Hey ! You Have To Be My Husba...

By Eros_90

165K 7.5K 358

My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ More

❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Uni )
Part - 7 ( Zaw )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)

Part - 8 ( Uni )

3.3K 188 4
By Eros_90

အပိုင်း - ၈

" ဂေဟာမှာနေရတဲ့ငါတို့က ပြည့်စုံကြွယ်ဝတဲ့သူတွေကို
ဘာများပြန်ပြီးလက်တုန့်ပြန်နိုင်မှာတဲ့လဲ"

" ငါပြည့်စုံကြွယ်ဝတဲ့အခြေအနေကိုရောက်အောင် ကြိုးစားနိုင်ခဲ့မယ်ဆိုရင်ရော "

" ဘုရားတောင် အမှီရှိမှပွင့်နိုင်တာလေအလင်းရယ်။ ငါတို့ကခြေဗလာ လက်ဗလာပါ "

" အမှီရှိမှရမယ်ဆိုလဲ အဲဒီအမှီကိုငါရအောင်ရှာမှာမို့ မင်းကသည်းခံပြီးစောင့်ပေး။ ငါမင်းအတွက် ကျိန်းသေပေါက် လက်တုန့်ပြန်ပေးမယ် "

*
*
*
*
*
*
*
*

" ကြီးငယ် အလုပ်နားမှာတကယ်လားဟင် "

" ကြီးငယ် အသက်ကြီးနေပြီလေ ကလေးရယ်။ ဂေဟာမှာနေလဲ စားဖိုဆောင်တာဝန်ကိုမယူနိုင်တော့ဘူး။ နောက်ပြီးသေဖို့နီးလာပြီဆိုတော့ ကိုယ့်နောက်ပါမှာလေးတွေ အတွက် အချိန်ပေးရတော့မယ် "

ဂေဟာမှာ နှစ်ပေါင်းများစွာအတူနေခဲ့သည့်ကြီးငယ်သည် အသက်အရွယ်ကြီးလာတာကြောင့် သူ့အိမ်မှာပြန်ပြီးနေဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လင်းမြတ်ကိုယ်တိုင်က ကြီးငယ်ကိုမခွဲနိုင်။ ရှိန်းကလည်း ငို၍သာနေလေသည်။ ဒီလပိုင်းတွေထဲ ရှိန်း၏ကျန်းမာရေးက ထင်သလောက်မကောင်းချေ။ မကြာခဏဆိုသလို ထိတ်လန့်ပြီးနေမကောင်းဖြစ်နေတတ်သည်။ မင်းသူ၏စနောက်မှုအပြီး ရှိန်းကပုံမှန်စိတ်အခြေအနေကိုပြန်မရောက်သေးချေ။

" ကြီးငယ်မရှိရင် ရှိန်းက ပိုအားငယ်နေတော့မှာ။ သူ့ကျန်းမာရေးကို ကြီးငယ်လဲသိနေတာပဲလေ "

" ကြီးငယ်လဲ ဘယ်ထားခဲ့ချင်ပါ့မလဲသားရယ် "

စကားတိုးတိုးဆိုလာသည့်ကြီးငယ်၏မျက်နှာသည် ချက်ချင်းပင်စိတ်မကောင်းသလိုမျက်နှာမျိုးဖြစ်သွားရလေသည်။ ရှိန်းကိုကြီးငယ်က အရမ်းဂရုစိုက်ပေးခဲ့တယ်မဟုတ်လား။

" ကြီးငယ် သားတို့ကြီးငယ်နဲ့လိုက်နေချင်တယ် ။ သားတို့ကိုခေါ်သွားပါလားဟင် "

" သားရယ် မဖြစ်နိုင်တာ ။ ဒီမှာနေတာက သားတို့အတွက်ပြည့်စုံတယ်လေကွယ် "

