Hey ! You Have To Be My Husba...
Galing kay Eros_90
166K 7.5K 358
My Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။ Higit pa
❗❗Review ( Uni+Zaw )
ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw
အသိပေးခြင်း ( အသိပေးခြင်း )
Part- 1 ( Uni )
Part- 1 ( Zaw)
Part - 2 ( Uni )
Part - 2 ( Zaw )
Part - 3 ( Uni )
Part - 3 ( Zaw )
Part - 4 ( Uni )
Part - 4 ( Zaw )
Part - 5 ( Uni )
Part - 5 ( Zaw )
Part - 6 ( Uni )
Part - 6 ( Zaw )
Part - 7 ( Zaw )
Part - 8 ( Uni )
Part - 8 ( Zaw )
Part - 9 ( Uni )
Part - 9 ( Zaw )
Part - 10 ( Uni )
Part - 10 ( Zaw )
Part - 11 ( Uni )
Part - 11 ( Zaw )
Part - 12 ( Uni )
Part - 12 ( Zaw )
Please
Part - 13 ( Uni )
Part - 13 ( Zaw )
Part - 14 ( Uni )
Part - 14 ( Zaw )
Please ❗❗
Part - 15 ( Uni )
Part - 15 ( Zaw )
Part - 16 ( Uni )
Part - 16 ( Zaw)
Part - 17 ( Uni )
Part - 17 ( Zaw )
Part - 18 ( Uni )
Part - 18 ( Zaw )
Part - 19 ( Uni )
Part - 19 ( Zaw )
Part - 20 ( Uni )
Part - 20 ( Zaw )
Part - 21 ( Uni )
Part - 21 ( Zaw )
Part - 22 ( Uni )
Part - 22 ( Zaw)
Part - 23 ( Uni )
Part - 23 ( Zaw )
Part - 24 ( Uni)
Part - 24 ( Zaw)
Part - 25 ( Uni )
Part - 25 ( Zaw )
Part - 26 ( Uni )
Part - 26 ( Zaw )
Thank You For All ( Uni + Zaw)
Part - 7 ( Uni )
3.5K 204 8
Galing kay Eros_90
အပိုင်း - ၇
ရှိန်းက.... ။ ငါ့ရဲ့ရှိန်းငယ်က....  ။ ဘာလို့များ ဘာလို့များ
ငါ့ကလေးကဒီလိုအခြေအနေကြီး ။ ရူးသွားလိုက်ချင်သည်။ဒီအချိန် ခဏလောက်တော့ ရူးသွားချင်မိလေတော့သည်။
*
*
*
*
*
*
*
*
