံစဉ်အချို့ကို တီးခတ်လိုက်သည်။ သံစဉ်အဆုံးမသတ်မှီ၊ ချီချန်အန်း၏ညာဘက်လက်ကလည်း စန္ဒယားခလုတ်ပေါ်ရောက်လာတာကို သူသတိထားမိလိုက်သည်။ ထို့နောက် သူ၏သွယ်လျသောလက်ချောင်းများက ခလုတ်များကို အသာအယာထိခတ်လိုက်ပြီး ရွှီလော့ယန်ရဲ့ စီးချက်ထဲဝင်ရောက်လာသည်မှာ နည်းနည်းလေးမျှပင် မလိုက်ဖက်သည့်ခံစားချက်မျိုး ရှိမနေပေ။
စကားတစ်ခွန်းမျှမဆိုဘဲ၊ သူတို့နှစ်ဦးက ရွှီလော့ယန်ရေးထားသည့် သံစဉ်အစိတ်အပိုင်းလေးအား အပြန်အလည်နားလည်မှုဖြင့် တီးခတ်နေကြသည်။ သံစဉ်အဆုံးသို့ တီးခတ်ပြီးသွားသောအခါ ရွှီလော့ယန်ရဲ့လက်ချောင်းများက ချီချန်အန်းနှင့်ကပ်လျက်ရှိနေခဲ့သည်။ 
သူကမထိန်းနိုင်စွာ သူ့ရဲ့ပါတနာအား လှမ်းပြုံးပြမိသည်။
ဂန္ဓမာပန်းပွဲတော်ပြီးဆုံးသွားသည့်အခါ ရာသီဥတုက အေးစပြုလာပြီဖြစ်သည်။
လွန်ခဲ့သည့်တစ်ပတ်၊ သူတို့ချင်းလီမြို့သို့ ပြန်ရောက်ခါစတွင်၊ ဒါရိုက်တာကျန်းက သူတို့အား အောက်တိုဘာနှစ်ဆယ့်သုံးရက်နေ့တွင် ရိုက်ကူးရေးစတင်မည်ဖြစ်ကြောင်းနှင့်၊ ဇာတ်ညွှန်း၏နောက်ဆုံးအချောသတ်အား သူတို့ထံပို့ပေးလိုက်ပြီးဖြစ်ကြောင်း စကားပါးခဲ့သည်။ ယခင်ပြင်ထားသည့်ဇာတ်ညွှန်းနှင့်စာလျှင် နောက်ဆုံးအချောသတ်မှာ ပြင်ဆင်ထားမှုသိပ်မများပေ။
ရွှီလော့ယန်ရဲစခန်းမှပြန်ရောက်ချိန်တွင် သူက အနည်းငယ် အာရုံလွတ်နေသည်။ ညစာစားရန်အစားအသောက်များမှာသည့်အခါတွင် သူကမည်သည့်အသားကိုမှ မမှာခဲ့သဖြင့် ထူးဆန်းနေလေ၏။
ချီချန်အန်းက သူ့ကို ယောက်ချိုဇွန်းဖြင့် ဟင်းရည်အား ခွက်လေးတစ်လုံးထဲ အအေးခံရန်ထည့်ပေးရင်း သူ့မျက်ဝန်းတွေထဲ စိုးရိမ်မှုအပြည့်ဖြင့် မေးလာသည်။
"လော့ယန် မင်း နေမကောင်းဘူးလား"
ရွှီလော့ယန်ကပြန်ဖြေရန် နှစ်စက္ကန့်မျှကြာသွားခဲ့သည်။
သူက လက်ဖြင့်မေးကိုထောက်လိုက်ပြီး ခေါင်းခါကာ "ကျွန်တော်မဖျားပါဘူး ဒီတိုင်း...အသားမစားချင်ရုံပါ။"
ထိုသို့ပြောပြီးနောက် သူက သက်ပြင်းချလိုက်သည်မှာ‌ ကြွေလွင့်သွားသည့် ပန်းတစ်ပွင့်အလားပင်။
သူတို့အိမ်ကိုပြန်ရောက်ပြီးသည့်အခါ၌လည်း သူက ထိုအခြေအနေသာဖြစ်နေသေးသည်။ ချီချန်အန်းရေချိုးပြီးထွက်လာချိန်၌ ရွှီလော့ယန်က သူ့လက်မောင်းများထဲ ဘီမြို့မှသူဝယ်လာသည့် ရှားစောင်းပင်အိုးလေးအား ပိုက်ထားကာ အသိစိတ်မဲ့စွာဖြင့် ဆိုဖာပေါ်တွင်လှဲလျောင်းနေတာကို မြင်လိုက်ရသည်။ သူမည်သည့်အကြောင်းအရာများကို တွေးနေသလဲဆိုတာကိုမသိရ၊ ရှားစောင်းပင်၏အစူးများက သူ့မျက်နှာအား စူးမိတော့မလိုဖြစ်သွားတာကြောင့် ချီချန်အန်းကို ထိတ်လန့်သွား‌စေသည်။
"လော့ယန်..."