" သားနဲ့ရှိန်းကို ခေါ်လို့ရရင် ခေါ်သွားပေးပါကြီးငယ်ရယ်။
သား ရှိန်းအတွက်ပိုက်ဆံရှာပေးပါ့မယ်။ အလုပ်လဲလုပ်နိုင်နေပါပြီ။ ကြီးငယ်လဲသိရက်သားနဲ့ ။ ရှိန်းကိုကုပေးနေတဲ့ဆရာဝန်မမကပြောထားတယ်လေ ။ ရှိန်းအတွက် လူနည်းတဲ့ပတ်ဝန်းကျင်မှာနေတာပိုကောင်းမယ်တဲ့။ ကြီးငယ်သာခေါ်သွားရင် သားရယ် ရှိန်းရယ် ကြီးငယ်ရယ် သုံးယောက်ပဲနေရမှာမဟုတ်လား။ ရှိန်းငယ်က စိတ်လုံခြုံမှုကို ပိုပြီးရမယ်ထင်တယ်။ အဲလိုဆို ရှိန်းက မကောင်းတဲ့အတိတ်ကိုမေ့သွားပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားမှာပါ။ ဒီမှာဆို သူအမြဲထိတ်လန့်နေရမှာ"

ကိုယ့်စကားအဆုံးတွင်ကြီးငယ်လည်း ငြိမ်သက်သွားရလေတော့သည်။

*
*
*
*
*
*
*
*

" ကဲ ကလေးတို့ ကြီးငယ်အိမ်က သားတို့မြင်တဲ့အတိုင်းပဲ ။ အိမ်ကျဉ်းတယ်။အခန်း ၂ခန်းပဲရှိလို့ ကျဉ်းတဲ့အခန်းမှာကြီးငယ်နေမယ်။ သားတို့က ဟိုဘက်အခန်းကျယ်လေးမှာနေ။ ရှိန်း! သားလေးအဆင်ပြေမလား "

" ပြေပါတယ်ကြီးငယ်ရယ်။ အိမ်လေးမြင်ရတာနေချင်စရာလေး "

အိမ်ရှေ့တွင်အုပ်လှေကားသုံးဆင့်ရှိသော ပျဉ်ထောင်အိမ်လေးကိုလှည့်ပတ်ကြည့်နေသောရှိန်းသည် အမြဲမြင်နေရသည့်ပုံစံနှင့်ကွာခြားစွာ ရွှင်လန်းနေလေ၏။ ကြီးငယ်အလုပ်ထွက်လာသည့်အချိန် ဂေဟာမှူးဆရာမကြီးနှင့်တိုင်ပင်ဆွေးနွေးပြီး ကိုယ်နှင့်ရှိန်းကို အပါခေါ်လာခဲ့ခြင်းဖြစ်၏။ ဂေဟာမှူးဆရာမကြီးကအလွယ်တကူ ထည့်ပေးချင်တာမျိုးတော့မဟုတ်ပေ။ ဒါပေမဲ့ရှိန်းရဲ့ကျန်းမာရေးအခြေအနေရယ်၊ ကြီးငယ်ကယုံကြည်စိတ်ချရတဲ့သူဖြစ်နေတာရယ်၊ နောက်ပြီး ဂေဟာနှင့်ကြီးငယ်၏အိမ် က အတော်ပင်နီးကပ်နေသည့်နေရာမှာရှိနေတာကြောင့်
ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ရှိန်းကတော့ ဂေဟာကနေထွက်လာရထဲပြီဆိုထဲက အလွန်ပျော်နေပုံရလေသည်။

" ကြီးငယ် လင်းလင်းနဲ့ရှိန်းလေးကိုမွေးစားလိုက်ပြီနော်။
တရားဝင်စာချုပ်စာတမ်းဆိုတာတွေမရှိပေမဲ့ သားတို့နှစ်ယောက်က ကြီးငယ်ရဲ့သားလေးတွေပဲ။ ရှိန်းလေးလဲဘာမှအားငယ် စရာမလိုဘူး ဟုတ်ပြီလား "

ကြားရသည့်စကားကြောင့် လင်းမြတ်နှင့်ရှိန်း တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကာ အတော်ကြာတော့မှာထိုင်နေသည့်ကြီးငယ်ဆီ ပြိုင်တူပြေးသွားပြီး ဘေးတစ်ဖက်ဆီမှသိုင်းဖက်လိုက်လိုက်ကြတော့သည်။ ကြီးငယ်သည်လည်းကြည်နူးစွာရယ်မောနေဆဲ။

" ကျေးဇူးတင်ပါတယ်ကြီးငယ်။ သား အလုပ်ကြိုးစားပြီးလုပ်ပါမယ်။ ကြီးငယ်နဲ့ရှိန်းကို ပြည့်စုံအောင်ထားနိုင်ဖို့ကြိုးစားမှာပါ"