အခန်းတွင်း မိနစ်အနည်းငယ်ကြာသည့်အထိ တိတ်ဆိတ်နေလေ၏။ နှစ်ယောက်စလုံး၏အသက်ရှူသံများသည် ပုံမှန်ထက်ပိုပြီးကျယ်လောင်နေသည်။ အိပ်နေတာမျိုးမဟုတ်တော့ပဲ ညအမှောင်ထဲ ထိုင်နေမိခြင်းဖြစ်သည်။ လမင်း၏အလင်းရောင်အနည်းငယ်ကြောင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် တစ်ယောက်နှင့်တစ်ယောက် မပီဝိုးတဝါးတော့မြင်နေရသည်။
လင်းမြတ် ရှိန်း၏လက်ဖဝါးလေးနှစ်ဖက်ကို အသာဆုပ်ကိုင် ထားပေးမိသည်။ ကိုယ်တိုင်မှာတော့ ဒေါသစိတ်ကြောင့်မတည်ငြိမ်နိုင်သေးချေ။
" ငါ့အသက် ၆နှစ်အရွယ်လောက်မှာ အမေကနောက်အိမ်ထောင်ပြုတယ်။ ပတ်ဝန်းကျင်ကပြောလို့ ငါ့အမေရဲ့နောက်ယောကျ်ားဆိုတာက ငါ့ပထွေးဆိုတဲ့တော်စပ်မှုကိုသိခဲ့ရတယ်။ ငါ့လိုကလေးတစ်ယောက်က ဘယ်လိုအရာတွေကိုမှ တားဆီးတာမျိုး ၊ အားပေးတာမျိုးလုပ်ပိုင်ခွင့်ရှိမှာတဲ့လဲ။ အဲအချိန်မှာ ငါ့ကိုမကြည်ဖြူတာ ငါ့အမေတစ်ယောက်ထဲတင်မဟုတ်ဘဲငါ့ပထွေးပါ, ပါလာတယ်။ အမေက ငါ့ကိုမကြည်ဖြူပေမဲ့ နာကျင်အောင်မလုပ်ဘူး။ ခါးလှအောင်မဆင်ပေမဲ့ ဝမ်းဝအောင်တော့ကျွေးပါတယ်။ ငါ့ပထွေးကတော့ ကိုယ်ထိလက်ရောက် နာကျင်အောင်အမြဲလုပ်တယ်။ ငါနာကျင်ရတိုင်း ငါ့ကိုကာကွယ်ပေးတဲ့သူ ဘယ်သူမှမရှိဘူး။ ငါ့ပထွေးအိမ်ကိုရောက်ပြီး
တစ်နှစ်ကျော်လောက်မှာ အိမ်ကို ငါ့ပထွေးရဲ့တူဆိုတဲ့သူတစ်ယောက်ရောက်လာတယ် "
ငါ့ပထွေးရဲ့တူဆိုသည့်စကားကြောင့် ရှိန်း၏လက်ကိုဆုပ်ကိုင် ထားမိသည့် ကိုယ့်ရဲ့လက်တွေသည် ပိုပြီးတင်းကျပ်သွားမိလေတော့၏ ။
" မင်း ... မင်းဆက်မပြောလဲရတယ်ရှိန်း။ ငါ့အတွက် မင်းက ဘယ်တော့မှပြောင်းလဲစရာမလိုတဲ့ ငါ့ရဲ့ရှိန်းပဲ။ မင်းအရမ်းနာကျင်ရတဲ့အရာတွေကိုပြန်မပြောလဲရတယ်"
အမှန်တော့ ရှိန်းက ပြောချင်သည်ဆိုတာတောင် ကိုယ့်အနေဖြင့် နားထောင်ဖို့မဝံ့ရဲတော့ချေ။ ဒီကောင်လေး၏နာကျင်စရာအတိတ်တွေကို အကြားအာရုံဖြင့်လည်းမကြားနိုင်။နှလုံးသားဖြင့်လည်းမခံစားနိုင်။ ရှိန်းနှင့်ပတ်သက်လျှင် ကိုယ်ကစိတ်နုလွန်းလေသည်။
" ငါ ပြောချင်တယ်အလင်း။ ငါ့ရဲ့နာကျင်စရာအတိတ်တွေကို မင်းရှေ့မှာတော့ ဖွင့်ပြောပြပြီး စိတ်ရှိလက်ရှိပြိုလဲလိုက်ချင်တယ်"