ချီချန်အန်း အနားရောက်လာတာကိုမြင်သည့်အခါ ရွှီလော့ယန်က ရှားစောင်းပင်အား ပိုက်ထားလျက်၊ ထထိုင်လိုက်သည်။
"ချန်အန်း ကျွန်တော်လေ..."
သူက အထစ်အထစ်နှင့်စကားစ​လိုက်ပြီးနောက်၊ "ထားလိုက်ပါတော့...အရင်ဆုံး ကျွန်တော် သန်မာပြီး ရဲရင့်ကြည့်ချင်သေးတယ် ကျွန်တော်တို့ စာသားတွေကို လေ့ကျင့်ရအောင်လေ"
ရွှီလော့ဟန်ထုတ်မပြောချင်တာကိုမြင်သဖြင့် ချီချန်အန်းလည်း ဆက်မမေးတော့ပေ။ သို့နှင့်သူက ဇာတ်ညွှန်းစာအုပ်အား ထုတ်ယူကာ၊ အလေးအနက်ဖြင့် အလုပ်စလုပ်တော့သည်။
မနက်တစ်နာရီကျော်သွားပြီးနောက်၊ ရွှီလော့ယန်က မျက်နှာကြက်ပေါ်ရှိမီးဆိုင်းအား၊ မကျေမနပ်နိုင်စွာဖြင့် ကြည့်ကာ သူ့ဖုန်းအား ခုနစ်ကြိမ်မြောက်ကောက်ကိုင်လိုက်သည်။ ယခုအကြိမ်တွင်တော့ သူက စာတိုတစ်စောင်အား ပို့လိုက်၏။
"ချန်အန်း မင်းအိပ်သွားပြီလား"
သူက စိတ်ထဲမှ သူ့ကိုယ်သူပြောမိနေသည်--- အကယ်၍ ချီချန်အန်းကအိပ်သွားပြီဖြစ်၍ စာမပြန်လျှင် သူလက်လျှော့လိုက်တော့မည်၊ အကယ်၍များ သူက မအိပ်သေးလျှင်....
ဆယ်စက္ကန့်အတွင်း၌ပင် ချီချန်အန်းဆီမှ ပြန်စာရောက်လာသည်။
"ကိုယ်မအိပ်သေးပါဘူး ဘာဖြစ်လို့လဲ"
ယခုတော့ ရွှီလော့ယန်က ထပ်ပြီးဒွိဟဖြစ်မနေတော့ပေ။ သူက ခြေထောက်များအား တင်ပုလ္လင်ခွေကာ ကုတင်ပေါ်တွင်ထိုင်လိုက်ပြီး ခါးသီးစွာဖြင့် စာလုံးများအား ရိုက်ပို့‌လိုက်သည်။
"ကျွန်တော်ကို ကယ်ပါဦး ကျွန်တော်ဒီည မင်းအခန်းထဲမှာ နေလို့ရမလား ကျွန်တော် တစ်ယောက်တည်းအိပ်ရမှာကြောက်လို့။"
ထို့နောက် သူကအကြောင်းအရင်းအား ရှင်းပြလိုက်သည်။
"ဒီနေ့ ကျွန်တောိ ရှန်းကောကို မနက်ဖြန်ကစပြီး ရဲစခန်းကိုမသွားတော့ဘူးလို့‌ ပြောခဲ့တယ်မို့လား ရလဒ်အနေနဲ့ သူက နောက်ဆုံးအခွင့်အရေးကိုအရယူပြီး ကျွန်တော်ကိုကြိုးမျိုးစုံပြတော့တာပဲ။ အဲ့ဒီမှာ ဘယ်လိုမျိုး လူသတ်မှုတွေရှိလဲသိလား ဆွဲကြိုးချတာတွေ၊ အလောင်းကို အနီရောင်ဖယောင်းနဲ့ ပိတ်ထားတာတွေ အစုံပဲ အားလုံးကို အပြည့်အစုံပုံဖော်ပြထားတာ အသေးစိတ်လည်း ပြ‌ထားသေးတယ် ကျွန်တော် အခုချိန်ထိ အဲ့ဒါတွေမြင်ယောင်နေတုန်းပဲ ချန်အန်းကော ကျွန်တော်ကိုခေါ်ပါနော်..."
