The Hunters

By Mahura_Kwann_Thite

8.1K 680 439

လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook! More

Intro
(Part 1)
(Part 2)⚠
(Part 4)⚠
(Part 5)
(Part 6)
(Part 7)

(Part 3)

702 81 95
By Mahura_Kwann_Thite

Minအိမ်တော်ကိုပြန်ရောက်သည့်အခါ ခြံထဲရှိဧည့်စားပွဲဝိုင်းတွင်Yoongiနဲ့အတူစကားပြောနေသောအမျိုးသမီးတစ်ယောက်ကြောင့်Taehyungမျက်ခုံးများတွန့်ချိုးသွားသည်။

မဲနက်သောအသားရေရှိပေမဲ့ မျက်ခုံးမျက်လုံးလှလှနဲ့မြှင့်စည်းထားတာတောင် ခြေသလုံးထိရောက်သောအနက်ရောင်ဆံနွယ်တို့ရှိသည့်သူမက Fomulits ပွဲစားတစ်ဦးဖြစ်သည်။စိိန်၊ရွှေစသည်တို့ကိုလည်းအရောင်းအဝယ်လုပ်သေး၏။

သူမကTaehyungကိုမြင်တာနဲ့လက်ပြရင်းပြုံးပြနှုတ်ဆက်လာသည်။

" Hey~ မတွေ့တာကြာတော့ပိုချောလာတာပဲMr."

" မဒမ်စိတ်ထင်လို့ပါ"

တည်ကြည်စွာတစ်ခွန်းပဲပြန်ဖြေပြီးYoongiဘေးသွားထိုင်တဲ့Jungkookအနောက်မှာရပ်နေလိုက်သည်။သူမဘက်မှာYoongiဆီကစိန်သေတ္တာတွေကိုမြင်တာနဲ့စိန်နဲ့ငွေလဲနေတယ်ဆိုတာသိလိုက်သည်။

" ဒါဆိုဒီတစ်ခါစိန်ဖြူတွေရောပါတာမလို့ကျွန်မပိုပေးခဲ့မယ်...ကျွန်မကိုသူနဲ့စကားပြောချိန်ခဏလောက်ပေးပါMinသခင်ကြီး"

" ရတယ်.....Taehyung...Lady Jameနဲ့စကားပြောလိုက်"

" ဟုတ်ကဲ့Sir."

Yoongiရဲ့ခိုင်းစေမှုကြောင့်သာလက်ခံလိုက်ရပြီးYoongiထသွားတာနဲ့ခုံမှာဝင်ထိုင်လိုက်သည်။Jungkookကလည်းYoongiထသွားတာနဲ့တပြိုင်နက်ငါးဖန်လုံးကိုပွေ့ပြီး နောက်ကနေခွေးပေါက်ကလေးလိုလှစ်ခနဲပြေးလိုက်သွား၏။

" သခင်ကြီး! သခင်ကြီး!"

ခေါ်သံကြောင့်နောက်ကိုလှည့်ကြည့်လိုက်တော့ပါးပြင်ပေါ်နွေးခနဲကျရောက်လာတဲ့အနမ်းတစ်ပွင့်။ဒါကြောင့်မျက်မှောင်ကျုံ့စိုက်ကြည့်တာကိုထိုကောင်လေးကမည်သို့ပင်တွေးလို့လဲမသိ ပါးတွေရဲတက်သွားသည်။

" ထပ်ဝယ်ပေးလို့ကျေးဇူးတင်ပါတယ်"

" အင်း"

" ခဏနေပါဦး"

လှည့်ထွက်မယ်ပြင်တော့လက်ဖဝါးကိုဆုပ်ကိုင်ရင်းတားတဲ့ကောင်​လေးကတစ်ဖက်မှာငါးဖန်လုံးကြီးကိုတပွေ့ပွေ့နဲ့ကြာတော့Yoongiမျက်စိရှုပ်လာသည်။

" ဘယ်သွားမလို့လဲသခင်ကြီး ကျွန်တော်လည်းလိုက်မယ်"

" သေမှာမကြောက်ရင်လိုက်ခဲ့"

" ဟင်!"

" အဟက်!"