အရာအားလုံး ဒီကောင်လေးစိတ်တိုင်းကျ အလိုလိုက်ချင်သူမို့သူပြောလာမည့်စကားကိုသာ နာကျင်စွာနားထောင်ဖို့အားမွေးလိုက်ရသည်။
" အသက်၂၀ကျော်အရွယ် ခပ်ချောချောအစ်ကိုကြီးက ငါ့အပေါ်သိပ်ကောင်းတာပဲ။ ငါ့အမေကဆူပူတိုင်း သူလာခေါ်ပေးတယ်။ ငါပထွေးကရိုက်ပုတ်တိုင်း သူဝင်ဆွဲပေးတယ်။ကြာလာတော့ ငါ့အတွက် သူကတန်ခိုးရှင်တစ်ယောက်လိုအားကိုးရာဖြစ်လာခဲ့တယ်။ ၇ နှစ်ကျော်အရွယ်ကလေးတစ်ယောက်အတွေးကသိပ်ရိုးရှင်းပါတယ်။ အခြားယောကျ်ားတစ်ယောက်က သူကိုထွေးပွေ့ပေးတဲ့အခါ နာကျင်စရာတွေကိုပျောက်အောင်ချော့နေတယ်လို့ပဲထင်ခဲ့တာ "
ရုတ်တရက်ဆိုသလို စကားသံကရပ်တန့်သွားရ၏။ ရှိန်းကိုယ် တိုင်လည်း အတိတ်ဆိုးရဲ့အဆိုးဆုံးအခြေအနေကိုပြန်ပြောဖို့အားယူနေပုံရလေသည်။
" တစ်နေ့တော့ အိမ်မှာ ငါ့ပထွေးနဲ့ငါ့အမေ,မရှိတုန်း အဲကောင်က ငါ့အခန်းထဲဝင်လာတယ်။ အစပိုင်းမှာငါ့ကိုစကားပြောတယ်။ နောက်ပြီး နောက်ပြီး ငါ့အသားကိုပွတ်သပ်တာမျိုးတွေလုပ်တယ်။ အဲတုန်းက ငါကြောက်နေတာကိုမှတ်မိနေသေးတယ်။ နောက်တော့ ပိုပြီးအဆင့်တက်လာတယ်။ အိမ်မှာလူကြီးတွေမရှိတာကို သိနေတဲ့အဲခွေးကောင်က အင်အားချင်းမမျှတဲ့ကလေးတစ်ယောက်အပေါ်မှာ အင်အားသုံးပြီးဆက်ဆံဖို့ကြိုးစားတော့တာပဲ။ သူ့ပါးစပ်ကနေ ငါမကြားဖူးတဲ့ ငါနားမလည်နိုင်တဲ့ စကားတွေအများကြီးပြောနေသေးတယ် "
ဒီတစ်ခါမှတော့ လင်းမြတ်တစ်ယောက် ရှိန်းကိုသာ ရင်ခွင်ထဲဆွဲသွင်းဖက်ပေးထားမိတော့၏။ ကိုယ်ရင်ခွင်ထဲကို အလိုက်သင့်ပါလာသောထိုကောင်လေးသည် ကိုယ့်ပခုံးပေါ်သူ့ပါးအပ် ထားလေ၏။ အကျႌကိုဖောက်ပြီး စိုလာသည့်အထိအတွေ့ကြောင့် ရှိန်းငိုနေမှန်းသိလိုက်သည်။
" ငါအရမ်းကြောက်ခဲ့ရတာ။ သူဘာလုပ်နေမှန်းမသိပေမဲ့
ငါ့ကိုနာကျင်အောင်လုပ်တော့မယ်ဆိုတာ ငါသိနေတယ်။ ငါ့ခန္ဓာကိုယ်ထဲကို တစ်ခုခုတိုးဝင်ဖို့ကြိုးစားနေမှန်းသိတဲ့အချိန်ငါအကျယ်ဆုံးအော်ဟစ်ရုန်းကန်ခဲ့တာပဲ။ ကံကောင်းတယ်ပြောရမလား။ ခြံထဲကအလုပ်သမားတန်းလျားမှာနေတဲ့ ခြံစောင့်နဲ့ထမင်းချက်လုပ်တဲ့ အလုပ်သမားလင်မယားကြားသွားပြီး ငါ့အခန်းတံခါးကိုလာထုတော့တာပဲ။ နောက်ဆုံး အဲလင်မယားကောင်းလို့ ငါကံကောင်းသွားတယ်"