စာပို့သည့်ခလုတ်ကို နှိပ်ပြီးနောက်၊ ရွှီလော့ယန်က ထပ်ပေါင်းထည့်လိုက်သည်။
"ကျွန်တော် ကျွန်တော်ရဲ့ခေါင်းအုံးနဲ့အိပ်ရာခင်းတွေယူလာမယ်လေ မင်းဘေးက ကုတင်အောက်မှာပဲနေမှာပါ ဟောက်လည်းမသောက်ဘူး အိပ်ရင်းယောင်ပြီးလည်း လမ်းမလျှောက်တတ်ပါဘူး သွားလည်းမကြိတ်ဘူး ကန်လည်းမကန်ဘူး ပြီးတော့...မင်းမအိပ်ခင်စကားပြောပေးပြီး ညသန်းခေါင်ကျရင်လည်း စောင်ခြုံပေးမယ်လေ...နော်..."
ယခုတစ်ကြိမ်တွင်တော့၊ ချီချန်အန်းဆီမှ ပြန်စာရောက်မလာမီ သူကအချိန်အနည်းငယ်စောင့်လိုက်ရလေသည်။
"ကောင်းပြီ...ဒီကိုလာခဲ့"
ရွှီလော့ယန်က ကုတင်ပေါ်တွင်ထခုန်မိမတတ် စိတ်လှုပ်ရှားသွားရသည်။
သုံးမိနစ်မျှကြာပြီးသည့်အခါ၊ သူကဖိနပ်အပါးကိုစီးကာ၊ သူ့စောင်များကိုသယ်၍ တစ်ဖက်ခန်းသို့ရောက်လာလေသည်။ အခန်းထဲတွင် နံရံကပ်မီးအိမ်တစ်ခုတည်းသာဖွင့်ထားကာ၊ အလင်းရောင်က ခပ်မှိန်မှိန်သာရှိသည်။
သူက သူ့နောက်မှတံခါးကိုပိတ်လိုက်ပြီး‌နောက် ချီချန်းအန်းက ကုတင်ပေါ်မှီနေသည်အား မြင်လိုက်ရ၏။ သူ့ဆံပင်များက အနည်းငယ် မသပ်မရပ်ဖြစ်နေကာ၊ ဝတ်ထားသည့်အမည်းရောင်ညအိပ်ဝတ်စုံကြောင့် သူ့အသားအရည်အား အင်မတန်ဖြူဖွေး‌နေစေသည်။ ထို့အပြင် လက်အနားသတ်တွင် ရွှေချည်ထိုးထားသဖြင့် သူ၏ရှည်လျားသောလက်များအား မြင်သာစေပြီး ပန်းချီကားတစ်ချပ်သဖွယ် လှပနေလေသည်။
ရွှီလော့ယန်ကမိနစ်အနည်းငယ်အတွင်းပင် သူ၏ယာယီအသိုက်လေးအားပြုလုပ်လိုက်ပြီး ခေါင်းအုံးပေါ်လှဲအိပ်လိုက်သည်။ ကြမ်းပြင်မှာအနည်းငယ်မာနေသော်လည်း သည်းခံ၍ရပါသေးသည်။ အရေးအကြီးဆုံးမှာ ချီချန်းအန်းက နတ်ဆိုးတစ်ကောင်ဖြစ်တာကို သူသိရှိထားသည့်အတွက် သူ့မျက်လုံးများမှိတ်လိုက်သည့်အခါ ရူးကြောင်ကြောင်အလောင်းများ၏ပုံရိပ်များကပျောက်ကွယ်သွားပြီး ညအိပ်ဝတ်စုံဖြင့်ချီချန်အန်း၏လှပသည့်ပုံရိပ်ကိုသာ အဖန်တလဲလဲမြင်ယောင်နေမိတော့၏။
သေချာသလောက်ပင်။ ကြီးမြတ်သည့်နတ်ဆိုးရဲ့စွမ်းအင်များက အမှန်ပင် အင်အားကြီးမားလွန်းလှသည်။