အမြင်ကပ်မှုပုဒ်မနဲ့တမင်ပြောတော့ မျက်လုံးလေးတွေဝိုင်းစက်ကာလန့်သွားခြင်းကြောင့်ဟက်ခနဲရယ်ချလိုက်သည်။ထို့နောက် ဆုပ်ကိုင်ထားတဲ့ထို​ကောင်လေးလက်ကိုဆွဲရင်းကျောပေးလျက်ပြောလိုက်သည်။

" စိန်ဖြူ Fomulits ဆီ"

" ဪ~"

တိုးညှင်းတဲ့အသံကြောင့်လှည့်ကြည့်တော့ငြိုးကျသွားသည့်သူ့မျက်နှာ။ဒါပေမဲ့Yoongiဒါတွေကိုဂရုမစိုက်ပဲJungkookလက်ကိုဆွဲပြီး သံလုံးခန်းဆီသွားသည်။

အခွင့်ရေးသမားလေးကYoogiလက်မောင်းကိုဖက်တွယ်ပြီးလိုက်လာတော့တာ။

ဂျိမ်းခနဲပွင့်လာတဲ့သံတံခါးကြီးကြောင့်Jiminမျက်လုံးတွေကိုအားယူဖွင့်လိုက်သည်။အလှလေးတစ်ဖက်နဲ့ရောက်လာသည့်ထိုလူကမနေ့ကတင်ခန္ဓာကိုယ်ရှိအရာမှန်သမျှကိုထုတ်ယူသွားသူမှဟုတ်ရဲ့လား။

" ဒီမှာမြင်လားBaby"

"............."

" လိမ္မာတဲ့သူကကိုယ့်ဘေးမှာရှိနိုင်ပြီးအကောင်းစားတွေချည်းရစေရမယ်။မင်းသာလိမ္မာမယ်ဆိုလွတ်နေတဲ့ဟောဒီနေရာကBabyအတွက်ပဲ။"

လွတ်နေတဲ့လက်မောင်းတစ်ဖက်ကိုပုတ်ပြရင်းပြောတော့ခနဲ့သည့်ရယ်သံနဲ့အတူလက်ခလယ်ထောင်ပြလာသည့်အဆိုးလေပင်။

ဒါပေမဲ့သူကရယ်သည်။ချိတ်တွဲထားသောလက်ကိုဖြုတ်ပြီးအနားတိုးကပ်လာ၍နောက်စေ့ရှိဆံပင်တွေကိုဆောင့်ဆွဲလိုက်တာမို့အငြိုးတေးများဖြင့်မျက်ဝန်းတစ်စုံကလှောင်ရယ်သည့်အကြည့်တွေနှင့်ဆုံသည်။

" Park Jimin....မင်းကတွေ့ဖူးသမျှထဲမှာအဆိုးဆုံးFomulitsပဲ။ဒါပေမဲ့သဘောကျတာလေးတော့ရှိတယ်။အသားနာအောက်ရိုက်နှက်တိုင်းမျက်ရည်တစ်ပေါက်မကျပေမဲ့Fuckရင်တော့သေလောက်အောင်ငိုတာ။"

ထိုစကားကြောင့်Jiminမျက်သားတွေရဲတက်လာကာ Markingအပြည့်နဲ့အရင်အုံကဒေါသကြောင့်ပိန်လိုက်ဖောင်းလိုက်ဖြစ်လာသည်။

"ဒေါသထွက်နေပုံကအစကိုယ့်ကိုလှုံ့ဆော်နိုင်တာပဲ"

" သွားသေလိုက် Mother Fucker!"

" ဒီနေ့အတွက်စဥ်းစားထားလိုက်ပါဦး...ဘေးမှာအလိမ္မာတုံးလေးအဖြစ်နေမယ်ဆိုရင်တော့မင်းassလေးကိုထိန်းသိမ်းရာရောက်တာပေါ့။ ....သွားမယ်Jungkook"

" ကျွန်တော်သူ့ကိုပြောကြည့်ချင်သေးတယ်"

Yoongiမျက်ခုံးပင့်လိုက်သည်။

" သူ့ကိုသခင်ကြီးပုံသွင်းသမျှရအောင်ချော့ပြောပေးမယ်လို့"

" မဆိုးဘူးအားကိုးရသားပဲ...အောင်မြင်ရင်မင်းလိုချင်တာအကုန်ရစေရမယ်"

ရွှေဝါရောင်ခေါင်းလေးကိုပုတ်ပြီးလက်အနောက်ပစ်ကာထွက်သွားတဲ့Yoongi။သို့ပေမဲ့ Yoongiထွက်သွားတာနဲ့ဒေါနရောင်မျက်ဝန်းလေးတွေကအဓိပ္ပါယ်ဖော်မရနိုင်အောင်နက်နဲလွန်းသွားသည်။

သို့ဖြစ်၍ သံလုံးခန်းရှေ့ကအစောင့်တွေဆီသွားပြီးငါးဖန်လုံးကိုခဏပေးခဲ့လျက် သံကြိုးခပ်ထားသည့်သော့ကိုတောင်းသည်။

မသင်္ကါသလိုကြည့်တော့'သခင်ကြီးကိုပြောပြီးသား'ဟုဆိုတာကြောင့်ပေးလိုက်ရ၏။ ဒါမှအထဲကိုပြန်လာပြီးJiminကိုခပ်ထားတဲ့သံကြိုးသော့တွေအားဖြည်ပေးရင်းပြောသည်။

" ဒီကနေအဝေးကိုထွက်သွား...သခင်ကြီးကမင်းကိုအရေးပေးနေမယ့်မြင်ကွင်းမျိုးငါမကြည့်ချင်ဘူး။သခင်ကြီးကိုငါတစ်ယောက်တည်းပဲပိုင်တယ်။"

ချောက်!