ကိုယ့်ပခုံးပေါ်မျက်နှာတင်ငိုနေသည့်ရှိန်းက ခေါင်းပြန်မော့လာပြီး မျက်ရည်သုတ်လိုက်လေသည်။
" အဆိုးဆုံးအခြေအနေကိုရောက်မသွားတာ ကံကောင်းတယ်ပဲပြောရမလား။ ဒါပေမဲ့ ငါ့ထက်ပိုပြီးကံကောင်းတဲ့သူရှိသေးတယ်။ ဟိုလူယုတ်မာပေါ့။ ငါကြုံခဲ့ရတာတွေကို ငါ့အမေနဲ့ပထွေးကိုပြန်ပြောပြခဲ့တယ်၊ ငါ့အမေကမယုံဘူး။ ငါ့ပထွေးကငါ့ကိုရိုက်တယ်။ အိမ်ကအလုပ်သမားတွေက အဖြစ်အပျက်အမှန်ကိုသိနေပေမဲ့ တွန်းတွန်းတိုက်တိုက်မပြောရဲဘူး။နောက်ဆုံးတော့ ပြဿနာအားလုံးကို ငါ့အပေါ်ပုံချလိုက်ကြတယ်။ ငါက မဟုတ်တဲ့စကားတွေပြောတာတဲ့လေ။ ဟိုလူယုတ် မာပြောသမျှကို လူကြီးတွေကယုံကြတယ်။ ငါက အသက် အရွယ်နဲ့မလိုက်အောင် မဟုတ်မမှန်တဲ့စကားတွေကိုပြောတတ်တဲ့ကလေးမို့ အိမ်မှာဆက်ထားဖို့အဆင်မပြေတော့ဘူးတဲ့ "
" တောက်! ! ဒီခွေးတွေကတော့လား ။ ဘယ်လောက်တောင် ယုတ်မာရတာလဲ ။ အရွယ်မရောက်သေးတဲ့ကလေးအပေါ် ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ "
ရှိန်းပြောသမျှစကားတွေကိုနားထောင်ရင်း လင်းမြတ်ရင်ထဲကြိတ်မနိုင်ခဲမရဖြစ်လာရတော့သည်။ လက်တလောစိတ်ခံစားမှုကိုပြောရမယ်ဆို ကိုယ် ထိုလူတွေကို လက်စားချေခြင်နေမိသည်။ ရှိန်းခံစားခဲ့ရသလိုမျိုး ဘဝတစ်သက်တာ စိတ်ခံစားမှုကြီးစွာဖြင့် စိတ်မလုံခြုံမှုတွေကို ထိုလူတွေအား ပြန်ခံစားရစေချင်သည်။
" ငါ မိဘမဲ့ကလေးတွေထားတဲ့ဘုန်းကြီးကျောင်းကို ရောက် သွားရတဲ့အဖြစ်အပျက်က အဲဒါပါပဲ။ ငါ့ကိုအိမ်မှာမထားဘဲ အိမ်ကအလုပ်သမားတွေရဲ့မွေးရပ်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုပို့လိုက်တယ်။ အဲဒီဘုန်းကြီးကျောင်းကိုရောက်တဲ့အချိန် ငါ့စိတ်ဒဏ်ရာပိုကြီးသွားတာပဲ။ ဆေးကုသမှုခံယူဖို့မပြည့်စုံတဲ့ နယ်မြို့လေးဖြစ်တာရယ် ၊ မိဘမဲ့ကလေးတွေအများကြီးရှိနေတဲ့ဘုန်းကြီးကျောင်းဖြစ်နေတာရယ်က ငါ့ကိုအဲမှာဆက်ထားဖို့ လုံးဝအဆင်မပြေတဲ့အချိန်ဖြစ်လာတာပေါ့။နောက်တော့ ငါဒီကိုရောက်လာတယ်။ ဂေဟာကိုမလာသေးခင် ငါဆေးရုံမှာအကြာကြီးနေခဲ့ရသေးတယ်။ ဂေဟာမှူးဆရာမကြီးနဲ့ ဆရာမတွေကောင်းလို့ နေပြန်ကောင်းလာရတာလေ ။ငါ့ကိုစတွေ့တုန်းက မင်းတွေးမိနေမလားဘဲ။ ပုံမှန်အခြားကလေးတွေနဲ့မတူဘူးလို့လေ။ အမှန်တော့ မင်းပထမဆုံးမြင်ရတဲ့ငါ့ပုံစံက ဆေးကုနေရတဲ့အချိန်ကထက် အများကြီးပိုပြီးအဆင်ပြေနေတာပဲ "
နှစ်ယောက်သားကြား လုံးဝတိတ်ဆိတ်သွားရလေတော့သည်။ ရှိန်း ဘာများဆက်ပြောလေမလဲ နားစွန့်နေပေမည့် ဘာမှထပ်ပြီးပြောမလာတော့ချေ။ သူ မပြောချင်သည့်အရာတွေကို ထပ်မေးဖို့လည်းဆန္ဒမရှိချေ။ ငြိမ်သက်စွာထိုင်နေသူအား ထွေးပွေ့ပေးကာ အတူအိပ်လိုက်၏။ ခဏကြာသောအခါ အိပ်နေသူက ကိုယ့်လက်မောင်းကို အားကိုးသလိုဖက်တွယ် လာတော့၏။
" ငါရှိတယ်နော်ရှိန်း ။ ငါရှိနေတာမို့လို့ စိတ်ချလက်ချအိပ်။
အိမ်မက်ဆိုးတွေမမက်အောင် ငါသီချင်းဆိုသိပ်မယ်နော်"
စကားခွန်းတုံ့မပြန်သော်လည်း ခေါင်းညှိမ်းပြလိုက်မှန်း အထိအတွေ့မှသိလိုက်ရ၏။ ထို့နောက်မှာတော့ အခန်းငယ်လေးအတွင်း နှစ်ကိုယ်စာကြားရယုံ သီချင်းသံတိုးတိုးလေးထွက်လာတော့၏။
🎶 ရာသီရယ် ကျော်လွန်ခဲ့ပြီ ×× ကြွေနွမ်းတော့မည့် စံပယ်ပန်းလေး ×× နေသာချိန် ကိုယ့်အတွက်တော့လေ အဖြေမရှိတော့တဲ့ ဇာတ်လမ်းလား ×× ဟိုဆီမှာ အပြာရောင်ကောင်းကင် ကြည်လင်လာတာကြည့်လှည့်ပါ ×× ကမ်းလင့်တဲ့လက်နှစ်ဖက် ယုံကြည်ပြီးထားလိုက် ×× နေရယ် ကြယ်ရယ် ဆုံနိုင်သေးတယ် 🎶
🎶 ရာသီတွေဟောင်းတိုင်း ပြန်ရခဲ့တဲ့နွေဦးလေရယ် ×× မင်းလေးရဲ့အိမ်မက် တစ်ခါပြန်ပြီးလှမည့် ဒီအချိန်တွေကို ကိုယ်မျှော်လင့်တယ် ×× ရာသီတွေဟောင်းတိုင်း ပြန်ရတော့မည့်နွေဦးလေရယ် ×× မင်းလေးရဲ့အိမ်မက် တစ်ခါပြန်ပြီးလှမည့် ဒီအချိန်တွေကို ကိုယ်ကြည်နူးမယ် 🎶
*
*
*
*
*
*
*
*
ဒီရက်ပိုင်းထဲ အလင်း အရမ်းငြိမ်သက်နေ၏။ ကိုယ့်အကြောင်းကိုဖွင့်ဟဝန်ခံပြီးသည့်နောက် ကိုယ့်ကိုများ အလင်းကရွံရှာသွားလေမလားတွေးနေမိသော်လည်း အလင်းဘက်ကအရင်ထက် နှစ်ဆသုံးဆတိုးကာ ဂရုစိုက်ပေးလာခြင်းကိုခံစားရသည်။