ရွှီလော့ယန်ကသူ၏အိပ်ရာဝင်ပုံစံအားပြင်လိုက်ကာ  ကောင်းသောညချမ်းပါဟု နှုတ်မဆက်မီ သတိတကြီးနှင့် "ချန်အန်းကော" ဟု လေးနက်စွာ ခေါ်လိုက်သေးသည်။
"ကောင်းသောညပါ"
ချီချန်အန်း၏အသံမှာ ရယ်မောချင်ဟန်များ ရောယှက်နေလေ၏။ ထို့နောက် ‌မီးအလင်းရောင်ကမှေးမှိန်သွားသည်။
အခန်းမှာ တိတ်ဆိတ်နေကာ အမှောင်ထဲတွင် အခြားလူတစ်ဦး၏အသက်ရှုသံကို နားထောင်ရင်း ရွှီလော့ယန်က လုံခြုံစိတ်ချရမှုအား ခံစားနေရသည်။မျက်လုံးများမှတ်ကာအိပ်စက်ရန်ပြင်ခိုက် ချီချန်အန်း၏အသံကို ကြားလိုက်ရသည်။ 
"လော့ယန်.."
"ဟင်.."
ရွှီလော့ယန်က ပြန်ဖြေလိုက်ပြီးနောက် ချီချန်အန်းပြောတာကို ကြားလိုက်ရသည်။
"မင်း .... အပေါ်တက်လာပြီး အတူတူအိပ်ချင်လား။"
ရွှီလော့ယန်ကအတူတူအိပ်ချင်ခဲ့သော်လည်း တုံ့ဆိုင်းနေသေးသည်။
"ဒါပေမယ့် မင်းက လူတွေနဲ့ တအားနီးကပ်နေရတာကို မကြိုက်ဘူးမို့လား။"
အကယ်၍ သူက ချီချန်အန်းအနားတိုးဝှေ့ဝင်သွားပါက၊ ထိုသူက တစ်ညလုံးအိပ်နိုင်မည်မဟုတ်ပေ၊ ဟုတ်တယ်မို့လား။
"မင်းက မတူဘူးလေ"
ချီချန်အန်းရဲ့အသံက အနည်းငယ် ပျော့ပျောင်းနေလေ၏။
ဇာတ်လမ်းထံတွင်၊ ချင်းချောင်နှင့်ရွှီကျန့်တို့သည်လည်း ကလေးဘဝတည်းမှ အတူတူနေထိုင်ပြီး အတူစားသောက်ကြသည်။ ထို့နောက် ချင်းချောင်ကမြို့သို့ပြန်ရောက်လာချိန်တွင်လည်း သူကရွှီကျန့်၏အိမ်၌ရက်အနည်းငယ်ခန့်နေကာ ကုတင်တစ်ခုတည်း၌အတူတူအိပ်ခဲ့ကြသည်။
သို့နှင့် ရွှီလော့ယန်က 'လေ့ကျင့်တယ်လို့ပဲသဘောထား'ရန် သူ့ကိုယ်သူပြောလိုက်သည်။
"အဲ့ဒါဆို ကျွန်တော်တက်လာပြီနော်။"
နံရံကပ်မီးအိမ်လေးမှာ နောက်တစ်ကြိမ်ထပ်လင်းလာကာ သူ့လက်မောင်းများထဲ ခေါင်းအုံးကိုပိုက်ကာ မတ်တပ်ရပ်လိုက်သည်။ နေရာလွတ်သိပ်မကျယ်သည့်အိပ်ရာပေါ်တွင်၊ ချီချန်အန်းက ကုတင်တစ်ဝက်မျှနေရာလွတ်စေရန် ရွှေ့ပေးလိုက်သည်။
"တစ်ကယ်ကြီး အတူတူအိပ်ကြမလို့လား။"
"အင်း"
သူက ချီချန်အန်းနောင်တရသွားမည်ကို စိုးရိမ်နေဟန်နှင့် အလျင်အမြန်ပင် သူ့ခေါင်းအုံးကို ချီချန်အန်း၏ခေါင်းအုံးနှင့်ဘေးချင်းယှဉ်လျက် ထားလိုက်သည်။ ရွှီလော့ယန်က သူ့စောင်အားအပေါ်မှအမြန်ခြုံကာ ကျွမ်းကျင်စွာဖြင့် စောင်အောက်သို့တိုးဝင်ပြီး တစ်ဆက်တည်းပင် မီးခလုတ်အားလှမ်းပိတ်ရင်း လှဲအိပ်ချလိုက်သည်။