ကြီးငယ်ကတော့ ကိုယ်တွေနှစ်ယောက်ရဲ့ခေါင်းလေးတွေကိုသာဖွဖွသပ်ပေးလာရင်း

" မလိုပါဘူးသားရယ်။ ကြီးငယ်က သားတို့နှစ်ယောက်လောက်ကိုတော့ကျွေးနိုင်ပါတယ်အေ့ ။ ဂေဟာမှာအလုပ်လုပ်လာတာ အနှစ်၂၀ကျော်ပါအေ။ အဲတုန်းထဲကရတဲ့လခတွေလဲရှိတယ်။ နောက်ပြီး ကြီးငယ်ဇာတိမြေမှာရှိတဲ့ လယ်တွေကိုင်းတွေကိုငှါးထားလို့ရတဲ့ဝင်ငွေလဲရှိပါတယ်။ ကြီးငယ်ရဲ့ အမျိုးတွေဆီမှာ အလုပ်အတွက် ပိုက်ဆံထည့်ထားတာလေးတွေရှိတယ်။သုံးယောက်စာ အသုံးစရိတ်အတွက် မပိုလျံရင်တောင် ချွေတာသုံးရင်လောက်ငှပါတယ်။ သားတို့ဘာမှလုပ်စရာမလိုဘူး။
ရှိန်းလေး ကျန်းမာရေးကောင်းဖို့ပဲ ဂရုစိုက်ရအောင်ဟုတ်ပြီ လား"

" သား ကြီးငယ်ကိုချစ်တယ် "

ရွှင်မြူးစွာပြောလာသည့်ရှိန်း၏စကားကြောင့် စနောက်ချင်စိတ်ဖြစ်လာရလေသည်။ ဆံပင်ပျော့ပျော့လေးတွေကို ရှုပ်ပွသွားအောင်ဖွလိုက်ပြီး

" ကြီးငယ်ကိုချစ်တယ်ဆိုတော့ ငါ့ကိုရော "

ကိုယ့်စကားကြောင့် ရှိန်းက ရွှင်မြူးစွာရယ်ပြလာလေတော့၏။

" ကြီးငယ်ကိုလဲချစ်တယ်။ မင်းကိုလဲအများကြီးချစ်တယ် "

စကားအဆုံးတွင်း ကိုယ့်စိတ်ထဲအေးချမ်းသွားရလေတော့၏။အမြဲတမ်း အခုလိုပဲပျော်နေပါစေ ရှိန်းငယ်ရေ။ ငါက မင်းစိတ်လုံခြုံအေးချမ်းရာ အရိပ်တစ်ခုလိုရှိနေပေးပါ့မယ်။ မင်းကတော့ ငါ့အရိပ်မှာခိုရင်း နာကျင်စရာအတိတ်တွေကိုမေ့လိုက်နိုင်ပါစေ။ မင်းထိတ်လန့်ခဲ့ရတဲ့ အတိတ်ကအဖြစ်အပျက်မျိုး ဘယ်တော့မှထပ်မကြုံရတော့ဘူးဆိုတာကို အချိန်တွေကြာလေ မင်းပိုသိ ပိုယုံကြည်လာလေဖြစ်လာရအောင် ကိုယ်ကအမြဲကြိုးစားပေးနေပါ့မယ်။ ငါ့အရိပ်ကြောင့် မင်းအတိတ်တွေကိုမေ့လိုက်နိုင်ပါစေ။ ချစ်မိခဲ့တယ် ငါ့အပိုင်မဟုတ်တဲ့ငါ့ကောင်လေးရယ်။

" အလင်းရေ လာခဲ့တော့လို့ ထမင်းစားဖို့အဆင်သင့်ဖြစ်နေပြီ "

ပြတင်းပေါက်နားမှာနေ၍ ခြံထဲတွင်အလုပ်များနေသောကိုယ့်အား စူပုတ်ပုတ်မျက်နှာဖြင့်လာအော်ခေါ်နေသူကို ရီပြလိုက်ရသည်။

" ပြီးပါပြီရှိန်းရယ့် ။ ခဏလေးနော် "

