"မင်းလက်ထဲက လက်နက်ကို
အခုချက်ချင်းချလိုက်ရှင်းလျန်
ငါတို့အေးအေးဆေးဆေးစကားပြောကြမယ်။"
နတ်ဆိုးသခင်က ချော့မြူသည်လဲမဟုတ်
အမိန့်ပေးသည်လဲမဟုတ်သည့် လေသံမျိုးဖြင့်ပြောလိုက်သည်။
"မချဘူး!!! ဒီလိုပုံစံမျိုးနဲ့ အရာရာအားလုံးကို အဆုံးရှုံးမခံနိုင်ဘူး !!! ဒီနေရာထိရောက်ဖို့ ကျမဘဝတစ်ခုလုံးရင်းနှီးထားရတာ နည်းနည်းလေးမှ လက်မလျော့နိုင်ဘူး"
သို့သော် ထိုမိန်းကလေးက စကားနားမထောင်သည့်အပြင်
ပိုတိုးလိူ့ရန်ရှာသည်။ ထို့ကြောင့်မယ်တော်ကြီးက
"ရှင်းလျန် မင်းအခုလိုလုပ်နေတာ နည်းလမ်းအမှန်မဟုတ်ဘူး ငါက မင်းကိုထိုက်သင့်တဲ့အပြစ်ဒဏ်ပဲပေးမှာမို့ ကျန်နေတဲ့ မင်းဘဝတစ်လျောက်လုံး ကောင်းကောင်းမွန်မွန်ဖြတ်သန်းလို့ရတယ် အခုနေ အပြစ်ဝန်ခံရင်
နောက်မကျသေးဘူး"
"ကျွန်မ ဘာအမှားမှမလုပ်ထားဘူး အပြစ်တင်ချင်ရင်
ဆင်းရဲစွာမွေးဖွားလာခြင်းကိုပဲအပြစ်တင်လိုက်!!!
ကျမ တစ်သက်လုံးဆင်းရဲခဲ့ပြီးပြီ ခွေးစာတွေလဲလုစားခဲ့ဖူးတယ်
အေးစက်တဲ့ညတွေကိုလဲ ဘာအကာအကွယ် ဘာအနွေးဓာတ်မှမပါပဲ ဖြတ်သန်းခဲ့ရဖူးတယ်
သူများအိမ်ကနေလဲ ခွေးမောင်းသနည်းမောင်းချ ခံခဲ့ရဖူးတယ်
တော်လောက်ပြီ ကျမ ထပ်ဆင်းရဲချင်တယ်လို့များထင်နေလား!!!
အဲ့အစား သေလိုက်တာပဲကောင်းတယ်!!!"
"မလုပ်နဲ့!!!
မင်းကို ခွင့်မလွတ်ပေမဲ့ မင်းဆီမှာငါ့သွေးသားရှိနေတယ်
မင်းငါ့ကိုသတ်ဖို့ကြံတာခွင့်လွှတ်တယ်
ငါ့ကလေးကိုထိခိုက်အောင်လုပ်ရင်တော့
မင်းကိုငါလက်နဲ့ကိုယ်တိုင်သတ်ပြစ်မယ်
ပြော မင်းဘာလုပ်ချင်တာလဲ
ဘာဖြစ်ချင်လဲ အားလုံးဖြစ်စေရမယ်..."
နတ်ဆိုးသခင်ဆီက ထိုစကားကိုကြားသည်နှင့် မိန်းမလည်လေးဟာ
သူမရဲ့ဆိုးဝါးလှတဲ့ အကြံအစည်ကိုထုတ်ဖော်ပြလိုက်သည်။
" အဟက် !!!သတ်လိုက်
ကျမရှေ့မှတင်ပဲ ဒီအခန်းထဲက တစ်ယောက်ကိုမှ
အလွတ်မပေးပဲသတ်ပြစ်လိုက်!!!"
