ရှောင်းကျန်း || မြန်မာဘာသာပြန...

De ilymm_

5.7K 722 138

Unbridled by WuZhe Total 101 Chapters + 3 Extras Mais

Synopsis
Update Schedule 《Must Read》
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13

Chapter 4

178 40 7
De ilymm_

|| Unicode ||

အပိုင်း ၄ : ဤစကားလုံးတို့ကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးပင် ပြောလိုက်ခြင်းဖြစ်သည်။ တင်းကျိမှာ မျက်မှောင်ကြုတ်လိုက်မိသွားခဲ့သည်။ “မင်း ဘာဖြစ်နေတာလဲ”

ထိုနေ့က တင်းကျိသည် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးနောက် ထိုလူက ယဉ်ကျေးသမှုနှင့်ပင် သူ့နာမည်ကို ပြန်မိတ်မဆက်ခဲ့ပေ။ သို့သော် ယခုလောလောဆယ်၌ သူလည်း မေးချင်စိတ်ရှိမနေ။ သို့နှင့် သူသည် အမည်မသိက သူ့အိတ်ကပ်ထဲမှ အကိုက်အခဲပျောက်ဆေးကို ထုတ်လိုက်ပြီး ပါးစပ်ထဲ ထည့်ကာ သူ့ဖန်ပုလင်းကိုယူ၍ အလုတ်အနည်းငယ်သောက်လိုက်သည်ကိုသာ ကြည့်နေလိုက်သည်။

“မင်းက အစွဲမရှိဘူးပဲ”

သူက အမည်မသိ ပြန်ကမ်းပေးလာသော ရေဘူးကို ယူ၍ ပြောလိုက်သည်။

“ရေဘူးလေးတစ်ဘူးလေးပဲ မဟုတ်ဘူးလား”

အမည်မသိက ပါးစပ်ကို သုတ်လိုက်သည်။

“မဟုတ်ဘူး”

တင်းကျိက အဖုံးဖွင့်လိုက်ပြီး တစ်ရှူးဖြင့် ရေဘူးအဝကို သုတ်လိုက်သည်။

“ဒါက မူလလက်ဟောင်း Nestlé Coffee-mate ဘူး။ ငါ့ထက်တောင် အသက်ပိုကြီးရင် ကြီးလောက်တယ်”

အမည်မသိက စကားမဆို။

မော့ကြည့်လိုက်တော့ အမည်မသိ၏အမူအရာက အနည်းငယ် မကြည်မရွှင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ”

သူ မေးလိုက်သည်။

“မင်းက ဒီလောက် အစွဲကြီးနေရင်လဲ ဘာလို့ တခြားသူကို မင်းရေဘူးကို သောက်ခိုင်းသေးလဲ”

အမည်မသိက ပြောစရာစကားပင် ပျောက်ရှသွားပုံရ၏။

“မျက်စေ့ရှေ့တင်ပဲတော့ မသုတ်ပါနဲ့လား”

“မင်းက တကယ်ကြီး သောက်လိမ့်မယ်လို့မှ မထင်ထားတာ”

တင်းကျိက ပြောလိုက်သည်။

အမည်မသိက သူ့ဘယ်လက်ကို ဖြန့်လာ၏။

“မကြည့်ဘူး”

တင်းကျိက သူ့လက်ကို ပုတ်ထုတ်လိုက်သော်လည်း တစ်ချက်တော့ ကြည့်လိုက်မိသေးဆဲပင်။

“ရေဘူး”

အမည်မသိက ဆိုသည်။

တင်းကျိက ချီတုံချတုံဖြစ်နေမိသော်လည်း ရေဘူးကို ပိတ်ကာ သူ့အား ထပ်ကမ်းပေးလိုက်၏။

အမည်မသိက အဖုံးကို လှည့်ဖွင့်၍ နောက်ထပ် နှစ်ငုံထပ်သောက်လိုက်ပြီး ပုလင်းကို သူ့ဘေးမှ လှေကားထစ်ပေါ် တင်လိုက်သည်။

“ငါ အသည်းကွဲနေမှန်း မင်း ဘယ်လိုသိတာလဲ ငါ့ကို ပြောပြလို့ရမလား”

“ဘာလို့လဲ။ မင်း မမှန်းတတ်ဘူးလား’

တင်းကျိက မျက်လုံးကို မှေးစင်း၍ ရေဘူးကို စွေကြည့်လိုက်သည်။

“ဒီနေ့က ရိုးရှင်းတယ်လေ”

အမည်မသိက ပြောလာသည်။

“ငါသာ အကုန်ခန့်မှန်းနိုင်နေရင် မင်းဆီ လာရောနေပါအုံးမလား”

“အဲတော့”

တင်းကျိက မျက်ခုံးပင့်လိုက်သည်။

“ငါက မင်းကို ဘယ်လိုတွက်ပေးရမှာလဲ။ ငါဖြင့် မင်းနာမည်ကိုတောင် မသိဘဲနဲ့”

“လင်ဝူယွီ”

အမည်မသိက ပြောသည်။

“ဘာ?”

တင်းကျိက သေချာမကြားလိုက်ရ။

“လင်ဝူယွီ”

အမည်မသိက နားထင်ကို ဖိ၍ ထပ်ပြော၏။

“ဝူယွီ?”

တင်းကျိက ဆိုသည်။

“တာ့ဖန်းဝူယွီ (စိတ်သဘောထားကြီးမြတ်သူတို့ထံဝယ် သိုဝှက်ထားသည့် မကောင်းသောဘက်ခြမ်းဟူသည် မရှိ) ပဲ”

လင်ဝူယွီသည် နားထင်ပေါ်ဖိနေသော လက်တို့ ခတ္တခဏ ရပ်လိုက်မိသွားခဲ့သည်။

“ကွမ်းဖုန်းကျိယွဲ့” ဆိုသည်ကို ထားဦးတော့။ နာမည်၌ ထိုသို့သောစာလုံးပါနေ၍။ သို့သော် “တာ့ဖန်းဝူယွီ” ဟူ၍ နှုတ်မှထွက်လာခဲ့သည်ကတော့ ‌ပေါ့တိပေါ့ပြက်လိမ်စားတစ်ယောက်၏ ပုံစံနှင့် အတော်လေးပင် အပ်စပ်မှုမရှိလှ။

ပုံစံခွက်သွင်းခြင်းက မကောင်းပေ။ လင်ဝူယွီသည် သူ့ကိုယ်သူ တစ်စက္ကန့်မျှ ပြန်ဆင်ခြင်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“အင်း”

တင်းကျိက နောက်မှလှေကားထစ်ကို မှီလိုက်ပြီး စကားမဆိုလာခဲ့။

လင်ဝူယွီမှာ ခေါင်းကိုက်နေသေးဆဲပင်။ ယခုလောလောဆယ်၌ ကျောင်းသို့ပြန်ရန်သော်လည်းကောင်း၊ အစားအသောက်တစ်ခုခု သွားရှာရန်သော်လည်းကောင်း ခွန်အားရှိမနေလိုက်တော့။

တင်းကျိက ရွှီထျန်းပေါ်နှင့် အနည်းငယ်တူသယောင်ရှိ၍လည်း ဖြစ်လောက်မည်။ သူက ချက်ချင်းကြီး ထမထွက်သွားလိုသေး။

သို့နှင့် သူသည် တင်းကျိဘေးထိုင်ကာ ခပ်လှမ်းလှမ်းမှ ဘက်စကတ်ဘောတိုင်ကို သူနှင့်အတူ လှမ်းကြည့်နေလိုက်သည်။

စောနေသေးလေရာ ဘောလုံးပစ်သွင်းနေသော ကောင်လေးနှစ်ယောက်သာ ရှိ၏။
တဒင်္ဂဆိတ်ငြိမ်မှုအပြီးဝယ် လင်ဝူယွီဘက်မှ စကားစလိုက်သည်။

“မင်း ဒီကို မကြာခဏလာ‌လေ့ရှိတာလား”

“ခဏခဏလာဖြစ်တယ်”

တင်းကျိက ပြန်ဖြေ၏။

“ငါ့အဘွားအိမ်က ဒီနားမှာလေ”

“အင်း”

လင်ဝူယွီက တုံ့ပြန်လိုက်သည်။

“မင်းက ဖုကျုံးကလား”

တင်းကျိက မေး၏။

လင်ဝူယွီသည် အလျင်စလို ခေါင်းငုံ့၍ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် အားလုံးက သူ့ပုံမှန်အဝတ်အစားများပင်။ ဖုကျုံး၏အမှတ်သင်္ကေတများ တစ်ခုမှ မပါ။

“အရင်တစ်ခါ မင်းနဲ့တွေ့ကတည်းက ငါသိတာ”

တင်းကျိက ပြုံးလျက် ပျင်းကြောဆန့်လိုက်သည်။

“အရင်တစ်ခါ?”

လင်ဝူယွီသည် ခဏမျှ ပြန်လည်တွေးတောစဉ်းစားကြည့်လိုက်သော်လည်း သူ့ကျောင်းကို ခန့်မှန်း၍ရနိုင်သော မည်သည့်အသေးစိတ်ကိုမှ တွေးကြည့်၍ မရနိုင်။

“ငါ့ကို လက်ပြ”

တင်းကျိက ပြောလိုက်သည်။

လင်ဝူယွီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘယ်လက်ကို သူ့ရှေ့ ဖြန့်ပြလိုက်၏။

“မင်းလက်ချောင်းတွေက တော်တော်ရှည်တာပဲ”

တင်းကျိက သူ့လက်ချောင်းထိပ်လေးများဖြင့် သူ့လက်ဖဝါးကို အနည်းငယ် ပွတ်ဆွဲလိုက်သည်။

“မင်း…”

လင်ဝူယွီသည် သူ့လက်ညှိုးကို ကွေး၍ တင်းကျိ၏လက်ချောင်းထိပ်ကို ဖယ်လိုက်၏။

“ဟင်?”

တင်းကျိက လှည့်ကြည့်လာသည်။

“ယားတယ်”

လင်ဝူယွီ ပြောလိုက်သည်။

“အကဲပိုချက်”

တင်းကျိက လှောင်သည့်ဟန် နှုတ်ခမ်းကို တွ့န်ချိုးလိုက်ပြီး သူ့လက်ချောင်းတို့ကို လေထဲ ရစ်ဝဲ၍သာ သူ့လက်ဖဝါးထက် နောက်ထပ် ကြိမ်ရေအချို့ခန့် ပွတ်ဆွဲလိုက်၏။

“ဘာကိုကြည့်နေတာလဲ”

လင်ဝူယွီက စိတ်ဝင်တစားနှင့်။

“ငါ တွေ့တဲ့ဟာ ကြည့်နေတာ”

တင်းကျိက ပြန်ဖြေသည်။

“မင်းလဲ တွေ့တဲ့ဟာ ‌နားထောင်”

“အင်း”

လင်ဝူယွီက ခေါင်းညိတ်လိုက်၏။

“မင်းမိဘတွေနဲ့ အဆင်မပြေဘူး”

တင်းကျိက ပြောသည်။

လင်ဝူယွီက ဆိတ်ဆိတ်သာနေ၏။

တင်းကျိသည်လည်း သူ့ထံမှ အဖြေပြန်ရရန် လိုအပ်ပုံမရ။ သူ့လက်ကိုသာ ဆက်လက် စိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ သူက လှေကားထစ်တို့ကို ကျောမှီလိုက်၏။

“မင်းရဲ့ ပထမဆယ်နှစ်ကတော့ ဘာမှအထွေအထူးကြီးမရှိခဲ့ဘူး။ အေးအေးဆေးဆေး၊ သာသာယာယာလေးပဲ ဖြတ်သန်းခဲ့ရတယ်”

“ဟုတ်လား”

လင်ဝူယွီက လက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းငုံ့လိုက်၏။

“‌မောင်နှမရှိတယ်”

တင်းကျိက ဆက်ပြောသည်။

“အစ်ကိုဖြစ်ဖြစ်၊ အစ်မဖြစ်ဖြစ်ရှိတယ်။ ဘယ်နှယောက်ရှိလဲဆိုတာတော့ မပြောတတ်ဘူး”

လင်ဝူယွီသည် သူ့လက်ကို ငုံ့ကြည့်နေသေးဆဲဖြစ်ပြီး အဆိုပါစကားကို ကြားလိုက်ရချိန်၌ သူသည် အနည်းငယ်ဝေခွဲမရဖြစ်လာခဲ့မိတော့သည်။

တင်းကျိ၏ အသေးစိတ်အကြောင်းအရာတို့ကို ရှာဖွေနိုင်စွမ်းနှင့် လူတို့၏အကျင့်စရိုက်တို့ကို နားလည်သဘောပေါက်နိုင်စွမ်းတို့က အတော်လေးမြင့်မားလှသည်။ ယင်းမှာ သူ၏ လူတို့ကို လိမ်စားနှပ်စားနိုင်သော စွမ်းရည်၏ အဓိကသော့ချက်ပင်။ သို့သော်လည်း သူစိမ်းတစ်ယောက်၏ မိသားစုအခြေအနေကို ဆင်ခြင်သုံးသပ်၍ ကောက်ချက်ချနိုင်ပုံကတော့ သူ့အတွက် ခဏတာမျှ စဉ်းစားကြည့်၍မရနိုင် ဖြစ်သွားစေမိ၏။