သံကြိုးတွေပြေတာနှင့်Jiminခွေခနဲလဲကျသွားသည်။သို့သော် အားယူကာထရပ်လိုက်၏။

" မင်းရဲ့လူစိတ်မရှိတဲ့ကောင်ကိုဥစ္စာခြောက်မနေနဲ့...အဝေးဆုံးကိုငါပြေးမှာ"

" ငါ့အင်္ကျီကိုဝတ်သွား"

အဝတ်ဗလာနဲ့Jiminအား Jungkookသူ့ရဲ့ခရမ်းရောင်ဆွယ်တာရှည်ကိုချွတ်ပေးလိုက်သည်။ အထဲမှာအဖြူရောင်Teeရှိတာကြောင့်ကိစ္စမရှိ။Jiminဝတ်လိုက်တော့ဆွယ်တာကပေါင်လယ်ထိဖုံးသွားသည်။

ဤသို့နှယ်ကိစ္စအဝဝအဆုံး သံလုံးခန်းရဲ့အောက်ခြေမှာလေဝင်လေထွက်ပေါက်လုပ်ထားတဲ့သံဇကာခွေးတိုးပေါက်လေးတစ်ခုရှိသည်။ဒါက အိမ်တံတိုင်းနဲ့ကပ်လျက်မို့ ထွက်လိုက်သည့်အခါအိမ်ရဲ့ချောင်ကျကျနေရာဖြစ်ပြီးအစောင့်လည်းမရှိတဲ့အတွက်Jungkookရဲ့လမ်းညွှန်ပေးမှုအရJiminထွက်သွားနိုင်ခဲ့သည်။

အုတ်တံတိုင်းကိုကျော်တက်ဖို့ရာခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေပေမဲ့လွတ်မြောက်မှဖြစ်မည်မို့ကြိုးစားတက်သည်။လမ်းတစ်ဖက်သို့ရောက်တာနဲ့ရှိတဲ့အားလေးနှင့် ခြေကုန်သုတ်ပြေးတော့သည်။

ဒီတော့Jungkookလည်းဘာမှမဖြစ်သလိုနေရင်းအစောင့်တွေဆီကသူ့ငါးကိုပြန်ယူကာထွက်လာခဲ့သည်။ သို့ပေသော်ထိုဟာလေးကသူ့ရဲ့ခေါင်းသေးသေးလေးနဲ့တွေးနိုင်သလောက်ရေတိုကိုပဲကြည့်ခဲ့သည်။

Jiminပျောက်သွားမှန်းသာYoongiသိပါကထိုဟာလေးကိုနတ်ဘုရားတောင်ဆင်းကယ်နိုင်မည်မဟုတ်ပါလေ။

________

Lady Jameနဲ့စကားပြောပြီးနောက်သူမပြန်သွားတာနဲ့တခြား bodyguardsတွေကိုသခင်လေးဘယ်မှာရှိလဲမေးပြီးလိုက်လာခဲ့တော့...အနောက်ဘက်ခြံဝန်းရှိသစ်အိုပင်ကြီးအောက်ထိုင်ကာဖုန်းကိုသည်းကြီးမည်းကြီးကြည့်နေသည်။ အနှောင့်ယှက်ဖြစ်မည်စိုးသဖြင့်ဘေးမှာတိတ်တိတ်လေးသွားရပ်တော့မော့မကြည့်ပဲခေါ် လာသည်။

" Taehyunggie"

" ဟုတ်ကဲ့ပြောပါသခင်လေး"

" ကျွန်တော့်ကိုတစ်ချက်လောက်လာရွေးပေးဦး"

မော့မကြည့်ပဲလက်ယက်ခေါ်တာကြောင့်ဘေးကိုတိုးကပ်ရင်းငုံ့ကြည့်လိုက်တော့ခွေးအမျိုးစားစုံလင်စွာပင်။

" ထိုင်ပါ ကိုက်မစားပါဘူး"

လက်ကောက်ဝတ်မှဆွဲချတဲ့အတွက်မဖြစ်မနေထိုင်လိုက်ရသည်။ဒါတောင်စည်းစောင့်ပြီးအနားကိုမကပ်တာ ဖြူစင်လွန်းတဲ့သခင်လေးကဒီကျွန့်ရဲ့စိတ်ကိုစမ်းသပ်နေသကဲ့သို့အနားကိုအတင်းတိုးကပ်ပြီးဖုန်းလာပြသည်။