" အာ ငါဗိုက်ဆာနေပြီကွာ။ မင်းခဏလေးက ဘယ်လောက်တောင်ကြာနေပြီလဲ။ ငါမစောင့်နိုင်တော့ဘူး လက်ဆေးပြီးလာခဲ့ပေတော့ "

" ဟုတ်ပြီ ဟုတ်ပြီ အခုလာခဲ့မယ်ခဏ "

" လင်းမြတ်နိုင် ငါစိတ်မရှည်တော့ဘူးနော်။ မင်းအခုမလာရင်ငါနဲ့ကြီးမေ အရင်စားလိုက်တော့မယ်။ တစ်နေ့တစ်နေ့ ခြံထဲမှာပဲပျော်နေတယ် ။ ကြာရင် အပင်တွေနဲ့လဲညားနေအုံးမယ် "

ဒေါသကြောင့် မျက်မှောင်ကျုံ့ပြီးပြောနေသူ၏နောက်တွင်ကြီးငယ်လာရပ်၏။ ရှိန်းမသိအောင် မျက်စပစ်ပြပုံက
ဒီကိုယ်တော်လေးစိတ်တိုနေပြီ။ သားအမြန်လာခဲ့တော့ဟုဆိုနေတာမျိုး။ ဒါက ကြီးငယ်နဲ့ကိုယ့်ရဲ့အသံတိတ်ဆက်သွယ်နည်း။

" ကဲ သားရေ လာခဲ့လာခဲ့ ထမင်းစားပြီးမှဆက်လုပ်တော့"

" ဟုတ် ဟုတ် လာပြီ "

လင်းမြတ်လည်း ရွံတွေသဲတွေပေကျံနေသည့်လက်ကို စင်အောင်ဆေးပြီး အိမ်ပေါ်တက်လာခဲ့ရသည်။ နောက်ဖေးချောင်ရောက်တော့ ထမင်းဝိုင်းလေးကအဆင်သင့်။ ကြီးငယ်ကပြုံးနေသလောက် ရှိန်းကတော့စူပုတ်၍နေလေပြီ။ သူဗိုက်ဆာနေပုံရ၏။ ရှိန်း၏ဘေးတွင်ဝင်ထိုင်လိုက်တော့ ကြီးငယ်ဆီဦးချသည့်ဟင်းခွက်ဆီမှဟင်းကိုထပ်ခပ်ကာ ကိုယ့်ပန်းကန်ထဲထည့်ပေးလာ၏။

" ဒီနေ့ဘာဟင်းချက်တာလဲရှိန်း "

" မင်းမျက်စိနဲ့ မင်းဘာသာကြည့်လေ "

ကိုယ့်အမေးစကားကိုဘုပြန်ဖြေရင်း ထမင်းတစ်လုပ်စပြီးစားသည်။ ရှိန်းတကယ်ဗိုက်ဆာနေတာပဲ။ ကြီးငယ်ရဲ့ခြံမှာ မြေပိုအနည်းငယ်ရှိနေတာကြောင့် ကိုယ်က အိမ်စရိတ်ကာမိအောင်သီးပင်စားပင်လေးတွေစိုက်သည်။
ရပ်ကွက်ဈေးထဲကဆိုင်တစ် ချို့က ကိုယ်ခြံထွက်သီးနှံလေးတွေကိုလာဝယ်သဖြင့် တစ်နေ့ တာအိမ်စရိတ်ကို ထိုခြံထွက်သီးနှံလေးတွေရောင်းရငွေဖြင့်သုံးနိုင်လေသည်။

ခြံထဲတွင် ရာသီအလိုက် ဘူး ၊ ချဉ်ပေါင် ၊ ရုံးပတီ စသည့်ရာသီလိုက်သီးပင်တွေအပြင် ဒန့်သလွန် ၊သရက်ပင်များလည်းရှိတာမို့ လင်းမြတ်အတွက် အလုပ်နဲ့လက်ပြတ်သည်လို့ မရှိချေ။ ကြီးငယ်ကတော့ ကိုယ်တို့နှစ်ယောက်ကို စိတ်ချလက်ချထားခဲ့လို့ရသည့်အခြေအနေမို့ ရပ်ကွက်ထဲမှာရှိသည့် ဘုန်းကြီးကျောင်းကဖွင့်ထားသော တရားစခန်းပွဲများကိုမကြာခဏသွားနေတတ်သည်။ မိသားစုသုံးယောက်သာရှိသည့်အိမ်လေးသည် အပူအပင်မရှိ။ ပကတိအေးချမ်းလှ၏၊