အထူးသဖြင့် မောင်နှမသားချင်းနှင့် ပတ်သတ်၍။

“မင်းမသိတာတွေ ပြောပြမယ်”

တင်းကျိက လှည့်ကာ သူ့မျက်နှာကို စိုက်ကြည့်လိုက်သည်။

“အနာဂတ်မှာ အလှည့်အပြောင်းတချို့ ကြုံရလိမ့်မယ်။ ပြောရတော့အခက်ပေမဲ့ စိတ်ခံစားချက်အပိုင်းဖြစ်လိမ့်မယ်”

“ဒီလမ်းကြောင်း ၃ ခုကို ကြည့်တာလား”

လင်ဝူယွီက သူ့လက်ဖဝါးပေါ်မှ အရေးကြောင်းတို့ကို ညွှန်ပြသည်။

“အသက်မွေးဝမ်းကြောင်း၊ အချစ်ရေး၊ ဘဝ”

“အဲဒါက အရမ်းအခြေခံကျလွန်းတယ်”

တင်းကျိက ခေါင်းခါယမ်းသည်။

“နောက်ထပ် လမ်းကြောင်းတွေ၊ ဂြိုဟ်ခုံတွေအများကြီးရှိသေးတယ်။ တစ်ဖက်က ကြည့်နေရင်းနဲ့ နောက်တစ်ဖက်ကလဲ ထပ်ပြီး…”

“အဲတော့ ငါနဲ့ စကားပြောရင်း ခန့်မှန်းလိုက်တာပေါ့”

လင်ဝူယွီက ဆိုသည်။

“...ပျင်းစရာကြီး”

တင်းကျိက သဘောတကျရယ်၏။

“အထင်ကြီးစရာပါပဲ”

လင်ဝူယွီက ပြုံးသည်။

“သင်ဖူးတာလား”

“ဘယ်နားသွားသင်ရမှာလဲ။ ဘယ်သူ့ဆီ သွားသင်မှာလဲ။ အကုန်လုံးက အလိမ်တွေချည်းပဲ”

တင်းကျိက အထင်သေးရှုတ်ချဟန် လက်ခါယမ်းသည်။

“မင်းကို သင်ပေးပါမယ်လို့ လာပြောတဲ့သူတွေကို မယုံနဲ့”

“အင်း”

လင်ဝူယွီက သူ့လက်ကို ပွတ်သပ်လိုက်၏။

“မင်းမှာ အစ်ကိုရှိတာလား၊ အစ်မရှိတာလား”

တင်းကျိက မေးသည်။

လင်ဝူယွီက ခဏမျှ တန့်နေခဲ့ပြီးမှ ပြောလိုက်၏။

“ဘာလို့ ညီလေးလား၊ ညီမလေးလားလို့ မမေးတာလဲ”

“အဲပုံစံမပေါက်နေလို့လေ”

တင်းကျိက ပြောသည်။

“မောင်မှမအငယ်တွေရှိတဲ့သူတွေ အများကြီး ငါသိတယ်။ မင်းနဲ့မတူဘူး”

“ဗေဒင်ဟောတာကလဲ အာရုံစူးစိုက်ဖို့လိုတဲ့ပုံပဲ”

လင်ဝူယွီက ပြောသည်။

“နေ့စဉ်ဘဝကို သေချာစူးစမ်းလေ့လာဖို့လိုတယ်”

တင်းကျိက မောင်နှမအကြောင်း ဆက်မမေးလိုက်တော့ပေ။ လင်ဝူယွီက အသာလေး စကားလမ်းကြောင်းပြောင်းလိုက်သည်။ အင်မတန်ကိုမှ သဘာဝတကျနှင့်။ သူ့အနေနှင့်သာ အတည်ပြုလိုစိတ်မရှိနေပါက စကားလမ်းကြောင်းပြောင်းလိုက်မှန်းကိုပင် သတိထားမိလိုက်မည်မဟုတ်ချေ။

လင်ဝူယွီက ထိုအကြောင်း မပြောချင်ပုံရသည်။ သူ့မိဘများနှင့်ဆက်ဆံရေးမှာလည်း သိပ်ကောင်းလှပုံမရ။ ယင်းမှာလည်း မောင်နှမသားချင်းနှင့် ဆက်စပ်နေဟန်ရှိသည်။ တင်းကျိမှာလည်း သူစိမ်းတစ်ရံဆံတို့၏အကြောင်းကို လိုက်စပ်စုတတ်သော အကျင့်မရှိ။

လင်ဝူယွီသာ ဘာမှမဖြစ်သည့်နှယ် သူ့ရေကို ထက်ဝက်ခန့် သောက်ပစ်လိုက်ပြီး ထွက်မသွားဘဲ ထိုင်နေခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည်လည်း ဤလူနှင့်အတူထိုင်၍ ဤအကြောင်းအရာများအကြောင်းကို စကားစပ်မိမည်မဟုတ်ပါချေ။

“ဒီနားတစ်ဝိုက်မှာ စားစရာတစ်ခုခုရှိလား”

လင်ဝူယွီက မေးလိုက်သည်။

“အရသာရှိတာလေးပေါ့”

“အရမ်းတွေ ယဉ်ကျေးနေစရာမလိုပါဘူး”

တင်းကျိက တုံ့ဆိုင်းခြင်းတစ်ချက်မရှိဘဲ ပြန်ဖြေလိုက်သည်။

“ငါ စားပြီးပြီ”

လင်ဝူယွီက ရှေ့သို့ကြည့်ကာ ပြုံးလိုက်၏။

“ငါစားဖို့ ဆိုင်တစ်ဆိုင်ရှာနေတာ”

“အော”

တင်းကျိကတော့ ရှက်သွားခြင်းမရှိ။ ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဝေးဝေးလံလံမသွားချင်ရင် လမ်းဟိုဘက်ခြမ်းက “ခွေးတိုင်း သွားကြသည်” ကိုသာသွားလိုက်”

“ခွေးတိုင်း သွားကြသည်?”

လင်ဝူယွီမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။

“မင်းကို ကျိန်ဆဲနေတာ မဟုတ်ဘူး”

တင်းကျိက လည်ချောင်းရှင်းလိုက်၏။

“အဲဲဒါ ဆိုင်နာမည်။ ကောဖီ၊ ပီဇာ၊ အချိုပွဲ ဘာညာရတယ်။ အရသာလဲကောင်းတယ်”

“ခွေးတိုင်း လာကြသည် မဟုတ်ဘူးလား”

လင်ဝူယွီက မေးလိုက်သည်။

“မင်းက ဒီကနေသွားမှာဆို သွားကြသည် မဟုတ်ဘူးလား။ အဲတော့ ခွေးတိုင်း သွားကြသည်ပေါ့”

တင်းကျိက ရှင်းပြသည်။

“မင်းက ဆိုင်ထဲထိုင်နေမှပဲ ခွေးတိုင်း လာကြသည်ဖြစ်မှာပေါ့”

“... အိုကေ”

လင်ဝူယွီက ခေါင်းညိတ်လိုက်သည်။

“မင်း သွားစားဖူးလား”

“တစ်ခါ သွားဖူးတယ်။ အဲဆိုင်က စင်ဂယ်ခွေးတွေအတွက် နေရာလေ။ နံရံပေါ်က‌ဓာတ်ပုံတွေက အကုန် အဲမှာဆုံခဲ့ကြတဲ့ အတွဲတွေ”

တင်းကျိက သူ့ရှေ့သို့ လက်ဆန့်ထုတ်၍ လက်ချောင်းတို့ကို ချိုးကာ တွက်သည်။

“ငါ အဲနေ့က ငါ့မှာ အချစ်ရေးကိစ္စတစ်ခု ရှိလာလိမ့်မယ်လို့ တွက်မိတာနဲ့ ကံစမ်းကြည့်တဲ့သဘောနဲ့ သွားလိုက်…”

သူ့စကားပင် မဆုံးသေးမီ လင်ဝူယွီက တစ်ဖက်သို့ လှည့်ကာ ရယ်လေတော့၏။

“မရယ်နဲ့”

တင်းကျိက တလေးတနက်။

“ဒါက တစ်ခါတစ်လေ မှန်တတ်တယ်”

“မှန်လား”

လင်ဝူယွီက ပြုံးလျက် မေးသည်။

“မမှန်ဘူး”

တင်းကျိက မျက်မှောင်ကြုတ်လိုက်၏။

“အဲတုန်းက တွက်တာ တစ်ပတ်အတွင်းပဲ။ အခု ၇ ရက် ကျော်သွားပြီ။ လတစ်ဝက် ဖြစ်မယ်ထင်တယ်”

“လတစ်ဝက် ပြည့်ပြီလား”

လင်ဝူယွီမှာ မရယ်မိအောင် ထိန်းထားရသည်။

“မနက်ဖြန်ဆို လတစ်ဝက်ပြည့်ပြီ”

တင်းကျိက လက်ချောင်းတို့ကို ဆက်ခနဲ ပြန်ရုတ်လိုက်သည်။

“ဒီလတစ်ဝက်အတွင်း မင်း စကားပြောခဲ့ဖူးတဲ့ သူစိမ်းဆိုလို့ ငါတစ်ယောက်တည်းရှိတာလား”

လင်ဝူယွီက မေးလာ၏။

“အင်း”

တင်းကျိက သူ့ကို ဝေ့ကြည့်လိုက်သည်။

“မင်းလား။ အချစ်ရေးကိစ္စ? ဖြစ်ခြင်းဖြစ် မင်းက ဖရဲသီး*ပဲ ဖြစ်လိမ့်မယ်”

လင်ဝူယွီသည် “ခွေးတိုင်း လာကြသည်” ဆိုသောဆိုင်တွင်သာ တစ်ခုခု သွားစားလိုက်ရန် ဆုံးဖြတ်လိုက်၏။

သူသည် ထရပ်ပြီးနောက် ခဏမျှ ချီတုံချတုံဖြစ်နေခဲ့ပြီး တင်းကျိကို မဖိတ်ခဲ့လိုက်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့က မရင်းနှီးကြ။ ပြီးလျှင် တင်းကျိက စားပြီးပြီဖြစ်ပြီး ကြိုငြင်းထားပြီးလေပြီ။

“အဲက ရေခဲမုန့်က တော်တော်ကောင်းတယ်”

တင်းကျိက ပြောလာခဲ့သည်။

“မင်း စားရင် စားကြည့်ကြည့်။ ဗနီလာအရသာ။ ခွက်အကြီးကြီးနဲ့”

“အိုကေ”

လင်ဝူယွီသည် ခေါင်းညိတ်ပြလိုက်ပြီး လှေကားထစ်များပေါ်မှ ခုန်ဆင်းကာ ထိုဘက်သို့ လျှောက်သွားလေတော့၏။

သူသည် ပန်းခြံငယ်လေးထဲမှ ထွက်ခါနီး၌ နောက်သို့ ပြန်လှည့်ကြည့်လိုက်တော့ တင်းကျိက ထိုနေရာ၌ ဆက်ထိုင်မနေလိုက်တော့ဘဲ လှေကားပေါ်၌ BMX Bike ဖြင့် ခုန်၍ တက်လိုက်၊ ဆင်းလိုက်လုပ်နေကြသော လူအချို့တို့က နေရာယူထားကြလေပြီ။

သူသည် ဆက်လျှောက်လာခဲ့လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် ရပ်လိုက်သည်။ ထို့နောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး BMX Biking ဆော့နေကြသူတို့ကို ခဏစူးစိုက်ကြည့်လိုက်၏။ အင်္ကျီကျွတ်နှင့်တစ်ယောက်မှာ တင်းကျိဖြစ်ကြောင်း တွေ့လိုက်ရတော့ သူ အံ့အားသင့်မိသွားခဲ့သည်။ သူသည် နဂိုဝတ်ထားသော တီရှပ်ကို ဖြစ်သလိုချွတ်ကာ ဘောင်းဘီခါးစ၌ ချိတ်ထားသည်။

အရမ်းကို စည်းမဲ့ကမ်းမဲ့နိုင်ချက်ပဲ။ အများပိုင်နေရာမှာ ဒီလိုမျိုး အဝတ်အစားကို ဖြစ်သလိုချွတ်ပစ်တာပဲလား။

လင်ဝူယွီသည် ဖုန်းကို ထုတ်ယူ၍ ကင်မရာကိုဖွင့်ကာ ချိန်လိုက်သည်။

တင်းကျိသည် ကျွမ်းကျွမ်းကျင်ကျင် ဆော့နေခဲ့သည်။ အချို့သောလှုပ်ရှားမှုတို့မှာ အမြင့်ဆုံးလှေကားထစ်မှ ချော်ကျတော့မည်ပုံ ပေါ်သော်လည်း နောက်စက္ကန့်၌ သူက လှည့်ကာ နဂိုမူလပုံစံသို့ ပြန်ရောက်သွားသည်။