ဘာတွေတတွတ်တွတ်ပြောနေမှန်းမသိတဲ့နှုတ်ခမ်းစိုစိုလေးဆီပဲအကြည့်ရောက်နေမိသည်။ ဆောင်းဦးလေပြေရဲ့တိုးတိုက်သံနဲ့အတူသစ်အိုပင်ကြီး၏သစ်ရွက်ခြောက်တိုက်သံများက သခင်လေးဆီမှသစ်မွှေးရနံ့ရေမွှေးလေးကိုအတူခေါ်ပြီးဆော့ကစားကြသည်။

" ဘယ်အကောင်မွေးရမှာလဲလို့!! Taehyunggie!"

" ဗျာ"

" ဒီထဲကကြောင်အကိုက်ချင်ဆုံးခွေးကိုရွေးပေး"

" ခွေးကတော့ဘယ်ခွေးမဆို ကြောင်မြင်ရင်ကိုက်မှာပါသခင်လေး"

" ဟုတ်လား ဒါဆိုအကြီးဆုံးအကောင်ရွေးဝယ်ရမယ်...ဒါမှဟိုကြောင်စုတ် Lufiကိုပညာပေးလို့ရမှာ အဟင်းဟင်း"

လူယုတ်မာသံလေးနဲ့ရယ်တော့Taehyungပါအတူလိုက်ရယ်မိသည်။

" ဒါနဲ့Taehyunggieကို Dateလွန်ချောကလက်မလာခေါ်ပြန်ပြီလား"

Jungkookမေးတော့Taehyungသက်ပြင်းချသည်။ Dateလွန်ချောကလက်မဆိုတာLady Jameကိုပြောတာဖြစ်ပြီးJungkookကသူမကိုဆိုအတော်လေးကြည့်မရသည်ပင်။

မည်သို့ဆိုLady Jameက Taehyungရဲ့ EX ဖြစ်ပြီး Yoongiဆီအလုပ်မဝင်ခင်ကသူမဆီခဏတာအလုပ်လုပ်ဖူးသည်။ဒီကတစ်ဆင့်လပိုင်းလောက်ပဲတွဲခဲ့ဖူးတာဖြစ်၏။အကြောင်းရင်းတိကျစွာမရှိပါပဲTaehyungဘက်ကသူမအပေါ်တိကျတဲ့အချစ်မျိုးမပေးနိုင်တော့တာကြောင့်လမ်းခွဲခဲ့တာဖြစ်သည်။

ဒါကိုမပြီးနိုင်မပြတ်နိုင်ပဲYoongiဆီကTaehyungကိုပြန်ခေါ်ပေမဲ့Taehyungကိုယ်တိုင်ကအလုပ်မပြောင်းတာရော၊အရည်ချင်းရှိပြီးစိတ်ချရတဲ့TaehyungကိုYoongiကလက်မလွှတ်တာဖြစ်သည်။

Jungkookအမြင်ကပ်ရခြင်းရဲ့အဓိက အချက်ကတော့သူ့ရဲ့Taehyunggieကိုအတင်းတွယ်ကပ်နေလို့တဲ့လေ။

ဒါကိုသိတဲ့အတွက်စိတ်ချစေရန်ပြောလိုက်သည်။

" စိတ်ချပါသခင်လေး ကျွန်တော်လိုက်မသွားပါဘူး"

" Taehyunggie သွားချင်သွားပါ...ကျွန်တော်ကဆွဲထားတာမဟုတ်ပါဘူး။အဲဒီDateလွန်မကြီးအစားတခြားမိန်းမလှလေးကအလုပ်လာအပ်ရင်ကျွန်တော်ကိုယ်တိုင်ထည့်ပေးလိုက်မှာ...ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းကိုတွေ့ကရမိန်းမနဲ့အဖြစ်မခံနိုင်လို့လိုက်မသွားစေချင်တာ။"

" အကောင်းဆုံးသူငယ်ချင်း? ကျွန်တော်ကလား"

" ဟုတ်တယ် Taehyunggieကကျွန်တော့်အတွက်တစ်ဦးတည်းသော အကောင်းဆုံးသူငယ်ချင်းပဲ ဟီးဟီး!"

လက်မလေးထောင်ပြ ပြီးမျက်ဝန်းလေးတွေကွေးညွတ်သည်အထိပြုံးရယ်တဲ့အခါ စိတ်မပါသောအပြုံးဖြင့်တုန့်ပြန်လိုက်သည်။

သခင်လေးရဲ့ဘဝမှာကျွန်တော့်အတွက်နေရာတစ်ခုပေးထားရင်ကိုကျေနပ်ပါပြီ!