ငယ်စဉ်မှာရထားသည့်စိတ်ဒဏ်ရာကြောင့် ဘယ်ယောကျ်ားတစ်ဦးတစ်ယောက်ကိုမှ မယုံကြည်နိုင်သည့်အချိန် အလင်းက ကိုယ့်ထံပါးကို အခြားသူတွေနှင့်မတူသောနည်းဖြင့် ချဉ်းကပ် လာခဲ့သည်။ ကိုယ်ဆေးရုံမှာနေရသည့် ကာလတစ်လျှောက် လုံး ကိုယ့်အပေါ်နွေးထွေးပေးခဲ့သည့် ဂေဟာမှူးဆရာမကြီးမှ အလင်းအကြောင်းကို နေ့စဉ်ပြောပြပေးခဲ့တာကြောင့် လူချင်းမတွေ့မီကပင် နာမည်ကိုရင်းနှီးနေခဲ့ရ၏။
ယောကျ်ားလေးအများစုရှိသည့်ဂေဟာတွင် အခြားယောကျ်ားလေးများနှင့် အတူနေရန်ကြောက်ရွံ့နေသောကိုယ့်အား အလင်းနှင့်သာ အတူနေစေမည်ဖြစ်ပြီး ထိုကလေးသည် ကိုယ်ကြုံခဲ့ရသည့်လူမျိုးမဟုတ်ကြောင်း၊ စာနာမှုနှင့်သနားကြင်နာမှုဆိုသည့် စိတ်ထားကောင်းလေးကို ပိုင်ဆိုင်ထားသူဖြစ်ကြောင့် ကောင်းသတင်းများစွာပြောပြကြလေသည်။
ဂေဟာကို ကိုယ်ရောက်လာသည့် အချိန်အစပိုင်းတွင် အလင်းကိုကြောက်ရွံ့စိတ်ဖြင့် ညတိုင်းအိပ်မပျော်ခဲ့ချေ။ သို့သော်လည်း အလင်းသည် ကိုယ့်အနား ဘယ်တုန်းကမှရောက်မလာခဲ့ချေ။ အဝေးမှနေ၍ လိုအပ်တာကိုဖြည့်ဆည်းပေး၏။ ကိုယ် အိပ်ပျော်ပြီး ပြန်နိုးလာရသည့်ညတိုင်းတွင် ကိုယ့်ကိုမအိပ်ပဲထိုင်စောင့်နေသည့်အလင်းကို မြင်ရတာအကြိမ်ပေါင်းမနည်း။
တစ်ခါတစ်ရံ ကိုယ်နေမကောင်းဖြစ်ပြီး နိုးလာရသည့် ညသန်းခေါင်ယံအချိန်တွင် အလင်းသည် ကိုယ့်ဘေးနားတွင် တိတ် တဆိတ်ထိုင်နေတတ်၏။ ကိုယ်အိပ်ပျော်နေသည်အထင်ဖြင့်တစ်ညတာလုံး ကိုယ့်နှဖူးပေါ်ကအပူချိန်ကို မိနစ်ပိုင်းလောက် သာခြားပြီး အမြဲတမ်းစမ်းပေးနေတတ်၏။ မနက်ပိုင်းရောက်ရင်တော့ ကိုယ်စားဖို့အတွက် အစားအစာတစ်ခုခုကို ကူညီချက်ပြုတ်ပေးကာ ယူလာပေးတတ်သည်။