လင်ဝူယွီသည် ဤသို့သောအရာများကို အင်မတန်နှစ်သက်ခဲ့သည်။ အလယ်တန်းတုန်းက သူသည် အတန်းဖော်အချို့နှင့် စကိတ်ဘုတ်စီးရသည်ကို နှစ်သက်ခဲ့သော်လည်း ကြာကြာမဆော့ခဲ့ရပေ။ သူ့အမေက ယင်းအရာကို အချိန်ဖြုန်းခြင်းသက်သက်သက်ဖြစ်သည်၊ စာကို အနှောင့်အယှက်ဖြစ်စေသည်၊ အရာအားလုံးကို အနှောင့်အယှက်ဖြစ်စေသည်၊ ထိခိုက်အနာတ ရရနိုင်ခြေပင်ရှိသည် ဟု တွေးသည်။
အထူးသဖြင့်ကတော့ လင်ဝူယွီက ကောင်းကောင်းလုပ်နိုင်လိမ့်မည်မဟုတ်ဟု သူက တွေးခြင်းပင်။

“နင်က နင့်အစ်ကိုမဟုတ်ဘူး”

လင်ဝူယွီသည် ထိုသို့သောစကားလုံးတို့ကို အာရုံထဲ သိပ်မထည့်ခဲ့ပေ။ သူက အမှန်တကယ်ပင် ဂရုမစိုက်ခြင်းဖြစ်နိုင်သည်ဟု သူထင်သည်။ သူသည် သူ့ကိုယ်သူနှင့်ပတ်သတ်ပြီး သူ့ကိုယ်ပိုင်အကဲဖြတ်မှုရှိသည်။ အကျင့်ဖြစ်သွား၍လည်း ဖြစ်နိုင်ပါ၏။ ဆိုရလျှင်လည်း ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းကစ ယခုထက်တိုင် ထိုကဲ့သို့သောစကားတို့ကို ကြိမ်ဖန်ပေါင်းများစွာ နားထောင်ခဲ့ရသည်ပါပင်။

သို့သော်ငြားလည်း တစ်ခါတစ်ရံတွင်တော့ ထိုစကားလုံးတို့က အနည်းငယ်တော့နာကျင်ရသည်ကိုတော့ ဝန်ခံပါ၏။

လူကို အလိုလိုပင် ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာနိုင်စေသည်။

အထက်တန်းစတက်ရပြီးနောက်ပိုင်း သူသည် ထိုသို့သောလှုပ်ရှားမှုတို့၌ ထပ်မပါခဲ့လိုက်တော့ပေ။

ယခုအခိုက်အတန့်တွင်တော့ သူသည် တင်းကျိကိုကြည့်ကာ ပြေးသွားပြီး စကိတ်ဘုတ်တစ်ခု ငှား၍ ဆော့ပစ်လိုက်လိုစိတ်တို့ အနည်းငယ်ပြင်းပြလာခဲ့သည်။ သို့သော်လည်း သူလုပ်လိမ့်မည်တော့ မဟုတ်။

ချီတုံချတုံနှင့် ဝေခွဲမရဖြစ်နေစဉ်တွင်ပင် တစ်ဖက်မှတင်းကျိက ရပ်လိုက်ပြီး ခေါင်းမော့၍ သာမန်ကာလျှံကာပင် သည်ဘက်သို့ ကြည့်လာခဲ့သည်။

သူ့ကို တွေ့သွားသည်ဖြစ်မည်။ သူက သည်ဘက်သို့ လက်ဝေ့ယမ်းပြလာခဲ့၏။

အမြင်အာရုံ မဆိုးဘူးပဲ။

လင်ဝူယွီသည်လည်း လက်ဝေ့ယမ်းပြလိုက်သည်။

တင်းကျိက ထပ်မံ၍ လက်ဝေ့ယမ်းပြလာပြန်၏။

လင်ဝူယွီကလည်း တင်းကျိက ထူးဆန်းသည်ဟု ခံစားရလျက်နှင့်ပင် ဆက်ပြီး တုံ့ပြန်လိုက်သည်။

သုံးကြိမ်ပြီးသည့်နောက်တွင်တော့ သူသည် နောက်ဆုံး၌ တင်းကျိ၏လက်ဟန်ကို သတိပြုမိသွားခဲ့တော့၏။ လက်ဝေ့ယမ်းပြနေခြင်းမဟုတ်ဘဲ သူ့ဘေးသို့ ညွှန်ပြနေခြင်းပင်။

“ဟင်?”

လင်ဝူယွီသည် မြှောက်ထားသောလက်ကို ပြန်ချလိုက်ပြီး ဘေးကို ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူက မထိန်းလိုက်နိုင်တော့ဘဲ တစ်နှစ်တာ၏ ပထမဆုံးသော စကားလုံးရိုင်းရိုင်းတစ်ခုကို အာမေဋိတ်ထလိုက်မိသွားခဲ့လေတော့၏။

“ငလူးတဲ့မ!”

သူ့ဘေးတွင် မည်သည့်အချိန်က ရောက်လာခဲ့သည်မသိသော ကလေးတွန်းလှည်းလေးတစ်ခု။

အထိတ်လန့်သွားဆုံးအရာကတော့ တွန်းလှည်း‌ထဲ၌ သူ့လက်ဖျံအရွယ်အစားမျှပင် မရှိသည့် ကလေးသေးသေးလေးတစ်ယောက် အိပ်နေခြင်းပင်။

သူက အလျင်အမြန်ပင် ဘေးဘီဝဲယာကို ဝေ့ပတ်ကြည့်လိုက်သော်လည်း တစ်ယောက်ကိုမှ မတွေ့။

ရုံးဆင်း၊ ကျောင်းဆင်းချိန် ကျော်သွားခဲ့ပြီးဖြစ်ပြီး ညစာစားချိန်တော့ မရောက်သေးပေ။ လမ်းပေါ်၌ သွားလာနေသူ တစ်ယောက်စ၊ နှစ်ယောက်စမျှသာ ရှိသည်။ မီတာနှစ်ဆယ်အတွင်း လူမပြောနှင့်၊ ဖိနပ်လေးတစ်ရန်ပင် မရှိ။

ဤတွန်းလှည်းက သူ့နံဘေးသို့ မည်သို့မည်ပုံ ရောက်လာခဲ့လေသလဲ သူမသိလိုက်တော့ချေ။

ပတ်ပတ်လည်ကြည့်ကြည့်လိုက်တော့လည်း မေးစရာမြန်းစရာ မည်သူမှ မရှိ။

“ငါ သွားကြည့်လိုက်အုံးမယ်”

တင်းကျိက ခြေနင်းပေါ် ခြေထောက်တင်လိုက်ပြီး စက်ဘီးလက်ကိုင်ကို မကာ နောက်ဘီးဖြင့် လှေကားထစ်သုံးဆင့်ကို တန်းခုန်ဆင်းလိုက်သည်။

“အဲဒါ သူတွန်းလာတဲ့တွန်းလှည်းမဟုတ်တာ မင်းသေချာရဲ့လား”

တုန်းကြီးသည်လည်း ခုန်ဆင်းလာပြီး ထိုဘက်သို့ နင်းကာ သူ့နောက်သို့ လိုက်လာ၏။

“အခုခေတ်မှာ အဒေါ်ကြီးတွေတော်တော်များများက အဲလိုတွန်းလှည်းလေးတွေနဲ့ ဈေးဝယ်ထွက်လေ့ရှိကြ…”

“သူက အဒေါ်ကြီးလား”

တင်းကျိက ကြိမ်ရေအနည်းငယ် နင်းလိုက်တော့ လင်ဝူယွီနှင့် မီတာ ၂၀၊ ၃၀ ခန့်အကွာသို့ ရောက်လာခဲ့သည်။ သူက တီရှပ်ကို ကိုယ်ပေါ် ပြန်ဝတ်ရင် လင်ဝူယွီကို လှမ်းအော်ပြောလိုက်၏။

“အထဲမှာ ကလေးရှိလား”

လင်ဝူယွီက ခေါင်းညိတ်ပြသည်။

“ဘယ်နားက ရောက်လာတာလဲ”

တင်းကျိက ကလေးတွန်းလှည်းနားသို့ အပြေးရောက်လာပြီး အထဲ၌ ကလေးတစ်ယောက်အိပ်နေသည်ကို မြင်တော့ အလိုလိုပင် အသံကို တိုးလိုက်သည်။

“ဒီကလေးလေးက ဘယ်နှလ‌သားလောက်ရှိမလဲ”

“လပိုင်းတောင် မရှိလောက်သေးဘူး”

တုန်းကြီးက ငုံ့ကြည့်လိုက်သည်။

“ငါ့တူလေး ၃ လသားတောင် ဒီထက် နည်းနည်းပိုထွားတယ်”

“ဘယ်နားက ရောက်လာတာလဲ”

တင်းကျိက လင်ဝူယွီကို ကြည့်လိုက်၏။

“ငါမသိဘူး”

လင်ဝူယွီက ပြောလိုက်သည်။

“မင်းက တွန်းလှည်းကို ငါ့ထက်အရင် မြင်တာလေ”

တင်းကျိသည် တွန်းလှည်းထဲမှကလေးကို ခဏမျှ စူးစိုက်ကြည့်နေခဲ့ပြီးနောက် ခေါင်းပြန်မော့လိုက်သည်။

“အဲတော့ ဒါက… စွန့်ပစ်ခံရတဲ့ကလေးလား”

“ဖြစ်နိုင်တယ်”

လင်ဝူယွီက ကလေးတွန်းလှည်း၏လက်ကိုင်ကို သူ့လက်ချောင်းဖြင့် အသာတို့လိုက်သည်။

“မြန်မြန် ရဲခေါ်လိုက်”

“ဒီကလေးပုံစံကြည့်ရတာတော့ အဆင်ပြေပါတယ်”

တုန်းကြီးက ကလေးကိုခြုံပေးထားသော စောင်ကို ဂရုတစိုက် မလိုက်သည်။

“ငလူးတဲ့မ! ယောက်ျားလေးကွ။ ယောက်ျားလေးပဲလိုချင်လို့ဆိုပြီး စွန့်ပစ်လိုက်တာမျိုး မဟုတ်လောက်ဘူး”

“ကလေး နိုးမယ်! သူ ငိုသွားရင် ငါတို့ သူ့ကို ဘယ်လိုသွားချော့မလဲ။ အရင်ဆုံး ရဲခေါ်လိုက်”

တင်းကျိက ဖုန်းကို ထုတ်လိုက်သည်။

“ရဲတွေ ရောက်လာပြီး ဖြေရှင်းကြပါစေ”

“ကလေးချော့တာက ငါ့အတွက် အေးဆေး”

တုန်းကြီးက ယုံကြည်မှုအပြည့်အဝနှင့် ပြောလိုက်သော်လည်း လက်ကိုတော့ ရုတ်လိုက်သည်။

လင်ဝူယွီက ခြေလှမ်းအနည်းငယ် လျှောက်သွားကာ ပန်းအလှဆင်ထားသည့်အစွန်းပေါ်၌ ထိုင်လိုက်ပြီး တင်းကျိက ရဲခေါ်နေသည်ကို ကြည့်နေလိုက်သည်။

ရဲကို ဖုန်းဆက်အကြောင်းကြားပြီးသည့်နောက် လူလတ်ပိုင်းအမျိုးသမီးနှစ်ယောက်က အခြေအနေကို ရိပ်မိသွားခဲ့ကြပြီး အနားသို့ လျှောက်လာခဲ့ကြ၏။

“အိုး… ဒီကလေးက ဘာဖြစ်လို့လဲ”

အမျိုးသမီးကြီးတစ်ဦးက ကလေးတွန်းလှည်းထဲကို ကြည့်ပြီး ကိုယ်ကို ကိုင်းညွတ်၍ ကလေးကို ထုတ်ယူရန် လက်ဆန့်လိုက်သည်။

“ဒါ အန်တီတို့ကလေး မဟုတ်ဘူးမလား”

ကနဦးက လင်ဝူယွီသည် သူတို့က ကူညီပေးလိုသော သူများဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမျိုးသမီးကြီး၏အပြုအမူကြောင့် သူ ချက်ချင်းပင် ထရပ်လိုက်မိသည်။ ကလေးတစ်ယောက်ကို မွေးစားလိုသူတစ်ဦးက အလောတကြီးပြုမူလိမ့်မည်မဟုတ်။ အရင်ဦးစွာ အခြေအနေကို စုံစမ်းမေးမြန်းပြီး ကလေးက ကျန်းကျန်းမာမာရှိသလား စစ်ဆေးမည်ဖြစ်သည်။

“ဘာလုပ်တာလဲ”

တင်းကျိက သူ့လက်ကို တားလိုက်သည်။

“ဒါ ကျွန်တော့်ညီလေး”

“မင်းညီလေး?”

အမျိုးသမီးကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ အလျှော့ပေးလိုစိတ် လုံးဝမရှိဘဲ သူ့ကို တွန်းထုတ်မည့်ဟန်နှင့်။

“မင်းညီလေး အသက်ဘယ်လောက်ရှိလဲ ပြောပြနိုင်လား”

“၅၇ ရက်”

လင်ဝူယွီက အနားသို့ လျှောက်လာပြီး အမျိုးသမီးကြီး၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။

“နင်တို့တွေ ဒီလောက် ငယ်သေးတဲ့ကလေးကို အပြင်ခေါ်လာတာလား”

အမျိုးသမီးကြီးက လက်ကို ပြန်ဆွဲယူပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ မေးသည်။

“အန်တီနဲ့ ဘာဆိုင်လို့လဲ”

တင်းကျိက ပြန်ပြောလိုက်၏။

“နင်တို့တွေ…”

အမျိုးသမီးကြီးက ကျေနပ်သေးပုံမရ။

“နင်တို့တွေ လူကုန်ကူးတဲ့သူတွေပဲ ဖြစ်မယ်”

“ဒါဆိုလဲ ကျွန်တော် အကြံတစ်ခု ပေးမယ်”

လင်ဝူယွီက ပြောလိုက်သည်။

“မြန်မြန် ရဲခေါ်လိုက်လေ”

အမျိုးသမီးကြီးက ဆက်မပြောလာခဲ့လိုက်တော့ဘဲ သူတို့ကို ခဏမျှ စိမ်းစိမ်းဝါးဝါးကြည့်ကာ ဗလုံးဗထွေး မြည်တွန်တောက်တီးလျက် ပြန်လှည့်ထွက်သွားလေတော့၏။

“အဲလူတွေက ဘာလဲဟ”

တုန်းကြီးက ဇဝေဇဝါဖြစ်နေဟန်နှင့်။

“ကလေးသူခိုးလား။ ပုံစံက တစ်ခုခု မူမမှန်နေသလိုပဲ”

“ကလေးကို ခိုးပြီး ရောင်းစားဖို့ ကြံနေတာဖြစ်မှာပေါ့”

တင်းကျိသည် ခဏမျှ အမျိုးသမီးကြီး၏ကျောကို တင်းမာခက်ထန်စွာ စိမ်းစိမ်းဝါးဝါးကြည့်ခဲ့သည်။ သူပြန်လှည့်လိုက်တော့ လင်ဝူယွီက ပန်းအလှဆင်နေရာသို့ ပြန်သွားကာ ပြန်ထိုင်နေလေပြီ။

တုန်းကြီးက ကျွမ်းကျွမ်းကျင်ကျင်ပင် ကလေးတွန်းလှည်းကို ဘေးသို့ တွန်းလာခဲ့ပြီး နှစ်ယောက်သားက ကလေးကို ထပ် စစ်ဆေးကြပြန်သည်။ အသက်မှရှူနေလေသေးသလားဟုပင် စစ်ဆေးလိုက်ကြသေး၏။

ကလေးတွန်းလှည်းထဲ၌ ကလေး၏ မွေးနေ့ဖြစ်စေ ကလေးကို မကျွေးမွေး၊ မစောင့်ရှောက်နိုင်ကြောင်း အသနားခံထားခြင်းဖြစ်စေ မည်သည့်စာတိုလေးမှ မပါ။ စောင်သေးသေးလေးတစ်ထည်မှ လွဲ၍ နို့ဘူးလေးတစ်ဘူးပင် မပါပေ။

ဤကလေး၏မိဘတို့က အနာဂတ်၌ သူ မည်သည့်အရာတို့နှင့် ရင်ဆိုင်ရမည်ကို ဂရုမစိုက်၊ သူတို့ ဖျက်ပစ်လိုက်သော သူ့အတိတ်၏ အစိတ်အပိုင်းသေးသေးလေးကိုပင် ဂရုမစိုက်။

“အခု ဒီကလေးနိုးလာပြီး ငိုရင် လက်ချောင်းထိုးပေးပြီး ကလေးကို စုပ်ခိုင်းထားလိုက်တာပေါ့”

တင်းကျိက သက်ပြင်းချလိုက်ပြီး လင်ဝူယွီ၏ဘေး၌ ဝင်ထိုင်လိုက်သည်။

လင်ဝူယွီက ဆိတ်ဆိတ်သာ။

“ဒီကလေး ဘယ်လိုဖြစ်လာတယ်လို့ မင်းထင်လဲ”

တင်းကျိက လှည့်ပတ်ကြည့်ကာ ထပ်မေးလိုက်သည်။

“မိဘတွေ မလိုချင်လို့ စွန့်ပစ်လိုက်တာပေါ့”

လင်ဝူယွီက ပြောလိုက်သည်။

“ဘာရှိရအုံးမှာလဲ”

“ဘာလို့ မလိုချင်ရတာလဲ…”

တင်းကျိက ခဏမျှ တွေးကြည့်လိုက်သည်။

“အပြင်ဘက်ကကြည့်လို့ မမြင်ရတဲ့ ရောဂါတစ်ခုခုများ ရှိလို့လား။ ကုလို့မရနိုင်ဘူးလို့ထင်လို့… ငလူးပဲ”

“တချို့ကလေးတွေက မိဘတွေအတွက် ဒီတိုင်းပဲ မလိုအပ်တာမျိုး”

လင်ဝူယွီက ပြောလာခဲ့၏။

“နေကောင်းတာ၊ မကောင်းတာနဲ့ ဘာမှမဆိုင်ဘူး”

တင်းကျိက သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“မင်း ပြောပုံကြီးလဲ.…”

လင်ဝူယွီက သူ့ကို လျစ်လျှူရှုလျက် ခပ်ဝေးဝေးသို့သာ လှမ်းကြည့်နေလိုက်သည်။

“ဒါမှမဟု‌တ် မတော်တဆ ကိုယ်ဝန်ရသွားတာတို့ ဘာတို့ ဖြစ်မယ်”

တင်းကျိက ပြောလိုက်သည်။

“အကြောင်းပြချက်တွေ အဲလောက်အများကြီး ဘယ်နားကများ ထွက်လာလဲ”

လင်ဝူယွီက ဆို၏။

ဤစကားလုံးတို့ကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးပင် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူ့လေသံထဲ၌ တွန်းအားတစ်ခုကို ခံစားရ၏။ တင်းကျိမှာ မျက်မှောင်ကြုတ်လိုက်မိသွားခဲ့သည်။

“မင်း ဘာဖြစ်နေတာလဲ”

“ဘာမှမဖြစ်ဘူး”

လင်ဝူယွီက ပြောလိုက်သည်။

“မင်းဘက်က ကလေးမိဘတွေအကြောင်း အကြောင်းပြချက် တစ်သောင်းလောက်ပေးရင်တောင် သူ့အတွက်က အလကားပဲ”

“ငါက ဒီတိုင်း နည်းနည်းပါးပါး စိစစ်ကြည့်ရုံလေးပါ။ ရဲတွေ မရောက်သေးတော့ ထိုင်ပြီး ထွေရာလေးပါးလေးပြောတာ ဘယ်နားဘာထိခိုက်သွားလို့ မင်းက ဘာဖြစ်နေရတာလဲ”

တင်းကျိက အနည်းငယ် ဘဝင်မကျဖြစ်သွားခဲ့၏။

“ဘယ်သူက သူ့မိဘတွေအတွက် အကြောင်းပြချက်ပေးနေလို့လဲ။ တစ်သောင်းတောင် ဖြစ်ရသေးတယ်။ အဲတစ်သောင်းကို မင်း ငါ့ကို ကူရှာပေးလေ”

“မရှာဘူး”

လင်ဝူယွီက ဆို၏။

“မင်း ဗိုက်ဆာနေတာလား။ ဗိုက်ဆာရင် လူတွေ စိတ်ဆက်တတ်ကြတာလား”

တင်းကျိက ပြောလိုက်သည်။

“မင်းကို ဒီပုံစံမျိုး ပထမဆုံး မြင်ဖူးတာပဲ”

လင်ဝူယွီက တိတ်တဆိတ်သာ။ စက္ကန့်ပိုင်းမျှအကြာ၍ သူက အသိစိတ်ပြန်ကပ်သွားသည့်နှယ် သူ့ကို လှည့်ကြည့်လာခဲ့သည်။

“ဆောရီး”

“ဟမ်?”

တင်းကျိမှာ ဇဝေဇဝါ။

“ရဲတွေ ချက်ချင်းထွက်လာကြပြီလို့ ပြောတယ်မလား”

လင်ဝူယွီက မေးလိုက်သည်။

“အာ… အဲဒါက… ဒါပေါ့။ ချက်ချင်းထွက်လာပြီတဲ့”

တင်းကျိက ပြောပြီးနောက် သူ့ကို ကြည့်လာ၏။ ခဏအကြာ၌ သူက ထပ်မေးလာခဲ့သည်။

“မင်းမိဘတွေက အရင်းတွေမလား”

*

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။

အချစ်ရေးကိစ္စဆိုတာက 桃花 (táohuā) မက်မွန်ပွင့်လို့ ပြောတာ။ အဲဒါကို တင်းကျိကက မင်းက မက်မွန်ပွင့်တော့ မဟုတ်ဘူး၊ ဖရဲသီးပဲဖြစ်လိမ့်မယ်ဆိုပြီး 西瓜 (xīguā) ဖရဲသီးလို့ ထေ့ငေါ့ပြောလိုက်တာ။ အဓိပ္ပါယ်ကြီးကြီးမားမားကြီးရယ်လို့တော့ မရှိပါဘူး။ အဆုံးသတ် အသံထွက် ကာရန်လိုက်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။

Exam pressure ပိသွားပြီး နေသိပ်မကောင်းချင်ဖြစ်သွားလို့ update နောက်ကျသွားပါတယ်။ သွေ့ပုချိယား။

အဲတော့ နောက်အပတ် တွေ့ပါမယ်။

BMX Bike


__________________________


|| Zawgyi ||

အပိုင္း ၄ : ဤစကားလုံးတို႔ကို ေအးေအးေဆးေဆး၊ တည္တည္ၿငိမ္ၿငိမ္ေလးပင္ ေျပာလိုက္ျခင္းျဖစ္သည္။ တင္းက်ိမွာ မ်က္ေမွာင္ၾကဳတ္လိုက္မိသြားခဲ့သည္။ “မင္း ဘာျဖစ္ေနတာလဲ”

ထိုေန႕က တင္းက်ိသည္ ကိုယ့္ကိုယ္ကိုယ္မိတ္ဆက္ၿပီးေနာက္ ထိုလူက ယဥ္ေက်းသမႈႏွင့္ပင္ သူ႕နာမည္ကို ျပန္မိတ္မဆက္ခဲ့ေပ။ သို႔ေသာ္ ယခုေလာေလာဆယ္၌ သူလည္း ေမးခ်င္စိတ္ရွိမေန။ သို႔ႏွင့္ သူသည္ အမည္မသိက သူ႕အိတ္ကပ္ထဲမွ အကိုက္အခဲေပ်ာက္ေဆးကို ထုတ္လိုက္ၿပီး ပါးစပ္ထဲ ထည့္ကာ သူ႕ဖန္ပုလင္းကိုယူ၍ အလုတ္အနည္းငယ္ေသာက္လိုက္သည္ကိုသာ ၾကည့္ေနလိုက္သည္။

“မင္းက အစြဲမရွိဘူးပဲ”

သူက အမည္မသိ ျပန္ကမ္းေပးလာေသာ ေရဘူးကို ယူ၍ ေျပာလိုက္သည္။

“ေရဘူးေလးတစ္ဘူးေလးပဲ မဟုတ္ဘူးလား”

အမည္မသိက ပါးစပ္ကို သုတ္လိုက္သည္။

“မဟုတ္ဘူး”

တင္းက်ိက အဖုံးဖြင့္လိုက္ၿပီး တစ္ရႉးျဖင့္ ေရဘူးအဝကို သုတ္လိုက္သည္။

“ဒါက မူလလက္ေဟာင္း Nestlé Coffee-mate ဘူး။ ငါ့ထက္ေတာင္ အသက္ပိုႀကီးရင္ ႀကီးေလာက္တယ္”

အမည္မသိက စကားမဆို။

ေမာ့ၾကည့္လိုက္ေတာ့ အမည္မသိ၏အမူအရာက အနည္းငယ္ မၾကည္မ႐ႊင္ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။

“ဘာျဖစ္လို႔လဲ”

သူ ေမးလိုက္သည္။

“မင္းက ဒီေလာက္ အစြဲႀကီးေနရင္လဲ ဘာလို႔ တျခားသူကို မင္းေရဘူးကို ေသာက္ခိုင္းေသးလဲ”

အမည္မသိက ေျပာစရာစကားပင္ ေပ်ာက္ရွသြားပုံရ၏။

“မ်က္ေစ့ေရွ႕တင္ပဲေတာ့ မသုတ္ပါနဲ႕လား”