နတ်ဆိုးသခင်က ရွေးချယ်စရာမရှိပဲ
သူ့ရဲ့ဆောင်တော်မြဲဓားကိုထုတ်လိုက်ကာ
မယ်ေတ်ာကြီးရှေ့ဒူးထောက်ခစားနေတဲ့
သမားတော်ကို အရင်ရှင်းပြစ်လိုက်သည်။
မယ်တော်ကြီးက ထိုအဖြစ်အပျက်ကြောင့်
အသက်မရှူတော့သည့်အလား
အသံထွက်ပဲရပ်ကြည့်နေသည်။
ထို့နောက် နတ်ဆိုးသခင် ရဲ့ ဦးတည်ရာက
မယ်တော်ကြီးဖြစ်လာတော့၏။
နတ်ဆိုးသခင်က ရှေ့ကိုအာရုံရှိနေတုန်း
နောက်ကနေ ဓားနဲ့အထိုးခံလိုက်ရသည်။
အံ့ဩတကြီးပြန်ကြည့်လိုက်တော့
လုပ်ဆောင်သူက ...
သူ့သွေးသားတည်ရာ မိန်းကလေး...
"မင်း...မင်း..."
နတ်ဆိုးသခင်က မယုံကြည်နိုင်စွာ ရေရွတ်တော့
ထိုမိန်းကလေးက အတ္တကြီးစွာဆိုလာ၏။
"ဒီကလေးက မင်းကြီးရဲ့ သွေးသားမဟုတ်ဘူးလို့သိတဲ့
ဘယ်သူ့ကိုမှအရှင်မထားဘူး
ဒီကလေးက နန်းသွေးစက်ဖြစ်လာရမယ် !!!
ဘုရင်ဖြစ်လာရမယ် !!!
ဝမ်ပြည်ထောင်ရဲ့ ဆက်ခံသူဖြစ်လာစေရမယ်!!!"
နတ်ဆိုးသခင် နေရာမှာတင်လဲကျသွားတော့
ရှင်းလျန်က အသိစိတ်ကင်းမဲ့နေသူလို
မယ်တော်ကြီးဆီအကြည့်ပို့ပြီး...
"ဘယ်လိုလဲ ထပ်ကစားချင်သေးလား"
.....................
ထိုအချိန် ရှောင်ကျန့်က
ရှင်းလျန်ကို နန်းဆောင်မှာမတွေ့၍
မယ်တော်ကြီးဆီသွားသည်ဟုသိရသောကြောင့်
မယ်တော်ကြီးနန်းဆောင်ရှေ့ ကိုရောက်နေခဲ့လေသည်။
*ဘာဖြစ်လို့ နန်းဆောင်ဘေးပတ်ဝန်းကျင်မှာ
အစောင့်တစ်ယောက်မှမရှိပဲ တိတ်ဆိတ်နေရတာလဲ *
ရှောင်ကျန့်အတွေးတို့မဆုံးခင်မှာပဲ သူ့ခြေလှမ်းတွေက
နန်းဆောင်ထဲသို့ ရောက်ရှိနေခဲ့လေပြီ
ရှောင်ကျန့် နန်းဆောင်ထဲကို
တိတ်တဆိတ်ရောက်လာချိန်မှာတော့
မယ်တော်ကြီးကို ဓားတရမ်းရမ်းဖြင့် ရန်ရှာနေသည့်
ကြင်ယာတော်ရှင်းကိုတွေ့ လိုက်ရသည်။
သူ့မယ်တော်ကြီးဆီသွားဖို့အလုပ်မှာ
သူ့ခြေထောက်ကိုလာထိတဲ့လက်တစ်စုံ...
ရှောင်ကျန့်လဲ ခြေထောက်အောက်ကို ငုံကြည့်လိုက်တော့
သွေးအလိမ့်လိမ့်နဲ့လူတစ်ယောက်က
အားယူကာတစ်ခုခုကိုပြောချင်နေသည့်ဟန်
ရှောင်ကျန်လဲ မယ်တော်ကြီးဆီစိတ်ရောက်နေတာမို့
ထိုလူ့အားခဏထားခဲ့ကာ မယ်တော်ကြီးဆီအပြေးသွားမိတော့...