" ဘာတွေငေးတွေးနေတာလဲ ။ ဟင်းမကြိုက်ဘူးလား "

ကိုယ်အတွေးလွန်နေတာကို သတိထားမိသောရှိန်းက သူပြောလိုက်သည့်စကားကြောင့် ကိုယ်စိတ်မကောင်းဖြစ်သွားတယ်လို့ထင်နေပုံရသွား၏။ ဒီကောင်လေးက အပြင်ပန်းမာကြောသလောက် အတွင်းစိတ်ကနူးညံ့အားနည်းလှ၏။ ရှိန်းက ကိုယ့်ပန်းကန်ထဲ ခြံထွက်ဘူးပင်ကဘူးရိုးကြော်ချက်ကိုခပ်ထည့်ပေးလာပြန်သည်။

" အော် မဟုတ်ပါဘူးရှိန်းရယ် ။ ဟင်းကြိုက်ပါတယ်။ ငါ့အပင်တွေ ပိုးနည်းနည်းကျနေတာကို စိတ်ရောက်သွားလို့ပါ"

" ထမင်းစားချိန် အေးအေးဆေးဆေးစားပါကွာ။ မင်းဟာကလဲလွန်လွန်းတယ်။ ကြီးငယ်သားကိုပြောဦးနော်။သူ့အပင်တွေကိုပဲဂရုစိုက်နေတယ်။သားတို့ကိုတော့ပစ်ထားပြီး "

" အဲလိုမဟုတ်ပါဘူး ရှိန်းရယ် "

" ကဲ ဒီကလေးနှစ်ယောက်စလုံးတော်တော့။ ထမင်းကောင်းကောင်းစား။ လင်းလင်းကလဲလေ ရှိန်းလေးပြောလဲပြောချင်စရာ။ ခြံထဲအလုပ်ကအမြဲလုပ်နေရတာ။ စားချိန်သောက်ချိန်လေးတော့ အာရုံစိုက်စားမှာပေါ့။ရှိန်းလေးက အပင်ပန်းခံချက်ပြုတ်ပေးထားရတာကို"

ကြီးငယ်ကနှစ်ယောက်စလုံးအတူဟန့်ရင်း အဆုံးသတ်မှာတော့ရှိန်းကျေနပ်သွားအောင် ကိုယ့်ကိုဆူပေးရသည်။ ဒီတော့မှ ကိုယ်လည်း ထမင်းဝိုင်းဆီအာရုံပြန်စိုက်ရ၏။

ရှိန်းလက်ရာထမင်ဝိုင်းလေးသည် တန်ဖိုးကြီးဟင်းမပါသော်လည်း အရောင်အသွေစုံစွာဖြင့် စားချင့်စဖွယ်ရှိလေသည်။ကိုယ်အပင်တွေစိုက်ရတာကို စိတ်မကောင်းဖြစ်နေတတ်သည့်ရှိန်းက မီးဖိုချောင်စရိတ်ကို အပိုအလျံမရှိအောင်သုံးသည်။ သုံးယောက်စားလောက်ယုံသာချက် ထားသည့် ကြက်သားကိုစပါးလင်များများနှင့်ချက်ထားသောဟင်း ၊ ခြံထွက်ဘူးရိုးကို ကြက်သွန်ဖြူကြက်သွန်နီဖြင့် ကြော်ချက်,ချက်ထားသည့်ဟင်း ၊ ပုစွန်ဆိတ်ကလေးများဖြင့်ဖျော်ထားသောငါးပိရည်နှင့်ခြံထွက်တို့စရာများဖြစ်သည့်ရှောက်ရွက်၊ ခရမ်းသီးလေးများ၊ နောက်ပြီး ရေနွေးဖျောပေးထားသောပဲသီးရှည်လေးများ၊ နောက်ပြီးဈေးမှာဝယ်ထားသည့်မုန်လာဥနီတို့သည် မြင်တာနှင့်ပင် ဗိုက်ဆာစေ၏။