သူက ကြီးမြတ်သည့်နတ်ဆိုးတစ်ကောင်ရဲ့စွမ်းအားဖြင့် ရစ်ပတ်လွှမ်းခြုံခြင်းခံထားရသဖြင့် မည်သည့် မကောင်းဆိုးဝါးနှင့်မိစ္ဆာကမှ သူ့အားမတိုက်ခိုက်နိုင်တော့ဟု ခံစားနေရ၏။
"ကောင်းသောညပါ" ဟုပြောပြီးမကြာမီပင် ရွှီလော့ယန်တစ်ယောက် အိပ်မောကျသွားတော့သည်။
အမှောင်ထဲတွင် ရွှီလော့ယန်၏အသက်ရှုသံအား ချီချန်အန်းနားထောင်ရင်း ထိုအသက်ရှုသံမှာ ပိုးကြိုးမျှင်များအဖြစ်ပြောင်းလဲသွားပြီး ပိုက်ကွန်တစ်ခုအသွင်ရက်လုပ်ကာ လွန်စွာပူပြင်းတဲ့နွေးထွေးမှုတစ်ခုအဖြစ် သူ့နှလုံးသားအား နေရာလပ်မကျန်အောင် ဖုံးကွယ်သွားသလို ခံစားလိုက်ရသည်။
------------
နောက်တစ်နေ့ ရွှီလော့ယန် နိုးလာသည့်အချိန်တွင် သူ လန်းဆန်း နေခဲ့သည်။
သူ မျက်လုံးတွေအား မှိတ်လိုက်ကာ စိတ်ထဲ၌ စတင်ကာ  မေးခွန်းတွေ မေးနေမိ၏ - ငါ ဘယ်သူလဲ ငါဘယ်မှာလဲ ငါ ဒီနေ့ ဘာလုပ်ရမလဲ။
မေးခွန်းမေးပြီးသည့်နောက်၊ ငါ့နာမည်ကရွှီ ဆူညံနေလည်း ကောင်းကောင်းအိပ်ပျော်တက်တဲ့သူလို့ အဖြေထုတ်လိုက်သည်။
ယခုနေ့တွင် သူကနာရီဝက်လောက် လမ်းလျှောက်ထွက်ပြီး မနက်ခင်း၌ မစ္စတာရှန်း နှင့် ရဲစခန်းက ဆရာကြီး တို့ကို ကျေးဇူးတင်ကြောင်း လက်ဆောင်တစ်ခုစီပေးလိုက်သည်။ နေ့ခင်းဘက်တွင် ပြန်ရောက်လာချိန်တွင် အိတ်တွေထုတ်ပိုးပြီး မနက်ဖြန် သ‌င်္ဘောနဲ့ထွက်မည်ဖြစ်၏။
ငါ အခု ချီချန်အန်းရဲ့ အိပ်ရာပေါ်မှာ လဲလျောင်း‌နေတယ်။ နောက်ဆုံးမေးခွန်းကိုအဖြေထုတ်ပြီးသောအခါ ရွှီလော့ယန်သည် မျက်လုံးများကိုပင် မဖွင့်ရဲတော့ချေ။
ယင်းမှာ ပြဿနာ၏ အဓိကအချက်မဟုတ်ချေ။ ဤအခြေအနေ၏ အ‌ဓီက အချက်မှာ ယခုအချိန်တွင် သူ့လက်က လူတစ်ဦး၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြောင်း ရှင်းရှင်းလင်းလင်းခံစားနေရပြီး ထိုခံစားချက်က သူ့လက်ကိုသူဆုတ်ကိုင်ထားခြင်းမဟုတ်ပေ။
သူ့လက်သာဟုတ်မနေရင်တော့ ဒါ ချီချန်အန်းပဲ‌ဖြစ်ရမယ်......