“မင္းက တကယ္ႀကီး ေသာက္လိမ့္မယ္လို႔မွ မထင္ထားတာ”

တင္းက်ိက ေျပာလိုက္သည္။

အမည္မသိက သူ႕ဘယ္လက္ကို ျဖန႔္လာ၏။

“မၾကည့္ဘူး”

တင္းက်ိက သူ႕လက္ကို ပုတ္ထုတ္လိုက္ေသာ္လည္း တစ္ခ်က္ေတာ့ ၾကည့္လိုက္မိေသးဆဲပင္။

“ေရဘူး”

အမည္မသိက ဆိုသည္။

တင္းက်ိက ခ်ီတုံခ်တဳံျဖစ္ေနမိေသာ္လည္း ေရဘူးကို ပိတ္ကာ သူ႕အား ထပ္ကမ္းေပးလိုက္၏။

အမည္မသိက အဖုံးကို လွည့္ဖြင့္၍ ေနာက္ထပ္ ႏွစ္ငုံထပ္ေသာက္လိုက္ၿပီး ပုလင္းကို သူ႕ေဘးမွ ေလွကားထစ္ေပၚ တင္လိုက္သည္။

“ငါ အသည္းကြဲေနမွန္း မင္း ဘယ္လိုသိတာလဲ ငါ့ကို ေျပာျပလို႔ရမလား”

“ဘာလို႔လဲ။ မင္း မမွန္းတတ္ဘူးလား’

တင္းက်ိက မ်က္လုံးကို ေမွးစင္း၍ ေရဘူးကို ေစြၾကည့္လိုက္သည္။

“ဒီေန႕က ရိုးရွင္းတယ္ေလ”

အမည္မသိက ေျပာလာသည္။

“ငါသာ အကုန္ခန႔္မွန္းနိုင္ေနရင္ မင္းဆီ လာေရာေနပါအုံးမလား”

“အဲေတာ့”

တင္းက်ိက မ်က္ခုံးပင့္လိုက္သည္။

“ငါက မင္းကို ဘယ္လိုတြက္ေပးရမွာလဲ။ ငါျဖင့္ မင္းနာမည္ကိုေတာင္ မသိဘဲနဲ႕”

“လင္ဝူယြီ”

အမည္မသိက ေျပာသည္။

“ဘာ?”

တင္းက်ိက ေသခ်ာမၾကားလိုက္ရ။

“လင္ဝူယြီ”

အမည္မသိက နားထင္ကို ဖိ၍ ထပ္ေျပာ၏။

“ဝူယြီ?”

တင္းက်ိက ဆိုသည္။

“တာ့ဖန္းဝူယြီ (စိတ္သေဘာထားႀကီးျမတ္သူတို႔ထံဝယ္ သိုဝွက္ထားသည့္ မေကာင္းေသာဘက္ျခမ္းဟူသည္ မရွိ) ပဲ”

လင္ဝူယြီသည္ နားထင္ေပၚဖိေနေသာ လက္တို႔ ခတၱခဏ ရပ္လိုက္မိသြားခဲ့သည္။

“ကြမ္းဖုန္းက်ိယြဲ႕” ဆိုသည္ကို ထားဦးေတာ့။ နာမည္၌ ထိုသို႔ေသာစာလုံးပါေန၍။ သို႔ေသာ္ “တာ့ဖန္းဝူယြီ” ဟူ၍ ႏႈတ္မွထြက္လာခဲ့သည္ကေတာ့ ‌ေပါ့တိေပါ့ျပက္လိမ္စားတစ္ေယာက္၏ ပုံစံႏွင့္ အေတာ္ေလးပင္ အပ္စပ္မႈမရွိလွ။

ပုံစံခြက္သြင္းျခင္းက မေကာင္းေပ။ လင္ဝူယြီသည္ သူ႕ကိုယ္သူ တစ္စကၠန႔္မွ် ျပန္ဆင္ျခင္လိုက္ၿပီးေနာက္ ေခါင္းညိတ္လိုက္သည္။

“အင္း”

တင္းက်ိက ေနာက္မွေလွကားထစ္ကို မွီလိုက္ၿပီး စကားမဆိုလာခဲ့။

လင္ဝူယြီမွာ ေခါင္းကိုက္ေနေသးဆဲပင္။ ယခုေလာေလာဆယ္၌ ေက်ာင္းသို႔ျပန္ရန္ေသာ္လည္းေကာင္း၊ အစားအေသာက္တစ္ခုခု သြားရွာရန္ေသာ္လည္းေကာင္း ခြန္အားရွိမေနလိုက္ေတာ့။

တင္းက်ိက ႐ႊီထ်န္းေပၚႏွင့္ အနည္းငယ္တူသေယာင္ရွိ၍လည္း ျဖစ္ေလာက္မည္။ သူက ခ်က္ခ်င္းႀကီး ထမထြက္သြားလိုေသး။

သို႔ႏွင့္ သူသည္ တင္းက်ိေဘးထိုင္ကာ ခပ္လွမ္းလွမ္းမွ ဘက္စကတ္ေဘာတိုင္ကို သူႏွင့္အတူ လွမ္းၾကည့္ေနလိုက္သည္။

ေစာေနေသးေလရာ ေဘာလုံးပစ္သြင္းေနေသာ ေကာင္ေလးႏွစ္ေယာက္သာ ရွိ၏။
တဒဂၤဆိတ္ၿငိမ္မႈအၿပီးဝယ္ လင္ဝူယြီဘက္မွ စကားစလိုက္သည္။

“မင္း ဒီကို မၾကာခဏလာ‌ေလ့ရွိတာလား”

“ခဏခဏလာျဖစ္တယ္”

တင္းက်ိက ျပန္ေျဖ၏။

“ငါ့အဘြားအိမ္က ဒီနားမွာေလ”

“အင္း”

လင္ဝူယြီက တုံ႕ျပန္လိုက္သည္။

“မင္းက ဖုက်ဳံးကလား”

တင္းက်ိက ေမး၏။

လင္ဝူယြီသည္ အလ်င္စလို ေခါင္းငုံ႕၍ သူ႕ကိုယ္သူ စစ္ေဆးၾကည့္လိုက္သည္။ အကၤ်ီ၊ ေဘာင္းဘီ၊ ဖိနပ္ အားလုံးက သူ႕ပုံမွန္အဝတ္အစားမ်ားပင္။ ဖုက်ဳံး၏အမွတ္သေကၤတမ်ား တစ္ခုမွ မပါ။

“အရင္တစ္ခါ မင္းနဲ႕ေတြ႕ကတည္းက ငါသိတာ”

တင္းက်ိက ၿပဳံးလ်က္ ပ်င္းေၾကာဆန႔္လိုက္သည္။

“အရင္တစ္ခါ?”

လင္ဝူယြီသည္ ခဏမွ် ျပန္လည္ေတြးေတာစဥ္းစားၾကည့္လိုက္ေသာ္လည္း သူ႕ေက်ာင္းကို ခန႔္မွန္း၍ရနိုင္ေသာ မည္သည့္အေသးစိတ္ကိုမွ ေတြးၾကည့္၍ မရနိုင္။

“ငါ့ကို လက္ျပ”

တင္းက်ိက ေျပာလိုက္သည္။

လင္ဝူယြီသည္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕ဘယ္လက္ကို သူ႕ေရွ႕ ျဖန႔္ျပလိုက္၏။

“မင္းလက္ေခ်ာင္းေတြက ေတာ္ေတာ္ရွည္တာပဲ”

တင္းက်ိက သူ႕လက္ေခ်ာင္းထိပ္ေလးမ်ားျဖင့္ သူ႕လက္ဖဝါးကို အနည္းငယ္ ပြတ္ဆြဲလိုက္သည္။

“မင္း…”

လင္ဝူယြီသည္ သူ႕လက္ညွိုးကို ေကြး၍ တင္းက်ိ၏လက္ေခ်ာင္းထိပ္ကို ဖယ္လိုက္၏။

“ဟင္?”

တင္းက်ိက လွည့္ၾကည့္လာသည္။

“ယားတယ္”

လင္ဝူယြီ ေျပာလိုက္သည္။

“အကဲပိုခ်က္”

တင္းက်ိက ေလွာင္သည့္ဟန္ ႏႈတ္ခမ္းကို တြ႕န္ခ်ိဳးလိုက္ၿပီး သူ႕လက္ေခ်ာင္းတို႔ကို ေလထဲ ရစ္ဝဲ၍သာ သူ႕လက္ဖဝါးထက္ ေနာက္ထပ္ ႀကိမ္ေရအခ်ိဳ႕ခန႔္ ပြတ္ဆြဲလိုက္၏။

“ဘာကိုၾကည့္ေနတာလဲ”

လင္ဝူယြီက စိတ္ဝင္တစားႏွင့္။

“ငါ ေတြ႕တဲ့ဟာ ၾကည့္ေနတာ”

တင္းက်ိက ျပန္ေျဖသည္။

“မင္းလဲ ေတြ႕တဲ့ဟာ ‌နားေထာင္”

“အင္း”

လင္ဝူယြီက ေခါင္းညိတ္လိုက္၏။

“မင္းမိဘေတြနဲ႕ အဆင္မေျပဘူး”

တင္းက်ိက ေျပာသည္။

လင္ဝူယြီက ဆိတ္ဆိတ္သာေန၏။

တင္းက်ိသည္လည္း သူ႕ထံမွ အေျဖျပန္ရရန္ လိုအပ္ပုံမရ။ သူ႕လက္ကိုသာ ဆက္လက္ စိုက္ၾကည့္ေနခဲ့သည္။ ခဏအၾကာ၌ သူက ေလွကားထစ္တို႔ကို ေက်ာမွီလိုက္၏။

“မင္းရဲ႕ ပထမဆယ္ႏွစ္ကေတာ့ ဘာမွအေထြအထူးႀကီးမရွိခဲ့ဘူး။ ေအးေအးေဆးေဆး၊ သာသာယာယာေလးပဲ ျဖတ္သန္းခဲ့ရတယ္”

“ဟုတ္လား”

လင္ဝူယြီက လက္ကို ျပန္႐ုတ္လိုက္ၿပီး ေခါင္းငုံ႕လိုက္၏။

“‌ေမာင္ႏွမရွိတယ္”

တင္းက်ိက ဆက္ေျပာသည္။

“အစ္ကိုျဖစ္ျဖစ္၊ အစ္မျဖစ္ျဖစ္ရွိတယ္။ ဘယ္ႏွေယာက္ရွိလဲဆိုတာေတာ့ မေျပာတတ္ဘူး”

လင္ဝူယြီသည္ သူ႕လက္ကို ငုံ႕ၾကည့္ေနေသးဆဲျဖစ္ၿပီး အဆိုပါစကားကို ၾကားလိုက္ရခ်ိန္၌ သူသည္ အနည္းငယ္ေဝခြဲမရျဖစ္လာခဲ့မိေတာ့သည္။

တင္းက်ိ၏ အေသးစိတ္အေၾကာင္းအရာတို႔ကို ရွာေဖြနိုင္စြမ္းႏွင့္ လူတို႔၏အက်င့္စရိုက္တို႔ကို နားလည္သေဘာေပါက္နိုင္စြမ္းတို႔က အေတာ္ေလးျမင့္မားလွသည္။ ယင္းမွာ သူ၏ လူတို႔ကို လိမ္စားႏွပ္စားနိုင္ေသာ စြမ္းရည္၏ အဓိကေသာ့ခ်က္ပင္။ သို႔ေသာ္လည္း သူစိမ္းတစ္ေယာက္၏ မိသားစုအေျခအေနကို ဆင္ျခင္သုံးသပ္၍ ေကာက္ခ်က္ခ်နိဳင္ပုံကေတာ့ သူ႕အတြက္ ခဏတာမွ် စဥ္းစားၾကည့္၍မရနိုင္ ျဖစ္သြားေစမိ၏။

အထူးသျဖင့္ ေမာင္ႏွမသားခ်င္းႏွင့္ ပတ္သတ္၍။

“မင္းမသိတာေတြ ေျပာျပမယ္”

တင္းက်ိက လွည့္ကာ သူ႕မ်က္ႏွာကို စိုက္ၾကည့္လိုက္သည္။

“အနာဂတ္မွာ အလွည့္အေျပာင္းတခ်ိဳ႕ ႀကဳံရလိမ့္မယ္။ ေျပာရေတာ့အခက္ေပမဲ့ စိတ္ခံစားခ်က္အပိုင္းျဖစ္လိမ့္မယ္”

“ဒီလမ္းေၾကာင္း ၃ ခုကို ၾကည့္တာလား”

လင္ဝူယြီက သူ႕လက္ဖဝါးေပၚမွ အေရးေၾကာင္းတို႔ကို ၫႊန္ျပသည္။

“အသက္ေမြးဝမ္းေၾကာင္း၊ အခ်စ္ေရး၊ ဘဝ”

“အဲဒါက အရမ္းအေျခခံက်လြန္းတယ္”