ချက်ထားပေးတဲ့သူစိတ်ချမ်းသာအောင် အားရပါးရစားပြလိုက်တော့ မသိမသာပြုံးသွားသည့်မျက်နှာလေးကို မျက်ဝန်းထောင့်မှမြင်လိုက်ရ၏။ ဒီအိမ်ကိုရောက်သည့်အချိန်မှ ရှိန်းဝါသနာပါသည့်အရာတစ်ခုကို သိခွင့်ရလိုက်သည်။ ရှိန်းကအချက်အပြုတ်ကိုဝါသနာပါ၏။ ကိုယ်ကတော့မျက်စိရှေ့တွေ့တာကို ကောင်းသည် မကောင်းသည်အရသာမခံဘဲ ဗိုက်ဝအောင်စားတတ်ပေမည့် ရှိန်းကတော့ 

ဟင်းချက်ကောင်းသောကြီးငယ်၏အမွေကို လက်ဆင့်
အနေဖြင့်ရလိုက်သောရှိန်းသည် ဘာလေးဖြစ်ဖြစ်စားကောင်းအောင်ချက်ချင်သည်။ကမ်း ဒီအိမ်လေးတွင် စားဖိုမှူးရာထူးကို ခပ်တည်တည်ဖြင့်ယူထားက ကြီးငယ်ကိုတော့အနားယူစေ၏။ အသီးအရွက်ဟင်းလေးတွေကိုတောင် စားကောင်းအောင်ချက်တတ်သည့်ရှိန်းအား သူဝါသနာပါသည့်အရာကို ပိုပြီးသင်ယူစေချင်တာကြောင့် အချက်အပြုတ်နှင့်ဆိုင်သော သင်တန်းလေးတွေကိုထားပေးချင်သည်။ သင်တန်းကောင်းကောင်းလေးတွေ၏ဈေးကိုစုံစမ်းကြည့်တော့ တစ်ချို့ဆိုလျှင်သိန်းဆယ် ချီနေ၏။ ဒါကြောင့်ပဲ ခြံထွက်သီးနှံလေးတွေကိုရောင်းရင်း အိမ်စရိတ်ရှာနေသည့်အထဲမှ သင်တန်းကြေးလေးလည်းရအောင်စုထားသည်။ ပိုက်ဆံပြည့်လျှင် ရှိန်း ဘယ် သင်တန်းမှာတက်ချင်လဲမေးပြီး သူတက်ချင်သည့်နေရာမှာထားပေးမည်။

အတွေးဖြင့်ပင်စိတ်ချမ်းသာလွန်းတာကြောင့် ထမင်းတွေအများကြီးစားလိုက်လေတော့၏။

*
*
*
*
*
*
*
*

" အလင်း အလင်း ခဏထအုံး "

နှစ်ခြိုက်စွာအိပ်ပျော်နေရာမှအနှိုးခံလိုက်သည်။ မျက်လုံးဖွင့်မိတော့ ကိုယ့်ဘေးတွင်ငုတ်တုတ်လေးထိုင်နေသော ရှိန်းကိုတွေ့ လိုက်ရ၏။ ကိုယ့်အိပ်ရာဆီ သူလာပြီဆိုထဲက အိပ်မပျော် တာသေချာပြီ။ ဒီလိုညတွေဆို သူ့ကိုထွေးပွေ့ကာ အိပ်ပျော်အောင်သိပ်ပေးရမြဲ။

" ရှိန်း အိပ်မပျော်ဘူးလား ။ လာ ဒီမှာအိပ် ငါဖက်အိပ်ပေးမယ် "

ကြီးငယ်သည် ၇ရက်တရားစခန်းပွဲဝင်သွားတာကြောင့် အိမ်မှာနှစ်ယောက်သာရှိသည်။ တစ်ခါတစ်လေဆို တရားစခန်းဝင်သွသည့်ကြီးငယ်ကိုလွမ်းလို့်ဆိုပြီး ဒီကောင်လေးကဂျီကျတတ်သေး၏ ။

" လာလေရှိန်း ။ ကြီးငယ်ကိုသတိရနေတာလား "

" ငါမအိပ်ချင်ဘူး ခြံထဲဆင်းချင်တာ အဲဒါတစ်ယောက်ထဲကြောက်လို့ "