ထိုသို့ဖြင့်ရှေ့မှ သူ့ရဲ့ခွေးမွေးမည့်အစီစဥ်ကိုဆက်ပြောလာတဲ့သခင်လေးရဲ့စကားတွေကိုနားထောင်ရင်း အိမ်တော်အတွင်းမှခြေလှမ်းကျဲများဖြင့်ထွက်လာသည့်Sir.ကိုတွေ့တာကြောင့်မတ်တပ်အမြန်ရပ်လိုက်သည်။

လက်ထဲမှာကြာပွတ်ကိုဆွဲကိုင်လာပြီးဖြူဖွေးသည့်အသားရေကနီစက်စက်ဖြစ်နေ၏။

"Min Jungkook!!"

" ဟင် သခင်ကြီး"

ခေါ်သံကြောင့်မော့ကြည့်တော့အံတင်းတင်းကြိတ်လျက်လက်မောင်းကခပ်ကြမ်းကြမ်းဆွဲထူလာသည့်မို့ဖုန်းတောင်ခွပ်ခနဲလွတ်ကျသည်။

" မင်းလုပ်လိုက်တဲ့အပြစ်ကသိပ်ကြီးသွားပြီJungkook"

စူးရဲသောမျက်ဝန်းများဖြင့်စိုက်ကြည့်ရင်းပြောသော်Jungkookပါးစပ်လေးအနည်းငယ်ဟသွားသည်။

နောက်ကြောင်းကိုပြန်ရလျှင် Jungkook, Jiminအားမည်သို့တိုက်တွန်းပြောဆိုနေမည်ကိုသိချင်သဖြင့်သွားခဲ့ရာ...အကျဥ်းသားမရှိတဲ့သံလုံးခန်းနဲ့ပြေခွေနေသည့်သံကြိုးများကဆီးကြိုသည်။ဒီအတွက်အပြစ်သားကထိုက်သင့်တဲ့ပြစ်ဒဏ်ကိုမုချခံရပေမည်။

" ကျွန်တော်ဘာလုပ်မိလို့လဲ"

" ငါ့ကိုတောင်လိမ်ရဲလာပြီပဲ...အေး...မင်းပါးစပ်ကဝန်ခံလာတဲ့အထိစစ်ဆေးတာပေါ့"

ရွှမ်း!!

"အားး!"

"Sir."

" မင်းဝင်မပါနဲ့Kim Taehyung"

ကြာပွတ်နဲ့ရိုက်လိုက်တော့ခွေခနဲလဲကျသွားသည့်ကိုယ်လေးကြောင့်အကြောင်းရင်းမသိပါပဲဘက်လိုက်ချင်တဲ့စိတ်ကြောင့်ဝင်တားပေမဲ့ပြန်ရတာဟာSirရဲ့အမိန့်သံသာ။

ရွမ်း!! ရွှမ်း!!

"အား! သခင်ကြီး!!"

" ဘာအပြစ်လုပ်ထားလဲပြောစမ်း!!"

ရွှမ်း!!

" အား! မှားပါတယ်! ကျွန်တော်မှားမှန်းသိပါပြီ...အီးးဟီးး~"

"တောင်းပန်သံမကြားချင်ဘူး မင်းဘာအပြစ်လုပ်ထားသလဲပဲသိချင်တယ်..ပြော! မင်းလုပ်ထားတဲ့အပြစ်ကဘာလဲJungkook!"

ရွှမ်း!!

" အား!! အဟင့်!"

ဒေါသကြီးလွန်းသူကအသားနုနုဆီမှသွေးထွက်သည်အထိရိုက်နှက်သည်။ခေါင်းမာသူသာလည်းသူဘယ်လောက်ပင်ကြောက်နေပါစေ၊ဘယ်လောက်ပင်နာကျင်နေပါစေသူ့အပြစ်သူဝန်မခံ။

ဒါဆိုကျွန်တော်ကရော...​ကျွန်တော်ကတော့သခင်ညှင်းစဲနေသည့်အဖိုးတန်ဖြစ်တည်မှုကိုမကြည့်ရက်နိုင်၍မျက်နှာလွှဲကာ လက်သီးဆုပ်များကိုကျောနောက်တွင်ဖွက်ထားမိသည်။

ဘာတတ်နိုင်မှာလဲ...သခင့်အဖိုးတန်ခိုးဖို့ရန်မကြံဝံ့တာမို့...ဆိုးသည့်ရန်ပယ်သည့်သဘောနှင့်ကျွန်တော်ဆိုတာသခင်စေတိုင်းခယမယ့်တပည့်သာသာပါပဲ။

" တောက်!! မိုက်မဲလိုက်တာ"

ရိုက်နှက်ခြင်းကိုရပ်တန့်လိုက်သည်က မေ့မြောသွားတဲ့သူလေးကြောင့်။

" သူ့ကိုခေါ်သွားTaehyung...ဆရာဝန်ခေါ်ပြပြီးသေချာကုထား။သူ့အပြစ်ကဒီလောက်နဲ့မကြေသေးဘူး။"