ရှောင်ကျန့်ရောက်သွားတော့အချိန်မမှီတော့ပေ
မယ်တော်ကြီးက ရှင်းလျန်လက်ထဲမှာပင်
လည်ပင်းထပ်ဓားထောက်ခံထားရသည့်အခြေအန
အခန်းတွင်းရုတ်ရုတ်သဲသဲအခြေအနေကြောင့်
ရှင်းလျန် တိုက်ချလိုက်တဲ့ မီးအိမ်ကနေ
အခန်းလိုက်ကာစတွေကို မီးစွဲနေခဲ့လေပြီ...
........................
မယ်တော်ကြီးနန်းဆောင်မီးစွဲနေပြီဟု အော်ဟစ်ပြောသွားသော
မင်းမှု့ထမ်းများ၏ အသံများကို မင်းကြီးဝမ်ရိပေါ် ကြားသွားကာ
မယ်တော်ကြီးနန်းဆောင်ကိုအပြေးနှင်တော့၏။
အဆောင်တော်ရှေ့ ရောက်တော့
မယ်တော်ကြီးအပြင်
ကြင်ယာတော်နှစ်ပါးလဲ ရှိနေကြောင်းသိရတဲ့အခါ
မင်းကြီး ဝမ်ရိပေါ်ဟာ
နေမကောင်းတာကိုတောင်သတိမရနိုင်တော့ပဲ
မှူးမတ်တွေ မင်းမှု့ထမ်းတွေ ထားဆီးနေသည့်ကြားက
နန်းဆောင်ထဲ ဇွတ်ပြေးဝင် တော့သည်။
မင်းကြီးဝမ်ရိပေါ် နန်းဆောင်ထဲရောက်ရောက်ခြင်းပင်
မြင်လိုက်ရသည့်မြင်ကွင်းက
သူ့ကိုလုံးဝမှင်သက်သွားစေသည်။
ရှောင်ကျန့်က မယ်တော်ကိုလုပ်ကြံလိုက်ပြီး...
"မယ်...မယ်တော်...!!!"
"အရှင်!!!"
ရှောင်ကျန့် သူ့လက်ထဲက သွေးတွေပေကျံနေတဲ့ဓားကို
ယောင်းယမ်းကာလွှတ်ချလိုက်မိသည်။
*မဟုတ်ဘူး မဟုတ်ဘူး သူ့ သတ်တာမဟုတ်ဘူး
သူ့ကိုအရှင် အထင်လွဲမှားသွားလို့မဖြစ်ဘူး!!!*
"အရှင်...အရှင် ကျွန်တော်မျိုး မဟုတ်ပါဘူး...
အရှင် ထင်နေသလို...မ...မဟုတ်ပါဘူး..."
ရှောင်ကျန့်က အကြောက်အကန်ငြင်းကာရှင်းပြနေချိန်မှာ
မင်းသမီးမျက်နှာဖုံးတပ်လိုက်တဲ့ ရှင်းလျန်ဟာ ချုံးပွဲချငိုပြပါတော့သည်။
"မင်းကြီး ....ဟင့် ကြင်ယာတော်ရှောင့် ...
သူ သူ ဘယ်လိုများလုပ်ရပ်ရတာလဲ
မယ်တော့်ကိုကြည့်ပါဦး မင်းကြီး...ဟင့်"
အခုချိန်မှာ အရှင်ပုံစံက ဘယ်သူ့စကားမှနားထဲမဝင်
သူ့မျက်လုံးထဲမြင်နေသည်က သွေးအလိမ့်လိမ့်နဲ့
အသက်ဝိညာဉ်ကင်းမဲ့နေတဲ့
သူ့၏ ချစ်လှစွာသောမယ်တော်သာ...
"မယ်တော် သားတော်ကို ကြည့်ပါဦး...
မယ်တော်... မယ်တော် သားတော်လေ
ဝမ်ပြည်ရဲ့ အရှင်သခင်ကြီးလေ
မယ်တော်ရဲ့ သားကြီးလေ...မယ်တော်!!!!"