မျက်လုံးတစ်ဖက်ကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်သောအခါ ရွှီလော့ယန်သည် ချီချန်အန်းက နိုးနေပြီးဖြစ်ကာ သူ့ညာဘက်လက်ကိုသာအသုံးပြု၍ စာအုပ်ထိုင်ဖတ်နေတာကို တွေ့လိုက်ရသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ကအစွန်းအလွှာတစ်ခုကဲ့သို့ သူ့ပုံသဏ္ဌန်ကို ဖုံးအုပ်ထားသည်။ ထိုအခြေအနေလေးမှာ အလွန်တရာမှနူးညံနေ၏။
သို့သော်လည်း ချီချန်အန်း၏ ဘယ်ဘက်လက်မောင်း ဟန်အနေအထားမှာ အနည်းငယ် သဘာဝမကျဖြစ်နေတာက သိသာထင်ရှားနေကာ တစ်ကိုယ်လုံးက ဘယ်ဘက်သို့ စောင်းကျနေသည်။
ရွှီလော့ယန်မှာ အဖြစ်အပျက်အား ချက်ချင်းပင်မြင်ယောင်မိ သွားသည်။ သူက ချီချန်အန်း၏ လက်ကောက်ဝတ်ကို ဆုပ်ထားသောကြောင့် ချီချန်အန်း နိုးလာချိန်တွင် သူ့အား မနှိုးသွားစေရန်၊ သူ့လက်ကောက်ဝတ်ကို ပုံသေအနေအထားတွင် ရှိနေစေခဲ့ခြင်းပင်။ အိပ်မရ၊ ထမထိုင်နိုင်၊ ဘာမှလုပ်စရာမရှိသောကြောင့် စာအုပ်ကို အဆင်မပြေသော အနေအထားတွင် ကိုင်ထားရတာဖြစ်နိုင်သည်။
ရွှီလော့ယန်မှာ တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို အပြစ်ရှိစိတ် လှိုင်း လေးများထသွားတော့သည်။ သူ့ပါးစပ်ကို ဘယ်လိုဖွင့်ရမလဲ စဉ်းစားရင်း ချီချန်းအန်း၏ မျက်လုံးများအားကြည့်လိုက်သည်။
"နိုးပြီလား"
ချီချန်းအန်းက ရွှီလော့ယန် ကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး တစ်ဖက်သူက သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်ဆိုကတည်းက အစစအရာရာမြင်နေပြီးဖြစ်ပေမယ့် ရွှီလော့ယန် အဆင်သင့်မဖြစ်သေးတာကြောင့် စကားမပြောတာပင်။
သို့သော် ယခုမူ ရွှီလော့ယန်က သူ့ကို စိုက်ကြည့်နေတာကြောင့် ချီချန်အန်းသည် ဆက်ထိန်းမနေနိုင်တော့သဖြင့် အသံတစ်ခုအားပြုလိုက်သည်။
"အင်း ကျွန်တော်နိုးပြီ"
ရွှီ‌လော့ယန်က ထထိုင်လိုက်ပြီး ပြတင်းပေါက်မှာလာသော တောက်ပထိန်လင်း နေပြီဖြစ်သော နေ့အလင်းရောင်ကိုကြည့်လိုက်ကာ-"အခု ဘယ်နှနာရီရှိပြီလဲ။"
"ကိုးနာရီခွဲ"
ချီချန်အန်း၏အဖြေကို နားထောင်ပြီးနောက် ရွှီလော့ယန်သည် တစ်ဖန် အိပ်ရာသို့ ပြန်လှဲချကာ ဘာပြောရမှန်းမသိဖြစ်နေရသောကြောင့် ခေတ္တအချိန်နှောင့်နှေးသွားပြန်ကာ တချိန်တည်း၌ပင် သူ့နံနက်ခင်းအပြေးအစီအစဉ်က မအောင်မြင်တော့ချေ။
ခဏအကြာတွင် ရွှီလော့ယန်က သူ့မျက်နှာကို ခေါင်းအုံးတွင်မြှုပ်ပြီး ကျယ်လောင်သောအသံဖြင့်-"ကျေးဇူးတင်ပါတယ် ချန်အန်းကော"
ထို့သို့ပြောပြီးတဲ့နောက် သူ ပြသနာတခုကိုရှာတွေ့ပြန်သည်။
ငါအခုထိလက်မလွှတ်မိသေးဘူးဟ....