" ဟုတ်ကဲ့Sir"

ခွင့်ရသည်နဲ့ကိုယ်လေးကိုထွေးပွေ့လာသည်။ဒီပုံစံမျိုးကိုအကြိမ်ကြိမ်မြင်တွေ့ဖူးပေမဲ့အခုအချိန်ထိအသားမကျသေးပဲပထမအကြိမ်ကလိုရင်ထဲတဆစ်ဆစ်နာတုန်းပင်။

Taehyungတို့ထွက်သွားတာနဲ့Yoongi သူ့ပိုင်နက်မှာရှိသမျှသူတွေနဲ့ဆက်သွယ်ပြီးJiminကိုတွေ့အောင်ရှာခိုင်းသည်။သူကိုယ်တိုင်ရှာစရာမလိုသေးတဲ့အခြေနေမို့ခေတ္တစောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။မည်သို့ဆို ဒီသခင်ရဲ့အင်ပါယာနဲ့ယှဥ်ရင်စိန်ဖြူလေးက အမှုန်အမွှားမို့ပြန်တွေ့ရန်လွယ်ပါသည်။

__________

ညနေလို့လည်းမဆိုသာ ညလို့လည်းမဆိုသာသည့်အချိန်ရောက်လာလေပြီ။ ဆရာဝန်ခေါ်ပြတော့ ကိုယ်မှာရှိတဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးပြီးအနာရှိန်နဲ့အဖျားဝင်နိုင်တာမို့သတိရလျှင်တိုက်ဖို့ဆေးပါပေးသွားသည်။

အခုထိ Taehyungညနေစာမစားနိုင်ပဲJungkookဘေးမှာထိုင်စောင့်ပေးသည်။Jungkookအရိုက်ခံရတိုင်းထမင်းမေ့ဟင်းမေ့ဖြစ်တတ်တဲ့Taehyungကြောင့်လုပ်ဖော်ကိုင်ဖက်bodyguardsများက ထမင်းပို့ပေးထားသော်ငြားတစ်ဇွန်းမှတောင်တို့မကြည့်။

လက်သည်းလေးတွေရှည်လာပြီကိုမညှပ်ပဲပေတေနေတဲ့အညစ်ပတ်လေးကြောင့် ကလေးလက်သည်းညှပ်သေးသေးလေးဖြင့်လက်ချောင်းလေးများကိုယုယစွာကိုင်တွယ်ရင်းညှပ်ပေးနေရသည်။မည်သို့ဆိုလူကြီးလက်သည်းညှပ်ကကြီးတာဖြစ်လို့လက်ချောင်းလေးတွေကိုညှပ်မိသွားမှစိုးတဲ့အတွက်ပင်။

ထိုစဥ် အင်းအဲလုပ်ပြီးသတိရလာတဲ့အတွက်လက်သည်းညှပ်ကိုချကာ နဖူးပေါ်ဝဲကျနေတဲ့ရွှေဝါရောင်ဆံပင်လေးတွေကိုသပ်တင်ပေးရင်းခေါ်လိုက်သည်။

" သခင်လေး~"

" ရေ~...ရေ~"

တိုးညှင်းသည့်အသံလေးကြောင့်Taehyungအမြန်ထကာ ထပ်ဆင့်စင်ပေါ်ကအသင့်ထားထားသည့် ဂွမ်းစသန့်သန့်ကလေးကိုရေခွက်ထဲနှစ်လိုက်ပြီးနှုတ်ခမ်းလေးပေါ်မှာညှစ်ချပေးသည်။

ဘယ်လောက်တောင်မောပန်းပြီးနာကျင်နေလိုက်မလဲ!

" နေရတာမသက်သာတာမျိုးရှိလားသခင်လေး...ကျွန်တော်ဆရာဝန်ထပ်ခေါ်လိုက်မယ်"

ခေါင်းလေးယမ်းပြသည် ပြီးတဲ့နောက်ခပ်တိုးတိုးဖြင့်အားအင်လျော့နည်းစွာပြောလာ၏။

" ကျောက...နာတယ်Taehyunggie...ကျွန်တော်...ဆက်မအိပ်နိုင်ဘူး"

" မငိုပါနဲ့သခင်လေးရယ် မနာပဲအိပ်လို့ရအောင်ပြင်ပေးမယ်နော်....မငိုနဲ့တော့"