တင္းက်ိက ေခါင္းခါယမ္းသည္။

“ေနာက္ထပ္ လမ္းေၾကာင္းေတြ၊ ၿဂိဳဟ္ခုံေတြအမ်ားႀကီးရွိေသးတယ္။ တစ္ဖက္က ၾကည့္ေနရင္းနဲ႕ ေနာက္တစ္ဖက္ကလဲ ထပ္ၿပီး…”

“အဲေတာ့ ငါနဲ႕ စကားေျပာရင္း ခန႔္မွန္းလိုက္တာေပါ့”

လင္ဝူယြီက ဆိုသည္။

“...ပ်င္းစရာႀကီး”

တင္းက်ိက သေဘာတက်ရယ္၏။

“အထင္ႀကီးစရာပါပဲ”

လင္ဝူယြီက ၿပဳံးသည္။

“သင္ဖူးတာလား”

“ဘယ္နားသြားသင္ရမွာလဲ။ ဘယ္သူ႕ဆီ သြားသင္မွာလဲ။ အကုန္လုံးက အလိမ္ေတြခ်ည္းပဲ”

တင္းက်ိက အထင္ေသးရႈတ္ခ်ဟန္ လက္ခါယမ္းသည္။

“မင္းကို သင္ေပးပါမယ္လို႔ လာေျပာတဲ့သူေတြကို မယုံနဲ႕”

“အင္း”

လင္ဝူယြီက သူ႕လက္ကို ပြတ္သပ္လိုက္၏။

“မင္းမွာ အစ္ကိုရွိတာလား၊ အစ္မရွိတာလား”

တင္းက်ိက ေမးသည္။

လင္ဝူယြီက ခဏမွ် တန႔္ေနခဲ့ၿပီးမွ ေျပာလိုက္၏။

“ဘာလို႔ ညီေလးလား၊ ညီမေလးလားလို႔ မေမးတာလဲ”

“အဲပုံစံမေပါက္ေနလို႔ေလ”

တင္းက်ိက ေျပာသည္။

“ေမာင္မွမအငယ္ေတြရွိတဲ့သူေတြ အမ်ားႀကီး ငါသိတယ္။ မင္းနဲ႕မတူဘူး”

“ေဗဒင္ေဟာတာကလဲ အာ႐ုံစူးစိုက္ဖို႔လိုတဲ့ပုံပဲ”

လင္ဝူယြီက ေျပာသည္။

“ေန႕စဥ္ဘဝကို ေသခ်ာစူးစမ္းေလ့လာဖို႔လိုတယ္”

တင္းက်ိက ေမာင္ႏွမအေၾကာင္း ဆက္မေမးလိုက္ေတာ့ေပ။ လင္ဝူယြီက အသာေလး စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။ အင္မတန္ကိုမွ သဘာဝတက်ႏွင့္။ သူ႕အေနႏွင့္သာ အတည္ျပဳလိုစိတ္မရွိေနပါက စကားလမ္းေၾကာင္းေျပာင္းလိုက္မွန္းကိုပင္ သတိထားမိလိုက္မည္မဟုတ္ေခ်။

လင္ဝူယြီက ထိုအေၾကာင္း မေျပာခ်င္ပုံရသည္။ သူ႕မိဘမ်ားႏွင့္ဆက္ဆံေရးမွာလည္း သိပ္ေကာင္းလွပုံမရ။ ယင္းမွာလည္း ေမာင္ႏွမသားခ်င္းႏွင့္ ဆက္စပ္ေနဟန္ရွိသည္။ တင္းက်ိမွာလည္း သူစိမ္းတစ္ရံဆံတို႔၏အေၾကာင္းကို လိုက္စပ္စုတတ္ေသာ အက်င့္မရွိ။

လင္ဝူယြီသာ ဘာမွမျဖစ္သည့္ႏွယ္ သူ႕ေရကို ထက္ဝက္ခန႔္ ေသာက္ပစ္လိုက္ၿပီး ထြက္မသြားဘဲ ထိုင္ေနခဲ့ျခင္းေၾကာင့္သာ မဟုတ္ပါက သူသည္လည္း ဤလူႏွင့္အတူထိုင္၍ ဤအေၾကာင္းအရာမ်ားအေၾကာင္းကို စကားစပ္မိမည္မဟုတ္ပါေခ်။

“ဒီနားတစ္ဝိုက္မွာ စားစရာတစ္ခုခုရွိလား”

လင္ဝူယြီက ေမးလိုက္သည္။

“အရသာရွိတာေလးေပါ့”

“အရမ္းေတြ ယဥ္ေက်းေနစရာမလိုပါဘူး”

တင္းက်ိက တုံ႕ဆိုင္းျခင္းတစ္ခ်က္မရွိဘဲ ျပန္ေျဖလိုက္သည္။

“ငါ စားၿပီးၿပီ”

လင္ဝူယြီက ေရွ႕သို႔ၾကည့္ကာ ၿပဳံးလိုက္၏။

“ငါစားဖို႔ ဆိုင္တစ္ဆိုင္ရွာေနတာ”

“ေအာ”

တင္းက်ိကေတာ့ ရွက္သြားျခင္းမရွိ။ ခဏမွ် စဥ္းစားၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။

“ေဝးေဝးလံလံမသြားခ်င္ရင္ လမ္းဟိုဘက္ျခမ္းက “ေခြးတိုင္း သြားၾကသည္” ကိုသာသြားလိုက္”

“ေခြးတိုင္း သြားၾကသည္?”

လင္ဝူယြီမွာ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရသည္။

“မင္းကို က်ိန္ဆဲေနတာ မဟုတ္ဘူး”

တင္းက်ိက လည္ေခ်ာင္းရွင္းလိုက္၏။

“အဲဲဒါ ဆိုင္နာမည္။ ေကာဖီ၊ ပီဇာ၊ အခ်ိဳပြဲ ဘာညာရတယ္။ အရသာလဲေကာင္းတယ္”

“ေခြးတိုင္း လာၾကသည္ မဟုတ္ဘူးလား”

လင္ဝူယြီက ေမးလိုက္သည္။

“မင္းက ဒီကေနသြားမွာဆို သြားၾကသည္ မဟုတ္ဘူးလား။ အဲေတာ့ ေခြးတိုင္း သြားၾကသည္ေပါ့”

တင္းက်ိက ရွင္းျပသည္။

“မင္းက ဆိုင္ထဲထိုင္ေနမွပဲ ေခြးတိုင္း လာၾကသည္ျဖစ္မွာေပါ့”

“... အိုေက”

လင္ဝူယြီက ေခါင္းညိတ္လိုက္သည္။

“မင္း သြားစားဖူးလား”

“တစ္ခါ သြားဖူးတယ္။ အဲဆိုင္က စင္ဂယ္ေခြးေတြအတြက္ ေနရာေလ။ နံရံေပၚက‌ဓာတ္ပုံေတြက အကုန္ အဲမွာဆုံခဲ့ၾကတဲ့ အတြဲေတြ”

တင္းက်ိက သူ႕ေရွ႕သို႔ လက္ဆန႔္ထုတ္၍ လက္ေခ်ာင္းတို႔ကို ခ်ိဳးကာ တြက္သည္။

“ငါ အဲေန႕က ငါ့မွာ အခ်စ္ေရးကိစၥတစ္ခု ရွိလာလိမ့္မယ္လို႔ တြက္မိတာနဲ႕ ကံစမ္းၾကည့္တဲ့သေဘာနဲ႕ သြားလိုက္…”

သူ႕စကားပင္ မဆုံးေသးမီ လင္ဝူယြီက တစ္ဖက္သို႔ လွည့္ကာ ရယ္ေလေတာ့၏။

“မရယ္နဲ႕”

တင္းက်ိက တေလးတနက္။

“ဒါက တစ္ခါတစ္ေလ မွန္တတ္တယ္”

“မွန္လား”

လင္ဝူယြီက ၿပဳံးလ်က္ ေမးသည္။

“မမွန္ဘူး”

တင္းက်ိက မ်က္ေမွာင္ၾကဳတ္လိုက္၏။

“အဲတုန္းက တြက္တာ တစ္ပတ္အတြင္းပဲ။ အခု ၇ ရက္ ေက်ာ္သြားၿပီ။ လတစ္ဝက္ ျဖစ္မယ္ထင္တယ္”

“လတစ္ဝက္ ျပည့္ၿပီလား”

လင္ဝူယြီမွာ မရယ္မိေအာင္ ထိန္းထားရသည္။

“မနက္ျဖန္ဆို လတစ္ဝက္ျပည့္ၿပီ”

တင္းက်ိက လက္ေခ်ာင္းတို႔ကို ဆက္ခနဲ ျပန္႐ုတ္လိုက္သည္။

“ဒီလတစ္ဝက္အတြင္း မင္း စကားေျပာခဲ့ဖူးတဲ့ သူစိမ္းဆိုလို႔ ငါတစ္ေယာက္တည္းရွိတာလား”

လင္ဝူယြီက ေမးလာ၏။

“အင္း”

တင္းက်ိက သူ႕ကို ေဝ့ၾကည့္လိုက္သည္။

“မင္းလား။ အခ်စ္ေရးကိစၥ? ျဖစ္ျခင္းျဖစ္ မင္းက ဖရဲသီး*ပဲ ျဖစ္လိမ့္မယ္”

လင္ဝူယြီသည္ “ေခြးတိုင္း လာၾကသည္” ဆိုေသာဆိုင္တြင္သာ တစ္ခုခု သြားစားလိုက္ရန္ ဆုံးျဖတ္လိုက္၏။

သူသည္ ထရပ္ၿပီးေနာက္ ခဏမွ် ခ်ီတုံခ်တဳံျဖစ္ေနခဲ့ၿပီး တင္းက်ိကို မဖိတ္ခဲ့လိုက္ေတာ့ေပ။ မည္သို႔ပင္ဆိုေစ သူတို႔က မရင္းႏွီးၾက။ ၿပီးလွ်င္ တင္းက်ိက စားၿပီးၿပီျဖစ္ၿပီး ႀကိဳျငင္းထားၿပီးေလၿပီ။

“အဲက ေရခဲမုန႔္က ေတာ္ေတာ္ေကာင္းတယ္”

တင္းက်ိက ေျပာလာခဲ့သည္။

“မင္း စားရင္ စားၾကည့္ၾကည့္။ ဗနီလာအရသာ။ ခြက္အႀကီးႀကီးနဲ႕”

“အိုေက”

လင္ဝူယြီသည္ ေခါင္းညိတ္ျပလိုက္ၿပီး ေလွကားထစ္မ်ားေပၚမွ ခုန္ဆင္းကာ ထိုဘက္သို႔ ေလွ်ာက္သြားေလေတာ့၏။

သူသည္ ပန္းၿခံငယ္ေလးထဲမွ ထြက္ခါနီး၌ ေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ေတာ့ တင္းက်ိက ထိုေနရာ၌ ဆက္ထိုင္မေနလိုက္ေတာ့ဘဲ ေလွကားေပၚ၌ BMX Bike ျဖင့္ ခုန္၍ တက္လိုက္၊ ဆင္းလိုက္လုပ္ေနၾကေသာ လူအခ်ိဳ႕တို႔က ေနရာယူထားၾကေလၿပီ။

သူသည္ ဆက္ေလွ်ာက္လာခဲ့လိုက္ၿပီး ေျခလွမ္းအနည္းငယ္ လွမ္းၿပီးသည့္ေနာက္ ရပ္လိုက္သည္။ ထို႔ေနာက္ ေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ၿပီး BMX Biking ေဆာ့ေနၾကသူတို႔ကို ခဏစူးစိုက္ၾကည့္လိုက္၏။ အကၤ်ီကြၽတ္ႏွင့္တစ္ေယာက္မွာ တင္းက်ိျဖစ္ေၾကာင္း ေတြ႕လိုက္ရေတာ့ သူ အံ့အားသင့္မိသြားခဲ့သည္။ သူသည္ နဂိုဝတ္ထားေသာ တီရွပ္ကို ျဖစ္သလိုခြၽတ္ကာ ေဘာင္းဘီခါးစ၌ ခ်ိတ္ထားသည္။

အရမ္းကို စည္းမဲ့ကမ္းမဲ့နိုင္ခ်က္ပဲ။ အမ်ားပိုင္ေနရာမွာ ဒီလိုမ်ိဳး အဝတ္အစားကို ျဖစ္သလိုခြၽတ္ပစ္တာပဲလား။

လင္ဝူယြီသည္ ဖုန္းကို ထုတ္ယူ၍ ကင္မရာကိုဖြင့္ကာ ခ်ိန္လိုက္သည္။

တင္းက်ိသည္ ကြၽမ္းကြၽမ္းက်င္က်င္ ေဆာ့ေနခဲ့သည္။ အခ်ိဳ႕ေသာလႈပ္ရွားမႈတို႔မွာ အျမင့္ဆုံးေလွကားထစ္မွ ေခ်ာ္က်ေတာ့မည္ပုံ ေပၚေသာ္လည္း ေနာက္စကၠန႔္၌ သူက လွည့္ကာ နဂိုမူလပုံစံသို႔ ျပန္ေရာက္သြားသည္။