အလင်းနှင့်ရင်းနှီးစွာနေခဲ့သည့်အချိန်အတွင်း ထိုရင်းနှီးမှုကိုအခွင့်ကောင်းယူပြီး ဘယ်တုန်းကမှစည်းကျော်ခဲ့တာမျိုးမရှိချေ။ အခန်းကျဉ်းလေး၏ ထောင့်တစ်ဖက်စီတွင်အိပ်ရာနှစ်ခုရှိနေသည် ။ ကိုယ်နေမကောင်းဖြစ်သည့်အခါမျိုးနှင့် စိတ်လိုလက်ရရှိသည့်အချိန်မျိုးတွင် အလင်း၏အိပ်ရာတွင်သွားအိပ်တတ်၏။ သူ့အိပ်ရာမှာကိုယ်သွားအိပ်တိုင်း ကလေးတစ်ယောက်လို ဂရုစိုက်ယုယပေးတတ်သူသည် ကိုယ့်ဘာသာတစ်ယောက်ထဲအိပ်သည့်အခါမျိုးတွင်လည်း သူနှင့်အတူအိပ်ဖို့်မခေါ်တတ်သလို သူလဲ ဘယ်တုန်းကမှ ကိုယ့်အိပ်ရာဆီလာအိပ်တာမျိုးမရှိချေ။ အလင်းသည် ကိုယ်နှင့်ပတ်သက်ရင် အဖြည့်ခံပေးဆပ်သူသာဖြစ်နေလေတော့၏။
*
*
*
*
*
*
*
*
တနင်္ဂနွေနေ့တိုင်း ဂေဟာသန့်ရှင်းရေးနေ့အဖြစ်သတ်မှတ်ထားတာကြောင့် အလင်းနဲ့ကိုယ် အဆောင်အပေါ်ထပ်ရှိ ကလေးတွေရဲ့ အိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ပေးနေသည်။ဒီရက်ပိုင်းထဲ သိသိသာသာမျက်နှာမကောင်းသည့်အလင်းသည် ယခုလဲ စိတ်အာရုံတို့က တစ်နေရာကိုပျံ့လွင့်နေပုံရလေ ၏။
" အလင်း "
" ဟင် ဘာလဲရှိန်း ဘာဖြစ်လို့လဲ "
ဘယ်လောက်ပဲအာရုံများနေပါစေ။ ကိုယ့်ကိုအမြဲတမ်းသူ့စိတ် ထဲထားသူပီသစွာပင် ချက်ချင်းပြန်ထူးလာ၏။ အပေါ်ထပ်တစ်ထပ်လုံးမှာတော့ သူနှင့်ကိုယ်သာရှိလေသည်။
" ဘာမှမဖြစ်ပါဘူး။ မင်းဒီရက်ပိုင်းထဲဘာဖြစ်နေတာလဲ"
" ငါ ဘာဖြစ်လို့လဲရှိန်းရယ်။ ဘာမှမဖြစ်ပါဘူး "
" ဖြစ်ပါတယ်အလင်းရယ်။ ငါ့ကိုမညာနဲ့။ ငါ့အကြောင်းကို မင်းသိသွားတဲ့ညထဲက မင်းပုံမှန်မဟုတ်တာငါသိတယ် "
" မဟုတ်ပါဘူးဆိုကွာ "
အလင်းရဲ့ငြင်းဆန်သံက အနည်းငယ်စိတ်ပျက်သံပါနေ၏။
" မညာနဲ့လို့ ငါပြောနေတယ်လေကွာ။ ဘာလဲ မင်းငါ့ကိုရွံသွားတာလား ။ ရွံတယ်ဆိုလဲ "
" ရှိန်းငယ် !! မင်းပါးစပ်ကိုပိတ်ထားနော် ၊ ငါကအလိုလိုက်ထားတာကို ရောင့်တက်မလာနဲ့။ ငါဘာမှမဖြစ်ဘူးလို့ပြောနေတယ်လေ။ ဘာလို့မင်းကိုရွံနေတာလို့ တွေးလိုက်ရတာလဲ"
အလင်းဆီမှ ခပ်မာမာအော်သံကိုပထမဆုံးကြားလိုက်ရသည့်အခါ ရှိန်းကိုယ်တိုင်လည်း မျက်ရည်ဝဲလာရတော့၏။ ကိုယ်ကြောက်နေတယ်။ အလင်းမကြိုက်တာတွေကို လုပ်မိမှာ။ နောက်ပြီး အလင်းကိုယ့်ကိုထားခဲ့မှာ။ ထိုအတွေးကပင် မျက်ရည်ကိုထိန်းမထားနိုင်တော့ချေ။
" ရှိန်း မငိုပါနဲ့ကွာ။ ကျေးဇူးပြုပြီးမငိုလိုက်ပါနဲ့။ ငါတောင်းပန်ပါတယ်ရှိန်းရယ်"