မျက်ဝန်းထောင့်ကစီးကျလာသည့်မျက်ရည်များကိုလက်မနဲ့ဖွဖွသုတ်ပေးရင်း ကိုယ်လေးကိုထူပေးလိုက်သည်။ ​ကျောပြင်ကဒဏ်ရာတွေကြောင့်အိပ်ရတာအခက်ခဲရှိသည်ထင်တာမို့ဘေးတစောင်းပြောင်းပေးရန်လုပ်ပေမဲ့လက်မောင်းတွေမှာလည်းအရှိုးရာချည်းဆိုတာမေ့သွားသည်။

Taehyungကိုယ်တိုင်လဲပေးထားတဲ့အစိမ်းရောင်အမွှေးပွအနွေးထည်နှင့်အနက်ရောင်ပိုးသားဘောင်းဘီလေးကနူးညံ့တာမို့အရှိုးရာတွေကိုမရှပဲ ဖိအိပ်လိုက်မှနာတာဖြစ်သည်။

ဘယ်လိုမှလှဲသိပ်ပေးရန်အဆင်မပြေတာမို့သက်ပြင်းချ၍သဘောထားကိုမေးလိုက်သည်။

" ကျွန်တော့်အပေါ်မှီအိပ်မလားသခင်လေး...ဒါဆိုကျောနဲ့အိပ်ရာမထိတာမလို့မနာတော့ဘူး။ သခင်လေးအဆင်ပြေမှပါ။"

" အိပ်မယ်.....ပင်ပန်းနေပြီTaehyunggie"

ပင်ပန်းနေပြီတဲ့...အမှန်ပဲသခင်လေး...Sir.ကိုချစ်ရလို့သခင်လေးပင်ပန်းလွန်းနေပါပြီ!

သို့ဖြစ်၍ Taehyungအိပ်ရာပေါ်တက်ပြီးခပ်လျှောလျှောထိုင်လိုက်သည်။ Jungkookကိုကျောပေးလျက်နေခိုင်းပြီးရင်ခွင်မှာမှီခိုင်းထား၏။

အားပျက်နေတဲ့ကိုယ်လေးက နဲ့နဲ့ကလေးနှင့်မှီငြိမ်းသည့်အခါ တားမြစ်ထားသောရင်ခုန်သံကပြစ်မှုမြောက်စွာလှုပ်ခက်သည်။

ခပ်တောင့်တောင့်အနေထားနဲ့ပဲသူမှီခိုဖို့ရင်ခွင်ပေးထားခြင်းဖြစ်သည်။မည်သည့်အသားယူခြင်းမှမရှိသလိုသူ၏ခန္ဓာကိုယ်လေးကိုလည်းထိကိုင်ဖို့စိတ်နဲ့တောင်မပြစ်မှားရက်ပါချေ။

" ဘာစားမလဲသခင်လေး ဆေးသောက်ဖို့အတွက်တစ်ခုခုစားမှဖြစ်မယ်"

" ဟင့်အင်း~"

" ပြောင်းဖူးထောပတ်နှယ်စားမလားကျွန်တော် ခွံ့ကျွေးမယ်လေ"

" ကျွန်တော်ပင်ပန်းနေပြီမလို့တိတ်တိတ်ဆိတ်ဆိတ်နေပေးပါTaehyunggie...ခန္ဓာကိုယ်ကမဟုတ်ပဲ...ဒီထဲကအရမ်းနာတာမို့..."

ရင်ဘက်ကိုလက်ညိုးလေးနဲ့ထောက်ပြီးပြောလာသည်။သခင်လေးရဲ့ ပါးဖောင်းဖောင်းလေးနဲ့ထိကပ်ထားတဲ့ကျွန်တော့်ရင်ထဲကလည်းသိပ်နာတာပဲလို့ပြောလိုက်ချင်ပေမဲ့မြိုသိပ်ထားရဆဲပါ။

" ကျွန်တော့်မှာလိုအပ်ချက်များရှိလို့လားဟင်"

".............."

" သဘောမကျစရာစရိုက်ဆိုးတွေရှိလို့လား..."

"............"

" ကျွန်တော်လိုချင်တာသခင်ကြီးရဲ့ယုယမှုလေးတစ်ခုပါပဲ။ဒါတောင်...ဘယ်လောက်ကြိုးစားကြိုးစားအခုချိန်ထိရမလာသေးတာဘာကြောင့်လဲTaehyunggie"

" သခင်လေးဖြစ်နေလို့ပါ"

ရက်စက်တဲ့စကားပြောမိပြီလားဆိုတာပြန်မစမ်းစစ်ချင်ဘူး။ခပ်နက်နက်ထိုးစိုက်လိုက်တဲ့ဓားကသူလေး၏ရင်ကိုအစိမ်းလိုက်ဝင်ရောက်သွားသည်ထင်...နာကျင်စွာရယ်သံတိုးတိုးဟာ အိမ်ရှေ့လမ်းမှဆူညံသောကားသံတို့ကြားရောနှောထွက်ပေါ်လာသည်။