ထို့ကြောင့် သူ့လက်ကို အမြန်လွှတ်လိုက်ချိန်တွင် တစ်ဖက်လူ၏ လက်ကောက်ဝတ် အရေပြားမှာ နီရဲနေတာကို တွေ့လိုက်ရသည်။
  ပိုအပြစ်ကြီးသွားပြီ.....
ချီချန်အန်း က သူ့လက်ကို သဘာဝအတိုင်း ပြန်ထားလိုက်ပြီး ရွှီလော့ယန်ရဲ့ ရှက်ရွံ့နေသောမျက်နှာအား ကြည့်ပြီး ပြုံးကာပြောလာသည်။
"မင်း ကောင်းကောင်း အိပ်မပျော်ဘူး..... မင်းလက်တွေက တစ်ခုခုကို ဖမ်းဖို့ ကြိုးစားနေတာ.... အဲဒါနဲ့ ကိုယ်လည်း မင်းကို ကိုယ့်လက်ကောက်၀တ်ထိုးပေးလိုက်တာဘဲ"
ရွှီလော့ယန်သည် သူ့နံဘေးမှ ခေါင်းအုံးကို ဖိလိုက်ပြီး အလွန်စိတ်အားငယ်သွားရ၏။
"မင်း ကျွန်တော်ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး.....ကျွန်တော်ကိုယ်တိုင် ကျွန်တော်လက်နဲ့ မင်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တာပဲဖြစ်ရမယ်"
ဆိုရလျှင် ညလယ်ခေါင်မှာ တစ်ယောက်နှင့်တစ်ယောက် စောင့်ရှောက်ပေးတယ်ဆိုတာက မပျော်သင့်ဘူးလား......
ဤအချင်းအရာက သူ့မိဘတွေ ဆုံးပါးပြီးမှသာ သူလုပ်ခဲ့တဲ့ အလေ့ကျင့်တခုဖြစ်လေသည်။ အနားယူချိန်တိုင်း ညဘက်တိုင်းတွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ခြင်း သို့မဟုတ် ထိတွေ့ထားခြင်းကို အမြဲနှစ်သက်သည်၊ သို့မဟုတ်ပါက သူက သက်တောင့်သက်သာ အိပ်၍မရနိုင်။
သူ့ရဲ့ တောင်းပန်ချင်စိတ်ကိုထုတ်ပြချင်သောကြောင့် လက်တွေ့လုပ်ဆောင်ချက် တစ်ခုခုကိုလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"ချန်အန်း ကျွန်တော် မနက်စာ ပြင်ပေးပါရစေ"
ရွှီလော့ယန် ပြုလုပ်သော အထူးနံနက်စာကိုစားပြီးနောက် သူတို့နှစ်ဦးသည် ဝိုင်ပုလင်းဝယ်ရန် လမ်းဟောင်းဘက်သို့သွားကြပြီး ဆရာကြီးကျန်း၏အိမ်သို့ ဦးစွာသွားရောက်လည်ပတ်လိုက်ကြသည်။
သူတို့တံခါးဖွင့်ပြီးဝင်သွားချိန်တွင် ဆရာကြီးကျန်းက နေပူထဲ၌ ခြံထဲမှ ပန်းပုံတွေအား ထွင်းထုနေခဲ့သည်။ ချီချန်အန်းနှင့် ရွှီလော့ယန် လာ‌နေသည်အားမြင်သောအခါ ကျန်းဝေက သူ့ကိရိယာတွေကို ချပစ်ကာ အခန်းထဲလှည့်ဝင်သွားသည်။
ရွှီလော့ယန်က ဆောင်းဦးနေရောင်အောက်မှာ သူမျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ချီချန်အန်းအား ပျင်းရိစွာ ပြောလိုက်သည်။
"ကြည့်ရတာ ဆရာ ကျန်းက လက်ဆောင်သွားယူတာနေမယ် ....."