လင်းမြတ်လည်း အိပ်နေရာမှထပြီး ခြံထဲဆင်းပေးဖို့ပြင်ရသည်။ လသာသာလေးဖြင့် လေနုအေးလေးတိုက်နေသောခြံထဲလမ်းလျှောက်နေရင်း ကိုယ့်နောက်ကျောဆီခုန်တက်လာသည့်ကောင်လေး။ ကလေးတစ်ယောက်လို ကိုယ့်ကျောပေါ်တွယ်ကပ်နေသည့်ကောင်လေးကို ပြုတ်မကျအောင်သာထိန်းပေးထားရသည်။ ရှိန်းကတော့ ကိုယ့်ကိုကုန်းပိုးစီးနေရတာကိုသဘောကျပုံရကာ ရီမော၍သာနေလေ၏။

" ရှိန်း "

" ဟင် ဘာလဲ ငါ့ကိုယ်ကလေးလို့လား "

" မဟုတ်ပါဘူး အခုလိုနေရတာ စိတ်ချမ်းသာလားမေးမလို့ "

" မင်းကိုအနိုင်ကျင့်ရရင် အမြဲစိတ်ချမ်းသာတယ် အဟားးး"

ဖြေလာသည့်စကားကြောင့် လင်းမြတ်လည်း ရီလိုက်မိတော့သည်။

" မင်းပျော်မယ်ဆို မင်းစိတ်ချမ်းသာမယ်ဆို ငါ့ကိုအမြဲအနိုင်ကျင့်လို့်လဲရတယ်။ အရေးကြီးတာ မင်းပျော်နေဖို့ပဲ "

လေနုအေးက ဝေ့ခနဲတိုက်ခတ်လာ၏။ လမင်းက ပိုမိုကာလင်းလက်ပေးလာသည်။ ရှိန်း၏ရင်ခွင်ငယ်လေးက လင်းမြတ် ၏ကျောပြင်ကျယ်ကြီးနှင့်တစ်သားတည်းထိကပ်လို့။ ရှိန်းက ကိုယ့်လည်ပင်းကိုသိုင်းဖက်ထားသည့်လက်တွေဖြင့် ကိုယ့်ဆံပင်တွေကို ထိတွေ့ဆော့ကစားလာရင်း

" ငါက မင်းအတွက်ဘယ်လိုလူမျိုးလဲ အလင်း "

မေးလာသည့်စကားကို ချက်ချင်းပြန်မဖြေနိုင်ခဲ့။ ကိုယ့်ခံစားချက်တွေကို ဖွင့်ဟဖို့်မဖြစ်နိုင်သည့်တိုင် အလိမ်အညာတွေချည်းလည်းမဖြေချင်။ အသင့်တော်ဆုံးအဖြေကို ရွေးချယ်လိုက်ရ၏။

" ငါဘဝနဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးချင်မိတဲ့ တစ်ယောက်ထဲသောသူ"

" သေချာလား "

" သေချာတာပေါ့ "

" အဲလိုဆို ဘယ်တော့ဖြစ်ဖြစ် ငါလက်ကိုမြဲအောင်ဆွဲထားလေ "

" ငါက မဆွဲထားနိုင်ခဲ့ရင် မင်း ငါ့ကိုထားခဲ့မှာလား "

" မင်း ငါ့လက်ကိုမြဲအောင်ဆွဲမထားရင်တော့ ငါပဲမင်းလက် ကိုမြဲအောင်တွဲထားပါ့မယ်။ ဘာလို့လဲဆိုတော့ မင်းကငါ့ဘဝရဲ့ အချစ်ဆုံး ... အချစ်ဆုံးသူငယ်ချင်းမို့ပေါ့"

" ရှိန်း ငါလေ ငါ "




Eros_90

22.1.2024 ( ၈ နာရီ ၄၀ မိနစ် )
25.1.2024 Update ရှိ။

Continue Reading

You'll Also Like

75.1K 3.3K 21
မထင်မှတ်ထားဘဲ ပြန်ပေးဆွဲခံလိုက်ရတယ် ပြန်ပေးဆွဲတဲ့ဘဲကြီးက ထင်သလိုမဟုတ်ဘဲ သူ့အပေါ်နူးညံ့နေတယ် Bodyတောင့်တောင့် ရုပ်ချောချောဘဲကြီးတယောက် ပြန်ပေးဆွဲခြင်း...
82.3K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
54.7K 3K 43
ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထ...
565K 49.3K 29
Taekook Fanfiction Jeon Kim Own creation