အင်္ကျီစကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်းမျက်ရည်တွေကိုဖြုန်းတီးပစ်နေတာမလုပ်သင့်တဲ့အပြစ်တစ်ခုလို့ကျွန်တော်သတ်မှတ်ရင် သူလေးကတော့Sir.မှလွဲ၍တခြားတစ်ယောက်ကိုချစ်ခြင်းကမလုပ်သင့်တဲ့အမှားဟုသတ်မှတ်ထားသည်။

အသိစိတ်ကဒီမျက်ရည်တွေကိုမကြည့်ရက်ပါဘူးအတွင်တွင်အော်ဟစ်နေပေမဲ့...မသိစိတ်ရဲ့တစ်ဖက်ခြမ်းမှာတော့ ကိုယ့်ရင်ခွင်မှာမင်းငိုကျွေးရလို့ဝမ်းသာမဆုံးဖြစ်နေတယ်။

" သခင်ကြီးရဲ့ယုယမှုကိုမမျှော်လင့်ပါနဲ့သခင်​လေး...အဲဒီမျှော်လင့်ချက်ကသခင်လေးကိုလုံးပါးပါးစေတယ်"

ဖြူစင်တဲ့စိတ်ကမင်းကိုနှစ်သိမ့်ရမယ်တဲ့...ဒါပေမဲ့ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကမင်းကိုစကားနာထိုးချင်နေမိတယ်။

မင်းရှိုက်သံတွေပိုကျယ်လာလေနှလုံးသားကနာကျင်လေဆိုပေမဲ့ Sir.ကြောင့်ငိုကျွေးရလို့မင်းသူ့ကိုနာကျည်းသွားပါစေလို့စိတ်ထဲကအကြိမ်ကြိမ်ဆုတောင်းမိပြန်တယ်။

" သခင်ကြီးမှာအချစ်ဆိုတာမရှိဘူး...သူကလောဘရဲ့သားကောင်"

" တော်ပါတော့...ကျွန်တော်မခံရက်နိုင်လွန်းလို့ပါ...ကျွန်တော်နာကျင်လွန်းလို့ပါTaehyunggie~။ အမှန်စကားဆိုတာပြောသင့်ပေမဲ့ကျွန်တော်ကအမှန်ကိုလက်မခံနိုင်တဲ့လူမျိုးမလို့ သခင်ကြီးကသခင်လေးကိုချစ်ပါတယ်ဆိုပြီးလိမ်ညာပေးပါ....တောင်းဆိုပါတယ်~"

မော့ကြည့်ပြီးတောင်းဆိုလာတဲ့မျက်ဝန်းလေးတွေ...နာကျင်နေမှာသိပေမဲ့...နာကျင်နေမှန်းသိပေမဲ့...တစ်ခါတလေကိုယ်,ကိုယ်တိုင်တောင်သတိမထားမိပဲသခင်လေးအပေါ်အတ္တစိတ်တွေထားလာတယ်။

အလုပ်နဲ့ကိုယ်ရေးကိုယ်တာရောနှောလာတတ်ပြီး အိမ်ထောင်တစ်ခုကိုဖြိုခွဲဖို့အထိပါတွေးတောလာတတ်တယ်။

ဒါကြောင့်အတတ်နိုင်ဆုံးစိတ်ကိုထိန်းပြီးနောက်ကနံရံကိုမှီလျက်မျက်ဝန်းတွေကိုမှိတ်ပစ်လိုက်သည်။ လွတ်လပ်နေတဲ့လက်တွေကတုန်ယင်နေဆဲကိုယ်လေးကိုမဖက်ရဲဘူး။

ကိုယ်မင်းအပေါ်လွန်ကျူးမိမှာစိုးတယ်အဖိုးတန်လေးရယ်...ထပ်ပြီးသူများအိမ်ထောင်ကိုလည်းဖြိုခွဲမိမှာစိုးတယ်!

ခြံထဲကဆူညံသံတွေ အော်ဟစ်ငိုကျွေးသံတွေကိုကိုယ်ကြားနေရတယ်... ကိုယ့်ရဲ့အတ္တစိတ်ကသူ့ကိုမင်းထက်ပိုပြီးနာကျင်စေချင်နေတယ်...မင်းခံစားရတာထက်ပိုပြီး...မင်းနာကျင်တာထက်ပိုပြီး!!












( AN/ ကြာသပတေးနေ့ကျ Savage & Toxicလေးupပေးမယ်နော်သဲတို့ အအေးမမိအောင်ဂရုစိုက်ကြပါနော်အခုတလောဖျားတဲ့သူတွေတွေ့နေရတော့ မင်းတို့ဖျားမှာစိုးရိမ်လို့😘)

Continue Reading

You'll Also Like

153K 5.5K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
572K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
283K 8.5K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
417K 25K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...