မယ်တော်ကြီး ဟာ
ငြိမ်သက်စွာလဲလျောင်နေလေပြီ
မင်းကြီးကတော့ ချစ်တဲ့မိခင်ကိုဆုံးရှုံးသွားရလို့
ရင်တစ်ခုလုံးကြေလို့မွလို့ပင်...
မီးဟုန်းဟုန်း တောက်နေတဲ့ နန်းဆောင်ဟာ
အရှင့်ရဲ့ ရင်ထဲက အပူမီးကို ပြသနေသည့် ပြယုတ်သဖွယ်...
အပြင်ဘက်က ရဲမတ်တို့ရဲ့ အင်အားနဲ့
မီးငြိင်းသတ်နိုင်ခဲ့တာကြောင့်
အခုဆိုရင် အဆောင်တော်ဟာ
ပြာတစ်စခဲ့ အကြွင်းအကျန်တစ်စနဲ့
ကြည့်မကောင်းရှု့မကောင်း
ထိုနန်းဆောင်အတွင်းဘက်မှာတော့
ဘယ်လိုအရာနဲ့မှ မငြိမ်းသတ်နိုင်တဲ့
သောကမီးတွေဟာ တောက်လောက်လျက်...
"အရှင့်...ဟင့် အရှင် ကျွန်တော်မျိုးရှင်းပြပါ့မယ်"
ရှောင်ကျန့်က ငိုယိုကာ ရှင်းပြဖို့အတင်းကြိုးစားနေခဲ့သည်။
ရှောင်ကျန်တာ မင်းကြီးပွေ့ ဖက်ထားတဲ့
မယ်တော်ကြီးရှေ့ ဒူးထောက်ထိုင်ချလိုက်ပြီး
မယ်တော်ကြီးဆီ လက်အလှမ်း ပုတ်ချခံလိုက်ရတဲ့လက်တစ်စုံ
"မထိနဲ့!!! ထွက်သွားစမ်း!!!"
မင်းကြီးကဒေါသတကြီးအော်လိုက်တော့
ရှောင်ကျန့်မှာတုန်လှုပ်သွားရသည်။
ထိုအခြေအနေကို ရှင်းလျန်က အခွင့်ကောင်းဝင်ယူကာ
"ရဲမတ်တို့ လာကြစမ်း !!
ဒီငမိုက်သားလုပ်ကြံသူကိုဖမ်းဆီးလိုက်ကြ!!!"
ကြင်ယာတော်ရှင်းရဲ့ အမိန့်သံအဆုံးမှာ
နန်းဆောင်ထဲဝင်လာတဲ့ရဲမတ်တချို့...
ရှောင်ကျန့်အခုချိန်မှာ သူဘာကိုမှ မစိုးရိမ်ဘူး
အဖမ်းခံရမှာလဲမကြောက်ဘူး
သူစိုးရိပ်နေတာတစ်ခုတည်း
အဲ့တာက...အရှင်...
အရှင့်ကိုဒီလိုပုံစံမျိုးနဲ့သူမထားခဲ့နိုင်ဘူး
အရှင်က အခုမှသတိရကာစ အရှင် နေမကောင်းဘူး
ဒီလိုမျိုးသူ့မျက်ကွယ်ရာမှာ အရှင်ကိုစိတ်ချနိုင်ဘူး
အရှင့်အနားမှာ အန္တရာယ်တွေဝိုင်းနေတယ်
"အရှင် ကျွန်တော်မျိုးတို့ကြည့်ပါ
ကျွန်တော်မျိုးမျက်ဝန်းတွေကိုသေချာကြည့်!!!"