လင္ဝူယြီသည္ ဤသို႔ေသာအရာမ်ားကို အင္မတန္ႏွစ္သက္ခဲ့သည္။ အလယ္တန္းတုန္းက သူသည္ အတန္းေဖာ္အခ်ိဳ႕ႏွင့္ စကိတ္ဘုတ္စီးရသည္ကို ႏွစ္သက္ခဲ့ေသာ္လည္း ၾကာၾကာမေဆာ့ခဲ့ရေပ။ သူ႕အေမက ယင္းအရာကို အခ်ိန္ျဖဳန္းျခင္းသက္သက္သက္ျဖစ္သည္၊ စာကို အေႏွာင့္အယွက္ျဖစ္ေစသည္၊ အရာအားလုံးကို အေႏွာင့္အယွက္ျဖစ္ေစသည္၊ ထိခိုက္အနာတ ရရနိုင္ေျခပင္ရွိသည္ ဟု ေတြးသည္။
အထူးသျဖင့္ကေတာ့ လင္ဝူယြီက ေကာင္းေကာင္းလုပ္နိုင္လိမ့္မည္မဟုတ္ဟု သူက ေတြးျခင္းပင္။

“နင္က နင့္အစ္ကိုမဟုတ္ဘူး”

လင္ဝူယြီသည္ ထိုသို႔ေသာစကားလုံးတို႔ကို အာ႐ုံထဲ သိပ္မထည့္ခဲ့ေပ။ သူက အမွန္တကယ္ပင္ ဂ႐ုမစိုက္ျခင္းျဖစ္နိုင္သည္ဟု သူထင္သည္။ သူသည္ သူ႕ကိုယ္သူႏွင့္ပတ္သတ္ၿပီး သူ႕ကိုယ္ပိုင္အကဲျဖတ္မႈရွိသည္။ အက်င့္ျဖစ္သြား၍လည္း ျဖစ္နိုင္ပါ၏။ ဆိုရလွ်င္လည္း ငယ္စဥ္ေတာင္ေက်းကေလးဘဝကတည္းကစ ယခုထက္တိုင္ ထိုကဲ့သို႔ေသာစကားတို႔ကို ႀကိမ္ဖန္ေပါင္းမ်ားစြာ နားေထာင္ခဲ့ရသည္ပါပင္။

သို႔ေသာ္ျငားလည္း တစ္ခါတစ္ရံတြင္ေတာ့ ထိုစကားလုံးတို႔က အနည္းငယ္ေတာ့နာက်င္ရသည္ကိုေတာ့ ဝန္ခံပါ၏။

လူကို အလိုလိုပင္ ကိုယ့္ကိုယ္ကိုယ္သံသယဝင္လာနိုင္ေစသည္။

အထက္တန္းစတက္ရၿပီးေနာက္ပိုင္း သူသည္ ထိုသို႔ေသာလႈပ္ရွားမႈတို႔၌ ထပ္မပါခဲ့လိုက္ေတာ့ေပ။

ယခုအခိုက္အတန႔္တြင္ေတာ့ သူသည္ တင္းက်ိကိုၾကည့္ကာ ေျပးသြားၿပီး စကိတ္ဘုတ္တစ္ခု ငွား၍ ေဆာ့ပစ္လိုက္လိုစိတ္တို႔ အနည္းငယ္ျပင္းျပလာခဲ့သည္။ သို႔ေသာ္လည္း သူလုပ္လိမ့္မည္ေတာ့ မဟုတ္။

ခ်ီတုံခ်တဳံႏွင့္ ေဝခြဲမရျဖစ္ေနစဥ္တြင္ပင္ တစ္ဖက္မွတင္းက်ိက ရပ္လိုက္ၿပီး ေခါင္းေမာ့၍ သာမန္ကာလွ်ံကာပင္ သည္ဘက္သို႔ ၾကည့္လာခဲ့သည္။

သူ႕ကို ေတြ႕သြားသည္ျဖစ္မည္။ သူက သည္ဘက္သို႔ လက္ေဝ့ယမ္းျပလာခဲ့၏။

အျမင္အာ႐ုံ မဆိုးဘူးပဲ။

လင္ဝူယြီသည္လည္း လက္ေဝ့ယမ္းျပလိုက္သည္။

တင္းက်ိက ထပ္မံ၍ လက္ေဝ့ယမ္းျပလာျပန္၏။

လင္ဝူယြီကလည္း တင္းက်ိက ထူးဆန္းသည္ဟု ခံစားရလ်က္ႏွင့္ပင္ ဆက္ၿပီး တုံ႕ျပန္လိုက္သည္။

သုံးႀကိမ္ၿပီးသည့္ေနာက္တြင္ေတာ့ သူသည္ ေနာက္ဆုံး၌ တင္းက်ိ၏လက္ဟန္ကို သတိျပဳမိသြားခဲ့ေတာ့၏။ လက္ေဝ့ယမ္းျပေနျခင္းမဟုတ္ဘဲ သူ႕ေဘးသို႔ ၫႊန္ျပေနျခင္းပင္။

“ဟင္?”

လင္ဝူယြီသည္ ျမႇောက္ထားေသာလက္ကို ျပန္ခ်လိဳက္ၿပီး ေဘးကို ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သူက မထိန္းလိုက္နိုင္ေတာ့ဘဲ တစ္ႏွစ္တာ၏ ပထမဆုံးေသာ စကားလုံးရိုင္းရိုင္းတစ္ခုကို အာေမဋိတ္ထလိုက္မိသြားခဲ့ေလေတာ့၏။

“ငလူးတဲ့မ!”

သူ႕ေဘးတြင္ မည္သည့္အခ်ိန္က ေရာက္လာခဲ့သည္မသိေသာ ကေလးတြန္းလွည္းေလးတစ္ခု။

အထိတ္လန႔္သြားဆုံးအရာကေတာ့ တြန္းလွည္း‌ထဲ၌ သူ႕လက္ဖ်ံအ႐ြယ္အစားမွ်ပင္ မရွိသည့္ ကေလးေသးေသးေလးတစ္ေယာက္ အိပ္ေနျခင္းပင္။

သူက အလ်င္အျမန္ပင္ ေဘးဘီဝဲယာကို ေဝ့ပတ္ၾကည့္လိုက္ေသာ္လည္း တစ္ေယာက္ကိုမွ မေတြ႕။

႐ုံးဆင္း၊ ေက်ာင္းဆင္းခ်ိန္ ေက်ာ္သြားခဲ့ၿပီးျဖစ္ၿပီး ညစာစားခ်ိန္ေတာ့ မေရာက္ေသးေပ။ လမ္းေပၚ၌ သြားလာေနသူ တစ္ေယာက္စ၊ ႏွစ္ေယာက္စမွ်သာ ရွိသည္။ မီတာႏွစ္ဆယ္အတြင္း လူမေျပာႏွင့္၊ ဖိနပ္ေလးတစ္ရန္ပင္ မရွိ။

ဤတြန္းလွည္းက သူ႕နံေဘးသို႔ မည္သို႔မည္ပုံ ေရာက္လာခဲ့ေလသလဲ သူမသိလိုက္ေတာ့ေခ်။

ပတ္ပတ္လည္ၾကည့္ၾကည့္လိုက္ေတာ့လည္း ေမးစရာျမန္းစရာ မည္သူမွ မရွိ။

“ငါ သြားၾကည့္လိုက္အုံးမယ္”

တင္းက်ိက ေျခနင္းေပၚ ေျခေထာက္တင္လိုက္ၿပီး စက္ဘီးလက္ကိုင္ကို မကာ ေနာက္ဘီးျဖင့္ ေလွကားထစ္သုံးဆင့္ကို တန္းခုန္ဆင္းလိုက္သည္။

“အဲဒါ သူတြန္းလာတဲ့တြန္းလွည္းမဟုတ္တာ မင္းေသခ်ာရဲ႕လား”

တုန္းႀကီးသည္လည္း ခုန္ဆင္းလာၿပီး ထိုဘက္သို႔ နင္းကာ သူ႕ေနာက္သို႔ လိုက္လာ၏။

“အခုေခတ္မွာ အေဒၚႀကီးေတြေတာ္ေတာ္မ်ားမ်ားက အဲလိုတြန္းလွည္းေလးေတြနဲ႕ ေဈးဝယ္ထြက္ေလ့ရွိၾက…”

“သူက အေဒၚႀကီးလား”

တင္းက်ိက ႀကိမ္ေရအနည္းငယ္ နင္းလိုက္ေတာ့ လင္ဝူယြီႏွင့္ မီတာ ၂၀၊ ၃၀ ခန႔္အကြာသို႔ ေရာက္လာခဲ့သည္။ သူက တီရွပ္ကို ကိုယ္ေပၚ ျပန္ဝတ္ရင္ လင္ဝူယြီကို လွမ္းေအာ္ေျပာလိုက္၏။

“အထဲမွာ ကေလးရွိလား”

လင္ဝူယြီက ေခါင္းညိတ္ျပသည္။

“ဘယ္နားက ေရာက္လာတာလဲ”

တင္းက်ိက ကေလးတြန္းလွည္းနားသို႔ အေျပးေရာက္လာၿပီး အထဲ၌ ကေလးတစ္ေယာက္အိပ္ေနသည္ကို ျမင္ေတာ့ အလိုလိုပင္ အသံကို တိုးလိုက္သည္။

“ဒီကေလးေလးက ဘယ္ႏွလ‌သားေလာက္ရွိမလဲ”

“လပိုင္းေတာင္ မရွိေလာက္ေသးဘူး”

တုန္းႀကီးက ငုံ႕ၾကည့္လိုက္သည္။

“ငါ့တူေလး ၃ လသားေတာင္ ဒီထက္ နည္းနည္းပိုထြားတယ္”

“ဘယ္နားက ေရာက္လာတာလဲ”

တင္းက်ိက လင္ဝူယြီကို ၾကည့္လိုက္၏။

“ငါမသိဘူး”

လင္ဝူယြီက ေျပာလိုက္သည္။

“မင္းက တြန္းလွည္းကို ငါ့ထက္အရင္ ျမင္တာေလ”

တင္းက်ိသည္ တြန္းလွည္းထဲမွကေလးကို ခဏမွ် စူးစိုက္ၾကည့္ေနခဲ့ၿပီးေနာက္ ေခါင္းျပန္ေမာ့လိုက္သည္။

“အဲေတာ့ ဒါက… စြန႔္ပစ္ခံရတဲ့ကေလးလား”

“ျဖစ္နိုင္တယ္”

လင္ဝူယြီက ကေလးတြန္းလွည္း၏လက္ကိုင္ကို သူ႕လက္ေခ်ာင္းျဖင့္ အသာတို႔လိုက္သည္။

“ျမန္ျမန္ ရဲေခၚလိုက္”

“ဒီကေလးပုံစံၾကည့္ရတာေတာ့ အဆင္ေျပပါတယ္”

တုန္းႀကီးက ကေလးကိုၿခဳံေပးထားေသာ ေစာင္ကို ဂ႐ုတစိုက္ မလိုက္သည္။

“ငလူးတဲ့မ! ေယာက္်ားေလးကြ။ ေယာက္်ားေလးပဲလိုခ်င္လို႔ဆိုၿပီး စြန႔္ပစ္လိုက္တာမ်ိဳး မဟုတ္ေလာက္ဘူး”

“ကေလး နိုးမယ္! သူ ငိုသြားရင္ ငါတို႔ သူ႕ကို ဘယ္လိုသြားေခ်ာ့မလဲ။ အရင္ဆုံး ရဲေခၚလိုက္”

တင္းက်ိက ဖုန္းကို ထုတ္လိုက္သည္။

“ရဲေတြ ေရာက္လာၿပီး ေျဖရွင္းၾကပါေစ”

“ကေလးေခ်ာ့တာက ငါ့အတြက္ ေအးေဆး”

တုန္းႀကီးက ယုံၾကည္မႈအျပည့္အဝႏွင့္ ေျပာလိုက္ေသာ္လည္း လက္ကိုေတာ့ ႐ုတ္လိုက္သည္။

လင္ဝူယြီက ေျခလွမ္းအနည္းငယ္ ေလွ်ာက္သြားကာ ပန္းအလွဆင္ထားသည့္အစြန္းေပၚ၌ ထိုင္လိုက္ၿပီး တင္းက်ိက ရဲေခၚေနသည္ကို ၾကည့္ေနလိုက္သည္။

ရဲကို ဖုန္းဆက္အေၾကာင္းၾကားၿပီးသည့္ေနာက္ လူလတ္ပိုင္းအမ်ိဳးသမီးႏွစ္ေယာက္က အေျခအေနကို ရိပ္မိသြားခဲ့ၾကၿပီး အနားသို႔ ေလွ်ာက္လာခဲ့ၾက၏။

“အိုး… ဒီကေလးက ဘာျဖစ္လို႔လဲ”

အမ်ိဳးသမီးႀကီးတစ္ဦးက ကေလးတြန္းလွည္းထဲကို ၾကည့္ၿပီး ကိုယ္ကို ကိုင္းၫြတ္၍ ကေလးကို ထုတ္ယူရန္ လက္ဆန႔္လိုက္သည္။

“ဒါ အန္တီတို႔ကေလး မဟုတ္ဘူးမလား”

ကနဦးက လင္ဝူယြီသည္ သူတို႔က ကူညီေပးလိုေသာ သူမ်ားျဖစ္လိမ့္မည္ဟု ထင္ထားခဲ့ေသာ္လည္း အမ်ိဳးသမီးႀကီး၏အျပဳအမူေၾကာင့္ သူ ခ်က္ခ်င္းပင္ ထရပ္လိုက္မိသည္။ ကေလးတစ္ေယာက္ကို ေမြးစားလိုသူတစ္ဦးက အေလာတႀကီးျပဳမူလိမ့္မည္မဟုတ္။ အရင္ဦးစြာ အေျခအေနကို စုံစမ္းေမးျမန္းၿပီး ကေလးက က်န္းက်န္းမာမာရွိသလား စစ္ေဆးမည္ျဖစ္သည္။

“ဘာလုပ္တာလဲ”

တင္းက်ိက သူ႕လက္ကို တားလိုက္သည္။

“ဒါ ကြၽန္ေတာ့္ညီေလး”

“မင္းညီေလး?”