ကိုယ်ငိုမိတော့ အလင်းကိုယ်တိုင်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပုံရလေသည်။
" ဒီရက်ထဲ မင်းတစ်ခုခုဖြစ်နေမှန်းငါသိတယ်။ ငါ့ကြောင့်များလားလို့တွေးမိတိုင်း မင်းငါ့အနားမနေချင်တော့မှာ ငါသိပ်စိုးရိမ်တယ်အလင်း "
အလင်းက ကိုယ့်လက်နှစ်ဖက်ကို ဆုပ်ကိုင်လာလေ၏။
" ငါ ဝန်ခံတယ်။ ဟုတ်တယ် ဒီရက်ပိုင်းထဲ ငါတစ်ခုခုဖြစ်နေတယ်။ အဲဒါက မင်းကြောင့်မဟုတ်ဘူး ။ မင်းကို ဒီလိုမျိုးအကြောက်တရားတွေ သိမ်ငယ်စိတ်တွေဝင်အောင်လုပ်သွားတဲ့ကောင်ကြောင့်ပဲ။ ငါမင်းအမေကိုမကျေနပ်ဘူး ။ မင်းပထွေးကိုလဲမကျေနပ်ဘူး။ ငါအမုန်းဆုံးက မင်းပထွေးရဲ့တူကိုပဲ"
" အ ... အလင်း "
" ငါဒီရက်ပိုင်းထဲ အမြဲတွေးနေတာရှိတယ်။ မင်းကိုထိပါးခဲ့တဲ့ကောင်ကို ဘယ်လိုလက်တုန့်ပြန်ရမလဲပေါ့ ။ သူ့ဘဝရဲ့ကျန်နေတဲ့သက်တမ်းကို သေတာထက်ဆိုးတဲ့အခြေအနေမျိုးနဲ့ကြုံရစေချင်တယ်။ အဲဒီအတွက် ငါဘာလုပ်ရမလဲတွေးနေတာ"
အလင်းဆီမှကြားရသည့်စကားကြောင့် မချိပြုံးသာပြုံးလိုက်မိတော့သည်။
" ဂေဟာမှာနေရတဲ့ငါတို့က ပြည့်စုံကြွယ်ဝတဲ့သူတွေကို
ဘာများပြန်ပြီးလက်တုန့်ပြန်နိုင်မှာတဲ့လဲ"
" ငါပြည့်စုံကြွယ်ဝတဲ့အခြေအနေကိုရောက်အောင် ကြိုးစားနိုင်ခဲ့မယ်ဆိုရင်ရော "
" ဘုရားတောင် အမှီရှိမှပွင့်နိုင်တာလေအလင်းရယ်။ ငါတို့ကခြေဗလာ လက်ဗလာပါ "
" အမှီရှိမှရမယ်ဆိုလဲ အဲဒီအမှီကို ငါရအောင်ရှာမှာမို့ မင်းကသည်းခံပြီးစောင့်ပေး။ ငါမင်းအတွက် ကျိန်းသေပေါက် လက် တုန့်ပြန်ပေးမယ် "
Eros_90
19.1.2024 ( ၈ နာရီ ၅၀ မိနစ် )
22.1.2024 Update ရှိ။
Song Name - နှစ်သိမ့်တဲ့တေး (ဝိုင်းဝိုင်း)
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
23.9K 2K 24
82.3K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
71.8K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
73K 18.5K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