ရှောင်ကျန့်ရဲ့ အမိန့်ဆန်တဲ့ စကားရဲ့ အဆုံးမှာ
မင်းကြီးဟာ သူ့မိခင်ကိုပွေ့ ထားရာမှ တအံ့တသြ
မော့ကြည့်လာခဲ့သည်။
"ကျွန်တော်မျိုးပြန်လာခဲ့မယ် အရှင်ကို စောင့်ရှောက်ဖို့
သေချာပေါက်ပြန်လာခဲ့မယ်
အဲ့အချိန်...အဲ့အချိန်ထိပဲ
ကောင်းကောင်းရှင်သန်ပေးပါ ကျွန်တော်မျိုးပြန်လာပါ့မယ်"
ထို့နောက် ရဲမတ်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ရာနောက်
ရှောင်ကျန့်ပါသွားခဲ့သည်။
မင်းကြီးသည်လဲ ထိုလူသားရဲ့ လေးနက်တဲ့ အပြောတွေနဲ့အကြည့်တွေအောက် မှင်သက်မိနေပြီး ကျန်ရစ်နေခဲ့လေသည်။
ရှောင်ကျန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတော့
နန်းဆောင်ရှေ့မှာ သူ့ရဲ့ အစေခံမလေး
ယွဲ့ ယယ်နဲ့ တွေ့လေသည်။
"ဟင့်...သခင်လေး ... ဘယ်လိုများဖြစ်ရတာလဲ ..."
"ယွဲ့ယယ် ...ပါး.. ပါးကိုသွားရှာ..."
မိန်းကလေးယွဲ့ယယ်က
သူ့သခင်လေးစကားကို နာခံစွာ ခေါင်းငြိမ့်ပြရှာ၏။
သိပ်မကြာခင်မှာပဲ
ရှောင်ကျန့် အနားကိုအပြေးရောက်လာတဲ့
ကျန်းချန်နဲ့ မိန်းခလေးချင်းဟွာ
သူ ကျန်းချန်ကို ဘာမှပြောမနေပါပဲ
အကြည့်တချက်သာပို့လွှတ်ခဲ့၏။
ထိုအကြည့်တွေထဲမှာ စကားလုံးတွေများစွာပါနေတာကိုတော့
သူ့မျက်ဝန်းတွေကိုဖတ်တက်တဲ့ ကျန်းချန်း
ချက်ချင်း သဘောပေါက်လိုက်သည်။
*ငါ့ရဲ့ မဟာမိတ်တပ်ကို ရှောင်သခင်ကြီးရဲ့ အင်အားနဲ့
ပူးပေါင်းဖို့အချိန်တန်ပြီ
ဝမ်ပြည့်ရှင်ကိုသစ္စာဖောက်တာမဟုတ်ဘူး
နှလုံးသားရဲ့ အမိန့်တော်ကိုနာခံတာ...!!! *
ရှောင်ကျန့် မြေအောက်အချုပ်ခန်းထဲတွင်
ချုပ်နှောင်ခံထားရသည်။
အဖြစ်အပျက်တွေက
မြန်ဆန်လွန်းလို့ သူ့မှာလိုက်မမှီနိုင်ခဲ့
သူ မယ်တော်ကြီးနန်းဆောင်ကိုရောက်တော့
ကြင်ယာတော်ရှင်းက ဓားတဝင့်ဝင့်ဖြင့်
မယ်တော့်အသက်ကိုခြိန်းခြောက်နေသည်။
မကြာခင်မှာပဲ ရှင်းလျန် တိုက်ချလိုက်တဲ့ မီးစက
မီးတောက်အဖြစ်လောင်ကျွမ်းကုန်၏။
ရှင်းလျန် အာရုံများနေတုန်း
သူနဲ့မယ်တော်ကြီးအကြည့်ချင်းစကားပြောကာ
ရှင်းလျန်လက်ထဲက ဓားကိုဆွဲလုလိုက်သည်။
ထိုအချိန်မှာပဲ နန်းဆောင်ထဲက
မီးတောက်က ပိုမိုကြီးထွားနေပြီး
မီးခိုးငွေ့တွေကြောင့်
လူသူအရှင်းမမြင်ရသည့်အနေအထား
မယ်တော်ကြီးကို ရှင်းလျန်က တွန်းချလိုက်ပြီး
သူ့လက်ထဲက ဓားကိုပြန်ဆွဲလုက
သူ့မျက်စိရှေ့မှာတင် ထိုဓားက
မယ်တော့်ကြီးဝမ်းဗိုက်ဆီသို့...