အမ်ိဳးသမီးႀကီးက သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။ အေလွ်ာ့ေပးလိုစိတ္ လုံးဝမရွိဘဲ သူ႕ကို တြန္းထုတ္မည့္ဟန္ႏွင့္။

“မင္းညီေလး အသက္ဘယ္ေလာက္ရွိလဲ ေျပာျပနိုင္လား”

“၅၇ ရက္”

လင္ဝူယြီက အနားသို႔ ေလွ်ာက္လာၿပီး အမ်ိဳးသမီးႀကီး၏လက္ကို တင္းတင္းဆုပ္ကိုင္လိုက္၏။

“နင္တို႔ေတြ ဒီေလာက္ ငယ္ေသးတဲ့ကေလးကို အျပင္ေခၚလာတာလား”

အမ်ိဳးသမီးႀကီးက လက္ကို ျပန္ဆြဲယူၿပီး ေနာက္သို႔ တစ္လွမ္းဆုတ္ကာ ေမးသည္။

“အန္တီနဲ႕ ဘာဆိုင္လို႔လဲ”

တင္းက်ိက ျပန္ေျပာလိုက္၏။

“နင္တို႔ေတြ…”

အမ်ိဳးသမီးႀကီးက ေက်နပ္ေသးပုံမရ။

“နင္တို႔ေတြ လူကုန္ကူးတဲ့သူေတြပဲ ျဖစ္မယ္”

“ဒါဆိုလဲ ကြၽန္ေတာ္ အႀကံတစ္ခု ေပးမယ္”

လင္ဝူယြီက ေျပာလိုက္သည္။

“ျမန္ျမန္ ရဲေခၚလိုက္ေလ”

အမ်ိဳးသမီးႀကီးက ဆက္မေျပာလာခဲ့လိုက္ေတာ့ဘဲ သူတို႔ကို ခဏမွ် စိမ္းစိမ္းဝါးဝါးၾကည့္ကာ ဗလုံးဗေထြး ျမည္တြန္ေတာက္တီးလ်က္ ျပန္လွည့္ထြက္သြားေလေတာ့၏။

“အဲလူေတြက ဘာလဲဟ”

တုန္းႀကီးက ဇေဝဇဝါျဖစ္ေနဟန္ႏွင့္။

“ကေလးသူခိုးလား။ ပုံစံက တစ္ခုခု မူမမွန္ေနသလိုပဲ”

“ကေလးကို ခိုးၿပီး ေရာင္းစားဖို႔ ႀကံေနတာျဖစ္မွာေပါ့”

တင္းက်ိသည္ ခဏမွ် အမ်ိဳးသမီးႀကီး၏ေက်ာကို တင္းမာခက္ထန္စြာ စိမ္းစိမ္းဝါးဝါးၾကည့္ခဲ့သည္။ သူျပန္လွည့္လိုက္ေတာ့ လင္ဝူယြီက ပန္းအလွဆင္ေနရာသို႔ ျပန္သြားကာ ျပန္ထိုင္ေနေလၿပီ။

တုန္းႀကီးက ကြၽမ္းကြၽမ္းက်င္က်င္ပင္ ကေလးတြန္းလွည္းကို ေဘးသို႔ တြန္းလာခဲ့ၿပီး ႏွစ္ေယာက္သားက ကေလးကို ထပ္ စစ္ေဆးၾကျပန္သည္။ အသက္မွရႉေနေလေသးသလားဟုပင္ စစ္ေဆးလိုက္ၾကေသး၏။

ကေလးတြန္းလွည္းထဲ၌ ကေလး၏ ေမြးေန႕ျဖစ္ေစ ကေလးကို မေကြၽးေမြး၊ မေစာင့္ေရွာက္နိုင္ေၾကာင္း အသနားခံထားျခင္းျဖစ္ေစ မည္သည့္စာတိုေလးမွ မပါ။ ေစာင္ေသးေသးေလးတစ္ထည္မွ လြဲ၍ နို႔ဘူးေလးတစ္ဘူးပင္ မပါေပ။

ဤကေလး၏မိဘတို႔က အနာဂတ္၌ သူ မည္သည့္အရာတို႔ႏွင့္ ရင္ဆိုင္ရမည္ကို ဂ႐ုမစိုက္၊ သူတို႔ ဖ်က္ပစ္လိုက္ေသာ သူ႕အတိတ္၏ အစိတ္အပိုင္းေသးေသးေလးကိုပင္ ဂ႐ုမစိုက္။

“အခု ဒီကေလးနိုးလာၿပီး ငိုရင္ လက္ေခ်ာင္းထိုးေပးၿပီး ကေလးကို စုပ္ခိုင္းထားလိုက္တာေပါ့”

တင္းက်ိက သက္ျပင္းခ်လိဳက္ၿပီး လင္ဝူယြီ၏ေဘး၌ ဝင္ထိုင္လိုက္သည္။

လင္ဝူယြီက ဆိတ္ဆိတ္သာ။

“ဒီကေလး ဘယ္လိုျဖစ္လာတယ္လို႔ မင္းထင္လဲ”

တင္းက်ိက လွည့္ပတ္ၾကည့္ကာ ထပ္ေမးလိုက္သည္။

“မိဘေတြ မလိုခ်င္လို႔ စြန႔္ပစ္လိုက္တာေပါ့”

လင္ဝူယြီက ေျပာလိုက္သည္။

“ဘာရွိရအုံးမွာလဲ”

“ဘာလို႔ မလိုခ်င္ရတာလဲ…”

တင္းက်ိက ခဏမွ် ေတြးၾကည့္လိုက္သည္။

“အျပင္ဘက္ကၾကည့္လို႔ မျမင္ရတဲ့ ေရာဂါတစ္ခုခုမ်ား ရွိလို႔လား။ ကုလို႔မရနိုင္ဘူးလို႔ထင္လို႔… ငလူးပဲ”

“တခ်ိဳ႕ကေလးေတြက မိဘေတြအတြက္ ဒီတိုင္းပဲ မလိုအပ္တာမ်ိဳး”

လင္ဝူယြီက ေျပာလာခဲ့၏။

“ေနေကာင္းတာ၊ မေကာင္းတာနဲ႕ ဘာမွမဆိုင္ဘူး”

တင္းက်ိက သူ႕ကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။

“မင္း ေျပာပုံႀကီးလဲ.…”

လင္ဝူယြီက သူ႕ကို လ်စ္လ်ႉရႈလ်က္ ခပ္ေဝးေဝးသို႔သာ လွမ္းၾကည့္ေနလိုက္သည္။

“ဒါမွမဟု‌တ္ မေတာ္တဆ ကိုယ္ဝန္ရသြားတာတို႔ ဘာတို႔ ျဖစ္မယ္”

တင္းက်ိက ေျပာလိုက္သည္။

“အေၾကာင္းျပခ်က္ေတြ အဲေလာက္အမ်ားႀကီး ဘယ္နားကမ်ား ထြက္လာလဲ”

လင္ဝူယြီက ဆို၏။

ဤစကားလုံးတို႔ကို ေအးေအးေဆးေဆး၊ တည္တည္ၿငိမ္ၿငိမ္ေလးပင္ ေျပာလိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ သူ႕ေလသံထဲ၌ တြန္းအားတစ္ခုကို ခံစားရ၏။ တင္းက်ိမွာ မ်က္ေမွာင္ၾကဳတ္လိုက္မိသြားခဲ့သည္။

“မင္း ဘာျဖစ္ေနတာလဲ”

“ဘာမွမျဖစ္ဘူး”

လင္ဝူယြီက ေျပာလိုက္သည္။

“မင္းဘက္က ကေလးမိဘေတြအေၾကာင္း အေၾကာင္းျပခ်က္ တစ္ေသာင္းေလာက္ေပးရင္ေတာင္ သူ႕အတြက္က အလကားပဲ”

“ငါက ဒီတိုင္း နည္းနည္းပါးပါး စိစစ္ၾကည့္႐ုံေလးပါ။ ရဲေတြ မေရာက္ေသးေတာ့ ထိုင္ၿပီး ေထြရာေလးပါးေလးေျပာတာ ဘယ္နားဘာထိခိုက္သြားလို႔ မင္းက ဘာျဖစ္ေနရတာလဲ”

တင္းက်ိက အနည္းငယ္ ဘဝင္မက်ျဖစ္သြားခဲ့၏။

“ဘယ္သူက သူ႕မိဘေတြအတြက္ အေၾကာင္းျပခ်က္ေပးေနလို႔လဲ။ တစ္ေသာင္းေတာင္ ျဖစ္ရေသးတယ္။ အဲတစ္ေသာင္းကို မင္း ငါ့ကို ကူရွာေပးေလ”

“မရွာဘူး”

လင္ဝူယြီက ဆို၏။

“မင္း ဗိုက္ဆာေနတာလား။ ဗိုက္ဆာရင္ လူေတြ စိတ္ဆက္တတ္ၾကတာလား”

တင္းက်ိက ေျပာလိုက္သည္။

“မင္းကို ဒီပုံစံမ်ိဳး ပထမဆုံး ျမင္ဖူးတာပဲ”

လင္ဝူယြီက တိတ္တဆိတ္သာ။ စကၠန႔္ပိုင္းမွ်အၾကာ၍ သူက အသိစိတ္ျပန္ကပ္သြားသည့္ႏွယ္ သူ႕ကို လွည့္ၾကည့္လာခဲ့သည္။

“ေဆာရီး”

“ဟမ္?”

တင္းက်ိမွာ ဇေဝဇဝါ။

“ရဲေတြ ခ်က္ခ်င္းထြက္လာၾကၿပီလို႔ ေျပာတယ္မလား”

လင္ဝူယြီက ေမးလိုက္သည္။

“အာ… အဲဒါက… ဒါေပါ့။ ခ်က္ခ်င္းထြက္လာၿပီတဲ့”

တင္းက်ိက ေျပာၿပီးေနာက္ သူ႕ကို ၾကည့္လာ၏။ ခဏအၾကာ၌ သူက ထပ္ေမးလာခဲ့သည္။

“မင္းမိဘေတြက အရင္းေတြမလား”

*

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္။

အခ်စ္ေရးကိစၥဆိုတာက 桃花 (táohuā) မက္မြန္ပြင့္လို႔ ေျပာတာ။ အဲဒါကို တင္းက်ိကက မင္းက မက္မြန္ပြင့္ေတာ့ မဟုတ္ဘူး၊ ဖရဲသီးပဲျဖစ္လိမ့္မယ္ဆိုၿပီး 西瓜 (xīguā) ဖရဲသီးလို႔ ေထ့ေငါ့ေျပာလိုက္တာ။ အဓိပၸါယ္ႀကီးႀကီးမားမားႀကီးရယ္လို႔ေတာ့ မရွိပါဘူး။ အဆုံးသတ္ အသံထြက္ ကာရန္လိုက္လို႔ ေျပာလိုက္တာလို႔ ထင္ပါတယ္။

Exam pressure ပိသြားၿပီး ေနသိပ္မေကာင္းခ်င္ျဖစ္သြားလို႔ update ေနာက္က်သြားပါတယ္။ ေသြ႕ပုခ်ိယား။

အဲေတာ့ ေနာက္အပတ္ ေတြ႕ပါမယ္။

BMX Bike


__________________________

Continue lendo

Você também vai gostar

2.1K 116 7
Action Romance Sci-fic Yaio
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
8.4K 104 28
⚠️this story will have a lot of trigger warnings such as, self harm, eating disorders, purging and suicidal thoughts.⚠️ Y/n Diaz is 26 years old and...