သူပြောပြီးသွားတဲ့နောက် မပြီးဆုံးသေးတဲ့ပုံစံကို သေသေချာချာကြည့်ကာ ချီချန်းအန်းအား "မင်း ကျွန်တော်ကိုပေးခဲ့တဲ့ သစ်သားငါးသေးသေးလေးနဲ့ မေပယ်ရွက်တွေက ဒီလို ငရုပ်ကောင်းသား ပေါ်မှာဓားနဲ့ထွင်းထားတာလား"
ယခု မေပယ်ရွက်ကို သော့တွင် ချိတ်ဆွဲထားပြီး သစ်သားငါးငယ်ကို ချီချန်းအန်းက အခြားအပေါက်ငယ်တစ်ခုပြုလုပ်ကာ သူ့လက်ကောက်ဝတ်တွင် ချည်ပေးထားသည်။
"ဟုတ်တယ် ဒါပေမယ့် ကိုယ်နည်းက နည်းနည်းတော့ ကြမ်းတယ် အခြေခံတွေကိုပဲ သင်ယူခဲ့ရတာဆိုတော့လေ"
"မင်းက အရမ်း တော်လွန်းနေပါပြီ"
ဆရာကြီး ကျန်း ထွက်လာပြီး သူ့ဘယ်လက်မှာ ပိုက်တစ်ချောင်းနှင့် ညာလက်မှာ သစ်သားသေတ္တာကိုကိုင်ပြီး ချီချန်အန်းကို ပေးလိုက်သည်။
"မင်းက ငါရဲ့ လက်သမားဆရာအဖြစ် တစ်လနီးပါး ပညာသင်ကြားခဲ့ပြီး ပင်ပန်းဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိပြီး အေးအေးဆေးဆေး နေနိုင်ခဲ့တယ်... မင်းရုပ်ရှင်တွေအကြောင်း ငါသေချာမသိပေမယ့် မင်းရဲ့နှလုံးသားနဲ့ဆို မင်းကဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုတွေ အများကြီးရမှာသေချာပေါက်ပဲ “
သူပြောပြီးတဲ့ အခါတွင်တော့ သစ်သားသေတ္တာသော့ကို သူကိုယ်တိုင်ဖွင့်လိုက်သည်။
"ငါ မင်းရဲ့လက်ပုံသဏ္ဍာန်နဲ့ အနေအထားအရ ဒီသေတ္တာထဲမှာ လိုအပ်မယ့်ပစ္စည်းတွေအားလုံးကို ငါလုပ်ထားတယ် အနာဂတ်မှာ မင်းရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေနဲ့ အလုပ်ရှုပ်နေတော့မှာမို့ လက်သမားအလုပ်ကို အာရုံစိုက်ဖို့ အချိန်အများကြီးရှိတော့မှာမဟုတ်ဘူး ဒါပေမယ့် မင်းလက်ကို ရံဖန်ရံခါ လေ့ကျင့်ပြီး အသေးအမွှားလေးတွေ ထွင်းထုနိုင်ပါစေလို့ ငါမျှော်လင့်မိသေးတယ်....ဒီလိုသာဆို ဒီအရာတွေကိုလုံးလုံးလျားလျားစွန့်ပြစ်လိုက်တယ်လို့ဘယ်မည်တော့ပါ့မလဲ“
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
468K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
5.4K 518 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
The Kids Aren't Alright bea 🤠 द्वारा
किशोर उपन्यास
1.1M 68.3K 77
The year is 1988, and Finn, Ronan, Becca and Jasper are spending the summer at a reformatory camp located deep in the Alaskan wilderness. The camp, n...
1.2M 63.9K 50