ပြာဝေသွားတဲ့ မျက်ဝန်းအိမ်က
ရုတ်တရက်အထိတ်တလန့် ဖြစ်သွားကာ...
သူ့ရင်ခွင်ထဲပြိုဆင်းလာတဲ့မယ်တော်ကြီး...
ပြီးတော့ မယ်တော်ကြီးဝမ်းဗိုက်ဆီက
တန်းလန်းဖြစ်နေဆဲဓား ...
"ဒုန်း" ဆိုတဲ့အသံကျယ်နဲ့အတူ
နန်းဆောင်ထဲဝင်လာတဲ့မင်းကြီး ...
မယ်တော်ကြီးဗိုက်မှာ စိုက်နေတဲ့ဓားကို
စွဲနှုတ်မိပြီးသားသူ...
သူရှိနေပါလျက် အရှင်ကိုရော အရှင့်ရဲ့
မယ်တော်ကိုပါ မကာကွယ်နိုင်ခဲ့ပြန်ဘူး
နောက်တနေ့မနက်မှာတော့
အရှင်ဟာသူ့ဆီကို
စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။
မနေ့ညထဲက မလဲဝတ်ရသေးတဲ့ဝတ်ရုံတော်က
ခြောက်ကပ်နေတဲ့သွေးကွက်တွေအပြည့်
စိတ်ပျက်လက်ပျက်ပုံပေါ် နေတဲ့အရှင်က
မျက်ဝန်းမှာလဲ ဒေါသ ငွေ့တွေထုတ်လွတ်နေပြန်၏။
"အရှင်..."
"ဘာကြောင့်လဲ...
ဘာကြောင့်မယ်တော်ကိုလုပ်ကြံရဲရတာလဲ"
အရှင့်အသံက နှစ်ယောက်တည်းကြားရုံသာ
ကျယ်ပေမဲ့ မာန်ပါနေ၏။
"ကျွန်တော်မျိုး မလုပ်ခဲ့ဘူးအရှင်"
"တောက်!!!
ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာတောင် လိမ်ရဲသေးတယ်
ရိုက်ကြစမ်း !!! "
အမိန့်သံအဆုံး ကြိမ်ကြာပွတ်တွေက
ရှောင်ကျန့်ရဲ့ ကိုယ်ခန္ဓာအနှံ့ ကျရောက်လာခဲ့သည်။
ဘာကြောင့်ရယ်မှန်းမသိ ဝမ်ဘုရင်ဟာ
သူ့ရှေ့ကလူသားကိုမမှတ်မိပါပဲ
ထိုလူသားအရိုက်ခံနေရတာကိုကြည့်ရင်း
နှလုံးသားလေးဖိညှစ်ခံထားရသလို
နာကျင်လာရသည်။
ထိုလူသားရဲ့ အကြည့်တွေက အသနားခံနေသည့်ဟန်
တောင်းပန်ရိုကျိုးနေသည့်ဟန်မရှိပါပဲ
သူသနားနေပြန်သည်။
*မယုံချင်ဘူး မယ်တော့်ကို
ဒီလူသတ်တယ်ဆိုတာမယုံချင်ဘူး
ဒါပေမဲ့ မနေ့ညက
သူ့မျက်လုံးတွေနဲ့သေချာမြင်ခဲ့ရတယ်
မယ်တော်ရဲ့ ဝမ်းဗိုက်ထဲကဓားကို
ဒီလူဆွဲယူလိုက်တယ်ပြီးတော့..ပြီးတော...မယ်တော်က...*
"တော်...တော်ကြတော့...!!!
ရပ်ကြ!!!"
သူ့ရှေ့က လူသားက အံ့ကြိတ်ခံနေဆဲပဲ တချက်တောင်မအော်ခဲ့ဘူး
မင်းကြီးဝမ်ရိပေါ်ဟာ ခံစားချက်ကိုမထိန်းချုပ်နိုင်ပဲ
စိတ်ရှုပ်စွာနဲ့ ပြန်သွားခဲ့သည်။